နှစ်သစ် ၂၀၀၉ ခုနှစ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက celeberation တွေလုပ်ပြီး ကြိုဆိုကြပုံတွေကို internet မှာရှာဖွေကြည့်ရင်း ဟောဒီလန်ဒန်မြို့ရဲ့ video clip လေးကိုလည်းတွေ့ရှိခဲ့ပါတယ်။ အံ့မခန်း fireworks တွေရဲ့ ဖန်တီးမှု့က နိုင်ငံဂုဏ်ကိုဆောင်နေပါတယ်။ သောင်းနဲ့ချီတဲ့ပြည်သူများရဲ့ အားပေးချီးကျူးသံတွေကိုလည်း ကြားနိုင်ပါတယ်။ ဒီ ၁၁ မိနစ်ကြာ video clip လေးကိုကြည့်ရင်း ဝမ်းနည်းမိတာကတော့... ငါတို့ရဲ့ တိုင်းပြည်မှာရော ဒို့ပြည်သူတွေ နှစ်သစ်ကို ဘယ်လိုများကြိုဆိုနေကြပါလိမ့်? နိုင်ငံခေါင်းဆောင်ကြီးများဟု နာမည်ခံဓားပြကြီးများကရော ဒို့ပြည်သူတွေအတွက် ဘယ်လိုနှစ်သစ်ကြိုဆိုပွဲတွေ ကျင်းပပေးနေပါသလဲ? ဆိုတဲ့ မေးခွန်းတွေနဲ့ ရူးရူးမိုက်မိုက် မြန်မာပြည်ရဲ့နှစ်သစ်အကြိုဆိုပြီး Internet မှာရှာကြည့်လိုက်မိတယ်... တွေ့လိုက်ရတဲ့ result တွေကတော့ မြင်ကြရတဲ့အတိုင်းပါပဲ လို့သာပြောရင်း..........


ဓာတ်ပုံ-မိုးမခသူတို့တွေအတွက်လည်း Happy New Year ပါလို့ဆုတောင်းပေးလိုက်ပါတယ်။



No comments:
Post a Comment