Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 20 February 2009

ကွင်တားနား ဇာဂနာနှင့် မတွေ့ခဲ့ ဟု ကုလပြော

နယူးဒေလီ – မြန်မာပြည်သို့ အလည်အပတ် လာရောက်ခဲ့သော ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူ မစ္စတာ ကွင်တားနားသည် နာမည်ကျော် လူရွှင်တော် ဇာဂနာကို ဗုဒ္ဓဟူးနေ့ ကတွေ့ဆုံခဲ့သည် ဟူသော သတင်းကို Justify Fullရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး က ငြင်းဆိုလိုက်ပါသည်။

ကိုဇာဂနာကို ကုလသံတမန်က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် ဗုဒ္ဓဟူးနေ့ ညဦးပိုင်းက တွေ့ဆုံခဲ့သည်ဟု အစောပိုင်းက မြစ်ကြီးနား အကျဉ်းထောင် အရာရှိတဦးနှင့် ကိုဇာဂနာ ၏ဆွေမျိုးတဦးက မဇ္ဈိမကို ပြောကြားခဲ့ပါသည်။

အမည်မဖော်လိုသူ ကိုဇာဂနာ၏ ဆွေမျိုးတဦးက ဤသို့ တွေ့ဆုံခဲ့ကြောင်း မြစ်ကြီးနား အကျဉ်းထောင်ကို စောင့်ကြည့် လေ့လာနေသူ သတင်းရပ်ကွက်တခုက သူ့ကို ပြောကြားခဲ့သည်ဟု ပြောဆိုခဲ့သည်။ သို့သော် ဤသတင်းကို အတည် မပြုနိုင်ကြောင်းလည်း သူမက ဝန်ခံပြောကြားခဲ့သည်။

သို့သော် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက “မစ္စတာကွင်တားနား ကချင်ပြည်နယ်ကို မသွားခဲ့ပါဘူး၊ ကိုဇာဂနာနဲ့လဲ မတွေ့ခဲ့ပါဘူး။ သူက ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေးနေ့တွေမှာ နေပြည်တော်မှာဘဲ ရှိနေခဲ့တာပါ” ဟု ပြောကြားသွားခဲ့သည်။

မစ္စတာ ကွင်တားနားသည် ကြာသပတေးနေ့တွင် သံတမန်များနှင့် တွေ့ဆုံခဲ့ပြီး၊ တိုင်းပြည်တွင်းမှ မထွက်ခွါခင် ရန်ကုန် မြို့၌ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပ ပြုလုပ်ခဲ့သည်ဟုလည်း ဦးအေးဝင်းက ပြောသည်။

ကုလသံတမန်ကြီးသည် ၎င်း၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများနှင့် တွေ့ဆုံကာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့သို့လည်း သွားရောက်မည်ဟု ကုလသမဂ္ဂ၏ အပြောအရ သိရသည်။

သို့သော် ကြာသပတေးနေ့က သူ၏ ခရီးစဉ်ကို အဆုံးသတ်ခဲ့သော သံတမန်ကြီးသည် မြန်မာပြည်မြောက်ပိုင်းရှိ ကချင် ပြည်နယ်နှင့် မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်ပြည်နယ်တို့သို့ သွားရောက်နိုင်ခြင်း မရှိခဲ့ပါ။

No comments: