Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday, 26 February 2009

စတုတ္ထအကြိမ်မြောက် ဒေါ်စု နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု

The best manure

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ တက်ကြွလူငယ်များသည် ယခုရက်ပိုင်းအတွင်း လုံခြုံရေး ထူထပ်စွာ ချထားသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးသမားများ လွတ်မြောက်ရေးအတွက် လူထုတရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုသဖြင့် လူထုတရပ်လုံးသိရှိနိုင်မည့် နေရာ များစွာတွင် လိုက်လံ လှုံဆော်လျှက်ရှိနေပါသည်။

ယခု ၂၄ ရက်နေ့ ညဘက်တွင်လည်း ဒဂုံမြို့နယ် ကျောင်းတော်တော်များများတွင် နိုင်ငံရေး အကျဉ်းသားများစွာ ပါဝင်သော ပို့စကဒ်နှင့် F B F (Free Burma Federation) ၊ B D C(Burma Democratic Concern) ၊ လူထု တရပ်လုံးအတွက် စတေးခံ (The best Manure)အကောင်းဆုံးမြေသြဇာ အဖွဲ့များ၏ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ ပြန်လည် လွတ်ပေးရန် တောင်းဆိုမှူ့များအပေါ် လူထုတရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နိုးဆော်စာများကိုလည်း လိုက်လံ ကပ်ခဲ့ပါတယ်။

ထို့သို့ကပ်ခဲ့ ခြင်းအားဖြင့် မနက်ပိုင်း ကျောင်းရှေ့များတွင် စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများမှ တွေ့ရှိကြရပြီး တချို့မိဘများမှ အဲဒါ နင်တို့ ရောက်မဲ့ တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုမင်းကိုနိုင်ပေါ့ ခုတော့ ဟိုကောင်တွေ ယုတ်မာလို့ ထောင်ထဲ ပြန်ရောက်နေပြန်ပြီလေ ဆိုတာမျိုး တွေ ပြောနေကြပါတယ်။

ကျနော်တို့ နအဖ စစ်အစိုးရကို အလိုမရှိတဲ့ တက်ကြွ လူငယ်တွေဟာ ဘယ်လောက်ပဲ ဖမ်းနေပါစေ၊ ဘယ်လောက်ပဲနှိပ်စက်နေပါစေ ၊ ကျနော်တို့ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒဖေါ်ထုတ်ခြင်းကို ဆက်လက် လုပ်ဆောင်သွားမှာပါခင်ဗျာ-

မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ

Tuesday, 24 February 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထောင်စုသို့သွားမည်

စစ်အာဏာရှင်ကြီးသန်းရွှေတယောက် သားမက်ဖြစ်သူ နေစိုးမောင် (ကထိက၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်) ကိုအမေရိကန်ပြည်ထောင်စုသို့ စေလွှတ်ဘို့စီစဉ်ဆောင်ရွက်နေပါတယ်။ နေစိုးမောင်ဟာစစ်ဆေးရုံမှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ တင်မင်းလည်း အတူလိုက်ပါသွားမယ်လို့သိရှိရပါတယ်။
အမေရိကန်ပြည်ထောင်စု ဟားဘတ်(စ်)တက္ကသိုလ်မှာ "သင်ကြားရေးအထောက်အကူပြုလေ့လာရေး"အတွက် အကြောင်းပြပြီး အမေရိကန်ပြည်ဝင်ခွင့် လျှောက်ထားမယ်လို့ သိရှိရပါတယ်။ နေစိုးမောင် ဟာ စစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး၊ ကြည်ကြည်ရွှေ (ခေါ်) မသြ ရဲ့ခင်ပွန်းဖြစ်သလို၊ ဆိုးသွမ်းအကြမ်းဖက်လူငယ် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် ရဲ့ဖခင်ဖြစ်ပါတယ်။ မသြ ဟာခင်ပွန်းဖြစ်သူ နေစိုးမောင်နဲ့ အဆင်မပြေဖြစ်နေတာကြောင့်၊ မသြရဲ့စိတ်ချမ်းသာမှုအတွက် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီး တေဇ က အစွမ်းကုန်ပြုစု ဂရုစိုက်ပေးလျှက်ရှိနေပါတယ်။ အဲဒီလိုအခြေအနေဖြစ်ရတဲ့ အကြောင်းအရင်းက နေစိုးမောင်ဟာ ယောင်္ကျားကိုယ်နဲ့မိန်းမစိတ် ( မိန်းမလျှာ ) ဖြစ်နေလို့ပါ။ စစ်ဆေးရုံ အသိုင်းဝိုင်းနဲ့ဆေးဘက်ဆိုင်ရာ လောကမှာ သူကိုယ်တိုင်ကြေငြာခဲ့တာပါ။
ဘာဘဲဖြစ်ဖြစ်၊လူ့အခွင့်အရေးအဆက်မပြတ်ချိုးဖောက်နေတဲ့ တရားမဝင်အာဏာသိမ်းစစ်အစိုးရရဲ့ မိသားစုဝင် တဦးကို၊ အမေရိကန် ပြည်ထောင်စုက ဝင်ခွင့်ပြုမယ်ဆိုရင်တော့ အဲဒီလုပ်ရပ်ဟာ၊ ဒီမိုကရေစီအတွက်၊ အသက် ပေးဆောင်ရွက်နေကြတဲ့ မြန်မာပြည်သူလူထုတရပ်လုံးကို လှည့်စားဘို့ကြိုးစားတဲ့လုပ်ရပ်တခုအဖြစ်သတ်မှတ် ရမှာပါ။
မြန်မာနိုင်ငံရှိ၊ အမေရိကန်သံရုံးက နေစိုးမောင်ရာဇဝင် မသိဘဲတော့မနေပါဘူး။ ဗီဇာထုတ်ပေး၊မပေး စောင့် ကြည့်ရမှာပါ။ သမ္မတသစ် အိုဘားမားရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒတွေ အပြောင်းအလဲရှိ၊မရှိ ဒီကိစ္စက အသေးငယ်ဆုံး အချက်ပြချက်တခုအဖြစ် ပေါ်ထွက်လာနိုင်စရာရှိပါကြောင်း။

လေးစားစွာဖြင့်
သူရဲကောင်း။ (အာဇာနည် ဗလော့ခ်)

Black Device ကိုသတိထားပါ

Black Deviceသုံး၍ ကွန်ပျူတာကီးဘုတ်မှ ရိုက်နှိပ်သမျှကို မှတ်သားထားနိုင်ဟုဆို -
ကွန်ပျူတာ Keyboard တွင် ရိုက်နှိပ်လိုက်သမျှ စာလုံးအားလုံးကို မှတ်သားထားနိုင်သည့် Hardwareတစ်မျိုး ပေါ်ပေါက်နေကြောင်း သိရှိရသည်။ Black Deviceဟု အမည်ပေးထားကြသည့် အဆိုပါ ကိရိယာလေးအား System Casingနှင့် ချိတ်ဆက်ထားသည့် Keyboardကြိုးတွင် ကြားခံတပ်ဆင်ထားရပြီး အမှတ်မထင် ကြည့်ရှုပါက Keyboard Adaptorတစ်ခုနှင့် ပုံစံချင်း ဆင်တူသည်။ ထိုကိရိယာကို ကွန်ပျူတာတွင် ရိုက်နှိပ်လိုက်သမျှ အချက်အလက်များကို ခိုးယူသိမ်းဆည်းထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တီထွင်ထားခြင်းဖြစ်သည်။ စာလုံးတိုင်း၊ အက္ခရာတိုင်းကိုသာမက Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်သဖြင့် Privacyအတွက် အလွန်ကြောက်စရာကောင်းသည့် Deviceတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

အင်တာနက်ကဖေးများတွင် အဆိုပါကိရိယာငယ်များ တပ်ဆင်ထားမှု ရှိမရှိကို သတိပြုသင့်ပြီး Credit Cardနံပါတ်များ ထည့်သွင်းကာ Onlineဈေးဝယ်စနစ် ထွန်းကားနေသည့် နိုင်ငံကြီးများတွင် ပိုမိုသတိထားရမည့် ကိရိယာလည်းဖြစ်သည်။ ထိုကိရိယာကို တရားဝင် ရောင်းချမှု မပြုသေးသည့်တိုင် လူအများကြားတွင် စတင်ပြန့်နှံ့နေပြီဖြစ်ရာ Onlineအသုံးပြုသူများအနေနှင့် အင်တာနက်ဆိုင်များတွင် မိမိအသုံးပြုမည့် ကွန်ပျူတာမှ Keyboardကေဘယ်လ်ကြိုးကို ဦးစွာစစ်ဆေးသင့်ပါသည်။ ထိုကိရိယာဟု ယူဆရဖွယ်ရှိသော အရာတစ်ခုခု တွေ့ရှိပါက ထိုစက်ကို ရှောင်ရှားသင့်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရမှုမှ ကာကွယ်သင့်ပါသည်။ ထိုကိရိယာလေးအား ဒေါ်လာ(၃၀)မျှ ဈေးနှုန်းသတ်မှတ်ပြီး Onlineရောင်းဝယ်ရေး ၀က်ဘ်ဆိုက် Geekတွင် ရောင်းချနေကြောင်း သတင်းရရှိသည်။

ဓာတ်ပုံကို ဤနေရာ တွင်ကြည့်ပါ။

သတင်း - အာဇာနည် ဗလော့ခ်

မြန်မာအမျိုးသမီး တစ်ဦး Dubai တွင် အသတ်ခံရ

Police remove the body of the Myanmarese
woman in Al Nahda, Dubai.
Her body was discovered at 10am on Sunday.

Randolph Barros/Gulf News
By Siham Al Najami, Staff Reporter
Published: February 22, 2009

Dubai: A construction worker discovered the body of a dead Myanmarese woman in a manhole in Al Nahda, Dubai, on Sunday morning.

The labourer, who was one of many at the scene, discovered the body at around 10am.

The Dubai Police were contacted and the Criminal Investigation Department (CID) cordoned off the area. An ambulance later arrived to collect the body.

Eyewitnesses at the scene said the workers who found the body were horrified. Some said the woman was "completely naked".

"I first saw her legs pointing outwards and her head trapped inside. It is horrific & I just can't believe what I saw," one of the workers said.

According to Colonel Khalil Al Mansouri, Director of the CID, the Burmese waitress had been reported missing five days earlier by her roommates and employer, Emirates airline.

"One of her male Indian colleagues, whom she had a relationship with, has been in police custody since the day she was reported missing as it is believed he was the last person to be seen with her. We are still investigating the cause of death," he told Gulf News.

A roommate said the deceased, 30, was "a beautiful, young, petite woman who was kind, loving and friendly - especially to her Myanmarese roommates".

She said they had come to Dubai together in September 2008.

"She told us she befriended a colleague around 15 to 20 days ago and that he proposed to her. I don't know if they were in a relationship. I think she saw him only as a friend," the roommate said.

The woman said she last saw her friend on February 15, while on duty.

Emirates declined to comment, saying it was a police matter.

Monday, 23 February 2009

bar039

နအဖ က ပြောတဲ့ "အမျိုးဂုဏ်ဇာတိဂုဏ် မြှင့်တင်ရေး"

....:::....
တကယ်တော့ ဒီရှိုးပွဲဟာ ၁၈နှစ်အထက်သာ ကြည့်သင့်တဲ့ Indoor private show တခုပါ။ ဒါပေမဲ့ ဒီလိုပွဲမျိုးကို မန္တလေးက ပလာဇာတခုအတွင်း လူမြင်ကွင်းမှာ ညမှ ပြတဲ့အကွက်တွေနဲ့ တင်ဆက်နေတာကို ထိုင်ကြည့် ရပ်ကြည့် နေသူအများစုက ၁၈နှစ်အောက်တွေပါ။ ၁၂နှစ်အရွယ်အင်္ကျီ အဖြူလေးနဲ့ ကောင်လေးတယောက်ထိုင်ကြည့်နေတာပါတွေ့ရပါတယ်။ နအဖဟာ သူတို့ကိုထိခိုက်မဲ့အပြုအမူ အရေးအသား တင်ဆက်မှုတွေကို မှတ်ကျောက် အတင်မခံရဲဘဲ နှိမ်နင်းသလောက်၊ သူတို့ကိုမထိခိုက်ပဲ ပြည်သူနဲ့အခုလို အမျိုးကောင်းသား သမီးငယ်လေးတွေ အရွယ်မရောက်ခင်၊ စဉ်းစဉ်းစားစားနဲ့မတွေးခေါ်နိုင်မှီ အတုခိုးလမ်းလွဲရောက်နိုင်မဲ့ ကိစ္စတွေကို လက်လွတ်စပယ် ထိုင်ကြည့်နေတာဟာ (အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်ရေး) ဆိုတာ တရုတ် ကုလားမယားငယ်ဖြစ်တာကို ပြောတာလားမေးရမလောက်ပါပဲ။ ။

GW ရဲ့ ၂/၂၀၀၉ ကြေညာချက်

နအဖ က ပညာတတ်တွေကို ဒီလိုလည်း ဒုက္ခပေးပါသည်

နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ
နိုင်ငံကူးလက်မှတ် အဖျက်ခံရ
အင်ဂျင်နီယာ ဘီအီးဘွဲ့ရသူများအပါအ၀င် စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ထမ်းပြေးအဖြစ် သတ်မှတ်ထားပြီး ပြည်ပနိုင်ငံများတွင် သွာရောက် အလုပ်လုပ်ကိုင်နေသူများအား ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီး ဦးအောင်သောင်းက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် စက်မှု (၁) ၀န်ထမ်းများအား ချက်ခြင်း အရေးယူဆောင်ရွက်ရန်နှင့် ၄င်းတို့အား ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်နေ့စွဲ၊ ၀န်ထမ်းပြေးဖြစ်ရသည့် ပြစ်ဒဏ်များကို စုံစမ်းဖော်ထုတ်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီးဦးအောင်သောင်းက ညွှန်ကြားထားခြင်းဖြစ်ကြောင်း နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

“စက်မှု (၁) ၀န်ထမ်းများကို ခံစားခွင့်မယူဘဲ အလုပ်ကနေ နှုတ်ထွက်ခွင့်မပေးဘူး။ နှုတ်ထွက်ချင်တယ်ဆိုရင် လျော်ကြေးငွေ သိန်း (၄၀-၅၀) ထိ ပေးရမယ်ဆိုပြီး ညစ်ထားတယ်ဗျာ။ နောက် ၀န်ကြီးဦးအောင်သောင်းရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် အင်ဂျင်နီယာ ဘီအီးဘွဲ့ရ အရာရှိတွေ ၀န်ထမ်းပြေးအဖြစ်ခံပြီး အလုပ်ခွင်ကို ပြန်မလာတာ ပါဘဲ။ ဒါကြောင့် ဒီကြေငြာချက်ထုတ်ပြီး ၀န်ကြီးဦးအောင်သောင်းက ဒုက္ခပေးဖို့ ကြံစည်တယ်လို့ပဲ မြင်ကြတယ်” ဟု အမည်မဖော်လိုသည့် စက်မှု (၁) ၀န်ထမ်းတဦးက ပြောသည်။

စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ ကျောက်ဆည် အပ်ချုပ်စက်ရုံမှ မဟာအင်ဂျင်နီယာဘွဲ့ရ ဦးရဲထွန်းဆိုလျင် ၀န်ထမ်းဘ၀မှ ထွက်ခွင့်မရသည့်အတွက် အလုပ်ခွင်သို့ ပြန်မလာတော့ဘဲ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသဖြင့် ဦးရဲထွန်း၏ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပေးရန် စင်ကာပူ မြန်မာသံရုံးသို့ ၀န်ကြီးဦးအောင်သောင်းက အကြောင်းကြားခဲ့သလို လိုအပ်သလို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနကိုပါ စာဖြင့် အကြောင်းကြားခဲ့သည်ဟု စုံစမ်းသိရသည်။

အလားတူပင် မကွေး ဆေးတက္ကသိုလ်မှ လက်ထောက်ကထိကတဦးနှင့် မန္တလေး ဆေးတက္ကသိုလ်မှ သရုပ်ပြဆရာ ဆရာဝန် (၇) ဦးတို့အား တာဝန်မှ စွန့်ခွာခြင်း၊ ၀န်ထမ်းစည်းမျဉ်းဖောက်ဖျက်ခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၀၉ နှစ်ဆန်းပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးကိုယ်စား ဆေးသိပ္ပံပညာဦးစီးဌာန ဒု- ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အလုပ်မှ ထွက်ခွာသွားသော ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမ (၂၃) ဦးအား ၎င်းတို့ပိုင် ၀က်ဘ်ဆိုက်မှ ထုတ်ပြန်ကာ လျော်ကြေး ငွေတောင်းခံခဲ့ကြောင်း ခေတ်ပြိုင်က ဖော်ပြခဲ့သည်။ လျော်ကြေးငွေ တောင်းခံမှုတွင် သက်ဆိုင်ရာဘွဲ့များအလိုက် မြန်မာငွေ (၅) သိန်းမှ (၃၄) သိန်းအထိ ပါဝင်သည်။

Breaking News – for immediate release


22 February 2009
The Assistance Association for Political Prisoners (Burma) can confirm that 19 political prisoners were released from various prisons in Burma yesterday.
On Friday the ruling military regime announced that it would release 6,313 prisoners from 21 February.

The list of released:
Myintkyina prison

Dr. Zaw Myint Maung, Member of Parliament from the National League for Democracy party, was released from Myitkyina Prison. He has been in jail since 1991.
U Pe Sein, Township organizer, Mohnyin, Kachin State.
U Naw Naw
Insein prison

U Kaythara (a) U Kyaw Min Thet
U Ingura (a) U Aye Tun Thar
U Thireina (a) U Kyaw Moe
U Marlaina (a) U Min Zaw Aung
U Ardatesa (a) U Aung Ko
U Takekanateya (a) U Maung Zaw
U Damitika (a) U Tun Tun
U Tun Zaw Htay (a) Tun Tun
U Khaing Ba Myint
U Soe
U Nandathiri (a) U Htay Ye Tun
U Sandima (a) U Zaw Min Htet
Ma Hmwe (a) Ma Kyin Haw
Ma Khin Khin Leah
Tin Hlaing
U Thet Wai (a) Pauk Sa
-ENDS-

AAPP
For more information, please contact:

Tate Naing at +66-(0)81-2878751
Bo Kyi at +66-(0)81-3248935

http://www.aappb.org/

Sunday, 22 February 2009

ကာတွန်းဟန်လေးရဲ့ လက်ရာ

နိုင်ငံတကာနဲ့ ကခုံခြင်း

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား အချို့ လွတ်မြောက်လာ

သတင်း - မဇ္ဈိမ
အကျဉ်းသား ၆၃၁၃ ဦးအား စနေနေ့ (ယနေ့) တွင် လွှတ်ပေးမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုမှတဆင့် ယမန်နေ့က မြန်မာစစ်အစိုးရမှ ကြေညာခဲ့ပြီးနောက် ယနေ့တွင် အကျဉ်းထောင်အချို့မှ နိုင်ငံရေး အကျဉ်းသားအချို့ အပါအဝင် လွတ်မြောက်လာသူများ ရှိခဲ့သည်။

ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်ထောင်မှ အကျဉ်းသား ၁၀၀ ကျော် ပြန်လွှတ်ပေးခဲ့ရာတွင် အကျဉ်းသူ ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် အကျဉ်းကျနေသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအချို့လည်း ပါဝင်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတဆင့် သိရှိရသည်။

လွတ်မြောက်လာသူများထဲတွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးသက်ဝေနှင့်အတူ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့ ပါဝင်ခဲ့သည်။

လွတ်မြောက်လာသူများအနက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားကရာတိုက်မှ သံဃာတော် ၄ ပါး၊ ရန်ကင်း စန္ဒသူရိယ ကျောင်းတိုက်မှ သံဃာတပါးနှင့် ခရမ်းမြို့နယ် ကိုင်းကုန်းကျောင်းတိုက်မှ သံဃာတော် ၂ ပါးလည်း ပါဝင်သည်။

အဆိုပါ သံဃာ ၇ ပါး၏ ဘွဲ့အမည်၊ သက်တော်နှင့် ထောင်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဦးသိရိန္ဒ ခေါ် ကျော်မိုး (ဗားကရာ) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၅ နှစ်)

၂။ ဦးကေသရ ခေါ် ကျော်မင်းသက် (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၃။ ဦးဒမ္မိက ခေါ် ထွန်းထွန်း (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၎။ ဦးတိက္ခ၀ိန္ဒြာယ ခေါ် မောင်ဇော် (ဗားကရာ) (ထောင်ဒဏ် ၁၇ နှစ်)

၅။ ဦးအဂုင်္ရ ခေါ် အေးထွန်းသာ (စန္ဒသူရိယ) (ထောင်ဒဏ် ၁၆ နှစ်)

၆။ အာဒိစ္စ ခေါ် အောင်ကိုကို (ကိုင်းကုန်း) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၆ နှစ်)

၇။ မကိန္ဒ ခေါ် မင်းဇော်အောင် (ကိုင်းကုန်း) (ထောင်ဒဏ် ၁၆ နှစ်)

ယခု သံဃာအားလုံးအား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး အမြင်ကပ်ပုဒ်မဟု လူသိများသည့် (၀ါ) နိုင်ငံရေးပုဒ်မဟု ခေါ်ဆိုကြသည့် ပုဒ်မ ၅ (ည) အပါအဝင် တရားမဝင် စာရွက်စာတမ်း လက်ဝယ်ထားရှိမှု၊ သာသနာတော်အား ငြှိုးနွမ်းအောင် လုပ်ဆောင်မှု စသည့် ပုဒ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အဖွဲ့ဝင် ကိုထွန်းထွန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးခိုင်ဘမြင့် လွတ်မြောက်လာသည်ဟုလည်း သိရသည်။

Saturday, 21 February 2009

Myanmar junta announces amnesty for 6,000 prisoners

Yangon - Myanmar'a junta announced an amnesty Friday for more than 6,000 prisoners, although it remained unclear how many political prisoners were included, Napyitaw radio reported Friday.

'For the humanitarian reasons, for the sake of the family members, to demonstrate the goodwill of the government and to be able to allow fair participation in the

upcoming 2010 free and fair general election, Myanmar government will release 6,313 prisoners started from 21 February,' the announcement said.

The announcement was made the day after the conclusion of United Nation special Rapporteur on Human Rights Tomas Ojea Quintana's six- day visit to Myanmar.

The television announcement did not say whether political prisoners including opposition leaders Aung San Suu Kyi and U Tin Oo will be included in the amnesty.

Prisoners to be released on Saturday include 'good disciplined' ones, the announcement said.

Quintana concluded his visit to Myanmar on Thursday, noting at the airport upon his departure that 'the human rights situation in Myanmar is still challenging.'

The junta refused to allow Quintana to meet with either Aung San Suu Kyi, the longstanding leader of the opposition, or Myanmar's junta chief Senior General Than Shwe during the trip.

Quintana arrived on Saturday on a mission to push for the freedom of an estimated 2,100 political prisoners, including Suu Kyi who has spent 13 of the past 19 years under house arrest, and to assess abuses against ethnic minority groups opposed to the regime.

The UN human rights envoy travelled to the junta's headquarters in Naypyitaw Wednesday where he met with Myanmar's interior minister to push for the freedom of political prisoners.

'He said he will consider my recommendations,' Quintana told a press conference.

Quintana also met with Myanmar's chief justice and attorney general, who said they would consider amending some national laws to be more in keeping with international standards, although he received no firm commitments.

While in Myanmar, the UN rapporteur on human rights also visited jails in the Karen State, home to some of the country's most prolonged unrest, and the notorious Insein prison in Yangon, meeting with several political prisoners.

On the eve of Quintana's arrival in Yangon Saturday, Myanmar authorities sentenced Tin Oo, the 82-year-old deputy leader of the opposition National League for Democracy (NLD), to another year under house arrest.

Critics of the UN visit called it a 'showboat' mission for the junta, permitting it to improve its image at the 14th summit of the Association of South-East Asian Nations in Thailand later this month.

While allowing the visit, the regime sent a clear message to Quintana that it will continue to brook no domestic political opposition.

Besides slapping another year on to Tin Oo's house arrest Friday, the day before Quintana's arrival, Myanmar courts sentenced NLD members Nyi Bu and Tin Min Htut to 15 years for sending an open letter to the UN in August that was critical of the military's plans to set up a civilian government.

Quintana hoped to persuade the junta to free hundreds of political prisoners before a scheduled general election in 2010.

His mission was to encourage the regime to progressively release 'prisoners of conscience,' giving independence to the judiciary, bringing laws into line with international human rights standards and training officials to respect these rights, according to a statement released by the UN in Geneva.

..........................................................................................

မနက်ဖြန် မြန်မာ တနိုင်ငံလုံးရှိ အကျဉ်းသား ၆၃၁၃ ယောက် လွှတ်မည်
alt

ယုံကြည်ချက်ကြောင့် အချုပ်နှောင်ခံရသော နိုင်ငံရေး အကျဉ်းသားများ အများအပြား ချုပ်နှောင်ထားရာ နံမည်ဆိုးနှင့် ကျော်ကြားသော ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်ရှေ့ (သတင်း အထောက်အကူပြု ဓါတ်ပုံ - Getty Images )

မြန်မာ စစ်အစိုးရပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ ယနေ့ သောကြာနေ့ ညပိုင်း အစီစဉ် များတွင် အကြောင်းပြချက် တစုံတရာ မပြုပဲ လွတ်ငြိမ်း ချမ်းသာခွင့် အစီစဉ် များဖြင့် တနိုင်ငံလုံးရှိ အကျဉ်းသား ခြောက်ထောင်ကျော် လွှတ်ပေးမည် ကြေညာ သော်လည်း နိုင်ငံရေး အကျဉ်သားများ မည်၍ မည်မျှ ပါဝင်၊ မပါဝင်ကို သေခြာ ဂဃနဏ ရှင်းလင်းစွာ ပြောဆိုခြင်း မပြုချေ။

စစ်အစိုးရပိုင် မီဒီယာများ၏ ပြောကြားချက်အရ လာမည့် ၂၀၁၀ ခုနှစ် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲအား ကောင်းမွန်စွာ ပူးပေါင်း ပါဝင်မည် ဖြစ်သော အမှု အမျိုးအမည် ပေါင်းစုံ အကျဉ်းသား ၆၃၁၃ ယောက်အား မနက်ဖြန် စနေနေ့မှ စတင်ကာ လွှတ်ပေးသွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်။

ယမန်နှစ် စက်တင်ဘာလက တနိုင်ငံလုံးရှိ အကျဉ်းသားပေါင်း ၉၀၀၂ ဦး လွှတ်ပေး ခဲ့သော်လည်း ဒါဇင် မျှသာရှိသော နိုင်ငံရေး အကျဉ်းသားများသာ ပါဝင် လွတ်မြောက်ခဲ့သည်၊ မကြာသေးမည် လများကလဲ ရာနှင့်ချီသော နိုင်ငံရေး လှုပ်ရှားသူများအား ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အချိန်ကျော်အောင် အထိ အချိန်ဆွဲသော ထောင်သက်တမ်း များဖြင့် သတ်မှတ်ချလေ့ ရှိသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက ထောက်ပြ ပြောဆိုလျှက် ရှိသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော်အား ထိမ်းသိမ်းထား သဖြင့် လွန်ခဲ့သော လက ကုလသမဂ္ဂမှ အထူးသံတမန် မစ္စတာ ဂမ်ဘာရီ စေလွှတ်ခဲ့သော်လည်း၊ မြန်မာ စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံခဲသော မစ္စဂမ်ဘာရီမှာ နယူးယောက် သို့ ပြန်ရောက်သော အခါ သတင်းစာ ရှင်းလင်းပွဲ၌ “ ကျနော့် အနေနှင့် နိုင်ငံရေး အကျဉ်းသားများ၊ အခြားသော အကျဉ်းသားများ စစ်အစိုးရမှ ပြန်လွှတ်ပေး မည်ဟု ယုံကြည်ပါတယ် ” သာပြောဆို သွားခဲ့သည်။

ဂမ်ဘာရီ၏ တုန့်ပြန်မှုအား အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး မီရှဲလ် မွန်းတတ်(စ်) အား အေပီ သတင်းဋ္ဌာနမှ မေးမြန်းသောအခါ “ ပြန်လွှတ်ရာမှာ နိုင်ငံရေး အကျဉ်းသားများ ပါ၊ မပါ ရှင်းရှင်းလင်းလင်း မသိရသေး သော်လည်း၊ ဆက်လက် ညှိုနှိုင်း ဆောင်ရွက်နေဆဲ ” ဟုသာ ပြန်လည် ဖြေကြားပါသည်။


Blogger နေဘုန်းလတ်ကို ထောင်ဒဏ်လျှော့

သတင်း - DVB

Discussion on Future of Burma Part (3)

....:::....
Religious leaders, ethnic leaders, political activists and trade union activist discuss on current situation and future of Burma.

Venerable U Uttara,Buddhist Monk Leader; Reverend Shwekey Hoipang, Christian Pastor; Kyaw Zwa, Burmese Muslim Association; Moe Hnin Phyu, Burma Democratic Concern (BDC); Zin Zin Myo Thant, Burma Democratic Concern (BDC); Thant Tun, Burmese Political Activist; Van Biak Thang, Chinland Guardian; and Matthew Egan, Trade Union Activist.

Discussion on Future of Burma Part (2)

....:::....
Religious leaders, ethnic leaders, political activists, organisational leaders and trade union activist discuss on current situation and future of Burma.

ဗိုလ်ချုပ်ကြီးများသို့ အိတ်ဖွင့်ပေးစာ

Friday, 20 February 2009

အန်အယ်လ်ဒီနှင့်စစ်အစိုးရ တွေ့ဆုံဖို့အရေး ခပ်ဝေးဝေး


(သတင်းသုံးသပ်ချက်)
NEJ / ၂၀ ဖေဖော်ဝါရီ ၂၀၀၉


မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အန်အယ်လ်ဒီတို့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားဘဲ မြန်မြန်ဆန်ဆန် ဆွေးနွေးကြရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌက ယမန်နေ့က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံဆွေးနွေး အပြီးတွင် အထွေထွေညီလာခံ ဥက္ကဋ္ဌ မီးဂဲလ်ဒက်စကိုတို က ယင်းကဲ့သို့ တောင်းဆိုလိုက် ခြင်းဖြစ်သည်။

မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တင်ပြခဲ့သည့် အကြံပေးချက်များအရ ခိုင်မာ သည့် ရလဒ်ကောင်းများပေါ်ထွက်အောင် လုပ်သည့်နည်းဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ ဆောင်ရွက်ပေးမှုအား ပူးပေါင်းလုပ်ကိုင်ပါမည်ဆိုသည့် မိမိတို့ကတိကို အကောင်အထည် ဖော်ပြသရန် အခွင့်အရေးကောင်းတခု ဖြစ်သည့်အတွက် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရန် စစ်အစိုးရအား မစ္စတာဒက်စကိုတိုက ဆက်လက်တိုက်တွန်းထားသည်။

အထွေထွေညီလာခံ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ယင်းညီလာခံမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်များမှ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လေးစားရေး၊ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ပေါ်ထွန်းလာအောင် အထွေထွေညီလာခံ၏ အဆက်မပြတ်လုပ်ကိုင်နေမှုကို ထပ်လောင်းအတည်ပြုစေသည်။ ထို့အပြင် မစ္စတာဂမ်ဘာရီ၏ ကြိုးပမ်းအားထုတ်မှုနှင့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ ဆောင်ရွက်မှုကို အထွေထွေညီလာခံ ဥက္ကဋ္ဌက ဆက်လက်ထောက်ခံနေကြောင်း ထပ်လောင်းပြသခြင်းလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏အခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ရှင်းလင်းတင်ပြမည်ဖြစ်သည်။

စစ်အစိုးရနှင့် အန်အယ်လ်ဒီတို့ တွေ့ဆုံဆွေးနွေးရန် အထွေထွေညီလာခံဥက္ကဋ္ဌက တောင်းဆို နေသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာယူထားသမျှ ကာလပတ်လုံး တွေ့ဆုံဆွေးနွေး ပွဲဖြစ်ရန် အလားအလာနည်းသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

“အခြေအနေကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှိနေသမျှတော့ တွေ့ဆုံဖို့မလွယ်ဘူး။ နောင်ကျ ရင်တော့ အပြောင်းအလဲတွေ ဖြစ်လာရင်တော့ မြန်မာ့နိုင်ငံရေးလည်း ပြောင်းလဲသွားမယ်လို့ ဒီလိုပဲ ယုံကြည်တယ်။ ဒါတကယ့်အခြေအနေပဲလေ။ သူကတော့ သူ့တသက်ကို အာဏာရှင် အနေနဲ့ နေသွားချင်တယ်လို့ ဒီလိုပဲမြင်တယ်လေ။ အခုအခြေအနေအရကလည်း နေနိုင်တဲ့ အခြေအနေလို့ ကျနော်ကတော့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီဟာက ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အင်ဒိုနီးရှားဖြစ်ဖြစ်၊ ကိုရီးယားဖြစ်ဖြစ်၊ ဖိလစ်ပိုင်ဖြစ်ဖြစ် အပြောင်းအလဲပေါ်လာတယ်ဆိုတာ က အတွင်းကလူတွေကိုယ်တိုင်က တပ်ဆို တပ်တွင်းကလူတွေကိုယ်တိုင်က ဒီမိုကရေစီကိုလို လားပြီးတော့ ပူးပေါင်းဆောင်ရွက်လာမှသာဖြစ်တာ။ မြန်မာပြည်မှာ အဲဒီလိုအခြေအနေကို အခုထိအောင်တော့ ကျနော်မမြင်သေးဘူး။ အတွင်းမှာ ဘယ်လောက်ဖြစ်နေမယ်ဆိုတာတော့ မသိဘူးပေါ့လေ။ ဒါပေမဲ့ အပေါ်ယံကြည့်ရတာကတော့ နိုင်နိုင်နင်းနင်း အုပ်ချုပ်နေနိုင်တယ်လို့ ဒီလိုပဲမြင်တယ်။ ကုလသမဂ္ဂအနေနဲ့ကလည်း တွေ့ဆုံဆွေးနွေးရေး ဆုံးဖြတ်ပေးထားတာ လည်း အများကြီးပဲ။ နှစ်တွေလည်းအများကြီးပဲ။ ဘာမှမဖြစ်ဘူး။ လုံခြုံရေးကောင်စီကျတော့ လည်း ရုရှနဲ့ တရုတ်ကနေ မြန်မာအစိုးရဖက်ကို အကာအကွယ်ပေးထားတော့ ဘာမှမဖြစ်ဘူး” ဟု သခင်ချန်ထွန်းက သုံးသပ်သည်။

အန်အယ်လ်ဒီဘက်ကမူ စစ်အစိုးရအား တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းသည့် ကြေညာချက် တရပ်ကို ဖေဖော်ဝါရီ (၁၇) ရက်က ထုတ်ပြန်ခဲ့သော်လည်း စစ်အစိုးရဘက်မှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

အဆိုပါကြေညာချက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူမနာကိုယ်မနာ လမ်းစဉ်ဖြင့် အလျော့အတင်းလုပ်၍ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသော်လည်း စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးခြင်းမဖြစ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။

သို့သော် တွေ့ဆုံဆွေးနွေးရေး စတင်နိုင်ရန်အတွက် သင်ပုန်းချေရေးကိစ္စကို စတင်ဆွေးနွေး သင့်သည် ဆိုသည့်မူကို အန်အယ်ဒီက လက်ကိုင်ထားသည့်အတွက် သူမနာကိုယ်မနာ လမ်းစဉ်မှာ သင်ပုန်းချေရေးကို ရည်ရွယ်ပုံရသည်ဟု ရန်ကုန် နိုင်ငံရေးအကဲခတ်အချို့က ယူဆသည်။

ယနေ့ပေါ်ပေါက်နေသော အမျိုးသားရေးပြဿနာများ၏ အဖြေမှာ သင်ပုန်းချေရေးအပေါ် မူတည်နေသည်ဟု အဖွဲ့ချုပ်က ယုံကြည်သည့်အကြောင်း ၂၀၀၄ ဒီဇင်ဘာ (၂) ရက်တွင် ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် သင်ပုန်းချေရေးနှင့် ပတ်သက်၍ အကောင်အထည်ပေါ်လာပါက မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အခြေအနေများ တိုးတက်လာမည့် လမ်းစပေါ်နိုင်သည်ဟု ယုံကြည်ကြောင်း အဖွဲ့ချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေး အဆက်အသွယ် ဖြတ်တောက်ရေး၊ အလုံးစုံပိတ်ဆို့ရေး စသည့် အချက် (၄) ချက်ကို အန်အယ်လ်ဒီဘက်က စွန့်လွှတ်မှသာလျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် တွေ့ဆုံ မည်ဆိုသည့်အကြောင်း စစ်အစိုးရဘက်က ကြေညာချက်အမှတ် ၁/၂၀၀၇ ဖြင့် ထုတ်ပြန်ထား ပြန်သည်။ တချိန်တည်းမှာပင် နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက အန်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးရန်မလိုကြောင်း ကြိမ်ဖန်များစွာ တရားဝင် ပြောကြားခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရဘက်က တောင်းဆိုထားသည့် အချက် (၄) ချက်မှာ အန်အယ်လ်ဒီဘက်မှ ကျူးလွန်ထားခြင်းမရှိသည့် အချက်များကို တောင်းဆိုထားသည့်အတွက် အန်အယ်လ်ဒီနှင့် ဆွေးနွေးပွဲမဖြစ်အောင် စစ်အစိုးရဘက်က တမင်ကြံစည်ထားသည့် နိုင်ငံရေးညစ်ကွက် ဖြစ်သည်ဟု အတိုက်အခံဘက်က ယူဆသည်။

သို့သော် စစ်အစိုးရတောင်းဆိုထားသည့် အချက် (၄) ချက်နှင့် ပတ်သက်သည့် ကိစ္စများ မဖြစ်ပေါ်ရအောင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သဘောတူညီချက်များကို လည်း နှစ်ဖက်ကြေညာချက်ထုတ်ပြန်ရန် အသင့်ရှိကြောင်း ဆက်ဆံရေးဝန်ကြီးမှတဆင့် စစ်အစိုးရအာဏာပိုင်များထံ အသိပေးခဲ့ကြောင်း အန်အယ်လ်ဒီ၏ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြန်သည်။

ထို့ကြောင့် အန်အယ်လ်ဒီနှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး အခြေအနေသည် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဒက်စကိုတို တောင်းဆိုထားသကဲ့သို့ အမှန်တကယ်အကောင် အထည်ပေါ်လာမည်လား၊ သို့မဟုတ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ယူဆသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပြောင်းအလဲဖြစ်မှ အဆင်ပြေမည်လား ဆိုသည်မှာ စောင့်ကြည့်ရ မည်ဖြစ်သည်။

သေချာသည့် အချက်မှာ အန်အယ်လ်ဒီအား စွပ်စွဲထားသည့် အချက် (၄) ချက်ကို စစ်အစိုးရ ဘက်က ပြန်လည်မရုတ်သိမ်းသမျှ တွေ့ဆုံဆွေးနွေးရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။

၀၉ - ၁၀ ပညာသင်နှစ်တွင် အထက်တန်း သင်ရိုးညွှန်းတမ်းများပြောင်းမည်

Yongon.tk

လာမည့် နှစ် ၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်တွင် အထက်တန်း သင်ရိုးညွှန်းတမ်းများပြောင်း လဲမည် ဟုအခြေခံ ပညာဦးစီးဌာနက သတင်း ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။ အထက်တန်းအဆင့်ကိုသာ ပြောင်းလဲမည့် သင်ရိုးညွှန်းတမ်းတွင် လက်ရှိဘာသာရပ်များ အပြင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားရမည်ဟုပါရှိသည်။

အခြေခံပညာဦးစီးဌာနက ထည့်သွင်းသင်ကြားမည့် အသက်မွေးဝမ်းကျောင်းဘာသာရပ်များမှာ ယောင်္ကျားကလေးများအတွက် စက်မှုလက်မှုနှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် မိန်းကလေးများအတွက် မုန့် လုပ်နည်း၊ သိုးမွေးထိုးနှင့် အိမ်တွင်းမှုနှင့် သက်ဆိုင်သောဘာသာရပ်များဖြစ်သည်။

ထိုကဲ့သို့ မကြာခဏ ပြောင်းလဲနေသော ပညာရေးစနစ်ကြောင့် ဆရာ၊ဆရာမများအပြင် ကျောင်းသူ ကျောင်းသားများ ပါဒုက္ခရောက်ရသည်ဟု ကျောင်းသားမိဘ တစ်ဦးကပြောသည်။

ယခုကဲ့သို့ သက်မွေးဝမ်းကျောင်းပညာရပ်များကို ထည့်သွင်းခြင်းသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ်နိမ့်ကျနေကြောင်းကို ဖေါ်ပြရာရောက်ကြောင်း အ ထ က (၁)ဒဂုံမှ ဆရာမ တစ်ဦးကပြောသည်။

အဖွဲ့ချုပ်မှ ကြေညာချက်ထုတ်ပြန်

သတင်း - DVB

ကွင်တားနား ဇာဂနာနှင့် မတွေ့ခဲ့ ဟု ကုလပြော

နယူးဒေလီ – မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့သော ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူ မစ္စတာ ကွင်တားနားသည် နာမည်ကျော် လူရွှင်တော် ဇာဂနာကို ဗုဒ္ဓဟူးနေ့ ကတွေ့ဆုံခဲ့သည် ဟူသော သတင်းကို Justify Fullရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး က ငြင်းဆိုလိုက်ပါသည်။

ကိုဇာဂနာကို ကုလသံတမန်က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် ဗုဒ္ဓဟူးနေ့ ညဦးပိုင်းက တွေ့ဆုံခဲ့သည်ဟု အစောပိုင်းက မြစ်ကြီးနား အကျဉ်းထောင် အရာရှိတဦးနှင့် ကိုဇာဂနာ ၏ဆွေမျိုးတဦးက မဇ္ဈိမကို ပြောကြားခဲ့ပါသည်။

အမည်မဖော်လိုသူ ကိုဇာဂနာ၏ ဆွေမျိုးတဦးက ဤသို့ တွေ့ဆုံခဲ့ကြောင်း မြစ်ကြီးနား အကျဉ်းထောင်ကို စောင့်ကြည့် လေ့လာနေသူ သတင်းရပ်ကွက်တခုက သူ့ကို ပြောကြားခဲ့သည်ဟု ပြောဆိုခဲ့သည်။ သို့သော် ဤသတင်းကို အတည် မပြုနိုင်ကြောင်းလည်း သူမက ဝန်ခံပြောကြားခဲ့သည်။

သို့သော် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက “မစ္စတာကွင်တားနား ကချင်ပြည်နယ်ကို မသွားခဲ့ပါဘူး၊ ကိုဇာဂနာနဲ့လဲ မတွေ့ခဲ့ပါဘူး။ သူက ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေးနေ့တွေမှာ နေပြည်တော်မှာဘဲ ရှိနေခဲ့တာပါ” ဟု ပြောကြားသွားခဲ့သည်။

မစ္စတာ ကွင်တားနားသည် ကြာသပတေးနေ့တွင် သံတမန်များနှင့် တွေ့ဆုံခဲ့ပြီး၊ တိုင်းပြည်တွင်းမှ မထွက်ခွါခင် ရန်ကုန် မြို့၌ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပ ပြုလုပ်ခဲ့သည်ဟုလည်း ဦးအေးဝင်းက ပြောသည်။

ကုလသံတမန်ကြီးသည် ၎င်း၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများနှင့် တွေ့ဆုံကာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့သို့လည်း သွားရောက်မည်ဟု ကုလသမဂ္ဂ၏ အပြောအရ သိရသည်။

သို့သော် ကြာသပတေးနေ့က သူ၏ ခရီးစဉ်ကို အဆုံးသတ်ခဲ့သော သံတမန်ကြီးသည် မြန်မာပြည်မြောက်ပိုင်းရှိ ကချင် ပြည်နယ်နှင့် မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်ပြည်နယ်တို့သို့ သွားရောက်နိုင်ခြင်း မရှိခဲ့ပါ။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့၏ လှူပ်ရှားမှု


လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်ဖြစ်သော "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တိုင်းသူပြည်သားများက ၀ိုင်းဝန်း ထောက် ခံကြရန်" - ဟူသော တောင်းဆိုချက်ကို ထောက်ခံသောအားဖြင့် လူထုတစ်ရပ်လုံးအတွက် စတေး ခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ လှုပ်ရှားမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ၊ နအဖ အာဏာရှင် များ ၏ ခြိမ်းခြောက်စောင့်ကြည့်မှုအား အလေးမမှုဘဲ နောက်ထပ် လှုပ်ရှားမှုတစ်ရပ်အား ထပ်မံပြုလုပ်ခဲ့ပါသည်။
လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ၏ ထပ်မံလုပ်ဆောင်သော လှုပ်ရှားမှုမှာ ယမန့် နေ့ က မန္တလေးမြို့  ကျူံးပတ်ပတ်လည်လမ်းများတွင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး တောင်းဆိုတိုက်ပွဲနှင့် ပတ်သက်သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများ ထပ်မံဖြန့် ဝေခဲ့ခြင်း ဖြစ်ပါသည်။
လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ထောက်ခံကြေညာချက်၊ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ထောက်ခံကြေညာချက်နှင့်  လူထု တစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ထုတ်ဝေသည့် "နိုင်ငံရေး အကျဉ်းသားများ အားလုံးချက်ချင်းလွှတ်" ပို့ စကတ်များအား မန္တလေးမြို့  ကျူံးအရှေ့ ဘက်လမ်းများ (ဓါတ်ပုံ - ၁ နှင့်  ၂)၊ မန္တလေးမြို့  ကျူံးမြောက်ဘက်လမ်းများ (ဓါတ်ပုံ - ၃)၊ မန္တလေးမြို့  ကျူံးတောင်ဘက်လမ်းများ (ဓါတ်ပုံ - ၄) နှင့် မန္တလေးမြို့  ကျူံးအနောက်ဘက်လမ်းများ (ဓါတ်ပုံ - ၇) နေရာများတွင် ဖြန့် ဝေခဲ့ပါသည်။ ထို့ အပြင် မန္တလေး ဘူတာကြီးအနီးရှိ ပန်းခြံတစ်ဝိုက် (ဓါတ်ပုံ - ၆) တွင်လည်း အဆိုပါ ပို့ စကတ်များ စာရွက်စာတမ်းများအား အများပြည်သူများ သိရှိစေရန် ဖြန့် ဝေခဲ့ပါသည်။
ထိုကဲ့သို့  လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ ဖြန့် ဝေခဲ့သော ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား ဈေးသည်များ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျူံးပတ်လည်တစ်ဝိုက် စက်ဘီးစီးသူများမှ တွေ့ ရှိကာ ဖတ်ရှူကြပြီး ကျေနပ်အားရ ၀မ်းသာပီတိဖြစ်နေခြင်းအား တွေ့ ရှိရပါသည်။
လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ အဆိုပါ ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား ဖြန့် ဝေခဲ့ရုံသာမက လူအများမြင်နိုင်သည့်နေရာများတွင်လည်း ကပ်ခဲ့ကြရာ နအဖလက်ပါးစေ နယ်ထိန်းရဲများနှင့် ရ၀တများမှ လိုက်လံဖြုတ်သိမ်းနေခြင်းအားလည်း တွေ့ ရှိရပါသည်။ လိုက်လံဖတ်ရှူနေသည့်သူများအားလည်း အဆိုပါ ရဲများ ကြံ့ဖွတ်အဖွဲ့ ဝင်များမှ လိုက်လံကြိမ်းမောင်းကာ မောင်းထုတ်လျက် ရှိပါသည်။ အချို့ သောပြည်သူများမှာ မိမိတို့ တွေ့ ရှိသော အဆိုပါ ပို့ စကတ်များနှင့် စာရွက်စာတမ်းများအား တိတ်တဆိတ်ပုန်းဝှက်ကာ သယ်ဆောင်သွားကြပါသည်။
အဆိုပါ လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ နှင့် အခြားသော အာဏာရှင်ဆန့် ကျင်ရေး အင်အားစုများ၏ လှုပ်ရှားမှုများကြောင့် မန္တလေးမြို့  ခရိုင်ရဲမှူးတစ်ဦးမှာ နယ်ထိန်းရဲများအား ဒေါသဖြင့် ထိုးကြိတ်ကာ ဒေါသူပုန်ထနေကြောင်း သိရှိရပါသည်။
လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ အနေဖြင့် နအဖအာဏာရှင်အား ဆက် လက်ဆန့် ကျင်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့  တတ် နိုင်သည့် အခန်းကဏ္ဍမှ ပူး ပေါင်းပါဝင် လှုပ်ရှားပေးကြပါရန်ကိုလည်း အထူးတိုက်တွန်း နှိုးဆော် အပ်ပါသည်။

လူထုတစ်ရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ။

Thursday, 19 February 2009

သံတွဲထောင်မှ ၈၈ကျောင်းသားများကို ပြစ်ဒဏ်လျှော့မပေး

သတင်း - ခေတ်ပြိုင်
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနား ရောက်ရှိနေခိုက် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြစ်ဒဏ်လျော့ပေါ့ပေးခြင်း၊ ပြစ်ဒဏ်တပေါင်းတည်း ကျခံစေခြင်းတို့ လုပ်ပေးနေသော်လည်း ရခိုင်ပြည်နယ် သံတွဲထောင်ရှိ နိုင်ငံရေးအကျဉ်းသား များမပါဝင်သေးကြောင်း ယမန်နေ့က ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သူ ၈၈မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိန်း၏ အစ်မ မမျိုးပပသိန်းက ခေတ်ပြိုင်သို့ ပြောသည်။

“ကျမတို့ ဘာမှမကြားသေးပါဘူး။ ဒီသံတွဲထောင်မှာတော့ ပြစ်ဒဏ်လျော့ခံရတဲ့ အကျဉ်းသား မရှိသေးပါဘူး။ ကျမတို့မနေ့က ထောင်ဝင်စာတွေ့ခဲ့ပါတယ်။ထုံးစံအတိုင်း (၁၅) မိနစ်လောက် တွေ့ခွင့်ရခဲ့ပါတယ်”ဟု မမျိုးပပသိန်းက ပြောသည်။

ကိုမျိုးရန်နောင်သိန်း၊ စမ်းချောင်းကိုကိုကြီး၊ ကိုဇော်မင်းတို့အပါအ၀င် ၈၈မျိုးဆက်ကျောင်းသား (၁၃) ဦးကို အာဏာပိုင်များက ယခုလ (၆) ရက်တွင် အင်းစိန်ထောင်မှ သံတွဲထောင်သို့ ပြောင်းရွေ့ခဲ့ပြီးနောက် မိသားစုများအနေဖြင့် ထောင်ပြောင်းပြီးပထမအကြိမ်အဖြစ် ထောင်ဝင်စာတွေ့ခဲ့ကြခြင်းဖြစ်သည်။

“တွေ့တဲ့အချိန်မှာ ထောက်လှမ်းရေးတွေကလည်းစောင့်ပြီး ဘာတွေပြောတယ်ဆိုတာ လိုက်မှတ်နေတာပဲလေ။ ကျမတို့သုံးယောက် တွေ့တာပေါ့နော်။ အဲဒါထောက်လှမ်းရေးက (၁၅) ယောက်လောက်က စောင့်ကြည့်နေတာပဲ။ သံစကာနှစ်ထပ်ခြားပြီး တွေ့ခဲ့ကြရတာပါ” ဟု မမျိုးပပသိန်းက ပြောသည်။

ကိုမျိုးရန်နောင်သိန်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၁၃) ရက်တွင် အင်းစိန်ထောင်တရားရုံးမှ ထောင် (၂) နှစ် ချမှတ်ခဲ့သည်။ အင်းစိန်ထောင်အတွင်း လမ်းမလျှောက်နိုင်ခဲ့သော ကိုမျိုးရန်နောင်သိန်းသည် ယခုဝါးလုံးထောက်ကာ လျှောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

“အထဲရောက်တော့လည်း အဆင်ပြေအောင်တော့နေကြရတာပေါ့။ အဆင်မပြေလည်း ပြေတယ်ပေါ့။ ကိုယ့်ဟာနဲ့ကို စိတ်ချမ်းသာအောင်နေကြတဲ့လူချည်းပါပဲ။ ထိုင်ပြီးစိတ်ညစ်နေ လို့မှမရတာလေ။ သူတို့အဆင်ပြေအောင်နေတယ်လို့ပြောပါတယ်။ ကိုမျိုးကတော့ လမ်းစမ်းလျှောက်နေတယ်။ ဟိုတုန်းကတော့ ၀ါးလုံးတန်းကိုင်ပြီးတော့ကို မတ်နိုင်တဲ့ အနေအထားမှာမရှိဘူးလေ။ အခုတော့ ၀ါးလုံးထောက်ပြီးတော့ စမ်းလျှောက်နေပါပြီ။ ဒါကလည်း သူ့ဘာသူကြိုးစားတာပါ။ စမ်းချောင်းကိုကိုကြီးတို့လည်း နေကောင်းကြပါတယ်။ ထောင်ဝင်စာက တရက်တည်းတွေ့ခဲ့ကြတာလေ။ သူတို့ကိုလည်းတွေ့ခဲ့ရပါတယ်” ဟု မမျိုးပပသိန်းက ကျန်းမာရေးအခြေအနေကို ပြောပြသည်။

ထောင်ဝင်စာတွေ့ခွင့် တလတခါအဖြစ် ပြောင်းလဲကန့်သတ်လိုက်စဉ်က ကိုဇော်မင်းသည် အစာငတ်ခံဆန္ဒပြခဲ့သော်လည်း ယခုအခါပုံမှန် ပြန်လည်နေထိုင်ပြီ ဖြစ်ကြောင်းသိရသည်။

“ထောင်ဝင်စာတွေ့ခွင့်တွေစပြောင်းတုန်းက သူတို့အထဲက လူတွေကမသိလိုက်ဘူး။ မသိလိုက်တော့ ကိုဇော်မင်းကလည်း သူတဦးထဲလို့ ထင်မှာပေါ့။ အဲဒါကြောင့် အဲလိုဖြစ်သွား တယ်ထင်တာပဲ။ ကျမလည်း ကျမမောင်ကိုပြောခဲ့ရတယ်။ အကုန်လုံး တတိုင်းပြည်လုံးကို အဲလိုပြောင်းလိုက်တာလို့။ သူတို့လည်းအခုတော့ သိသွားကြပါပြီ” ဟု မမျိုးပပသိန်းက ပြောသည်။

မြန်မာပြည်မှ ဗွီအိုအေမြန်မာရုပ်မြင်သံကြားအစီအစဉ်ကို ဖမ်းယူကြည့်ရှူနိုင်ပြီ


ဗွီအိုအေမြန်မာရုပ်မြင်သံကြားအစီအစဉ် (ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှစတင်သည်)

ထုတ်လွှင့်ချိန် ။ ။ နေ့စဉ် မြန်မာစံတော်ချိန် နံနက် (၇) နာရီ - (၇) နာရီခွဲ (တနင်္ဂနွေနေ့တိုင်း အစီအစဉ်သစ် တင်ဆက်ပြီး ကျန်ရက်များတွင် ပြန်လည်ထုတ်လွှင့်မည်)။

ဖမ်းယူကြည့်ရှုရန် ။ ။ အိန္ဒိယသမုဒ္ဒရာဒေသတွင်း ဆက်သွယ်ရေးဂြိုလ်တု (IOR) နဲ့ အေရှားဆက် အမှတ် (၃) ဆက်သွယ်ရေးဂြိုလ်တု (AsiaSat-3) တို့မှ ဖမ်းယူကြည့်ရှုနိုင်ပါတယ်။

*Indian Ocean Regional Satellite (IOR)*

IOR - New Skies 703
57 degrees East
Downlink Frequency: 4055 MHz, Transponder 35 (Global beam)
FEC: ½ rate
Symbol Rate: 26.0 MS/s
Network ID: 3
Polarization: Right Hand Circular
Typical LO Freq: 5150 MHz
Typical L-band IF: 1095 MHz
Video Format: PAL
Virtual channels 420

*Asiasat 3 Satellite*

Downlink Frequency: 4,040 MHz (Transponder 11H)
105 Degrees East.
Polarization: Horizontal
FEC ½ rate
Symbol Rate: 20.4 MS/s
PAL
Virtual channels 409

*Time:*

Everyday: 0030 - 0100 (UTC)
0700 - 0730 (Burma Standard Time)

ကွင်တားနားနှင့် ဇာဂနာတွေ့

-မဇ္ဈိမ-
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ တောမတ် အိုဂျီ ကွင်တားနားသည် ဗုဒ္ဓဟူးနေ့က ထိန်းသိမ်းခံနေရသော နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့် မြစ်ကြီးနား အကျဉ်းထောင်တွင် တွေ့ဆုံခဲ့ကြောင်း ထောင်အာဏာပိုင်များနှင့် မိသားစုဝင်များက မဇ္ဈိမကို ပြောသည်။

မိသားစုဝင် တဦးက ပြောကြားရာတွင် ကွင်တားနားသည် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ မြစ်ကြီးနားထောင်သို့ သွားရောက် လည်ပတ်ခဲ့ပြီး ဇာဂနာနှင့် တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဗုဒ္ဓဟူးနေ့ ညနေနှောင်းပိုင်းက တွေ့တာ၊ အသေးစိတ်ကိုတော့ မသိရသေးဘူး" ဟု ကိုဇာဂနာ၏ ဆွေမျိုးတဦးက ပြောသည်။

မြစ်ကြီးနားထောင်မှ အရာထမ်းတဦးက မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ကွင်တားနား ရောက်လာခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောရန် ငြင်းဆန်ခဲ့သည်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ကွင်တားနားသည် ကြာသပတေးနေ့က နေပြည်တော်သို့ အလည်အပတ် ထပ်မံ သွားရောက်ကြောင်း ပြောသည်။

ကုလသံတမန်သည် ဗုဒ္ဓဟူးနေ့က တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးတို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ သို့သော် ကြာသပတေးနေ့က နောက်တကြိမ် သွားရောက်ရာတွင် မည်သူနှင့် တွေ့မည်ကို မသိရသေးပေ။

အလည်အပတ် ရောက်ရှိနေသော အာဂျင်တီးနားသား သံတမန်က နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် စစ်အစိုးရကို ခွင့်ပန်ထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးဟု သတင်းရပ်ကွက်များက ပြောသည်။

ကုလသမဂ္ဂရုံး အဆိုအရ ကွင်တားနား၏ ခြောက်ရက်ကြာ ခရီးစဉ်သည် ယနေ့ အဆုံးသတ်မှာဖြစ်ပြီး ညနေတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြောကြားမှာ ဖြစ်သည်။

ဒုတိယ “ပင်လုံစာချုပ်” လိုအပ်နေပြီ

လက်ထပ်စာချုပ် ချုပ်ဆို နိုင်ဖို့ နှစ်ဘက်သော မိဘတွေ၊ ဆွေမျိုးတွေ၊ ရပ်ကွက် လူကြီးတွေ သဘောတူတာထက် စာရင် ကာယကံရှင် ခင်ပွန်းလောင်းနဲ့ ဇနီးလောင်းတို့ သဘောတူမျှဖို့က အဓိက ကျပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်ဘဲ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ဘဝကိုရင်ဆိုင်ပြီး တည်ဆောက်ရမှာ ဖြစ်လို့ပါဘဲ။ တကယ်လို့ လက်ထပ်စာချုပ် မချုပ်ဆိုမီမှာ စေ့စပ်ကြောင်းလမ်း ထားရင် ဘဝကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာ ကြိုတင် ဆွေးနွေးညှိနှိုင်း နိုင်လို့ ပိုပြီး အဆင်ပြေစရာ ရှိနိုင်ပါတယ်။ နိုင်ငံအုပ်ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ အမှန်မှာတော့ စာချုပ် ဖြစ်ပါတယ်။ လင်မယား လက်ထပ် စာချုပ်လိုပါဘဲ။ အစိုးရနဲ့ ပြည်သူတွေ ကြားမှာ သဘောတူထားတဲ့ စာချုပ်ပါဘဲ။

ဒီစာချုပ် ဖြစ်နိုင်ဖို့ ပဏာမ သဘောတူညီချက်တွေ ရှိနေရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အတိတ်ကာလရဲ့ ဆိုးမွေတွေ ခံစားနေရတာ ဖြစ်လို့ ဒါတွေ ပြင်နိုင်ဖို့က အခြားနိုင်ငံ တွေလို လိုက်လုပ်လို့ မရသလို၊ တဦး တဖွဲ့တည်းက စိတ်ကြိုက်လုပ်လို့လည်း မရနိုင်ပါဘူး။ အတိတ် တချိန်မှာတုန်းက “ပင်လုံစာချုပ်”ဟာ မြန်မာ့ သမိုင်းကြောင်းကို ကောင်းစေခဲ့တဲ့ ပဏာမ စာချုပ် ဖြစ်ခဲ့တာကို နမူနာ ယူရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အပါအဝင် ပြည်သူတွေအားလုံး ညီညွတ်အောင် လုပ်နိုင်ဖို့ဆိုတာ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားတဲ့ ရပိုင်ခွင့်တွေကို အာမခံနိုင်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီလို အာမခံနိုင်အောင် လုပ်ယူဖို့ အတွက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းက စပြီး လက်ရှိ ကာလထိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေအရ “ပင်လုံစာချုပ်”လိုမျိုး နောက်ထပ် စာချုပ်တခု လိုအပ်လာပါတယ်။

ဒီလို စာချုပ်မှာ အရင်ဦးဆုံး သက်ဆိုင်သူတွေ အားလုံး တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်းနဲ့ တာဝန်ယူ ဆွေးနွေးနိုင်ရပါမယ်။ သဘောတူနိုင်ရပါမယ်။ ဒီအဆင့်ကို အောင်မြင်မှ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ကျင့်သုံးကြဖို့ မြန်မာနိုင်ငံသား အများစုက သဘောတူ ထောက်ခံခဲ့တာကို ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်က သက်သေပြခဲ့ပြီး ဖြစ်လို့ နောက်ထပ် သံသယဖြစ်စရာ မလိုတော့ပါဘူး။ လက်ရှိမှာ ကမ္ဘာ့နိုင်ငံတွေ ကျင့်သုံးနေကြတာက ပိုပြီး တိကျအောင် ပြောရရင် ကိုယ်စားပြု ဒီမိုကရေစီစနစ် (Representative Democracy) ဖြစ်ပါတယ်။ လူထုတရပ် လုံးက သူတို့ ဖြစ်စေချင်တာတွေကို သူတို့ ကိုယ်စားပြုသူတွေက လိုက်လုပ်ပေးရတဲ့ စနစ်ဖြစ်ပါတယ်။ အရှင်းဆုံး ပြောရရင် အခြေခံဥပဒေကို လူထုက စိတ်ကြိုက် ရေးဆွဲတာပါ။ မြန်မာနိုင်ငံမှာ ကိုယ်စားပြု ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှ လူထုကလည်း ထောက်ခံ၊ နိုင်ငံတကာနဲ့လည်း ရင်ဘောင် တန်းနိုင်မှာ ဖြစ်ပါတယ်။

အခြေခံဥပဒေကို လူထု စိတ်ကြိုက်ရေးဆွဲ နိုင်မှလည်း လူတိုင်းအတွက် အခြေခံ လူ့အခွင့်အရေးတွေ၊ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ၊ အသင်းအဖွဲ့ဌာန (Institution) အတွက် လွတ်လပ်မှု အခွင့်အရေးတွေက အစ အာဏာပိုင်တွေကို ကန့်သတ်ထိန်းညှိ (Checks and Balances) ပေးနိုင်တာ၊ စစ်တပ်က ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်အောင် နေနိုင်တာတွေ အဆုံး လူထုကို အကျိုးပြုစေတာတွေ အားလုံးကို အာမခံချက် အပြည့်အဝနဲ့ စိတ်ချလက်ချ ကျင့်သုံးနိုင်ပါမယ်။

နအဖ လုပ်သွားတဲ့ အခြေခံဥပဒေ ဆိုတာက တိုက်ရိုက် ဒီမိုကရေစီ (Direct Democracy) ကို အသက်သွင်း နေတာပါ။ ဒါပေမယ့် ကိုယ်စားပြု ဒီမိုကရေစီကို ဦးတည်လုပ်ဆောင်နေ သလိုလို လှည့်စားထားပါတယ်။ မြန်မာပြည်သူတွေက ဒီမိုကရေစီ အကြောင်း သိမှာ မဟုတ်ဘူးလို့ ယူဆပြီး၊ ဒါမှမဟုတ် သိပ် မသိသေးခင်မှာ နအဖက သူတို့လိုချင်တဲ့ မူဝါဒ၊ စနစ်၊ လုပ်ထုံး လုပ်နည်းတွေကို လက်ဦးအောင် ပန္နက် ရိုက်ပစ် ယူတာမျိုး ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ရင် ဒီမိုကရေစီ စနစ်ကို တည်ဆောက်မယ့် မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ အကြောင်း အတော်အတန် လေ့လာသိရှိထားဖို့ လိုနေပြီဆိုတာ သိသာပါတယ်။

တိုက်ရိုက် ဒီမိုကရေစီ စနစ်မှာ အစိုးရ အာဏာပိုင်တွေကို လူထုရဲ့ ဆန္ဒနဲ့ ရွေးချယ်ခွင့် မရှိပါဘူး။ အာဏာပိုင်တွေရဲ့ ဆန္ဒ၊ တနည်းအားဖြင့် ဆိုရင် အာဏာပိုင်တွေ ချပေးတဲ့ မူဝါဒတွေကိုဘဲ လူထုက ကြိုက်-မကြိုက် ရွေးချယ် ပေးရပါတယ်။ ဘာနဲ့ တူသလဲလို့ အနီးစပ်ဆုံး နမူနာပြရရင် မြန်မာနိုင်ငံမှာ အာဏာရှင် ဦးနေဝင်းရဲ့ တပါတီ စနစ် ကြီးစိုးတုန်းက မဆလ ပါတီက ကြိုတင် သတ်မှတ်ထားတဲ့ အာဏာပိုင် အဆင့်ဆင့်ရဲ့ ကိုယ်စားလှယ်လောင်းတွေကို လူထုက ရွေးချယ် တင်မြှောက်ပေးရတာ၊ မဆလ ပါတီက ရေးထားတဲ့ အခြေခံဥပဒေကို အတည်ပြု-မပြု လူထုက ရွေးချယ်ပေးရတာတွေ ဖြစ်ပါတယ်။ လူထု ဆန္ဒခံယူပွဲလို့ နာမည်တပ်ပြီး ရွေးခိုင်းတာတောင်မှ လွတ်လပ်ပြီး သမာသမတ် ရှိအောင် မလုပ်ပေး နိုင်ပြန်ရင်လည်း အာဏာရှင် လုပ်ချင်တဲ့ သဘောတွေကို သက်သေပြ သလို ဖြစ်နေပါတယ်။

ကိုယ်စားပြု ဒီမိုကရေစီမှာ နိုင်ငံသား ဘယ်သူမဆို ရွေးကောက်ပွဲမှာ မဲပေးနိုင်ခွင့် ရှိသလို ရွေးကောက်ပွဲ ဝင်နိုင်ခွင့်လည်း ရှိပါတယ်။ နမူနာပြရရင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့် ပေးမှာမဟုတ်ဘူးလို့ နအဖ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ( ကြိုတင် သွေးတိုးစမ်းသလိုမျိုး ) အာဆီယံမှာ ပြောဖူးတာ ရှိပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီကို အစစ်အမှန် ကျင့်သုံးချင်ရင် ဒေါ်အောင်ဆန်းစုကြည်လို မျိုးရိုးစဉ်ဆက် မြန်မာနိုင်ငံသား ဖြစ်ကြောင်း သိပ်ထင်ရှားနေတဲ့ မြန်မာ နိုင်ငံသားတဦးကို ရွေးကောက်ပွဲဝင်ခွင့် ပြုရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသမား မှန်သမျှ ဖမ်းဆီးထိန်းသိမ်း ထားတာကို ပြန်လွှတ်ပြီး နိုင်ငံရေး လှုပ်ရှားခွင့် ပြုရမှာ ဖြစ်ပါတယ်။

ကိုယ်စားပြု ဒီမိုကရေစီမှာ ကိုယ်စားပြုမယ့် သူတွေကို ဘယ်လို ရွေးချယ်ရမလဲ ဆိုတာကို လူထုက သတ်မှတ်ရတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက သတ်မှတ်လို့ မရပါဘူး။ ပင်လုံစာချုပ်လို သမိုင်းဝင် သဘောတူညီချက် တခုခုကို အရင် ရပြီးမှဘဲ အခြေခံ ဥပဒေမူကြမ်းကို အားလုံးက ချွင်းချက်မရှိ ပါဝင်ရေးဆွဲ ရပါမယ်။ အဲဒီမူကြမ်းမှာ နောက်လုပ်မယ့် ရွေးကောက်ပွဲတွေကို အခြေခံ ဥပဒေအတိုင်း ကျင်းပပေးနိုင်ဖို့ ရွေးကောက်ပွဲ ဆိုင်ရာ အခန်းကဏ္ဍ ကလည်း ပါရှိနေမှာ ဖြစ်ပါတယ်။ မူကြမ်းကို လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြု နိုင်ရပါမယ်။ လူထုက အတည်ပြု လိုက်တာဟာ ရွေးကောက်ပွဲ ဝင်မယ့်သူတွေကို ဘယ်လို ရွေးချယ်ရမလဲလို့ လူထုက သတ်မှတ်လိုက်တယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်လို ပဏာမ သဘောတူညီချက် မရှိပဲ ရှေ့ဆက်လုပ်လို့ မဖြစ်နိုင်ပါဘူး။

နောက်ထပ် သက်သေတခု ကတော့ နအဖ ရေးတဲ့ အခြေခံဥပဒေမှာ အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့ သမတ နေရာကို လူထုက ရွေးချယ်ခွင့်မရတာ၊ စစ်တပ်က လွှတ်တော်မှာ အမတ်၂၅ % အတွက် ရွေးချယ်ခံစရာမလိုပဲ အလိုအလျောက် ယူထားတာတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ တပ်မတော် (စစ်တပ်)က နိုင်ငံကို ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါရမယ် ဆိုတာလည်း ပါဝင်နေပါတယ်။ ဒါတွေဟာ နိုင်ငံရဲ့ အနာဂါတ် ကံကြမ္မာကို အကြီးအကျယ် ပြောင်းလဲစေမယ့် ကိစ္စတွေပါဘဲ။ ပြည်သူတွေကို မလှုပ်မရှား ပိပြားနေအောင် အုပ်ချုပ်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်နေတာ သိသာပါတယ်။ အမှန်တကယ်မှာ အဲဒီလို ဖြစ်လာမှာ မဟုတ်ဘဲ ပိုပြီးတောင် မငြိမ်မသက် အုံကြွလာနိုင်စရာ ဖြစ်နေပါတယ်။ လမ်းအလယ် ဒါးကိုင်ပြီး လူတကာကို စိန်ခေါ်နေသလို ဖြစ်နေပါတယ်။ ဒါဟာ “လွတ်လပ်မှုကို တလွဲ ဆံပင်ကောင်း လုပ်တာ၊ တန်းတူညီမျှမှုကို ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံမူတွေနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

ဒီမိုကရေစီမှာ အရေးကြီးဆုံး မဖြစ်မနေ လုပ်ရတဲ့ မူကတော့ ရွေးကောက်ပွဲပါဘဲ။ လူထုက အစိုးရကို ရွေးကောက်တာ ဖြစ်ပါတယ်။ စစ်တပ်ဆိုတာ အစိုးရ မဟုတ်ပါဘူး။ တိုင်းပြည်မှာ စစ်ဖြစ်နေရင် စစ်တပ်က ကြီးစိုးပါတယ်။ ဒီလိုမျိုး မဟုတ်ရင် စစ်တပ်ဆိုတာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ အထူးသဖြင့် ရွေးကောက်ပွဲ လုံခြုံရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ် စောင့်ရှောက်ရေးတွေကို လုပ်ပေးတဲ့ အသင်းအဖွဲ့ (Institution) တခုဘဲ ဖြစ်ပါတယ်။ ကျောင်းသား သမဂ္ဂတို့၊ အလုပ်သမားသမဂ္ဂတို့ဆိုတာ Institution ပါဘဲ။ မီးသတ်၊ ရဲ၊ ကုန်သည်ကြီးများအသင်း အစရှိတာတွေက လည်း Institution ပါဘဲ။ ဘယ်နိုင်ငံမှာမှ Institution တွေက အစိုးရလုပ်တာ မရှိပါဘူး။ အစိုးရအလုပ်ကို အစိုးရအဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့သူတွေ၊ ဒါမှမဟုတ် အာဏာသိမ်းပြီး သူတို့ကိုသူတို့ သတ်မှတ် ထားသူတွေကဘဲ လုပ်ရပါ တယ်။ ဒါကြောင့် စစ်တပ်က အစိုးရ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ပြည်သူတွေက ရွေးချယ် တင်မြှောက်တာ မရှိပဲ အစိုးရနေရာ ဝင်ယူရင် (လွှတ်တော်အမတ် လုပ်ရင်) ဒါဟာ ကိုယ်စားပြု ဒီမိုကရေစီ အစစ်အမှန် မဟုတ်တော့ပါဘူး။ တကယ်လို့သာ ပင်လုံစာချုပ်လို ပဏာမ သဘောတူညီချက်သာ ရှိနေခဲ့ရင် ဒီလို မမှန်မကန် ဖြစ်နေတာတွေကို ကြိုတင် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

နအဖရဲ့ လမ်းပြမြေပုံအတိုင်း ဆက်လုပ်နေလို့ကတော့ ဒီမိုကရေစီ အစစ်အမှန်ကို ရမှာ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် မဆလ ခေတ်တုံးက ပုတ်သင်ညို လွှတ်တော်လို ဖြစ်နေဦးမှာ ပါဘဲ။ ဒီလို ဖြစ်ခဲ့လို့လည်း နောက်ဆုံး တနေ့မှာ မဆလ ပါတီရော အာဏာရှင် ဦးနေဝင်းပါ ဘုံးဘုံးလဲ ပြိုကွဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါကို ထပ်တူ လိုက်လုပ်ဦးမယ်၊ ဒါမှ မဟုတ် နည်းလမ်းခွဲတမျိုး (Alternative)နဲ့ လုပ်ကြည့်ဦးမယ် ဆိုရင်လည်း “ဒီတောင်ပို့က ဖွတ်ဘဲ ထွက်တတ်တယ်” ဆိုတာ လူထုက သိနေပြီးဖြစ်လို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောင်ခါလာ နောင်ခါဈေး သဘောထားလို့လည်း လုံဝ မဖြစ်နိုင်ပါဘူး။

တချိန်တည်းမှာဘဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးလည်း ရမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ ခွဲထွက်ခွင့်တို့ကို တောင်းဆိုလာတဲ့အထိ ဆိုးဆိုးဝါးဝါး ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ ပြည်ထောင်စုစနစ်အတွက် မကောင်း ပါဘူး။ ဒါတွေဟာ သိသာမြင်သာတဲ့ အနာဂတ်အန္တရာယ်တွေ ဖြစ်ပါတယ်။ နအဖ ဖြေရှင်းတဲ့ ပုံစံမှာတော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကို အတင်း လက်နက်ချ ခိုင်းနေတာက လွဲလို့ အခြား မရှိပါဘူး။

ဒီအခါမှာ တိုင်းရင်းသားတွေ လက်နက်ကိုင်တယ် ဆိုတာက နိုင်ငံရေးအရ အင်အား ချိန်ခွင်လျှာ (Balance of Power) ညှိတဲ့သဘော ဖြစ်လာပါတယ်။ သူတို့ ရည်ရွယ်တာက နိုင်ငံရေး ဆိုပေမယ့် ဒီရည်ရွယ်ချက်ကို အကောင်အထည် ဖော်နေတဲ့နည်းလမ်းက ပြည်တွင်းမှာ စစ်ရေးပုံစံ ပြိုင်ဆိုင်တဲ့ သဘောကို ဖြစ်စေပါတယ်။ ဒါဆိုရင် ဒီမိုကရေစီနဲ့ ဆန့်ကျင် သွားပါပြီ။ အမှန် တကယ်ဆိုရင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့အခါမှာ နိုင်ငံကို ကာကွယ်ဖို့ စစ်တပ်ဆိုတာ တခုတည်းဘဲ ရှိနေရမှာ ဖြစ်ပါတယ်။ တခုတည်းရှိတဲ့ စစ်တပ်ဟာလည်း ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်အောင် ဖွဲ့စည်းထားရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်လာအောင် လုပ်ပေးနိုင်တာက ပဏာမ သဘောတူညီချက်တွေ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကို လက်နက်ချခိုင်းနေရုံ၊ နှစ်ဦးနှစ်ဘက် သဘောတူညီမှုရရုံ ( ဥပမာ-Gentlemen’s agreement ) နဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ပန္နက် ရိုက်ပြီးသား သဘောတူညီမှုကို မရနိုင်ပါဘူး။

နအဖ အနေနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့် နည်းလမ်းတခုဘဲ ရှိပါတယ်။ ဒီလို လုပ်တာဟာလည်း ဒီမိုကရေစီ ကျင့်သုံးတဲ့ လူ့ အသိုင်းအဝိုင်းထဲမှာ လူအချင်းချင်း၊ အသင်းအဖွဲ့အချင်းချင်း ယိုင်းပင်း ပူးပေါင်း ရမယ်ဆိုတဲ့ အခြေခံမူနဲ့ ကိုက်ညီ နေပါတယ်။

တချိန်တည်းမှာဘဲ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အတွက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို သူတို့ ယုံကြည် လက်ခံလာအောင် အာမခံ ပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ပြည်တွင်းမှာ စစ်ရေးပုံစံ ပြိုင်ဆိုင်တာတွေ မရှိနိုင်တော့ပါဘူး။ ဒီနောက်မှာတော့ ပင်လုံစာချုပ်လိုမျိုး နောက်တကြိမ် ထပ်ချုပ်နိုင်ဖို့ လွယ်ကူသွားပါပြီ။ ဒီလိုစာချုပ် ချုပ်ဖို့ ဘယ်သူက ဦးဆောင်နိုင်ပါသလဲလို့ တချို့က မေးကြပါတယ်။ ဘယ်သူတွေက ကိုယ်စားပြုပြီး တက်လာကြမှာ လဲလို့လည်း ထပ်မေး ကြပြန်ပါတယ်။

ဒါကတော့ သိပ်မခက်လှပါဘူး။ တိုင်းပြည်မှာ အများ သတ်မှတ်ထားတဲ့ ကိုယ်စားပြုသူတွေ ရှိနှင့်ပြီး ဖြစ်လို့ သူတို့ကဘဲ အမှန်တကယ် ဦးဆောင် ဆော်သြလိုက်ရင် ချက်ချင်းတောင် စလို့ရသွားမှာ ဖြစ်တယ်။ ဒီမိုကရေစီ စနစ်ကို တကယ်တမ်း ဘယ်သူတွေက ဦးဆောင်နိုင်မလဲလို့ စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီအဆင့်ကို သိက္ခာရှိရှိ ကျော်ဖြတ်နိုင်တယ် ဆိုရင် နောက်ကျန်တာတွေက သူ့အလိုလို ရှောရှောရှူရှူ ဖြစ်သွားမှာ သေချာပါတယ်။ အရင်ဦးဆုံး လိုနေတာကတော့ ပင်လုံစာချုပ်လို ပဏာမ သဘောတူညီမှုတွေ ဖြစ်ပါတယ်။
လွင်အောင်စိုး (၁၅-၂-၂ဝဝ၉)

Wednesday, 18 February 2009

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ဘားအံထောင်သို့ သွားရောက်

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့ နေဘုန်းလတ် ရှိရာ ဘားအံထောင်သို့ သွားရောက်ခဲ့
alt

ပြီးခဲသောနှစ် သြဂုတ်လက နာဂစ်ကိစ္စနှင့် ဟိုင်းကြီးကျွန်းသွား ရောက်စဉ် လမ်း၌ ရေနွေးကြမ်းသောက်နေသော ကွင်တာနာ (သတင်း အထောက်အကူပြု ဓါတ်ပုံ - Getty Images )

ကုလသမဂ္ဂမှ စေလွှတ် လိုက်သော လူ့ အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံမှ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန် နှင့် ဘားအံ ထောင်များသို့ သွားရောက် ခဲ့ကြကြောင်း သိရှိရသည်။

သောမတ် အိုဂျဲရာ ကွင်တာနာ ဦးဆောင်သော အထူး ကိုယ်စားလှယ် အဖွဲ့သည် ဘားအံ ထောင်ကြီးဆီသို့လည်း သွားရောက်ခဲ့ပြီး ဖြစ်ကာ ထိုထောင် အတွင်းတွင် ကျော်ကြားသော မြန်မာ Blogger နေဘုန်းလတ်အား စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်း ထားသည်။

ဘားအံမှ ရန်ကုန်သို့ ပြန်ရောက်ခဲ့ပြီးနောက် ကွင်တာနာသည် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် မြန်မာ့နိုင်ငံရေး အကျဉ်းသားများ ရာထောင်ချီမျှ ဖမ်းဆီးထားသည့် အင်းစိန် ထောင်ကြီးသို့ သွားရောက်ခဲ့သည်ဟု သိရှိရသည်။

ကွင်တာနာ သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ရောက်ရှိခဲ့ပြီး ထိုနေ့မှာပင် မြန်မာ စစ်အစိုးရသည် လူသိများသော နိုင်ငံရေးသမား နှစ်ဦးဖြစ်သည့် ညီဘူး နှင့် တင်မင်းထွဋ် တို့ကို ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်လိုက်ပြီး ဖြစ်သည်။ ကွင်တာနာ ကမူ ၎င်း၏ ခရီးစဉ်အတွင်း မြန်မာ စစ်အစိုးရကို လူ့အခွင့်အရေးဆိုင်ရာ ကျင့်ထုံးများကို နားလည် လက်ခံလာစေရေး ဆွဲဆောင် စည်းရုံးနိုင်မည်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ဒေါ်စုလွတ်မြောက်ရေး လက်မှတ်တွေ ပဲခူးမှာ ကောက်နေပြီ

ဖနိဒါ

ချင်းမိုင်(မဇ္ဈိမ)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ယခုလ ၁၄ ရက်နေ့က စတင်လိုက်သည်။

ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ဒိုက်ဦး၊ ကဝ၊ သနပ်ပင်၊ ဝေါနှင့် အနောက်ဘက်ခြမ်း သာယာဝတီမြို့နယ်များတွင် ပါတီဝင်လူငယ်များက လူထုထဲတွင် လိုက်လံ၍ လက်မှတ်များ ရေးထိုးစေခြင်းဖြစ်သည်။

"ကျမတို့ လူထုထဲကို လိုက်ထိုးခိုင်းနေပါတယ်။ လူငယ် တာဝန်ခံတွေကနေ လိုက်ထိုးနေပါတယ်။ လူတွေကလည်း စိတ်ဝင်စားကြတယ်။ တချို့လည်း ကိုယ့်ဆန္ဒအတိုင်း မထိုးရဲဘူး။ ကြောက်ကြတယ်လေ။ အမှန်တော့ လူတွေဟာ ကိုယ့်စိတ်ထဲက ဆန္ဒအတိုင်း လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ လူ့အခွင့်အရေးကို လူတိုင်း နားမလည်ကြတော့ ခက်တယ်" ဟု တိုင်း အန်အယ်ဒီအဖွဲ့ဝင် ဒေါ်ခင်ညွန့်မူက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ပါတီအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ ဆိုက်ကားဂိတ်၊ ဆရာဝန်နှင့် ရှေ့နေများ အပါအ၀င် လူတန်းစားပေါင်းစုံက လက်မှတ်ထိုးကြသည်ဟု သူက ဆိုသည်။

နိုင်ငံရေး လှုပ်ရှားမှုကြောင့် မတရား အကျဉ်းကျခံနေရသည်ကို ပိုမို သိရှိလာရန် အသိပေးဖြန့်ဝေမှု ဖြစ်ပြီး၊ ပြည်သူများ ပူးပေါင်းပါဝင်သည့် လှုပ်ရှားမှုဖြစ်ကြောင်း သူက ပြောသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပဲခူးမြို့နှင့် မန္တလေးတိုင်း မိတ္တီလာမြို့နယ် သဲတောရွာတွင် ပါတီဝင်များက ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

ဒေါ်ခင်ညွန့်မူက "ဒီမနက်ပိုင်းက ၆ နာရီမှာ ပဲခူး ရွှေမော်တောဘုရား အင်္ဂါထောင့်မှာ ပန်း၊ ဆီမီးတွေ ကပ်လှူပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ ၈ နာရီမှာတော့ သံဃာအပါး ၃ဝ လောက်ကို ဆွမ်းလောင်းခဲ့ပါတယ်" ဟု ပြောသည်။

မိတ္ထီလာမြို့တွင် သံဃာအပါး ၁၃ဝ ပါးကို ဆွမ်းလောင်းခဲ့သည်ဟု မြို့နယ်အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

ထို့အပြင် မိတ္ထီလာတွင် ရေနှင့် လျှပ်စစ်မီး ၂၄ နာရီ ရရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လက်မှတ်ထိုး တောင်းဆိုသည့် စာအား ယမန်နေ့က စာတိုက်မှတဆင့် နေပြည်တော်သို့ ပို့ခဲ့သည်။

"ရေမီး အပြည့်အဝ ရရှိရေး တောင်းဆိုတဲ့ လက်မှတ်ပေါင်း ၅၀၀ ကျော်ကို နေပြည်တော်ကို လိပ်မူပြီး ပို့တယ်။ လူထုပါဝင်လှုပ်ရှားနိုင်တဲ့ လမ်းကြောင်းအနေနဲ့ လက်မှတ်ထိုးထားကြတယ်။ ရဲရဲတင်းတင်း ထိုးကြတယ်။ လက်မှတ်ပေါင်း ၅၁၃ ယောက် ကောက်ခံရတယ်" ဟု သူက ပြောသည်။

စာထဲတွင် မိတ္ထီလာမြို့ပေါ် ၁၃ ရပ်ကွက်ကို အေ၊ ဘီ၊ စီ ဟူ၍ ပိုင်းခြားကာ ၆ နာရီခြားတခါ လျှပ်စစ်မီး ပေးဝေသော်လည်း မည်သည့်အခါမှ ၆ နာရီအပြည့် မရကြောင်းနှင့် မိတ္ထီလာရေကန်ကြီးကို မြင်နေရသော်လည်း သောက်သုံးရေ မရသဖြင့် အဝီစိတွင်းသာ အားကိုးရကြောင်း သိရှိစေရန် တင်ပြအပ်ပါသည်ဟု ဆိုထားသည်။

စာကို မိတ္တူကူး၍ မိတ္ထီလာခရိုင် အာဏာပိုင်အဖွဲ့များဖြစ်သည့် ခယက၊ မယက၊ ခရိုင်နှင့် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးများနှင့် မန္တလေးတိုင်းနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးများသို့ ပေးပို့ခဲ့ကြသည်။

"ကျီကုန်းဆိုရင် ၁ဝ ရက်တခါ လာတယ်။ အခု တလကျော် မလာဘူး။ သီရိမင်္ဂလာဆို ၄ ရက်တခါလာ။ ၇ ရက်နေ့က လာတာ၊ ဒီနေ့ထိ မလာဘူး။ ဒါ မဖြစ်သင့်ဘူး၊ ဒီလောက် တိုးတက်တဲ့ ကမ္ဘာမှာ ရေလေးတော့ ပုံမှန် လာသင့်တယ်။ ရတနာပုံ တလကျော်ပြီ။ မလာဘူး။ သာယာကုန်းရပ်ကွက်ဆိုလည်း မလာဘူး။ တကယ်တော့ ရေမီး မလာတာဟာ ၁ဝ စုနှစ် တခုလောက်တောင် ရှိပြီလို့ ပြောလို့ ရပါတယ်" ဟု သူက ဆိုသည်။

ယခု လှုပ်ရှားမှု ပြုလုပ်စဉ် အောင်ဇေယျရပ်ကွက် ဆယ်အိမ်မှူးမှ စာရွက်တွင် ပါရှိသည့် လက်မှတ်ထိုးသူများအား ခေါ်ယူကာ ၎င်းလုပ်ရပ်မျိုး မပြုလုပ်ရန် ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

မကွေးတိုင်း ချောက်မြို့တွင်လည်း အန်အယ်ဒီ ပါတီဝင်များက အလားတူ လက်မှတ်မျိုး ကောက်ခံသည်ကို အာဏာပိုင်များက တန်ပြန်သည့်အနေဖြင့် ရေမီး ရရှိရေး လက်မှတ်ထိုးရာတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း လက်မှတ်မျိုး လိုက်လံထိုးခိုင်းနေသည်ဟု ချောက်မြို့ ဒေသခံက မဇ္ဈိမကို ပြောသည်။

ယခုလ ၈ ရက်နေ့က ရေမီး ရရှိရေး လက်မှတ်ပေါင်း ၈ဝဝ ကျော် ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် လက်မှတ်ပေါင်း တသောင်းထက်မနည်း ရမည်ဟု ခန့်မှန်းထားကာ လက်မှတ်များကို ယခုလ ၂၅ ရက်နေ့တွင် အာဏာပိုင်များထံ ပေးပို့မည်ဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

ဘုန်းကြီးကျောင်းအလှူငွေများ နအဖ သိမ်းယူ


သတင်း - DVB

စစ်မိစ္ဆာများ ဖြုတ်ချရေး စီမံချက်

Time for Ibrahim Gambari to vacate his post as United Nations Envoy to Burma

....:::....
Burma Democratic Concerns (BDC) has determined that it is time for Ibrahim Gambari to vacate his post as United Nations Envoy to Burma. His continual failure to stem the tide of genocide has yielded catastrophic results in human suffering and death to the citizens of Burma. His efforts to bring democracy to Burma were counterproductive at best.

Myo Thein, Director of Burma Democratic Concerns in the United Kingdom, ascertained, We have been expressing our doubts over his (Gambari) impartiality and now the image is much clearer that he is merely a special advocate for the Burmese Junta.

Bad Boy Gambari


Buffalohair
17 Feb 2009

With news of Gambari urging Burma to proceed with the illegal election planned for 2010, it is clear Ibrahim Gambari is not on the side of democracy. It is obvious to most Burmese people Gambari is only wasting valuable time with his counterproductive banter and lackluster performance.

Sources within Burma stated repeatedly that Gambari received a beautiful multi million dollar ruby as a form of bribery by Than Shwe. Another seedy tidbit from within Burma was a tale about Ibrahim Gambari and his romp in the sack with at least one young aspiring Burmese starlet. It would not surprise me one bit since a diplomat from his homeland of Nigeria gave Than Shwe’s representative a gift of $500,000 recently in cold hard cash.

Spending time with strumpets and receiving hush money seems to be all this so called envoy has accomplished over the years. His track record in Burma scored him a dismal zero since he only managed to buy more time for Than Shwe to arrest and murder his opposition. While Gambari wined and dined in opulence the cries of the Karen people echoed in the jungles of Burma as government troops raped and murdered them. National League for Democracy & 88 Generation Students Group members as well as friends and associates were arrested and moved to isolated prisons to be tortured. Popular entertainers from all genres have been silently removed and placed in irons. And now Aung San Suu Kyi had her sentence extended for another year.

Gambari is a criminal who used his position for personal gain at the expense of a suffering people who trusted the United Nations. When Than Shwe dies or when his regime crumbles Gambari should be tried along with the rest of the vermin he protected. He dishonored the United Nations as well as disrespect the good people of Burma who trusted him. He should not only step down as envoy to Burma, he should also be arrested and charged with dereliction of duty and excepting bribes from a criminal regime.

In some respects Ibrahim Gambari is much worse than Than Shwe and his criminal regime. At the very least Than Shwe is an outwardly detestable and loathsome creature who profiteers from death, deception and bribes from western corporations. Gambari pretends to be an angel of mercy offering false hope to a struggling repressed people when in reality his palm is greased with blood money.

Clearly the demands of Aung San Suu Kyi and the NLD have not changed over the years. All they wanted was for the election results of 1990 to be honored and the voice of the Burmese people recognized. Surely it did not require countless trips to Burma for Gambari to figure that out. How far beyond stupid is he? Or was his trips nothing more than opulent vacations and self serving profitable junkets filled with party girls and expensive wine? I venture to say the latter since it is obvious he did less than nothing for the oppressed people of Burma. It makes me wonder if he had a hand in extending Aung San Suu Kyi’s sentence.

One day he will face trial for his efforts to assist Than Shwe along side other corrupt corporate heads who’ve lined the pockets of this criminal regime. As for Than Shwe, he will soon be dead and his family members will be living in hiding and in fear of retribution for daddy’s sins. His hand picked jackals will murder one another as they fight to take control of Burma only to be arrested by a military who decided to stand by their people. Naypyitaw, Than Shwe’s jungle capital, will be the Nuremburg of Burma as former generals of Than Shwe’s criminal regime stands trial for crimes against humanity. And there I’ll be with my pal Myat Ko who once served time in Insein Prison. We will be sipping an ice tea on a hot humid Burmese day. When the judge asks us for a verdict we will give the thumbs down in Roman flare. Then we will hand these convicted vermin to an eager crowd outside of the court house and let them decide the fate of these scoundrels, including Ibrahim Gambari.a

Monday, 16 February 2009

Discussion on Future of Burma by BDC - Part (1)

.....::::.....

Venerable U Uttara, prominent Buddhist monk leader, Reverend Shwekey Hoipang, Christian pastor and Chin ethnic leader, Thant Tun, high profile Burmese political activist, Kyaw Zwa, Secretary of International Burmese Musilm Association, Moe Hnin Phyu, Campaigns Officer of Burma Democratic Concern (BDC), Zin Zin Myo Thant, Campaigns Officer of Burma Democratic Concern (BDC), Van Biak Thang, assistant editor of Chinland Guardian, and Matthew Egan, trade union activist, discuss current and future situation of Burma.

Time for Ibrahim Gambari to vacate his post as United Nations Envoy to Burma

16 Feb 2009

Burma Democratic Concerns (BDC) has determined that it is time for Ibrahim Gambari to vacate his post as United Nations Envoy to Burma. His continual failure to stem the tide of genocide has yielded catastrophic results in human suffering and death to the citizens of Burma. His efforts to bring democracy to Burma were counterproductive at best.

Collusion between Gambari and the Military Junta was all too apparent by Burma Democratic Concerns extinguishing impartiality and credibility of the envoy. Knowing that on February 12, 2009 Gambari and Japan sided with the Military Junta and endorsed the pending 2010 General Election only verified our suspicions. Gambari said that the world would react positively and encouraging the Myanmar government to hold a general election in 2010 would receive accolades from the international community.

Myo Thein, Director of Burma Democratic Concerns in the United Kingdom, ascertained, "We have been expressing our doubts over his (Gambari) impartiality and now the image is much clearer that he is merely a special advocate for the Burmese Junta"

Than Shwe and his military regime have continually ignored the election results of 1990 and incarcerated the nominee, Aung San Suu Kyi, as well as members of her political party. With the introduction of UN Envoy Gambari into the matrix of this dire state of affair the military junta operates with impunity and total disregard for human rights. The democratic voice of the people of Burma was completely ignored. Clearly Gambari has chosen to court the military junta at the expense of vast majority of the population of a nation. The people of Burma have spoken in the only legal election held since the junta laid siege on the population. Gambari has become an accessory to crimes against humanity and has enriched himself in the process.

There is no question what the demands of Aung San Suu Kyi and five CEC members of the National League for Democracy are fore they never changed. On February 2, 2009 they reaffirmed their position to;

• recognise 1990 election results accordingly
• review 2008 constitution
• allow to convene people's assembly based on 1990 election result
• release all political prisoners including Aung San Suu Kyi

"They are the mandates given by our leaders and it is our duty to realise them ALL", added Myo Thein.

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား ရုပ်သံအစီအစဉ်

....:::....

အထက်ပါ ရုပ်သံအစီအစဉ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့(မြန်မာနိုင်ငံကလေးများနေ့) အခမ်းအနား နှင့် ကျောင်းသားများမှ ဗိုလ်ချုပ်မိန့်ခွန်း ကောက်နှုတ်ချက်များဖြင့် မိန့်ခွန်းပြော ပြိုင်ပွဲများ စသည့်အစီအစဉ်များ ထည့်သွင်းတင်ဆက်ထားပါသည်။

သတင်း - SAW

ဆရာကြီး ဦးတင်မိုး၏ "လက်နှက် နဲ့ ငြိမ်းချမ်းရေး"

....::::....

ထူး မခြားနား နိုင်ငံရေး ပွဲစားများ

¨စိန်ဝင်း မှတပါး တခြား လူမရှိ¨လို့ ဆောင်ပုဒ် တွင်လောက်တဲ့ ထူးမခြားနား နိုင်ငံရေး ပွဲစားများ နဲ့ ထပ်မံဖွဲ့ စည်းလိုက်ကြတဲ့ လူတစုဂိုဏ်းရဲ့ ထုတ်ပြန် ကြေငြာချက်ကို အွန်လိုင်း စာမျက်နှာတခု ပေါ်မှာ ဖတ်လိုက်ရတယ်။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
အပြင်ပန်း အားဖြင့် လူတစု အပေါ်မှာပဲ အခြေတည် ထားပါစေ ပြည်ပ အစိုးရ ဖြစ်လာတာကို အငြင်းပွါး စရာမရှိပေမဲ့ အနှစ်သာရ အားဖြင့်တော့ အစိုးရ တရပ်ရဲ့ အင်္ဂါရပ်များ နဲ့ ကိုက်ညီ ပြည့်စုံမှု မရှိတဲ့ ထိုကဲ့သို့သော အဖွဲ့အစည်းများဟာ အနာဂါတ် ကာလမှာ စိန်ခေါ်မှု များစွာနဲ့ ရင်ဆိုင်ကြုံတွေ့ လာနိုင်တာတော့ သေချာတယ်။ ဝေ့လည်ကြောင်ပတ် နိုင်တဲ့ နိုင်ငံရေး ပွဲစားဥာဉ် နဲ့ တာဝန်ခံ တာဝန်ယူမှု ကင်းမဲ့ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်းများကြောင့် လူတွေရဲ့ ယုံကြည်မှုများ ပျောက်ရှနေချိန်မှာ အခုလို ခေါက်ရိုးကျိုးနေတဲ့ မဲပြာပုဆိုးကို ထပ်ပြီး ၀တ်ပြလိုက်တော့ ပြောစရာ နည်းနည်းရှိလာတယ်။

alt

ဆောင်းပါးသရုပ်ဖေါ်

ဖြစ်သင့်တာက

  • ပြည်ပလူထုကို အခြေပြုတဲ့ ဒီမိုကရက်တစ် အစိုးရပီသတဲ့ ပြည်ပအစိုးရ နိုင်ငံတကာအဖွဲ့ အစည်းများရဲ့ အချက်အလက်တွေ အရ ပြည်ပမှာ မြန်မာနိုင်ငံသား ၅ သန်းကျော်လောက် ပုံစံ အမျိုးမျိုးနဲ့ ရောက်ရှိနေထိုင် နေကြတယ်။ ဒီ လူတွေထဲမှာ ၉၀ ခုနှစ် ရွေးကောက်ပွဲ ကာလတုန်းက မဲ မပေးခဲ့ဖူးတဲ့ လူတွေ လည်းအများကြီး ပါဝင်နေတယ်။ ၁၉၉၀ ကာလနဲ့ ၂၀၀၉ ကာလဟာ ထပ်တူမကျဘူး ဆိုတာတော့ မျက်နှာသစ်များနဲ့ ကမ္ဘာ့ အခင်းအကျင်း အပြောင်းအလဲများ ကို ကြည့်ရင် သိနိုင်တယ်။ တကယ်လို့ ဒီလူတွေကို ကိုယ်စားပြုတဲ့ အစိုးရမျိုး ဖွဲ့စည်းမယ် ဆိုရင်တော့ ပြည်ပရွေးကောက်ပွဲ လုပ်ရလိမ့်မယ်။ အိုင်တီနည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူဦးရေ ငါးသန်းလောက်ရဲ့ သဘောထား ဆန္ဒများကို ကောက်ခံယူဖို့ ဆိုတာ သိပ်ပြီးတော့ မခဲယဉ်းပါဘူး။ လူထုဆန္ဒကို အမှီသဟဲ ပြုတာကြောင့် လူထုရဲ့ ပံ့ပိုးမှုနဲ့ ထိရောက်ခိုင်မာတဲ့ အစိုးရမျိုး ဖြစ်လာနိုင်တယ်။ လူထု၊ နိုင်ငံရေးနဲ့ နိုင်ငံရေးသမား များကြားမှာ အရင်ဆုံး အမျိုးသား ရင်ကြားစေ့ရေး လုပ်ခြင်းမျိုး ဖြစ်လာနိုင်ပြီး သွေးစစ်တဲ့ ညီညွတ်ရေး အင်အားကြောင့် တချိန်ချိန်မှာ စစ်အုပ်စုနဲ့ စစ်စနစ်ကို အပြီးသတ် နိဂုံးချူပ် ဇာတ်သိမ်း ပေးလာနိုင်မယ်။

  • ဒီမိုကရေစီ အနှစ်သာရနဲ့ ကိုက်ညီတဲ့ ဦးဆောင်နိုင်စွမ်း တာဝန်ယူ တာဝန်ခံ နိုင်စွမ်းနဲ့ ပြည်စုံတဲ့ အစိုးရ NCGUB၊ NCUB၊ MPU၊ NLD-LA စတဲ့ ပါတီ အဖွဲ့အစည်းတွေ ကြားမှာ စစ်ပထွေး မသေခင် အမွေတောင်းပြီး အချင်းချင်း လူချဖို့ စုပေးထားတဲ့ ပုံစံမျိုးမဟုတ်ပဲ လက်ရှိ လူထုက ရွေးကောက်တင်မြှောက်တဲ့ လူထုထဲက လာတဲ့ ခေါင်းဆောင်မှု အရည်အချင်းများ ရှိခြင်းကို အခြေခံထားတဲ့ လူပုဂ္ဂိုလ်များနဲ့ အစိုးရမျိုး ဖွဲ့စည်းခြင်းဖြင့် မြန်မာလူမျိုးများရဲ့ ပြည်ပနိုင်ငံရေး ပုံစံသစ် တခုအဖြစ် ကမ္ဘာ့အသိုင်းအ၀ိုင်း ကပါ လေးစား တန်ဖိုးထား ထောက်ခံ လာနိုင်တယ်။ အပြောင်းအလဲကို လိုချင်ပေမဲ့ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲရမှာ ကြောက်နေတဲ့ တနပ်စာ အတွေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုကို မှီခိုပြီး ဘ၀ရပ်တည် နေကြတဲ့ နိုင်ငံရေးပွဲစားများကို အနားပေးပြီး တကယ် အနစ်နာခံ ကိုယ်ကျိုးစွန့်မယ့် လူသစ်များနဲ့ အနာဂါတ်ကို မျှော်ကာ မျိုးဆက်သစ်ကို လက်တွဲခေါ်ရဲတဲ့ အကျင့်ကို ကျင့်သုံးနိုင်မှသာ ဒီမိုကရေစီ ရှင်သန် ဖြစ်ထွန်းလာနိုင်သလို လူမဆန်တဲ့ န.အ.ဖ စစ်အုပ်စု ကိုလည်း ပြတ်ပြတ်သားသား နိုင်ငံရေးအရ စိန်ခေါ်နိုင်တဲ့ အဆင့်ကို ရောက်လာ နိုင်မယ်။

ဖြစ်လာတာက

  • လူဦးရေ (၂၀) ၀န်းကျင်ခန့် တက်ရောက်တဲ့ လူတစု အစည်းအဝေးမှာ ထုံးစံအတိုင်း ကိုယ့်ကိုကိုယ် ဆန္ဒခံမဲပေးပြီး အစိုးရ ဖွဲ့လိုက်ကြတယ်။ နိုင်ငံရေး ပွဲစားအများစု က တလကို ဒေါ်လာ နည်းနည်းပါးပါး မဆွတ်မပွတ် ရနေခြင်း၌ ခုံမင် နေကြသောကြောင့် ဒီမိုကရေစီ မျက်နှာကို မမြင်ချင်ယောင် ဆောင်ပြီး ပရောဂျက် ရှာပေးနေကျ လူကိုပဲ နေရာထပ် ပေးထားလိုက်ကြ တယ်။ လူထုနဲ့ အဆက်ပြတ်ပြီး အထီးကျန် ဖြစ်နေပါစေ လူတစု အဆင်ပြေရင် ကျေနပ်တယ်ဆိုတဲ့ မိရိုးဖလာ ဗမာပဒေသရာဇ် ဥာဉ်ဆိုးက ၂၁-ရာစုတိုင် အသက်ဝင် နေဆဲပဲ ဆိုတာ ဒီနေရာမှာ သက်သေခံ ပြနေတယ်။

  • ထုံးစံအတိုင်း NGOs များကို အခြေပြုတဲ့ အစိုးရ ဖြစ်လာသောကြောင့် နေရာတိုင်းမှာ ကန့်သတ်မှုတွေ ရှိနေမယ်။ လူအများရဲ့ ဆန္ဒကို မျက်ကွယ်ပြုသောကြောင့် တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပြီး နောက်ဆုံး လူတောမတိုးတဲ့ အဆင့်အထိ ရောက်သွားနိုင်တယ်။ ပိုဆိုးတာက ဒီမိုကရေစီ တော်လှန်ရေး မအောင်မြင်ရတာ ဒီလို ဒီမိုကရေစီ မျက်နှာကို အိုးမဲ သုတ်နေတဲ့ နိုင်ငံရေးပွဲစားများရဲ့ ပယောဂ မကင်းဘူးဆိုပြီး နောင်တချိန်မှာ သမိုင်း တရားခံဘွဲ့ပါ အဆစ် ရလာနိုင်သေးတယ်။ သေချာတာက စစ်အုပ်စုကို ဖြုတ်ချဖို့ အရေအတွက်ရော အရည်အချင်းပါ လိုနေသေးတယ်။ သွေးသစ်လောင်းရမယ့် ကာလ မှာ လက်ပန်းကျနေတဲ့ မျက်နှာဟောင်းတွေနဲ့ပဲ ကြိတ်ဝိုင်းဖွဲ့ပြီး နိုင်ငံရေး ကစားနေတာကို ရပ်သင့်တယ်။

ပြည်တွင်းမှာ ဗိုလ်သန်းရွှေက မသေမချင်း သမတ လုပ်သွားဖို့ တာစူ နေတယ်။ တဘက်မှာ မ.ဆ.လ လူထွက် ဘောင်းဘီချွတ်များကလည်း မသေမချင်း ဗဟိုကော်မတီဝင် လုပ်နေချင် ကြတယ်။ တချိန်တည်းမှာ ပြည်ပရောက် ထူးမခြားနား နိုင်ငံရေးပွဲစား များကလည်း နှစ် (၂၀) လွန်လာပေမဲ့ ဒီမိုကရေစီ တော်လှန်ရေးကြီးကို အရင်ပုံစံဟောင်း အတိုင်းပဲ အ ရောင်းအ၀ယ်လုပ်ဖို့ ကြိုးပမ်းနေကြတယ်။ မျက်မမြင် ပုဏ္ဏားခြောက်ယောက် ကြားမှာ ဒုက္ခရောက်ခဲ့ရတဲ့ ဆင်ကြီးတကောင်ရဲ့ ပုံပြင်လို ကိုယ့်စိတ်ကူးနဲ့ ခင်းထားတဲ့ လမ်းမထက် လက်တည့် စမ်းသွားနေကြတဲ့ လူတွေကြားမှာ တိုင်းပြည် နာတာပဲ အဖတ်တင် နေတယ်။ တပ်မှူးဟောင်းကြီး ဦးအောင်ရွှေ ကတော့ ပြောတယ် “အနာဂါတ်မှာ ဘာ...မျှော်လင့်ချက်မှ မရှိဘူး” တဲ့။ သေချာတယ်။ မျှော်လင့်ချက်ကို သူ...ကိုယ်တိုင် အသေသတ် လိုက်မှတော့ ရက်လည် ဆွမ်းသွတ် အနုခြွေ ကြွေကြေ ပြီးသား ဖြစ်သွားတာပေါ့။

ဒါပေမဲ့ ဒီနေရာမှာ ဆုံးဖြတ် ပေးနိုင်တာက နိုင်ငံရေးရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ လူထုပါပဲ။ လူထုထဲက ခင်ဗျားတို့ ကျနော်တို့ နဲ့ မျိုးဆက်သစ်တွေ ဘယ်လို နိုင်ငံရေး အပြောင်းအလဲမျိုးကို လိုချင်တာလဲ? လတ်ဆတ် လန်းဆန်းတဲ့ ခေတ်ရနံ့ နဲ့ နိုင်ငံရေးသစ်လား ? ဒါမှမဟုတ် ပြန်ဆိုတေးကိုပဲ ထပ်ကာတလဲလဲ နားထောင် နေလိုခြင်းလား? တခုခုကိုတော့ ရွေးချယ်မှ ရလိမ့်မယ်။

မော်ဒန် ကဗျာဆရာကြီး မောင်သာနိုး ရဲ့ ထင်းရူးပင်ရိပ် စာအုပ်ထဲက ဘာသာပြန် စာသားလေးလို

“ ဒီခေတ်၊ ဒီအခြေ၊ သည်မင်း၊ သည်စိုး၊ သည်သူခိုး နဲ့  သည်မိုး၊ သည်လေ၊ သည် လူတွေ” ကို လက်ပိုက်ကြည့် နေရင်တော့ တိတ်ဆိတ်နေခြင်းဟာ ၀န်ခံရာ ရောက်တယ် ဆိုတဲ့ စကားပုံ ဆိုရိုးအတိုင်း ကျုပ်တို့ ကိုယ်တိုင် “စစ်စနစ် သက်ဆိုးရှည်လာခြင်း နဲ့ တိုင်းပြည် ပျက်သွားခြင်း”ကို သွယ်ဝိုက်ပြီး ထောက်ခံနေတဲ့ အလိုတူ အလိုပါများ ဖြစ်သွားလိမ့်မယ်။ ။

ညီညီထွေး (နယ်သာလန်)