
ကဲကဲလေး (BDC ဝိုင်းတော်သား)
၂၅ အောက်တိုဘာ
ယနေ့ နံနက်က ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တွင် လူအင်အား ၅၀၀ ကျော်သည် အခု နိုဝင်ဘာလတွင် အာဏာရှင်စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအားဆန့်ကျင်မှုဆန္ဒပြကြကြောင်းယနေ့ BDC (သတင်းဌာန) မှကြားသိရသည်။
အာဏာပိုင်များဘက်မှ တစုံတရာနှောက်ယုက်မှု မရှိသေးသော်လည်း ၊ မကြာခင် စုံစမ်းမေးမြန်းမူ့များရှိလာနိုင်သည့် ယနေ့ ဆန့်ကျင်မှုဆန္ဒပြပွဲသည် မနေ့က ကြာအင်းဆိပ်ကြီးတွင်လူအင်အား ၇၀၀ခန့် ဆန္ဒပြမှုဖြစ်ခဲ့ သည့် ပွဲ၏ အဆက် အာဏာရှင်စစ်အစိုးရက နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ သည် စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းမည့် အရပ်သားအသွင်ပြောင်းထားတဲ့ ကြံ့ခိုင်ဖွင့်ဖြိုးရေးပါတီ (သို့) လူအများစုအခေါ် ကြံ့ဖွတ်ပါတီအား အနိုင်ရစေမည့် ပွဲဖြစ်သောကြောင့် ရွေးကောက်ပွဲအား လုံးဝမထောက်ခံ ကြောင်းကြားသိရသည်။
No comments:
Post a Comment