ရွေးကောက်ပွဲတွင် ကြိုတင်မဲ ပေးရမည့် အစိုးရ၀န်ထမ်းများ ကိုယ်ကြိုက်သည့် ပါတီကို မဲမထည့်ရဲတော့ကြောင်း ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ် မြို့သစ်ရှိ အစိုးရ၀န်ထမ်း တဦးက ပြောသည်။

“လှို့ဝှက်မဲ မဟုတ်တော့ဘူး၊ မည်သူက ဘယ်ပါတီကို ထည့်တယ် ဆိုတာ မဲရုံးတာဝန်ကျတွေက သိထားရမယ်လေ” ဟု ဒေသခံ တဦးက ပြောသည်။
ရွေးကောက်ပွဲ ကာလအတွင်း မဲရုံစောင့်အဖြစ် နယ်များတွင် တာဝန်ပေးခံကြရသည့် မြို့ပေါ်မှ အစိုးရ၀န်ထမ်းများသည် နယ်မဆင်းခင် ကြိုတင်မဲပေးရမည် ဖြစ်ပြီး ယင်း ကြိုတင် မဲပေးရာတွင် ကိုယ်ထည့်ချင်သည့် ပါတီကို နှုတ်ဖြင့် ပြောရမှာ ဖြစ်သော ကြောင့် ယခုကဲ့သို့ အကြပ်ရိုက်နေကြခြင်း ဖြစ်သည်။
“ကျတော်တို့က နယ်မှာ တာဝန်ကျမယ်ဆိုတော့ နယ်မဆင်းခင် ကြိုတင်မဲ ထည့်ရမယ်၊ မဲပြားက မရောက်သေးဘူး၊ ဘယ်ပါတီကို မဲထည့်မည် ဆိုတာကို နှုတ်ဖြင့် ပြောသွားကြမှာ၊ အဲဒါကို သက်ဆိုင်ရာက မဲပြားမှာ ခြစ်ပေးမှာ ဖြစ်တယ်” ဟု အဆိုပါ ၀န်ထမ်းက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်သည် မဲပုံး၊ ကြိုတင်မဲပေးစာရင်းများကိုသာ နယ်သို့ ပို့နိုင်သေးကြောင်း မဲပြားများ ယခုထိ နယ်စွန်နယ်ဖျားသို့ မရောက်သေးကြောင်း သိရသည်။
“လူထုကတော့ အကြောင်း မဟုတ်ဘူး၊ ကျတော်တို့ ၀န်ထမ်းတွေက ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးဘို့ ခက်နေတယ်” ဟု ကျောင်းဆရာ တဦးက ပြောသည်။
အဆိုပါ ကြိတင်မဲ စာရင်းတွင် ကြိုတင်မဲ ပေးသူအမည်၊ အဘမည်၊ မှတ်ပုံတင် နံပါတ်ကိုသာ ရေးရမည် ဖြစ်သည်။
“အခုနေအတိုင်းဆိုယင် ကြိုတင်မဲ့ ထည့်မယ့် ၀န်ထမ်းတွေက ယူအက်စ်ဒီပီပါတီကိုပဲ ထည့်ချင်တယ်လို့ ပြောကြတော့မှဲာ” ဟု ရယက အဖွဲ့ဝင် တဦးက ပြောသည်။
အောက်တိုဘာ နောက်ဆုံးပတ်တွင် ရိဒ်ခေါ်ဒါရ်သို့ ယူအက်စ်ဒီပီပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့ စည်းရုံးဟောပြောကြရာတွင် ယူအက်စ်ဒီပီသို့ လူ ၃၀ ခန့်၊ ချင်းတိုးတက်ရေးပါတီသို့ လူ ၁၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။
http://burmese.bnionline.net/news/mizzima/5577-2010-11-01-08-54-18.html
No comments:
Post a Comment