Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 25 October 2010

ရွေးကောက်ပွဲလုံခြုံရေး လှေဆိပ်များပိတ်

Khitpyaing update 20/10/2010

ရွေးကောက်ပွဲ လုံခြုံရေးအတွက်ဟု ဆိုကာ တရားမ၀င် ထိုင်းပစ္စည်းများ ခိုးသွင်းနေသည့် လှေဆိပ် (၂၀) ခန့်ကို မြ၀တီခရိုင်အာဏာပိုင်များက လုံးဝပိတ်လိုက်ပြီး လှေဆိပ်တိုင်းတွင် ယနေ့မှစ၍ လက်နက်ကိုင်စစ်သားများ တိုးမြှင့်ချထားလိုက်သည်ဟု ကုန်သည်များက ပြောသည်။

မြန်မာကုန်သည်ကြီးတဦးက “ဒီမနက်က စပြီး ခိုးဂိတ်တွေအားလုံး ပိတ်လိုက်ပြီ။ ရွေးကောက်ပွဲ လုံခြုံရေးအတွက်လို့ လူကြီးတွေက ပြောတယ်။ ဂိတ်တိုင်းမှာ စစ်သားတွေ ချထားတော့ ထိုင်းပစ္စည်းတွေ မြ၀တီထဲ လုံးဝ ၀င်လို့ရတော့မှာ မဟုတ်ဘူး။ ဒီအတိုင်းဆိုရင် မြန်မာပြည်မှာ ထိုင်းလူသုံးကုန် စားသုံးကုန်ဈေးတွေ မတန်တဆ ဈေးတက်ပြီး ဂယက်ရိုက်မှုတွေဖြစ်မှာ သေချာတယ်”ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာဘက်မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အပါအ၀င် ဘေးဝဲယာရှိ လှေဆိပ် (၂၀) ခန့်ကို လွန်ခဲ့သည့် ဇူလိုင် (၁၈) ရက်နေ့မှ စတင် ပိတ်ခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြော ရပ်တန့်ခဲ့ရသည်။

မြန်မာဘက်မှ နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း ကုန်သည်များက မြန်မာအာဏာပိုင်များနှင့် နားလည်မှုယူ၍ ထိုင်းကုန်ပစ္စည်းများကို ညဘက်၌ တင်သွင်းကြပြီး မြန်မာနိုင်ငံအတွင်းပိုင်းသို့ သယ်ယူကြသည်ဟု ကုန်သည်များက ပြောသည်။

http://www.khitpyaing.org

No comments: