Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 11 January 2011

ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့(၄-၁-၂၀၁၁) မိန့်ခွန်းအပြည့်အစုံ


ကျွန်မတို့ရဲ့ လွတ်လပ်ရေးပွဲတော်ကို လာပြီးတော့အားပေးချီးမြှင့်သူအားလုံးကို ကျေးဇူးတင်ပါ တယ်။ ကြိုဆိုပါတယ်။ လွတ်လပ်ရေးနေ့ဆိုတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်ပြီးတော့ နှလုံးသွင်းဖို့လိုမယ်လို့ထင်ပါတယ်။ လူတွေက ဘာဖြစ်လို့ လွတ်လပ်ရေးကို လိုချင် ကြတာလဲလို့ စဉ်းစားဆင်ခြင်လို့ရှိရင် အနှောင်အဖွဲ့တွေက ကင်းဝေချင်တယ်၊ ဖိစီးမှုတွေကနေ လွတ်မြောက်ချင်တယ်။ အဲဒါက လွတ်လပ်ရေးပဲ။ ဒါပေမဲ့ ကိုယ်တယောက်တည်း အနှောင်အဖွဲ့ တွေက လွတ်မြောက်ဖို့မဟုတ်ဘူး။ကိုယ်တယောက်တည်းဖိစီးမှုတွေက ကင်းရှင်းသွားဖို့မဟုတ် ဘူး။ အခြားသူတွေအတွက်လည်း ကျွန်မတို့က အတူတူလုပ်ရမယ်။ ကိုယ်တယောက်တည်း လွတ်လပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်ရဲ့အသိုင်းအ၀ိုင်းပါ လွတ်လပ်ရမယ်။ ကိုယ်တယောက်တည်း အနှောင်အဖွဲ့တွေက လွတ်မြောက်ပြီးတော့ ကျန်တဲ့သူတွေက မလွတ်မြောက်ဖူးဆိုရင် အဲဒါက စစ်မှန်တဲ့လွတ်လပ်ရေးမဟုတ်ဘူး။

အဲဒီတော့ ကျွန်မတို့က လွတ်လပ်ရေးနေ့ရောက်တိုင်း ကျွန်မတို့နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်များ၊အာဇာနည်များ၊ အမျိုးသား ခေါင်းဆောင်များ၊ အမျိုးသားအာဇာနည်များဟာ ဘာတွေကို မျှော်မှန်းပြီးတော့ ဒီလိုကြိုးပမ်းခဲ့ သလဲဆိုတာစဉ်းစားရပါ့မယ်။စောစောက ကျွန်မတို့ပြောခဲ့သလိုပေါ့ ဖိစီးမှုတွေ မလိုချင်ဘူး၊ အနှောင်အဖွဲ့တွေ မလိုချင်ဘူး။ အနှောင်အဖွဲ့တို့၊ ဖိစီးမှုတို့ဆိုတာဟာ အတွင်းလဲဖြစ်နိုင်သလို၊ အပြင်လည်းဖြစ်နိုင်တယ်။ အတွင်းဖိစီးမှု၊အနှောင်အဖွဲ့ဆိုတာက ဒါကျွန်မ လောကီအရ ပြောတာ ပါ၊ လောကုတ္တရာအရ ပြောတာမဟုတ်ပါဘူး။ စိုးရိမ်ကြောင့်ကြမှုဆိုတာက အတွင်းဖိစီးမှုပဲ။အဲဒါကြောင့် လွတ်မြောက်ဖို့ဆိုတာ ကိုယ့်ဟာကိုယ်ကြိုးစားရမယ်။ကိုယ့်ဟာကိုယ် ကိုယ့်အတွက်လည်းကြိုး စားရမယ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း ကြိုးစားရမယ်။ကိုယ်ကနေပြီးတော့ စိုးရိမ်ကြောင့် ကြမှုတွေက လွတ်ကင်းမှုမရှိဘူးဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ဘယ်လိုလုပ်ကျွန်မတို့ လုပ်မလဲ။ ကျွန်မတို့ရဲ့ နိုင်ငံ၊ ကျွန်မတို့ရဲ့ပြည်သူ တကယ်စစ်မှန်တဲ့လွတ်လပ်မှုရအောင် ဘယ် လိုလုပ်မလဲ။ အဲဒါကြောင့်မို့ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ် ရှားပါ။

ကျွန်မတို့ရဲ့နိုင်ငံ၊ ကျွန်မတို့ရဲ့ပြည်သူတွေ ရဲ့ မလွတ်လပ်တဲ့အနေအထားကို ဖယ်ရှားဖို့ ၀ိုင်းပြီးကြိုးစားပါ။ ဒီလိုလွတ်လပ်ရေးနေ့အချိန်အခါမှာ ဆိုလို့ရှိရင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရနေရုံတင်မကဘူး၊ အခုလောလောဆယ်မှာ မိမိတို့ရဲ့ ယုံကြည်ချက်အတွက် တကယ်ကို စစ်မှန်ပြီးတော့ လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတခု အတွက် ကြိုးပမ်းဆောင်ရွက်ရင်း အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ အားလုံး သတိရဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလွတ်လပ်ရေးနေ့မှာဆိုရင် နိုင်ငံရေးအကျဉ်းသားများကိုမမေ့စတမ်း၊ အမြဲသတိရစတမ်းဆိုပြီးတော့ အစီအစဉ်လေးတခုလုပ်ထားပါတယ်။ အဲဒီဟာကို နောက်ကျမှ သက်ဆိုင်တဲ့လူကရှင်းပြပါလိမ့်မယ်။(အဆိုပါအစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသား နာမည်များကို မဲနှိုက်စေပြီး မဲပေါက်သောသူက အကျဉ်းကျနေသူ၏မိသားစုကို သွားရောက် ဆွေးနွေးခြင်း၊ ကူညီခြင်း များပြုလုပ်ရန်ဖြစ်သည်)။

ကျွန်မတို့အားလုံးက ညီညွတ်မှုအားနဲ့ပဲ အောင်မြင်နိုင်မယ်ဆိုတာ ထူးထူးခြားခြားပြောဖို့မလိုပါ ဘူး။ ၁၉၄၈ ခုနှစ်တုန်းက ရခဲ့တဲ့လွတ်လပ်ရေးဆိုတာကလည်း ညီညွတ်မှုအင်အားနဲ့ပဲရခဲ့တာပဲ။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး၊ တိုင်းရင်းသားတွေထဲမှာဗမာတွေလည်းပါတယ်။ ဗမာတွေကတော့ လူများစုတိုင်းရင်းသားပေါ့။ ကျွန်မတို့အားလုံးက ဒီနိုင်ငံကို မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားတွေပါ။ ဒီတိုင်းရင်းသားတွေအားလုံးက ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်မှ စစ်မှန်တဲ့ လွတ်လပ်ရေးကို ရမှာပါ။ စစ်မှန်တဲ့ လွတ်လပ်ရေးရမှ၊ စစ်မှန်တဲ့ လွတ်လပ်ရေးဆိုတာ စစ်မှန်တဲ့ လူ့အခွင့်အရေးတွေပေါ်မှာ အခြေခံပါတယ်။

ဒီလိုစစ်မှန်တဲ့လူ့အခွင့်အရေးတွေကို အခြေခံတဲ့ လွတ်လပ်ရေးရမှ ကျွန်မတို့နိုင်ငံက တိုးတက်နိုင်မှာပါ။ တိုးတက်နိုင်မှ ကျွန်မတို့ကစီးပွားရေးဖိစီး မှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေကနေ လွတ်မြောက်နိုင်မှာပါ။ အဲဒီတော့ နိုင်ငံရေးလွတ်လပ် ရေး၊ စီးပွားရေးလွတ်လပ်ရေး၊ လူမှုရေးလွတ်လပ်ရေးဆိုတာ အားလုံးဆက်နွယ်နေပါတယ်။ ဒီလို လွတ်လပ်ရေးတွေကို အားလုံးရဖို့ဆိုတာဟာ ကျွန်မတို့ ညီညွတ်ဖို့လိုပါတယ်။ ဒါ တကယ်တော့ လည်းထူးထူးထွေထွေရှင်းပြဖို့ လိုတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မတို့အနေနဲ့ မကြာခဏ သတိပေးရပါတယ်။ လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုလို့ရှိရင် ကိုယ်ကနေစပြီးတော့ ကြိုးစားရမယ်၊ အခြားလူတွေ ဘာလုပ်နေလဲဆိုတာကို မကြည့်ပါနဲ့။ကျွန်မ ထပ်တလဲ လဲပြောနေရတဲ့ကိစ္စပါ။

ကိုယ်ဘာလုပ်နေလဲဆိုတာကိုပဲ ပြန်ပြီးတော့ ဆင်ခြင်ပါ။ အဲဒီတော့ဒီနေ့မှာဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံကို လွတ်လပ်အောင် ဆောင်ရွက်ပေးခဲ့တဲ့၊ဦးဆောင်ပေးခဲ့တဲ့ ကျွန်မ တို့ရဲ့ ခေါင်းဆောင်ကြီးများ၊ အာဇာနည်ကြီးများကို ကျေးဇူးတင်သောအားဖြင့် ကျွန်မတို့ရဲ့ ခေတ် မှာ စစ်မှန်တဲ့ ပြည်သူလူထုအခွင့်အေ၇းတွေကို အခြေခံတဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး ရအောင် လို့ ကြိုးစားပါမယ်လို့ သိန္နိဌာန်ချပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ရေဘဲလေးတို့ ပျော်စံရာ -
ရေးသူ-တပ်ကြပ်ကြီး – နေမင်းသူ

No comments: