Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 4 November 2010

ရယကများကြံ့ဖွံ့ပါတီအတွက်မဲဆွယ်စည်းရုံးရေးဆင်းနေ

မော်လမြိုင်မြို့အတွင်းရှိ ရယကရုံးများတွင် မဲနံပါတ်သွားရောက်ကြည့်ရှုတောင်းခံသူများကို ကြံ့ဖွံ့ပါတီ
ထောက်ခံဖို့စာရွက်များပေးဝေခဲ့ကြောင်းသိရသည်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက (ကျွန်တော်တို့အိမ် အတွက်မဲနံပါတ်စာရင်းသွားယူတုန်းရယကတာဝန်ရှိသူတစ်ဦးက ကြံ့ဖွံ့ပါတီထောက်ခံဖို့မဲဆွယ်စာရွက်တစ်ဦး
တစ်စောင်စီပေးခဲ့တယ်)ဟုပြောကြားပါသည်။ အခုလိုရွေးကောက်ပွဲကျင်းပမည့်နီးကပ်လာသည်နှင့်အမျှကြံ့ဖွံ့
ပါတီကစည်းရုံးရေးလုပ်ငန်းများကိုတရားမျှတသည်ဖြစ်စေ၊မမျှတသည်ဖြစ်စေတိုးမြှင့်လုပ်ဆောင်နေကြောင်း
ရပ်ကွက်ရှိပြည်သူတစ်ဦးကပြောပါသည်။ ယခုကဲ့သို့အာဏာပိုင်များကတဆင့်စည်းရုံးရေးဆင်းခိုင်းခြင်းသည်
ရွေးကောက်ပွဲဆိုင်ရာပြစ်မှုမြောက်ကြောင်းရှေ့နေတစ်ဦးမှပြောဆိုကြောင်းသိရသည်။

အရွယ်မရောက်သောကလေးများကိုအသုံးချပြီးကြံ့ဖွံ့ပါတီစည်းရုံးရေးဆင်း
မော်လမြိုင်မြို့၊ကျောက်တန်းကျေးရွာအတွင်းတွင် ကြံ့ဖွံ့ပါတီမှ ခုနှစ်တန်း၊ရှစ်တန်းမိန်းကလေးများကို
အသုံးပြုပြီးမဲဆွယ်စည်းရုံးရေးဆင်းနေကြောင်းသိရသည်။ ရွာခံတစ်ဦးက ကျွန်တော်ကလေးတွေနဲ့မဲဆွယ်နေ
တာကိုမြင်တော့မေးကြည့်ဖြစ်ပါတယ်။ သမီးတို့ဘာကြောင့်စည်းရုံးရေးဆင်းရသလဲဟုမေးမြန်းရာ လူကြီးများက
အတင်းအကြပ်ခိုင်းသောကြောင့်လုပ်ရပါသည်ဟုပြောကြားခဲ့သည်။ အခုလိုအရွယ်မရောက်သေးသောကျောင်း
နေအရွယ်ကလေးများကိုအတင်းအကြပ်စည်းရုံးရေးဆင်းခိုင်းနေသည်မှာ ရွေးကောက်ပွဲကိုလက်တလုံးခြားပြု
လုပ်နေသကဲ့သို့ ပြစ်မှုများကိုကျူးလွန်နေခြင်းလည်းဖြစ်ပါသည်။ လက်ရှိဝန်ကြီးများပါဝင်သောကြံ့ဖွံ့ပါတီသည်
ယခုရွေးကောက်ပွဲတွင်မနိုင်မနေရသဘောမျိုးလုပ်ဆောင်နေသဖြင့် ပြည်သူများဒေါသတကြီးဝေဖန်နေကြသည်
လွန်ခဲ့သည့်နှစ်ရက်ခန့်ကလည်း ကြံ့ဖွံ့ပါတီမဲဆွယ်စာစောင်တွင် ညစ်ညမ်းသောစာသားများရေးသားပြီးမော်လ
မြိုင်မြို့အနှံကြဲခဲ့ကြောင်းမျက်မြင်သက်သေတစ်ဦးကပြောဆိုခဲ့ပါသည်။

အတင်းအကြပ်မဲဆွယ်
မွန်ပြည်နယ်၊ချောင်းဆုံမြို့တွင် ကြံ့ဖွံ့ပါတီကအိမ်တိုင်းအိမိတိုင်းတွင် စတေကာများလိုက်လံကပ်ပြီး
စည်းရုံးရေးဆင်းခဲ့ကြောင်းသိရသည်။ မွန်ပြည်နယ်အတွင်းကားဖြင့်လှည့်လည်စည်းရုံးခွင့်၊စတေကာများကပ်
ခွင့်များကိုပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကလုံးဝခွင့်မပြုသော်လည်းကြံ့ဖွံ့ပါတီကဆက်လက်လုပ်ဆောင်
နေကြောင်းသိရသည်။ ဒေသခံတစ်ဦးက ကျွန်တော့်အိမ်မှာလာမကပ်ဖို့ပြောတာကို စည်းရုံးရေးမှူးတစ်ဦးက
တစ်နိုင်ငံလုံးရှိအိမ်တိုင်းမှာကပ်ထားကြောင်းအိမ်တိုင်းကိုလည်းကပ်ရကြောင်းပြောကြားပြီးအတင်းအကြပ်ကပ်
သွားခဲ့သည်။ အထက်ကအမိန့်အတိုင်းလုပ်တာပါ။ ဒါကြောင့်မို့လို့ကပ်တာပါဟုပြောကြားသွားခဲ့ပါသည်။

No comments: