Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday, 6 January 2009

ဝန်ထမ်းလစာ တိုးပေးမည်ဟု နေပြည်တော်မှာ သတင်းပျံ့

ရွေးကောက်ပွဲနီးလာပြီ ဖြစ်သည့်အလျောက် နေပြည်တော်ဝန်ထမ်းများကို လစာတိုးပြီး မက်လုံးပေးရန် စစ်အစိုးရက ပြင်ဆင်နေသည်ဟု နေပြည်တော်ဝန်ထမ်းများက ပြောသည်။

လာမည့် စက်တင်ဘာလတွင် နေပြည်တော် ၀န်ထမ်းများအား လစာတိုးပေတော့မည်ဆိုသည့်သတင်းများ နေပြည်တော် ၀န်ထမ်းများကြား ပျံ့နှံ့နေသည်။ နေပြည်တော်ဝန်ထမ်းများကို လောလောဆယ် ၀န်ထမ်းအိမ်ရာ များ၌ နေရာချထားပေးပြီး ရေခ မီးခ အခမဲ့ပေးထားသည်။

သို့သော် ၀န်ထမ်းများထံမှ မကြာခင် ရေခ မီးခ တောင်းရန် စစ်အစိုးရက ဆုံးဖြတ်ထားသည့်အတွက် အဆိုပါ အပိုကြေးငွေနှင့်ကာမိအောင် လစာတိုးပေးရန် အာဏာပိုင်များက စီစဉ်ခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ထမ်းအချို့က ယူဆသည်။ ရွေးကောက်ပွဲနီးလာသည့်အတွက် ၀န်ထမ်းများအား မဲဆွယ်ရန် မက်လုံးပေး လိုသည့်အတွက် ၀န်ထမ်းလစာ တိုးပေးရန် စီစဉ်ခြင်းဖြစ်နိုင်သည်ဟု နေပြည်တော် အရာရှိအချို့က ယူဆသည်။

နောက်ဆုံးတိုးပေးခဲ့သည့် ၀န်ထမ်းလစာစာရင်းကိုကြည့်လျှင် အရပ်ဘက်နှင့် စစ်ဘက်ကို ခွဲခြား တိုးပေးခဲ့သည်။
တပ်မတော်ဝန်ထမ်းများကို တိုးမြှင့်ပေးသည့် လစာကိုကြည့်ပါက အုပ်စုသုံးစုခွဲပြီး လစာတိုးပေးသည်ကို တွေ့ရသည်။

အခြေခံ တပ်သားတဦး၏ လစာသည် (၃,၀၀၀) မှ (၁၅,၀၀၀) ဖြစ်သွားသည့်အတွက် (၄ဝဝ) ရာခိုင်နှုန်းတိုးပေးခြင်းဖြစ်သည်။ တနည်းအားဖြင့်ဆိုပါက တပ်သားအဆင့်မှ တပ်ကြပ်ကြီးအဆင့်ထိ ရာခိုင်နှုန်း (၄၀၀) ကျော်တိုးပေးခဲ့သည်။ ခွဲတပ်ကြပ်ကြီးအဆင့်မှ အရာခံဗိုလ်ထိ (၆၀၀) ရာခိုင်နှုန်းကျော်တိုးပေးပြီး ဒု-ဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိကိုမူ ရာနှုန်း (၁,၀၀၀) ကျော်ထိ အများဆုံး တိုးမြှင့်ပေးခဲ့သည်။ ဗိုလ်ချုပ်အဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်ကို (၇ဝဝ) ရာခိုင်နှုန်းဝန်းကျင်ထိ တိုးပေးသည်။

တပ်မတော်၏ လစာနှုန်းသစ်တိုးပေးသည့် ကိန်းဂဏန်းများကို ကြည့်ပါက ဒု-ဗိုလ်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိ အမျာဆုံးတိုးပေးထားပြီး တပ်သားအဆင့်မှ အရာခံဗိုလ်အဆင့်ကို လစာတိုးသည်မှာ အနည်းဆုံးဖြစ်သည်။ အရပ်ဘက်ဝန်ထမ်းလစာနှုန်းသစ်နှင့် ယှဉ်ကြည့်ပါက အမြင့်ဆုံး ဦးဆောင်ညွှန်ကြားရေးမှူးတယောက် သို့မဟုတ် ညွှန်ချုပ်တယောက်၏ လစာနှုန်းသစ် (၁၉၀,၀၀၀) သည် စစ်တပ် ဒု-ဗိုလ်မှူးကြီးတဦး၏ လစာနှင့် အတူတူဖြစ်နေသည်။

ဗိုလ်မှူးချုပ်တဦး၏ လစာသစ်က (၃) သိန်း၊ ဗိုလ်ချုပ်တဦး၏လစာက (၄) သိန်းနှင့် ဗိုလ်ချုပ်ကြီးတဦး၏ လစာက (၈) သိန်းထိ တိုးပေးခဲ့သည်။ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏လစာကို (၁ဝ) သိန်းထိ တိုးပေးပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လစာကို (၁၂) သိန်းထိ တိုးပေးခဲ့သည်။

ချုပ်ကြည့်မည်ဆိုပါက တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ လစာမျိုး အရပ်ဘက်ဝန်ထမ်းလောက၌ တိုးပေးခြင်းမရှိသကဲ့သို့ စစ်ဘက်မှာပင် အောက်ခြေကို တိုက်ရိုက်ကွပ်ကဲသည့် ရာထူးအဆင့်များကိုသာ အထူး ဦးစားပေး တိုးပေးသည်ကို တွေ့ရသည်။

မှတ်ချက်- နအဖ ဓားပြကြီးများသည် ၎င်းတို့ရရှိသော တရားဝင်လစာများအရဆိုလျှင် မိသားစု စားဝတ်နေရေးအတွက် တော်တော်လေး ချို့ချန်ခြွေတာပြီး သုံးနေရပေမည်၊ သို့ပါ၍ အများပြည်သူများ လေးစားကြည်ညိုလာစေရန်အလို့ငှာ လဒ်စားခြင်း၊ ပြည်သူများထံမှ အဓ္ဓမ ဓားပြတိုက်ခြင်း၊ နိုင်ငံတော်၏ သယံဇာတများအား မတရားသိမ်းပိုက်ခြင်း၊ စစ်တပ်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် ရိုင်းချင်တိုင်းရိုင်းနေခြင်း၊ နိုင်ငံတော်အား ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ တွန်းပို့ခြင်း ...အစရှိသည်တို့ကို စစ်မိစ္ဆာများပီပီ အပတ်တကုပ် ကျိုးစားလုပ်ဆောင်ပေးနေရပေသည်။

စက်မှု (၁) ၀န်ထမ်းများနှင့် လိမ် (၄) လိမ် ဆောင်ပုဒ်

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းဌာနကြီး (၆) ခုမှ အရာထမ်း၊ အမှုထမ်းများမှာ ၀န်ကြီး ဦးအောင်သောင်း အလိုကျ လိမ်ပေးနေရသည့်အတွက် “လိမ် (၄) လိမ်” နှင့် အလုပ်လုပ်နေရသည်ဆိုပြီး ၀န်ထမ်းများကြား ပြောဆိုနေကြသည်။

အဆိုပါ လိမ်(၄)လိမ်မှာ-
-ကုန်ပစ္စည်းများ မထုတ်ဘဲ အထုတ်ပြပြီး လိမ်နေရခြင်း၊
-မမြတ်ဘဲနှင့် မြတ်ပါသည်ဆိုပြီး လိမ်၍ အမြတ်ပြရခြင်း၊
-ဌာနငွေ မသုံးဘဲနှင့် သုံးပါသည်ဆိုပြီး လိမ်နေရခြင်း၊
-လက်ကျန်မရှိပါဘဲ ရှိပါသည်ဆိုပြီး လိမ်နေရခြင်းတို့ဖြစ်သည်ဟု စက်မှု (၁) စက်ရုံဝန်ထမ်းတဦးက ပြောသည်။

“စလေဦးပုညကတော့ သိကြားကို တရစ်လိမ် ညစ်တဲ့မာဃိန်လို့ စပ်ခဲ့တာ ကြားဖူးပါတယ်။ စလေဦးပုညသာ မသေရင် ၀န်ကြီး ဦးအောင်သောင်းဟာ မာဃထက် ပိုလိမ်မယ့်သူဆိုပြီး သိကြားမင်းတောင် လိမ်လို့ရောင်း ညစ်တဲ့အောင်သောင်းလို့ စာချိုးလောက်တယ်ဆိုပြီး ၀န်ထမ်းတွေကြား ပြောကြပါတယ်” ဟု စက်ရုံအရာထမ်းတဦးကလည်း ပြောသည်။

သတင်း-ခေတ်ပြိုင်

ကျူရှင်ဆရာ တကိုယ်တော် ဆန္ဒပြ

ဇန်နဝါရီလ 05 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းပြည်၌ အမှန်တကယ် လွတ်လပ်မှု မရှိကြောင်း ပြသသည့်အနေဖြင့် ၆၁ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ ကျရောက်သည့် ယမန်နေ့က ရန်ကုန်တိုင်း တွံတွေးမြို့တွင် ကျူရှင်ဆရာတဦးက တကိုယ်တော် ဆန္ဒပြခဲ့သည်။

အသက် ၅၂ နှစ်အရွယ် ကျူရှင်ဆရာ ဦးအောင်ဖေသည် ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က မိမိလက်ကို ပလပ်စတစ်ကြိုးနှင့် ချည်နှောင်ကာ လွတ်လပ်ခြင်း မရှိ ဟူသည့် အဓိပ္ပာယ်ကို ဖော်ဆောင်ပြီး တွံတေးမြို့ရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ၂ မိနစ်ခန့် ဆန္ဒပြရင်း အလေးပြုခဲ့ခြင်း ဖြစ်သည်။

"သူ့အိမ်နဲ့ ကိုက် ၅၀ လောက် ကွာတယ်။ ဒီရပ်ကွက်မှာပဲ ၇ နာရီခွဲလောက်မှာ သူက လက်နှစ်ဖက်ကို ပလပ်စတစ်ကြိုးနဲ့ ချည်ပြီးတော့ ရှေ့ကို မြှောက်တယ်။ ကျောက်တိုင်ကို တည်တည်ငြိမ်ငြိမ်နဲ့ ၂ မိနစ်လောက် အလေးပြုပြီး ဒီအတိုင်း ပြန်သွားတယ်" ဟု ဆန္ဒပြသူ၏ မိတ်ဆွေတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "ဒီလို သူများတွေက လွတ်လပ်နေတဲ့အချိန်မှာ ထောင်ထဲမှာ ရှိနေတဲ့ အကျဉ်းသားတွေကို ကိုယ်ချင်းစာတယ်ပေါ့၊ ကိုယ့်ကိုယ်ကိုလည်း စိတ်မကောင်းဖြစ်ပြီးတော့ ဘာသံမှ မပြောဘဲ ဆန္ဒပြတယ်" ဟု ပြောသည်။

ဦးအောင်ဖေသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့က ကျရောက်သည့် အမျိုးသားနေ့တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ သွားရောက်နေစဉ် တွံတေးမြို့နယ် ရဲမှူးက မေးမြန်းစရာ ရှိသည်ဟုဆိုကာ အချုပ်ခန်းတွင် တလကျော်ကြာ ထိန်းသိမ်းခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံးနေ့ အမှတ်တရ ပြုလုပ်ခြင်း၊ မေလအတွင်းက လူထုဆန္ဒခံယူပွဲကျင်းပရာ မဲရုံတွင် မဲလိမ်လည်မှုကို ကန့်ကွက်ခြင်း၊ အဖွဲ့ချုပ် လက်ကမ်းစာရွက်များကို 'NO' နိုးအင်္ကျီဝတ်ကာ လိုက်လံဝေငှခြင်းတို့ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေသည်ဟုဆိုကာ တွံတေးမြို့နယ်တရားရုံးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ သူ့ကို တနှစ် ခြေချုပ်ချထားခဲ့သည်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ၁၀ တန်းကျောင်းသားများနှင့်အတူ လွတ်လပ်ရေး ကျောက်တိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနား ပြုလုပ်ခဲ့သဖြင့် နောက်တရက်တွင်မူ သူ့ကို မြို့နယ်တရားရုံးက ပုဒ်မ ၂၃ - ကျူရှင်အက်ဥပဒေဖြင့် တရားစွဲကာ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့ရာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လွတ်လာသည်။

ယမန်နေ့က ယခုလို တကိုယ်တော် ဆန္ဒပြမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များဘက်က ယခုသတင်းပေးပို့ချိန်အထိ တစုံတရာ မေးမြန်းစုံစမ်းခြင်း မရှိသေးကြောင်း သိရသည်။

တွံတေးမြို့ အာဏာပိုင်များကလည်း မြန်မာ့လွတ်လပ်ရေးနေ့ အစီအစဉ်တရပ်ကို လွတ်လပ်ရေးကျောက်တိုင်တွင် ယမန်နေ့ နံနက် ၄ နာရီခန့်မှ စတင်ကာ ၀န်ထမ်းများနှင့် ရပ်ကွက်အာဏာပိုင် စုစုပေါင်း ၁၀၀ ခန့် လာရောက်ပြီး အလေးပြုခဲ့သည်။

မြန်မာနိုင်ငံသည် အင်္ဂလိပ် ကိုလိုနီလက်အောက်မှနေ၍ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ်မှ စတင်၍ စစ်တပ်က အာဏာသိမ်းလာခဲ့သည်မှာ ယနေ့တိုင်အထိ ဖြစ်သည်။

အနှစ်သာရပျက်၊ တန်ဖိုးမဲ့လာသော သမိုင်းဝင်နေ့

ဆောင်းပါး
မင်းအောင်နိုင်
အင်္ဂါနေ့၊ ဇန်နဝါရီလ 06 2009 15:24 - မြန်မာစံတော်ချိန်
အနှစ်သာရပျက်၊ တန်ဖိုးမဲ့လာသော သမိုင်းဝင်နေ့

ရုံးပိတ်ရက်မို့ စောစောမထသေးဘဲ အိပ်ရာထဲနှပ်နေသော ကိုမျိုးတယောက် လမ်းထဲက ရ၀တ ရုံးမှ လော်စပီကာအော်သံက နားထဲ ကန့်လန့်ဝင်လာသဖြင့် ဒေါသထောင်းထောင်း ထသွားသည်။

"လမ်းထဲမှကား …. ကလေးငယ်များအပြေး … ခေတ္တ အပြင်ထွက်ပေးပါရန်…."။ အိပ်ချင်မူးတူးစိတ်တို့ မပြေသေးသဖြင့် ဘာအော်သွားမှန်း သဲသဲကွဲကွဲ မကြားရ။ နောက်တခေါက် ထပ်အော်ပြန်သည်ကို သေချာနားစိုက်ထောင်ကြည့်မှ …

"လမ်းထဲမှ ကားပိုင်ရှင်များခင်ဗျား၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးငယ်များ အပြေးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပါ၍ ခေတ္တ အပြင်ထွက်ပေးပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည် ခင်ဗျား"။ သဲသဲကွဲကွဲ ကြားရတော့မှ ဒေါသအမျက်တို့က ပို၍ ထောင်းထောင်းထလာတော့သည်။ ကားရွှေ့ပေးရမှာကြောင့် မဟုတ်။ သူ့မှာ ကားဆို၍ ကလေးကစားစရာကားပင် မရှိသောကြောင့် ဒီကိစ္စက ပြဿနာမဟုတ်။ ဒီနေ့က ၆၁ နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲ နှစ်ပတ်လည်နေ့၊ ပုံမှန် ရုံးပိတ်ရက် တနင်္ဂနွေနေ့နှင့် အစိုးရမှတ်တမ်းဝင် ရုံးပိတ်ရက်က လာထပ်နေ၍ စိတ်ညစ်ရသည့်အထဲ ဒီလိုမျိုး ပေါက်တတ်ကရ လုပ်နေကြသူတွေကြောင့် ဒေါသထွက်ရခြင်းဖြစ်သည်။

ဒီလို သမိုင်းဝင်မော်ကွန်းတင် နေ့ထူးနေ့မြတ်တွေ ရောက်လာတိုင်း ကိုမျိုး စိတ်တိုဒေါသထွက်ခဲ့ရတာ အနှစ် ၂၀ ရှိခဲ့ပေပြီ။ ပြည်ထောင်စု တိုင်းရင်းသားတရပ်လုံး တန်ဖိုးထားရမည့် အမျိုးသားရေး လက္ခဏာရပ်တွေကို တန်ဖိုးသေးသိမ်အောင် လုပ်ပုံများက ဖျက်ဆီးကာ၊ သမိုင်းတွင်ဖြစ်ရပ်များ အဖြစ်မှနေ၍ ဖျောက်ဖျက်လာသည့် စစ်အစိုးရ၏ လုပ်ရပ်များက ကြာလေ ခက်လေ။

အခုလည်းကြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ လမ်းပိတ်ပြီးလုပ်မယ့် အားကစားပြိုင်ပွဲများ၊ ကလေးတွေ စိတ်ထဲ ဒါကြီးက ကြာလာရင် အရိုးစွဲတော့မည်။

လွတ်လပ်ရေးနေ့၏ အမှန်တကယ် ပြည့်ဝလှသော အနှစ်သာရနှင့် သမိုင်းမော်ကွန်းဝင် အဖြစ်တို့က ကြာလေ မှုံရီေ၀၀ါးလာလေ ဖြစ်နေသည်။ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားရေး လက္ခဏာများ ထွန်းကားရေး တဖွဖွပြောနေကြသော သူများသည် ဤ နေ့ထူးနေ့မြတ်များကိုဖြင့် ညစာစားပွဲတရပ် ခင်းကျင်းရုံမျှသာ တန်ဖိုးထားတော့သည်။

တိုင်းနှင့်ပြည်နယ်အနှံ့ ကျင်းပကြသည့် လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားများကလည်း ကျင်းပသည်ဆိုရုံမျှသာ။ ဘာအနှစ်သာရ၊ ဘာအဓိပ္ပာယ်မှ မပါတော့ပေ။

သမိုင်းဝင် လွတ်လပ်ရေးနေ့အကြောင်း စဉ်းစားရင်း သူတို့ ငယ်ငယ်က နွှဲခဲ့ကြုံခဲ့၊ ဖြတ်သန်းခဲ့ရသော လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားများကို ပြန်မြင်ယောင်သတိရလာမိသည်။

မူလတန်း ကျောင်းသားအရွယ်ကဆိုလျှင် လွတ်လပ်ရေးနေ့ ကျောင်းပိတ်ရက် မတိုင်ခင် နေ့တွင် ကျောင်းခန်းမထဲမှာ ဆရာဆရာမများက လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံ၊ လွတ်လပ်ရေးကို မည်သို့ ရယူခဲ့ရပုံတွေကို စိတ်ဝင်စားဖွယ် ပြောပြခဲ့ကြသည်။ နောက်နေ့ လွတ်လပ်ရေးနေ့မှာ မြို့နယ်ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတွေ မြို့နယ်ခန်းမမှာ လုပ်သလို အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲတွေကို မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ကြသည်များကို သတိတရ လွမ်းမိတော့သည်။ အထက်တန်း ကျောင်းသားအရွယ်၊ တက္ကသိုလ် ကျောင်းသားအရွယ်တွေမှာလည်း ဤသို့ပင် ဖြတ်သန်းခဲ့ကြရသည်။ အခု သူ့အသက် ၄၀ နား နီးလာချိန်တွင်တော့ နောင်လာနောက်သား ကလေးငယ်များ သူတို့တုန်းကလို မကြုံဖူး၊ မခံစားရဖူးတော့သည်မှာ စနစ်ဆိုးအောက် ရောက်နေ၍သာဟု ရင်နာနာနှင့် ဆိုရပေတော့မည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်များဖြင့် ဇန်န၀ါရီလ ၄ ရက်နေ့က ထွက်လာသည့် သတင်းဂျာနယ်တစောင်ပါ "အမှတ်တရ လွတ်လပ်ရေး အတွေးအမြင်" ဆိုသည့် ခေါင်းစဉ်အောက်တွင် လွတ်လပ်ရေးအပေါ် အမြင်များ၊ အတွေ့အကြုံများကို ဆွေးနွေးထားသည်များ ဖတ်ရသည်မှာ စိတ်မကောင်းစရာပေ။ ၉ ဦး၏ အမြင်များတွင် အများလေးစားခဲ့ရသည့် စာရေးဆရာကြီး ၂ ဦးက ပြောသွားသည့် စကားများက မှတ်သားစရာမပါဘဲ စိတ်မကောင်းဖြစ်စရာသာ ကျန်ခဲ့သည်။ ဤလို သမိုင်းကို သိမီသူ ဆရာကြီးများပင် လွတ်လပ်ရေးနေ့ထူးအပေါ် ပေါ့ပေါ့မြင်တော့လျှင် နောင်လာနောက်သား လူငယ်များအဖို့မူကား မတွေးဝံ့တော့ပေ။

"ဟေး - ပြေး ပြေး ပြေးထား .."၊ ညာသံပေးအော်ဟစ်သံများ ကြားရတော့မှ အတွေးစ ရှည်နေသော ကိုမျိုးတယောက် သတိပြန်ဝင်လာသည်။ ၀ရံတာထွက်ကြည့်တော့ လွတ်လပ်ရေးအရသာ အပြည့်အ၀ ခံစားနေကြသော လမ်းထဲမှ လူကြီးနှင့် ကလေး တပြုံကြီးကို တွေ့လေတော့သည်။ ခါတိုင်းဆို လမ်းထဲမှာ ပြည့်နေသော ကားတန်းက တစီးမှ မရှိတော့။ မဖယ်ပေးလျှင်လည်း ကိုယ့်တမင်း ကိုယ်စားပြီးသူများ သောက်မြင်ကတ်ခံရမှာမို့ ဖယ်ပေးကြရခြင်းဖြစ်မည်။ လမ်းထိပ် အ၀င်အထွက်တွေမှာလည်း ၀ါးလုံးတန်းတွေနှင့် လမ်းပိတ်ထားလေသည်။

လူကြီးတွေက တရုန်းရုန်း၊ ကလေးတွေက တ၀ုန်းဝုန်းနှင့် ထင်တိုင်း သောင်းကျန်းနေကြသော လွတ်လပ်ရေး နေ့ထူးနေ့မြတ်ကြီးပင်။ (ကျား) သက်ငယ် အပြေးပြိုင်ပွဲ၊ (မ) သက်ငယ် အပြေးပြိုင်ပွဲ၊ ထုပ်စည်းတိုးပွဲ၊ ဂိုးကျဉ်းဘောလုံးကန်ပွဲ၊ မုန့်စားပြိုင်ပွဲများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး လွတ်လပ်ရေး ပျော်ပွဲကြီး ဆင်နွှဲနေကြသည်။ ကိုယ့်သားသမီးကို အားပေးနေကြသော မိဘတွေထဲတွင် လွန်ခဲ့သော နှစ် ၆၀ ကျော်က လွတ်လပ်ရေးအောင်ပွဲ၏ တကယ့်အနှစ်သာရ အမှန်ကို ပြန်ပြောင်းပြောပြသူ ဘယ်နှဦးများ ရှိလေမည်လဲ၊ ကိုမျိုးစိတ်ထဲ အတွေးစ ၀င်မိသည်။

လွတ်လပ်ရေးရခဲ့သည့် သမိုင်းဝင်နေ့ဖြစ်သော ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်မတိုင်ခင် နှစ်ပေါင်း ၁၀၀ ကတည်းက ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေး၊ ဖက်ဆစ် စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးအတွက် ဘိုးဘေးဘီဘင်တို့ အသက်သွေးချွေး မြောက်မြားစွာ ရင်းနှီးပေးဆပ်ကာ တိုက်ပွဲဝင်ရယူခဲ့ရခြင်း ဖြစ်သည်။ မျိုးဆက် တဆက်ထဲမဟုတ်၊ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း အမွေယူကာ တိုက်ယူရင်း တောင်းခဲ့ရသော လွတ်လပ်ရေးပါ။ 'ရော့' 'အင့်' နှင့် လွယ်လွယ်ရလာခဲ့သော လွတ်လပ်ရေးမဟုတ်ပေ။ ဤမျှ တန်ဖိုးကြီးမားလှသော အနှစ်သာရ ပြည့်ဝလှသည့် သမိုင်းမော်ကွန်းဝင် နေ့တနေ့သည် တဖြေးဖြေး တန်ဖိုးမဲ့လာသော အနေအထားအား ကိုမျိုးတယောက် အမှန်ပင် ၀မ်းနည်းနာကြည်း ဒေါသဖြစ်ရတော့သည်။

မင်းအောင်နိုင်

Monday, 5 January 2009

ဒို့အဖိုး

ဒို့အဖိုး

လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)
အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။
တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။
ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။
""မမေ့နဲ့
မင်းတို့
ကနေ့ ရူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။""
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။


ပေးပို့သူ ဇော်ဇော်(မလေးရှား) အား ကျေးဇူးတင်ရှိပါသည်။

Sunday, 4 January 2009

On This Day: Burma Declares Independence from Britain

04 Jan 2009
by findingDulcinea Staff
On Jan. 4, 1948, Burma ended 60 years of colonial rule when it officially declared independence from Britain.
Burma's Struggle for Autonomy
In June 1945, Burmese soldiers fought with the British to expel Japanese invaders from Burma during World War II.

By the war's end, nationalist leader Aung San, whose anti-fascist movement had been prominent in the struggle against Japan, had established a political and military power base from which to negotiate with Great Britain. He took office in the provisional Burmese government that formed in 1946.

Gen. San’s rule was troubled by conflicts between Burma’s rival ethnic groups, but he proved a unifying force for the nationalist movement. In January 1947, he signed an agreement with the British Prime Minister that granted Burma full independence within a year.

Before that plan came to fruition, in July 1947, Aung San and six other members of the cabinet were gunned down. The deaths were mourned throughout the country and for decades after.

The assassinations failed to halt the country’s advance toward political autonomy, which officially arrived on Jan. 4, 1948. “Thousands of Burmans caroused amiably along Rangoon's steamy, tropical waterfront,” wrote Time. “Some still recalled the day in 1885 when Burma's last king, brash Thibaw, sailed into exile and the British took over. Now, British rule was at an end.”
Historical Context: Colonial Burma
The British conquered part of Burma during the Anglo-Burmese war of 1824–26, but they didn’t establish full control of the region until 1886. For a time, Burma was part of British India, but it became a separate colony in 1937.

Japan invaded Burma during World War II and conducted a difficult struggle against British forces for years. For a time, Japan won many victories against the British—and even the support of Aung San's Burmese National Army—but ultimately Japan lost San's support and its hold in Burma. Aung San's supporters rode a wave of nationalism and were positioned to take over British control when the war was over.
Key Player: Gen. Aung San
Many in Burma view Gen. Aung San as the father of the country's independence. It was his ability to unify the people of Burma that helped end colonial rule.

He is also the father of Aung San Suu Kyi, the Nobel Peace Prize winner who many years under house arrest since 1995. Few in Burma today even dare to mention Gen. Aung San's name publicly for fear of angering their military overseers.
Later Developments: Burma since independence
Ethnic discord created problems for Burma’s first independent parliament. A central British administration had controlled Burma's various ethnic groups, which then rose up against the majority ethnic group in the country, the Burmans. Still, democracy survived until Gen. Ne Win led a military coup in 1962. Win's socialist party isolated the country and its economy declined significantly into the 1980s.

Win's socialist party isolated the country and its economy declined significantly into the 1980s. On Aug. 8, 1988, thousands of protesters massed to demand political reform. Monks and students led peaceful demonstrations, which ended when the army opened fire, killing an estimated 3,000 people.

Burma’s ruling military junta—which changed the country’s name to Myanmar in 1989—has drawn sanctions from the United States and the European Union for human rights violations.

In September 2007, in scenes recalling the 1988 demonstrations, Burmese monks led a new series of protests, which were again quashed by the military. Analysts have begun to ask whether nonviolent resistance will ever be effective against a totalitarian state.

Global Action for Burma:Second struggle


Burma Democratic Concern
03 Jan 2009

“Let's unite for Democratic Federal Union of Burma”

4th January, 2009 will mark the 61st anniversary of Independence Day for Burma. Since the fall of Mandalay Kingdom, People of Burma have never given up their fight to regain their independence. Thousands of people have sacrificed their lives. Why? They had only one hope to have a chance for the future generations to enjoy the fruits of independence.

However, People of Burma have not had this chance until now. They have been under the most oppressive and brutal regime in the world. Despite of their liberation from foreign colonization, they have not yet liberated from the dictatorial oppression of their own people. Without genuine liberation, no one can enjoy the fruits of independence. To have a genuine liberation, Burma must be established as a federal union that will guarantee democratic rights to all citizens and political equality for all ethnic nationalities.

Therefore, we call upon the People of Burma and overseas Burmese people around the world to the global action for the second struggle for national independence to establish a Democratic Federal Union of Burma. Demonstrations and a number of activities will take place in different countries. We would like to encourage everyone to join with us to show solidarity and unity.

“Add your voice to a call for Democratic Federal Union of Burma”

Please contact the following persons for detailed information.

Mr. Myo Thein (UK), Tel: +44 208 493 9137,
Email: myothein19@gmail.com

Mr. Yin Aye , Tel: + 1 301 905 7591,
Email: yindbso@gmail.com

Mr. Ko Ko Aung (Japan), Tel: + 81 090 1506 2893,
Email: kokoaung_dfbjp@yahoo.com

Mr. Yin Htwe (Thailand),
Email: yinhtway@gmail.com

Mr. Soe Tun (Singapore),
Email: lunlunn@gmail.com

Mr. Si Thu (Canada),
Email: oneloveoneburma@gmail.com

Ms. Khin Ma Ma Myo, Tel: +44 1224 524 077,
Email: khinmamamyo@gmail.com

(Independence campaign is a results-oriented coalition dedicated to second struggle for national independence)

၆၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဒို့မမေ့


အင်္ဂလိပ်နယ်ချဲ့လက်မှရယူခဲ့သော မြန်မာပြည်သူများ၏ လွတ်လပ်ရေးသည် ၆၁နှစ်တိုင်သည့်တိုင် ပြည်သူ့လက်ဝယ်သို့ မရောက်ရှိသေးပါ။ သို့တိုင် လက်ရှိစစ်အစိုးရမိစ္ဆာများသည် နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ လွတ်လပ်ရေးမှကင်းဝေးရန် ၂၀၁၀ ရွေးကောက်ပွဲအတုအယောင်ကို ကျင်းပရန် ကြိုးစားနေပေသည်။ ပြည်သူတို့ရရှိသင့်သော လွတ်လပ်၍တရားမျှတသော နိုင်ငံတော်တည်ထောင်ရေးသည် မြန်မာပြည်သူများ၏ သမိုင်းပေးတာဝန်တစ်ရပ်ပင် ဖြစ်နေပေသည်။ သို့ပါ၍ ၂၀၁၀ မတိုင်မှီ မိစ္ဆာအစိုးရ ဖြုတ်ချရေးသည် မြန်မာပြည်သူတစ်ရပ်လုံး၏တာဝန်ပင်ဖြစ်ပါသည် ဟု ၆၁နှစ်မြောက် လွတ်လပ်ရေးနေ့ သန္နိဋ္ဌာန် အဖြစ်တိုက်တွန်းနိုးဆော်အပ်ပါသည်။

မြန်မာ့ လွတ်လပ်ရေးအရေးတော်ပုံ ( ရေးသူ ဗိုလ်ချုပ်အောင်ဆန်း)

U Aung San's Article

ဖွံ့ဖြိုးရေး၏ အခြေခံကို ပုံဖော်ခြင်း

alt

ဆောင်းပါး သရုပ်ဖေါ်

စာဖတ် ပရိသတ်အတွက် ခေတ် ရေစီးကြောင်း ၏ အခြေအနေ (Current Issue) မဟုတ် သော်လည်း ကာလရှည်ကြာ တအုံနွေးနွေး ဖြစ်နေတဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ တနံတလျား ပတ်သက်ရာ ပတ်သက်ကြောင်း တွေကို တစစီ ဆွဲပြီး ချုံငုံမိအောင် မိတ်ဆက် ပေးသွား ချင်ပါ တယ်။ အရှင်း ဆုံးဖြစ်တဲ့ ဖွံ့ဖြိုးရေး ဆိုတဲ့ ဝေါဟာရကပဲ စကြည့် လိုက် ရအောင်။

မဖွံ့ဖြိုးမှု နိမ့်ကျခြင်း (Underdevelopment) ကို တီထွင် ဖန်ဆင်းခြင်း

ဖွံ့ဖြိုးရေး ဆိုတာ မဖွံ့ဖြိုးတာ ရှိနေလို့ လို့ နားလည်နိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီးမှာ အမေရိကန် ဟာ ကမ္ဘာပေါ်မှာ မဟာ အင်အားကြီး ဆူပါ ပါဝါနိုင်ငံ ဖြစ်လာပါတယ်။ ဒီတော့ ကမ္ဘာပေါ်မှာ သူများနဲ့ မတူတဲ့ တစ်နေရာကို ဖန်တီးဖို့ လိုအပ်လာပြန်တယ်။ ဒီလို အကြောင်း ကမ္မရှာနေတုန်း ၁၉၄၉ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ ဟာရီ အက်စ် ထရူးမန်း (Harry S. Truman) က သူရဲ့ သမ္မတသစ် အဖြစ် ကျမ်းကျိန်တဲ့နေ့ မိန့်ခွန်းထဲမှာ ကမ္ဘာ့ တောင်ဘက်ခြမ်းဟာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဝန်းကျင်တွေ (Underdevelopment Areas) ဖြစ်တယ်ဆိုပြီး ညွန်ပြ ပြောဆိုလိုက်ပါတယ်။ အဲဒီနေ့မှာပဲ ကမ္ဘာ့တောင်ဘက်ခြမ်းက ၂ ဘီလီယံသော (သန်းနှစ်ထောင်သော) လူတွေဟာ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ရစ်သူတွေ ဖြစ်သွားရပြီး "မဖွံ့ဖြိုးသေးသော" ဆိုတဲ့ ကိစ္စဟာ ဒီအချိန်ကမ္ဘာ ဇာတ်ခုံပေါ် တဟုန်ထိုး တက်လာတော့တာပဲ။ ဒါနဲ့ပဲ စာဖတ်သူတို့ ကျနော်တို့ဟာ ဖွံ့ဖြိုးမှု လေ့လာရေး ဆိုတာကို ဘွဲ့ဒီဂရီအတွက် လေ့လာရတဲ့ အခြေအထိ ရောက်ကြရတယ် ဆိုပါတော့။

ကမ္ဘာ့ အလုပ်သမား ရေးရာအဖွဲ့ (ILO) ရဲ့ အတွင်းရေးမှူးဟောင်း အဖွဲ့ဝင်ဖြစ်ဖူးတဲ့ ဝယ်လ်ဖရက် ဘင်ဆန် (Wilfred Benson) က သမ္မတ ထရူးမန်း ထက် ပိုစောပြီး အဲဒီစကားလုံးကို သုံးဖူးပေမယ့် ကျွမ်းကျင်သူတွေ၊ လူထုတွေကြား ပျံ့နှံ့လောက်တဲ့ အထိ မဖြစ်ခဲ့ပါဘူး။ သမ္မတ ထရူးမန်းက သူ့ပေါ်လစီရဲ့ အသုံးအနှုန်းအဖြစ် ကောက်သုံးလိုက်တော့မှ ပညာရှင်တွေအကြား ပွထ လာတာဖြစ်ပါတယ်။ အဲဒီကစလို့ ဖွံ့ဖြိုးမှု နောက်ကောက်ကျ တာကနေ လွတ်မြောက်ဖို့ရာ "ဖွံ့ဖြိုးရေး"ဆိုတာကို ဆွေးနွေး ပြောဆို လာကြတော့တာပါပဲ။ ဖွံ့ဖြိုးခြင်း၊ မဖွံ့ဖြိုးခြင်းနဲ့ စပ်လျဉ်းပြီး မြောက်များစွာသော ယူဆချက်တွေလည်း ပေါ်ပေါက်လာပါတယ်။

နိုင်ရီရီ (Nyerere) ရဲ့ "ဖွံ့ဖြိုးရေး ဆိုတာ ကိုယ်စီ ရည်မှန်းချက်တွေ အတွက် အာရုံညွှတ်တဲ့၊ လူတွေရဲ့ နိုင်ငံရေး တက်ကြွ ထက်သန်မှုပါပဲ" စတဲ့ ယူဆချက်တွေ ပေါ်လာတာပါ။ ဖွံ့ဖြိုးတယ်၊ မဖွံ့ဖြိုးဘူးဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင် တချို့ရဲ့ သိသင့်တဲ့ အယူအဆ တွေကတော့ - ကိုယ့်ရဲ့ ယုံကြည် ပိုင်းဖြတ်မှုပါပဲ သို့မဟုတ် ကိုယ်ထင် ကုတင်ရွှေနန်း ပါပဲ (ရိုဒေါ်လ်ဖို စတာဗင်ဟာဂျင် - Rodolfo Stavenhagen)၊ အောက်ခြေက စပြီး ထိုးထွက် လာသည့် ဖွံ့ဖြိုးရေး သို့မဟုတ် လူဆင်းရဲတွေ အတွက် ထွက်ရပ် လမ်းရှိသည့် ဖွံ့ဖြိုးရေး (ဂျီမို အိုမို-ဖာဒကာ - Jimoh Omo-Fadaka)၊ အားလုံး ပူးပေါင်း ပါဝင်မှုရှိတဲ့ ဖွံ့ဖြိုးရေး သို့မဟုတ် လူစုံတက်စုံ ဖွံ့ဖြိုးရေး (အော်လန်ဒို ဖဲလ်စ် ဘော်ဒါနှင့် အနီဆာ ရာမန် - Orlando Fals Borda and Anisur Rahman) ဒါတွေဟာ နောက်ပိုင်း တွင်ကျယ်လာတဲ့ အယူအဆတွေပေါ့။

ဖွံ့ဖြိုးမှု ရဲ့ ပုံဖမ်းမရသော သမိုင်းနဲ့ ထပ်တူပြု တင်စားချက်

ပထမဆုံး ပြောရရင်တော့ သတ္တလောကရဲ့ ဖွံ့ဖြိုးရေး (Development) ဒါမှ မဟုတ် ပြောင်းလဲ တိုးတက်မှု ဖြစ်စဉ် (Evolution) ဆိုတာ ဇီဝဗေဒ (Biology) မှာ စသုံးတာပါ။ မျိုးဗီဇ အလားအလာများ အောင်မြင်လာတဲ့ အင်္ဂါအစိတ်အပိုင်း (Organism) တွေရဲ့ ဖြစ်စဉ်ကို ရည်ညွှန်း ပြောဆိုတာပါပဲ။ နောက်တော့ ဖွံ့ဖြိုးရေးဟာ မာ့က်စ် (Marx) ရဲ့ သဘောတရား တွေမှာလည်း အထင်ကရ အနေနဲ့ ပါလာပါတယ်။ သဘာဝဓမ္မ (Natural Law) တွေရဲ့ သဘောသဘာဝ လိုအပ်ချက်တွေ အတိုင်း လက္ခဏာပြ နေတဲ့ သမိုင်းဆိုင်ရာ ဖြစ်စဉ်ပါပဲလို့ ကားလ်မာ့က်စ်က ထုတ်ဖော်ခဲ့ပါတယ်။ ရှင်းရှင်း ပြောရရင်တော့ သမိုင်းဖြစ်စဉ် တစ်ပတ်လည် တာပဲလို့ ဆိုလို တာပါပဲ။ တစ်ခုရှိတာက သိပ္ပံနည်းကျ စည်းကမ်းချက် တွေဟာ ဖွံ့ဖြိုးရေးကို ဖွင့်ဆို သရုပ်ပြရာမှာ နေရာယူလာတယ် ဆိုတာကိုပါ။

၂၀ ရာစုဦးမှာ "ဖွံ့ဖြိုးရေး" ဝေါဟာရဟာ တွင်ကျယ်လာတယ်။ ရာစုနှစ် တစ်ခုလုံးမှာ မြို့ပြဖွံ့ဖြိုးရေးနဲ့ ကိုလိုနီ ဖွံ့ဖြိုးရေးဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက်တွေနဲ့ လုံးလည် ချာလည် လိုက်နေတယ်။ ဟက်ကယ် (Haeckel) က "အခု ကာလကစပြီး ဖွံ့ဖြိုးရေးဆိုတာ မှော်ဂါထာလိုပဲ ကျုပ်တို့ ဒုက္ခဝေနေတဲ့ ပြဿနာကို ကုစားနိုင်မယ့်၊ ထွက်ရပ်လမ်းကို ပြနိုင်မယ့် ဟာလိုဖြစ်နေတယ်"လို့ ပြောခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဖွံ့ဖြိုးရေးဆိုတဲ့ စကားလုံး ကိုယ်နှိုက်က ရာစုနှစ် နှစ်ခုလောက်ကြာအောင် လူမှုရေးဆိုင်ရာ အနက်ကောက်ယူ ဖော်ပြမှု (ဝါ) လူမှုရေးရာ အဓိပ္ပါယ်သွင်းဖော်ပြမှု (Social Construction) တွေမှာ နက်နက်နဲနဲ အမြစ်တွယ် လာနေတော့တယ် ဆိုတာပါပဲ။

နယ်ချဲ့ ဆန့်ကျင်ရေးဝါဒကို ခြေချခြင်း

လတ်တလော လက်တွေ့ဝါဒီ တချို့ကတော့ ဖွံ့ဖြိုးရေးရဲ့ အတွင်းအပြင် မျက်နှာစာတွေဖြစ်တဲ့ ကုန်သွယ်ရေးရာ၊ မျှတမှုမရှိတဲ့ အပြန်အလှန် ဖလှယ်ရေးကိစ္စတွေ၊ ကိုယ်ကျိုး ကာကွယ်ရေးဝါဒ (အနောက်နိုင်ငံများ မသိမသာ ကျင့်သုံး)၊ ဈေးကွက် စီးပွားရေးစနစ်ရဲ့ ဟာကွက်တွေ၊ လာဘ်စားမှုတွေ၊ ဒီမိုကရေစီ မရှိတာတွေ၊ စွန့်ဦး တီထွင်မှုစနစ် အကောင်အထည် မပေါ်တာတွေကို အာရုံထားကြပါတယ်။ အဲဒီလို မဆောင်ရွက်နိုင်တာတွေကို အကြောင်းပြုပြီး ဖွံဖြိုးရေးဆိုင်ရာ လှုပ်ရှား တောင်းဆိုမှုတွေလည်း ပေါ်ပေါက် လာပါတယ်။ လက်တင် အမေရိကရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဝါဒီတွေ (Dependency Theorists) နဲ့ လက်ဝဲယိမ်း ပညာတတ် (Leftist Elite) တွေရဲ့ အလိုအရ "အတိတ်ကာလက ကိုလိုနီစနစ်ကြောင့်ရော၊ လက်ရှိကာလ အရင်းရှင်စနစ်နဲ့ ပြည်တွင်းအတိုင်းအတာ၊ နိုင်ငံတကာ အတိုင်းအတာနဲ့ ခေါင်းပုံဖြတ်မှုတွေကြောင့် နောက်ကောက်ကျနေရတာ (Backwardness)၊ ဆင်းရဲတွင်းက မထွက်နိုင်တာ (Poverty) တွေ ဖြစ်ရတယ်၊ "မဖွံ့ဖြိုးဘူး ဆိုတာ ဖွံ့ဖြိုးသွားတာ တွေရဲ့ ဓားစာခံပါပဲ"လို့ ဆိုကြ ပါတယ်။ ( မြန်မာပြည် မှာ ဒီလို သဘောတရားတွေ ထွန်းကားတာ တွေ့နိုင်ပါတယ်။ ကျန်နေတဲ့ သယံဇာတ တွေကို ခေတ်သစ်မှာ ဘယ်သူတွေက ဆွေမျိုးကောင်း စားရေးအတွက် အသုံးချနေသလဲ ဆိုတာလည်း သတိပြုရမှာပါ။)

အယူအဆများ ပွထလာခြင်း

နောက်ပိုင်းမှာ ဖွံ့ဖြိုးရေးဟာ မဖွံ့ဖြိုးတဲ့ ဒေသတွေမှာ စီးပွားရေးအရ တစ်ဦးချင်းဝင်ငွေ တိုးတက်မှုနဲ့ အဲဒီတိုးတက်မှု ကျဆင်းနေခြင်းဆီ ခြေဦးလှည့် လာပြန်ပါတယ်။ ပေါလ် ဘရန်း (Paul Baran) က တိုးတက်မှု (Growth) သို့မဟုတ် ဖွံ့ဖြိုးမှု (Development) ဟာ တစ်ဦးချင်းဆီရဲ့ ရုပ်ဝတ္ထုဆိုင်ရာ ထုတ်လုပ်နိုင်မှု တိုးတက်ခြင်းဖြစ်ပြီး၊ တချိန်တည်းမှာပဲ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက အခြေခံ လူမှုဖူလုံရေးတွေ တိုးတက်လာစေဖို့ ကြိုးပမ်းနေတာ လို့ ဖွင့်ဆိုပါတယ်။ နောက်ပိုင်းမှာ စီပွားရေးဖွံ့ဖြိုးမှု (Economics Development) နဲ့ အပြိုင် လူမှုဖွံ့ဖြိုးရေး (Social Development) ကို (အဓိပ္ပါယ် ဝေဝါး နေသေးသော်လည်း) တဖြည်းဖြည်း မိတ်ဆက် တင်ပြလာကြပါတယ်။ ၁၉၆၂ မှာ ကုလသမဂ္ဂ က ဒီဖွံ့ဖြိုးရေး ရှုထောင့် နှစ်ခုကို ပေါင်းစပ်ဖို့ လမ်းကြောင်း ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေရဲ့ ပြဿနာ ဟာ တိုးတက်ရေး (Growth) မဟုတ်ဘူး၊ ဖွံ့ဖြိုးရေး (Development) ဖြစ်တယ်၊ ဖွံ့ဖြိုးရေးဆိုတာ တိုးတက်မှု (Growth) နဲ့ ပြောင်းလဲလာမှု (Change) ကို ပေါင်းစပ်ထား တာဖြစ်တယ်လို့ ဖော်ထုတ် လာပါတယ်။ လူမှုဘဝ အရည်အသွေး တိုးတက်လာမှုလို့ ဖွင့်ဆိုပါတယ်။

Growth + Change = Development
တိုးတက်မှု + ပြောင်းလဲနိုင်စွမ်း = ဖွံ့ဖြိုးမှု

၁၉၇၄ မှာ ကိုကိုယော့ ကြေညာချက် (Declaration of Cocoyoc) က ဖွံ့ဖြိုးရေးရဲ့ ဦးတည်ချက် ဟာ ရုပ်ဝတ္ထု ဖွံ့ဖြိုးရေး မဟုတ်ဘူး၊ သက်ရှိ လူသားတွေရဲ့ ဖွံ့ဖြိုးရေး ဖြစ်သင့် တယ်လို့ ဇောင်းပေး ဖော်ပြ ခဲ့ပါတယ်။ ကိုကိုယော့ ကြေညာ စာတမ်းဆိုတာ ၁၉၇၄ အောက်တိုဘာ မှာ ထွက်ပေါ် လာတဲ့ တတိယ ကမ္ဘာ နိုင်ငံများ ရဲ့ စီးပွားရေး ဆိုင်ရာ အခွင့်အရေး သဘောတူ ညီချက် ဖြစ်ပါ တယ်။ ဒီကြေညာချက် မှာ ဖွံ့ဖြိုးရေး ဆီသို့ ချဉ်းကပ်ရာ မှာ မတူ ကွဲပြား တဲ့ နည်းတွေရဲ့ ချဉ်းကပ်ဖို့ လိုတယ်လို့လည်း ထောက်ပြ ခဲ့ပါတယ်။ ဒီအိုင်ဒီယာ ကနေ လူသားဗဟိုပြု ဖွံ့ဖြိုးရေး (Human-Centered Development) ဆီ ဦးတည် လာတာပါပဲ။ ၁၉၈၀ ဝန်းကျင် ကာလကို ဖွံ့ဖြိုးရေး ပုံပျောက် နေတဲ့ ကာလလို့ ဆိုကြပါတယ်။ ၁၉၉၀ နှစ်များကတော့ ကမ္ဘာ့တောင်နဲ့ မြောက်ခြမ်းမှာ ဖွံ့ဖြိုးရေး လက္ခဏာသစ်တွေ မွေးဖွားတဲ့ ကာလ ဖြစ်ပါတယ်။ အဲဒီနှစ်မျိုး က လားရာ မတူကြပါဘူး။

  • ကမ္ဘာ့မြောက်ခြမ်း (ဖွံ့ ဖြိုးပြီးနိုင်ငံများ) အဖို့က ဖွံ့ဖြိုးရေး ဆိုတာ (ရုပ်ဝတ္ထု) ဖွံ့ဖြိုးမှုအရှိန်ကို ချဖို့၊ သို့မဟုတ် ရပ်ပစ် ဖို့ပါပဲ။ ယခင်ဖွံ့ဖြိုး ခဲ့ပြီး ဖြစ်တဲ့ ဓာတု ဆေးဝါးလုပ်ငန်းတွေ၊ နူကလီးယား စက်ရုံတွေ၊ သံမဏိ လုပ်ငန်းတွေ ကို ဖျက်ဆီးဖို့၊ ဖြုတ်သိမ်းဖို့၊ ပြည်ပ (ဈေးချိုတဲ့ဆီ) မှာ သွားလုပ်ဖို့ နဲ့ အစားထိုး လုပ်ငန်းတွေ နဲ့ လဲလှယ် ဖို့ပါပဲ။
  • ကမ္ဘာ့ တောင်ခြမ်း (ဖွံ့ဖြိုးဆဲ နိုင်ငံများ) ရဲ့ ဖွံ့ဖြိုးရေးကတော့ ၁၉၈၀ နှစ်များ ဆီက ကမ္ဘာ့ တောင်ခြမ်း နိုင်ငံ တွေ ချန်ထား တဲ့ နျူကလီးယား စွန့်ပစ် ပစ္စည်းတွေ၊ စက်ရုံက စွန့်ထုတ်တဲ့ ညစ်ညမ်းမှု တွေ၊ အဆင့်အတန်းမှီ ဈေးကွက်တင် ရောင်းမရတဲ့ တားမြစ် ကုန်ပစ္စည်းတွေ စုပုံနေတာကို ရှင်းပစ်ရေးပဲ ဖြစ်တယ်။

အယူအဆရေး အရရော နိုင်ငံရေးအရပါ ဖွံဖြိုးရေး ပြန်လည် ဦးမော့ဖို့ဆိုတာ သို့မဟုတ် ပြန်လည်ဖွံ့ဖြိုး ရေးဆိုတာ ရေရည် တည်တံ့သော ဖွံ့ဖြိုးရေး (Sustainable Development) ကို ပုံသဏ္ဍာန် ဆောင်လာတာပါ။ ၁၉၉၀ ပြည့်နှစ်တုန်းက UNDP ရဲ့ အစီရင်ခံစာ ပေါ်ထွက်လာပြီး နောက်ပိုင်း လူသားဖွံ့ဖြိုးမှု (Human Development) ကို လူသားတွေရဲ့ သက်ဆိုင်ရာ ရွေးချယ်မှု အလိုက် ဋီကာချဲ့လာပါတယ်။ အဲဒီ အစီရင်ခံစာ ကနေပဲ လူမှုဖွံ့ဖြိုးရေး ညွှန်းကိန်း (HDI – Human Development Index) ကို ဖော်ထုတ်ခဲ့တာပါ။ ဖွံ့ဖြိုးမှုကို တိုင်းတာရာမှာ နိုင်ငံပေါင်း ၁၃၀ ကို အခြေခံပြီး လူ့ဘဝသက်တမ်း အသီးအသီး၊ စာတတ်မြောက်မှု နှုန်းနဲ့ တကယ့် တစ်ဦးချင်းစီရဲ့ GNP (စုစုပေါင်း အမျိုးသားထုတ်ကုန်) ကွဲပြားမှု တွေကို ထည့်သွင်း တွက်ချက် ဖော်ပြတဲ့နည်းပါ။

ရှားပါးမှုကို ရမယ် ရှာခြင်း

ဖြစ်ပေါ်နေတဲ့ စီပွားရေး တန်ဖိုးထားမှုတွေဟာ ရှိနှင့်ပြီးသား လူမှုတန်ဖိုးတွေကို ချပစ်နေတယ်။ ကျွမ်းကျင်မှု သီးသန့်စီကို ခေတ်မမီတဲ့ အတတ်တွေ အဖြစ်၊ သဘာဝ ပတ်ဝန်းကျင်ကို အသုံးချ သယံဇာတ အဖြစ်၊ လူသားကို လုပ်အားထုအဖြစ်၊ အစဉ်အလာ တန်ဖိုးတွေကို ဝန်ထုပ်ဝန်ပိုး အဖြစ်ပေါ့။ အစောပိုင်း ဘောဂဗေဒ ပညာရှင်တွေ ဟာ သူတို့ရဲ့ သဘောတရားတွေကို ရှားပါး ပြတ်လတ်မှု (Scarcity) ပေါ်မှာ ခြေကုပ် ယူခဲ့ကြတယ်။ ရှားပါး ပြတ်လပ်မှုဆိုရာမှာ မပြည့်စုံမှု၊ လက်လှမ်းမီဖို့ ခက်မှု၊ အလိုရှိမှု၊ မလုံလောက်မှုအပြင် ချွေတာနေရမှုတွေ ပါဝင်ပါတယ်။ ဘောဂဗေဒ ဆရာတွေရဲ့ ရှားပါးပြတ်လတ်မှု တရားကတော့ "လူတွေ လိုချင်တာကများ၊ သဘာဝ သယံဇာတ ရှိတာ က အတိုင်းအထွာ နဲ့" ဆိုတဲ့ ကိစ္စပါပဲ။ အဖြေရှာရေးကို ဘောဂဗေဒ ဆရာတွေ ဆေးညွှန်း ထုတ်တာကတော့ ဈေးကွက်ကို စီမံရေးပါပဲ။ အများစုသော စီးပွားရေး နိဿယတွေဟာ ခေတ်သစ်လူမှု အသိုင်း အဝိုင်းရဲ့ ဆိုးဆိုး ရွားရွား ကြုံနေရတဲ့ မပြည့်စုံမှု၊ ရှားပါး ပြတ်လပ်မှုကို အခြေတည် ထားတာပါပဲ။

ခြုံငုံ ပြောကြကြေးဆိုရင် စီးပွားရေးမှာ ကျားကွက် ရွှေ့နေသူတွေ၊ စီးပွားရေး ဂုရု တွေဟာ ဖွံ့ဖြိုးရေး အကြပ်အတည်းကို မျက်နှာချင်းဆိုင်ဖို့ အံဝင်ဂွင်ကျ ဖြေရှင်းနည်း မတွေ့ကြပါဘူး။ ဘောဂဗေဒ ဆရာတွေရဲ့ စီပွားရေး သဘောတရား ဆိုတာလည်း ခေတ်သစ်လူမှု အဖွဲ့အစည်းကို စိတ်ဖြေစရာ ဥပဒေသ ချပေးရုံကလွဲပြီး ဘာမှ မဖြစ်မြောက်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လူတွေနဲ့ လူမှု အဖွဲ့အစည်းဟာ စီပွားရေး သက်သက် အတွက်ပဲ မဟုတ်လို့ ပါပဲ။ ပြောရရင် အခု ကိုးကား ရေးသားနေတဲ့ ဆောင်းပါး စာတမ်းထဲမှာ ဂတ်စတာဗို အက်စ်တီဗာ က လူတွေကို စီးပွားရေး ဘောင်ထဲက ရှု့မြင်ခံရသူတွေ အဖြစ် ပြောင်းလဲမြင် နေတဲ့ ဖွံ့ဖြိုးရေး မဟာဗျူဟာ တွေ အလုပ်မဖြစ်တော့ဘူး၊ ဒီတော့ကာ အခြေခံ လူတန်းစားသစ် အနေနဲ့ ပေါ်ထွက်လာပြီး နိုင်ငံရေး အက်ရှင်ထဲ အထိဝင်ပြီး ခြေချကြည့် ကြဖို့ လမ်းကြောင်း ပေးတာပါ။

ထပ်ပြောရရင် နိုင်ငံရေး ထိန်းချုပ်မှု ကနေ လူတန်းစားသစ် တစ်ခု ပေါ်ထွက်ရေး၊ လူထုက မျက်မြင် ကိုယ်တွေ့ ပါဝင်ရေး နဲ့ စီးပွားရေး ချည်းပဲ မိုးမွှန် နေတဲ့ ကာလအလွန် လူထုရဲ့ ပြောဆို ဆွေးနွေးလာမှုကို ဖိတ်ခေါ် တာပါပဲ။ ထို့အတူ စီးပွားရေးကဏ္ဍ အကောင်အထည် ပေါ်ရေးအတွက် နိုင်ငံရေးအရ ပါဝင် ဆောက်ရွက်တာမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှု အပေါ် ကျယ်ပြန့်စွာ ဆွေးနွေးရေး၊ သုတေသနပြုကြရေးကို မေတ္တာရပ်ခံ တင်ပြ ထားပါတယ်။ စာတမ်းရှင် က အဆုံးမှာ အမှန်တရား နဲ့ ပစ္စက္ခကို သမင်လည် ပြန်ကြည့်ဖို့၊ သိပ္ပံ သဘောတရား အပြင် ရွေးချယ်စရာ ရှာကြဖို့ တိုက်တွန်း နှိုးဆော် ထားတာကို မှတ်သားရပါတယ်။

သင်ကာ

ကျမ်းကိုး

  • Development by Gustavo Esteva – Development Dicitonary
  • Summary of Development – Summarized by Khet Htan

အကျဉ်းစံ ဓမ္မ၀ါဒီတို့၏ အနစ်နာခံ ပါရမီ


သံသရာသက်တမ်းနှင့် နှိုင်းယှဉ်လိုက်လျှင် လူ့ဘ၀သက်တမ်းဟူသည် ရေပွက်ပမာ ခဏတာမျှသာဖြစ်၏။ ထိုသို့ ခဏတာ လူ့ဘ၀ကိုပင် ရဖို့ရာ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုသည့် ဗုဒ္ဓဒေသနာတော်အရ လွန်စွာပင် ခက်ခဲလှ၏။ ထိုမျှရခဲလှသော လူ့ဘ၀၏ တိုတောင်းလှသော ကာလအတွင်းမှာပင် လူတို့သည် သောကကို ရင်ဝယ်ပိုက်ပြီး လူ့ဘ၀ကို ဖြတ်သန်းနေကြရသည်ဆိုပါက ရခဲလှသော လူ့ဘ၀ကို ရလာရခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်။

သို့သော် ယနေ့ အမိမြန်မာပြည်ရှိ လူသားများသည် လူရယ်လို့ စဖြစ်လာပြီဆိုကတည်းက လူသား၏ ရပိုင်ခွင့်၊ ရပ်တည်ရှင်သန်ပိုင်ခွင့်များကို ထိန်းချုပ်ခံနေရလေပြီ။ အာဏာမရှိသူ (၀ါ) မထိန်းချုပ်နိုင်သူသည် အာဏာရှိသူ (၀ါ) ထိန်းချုပ်နိုင်သူ၏ အလိုသို့ စေညွှန်ရာအတိုင်း လုပ်ဆောင်နေကြရ၏။( ဆက်ဖတ်ရန် ) ထားရာနေ စေရာသွား ဘ၀မှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ ထိုသို့ လူအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် လောကကြီး တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေ၏။ လောကဟုဆိုရာ၌ လောက၏ သဘောသဘာဝကို ဆရာကြီးဦးရွှေအောင်က ဘ၀ အမြင်သစ် စာအုပ်မှာ ဖွင့်ဆိုရာတွင် - - - လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုကို ဓမ္မဟု ခေါ်သည်။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုကို အဓမ္မဟု ခေါ်သည်။

ထိုကြောင့် ဓမ္မနှင့် အဓမ္မသည် လောက၌ ထာဝစဉ်ဆန့်ကျင်ကြ၏။ အချင်းချင်း ဆန့်ကျင်နေသောကြောင့်ပင် လောကသည် ဖြစ်ပေါ်နေခြင်းဖြစ်၏။ သို့ဖြစ်လေရာ လောကဟူသည် ဓမ္မနှင့် အဓမ္မတို့ စစ်ခင်းရာ စစ်မြေပြင်ဖြစ်၏ - - - ဟု ဖွင့်ဆိုထား၏။် လောက၌ အဓမ္မ၀ါဒီများလွှမ်းမိုးနေသည့် ကာလသည် တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော်လည်း အနိစ္စသဘော (၀ါ) အပြောင်းအလဲဆိုသည့် သဘောတရားသည်လည်း အစဉ်အမြဲ ချဉ်းကပ်နီးစပ်နေလေ၏။ ယနေ့ကာလသည် အမိမြန်မာပြည်၌ ဓမ္မနှင့် အဓမ္မ၀ါဒီများ စီးချင်းထိုးရာ စစ်မြေပြင်သဖွယ် တစတစ ထင်ဟပ်ပေါ်လွင်လာခဲ့ပြီး ဖြစ်သည်။

စစ်အုပ်ချုပ်ရေး အာဏာယန္တရားဖြင့် တိုင်းသူပြည်သားများအား ထာဝစဉ် အနိုင်ကျင့်ဗိုလ်ကျနိုင်အောင် အစွမ်းကုန် ဖိနှိပ်ပြနေ၏။ ထေရ၀ါဒ ဗုဒ္ဓသာသနာကို မိခင်ဘာသာအဖြစ် ခေတ်အဆက်ဆက်က လွတ်လပ်စွာ ထွန်ကားတည်တံ့လာခဲ့ရာ အမိမြန်မာပြည်ရှိ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းတို့၏ မျက်မှောက်ကာလ အခြေအနေသည် အနိုင်ကျင့် ဗိုလ်ကျခံ၊ စိုးမိုးချယ်လှယ်ခံ၊ သင်းကွဲနှိပ်ကွပ်ခံအဖြစ် ရပ်တည်နေကြရသည်။ ဒါယကာအရေး သာသနာ့ဘေးကို ကျရောက်လာနေသည့် အန္တရာယ်မှ ဗုဒ္ဓအလိုတော်ကျ မေတ္တာဝါဒဖြင့် ကာကွယ်သည့် ဗုဒ္ဓကိုယ်စား တပည့်သား သမ္မုတိသံဃာများကို သတ်ဖြတ်ညှင်းဆဲ လူဝတ်လဲကာ ထောင်သွင်းအကျဉ်းချနေ၏။

သာသနာကိုချစ်၊ သာသနာကို မြတ်နိုးကာ သာသနာအဆုံးအမတွေကို တန်ဖိုးထားပြီး သာသနာတော်ကြီး အဓွန့်ရှည် တည်တန့်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ ကြိုးပမ်းထမ်းဆောင်နေကြသော သာသနာပြုပုဂ္ဂိုလ် ရဟန်းသာမဏေများအား သာသနာတော်ကို ဖျက်ဆီးသူ သာသနာတော်ကြီး၏ ရန်သူအဖြစ် စွပ်စွဲရှုတ်ချသည့်ပြင် စိတ်ကြိုက်ဥပဒေ၊ စိတ်ကြိုက်ပုဒ်မတွေကို အသုံးချပြီး ထောင်သွင်း အကျဉ်းချနေကြသည်။ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဟူသည့် ဒေသနာတော်နှင့်အညီ တပည့် ဒါယကာ၊ ဒါယိကာမတို့ အကျိုးစီးပွားအလို့ငှာ၊ ချမ်းသာစေကြောင်းအလို့ငှာ သရဏဂုံဆောက်တည်ကာ မေတ္တာပို့သ စီတန်းလှည့်လည်ကြသော ဗုဒ္ဓကိုယ်စား သမ္မူတိ သံဃာတော်များကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် သံဃာတည်းဟူသော ရတနာထက် အာဏာတည်းဟူသော ရတနာကို ကိုးကွယ်ဆည်းကပ်မိကြခြင်းကြောင့် ဖြစ်ဧ။်။

ထိုအာဏာ (၀ါ) လုပ်ပိုင်ခွင့်တွေကို မက်မော တွယ်တာမိသောကြောင့်ပင် အဓမ္မ၀ါဒီသမားတို့သည် လောကကြီး တခုလုံးအား ခုတုံးလုပ်ကာ အသုံးချနေကြသည်။ ၄င်းတို့သည် ဘ၀ကို ကိုးကွယ်ရာအဖြစ်ဖြင့် ရှုမြင်ကာ ဖက်တွယ်ကိုးကွယ်နေကြ၏။ ထိုသို့ ဖက်တွယ်ကိုးကွယ်၍ အဓမ္မ၀ါဒများ ကျင့်သုံးပြီး ဗိုလ်ကျနှိပ်စက်သမှု ပြုနေကြသည့်အတွက် ၄င်းတို့၏ လူ့ဘ၀ကို ရလာရခြင်း ရောက်လာရခြင်း၏ ဘ၀အဓိပ္ပာယ် (၀ါ) လူ့သားတည်းဟူသော တန်းဖိုးကိုလည်း တပြိုင်တည်းမှာပင် စိုးစဉ်းမျှ မကျန်အောင် ကာယကံမြောက် ချေဖျက်ပြီးသား ဖြစ်နေစေ၏။ အမှန်အားဖြင့် လူသားတဦး၏ ဘ၀တန်ဖိုးကို ပုံဖော်ရာတွင် မိမိ၏ တခဏာတာ ရရှိရောက်ရှိလာသော လူ့ဘ၀ကို ကိုးကွယ်အရာအဖြစ်ဖြင့် ကိုးကွယ်ရမည်မဟုတ်၊ အသုံးချစရာအဖြစ်ဖြင့် အသုံးချရမည်ဖြစ်သည်။

အသုံးချစရာအဖြစ်ဖြင့် အသုံးပြုရာတွင်လည်း ငါတည်းဟူသော အတ္တအကျိုးစီပွားအတွက် ပဓာနမဟုတ်ဘဲ လောကတည်းဟူသော ပရအကျိုးစီးပွားအတွက်သာ ပဓာနဖြစ်စေရမည်ဖြစ်သည်။ သို့မှသာ လောကကြီး တည်ငြိမ်အေးချမ်းကာ သာယာဝပြောနေပေလိမ့်မည်။ များသောအားဖြင့် လောက၌ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါပင် ဖြစ်စေကာမူ မိမိတို့၏ ဘ၀ကို တည်ငြိမ်အေးချမ်း စေချင်ကြသည်ချည်း ဖြစ်၏။ သို့မှသာ ရှင်သန်ရာ လူ့ဘ၀သည်လည်း တန်းဖိုးရှိရှိ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ လူဖြစ်ရကျိုးလည်း နပ်ပေလိမ့်မည်။ ဗုဒ္ဓ၏ အဆုံးအမတော်အရ လူ့ဘ၀၏ အနှစ်သာရသည် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနေရခြင်းတို့ မဟုတ်။ ငြိမ်းချမ်းစွာ နေထိုင်ရခြင်းသာ ဖြစ်၏။ ရှေးပညာရှိ သူတော်ကောင်းတို့သည်လည်း လောကီဓမ္မ၊ လောကုတ္တရာဓမ္မတို့၌ ငြိမ်းချမ်းစွာ ကျင့်ကြံနေထိုင်ခြင်းဖြင့် လူ့ဘ၀၏ အနှစ်သာရကို သက်သေပြခဲ့ကြသည်။ ငြိမ်းချမ်းသာယာမှုဖြင့် လူ့ဘ၀၏ အနှစ်သာရကို ပုံဖော်ရာ၌ လူပုဂ္ဂိုလ် သတ္တ၀ါဟူသည် ပဓာနမဟုတ်၊ ဓမ္မနှင့် အဓမ္မသည်သာ ပဓာနဖြစ်သည်။

ထိုကြောင့် မိမိနေထိုင်ရာ သက်ဆိုင်ရာ ပတ်ဝန်းကျင်လောက၌ အဓမ္မ မထွန်းကားရလေအောင် ဆောင်ရွက်ရေးမှာ လူသားတိုင်း၏ တာဝန်ဖြစ်သည်။ ထိုတာဝန်အရ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရာ၌ အနစ်နာခံမှုသည် အရေးကြီး၏။ အနစ်နာခံမှုရှိမှ အောင်မြင်မည်။ ယနေ့ အမိမြန်မာပြည်၌ အကျဉ်းကျခံ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားပြည်သူများသည်လည်း အနစ်နာခံခြင်းဖြင့် တိုင်းပြည်အကျိုးကို သယ်ပိုးနေကြသည်။ အဓမ္မ၀ါဒီအပေါ် ဓမ္မ၀ါဒီများ ကြီးစိုးဖို့ရန် သန္နိဌာန်ဖြင့် အနစ်နာခံနေကြသည်။ ထိုသူတို့သည် ဗုဒ္ဓအလိုတော်ကျ မေတ္တာတည်းဟူသော လက်နက်ကို စွမ်းသထက်စွမ်းအောင် တစတစ ကျင့်ယူနေကြ၍ ဓမ္မ၀ါဒီ ပီသစွာ ရပ်တည်နေကြ၏။ မြတ်စွာဘုရားရှင်၏ ကျင့်ထုံးကို ကြည့်မည်ဆိုပါလျှင်လည်း သုစရိုက်သည် အနစ်နာခံခြင်းသဘောကို ဆောင်၍ ပုညကိရိယသည် သူတပါး အကျိုးဆောင်ခြင်း သဘောကို သက်ရောက်၏။

ထို့ကြောင့် မြတ်စွာဘုရား၏ အလိုတော်ကျ လူသားတိုင်းတွင် အနစ်နာခံဖို့ တာဝန်ရှိ၏။ သူတပါးအကျိုးကို ဆောင်ရွက်ဖို့ တာဝန်လည်း ရှိသည်။ ထိုနှစ်မျိုးကို မိမိတို့ စွမ်းနိုင်သမျှ ဆောင်ရွက်မှသာလျှင် လောက၌ ဓမ္မကြီးစိုး၍ လောကကြီး ငြိမ်းချမ်းသာယာ ၀ပြောမည် ဖြစ်သည်။ အတ္တ၌ ဓမ္မကြီးစိုးခြင်း အခြေခံသည် လောက(၀ါ) ပရတွင် ဓမ္မကြီးစိုးမှုအား ကျေးဇူးပြု၏။ အတ္တ၏ ဓမ္မကြီးစိုးခြင်းဟူသည်မှာ မိမိ၏ ကိုယ်ကျင့်သိက္ခာကို စည်းစိမ် ဥစ္စာတို့နှင့်၎င်း၊ ရာထူးဌာနန္တရတို့နှင့်၎င်း၊ ဂုဏ်ပကာသနတို့နှင့်၎င်း မလဲခြင်းပင် ဖြစ်သည်။ ဗုဒ္ဓဒေသနာတော်အရ ဘုရားအလောင်းတော် ဘ၀များကိုကြည့်လျှင် အံချီးဖွယ်များနှင့် အတုယူဖွယ်ရာများစွာ တွေ့ရ၏။

လောကအပေါ် အဓမ္မ မထွန်းကားနိုင်ရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်တော်မူသော ဘုရားအလောင်းသည် ငရဲလည်း ကျခဲ့၏၊ ဆင်လည်း ဖြစ်ခဲ့၏၊ နဂါးလည်း ဖြစ်ခဲ့၏၊ သို့ရာတွင် ထိုသို့ ကျူးလွန်ရာ၌ ဘုရားအလောင်းသည် လောက၌ ဓမ္မအပေါ် အဓမ္မက မလွှမ်းမိုးရလေအောင် မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်းဖြစ်၏။ ဤသည်မှာ လောကသားတို့ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို လောကသားတို့အနေဖြင့် မရှောင်လွဲအပ်။ မရှောင်လွဲအပ်သဖြင့် ထိုတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လေသောကြောင့် ဘုရားအလောင်းသည် ဖြစ်လေရာ ဘ၀တို့၌ အထက်တန်းက အဖြစ်များ၏။ ငှက်ဖြစ်လျှင်လည်း ငှက်မင်း၊ ငှက်ပရောဟိတ်။ အခြားသော ဘ၀တို့၌လည်း ထိုနည်းတူ အထက်တန်းက အဖြစ်များ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားလောင်းသည် မိမိ၏ ဘ၀ကို စတေးပြီး ဓမ္မဘက်က ရပ်တည်ခဲ့သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဘုရားလောင်း၏ ထုံးကို နှလုံးမူ၍ လောက၌ ဓမ္မထွန်းကားပြီး အဓမ္မ ကွယ်ပျောက်ရလေအောင် မတတ်သာလျှင် မိမိတို့၏ ဘ၀ကို စတေးပြီး ဆောင်ရွက်ဖို့လိုပါသည်။ တာဝန်ဟူသည် ရှောင်၍ မရကောင်း။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရာ၌ အနစ်နာခံနိုင်ခြင်းသည်ပင် ပါရမီ မည်ပါ၏။ ပါရမီဟူသည်လည်း အဟောသိကံ ဖြစ်ရိုးမရှိ။ ကမ္မနိယာမ အရဆိုလျှင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမည်ဖြစ်၏။

(အကျဉ်းကျခံ သံဃခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များနှင့်တကွ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသည့် ဓမ္မ၀ါဒီများအတွက် လေ့လာမိသမျှ ဓမ္မစာအုပ် စာပေတချို့မှ ကိုးကားကာ ဂုဏ်ပြုရေးဖွဲ့ပါသည်။)

ဒီနှစ်အတွင်း ငါတို့နိုင်မည်

ဒီနှစ်အတွင်း - ငါတို့နိုင်မည်

ဇန်န၀ါရီ ၃၊ ၂၀၀၈

ပလ္လင်ပေါ် ခွေးတက်လို့

ပြေးရက်ကနီးလာ၊

လက်နက်နဲ့ခြိမ်းခြောက်ကာ၊

ဟိန်းဟောက်တာ ဆယ်နှစ်၊

ခွေးကိုမှ ဆရာတင်၊

ရာဇ၀င်ရိုင်းတဲ့တခေတ်၊

ပြည်သူရဲ့အာဏာ၊ ပြည်သူသာအစစ်၊

ပိုင်ဆိုင်တာအမှန်ဖြစ်ပေမဲ့၊ စနစ်ကဗြောင်းပြန်၊

စစ်ဗိုလ်တွေပြုသမျှ၊ နုရတဲ့ဘ၀အမှန်၊

(ခ)သုံးလုံးပုံသဏ္ဌာန်၊ ငုံ့ခံလျှင်ပိုလို့ဆိုးမှာမို့၊

ဦးမကျိုး လက်နက်ကိုင်၊ သူတို့နဲ့ပြိုင်၊

ဒီနှစ်အတွင်း ငါတို့နိုင်မည်၊ စိတ်သံတိုင်ထူစိုက်စို့လေး။

မောင်နု

[ မူရင်း - တော်လှန်ရေးသတင်းစဉ် အတွဲ ၁၊ အမှတ်စဉ် ၄၊ ၁၉၇၂ ဇူလိုင်လ ]

Wake-up Call

အို … အရှင်တို့ လာလော့

ဇန်န၀ါရီ ၂၊ ၂၀၀၉

ပြောင်းလဲခြင်းအမှုကိုသာ ပေးပါလော့ …

နှစ်လိုဖွယ်ရာ ပြောင်းလဲခြင်းများသာ

ဖြစ်ရပါစေတော့။

နှစ်ဟောင်းတွေရဲ့

သိမ်ဖျင်းပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့

ရက် ရာ ပေါင်းများစွာတို့ဟာ

ငါနဲ့ ငါတို့ရဲ့ြ့ပည်သူတွေပေါ်ကို

ပြိုကျ ဖိထားနေဆဲပါ။

ရုန်းထွက်လို့မရဘူး ၊

ဘယ်လိုမှ ရုန်းထွက်လို့ကို မရနိုင်သေးဘူး။

ဆာလောင်နေတဲ့

အစာအိမ်ခေါင်း သန်းပေါင်းများစွာကလည်း

ကယ်တင်ရှင် ဆိုသူများကို

မရဲတရဲ မျှော်လင့်နေကြဆဲပါ။

ဘယ်မှာလဲ သူတို့ဘယ်မှာလဲ

ကယ်တင်ရှင်တွေက ဘယ်မှာပါလဲ။

ဒီမြေကို ငါနဲ့ ငါ့မိသားစုသာ ပိုင်တယ်ကွ … ဆိုတဲ့

မိစ္ဆာအယူမှား တစုက

ဒီမြေမှာ ရမ်းချင်တိုင် ရမ်း ကြဲချင်တိုင်း ကြဲ

ငါနဲ့ ပြည်သူတွေမှာ ခေါင်း မဖေါ်ဝံ့ဘူး

ကယ်တင်ရှင်တွေ ဘယ်မှာလဲ …

အခုတော့ ကယ်တင်ရှင်တွေ ဘယ်မှာလဲကွယ်။

စပါးတွေ မစိုက်ချင်တော့ဘူး

မောင်းလည်း မထောင်းချင်တော့ဘူး

ကွန် မပစ်ချင်တော့ဘူး

ငှက်လည်း မထောင်ချင်တော့ဘူး

လက်ဖက် မဆွတ်ချင်တော့ဘူး

ဖျင်လည်ဲး ရက်မနေချင်တော့ဘူး

အိုး မခတ်ချင်တော့ဘူး

စာလည်း မတတ်ချင်တော့ဘူး

အဆိုးဆုံးက ရုံး မတက်ချင်တော့တာ။

နယ်စပ်မျဉ်းတွေကို ခွ ကျော်ဖြတ်သန်းရင်း

ပြည်တော်နဲ့ ဝေးသထက် ဝေးရာကို ပြေးရဖို့ပဲ ရှိတော့တာလား

ကယ်တင်ရှင်တွေ ဘယ်မှာလဲ

သူတိုႚ အခု ဘယ်မှာလဲကွယ်။

ဂိုဉာဏ်

၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်

Saturday, 3 January 2009

Friday, 2 January 2009

ဗုဒ္ဓ ဓမ္မ ရံသီ ဘုန်းကြီးကျောင်း(ယာယီ) ဖွင့်လှစ်ခြင်း

ဗုဒ္ဓ ဓမ္မ ရံသီ ဘုန်းကြီးကျောင်း(ယာယီ) ဖွင့်လှစ်ခြင်း


Saturday, 03 January 2009



Life behind bars in Burma

Living and working in Burma is tough. Writing stories and poetry, telling jokes or criticising the military regime risks a Draconian jail sentence. In early November a prison court sentenced 14 activists to 65-year jail sentences.

One Burmese man has made it his life's work to ensure these prisoners will not be forgotten.
Bo Kyi
Bo Kyi at the AAPP office
In a small wooden house inside a tree-lined compound in the Thai border town of Mae Sot a group of men and women tap computer keyboards, talk on cell phones and show guests around a tiny airless room filled with photos. It is a reconstructed Burmese prison cell. The men and women work for the Association Assisting Political Prisoners (AAPP) and all are former prisoners. Their sentences ranged from fourteen years for writing leaflets to five years for attending a student protest.

Award
A founding member and now secretary of AAPP, Bo Kyi was jailed three times for a total of seven years and three months. Since his release from jail in 1998, Bo Kyi has campaigned to free all Burmese political prisoners and for this work he was recently recognized by the New York based Human Rights Watch and accredited with their Human Rights Defender award.

Bo Kyi says while it is nice to receive awards, it is critically important to continue to keep international pressure on the regime to release all Burma's political prisoners:

"Burma is a silent killing field. By putting political opponents in jail they [the military regime] are systematically killing our activists, our writers, our poets and our artists. In jail there is no hospital care and no doctors. Prisoners are being put in jails in remote areas far from their families. Many are sick and can't get help."He was jailed for the first time in 1990 for leading a demonstration for the release of political prisoners.
"I was sentenced to three years hard labour. I was interrogated and tortured for 36 hours. I was given no food or water and was kept handcuff and blindfolded."
Blood spots

Bo Kyi was denied access to his family and says they did not know what had happened to him.
"I was put in a small cell, I could see blood spots and many names, including those of my friends. I was not allowed to shower for nine days."

Bo Kyi
Bo Kyi: "Jail taught me to live in the present"

In spite of the torture and beatings he was determined to stay positive.
"I wanted to study. I had an English dictionary smuggled in. I ate the pages as I learnt them. I ate a lot of dictionary when I was in jail", he laughs, adding on a more serious note, "I also learnt I had no future. It [jail] taught me to live in the present, other wise I would have gone crazy thinking about the future."
Cynical stunt

The Burmese regime's State Peace and Development Council (SPDC) rules Burma with an iron fist. The Association Assisting Political Prisoners estimates Burma currently has 2,123 political prisoners in its jail.

In spite of international condemnation the regime continues to jail its opponents, in September this year 140 people were arrested for political reasons.

In what was seen as a cynical stunt to disrupt international events planned to commemorate last year's monk and civilian protests in Rangoon, the regime released 9002 prisoners, only seven of these were political, the rest were classified by AAPP as ‘petty criminals'.

In spite of his experiences in jail, Bo Kyi is not after revenge.
"Those who tortured me are also victims of the system. Sooner or later Burma will change, the people want change, but in the meantime people will have to speak out. International NGOs working inside Burma have been silenced, but they have to speak out. We can't let our brothers and sisters rot in jail because they had the courage to protest for change."

Article by-
Phil Thornton

နှစ်သစ်အကြို

နှစ်သစ် ၂၀၀၉ ခုနှစ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက celeberation တွေလုပ်ပြီး ကြိုဆိုကြပုံတွေကို internet မှာရှာဖွေကြည့်ရင်း ဟောဒီလန်ဒန်မြို့ရဲ့ video clip လေးကိုလည်းတွေ့ရှိခဲ့ပါတယ်။ အံ့မခန်း fireworks တွေရဲ့ ဖန်တီးမှု့က နိုင်ငံဂုဏ်ကိုဆောင်နေပါတယ်။ သောင်းနဲ့ချီတဲ့ပြည်သူများရဲ့ အားပေးချီးကျူးသံတွေကိုလည်း ကြားနိုင်ပါတယ်။ ဒီ ၁၁ မိနစ်ကြာ video clip လေးကိုကြည့်ရင်း ဝမ်းနည်းမိတာကတော့... ငါတို့ရဲ့ တိုင်းပြည်မှာရော ဒို့ပြည်သူတွေ နှစ်သစ်ကို ဘယ်လိုများကြိုဆိုနေကြပါလိမ့်? နိုင်ငံခေါင်းဆောင်ကြီးများဟု နာမည်ခံဓားပြကြီးများကရော ဒို့ပြည်သူတွေအတွက် ဘယ်လိုနှစ်သစ်ကြိုဆိုပွဲတွေ ကျင်းပပေးနေပါသလဲ? ဆိုတဲ့ မေးခွန်းတွေနဲ့ ရူးရူးမိုက်မိုက် မြန်မာပြည်ရဲ့နှစ်သစ်အကြိုဆိုပြီး Internet မှာရှာကြည့်လိုက်မိတယ်... တွေ့လိုက်ရတဲ့ result တွေကတော့ မြင်ကြရတဲ့အတိုင်းပါပဲ လို့သာပြောရင်း..........
ဓာတ်ပုံ-မိုးမခ
သူတို့တွေအတွက်လည်း Happy New Year ပါလို့ဆုတောင်းပေးလိုက်ပါတယ်။

Thursday, 1 January 2009

8888 People Power News

အမိမြေသို့

အမိမြေသို့
မာမာအေး

အို … အမိမြေ
လွမ်းနေသူ မယ့်အား၊ ခွင့်သနားတာဖြင့်
လျှောက်ကြားသည့်အရေး၊ နားလည်ပေးနော်။

ထွန်းပေါ်နေထွက်၊ ရေတက်ဖွားမှာ
ကျောသား ရင်သား၊ မခြား ကြည်ဖြူ
တေးကြူချိုအေး၊ ငြိမ်းချမ်းရေး ချစ်၊
ပြည်သူ့ ချစ်ခဲ့။

ရှင်ချစ်သာသနာ၊ ယဉ်ကျေးရာနှင့်
စာပေမြှင့်တိုး၊ ထမ်းပိုးလက်ကမ်း
ကိုယ်စွမ်းသလောက်၊ လမ်းဖောက်ပါလည်း
ငရဲလမ်းပြ၊ လူ့အန္ဓတို့
ပိတ်ကြ တားကြ၊ ပညာပြလို့
ပြန်ရသေးဘူး …
ကျေးဇူးသစ္စာ၊ အမိမြန်မာကို
စောင့်မှာစိတ်ချ ဒေါင်းမမ။ ။

မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်ကြီး သတိပေး

ယနေ့ မြန်မာ့နိုင်ငံရေးကိုကြည့်လျှင် မိမိ မြန်မာနိုင်ငံထွက် မုန့်ပြားသလက်လေးကိုပင် ညီညီညွတ်ညွတ် တစားပွဲတည်းထိုင်ပြီး အတူမစားနိုင်သည့်အဖြစ် ရောက်နေသည်မှာ ၀မ်းနည်းစရာကောင်းသည်ဟု သက်တော် (၉၀) ကျော် မန္တလေးမြို့ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။

မြန်မာပြည်သူများအတွက် ၂၀၀၉ နှစ်ဆန်း သြ၀ါဒကထာမြွက်ကြားပါရန် ခေတ်ပြိုင်မှ လျှောက်ထားရာ ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ယခုကဲ့သို့ မိန့်ကြားခြင်းဖြစ်သည်။

ပရိတ်ကြီးနိဒါန်းလာ သမဂ္ဂါ ဆိုသည့်အတိုင်း ညီညီညွတ်ညွတ်ရှိကြရန် ဆရာတော်ဘုရားကြီးက တိုက်တွန်းလိုက်သည်။ ယင်းသို့ ညီညွတ်ရေး ဆုံးမခြင်းကိုပင် အချို့က နိုင်ငံရေးလုပ်သည်ဟု ဆရာတော်ကြီးအပေါ် အထင်မှားနေကြောင်းကိုလည်း ယခုကဲ့သို့ မိန့်ကြားသည်။

“ဒါကြောင့် ဘုန်းကြီးကတော့ မန္တလေးမှာ တခါတခါ ပြောပါတယ်။ တို့က ညီညွတ်ရေးပြောဟော မင်းတို့ အဲဒါ နိုင်ငံရေးထင်နေ ခက်တယ်ကွလို့။ ဘယ်သူ့ရယ်လို့မဟုတ်ဘူး အဲဒါတွေ တခါတခါ ထည့်ပြောဖူးတယ်။ ညီညွတ်ရေးလုပ်တယ်ဆိုတာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီးတော့ နိုင်ငံရေးလုပ်မှာပေါ့ကွလို့။ ရုံးတွေဘာတွေ ထိုင်ရအောင် လုပ်မှာပေါ့ကွလို့။ လူထွက်ပြီးတော့လည်း နိုင်ငံရေးမလုပ်ပါဘူးလို့။ သင်္ကန်းဝတ်နဲ့လည်း နိုင်ငံရေးလုပ်တာမှုတ်ဘူး။ ညီညွတ်ရေးပြောတာကွလို့။ ညီညွတ်ရေးနဲ့ နိုင်ငံရေးနဲ့ ကွဲပြားဖို့ အရေးကြီးတယ်လို့။ အမေအဖေနဲ့ သားသမီးတည့်အောင်ပြောနေတာ မင်္ဂလာတရားနဲ့ နိုင်ငံရေးတရားနဲ့ မတူဘူးကွလို့။ တို့ကတော့ ဘယ်ပါတီ ကောင်းစားပါစေ၊ ဘယ်သူကတော့ တက်ပါစေ၊ ဘယ်သူက ထိပ်တန်းကျပါစေ။ တို့ကတော့ မျှတတယ်ကွလို့” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

သို့သော် မြန်မာ့နိုင်ငံရေးမှာ စစ်အစိုးရနှင့် အတိုက်အခံ ယခုထိ ညီညွတ်ပုံမရဟု ဆရာတော်ကြီးက ယူဆသည်။ စားပွဲထိုင်ပြီး မဆွေးနွေးနိုင်ဖြစ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေကို ရည်ညွှန်းပြီး “အကုန်လုံး ညီညီညွတ်ညွတ်နဲ့ စားပွဲကြီးတခုပေါ်မှာ နှစ်ဘက်က တက်ရင် ဟိုဘက် (၄) ယောက် ဒီဘက်က (၄) ယောက် လက်ဖက်ရည်သောက်နေတာ၊ ပေါင်မုန့်အတူစားနေတာ တို့က ကြိုက်တာပါ။ မုန့်ပြားသလက် အတူတူစားနေတာ ကြိုက်တာပါ။ ခုတော့ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို လူ (၈) ယောက် (၉) ယောက် ၀ိုင်းမစားနိုင်တဲ့အဖြစ်ရောက်နေရတာ အဲဒါဝမ်းနည်းတာပါကွလို့။ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို စားကြည့်စမ်းပါ ညီညီညွတ်ညွတ်နဲ့။ အချင်းချင်းကွာ” ဟု ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ကြီးက တိုက်တွန်းလိုက်သည်။

မန္တလေးမြို့ ဘုန်းကြီးကျောင်းများမှ လိုင်စင်မဲ့ကားများ သိမ်းသည့်အချိန်တွင် ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယကျောင်းမှ ကားများကိုလည်း စစ်အစိုးရ သိမ်းယူထားရာ ယခုထိ ပြန်မပေးသေးကြောင်း ဆရာတော်က အမိန့်ရှိသည်။ နိုင်ငံခြားရေဒီယိုအချို့နှင့် ဆရာတော်ကြီး တချိန်က မေးမြန်းလျှောက်ထားချက်အချို့နှင့် ပတ်သက်ပြီး စစ်အစိုးရကို ပုတ်ခတ်သည်ဟု အစွပ်စွဲခံရမှုများနှင့် ပတ်သက်၍လည်း “မင်းကို တို့က ပုတ်ခတ်တာမဟုတ်ဘူး။ အစိုးရကို ပုတ်ခတ်တာမဟုတ်ပါဘူး၊ အစိုးရကို တို့က မြှင့်တင်တာပါ။ အစိုးရကို တို့က ဂုဏ်ပြုတာ။ ကံနဲ့တောင်တူတဲ့မင်း။ မင်းနဲ့တူတဲ့ကံ။ ကံမင်းပြုက ခံရရှာသည်။ အဲတော့ ကံက မင်းနဲ့တူလိုက်၊ ဆရာနဲ့တူလိုက်၊ အဖေနဲ့တူလိုက်၊ အမေနဲ့တူလိုက်၊ ဘာနဲ့တူလိုက်၊ ညာနဲ့တူလိုက်နဲ့။ ဒီလိုဆိုရင် ကံက ဘယ်ကစဖြစ်တာလဲ။ ကံဘယ်က စပေါ်တာလဲ။ ကံမင်းပြုတာ ခံရရှာသည်။ ကံဟာ ဘယ်ကဖြစ်ကုန်ကြဟု တွေးဆသောခါ ကံဖြစ်ရာသည် ကိုယ်သာပြုသည့်အမှုတည်း--တဲ့” ဟု ဆရာတော်က ရှင်းပြသည်။

သတင်း-ခေတ်ပြိုင်

Junta Determined to 'Guide' 2010 Polls


BANGKOK, Dec 31 (IPS) - Burma’s military regime ended 2008 with greater resolve to steamroll over opposition voices in order to pave the way for a junta-friendly government when the country holds general elections in 2010.

On Dec. 30, nine supporters of pro-democracy leader Aung San Suu Kyi were arrested when they staged a protest in Rangoon, the former capital, calling for her release. Some of the protesters were wearing the colours of the National League for Democracy (NLD), the party that she heads.

The risk these activists took in placing their lives on the side of political freedom has been heightened in the wake of harsh judgements delivered against leading voices of the country’s struggling democracy movement in November. Some of them were given long jail terms and Min Ko Naing, a widely respected former university student leader, was put away for 65 years.

The November verdicts, which saw 215 political activists sentenced, were largely linked to the peaceful, pro-democracy street protests, led by thousands of Buddhist monks, held in September 2007.

Buddhist monks who were in the vanguard of the protests, which was crushed by the junta, were not spared. U Gambria, a leader of the All Burma Monks’ Alliance, was sentenced to 68 years in jail.

The verdicts delivered by a military-controlled court inside Rangoon’s notorious Insein prison were as harsh on Burmese who led a humanitarian effort to aid the victims of the powerful Cyclone Nargis, which tore through the country’s Irrawaddy Delta in early May, killing tens of thousands and affecting millions.

Zarganar, a well-known comedian who was arrested for leading a team of entertainers to help the cyclone victims, was slapped with a 59-year sentence.

‘’This is all part of an aggressive campaign to jail good, pro-democracy activists who could run in the 2010 elections,’’ says Debbie Stothard of ALTSEAN, a regional human rights group monitoring abuse in Burma. ‘’Anybody who could be a viable opposition figure has been locked up. There are no signs of the regime easing up.’’

Even token pressure from marginal voices in the country is being stifled, she revealed in an IPS interview. ‘’The New Year will see more arrests. They are creating another Zimbabwe.’’

Such ability to crush an already beleaguered people has become possible given the ease with which the junta succeeded in bullying and bluffing the United Nations through the year.

Other members of the international community, including giants China and Russia, also played their part to help the Burmese military dictatorship impose its roadmap for a ‘’discipline flourishing democracy.’’

The junta’s success at reducing the world body to a minor irritant became more evident after U.N. Secretary-General Ban Ki-Moon cancelled plans to visit Burma, or Myanmar, in December. That the junta was in no mood for Ban -- or for a push by his office for concrete issues to be discussed during such a visit -- was hardly a surprise.

Ban’s predicament highlighted a defining feature of how the Burmese regime was responding to international pressure. In May, Ban became the first U.N. chief to visit Burma following the devastating Cyclone Nargis. But all the assurances he got from the military regime for more openness to enable humanitarian assistance to the victims amounted to little.

The U.N. received another embarrassing snub from the junta in August, when Ibrahim Gambari, the world body’s special envoy to Burma, was treated like an unwelcome guest and relegated to meeting minor officials during a visit aimed to prod the regime towards democratic reform. Earlier in 2008, Gambari had received a tongue-lashing from Burma’s information minister, removing all doubt about the contempt with which the junta views the Nigerian diplomat.

Yet at the same time, sections of the international community still place faith in the U.N. to deliver. In early December, for instance, a group of more than 100 former heads of governments and states wrote a letter to Ban, asking him to travel to Burma to secure the release of Suu Kyi and the over 2,100 political prisoners by Dec. 31.

‘’It is important that Secretary-General Ban Ki-moon travel to the country himself and engage in serious dialogue with the military regime and impress on them the calls by leaders and lawmakers from Asia and around the world for the release of all political prisoners,’’ Kraisak Choonhavan, a Thai parliamentarian, said at the time.

Among the leaders who signed this unprecedented petition were former U.S. presidents George H. W. Bush and Jimmy Carter, former Australian prime minister John Howard, former Japanese prime minister Junichiro Koizumi and former Philippines president Corazon Aquino.

The petition to Ban drew attention to developments in the U.N. Security Council in October 2007, when a presidential statement had urged the prompt release of all political prisoners in Burma.

Yet what has prevailed since that rare pressure on the junta from the U.N.’s most powerful body illustrates the aggressive and defiant position Burma’s military regime is pursuing. In mid-2007, the number of political prisoners stood at 1,200; now it has nearly doubled to over 2,100.

The military regime ‘’will stop at nothing to prevent people from joining demonstrations or be influenced by the voices of the democracy activists,’’ says Bo Kyi, a former political prisoner who heads the Assistance Association for Political Prisoners in Burma, a human rights group based on the Thai-Burma border. ‘’They want to create a greater climate of fear among the general public.’’

It is all part of the junta’s plan to be certain of victory at the 2010 polls ‘’even before the elections,’’ Bo Kyi explained in an interview. ‘’They want to avoid a repeat of the 1990 elections.’’

At that poll, held after the regime brutally crushed a pro-democracy uprising in 1988, where close to 3,000 activists were shot to death, the NLD trounced the junta-backed National Unity Party with a thumping majority. But the regime refused to recognise the results and began targeting the elected parliamentarians.

Burmese political activists like Bo Kyi believe that only the international community in 2009 can stall the junta’s plans to hijack the 2010 polls. ‘’The international community needs to exert real pressure that they will not accept the results of the 2010 elections without the release of all political prisoners and a free environment for the polls.’’


News- IPS