Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 3 November 2010

မန္တလေးမြို့မှ အိမ်တချို့ကို ထူးကုမ္ပဏီ သိမ်းပိုက်


ပြောင်းရွှေ့ပေးခဲ့ရသော မြေနေရာ

မန္တလေးခရိုင် ချမ်းအေးသာဇံမြို့နယ် ၆၇ လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား အထက(၁၆) အနီးရှိ အိမ်ခြေ ၂၀ ခန့်ကို ဒေသအာဏာပိုင်များက အဓမ္မပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရသည်။

"ကျနော့် မိတ်ဆွေအိမ်လည်းပါသွားတယ်။ ပြီးခဲ့တဲ့လ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီး ပြောင်းခိုင်းလိုက်တာ။ ဦးတေဇပိုင် ထူးကုမ္ပဏီက အဲဒီနေရာကို ယူသွားတာပါ။ ဘာလုပ်မယ်ဆိုတာတော့ မသိရသေးဘူး"ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ဖယ်ရှားပေးခဲ့ရသော အိမ်များသည် ဂရမ်အမည်ပေါက်ရှိပြီး အိမ်များဖြစ်ကာ ၊ ပြောင်းရွှေ့ပေးရခြင်းအတွက် လျော်ကြေးတစုံတရာလည်း မရရှိခဲ့ကြောင်း မန္တလေးမြို့ခံက ဆိုသည်။

ပြီးခဲ့သည့်လပိုင်းများအတွင်းကလည်း ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ ဒေသခံများ ပိုင်ဆိုင်သော လယ်ယာမြေများကို ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက လျော်ကြေးတစုံတရာ မပေးဘဲ သိမ်းပိုက်ခဲ့သဖြင့် ဒေသခံများက ကချင်ပြည်နယ်တရားရုံးတွင် အမှုစွဲဆိုထားသည်။

ချမ်းအေးသာဇံမြို့နယ်ရှိ အိမ်များ ပြောင်းရွှေ့ခံရမှုနှင့်စပ်လျဉ်း၍ သတင်းအပြည့်အစုံကို ဧရာဝတီက ဆက်လက်ဖော်ပြပေးသွားပါမည်။

No comments: