Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 25 October 2010

ရခိုင်လေဘေး အရေးပေါ် ကယ်ဆယ်ရေးလိုအပ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ ပြီးခဲ့သည့်အောက်တိုဘာ (၂၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းဂီရိကြောင့် မုန်တိုင်းဖြတ်သွားသော ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးများ အမြန်လိုအပ်နေသည်။

မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ တမြို့လုံး ပျက်စီးကာ မြေပုံမြို့နှင့် ယင်းမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၀) ခန့် ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ လူဦးရေပေါင်း သောင်းနှင့်ချီ ရှိနေကြောင်း သိရသည်။

“ကျောက်ဖြူမှာ မြို့ပေါ်ရပ်ကွက်တွေတောင် ရေကမကျသေးဘူး။ သေတာလည်းရှိတယ်။ စာရင်းအရတော့ တိတိကျကျ မသိရသေးဘူး။ အစိုးရကတော့ သေတာလည်း မထုတ်ပြန်ရဘူး ပြောနေတယ်။ ကျနော် သိသလောက်က လောလောဆယ် သေသူစာရင်းက (၃၀) လောက် ရှိပါပြီ။ မြို့ပေါ်နဲ့ ရွာတွေက စာရင်းအရပါ” ဟု ကျောက်ဖြူမြို့ စေတီကွင်းရပ်ကွက်သား တဦးက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ကျောက်ဖြူမြို့၊ မြေပုံမြို့တို့ကို အများဆုံး တိုက်ခတ်ခဲ့သောကြောင့် ယင်းမြို့နယ်များမှ ကျေးရွာပေါင်း ရာဂဏန်းခန့် ပျက်စီးကာ သေကျေမှုများလည်း ရှိကြောင်း စစ်တွေမြို့မှ လူမှုဝန်ထမ်း အရာထမ်းတဦးက ပြောသည်။

No comments: