Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 24 February 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထောင်စုသို့သွားမည်

စစ်အာဏာရှင်ကြီးသန်းရွှေတယောက် သားမက်ဖြစ်သူ နေစိုးမောင် (ကထိက၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်) ကိုအမေရိကန်ပြည်ထောင်စုသို့ စေလွှတ်ဘို့စီစဉ်ဆောင်ရွက်နေပါတယ်။ နေစိုးမောင်ဟာစစ်ဆေးရုံမှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ တင်မင်းလည်း အတူလိုက်ပါသွားမယ်လို့သိရှိရပါတယ်။
အမေရိကန်ပြည်ထောင်စု ဟားဘတ်(စ်)တက္ကသိုလ်မှာ "သင်ကြားရေးအထောက်အကူပြုလေ့လာရေး"အတွက် အကြောင်းပြပြီး အမေရိကန်ပြည်ဝင်ခွင့် လျှောက်ထားမယ်လို့ သိရှိရပါတယ်။ နေစိုးမောင် ဟာ စစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး၊ ကြည်ကြည်ရွှေ (ခေါ်) မသြ ရဲ့ခင်ပွန်းဖြစ်သလို၊ ဆိုးသွမ်းအကြမ်းဖက်လူငယ် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် ရဲ့ဖခင်ဖြစ်ပါတယ်။ မသြ ဟာခင်ပွန်းဖြစ်သူ နေစိုးမောင်နဲ့ အဆင်မပြေဖြစ်နေတာကြောင့်၊ မသြရဲ့စိတ်ချမ်းသာမှုအတွက် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီး တေဇ က အစွမ်းကုန်ပြုစု ဂရုစိုက်ပေးလျှက်ရှိနေပါတယ်။ အဲဒီလိုအခြေအနေဖြစ်ရတဲ့ အကြောင်းအရင်းက နေစိုးမောင်ဟာ ယောင်္ကျားကိုယ်နဲ့မိန်းမစိတ် ( မိန်းမလျှာ ) ဖြစ်နေလို့ပါ။ စစ်ဆေးရုံ အသိုင်းဝိုင်းနဲ့ဆေးဘက်ဆိုင်ရာ လောကမှာ သူကိုယ်တိုင်ကြေငြာခဲ့တာပါ။
ဘာဘဲဖြစ်ဖြစ်၊လူ့အခွင့်အရေးအဆက်မပြတ်ချိုးဖောက်နေတဲ့ တရားမဝင်အာဏာသိမ်းစစ်အစိုးရရဲ့ မိသားစုဝင် တဦးကို၊ အမေရိကန် ပြည်ထောင်စုက ဝင်ခွင့်ပြုမယ်ဆိုရင်တော့ အဲဒီလုပ်ရပ်ဟာ၊ ဒီမိုကရေစီအတွက်၊ အသက် ပေးဆောင်ရွက်နေကြတဲ့ မြန်မာပြည်သူလူထုတရပ်လုံးကို လှည့်စားဘို့ကြိုးစားတဲ့လုပ်ရပ်တခုအဖြစ်သတ်မှတ် ရမှာပါ။
မြန်မာနိုင်ငံရှိ၊ အမေရိကန်သံရုံးက နေစိုးမောင်ရာဇဝင် မသိဘဲတော့မနေပါဘူး။ ဗီဇာထုတ်ပေး၊မပေး စောင့် ကြည့်ရမှာပါ။ သမ္မတသစ် အိုဘားမားရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒတွေ အပြောင်းအလဲရှိ၊မရှိ ဒီကိစ္စက အသေးငယ်ဆုံး အချက်ပြချက်တခုအဖြစ် ပေါ်ထွက်လာနိုင်စရာရှိပါကြောင်း။

လေးစားစွာဖြင့်
သူရဲကောင်း။ (အာဇာနည် ဗလော့ခ်)

No comments: