Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday, 12 December 2008

တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသူ မိစှ္ဆာတစ်ဦး

PDF

Click to enlarge

ဗိုလ် ချုပ်ကြီး သန်းရွှေ မြန်မာ နိုင်ငံ တပ်မတော် ၏ အထွပ်အထိပ် ရာထူး နေရာကို ဆုပ်ကိုင် ထားပြီး စစ် အာဏာရှင် အဖြစ် ဆိုးသွမ်း မင်းမူ နေခြင်း သည် မြန်မာ နိုင်ငံရှိ ပြည်သူ ပြည်သားများ အတွက် အလွန် ဆိုးရွား သည့် ငရဲခန်း

တစ်ခု ဖြစ်နေ သည်မှာ ကမ္ဘာ သိဖြစ်ရပ် တစ်ခု ဖြစ်နေပြီးဖြစ်ပါသည်။ ထိုအခါတွင် နောက်ထပ်မေးစရာ မေးခွန်းတစ်ခု ရှိလာခဲ့သည်။ ထိုမေးခွန်းမှာ စစ်အာဏာရှင် ဦးသန်းရွှေကြောင့် မြန်မာ စစ်တပ်နှင့် တပ်မတော်သားများရော အကျိုးကျေးဇူး တစုံတရာ ဖြစ်ထွန်းမှုများ ရှိနေသလားဆိုသော မေးခွန်းပင် ဖြစ်ပါ သည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ စစ်တပ်အား အင်အားကြီးမားစွာ ဖွဲ့စည်းနေသည်မှာ သံသယဖြစ်စရာ မလိုသော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ငယ်ရွယ်သော လူငယ်များစွာ တပ်မတော်တွင် ပြန်တမ်းဝင် အရာရှိ တွေ ဖြစ်လာကြသည်။ ရာထူးတွေ၊ ကြယ်ပွင့်တွေနှင့် ခန့်ညားလာကြသည်။

စစ်အဆောင်အယောင်တွေနှင့် သာယာလာကြသည်။ ထိုအခါတွင် မြန်မာလူငယ်များ၏ အမှန်တကယ် ရင်တွင်းကိန်းအောင်းနေသင့်သော နိုင်ငံချစ်စိတ်သည်ေ၀၀ါးပျောက်ကွယ်လာသည်။ တပ်မတော်သားဆိုသည်မှာ မြန်မာပြည်သူ တစ်ရပ်လုံး၏ လုံခြုံမှုအတွက် မားမားမတ်မတ် ရပ်တည်ရမည့် လူတန်းစားဆိုသော ပင်ကိုယ်အသိထက် ရာထူးဌာနများနောက် တကောက်ကောက် လိုက်တတ်လာကြသည်။ အာဏာရှင်ဦးသန်းရွှေနှင့် အခြားသော စစ်ဘက်အရာရှိကြီးများ ချီးမြှောက်တာ၊ မြှောက်စားတာ ခံရရေးအတွက် အပြိုင်အဆိုင် ကြိုးစားလာကြသည်။ တိုင်းပြည်အတွက် သေနတ်ကိုင်ပြီး စောင့်ရှောက်ရမည့် တပ်မတော် အရာရှိငယ်တို့သည် Hand Phone ကိုင်ပြီး မော်တော်ကားလေး တ၀ီဝီနှင့် ယူနီဖောင်းမတွန့်မကြေ သွားလာနေရသော ဘ၀ကို တပ်မက် လာကြသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်၏ လက်အောက်တွင် အလူးအလိမ့် ငရဲခံနေရသော်လည်း စစ်တပ်နှင့် ကင်းကွာပြီး နေ၍ကား ရနိုင်မည်မဟုတ်ပါ။ စစ်အစိုးရအား မည်မျှမုန်းတီးသော အတိုက်အခံ အမြင်ရှိသူပင် ဖြစ်ပါစေ၊ တပ်မတော်မရှိဘဲ ရပ်တည်နိုင်မည့် မြန်မာနိုင်ငံတော်ကို ထူထောင်နိုင်မည်မဟုတ်ကြောင်း အသေအချာ လက်ခံရမည်သာ။ တကယ်တော့ မြန်မာ့တပ်မတော်သည် စစ်အစိုးရ၏ ၀ါဒဖြန့်စကားတွေအတိုင်း ပြည်သူတို့၏ အမွေတစ်ခုသာဖြစ်သည်။ တပ်မတော်သားတို့သည် ပြည်သူ့မိခင်များက မွေးဖွားခဲ့သော ရင်နှစ်သည်းချာများသာ ဖြစ်ကြပါသည်။ ထိုသို့ဖြစ်လျက်နှင့် မြန်မာစစ်တပ်နှင့် မြန်မာပြည်သူများ တစိတ်တ၀ှမ်းတည်း မဖြစ်နိုင်ရပါသနည်း။

အဘယ်ကြောင့် ပြည်သူများက စစ်သားများကို မုန်းတီးနေကြပါသနည်း။ ရှင်းပါသည်။ ထိုကိစ္စများအားလုံးကို ဆရာကြီး ဦးသန်းရွှေက ကြားကွက်ရွှေ့ထားခြင်းကြောင့် ဖြစ်ပါသည်။ တနည်းဆိုသော် အာဏာကို တည်မြဲအောင် ထိန်းသိမ်းရာတွင် အကွက်မြင်လှပြီး ပါးနပ်လှသော ဗိုလ်ချုပ်ကြီး သန်းရွှေက တပ်မတော်သားများနှင့် ပြည်သူများ၏ မျက်ခုံးမွှေးများပေါ်တွင် စင်္ကြံန်လျှောက်နေခြင်းမျှသာ ဖြစ်တော့သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အင်္ဂါရုပ်အားဖြင့် သမာသမတ် မရှိသလို ခန့်ညားထည်ဝါသော ခေါင်းဆောင်ကောင်းတို့၏ ဟန်ပန်မျိုးလည်း မရှိပါ။ သို့သော်လည်း လူတို့၏ အတွင်းစိတ်ကို နားလည်ပြီး ကောက်ကျစ်စဉ်းလဲသည့် နေရာတွင်မူ ပါးတာမှ လှပ်နေတာပဲဆိုသော အမျိုးအစားထဲက ဖြစ်သည်။

၎င်း၏နေရာကို ထိပါးလာနိုင်သည်ဟု သတိပြုမိသည်နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရက်ရက်စက်စက် စတေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဖိအားတွေကို ရင်မဆိုင်ရရေးအတွက် ၀န်ကြီးချုပ်ဆိုသော ရာထူးတွေခန့်ပြီး လူမိုက်ငှားသည်။ ၎င်းသည် အရပ်စကားနှင့်ပြောလျင် ချိန်းရိုက်တတ်သော လူမိုက်မျိုးမဟုတ်။ ထိုသို့သော လူမိုက်တွေကို နောက်ကွယ်က ကြိုးကိုင်ပြီး ကောင်းမွန်စွာ ကိုင်တွယ်တတ်သော masterBrain လူမိုက်မျိုးဖြစ်သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အသက်ငယ်ငယ်နှင့် အရာရှိလေးတွေ မွေးထုတ်ပေးမည့် စီမံကိန်းကို စနစ်တကျ ကြံဆောင်သည်။ ၎င်းတို့ခံစား၊ စံစားနေသည့် စည်းစိမ်နှင့် ယှဉ်ပါက အရိုးအရင်မျှပင် မရှိသော ခံစားခွင့်လေးတွေ ပေးထားသည်။ ကျန်သောပြည်သူများကို ဆင်းရဲငတ်ပြတ်နေအောင် ထားထားသည်။

ပြီးတော့ ဗိုလ်ပေါက်စလေးတွေ ရနေ၊ ခံစားနေသော အခွင့်အရေးတွေထက် ပိုပြီးရနေသလိုမျိုး ပြည်သူတွေ ထင်အောင်၊ မြင်အောင် ကစားကွက်ခင်းပြသည်။ ထိုအခါတွင် တပ်မတော် အရာရှိငယ်များကို ပြည်သူတွေက အမြင်မကြည်တော့ချေ။ ထို့အပြင် ၎င်းက တိုက်ရိုက်ပေးခြင်း မရှိဟုဆိုသော်လည်း သွယ်ဝိုက်သော ခိုင်းစေမှုများဖြင့် ပြည်သူတွေ ပိုပြီးနာကျည်းစေမည့်၊ ဒေါသထွက်စေမည့် တာဝန်များကို စစ်တပ်အရာရှိများကို လုပ်ကိုင်စေသည်။ ဥပမာအားဖြင့် ချွေးတပ်ဆွဲခြင်းနှင့် လူငယ်စစ်သားတွေ စုဆောင်းခြင်းမျိုးတွေ မလုပ်မနေရ လုပ်ရမည်ဟု တပ်မတော်မှ အရာရှိတွေကို အမိန့်ပေးသည်။ ထိုအခါ ပြည်သူနှင့် တပ်မတော်ကြား အမုန်းတရားမှာ ပို၍ပို၍ ကြီးထွားလာတော့သည်။ ထိုအခြေအနေကို ဗိုလ်ချုပ်ကြီးက ရာဇပလ္လင်ထက်မှ ပြုံးပြုံးကြီး ကြည့်ပြီး သဘောကျနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်နှင့်ပြည်သူ လက်တွဲနိုင်ခြင်း မရှိလေလေ၊ သူ့အဖို့ အာဏာတည်မြဲလေလေ မဟုတ်ပါလား။

တပ်မတော်၏ အရာရှိများကိုသာမက အစိုးရရုံးများမှ ၀န်ထမ်းများကိုလည်း အကျင့်မပျက်ပျက်အောင် ဖျက်သည်။ လာဘ်စားသည်။ တောင်းသည်။ အဂတိလိုက်စားသည်။ ထိပ်ဆုံးအရာရှိကြီးတွေကအစ အောက်ဆုံးအဆင့် ရုံးစေအထိ ပိုက်ဆံပေးမှ စေတနာထားသည်။ ထိုအခြေအနေများကို မြန်မာနိုင်ငံ အကြီးအကဲတစ်ဦးအနေနှင့် မသိဘဲ မနေပါ။ သိသိကြီးနှင့် ထိုသို့မဖြစ်ဖြစ်အောင် လမ်းကြောင်းထွင်ထားပေးခြင်း ဖြစ်သည်။ ထိုသို့ ကိုယ်ကျင့်တရား ပျက်လေလေ၊ စည်းလုံးမှု အားနည်းလေလေမို့ ဦးသန်းရွှေကြီး သဘောတွေ့စရာ ဖြစ်နေလေတော့သည်။ တကယ်တော့ စည်းလုံးပြီး နားလည်မှုရှိသော ခိုင်မာသည့် လူ့အဖွဲ့အစည်း တစ်ခုထက် ပျက်စီးယိုယွင်းပြီး စည်းကမ်းပျက်နေသည့် ခြစားနေသော လူ့အဖွဲ့အစည်း တစ်ခုကို ပုံသွင်းထိန်းချုပ်ရန် ပိုမိုလွယ်ကူသည် မဟုတ်ပါလား။

မြန်မာနိုင်ငံအတွင်း သွေးချောင်းစီး လူသတ်ပွဲများတွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လျက်နှင့် အဘယ်ကြောင့် သွေးအေးအေးနှင့် ရက်စက်သော နည်းလမ်းများကိုသာ ဗိုလ်ချုပ်ကြီးသန်းရွှေ ရွေးချယ်ခဲ့သနည်း။ အဖြေကရှင်းပါသည်။ ၎င်းအနေနှင့် ဆူးလေစေတီတော်ရှေ့ လမ်းမများတွင် သေနတ်တကားကားနှင့် ယမ်းသမ်းပစ်ခတ်နေသည့် စစ်သားများကို ပြည်သူများက စက်ဆုပ်ရွံရှာသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်ကို အရသာတွေ့လွန်းသောကြောင့် ဖြစ်ပါသည်။ စစ်တပ်၊ ရဲနှင့်ပြည်သူ အမုန်းပွားလေ၊ ပျက်စီးနေသော မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းတစ်ခုလုံးကို စိတ်တိုင်းကျ ပုံသွင်းရန် လွယ်ကူလေဆိုသည်မှာ ဦးသန်းရွှေကဲ့သို့ မသမာသည့်နေရာတွင် ထူးထူးချွန်ချွန် ပါရမီရင့်သန်သူ တစ်ဦးအနေနှင့် မသိစရာ မရှိပါ။ ယခုတော့ အရာအားလုံးသည် ၎င်း၏စိတ်တိုင်းကျ ဖြစ်လာပါတော့သည်။

လူမိုက်ကံကောင်းဆိုသည့် စကားအတိုင်း ၎င်းအား ဆန့်ကျင်သော ကမ္ဘာ့နိုင်ငံကြီးတွေမှာ သဘာဝဘေးတွေ၊ စီးပွားပျက်ကပ်တွေကြောင့် မြန်မာနိုင်ငံကို အာရုံမစိုက်နိုင်တော့။ ထိုအခါတွင် နဂိုကတည်းက စည်းလုံးမှု မရှိသော ပြည်သူလူထုနှင့် တပ်မတော်တို့ကြား ခလောက်ဆန်ရန် ပိုပြီးအခွင့်သာလာတော့သည်။ တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့ကို အဖေခေါ်ပြီး ပေါင်းလိုက်သည်။ တော်ရုံအင်အားရှိသော ကမ္ဘာ့နိုင်ငံတစ်ခုအနေနှင့် မြန်မာ့အရေး ၀င်စွက်ဖက်ရန် နောက်တွန့်သွားတော့မည်ကို လူပါးကြီးကိုသန်းရွှေက နောကြေနေလေတော့သည်။ ထို့နောက်တွင်တော့ အများသိပြီးသည့်အတိုင်း ဆန့်ကျင်ဖက် နိုင်ငံရေး ခေါင်းဆောင်တွေအပေါ် တရားမျှတမှု၊ လူသားချင်း စာနာမှုတို့ လုံးဝမရှိသော နှစ်ရှည်ထောင်ဒဏ်များကို တံခါးပိတ်ချမှတ်စေသည်။ ရဟန်းတော်တို့အား သွေးအေးအေး သတ်ဖြတ်စေပြီးနောက် အတိုက်အခံတို့ကို သွေးအေးအေး နှိပ်ကွပ်စေပြန်သည်။

တစ်ဖက်က လမ်းတွေဖောက်၊ တံတားတွေဆောက်ကြောင်း အသံကောင်းဟစ်သည်။ အခြားတစ်ဖက်တွင်တော့ အစွယ်ငေါငေါနှင့် ဘီလူးသရုပ်ကို အမှန်အတိုင်း လှစ်ပြနေတော့သည်။ ဗိုလ်ချုပ်မှူးကြီးသည် မြန်မာပြည်သူများ ၎င်းအပေါ် လုံးဝမလိုလားသည်ကို အသေအချာ သိရှိပါသည်။ သို့သော်လည်း ၎င်းထက်ပိုပြီး သိထားသည့်အချက်မှာ ထိုသို့မုန်းတီးနေမှုဖြင့် ၎င်းအားထိပါးအောင် မည်သို့မှ မစွမ်းဆောင်နိုင်ဆိုသော အချက်ပင်တည်း။ တပ်မတော်နှင့် ပြည်သူတို့သည် မစည်းလုံးကြပါ။

ပြည်သူတစ်ရပ်လုံးသည် ကုပ်သွေးစုပ် ချယ်လှယ်နေသော မြန်မာစစ်အာဏာရှင်ကြီးအား ဖယ်ရှားရေးအတွက် တပ်မတော်၏ လက်နက်အားကိုး တုန့်ပြန်မှုကို မတွန်းလှန်နိုင်ပါ။ ထို့အတူ တပ်မတော်အနေနှင့်လည်း ပြည်သူလူထု ထောက်ခံမှု မရှိဘဲနှင့် ၎င်းတို့အား အရိုးအရင်းမျှ ချကျွေးပြီး နယ်ရုပ်များသဖွယ် စိတ်တိုင်းကျ စတေးနေသော ဦးသန်းရွှေကို မဖယ်ရှားနိုင်ပါ။ ဗိုလ်ချုပ်ချင်း၊ တပ်မတော် အရာရှိချင်း နေရာလုကြသည်။ ပြည်သူများချင်း စိတ်ဝမ်းကွဲကြသည်။

တပ်မတော်နှင့် ပြည်သူ အကဲစမ်းကြသည်။ ထိုသို့ဖြင့် စည်းလုံးမှုဆိုသည်မှာ မြန်မာလူမျိုးတို့၏ အဘိဓာန်တွင် နားလည်ရခက်သော စာလုံးဖြစ်လာသည်။ သာသူစား စိတ်ဓာတ်တွေဖြင့် လူမျိုးရေးပါ နိမ့်ကျလာသည်။ ထိုအခြေအနေသည် စစ်အာဏာရှင်တစ်ဦးအားသက်တမ်းရှည်စေမည့် လောင်စာဖြစ်ကြောင်း မြန်မာလူမျိုးတိုင်း သတိပြုသင့်ပါသည်။ တကယ်တော့ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေခြင်းမှာ မကောင်းပါ။ ဗိုလ်ချုပ်ကြီးသန်းရွှေလို အာဏာရူးတစ်ယောက် စင်ပေါ်ရောက်နေတာ မကောင်းပါ။ တရုတ်နှင့် ရုရှားတို့က မြန်မာအစိုးရကို ကာကွယ်နေတာ မကောင်းပါ။

သို့တိုင်အောင် မြန်မာပြည်သူတို့နှင့် မြန်မာ့သွေးဖြင့် ဖွဲ့တည်ထားသော တပ်မတော်တို့ စည်းလုံးမှု ပြိုကွဲနေခြင်းသည် မကောင်းဆုံး ဖြစ်ပါသည်။ သွေးချင်းနီးပြီး ကျောချင်းကပ်ရမည့် အချိန်မျိုးတွင် တစ်ဖက်နှင့်တစ်ဖက်၊ ပြည်သူနှင့်စစ်တပ် ရန်စောင်ပြီး အမြင်မကြည်ဖြစ်နေခြင်းသည် ဗိုလ်ချုပ်သန်းရွှေလို လူ့အန္ဓတွေ ကောင်းစားဖို့ စားပေါက်ထွင်ပေးသလိုသာ ဖြစ်နေတော့သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အမှန်ပင် ကြောက်စရာကောင်းသော လူယုတ်မာ ကြီး ဖြစ် သည်။ သို့သော်လည်း အမှန်တကယ် ကြောက်စရာကောင်းသည်မှာ မညီမညွတ်နှင့် သွေးကွဲပြီး အပြန်အလှန် လေးစားမှုမရှိတတ်သည့် မြန်မာတို့၏ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုပင်ဖြစ်ပါသည်။

ထိုသို့သော စိတ်ဆိုးစိတ်ညစ်များ လွင့်စဉ်သွားပြီး တပ်မတော်နှင့် ပြည်သူတို့ ချစ်ကြည်စွာလက်တွဲနိုင်မည့်အချိန်တွင် ဗိုလ်ချုပ်ကြီး သန်းရွှေကဲ့သို့ မသူတော်များအတွက် ဇာတ်သိမ်းခန်းသည် အမှန်ပင် ရောက်လာပါလိမ့်မည်။ ထိုအချိန်သည် အလွန်ကွာဝေးသော အနာဂါတ်တွင် ရှိမနေပါစေနှင့်ဟု မြန်မာပြည်သူများကိုယ်စား တောင်းဆုတစ်ခု ပြုမိပါ တော့သည်။

ကျော်ကျော် ( လူထုအသံ )

Tuesday, 9 December 2008

နအဖ(နွားအဖွဲ့) လက်ရှိကျင့်သုံးနေသော အရေးသုံးပါးနှင့် ဦးတည်ချက်များ

ဒို့တာဝန် အရေးသုံးပါး

  • တရုတ်ပြည်သူ့ သမ္မတ မြန်မာ နိုင်ငံတော် မပြိုကွဲရေး… ဒို့အရေး
  • တိုင်းရင်းသား စည်းလုံးညီညွတ်မှု မသိမသာပြိုကွဲရေး… ဒို့အရေး
  • ဗိုလ်ချုပ်မှုးကြီး အာဏာ တည်တံ့ခိုင်မြဲရေး… ဒို့အရေး
နိုင်ငံရေး ဦးတည်ချက် (၄) ရပ်
  • နိုင်ငံတော် တည်ငြိမ်ရေး၊ ဧည့်စရင်း မှန်မှန်တိုင်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး
  • အမျိုးသား ပြန်လည် ငြိမ်ကုပ် ပိပြားရေး
  • နှစ်၅၀ အချိန်ယူ ရေးဆွဲသင့်သော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြစ်ပေါ်လာရေး
  • ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် အညီ ခေတ်မီ ဖွံ့ထွား တုတ်ခိုင် အဆီရွှဲသော နိုင်ငံတော် သစ်တစ်ရပ် တည်ဆောက်ရေး
စီးပွားရေး ဦးတည်ချက် (၄) ရပ်
  • ရှိတာအကုန် ရောင်းစားရေးကို အခြေခံ၍ တပ်မတော်ကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
  • (ညဖက်မှ အလုပ်ဖြစ်သည့်) ဇီးကွက် စီးပွားရေးစံနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး
  • ပြည်တွင်း အာရှမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ ကုန်ဈေးနှုန်း ပြန်မကျ ထိုးတက်အောင် တည်ဆောက်ရေး
  • နိုင်ငံတော် စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် တပ်မတော်နှင့် စက်မှု လယ်ယာ ၀န်ကြီးဌာနတို့၏ လက်ဝယ်တွင် ရှိရေး
လူမှုရေး ဦးတည်ချက် (၄) ရပ်
  • တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ မမြင့်မားရေး
  • အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး အတွက် နယ်ချဲ့ တော်လှန်ရေး ဗီဒီယို များများရိုက်၍ ယဉ်ကျေးမှု အမွေအနှစ်များ နောင် မပျောက်ပျက်ရန် အခုကတည်းက ထုံးသုတ်ပစ်ရေး
  • မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရန် လူငယ်တိုင်း တပ်မတော်စစ်တပ်သို့ ၀င်ရေး
  • တစ်မျိုးသားလုံး ပြည်တွင်းဖြစ်ကို မဖြစ်မနေအားပေးရင်း ကျန်းမာ ကြံ့ခိုင်ရေးနှင့် နိုင်ငံခြား ထွက်နိုင်သူများ ပညာရည် မြင့်မားရေး

ပြည်သူ့သဘောထား(အမှန်)
  • တရုတ်အားကိုး ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများအား ဆန့်ကျင်ကြ
  • နိုင်ငံတော် တည်ငြိမ် မအေးချမ်းမှန်း သိသာစေရန် မေ့လောက်ရှိ ကိုယ့်ဟာကိုယ် ဗုံးထထ ဖောက်သူများအား ဆန့်ကျင်ကြ
  • နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော (အာဆီယံ) နိုင်ငံများအား ဆန့်ကျင်ကြ

Monday, 8 December 2008

ကိုဇာဂနာ နှင့် ကိုနေဘုန်းလတ်တို့ ပူးတွဲဆုရရှိ

သတင်း - မဇ္ဈိမ

ကိုထိန်လင်း ဆုတက်ရောက် ရယူစဉ်
နိုင်ငံကျော် ဟာသ ပညာရှင် ကိုဇာဂနာနှင့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်တို့သည် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF)၏ ၂၀၀၈ ခုနှစ်အတွက် ဆိုက်ဘာ အတိုက်အခံ ဘလော့ဂ်ဂါဆုကို ကြာသပတေးနေ့တွင် ပူးတွဲ ရရှိလိုက်သည်။

ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့သည် ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန် ကာလများက စစ်အစိုးရ၏ တားမြစ်ပိတ်ပင်မှုများ အကြားက ပြည်တွင်းနှင့် ပြည်ပမှ ပြည်သူများ သတင်းမှန် ရရှိရေးအတွက် ဘလော့ဂ်များမှ တဆင့် တင်ပြပေးခဲ့၍ ယခုဆုကို ချီးမြှင့်ခြင်း ဖြစ်သည်ဟု RSF ၏ သတင်းစာ မျက်နှာများတွင် ဖော်ပြထားသည်။

ထောင်ထဲမှာပင် လူပြောများဖွယ် ပြက်လုံးများ ပြောကြားခဲ့သေးသည့် ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ်နှင့် ကိုနေဘုန်းလတ်ကို ထောင်ဒဏ် အနှစ် ၂၀ အသီးသီး ချမှတ်ထားသည်။ ကိုဇာဂနာကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညကပင် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားထောင်သို့ ပို့လိုက်သည်။

"ဆုရတာတောင် ၀မ်းသာတယ်ဆိုတာထက် မပျော်နိုင်တော့ပါဘူး။ အခုလို အဝေးကြီးကို ပို့လိုက်တော့ ကျမတို့ တစ်မိသားစုလုံး စိတ်ဆင်းရဲနေရတယ်။ အခု အဲဒီကို ဘယ်လိုလိုက်ရမလဲပဲ စဉ်းစားနေရတယ်လေ။ သူနဲ့ တွေ့ဖြစ်ရင်တော့ သူ့ကို ဒီအကြောင်း ပြောပြမယ်။" ဟု ကိုဇာဂနာ၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောပြသွားသည်။

ဆုအဖြစ် ဘလော့ဂ်ဂါဆု ရုပ်တုနှင့် မြန်မာငွေ ကျပ်သိန်း ၄၀ နီးပါးနှင့် ညီမျှသော ယူရိုငွေ ၂၅၀၀ ကို အခမ်းအနားဖြင့် အီရန်နိုင်ငံမှ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ရှီရန် အဘာတီမှ ပေးအပ်ခဲ့ပါသည်။

ကိုယ်တိုင် ဆု တက်ရောက် ယူနိုင်ခြင်း မရှိသော ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့ ကိုယ်စား လန်ဒန်မှ မြန်မာ ပန်းချီဆရာ ကိုထိန်လင်းက တက်ရောက်ရယူခဲ့ပါသည်။

"အခုလိုဆုပေးတာမှာ အရေးအကြီးဆုံးကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သူတို့ကြုံတွေ့နေရတာတွေကို အာရုံစိုက်မိဖို့နဲ့ သူတို့ဟာ အပြစ်မရှိဘူးဆိုတာကို ပြသလိုက်တာပါပဲ"ဟု RSF ၏ အာရှ ပစိဖိတ်ဒေသ တာဝန်ရှိ ပုဂ္ဂိုလ် ဗင်းဆင့် ဘရော့စ်ဝဲလ်က မဇ္ဈိမကို ပြောသည်။

အိုင်တီနည်းပညာသိချင်လို့ အင်တာနက်သုံးတာ အင်းစိန်ထောင်ကို ရောက်ခဲ့သည်ဆိုသော ကိုဇာဂနာ၏ ပြက်လုံးမှာ လူအများ ပါးစပ်ဖျား ရေပမ်းစားနေသည်။

ကိုနေဘုန်းလတ်၏ မိခင် ဒေါ်အေးအေးသန်းက "ဒီလိုဆုရတဲ့ အတွက် ၀မ်းသာပါတယ်။ ဗင်းဆင့်နဲ့ တကွ ဆုရွေးချယ်ရေး အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါက မြန်မာပြည်မှာ လူငယ်တွေကို အထင်မှားပြီးတော့ အပြစ်ပေး အရေးယူခံနေရတာကို ပေါ်လွင်စေတယ်။ အခုဆို ဒါကို ကမ္ဘာက အကုန်လုံး သိသွားတာပေါ့နော်။ နောက်ဒါက တယောက်ထဲကိုပေးတာဆိုပေမယ့် လူငယ်အများစုရဲ့ကိုယ်စား နေဘုန်းလတ်က ရတယ်လို့ပဲ ယူဆတယ်လေ။" ဟု မဇ္ဈိမကို ပြောသည်။

သားဖြစ်သူရောက်ရှိနေသော ကရင်ပြည်နယ် ဘားအံထောင်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံမည့် အချိန်တွင် သားဖြစ်သူကို ဆုရသည့်အကြောင်း ပြောပြမည်ဟု သူက ဆက်ပြောသည်။

Human Rights Day - 60 Years

Cartoon Maung Yit - Human Rights Day - 60 Years

Sunday, 7 December 2008

ဦးသန့် အရေးအခင်းအကြောင်း

၁၉၇၄ ခုနှစ်က ဦးသန့် အရေးအခင်းအကြောင်း


၁၉၆၁ နိုဝင်ဘာလ ၃ရက်နေ့က ဦးသန့်သည် ကုလသမဂ္ဂ ယာယီ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ကျမ်းသစ္စာ ကြိမ်ဆိုနေစဉ် မှတ်တမ်းပုံဖြစ်ပါသည်။ (Courtesy Photo: UN Photo/Y Nagata)
....................
ကုသမဂ္ဂအထွေထွေ အတွင်းရေးမှူးခဵုပ်ဟောင်း ဦးသန်ႚ၏ မှတ်တမ်းဓၝတ်ပုံဖြစ်ပၝသည်။
(Courtesy Photo: UN Photo/Yutaka Nagata)

..................
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဈာပနကို အကြောင်းပြုပြီး ၁၉၇၄ ခု၊ ဒီဇင်ဘာလမှာ ဦးသန့်အရေးအခင်းဖြစ်ပွါးခဲ့ပါတယ်။ ဒီအရေးအခင်းမှာ ကိုယ်တွေ့ကြုံသူတွေရဲ့ ပြောကြားချက်များ ကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားတာကို နားဆင်နိုင်ပါသည်။

နားဆင်ရန်


လာမည့် ၂၀၀၉ ဖေဖေၞဝၝရီလ ၆ ရက်နေႛမှာ ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးခဵုပ်ဟောင်း ဦးသန်ႛရဲႚ အသက် ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ်နဲႛ တံဆိပ်ခေၝင်း သုံးမဵိုးထုတ်ဝေမှာ ဖြစ်တယ်လိုႛ ကုလသမဂ္ဂ စာတိုက်ဌာနက ကြေညာလိုက်ပၝသည်။

သတင်း - လွတ်လပ်သော အာရှအသံ မှရယူပါသည်။

Saturday, 6 December 2008

Our University Standard in 1957

----ဟိုးတုန်းက ရန်ကုန်တက္ကသိုလ် ကို မထင်မှတ် ဘဲ You Tube မှာသွားတွေ့ မိတယ်။ အဖြူအမည်း ရုပ်ရှင်မှတ်တမ်းတိုကလေးအဖြစ်နဲ့ ။ ဟိုးတုန်းကဆိုတာ တော်တော့်ကို ဟိုးတုန်းက။ အတိအကျဆိုရရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၁နှစ် ဖြစ်တဲ့ ၁၉၅၇ ခုနှစ်က လွတ်လပ်ပြီး စ မြန်မာ နိုင်ငံ ရဲ့ ရန်ကုန်တက္ကသိုလ်အဖြစ်နဲ့  သွားတွေ့ တာ။ documentary လေး ကလက်ချာတစ်ခုကိုမှတ်တမ်းတင်ထားတယ်။

သင်တဲ့လူ က ပရော်ဖက်ဆာ ဒေါက်တာကျော်သက်။ ဒီ ဒေါက်တာကျော်သက် ဆိုတာ ၁၉၂၁ခုနှစ် မှာရန်ကုန်မြို့ မှာမွေးဖွားကြီးပြင်းခဲ့ တဲ့ မွန်-ဗမာစပ်လူငယ်တစ်ဦး။ လန်ဒန်ယူနီဗာစီတီ London University ကနေ သမိုင်းဆိုင်ရာပါရဂူဘွဲ့ ကိုရခဲ့တယ်။ ပီအိပ်ခ်ျဒီ ဘွဲ့ အပြီး ကမ္ဘာကျော်ယေး(လ်)တက္ကသိုလ် ကြီး ရဲ့ ဘွဲ့ လွန်တန်းတွေမှာ နှစ်နှစ်ကြာစာသင်ကြားပို့ချခဲ့သေးတယ်။ ပြီးတော့ မှ ရန်ကုန်တက္ကသိုလ်အရှေ့တိုင်းသမိုင်း ပညာဌာနမှာ ပရော်ဖက်ဆာအဖြစ်တာဝန်ထမ်းဆောင်သွားခဲ့တယ်ဆိုပါတယ်။

ပရော်ဖက်ဆာ ဒေါက်တာ ကျော်သက် ရဲ့ လက်ချာအကျဉ်းချုပ်ကတော့.. မြန်မာနိုင်ငံလွတ်လပ်ရေး ရ ခါစ က မြန်မာလယ်သမားများအပေါ် မတရားငွေတိုးချေးစားခေါင်းပုံဖြတ်ခဲ့တဲ့ အိန္ဒိယသားချစ်တီးများအကြောင်း… တရားဝင်စာရင်းတွေအရ မြန်မာနိုင်ငံ ရဲ့  လယ်မြေ ၇၅ရာခိုင်နှုန်း ဟာချစ်တီးကုလားများ လက်ထဲမှာရောက်ရှိနေပြီး။ တရားမ၀င်စာရင်းများ အရဒိထက် ပိုနိုင်ကြောင်း၊ လွတ်လပ်ရေးရပြီးစ၊ စစ်ဘေးစစ်ဒါဏ်ကိုလဲပြင်းစွာ ခံခဲ့ရသောမြန်မာပြည် ရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာကြုံရမယ့် အခက်အခဲများ အကြောင်း၊ မြန်ဆန်သောပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ရမှာ ဖြစ်ကြောင်း၊ ဗြိတိသျှမှ မြန်မာကို တစ်ချို့ သောတန်ဖိုးများ၊ စိတ်ကူးများ ကိုသင်ကြားပေးခဲ့တာတွေရှိခဲ့ကြောင်း၊ မြန်မာခေါင်းဆောင်များ ဟာ ဒီမိုကရေစီလမ်းကို ရွေးချယ်လျှောက်လှမ်းသွားမှာဖြစ်ကြောင်း၊ တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားအတွက် အင်မတန်ကိုခက်ခဲစွာလုပ်ကိုင်ကြရမှာလဲဖြစ်ကြောင်း၊ရေရှည် အနေနဲ့  ဒီမိုကရေစီ စနစ် ကို a cup of tea အနေနဲ့ တင်စားသွားပြီး၊ မြန်မာ့ခေါင်းဆောင် များ ဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်ကိုပဲရွေးချယ်လျှောက် လှမ်းသွားကြမှာဖြစ်ကြောင်း ပို့ချသွားခဲ့ပါတယ်။

ဒီလက်ချာမှာ ကျောင်းသားတစ်ယောက် မေးခွန်းမေးခဲ့ရာ မှာတော့ မြန်မာနိုင်ငံဟာ အာစီယံ အသင်း ၀င်နိုင်ငံ ဖြစ်လာနိုင်ချေရှိပါသလားလို့မေးမြန်းသွားရာမှာ Neutral ခေါ် ဘက်မလိုက်နိုင်ငံ အဖြစ်သွားတော့မယ့် ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရတော့မယ့် မြန်မာနိုင်ငံ တော် အရေး ကိုပရော်ဖက်ဆာဒေါက်တာကျော်သက် က ဟာသနှောပြီး လှပ စွာ ပြန်ဖြေသွားပုံကလေး ကိုလဲမြင်နိုင်ပါတယ်။

ကြည့်ကြည့်ပါ..ဒီမှာ..



ဒီ မှတ်တမ်းရုပ်ရှင်ကလေးမှာ တစ်ခေတ်တစ်ခါ က လွတ်လပ်ရေးရပြီး စမြန်မာနိုင်ငံရဲ့  တက္ကသိုလ် ပညာ အဆင့်အတန်းကိုမြင်နိုင်ပါတယ်။
အဲဒီခေတ်ကတည်းက ရန်ကုန် တက္ကသိုလ် မှာ ဒီလို အင်္ဂလန်က ပီအိခ်ျဒီ ဘွဲ့ ရ ၊ယေး(လ်) လိုမျိုး တက္ကသိုလ်ကြီးမှာစာပို့ချပေးခဲ့တဲ့ ပရော်ဖက်ဆာဒေါက်တာကျော်သက် လိုမျိုးဆရာတွေရှိနေခဲ့တာကိုနိုင်ငံခြားသားများကိုယ်တိုင်အံ့သြ ယူ ရ တဲ့ သင်ကြားပို့ ချပေးတဲ့ဆရာရဲ့ ပညာ အရည်အချင်း၊ သင်ကြားပို့ ချပေးတဲ့ဘာသာစကား teaching medium ဟာအင်္ဂလိပ်ဘာသာ စကားဖြစ်နေခြင်း၊ ဆရာတင်မက ကျောင်းသားများပါ အင်္ဂလိပ်စကားကိုအင်မတန် ချောမွေ့ စွာ ပြောဆို နိုင် ခြင်းတွေ ကိုကြည့်ရင်၊ ဒီကနေ့ဒေသတွင်းက နာမည်ကြီးနေတဲ့တက္ကသိုလ်ကြီးတွေ မှာတောင်အဲဒိ အချိန်က အဲလိုအဆင့်အတန်း မီ ခဲ့တာရှားပါတယ်။

အလွယ်ဆုံးဥပမာပြရရင် အခု စင်္ကာပူမှာ မြန်မာကျောင်းသား တွေ ပညာဆက်ဆည်ပူးစရာ တက္ကသိုလ်ကြီးနှစ်ခုထဲက အခု အရှေ့တောင်အာရှမှာ နာမည်ထွက်လာတဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ဆိုရင် အဲဒိ အချိန်က Raffles College နဲ့the King Edward VII College of Medicine တို့ ပေါင်းပြီး နောင်တစ်ချိန် NUS ဆိုတာဖြစ်လာမယ့် University of Malaya ဆိုတာ လေး သန္ဓေဖြစ်လာခါစပဲရှိပါသေးတယ်။ နောက်တစ်ကျောင်းဖြစ်တဲ့ နန်းယန်း Nanyang Technological University ဆို ရင်လဲအဲဒိခေတ် ၁၉၅၅ ကတရုတ်ဘာသာနဲ့သာသင်ကြားပေးတဲ့ တရုတ်ကျောင်းအဆင့်ပဲရှိခဲ့ပါတယ်။

အဲလို..အဲလို ဒေ သတွင်းက တက္ကသိုလ် တွေ မယှဉ်နိုင်ခဲ့တဲ့ ၊ပညာရေးသမိုင်းကြောင်း အင်မတန် ကောင်းခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီးရှိခဲ့တဲ့ မြန်မာနိုင်ငံ ကလဲ ဒီအတိုင်းမနေပါဘူး။ စင်္ကာပူလို တက္ကသိုလ်ကြီး၂ ခု ၃ ခုထဲရှိတာက တော့ပျင်း တောင်ပျင်း ပါသေးတယ်။

ဒီကနေ့ ခေတ်မီဖွံ့ ဖြိုး သော နိုင်ငံတော် ကြီးရဲ့ နိုင်ငံတကာအဆင့်မီပညာရေး စနစ်ဆိုတာကြီး အောက်မှာ အခုဆို တက္ကသိုလ်ကြီးတွေ စုစုပေါင်း၁၄၄ ခုရှိပါပြီ။ ရန်ကုန်တိုင်းတစ်ခုထဲမှာတင် တက္ကသိုလ် ကောလိပ်ပေါင်းစုံအရေအတွက် ၃၀ တိတိရှိပါတယ်။

အဲဒိထဲမှာကျောင်းသားများတဲ့ တက္ကသိုလ်ကြီးတွေ၊ နည်းပညာတက္ကသိုလ်ဆိုတာတွေကိုကြည့်လိုက်တော့ ရန်ကုန် အရှေ့ပိုင်း၊ အနောက်ပိုင်းဆိုပြီး ဒဂုံ၊ လှိုင်သာယာ၊ နဲ့  သန်လျင် တွေမှာ ပို့ ထားတာတွေ့ ရပါတယ်။ဒေသန္တရ အနေအထား နဲ့ ..ဆိုရရင် တော့ တော်တော် ကောင်းပါတယ် ။ ထိုင်ခုံအလှုပ်ခံရမယ့် ကျောင်းသား ဆူပူမှု ၊ဆန္ဒပြမှု ဖြစ်လာတယ်ဆိုရင်တခါတည်း မြစ်ကူးတံတား တွေကို ပိတ်ဆို့ လိုက်ပြီး မြို့ လယ်ကပြည်သူနဲ့မပူးပေါင်းနိုင်အောင် စီစဉ်ထားတဲ့အတွက် ဗျူဟာ အရကြည့်လိုက်ရင် သတ်ကွင်းကရှင်းနေတဲ့ အတွက် ၊ ဖြတ်လေးဖြတ်လုပ်ဖို့ လွယ်ကူတဲ့၊ ကျောင်းသား ပြည်သူစစ်ကူ ထပ်ရောက်မလာအောင်ဖြတ်တောက်နိုင်တဲ့ အတွက်..ဆိုတော့…..အင်မတန် ကိုကောင်းပါတယ် (စစ်ရေးဗျူဟာ အရ)၊ ။

နောက်တစ်ခါ ဒီကနေ့ တက္ကသိုလ်တွေမှာ ယူနီဖောင်းဝတ် မှ ကျောင်းတက်ရတယ်လို့ ကြားစက လာနောက် နေတယ် ထင်တာ။ တစ်ကယ် အဟုတ်ပဲ။ ပုံလေးပါတွေ့ လိုက်ရတော့ပိုသေချာသွားတယ်။ ကောင်းပါတယ် (စစ်ရေး ဗျူဟာ အရ ) ပစ်ကွင်းဖမ်းကွင်း ရှင်းရှင်း နဲ့  ရန်သူ မိတ်ဆွေ ခွဲခြားရလွယ်သွားတယ်ပေါ့။
ရန်..ငါ ..စည်းပြတ်တယ်ဆိုတာမျိုးဆိုတာ ဒါထင်ပါရဲ့ ။ ပြီးတော့ ယူနီဖောင်းဆင်တူလေးတွေနဲ့ဆိုတော့ တက္ကသိုလ် ကျောင်းသားဆိုတဲ့ ဂုဏ် ကိုဦးချိုးပြီးသားလည်းဖြစ်သွားပြန်ရော။

ထားပါတော့..ဒါတွေက ကိုယ့်ထက်နားလည်တဲ့ သူ များ မဟာဥာဏ်နဲ့စီမံထားတာဆိုတော့ ကောင်းမယ်ထင်လို့ စီမံတာနေမှာပါလို့ ပဲမှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က ပရော်ဖက်ဆာ ဒေါက်တာကျော်သက်တို့ ခေတ် ကသမိုင်းမေဂျာ မှာ တောင် ဒီလောက် ပညာအဆင့်အတန်းမြင့်ခဲ့တာ အခု လိုအိုင်တီခေတ်၊ နည်းပညာခေတ်ကြီးမှာပါရဂူတွေတောင်မွေးထုတ်ပေးနိုင်ပြီဖြစ်တဲ့မြန်မာ့ တက္ကသိုလ် ပညာရေး အဆင့်က ၁၉၅၀ ခေတ်တွေထက် အဆပေါင်းမနှိုင်းသာအောင် မြင့်မားနေရော့မယ်..... လို့......


Thursday, 4 December 2008

Global Call To Action Against Burmese Military Regime

Condemn Burmese Military Regime for human rights violations in Burma
On 10th December, 1948, the General Assembly of the United Nations proclaimed the Universal Declaration of Human Rights as a common standard of achievement for all peoples and all nations that every individual and every organ of society shall strive to promote to respect for these rights and progressive measures, national and international to secure their universal and effective recognition and observance, both among the peoples of Member States themselves and among the peoples of territories under their jurisdiction. Burma is a member of the United Nations and voted in favor of the Universal Declaration of Human Rights in 1948.
However, Gross Human Rights Violations, including forced displacement, forced labour, attacked by soldiers on civilians, destruction or theft of food supplies, murder, torture, rape and political imprisonment have been widespread in Burma. Freedom of expression and Freedom of Association are non-existence. The right to life, liberty and security for Burmese citizens are denied. People of Burma have been subjected to arbitrary arrest, detention and exile. In Burma, human rights violations are committed on a daily basis by ruling military regime.
Therefore, we call upon the international community and overseas Burmese people around the world to a global day action against the military regime in Burma on 10th December, 2008. Demonstrations and a number of activities will take place in different countries on that day. We would like to encourage everyone to join with us to condemn Burmese military regime for human rights violations in Burma.
"Add your voice to a call for Free Burma"
Contact:
Mr. Myo Thein (UK), Tel: +44 208 493 9137
Email: myothein19@gmail.com
Ms. Khin Ma Ma Myo (Scotland), Tel: +44 122 524 077
Email: khinmamamyo@gmail.com
Mr. Yin Aye (USA), Tel: + 1 301 905 7591
Email: yindbso@gmail.com
Mr. Ko Ko Aung (Japan)
Email: kokoaung_dfbjp@yahoo.com
Mr. Yin Htwe (Thailand)
Email: yinhtway@gmail.com
Mr. Soe Htun (Singapore)
Email: lunlunn@gmail.com
Mr. Yaung Ni (India)
Email: yaungni800@gmail.com
Mr. Si Thu (Canada)
Email: oneloveoneburma@gmail.com

Burma Must Not Be Forgotten

Cherry(India)

In a country that has been ruled by the military junta since 1962, where its ethnic women are raped with impunity by military soldiers, and where less than 3% of the national budget is spent on healthcare, Burma must not be forgotten by the international community.
Half of Burma’s 54 million people are women. The ignorant and failed policies of Burma’s military regime have caused women and children to endure extreme suffering. UNIFEM reports a high rate of maternal mortality (approximately 517 per 100,000 live births), and their children suffer from an extremely high rate of moderate malnutrition and preventable diseases. A UNICEF study reveals that out of the 1.3 million children born every year in Burma, more than 92,500 will die before they reach their first birthday and another 138,000 will die before the age of 5.
The situation is even more dire in Burma’s conflict zones, where official investment in health, especially reproductive health, is essentially non-existent. Abuses against the predominantly non-Burman population are rife, including the brutal and systematic rape of women and girls.
In these conflict zones, as many as 1 in 12 women will die as a result of pregnancy-related causes, a number far worse than Burma’s national figure of 1 in 75 - already the worst in the region. These deaths are mainly preventable, the result of postpartum hemorrhage, unsafe abortion, and obstructed delivery. Further, high fertility rates, reflecting lack of access to reproductive technologies, as well as the high prevalence of conditions such as malnutrition and anemia, increase the risk of unnecessary death from pregnancy. In eastern Burma, only 4% of births are attended by skilled birth attendants, far lower than the official figure of 57% for the rest of the country.
Though international NGOs have published reproductive health education materials in Burmese, they are usually not provided in ethnic languages as the regime fails to promote the rights of ethnic/indigenous people. The lack of health care, educational facilities, economic mismanagement, and ongoing severe human rights abuses drive many people out of the country. Burma’s problems are a threat to the region’s security and stability. So far, the regional governments have ignored the reality of Burma.
For the women who have suffered greatly, I hope that the Obama administration will bring Burma’s crises to the UN Security Council as a main concern and continue to support an economic sanction policy. It is the only way to ensure that agencies like the UNFPA and others will be able to provide the much needed services and hope to the Burmese people.

No UN push over Myanmar prisoners

4th Dec 2008

Ban, left, visited Myanmar in May in the wake of Cyclone Nargis which devastated the country [AFP

The UN secretary-general has said he will not travel to Myanmar despite a petition from more than 100 former world leaders to press the military government to release all political prisoners.

Ban Ki-moon said on Wednesday that he would only consider another visit if "a meaningful outcome" could be expected.

The written appeal by 112 former presidents and prime ministers said a trip "would illustrate for the world whether or not the [Myanmar] military regime is serious about making changes".

The signatories included former US presidents George Bush and Jimmy Carter, Tony Blair, the former British prime minister, Mikhail Gorbachev, the former Soviet leader, and Junichiro Koizumi, the former Japanese premier.

They wanted Ban to pursue the UN Security Council's call in October 2007 for Myanmar to release the prisoners, including Aung San Suu Kyi, the opposition leader and Nobel Peace laureate.

Michele Montas, a spokeswoman for Ban, said the UN chief "said he would like to visit Myanmar again to discuss a broad range of issues but that he will not be able to do so without reasonable expectations of a meaningful outcome".

"[Ban] said he would like to visit Myanmar again to discuss a broad range of issues but that he will not be able to do so without reasonable expectations of a meaningful outcome"

Michele Montas, spokeswoman for Ban

She added that Ibrahim Gambari, Ban's special envoy to Myanmar, would also not return to the country formerly known as Burma, until he had a "real possibility of moving forward there".

Ban travelled to Myanmar in May in the wake of Cyclone Nargis, persuading Senior General Than Shwe, the country's leader, to ease access for foreign aid workers and relief supplies.

On Wednesday Ban received the letter and spoke with Kjell Magne Bondevik, the former Norwegian prime minister, who led the effort.

The letter was released by Bondevik's Oslo Centre for Peace and Human Rights and by Freedom Now, a Washington-based advocacy group.

"We urge you to make it clear that all political prisoners in Burma must be released by the end of this year, regardless of whether you travel to Burma," the letter said.

Myanmar's military, which has held power since 1962, has ramped up its crackdown on government critics since Buddhist monks led anti-government protests in September last year.

International human rights groups say the ruling generals are holding more than 2,100 political prisoners, a sharp increase from pre-demonstration figures of nearly 1,200 in June 2007.


Source: aljazeera.net/news/asia-pacific

Wednesday, 3 December 2008

Ex-presidents, premiers urge UN chief to intervene in Myanmar

Filipino human rights activists carry
a portrait of Myanmar opposition leader Aung San Suu Kyi

WASHINGTON (AFP) — More than 100 former government leaders wrote to UN Secretary General Ban Ki-moon Wednesday asking him to travel to military-ruled Myanmar to secure the release of pro-democracy leader Aung San Suu Kyi and other political prisoners.

The prominent figures behind the letter include ex-US presidents George H.W. Bush and Jimmy Carter, former Soviet leader Mikhail Gorbachev, ex-Australian premier John Howard, former French prime minister Lionel Jospin, former Japanese Prime Minister Junichiro Koizumi and ex-Philippine leaders Fidel Ramos and Corazon Aquino.

"This is an unprecedented outpouring of global support for the people of Burma (Myanmar), and I am pleased that so many have joined me in spotlighting this important issue," said Kjell Magne Bondevik, former Norwegian Prime Minister.

"Today we unite to call on the United Nations to take action -- the first step towards achieving national reconciliation in Burma is creating a firm deadline for the release of all political prisoners," said Bondevik, now president of the Oslo Center for Peace and Human Rights, which together with US-based rights group Freedom Now led the initiative.

The former leaders from more than 50 nations urged Ban to personally travel to Myanmar before the end of the year to secure the release of the military junta's 2,100 political prisoners.

"This is a historic letter from leaders representing every continent and asking the UN chief to personally intervene," Freedom Now's president Jared Genser told AFP.

Last month, more than 100 activists, including members of Aung San Suu Kyi's National League for Democracy and relief workers, journalists, monks and lawyers, were each given harsh sentences of up to 68 years in prison.

Their jailing came in the wake of a crackdown on those involved in protests in mid-2007 that were brutally crushed by the military government.

The letter by the former world leaders recalled that the UN Security Council had on October 11 last year issued a presidential statement urging the early release of all political prisoners in Myanmar.

The United Nations also had set the release of all political prisoners as one of its benchmark goals for 2008.

However, in direct defiance of these demands, the military junta has instead increased the number of political prisoners from 1,200 in June 2007 to over 2,100, the letter stated.

"The Burmese people are counting on the United Nations to take the required action to achieve the breakthrough they desperately need to both restore democracy to their country and address the serious humanitarian and human rights challenges that they face," it said.

It further urged Ban to encourage the Security Council to take "concrete action" if these efforts are not successful by the end of December 2008.

Ban's special envoy Ibrahim Gambari has made four visits to Myanmar since a bloody uprising a year ago but failed to revive a dialogue between detained democracy leader Aung San Suu Kyi and the junta.

Ministers from permanent Security Council member states Britain, the United States, France, Russia and China as well as other countries including Myanmar's ASEAN neighbors Indonesia, Singapore, Thailand and Vietnam met at the sidelines of the UN summit in September and called on the junta to make "tangible" progress on political reforms ahead of any visit by Ban before year-end.

Ban had made a lightning visit to Myanmar in May after the military rulers came under international fire for not allowing foreign aid into the country following a cyclone that left 138,000 people dead or missing.

The junta relented at the end after the Association of Southeast Asian Nations (ASEAN) said it would act as an aid channel.

10D Movement (10th December)

Burma Democratic Concern calling for 10D Movement on 10 December 2008

Respect for human rights and human dignity "is the foundation of freedom, justice and peace" in the world and 10 December is Human Rights Day. Justice is outlaw; injustice is prevailing everywhere and military regime is always above the law in Burma. This is our duty to protect and promote human rights and justice in Burma. To highlight the military regime's atrocities, we will hold the demonstration on 10th December 2008 (Wed) from 12:00-13:30 in front of the Burmese Embassy in UK. We would like to encourage everyone to join with us to show solidarity and to demand United Nations Security Council to take practical action on Burma.

Place: 19 A Charles Street, London W1J 5DX

Nearest tube: Green Park and Hyde Park Corner

Date: 10 December 2008 (Wed)

Time: 12:00-13:30 pm

Monday, 1 December 2008

ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် လှုပ်ရှားမှု ထိုင်းနိုင်ငံတွင် ပြုလုပ်

Monday, 01 December 2008

ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်း၊ ထိုင်းနိုင်ငံရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်း များက လမ်းလျှောက် ချီတက်ခြင်းနှင့် ပညာပေး ဟောပြောပွဲများ ကျင်းပကြကြောင်း သိရသည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့ AIDS နေ့တွင် ရာနှင့်ချီသော မြို့ခံများ၊ မြန်မာအလုပ်သမားများနှင့်ကျန်းမာရေး ၀န်ထမ်းများ၊ World Vision စသည့် NGOs အဖွဲ့များ၊ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက် ရေးအဖွဲ့ (SAW) နှင့် မြန်မာအမျိုးသမီးသမဂ္ဂတို့သည် မဲဆောက်ဆေးရုံမှ မယ်တော်ဆေးခန်းအထိ ချီတက်ခဲ့ ကြ သည်။

မယ်တော်ဆေးခန်း၏သွေးစစ်ဌာနHIVဝေဒနာရှင်ကူညီ
စောင့်ရှောက်သူ စောသန်းလွင်က “ဒီဇင်ဘာ ၁ ရက် နေ့ရောက်တိုင်း ကမ္ဘာ့ AIDSနေ့ အထိမ်းအမှတ်အဖြင့် HIV/AIDS တားဆီးကာကွယ်ရေး နဲ့ပတ်သက် ပြီး ပြည်သူလူထုကြားမှာ အသိပညာရစေဖို့ နဲ့ ကာကွယ်တားဆီးရေးမှာ ပိုမို ပူးပေါင်းပါဝင်လာဖို့အတွက်ရည် ရွယ်တယ်၊ HIV/AIDS နဲ့ပတ်သက်တဲ့ ပညာပေးဆောင်ပုဒ်တွေကို ကိုင်တယ်၊ ပညာပေးလက်ကမ်း စာဆောင် တွေဝေတယ်၊ ကွန်ဒုံတွေဝေတယ်”ဟု ပြောသည်။

ယင်း မယ်တော်ဆေးခန်းတွင်လာရောက် ကုသမှုခံယူသည့် စာရင်းအရ ၂၀၀၁မှ ၂၀၀၈ခုနှစ်အတွင်း HIV/AIDS ဝေဒနာရှင် ၁၀၀၀ နီးပါးရှိပြီး တနှစ်လျှင် လူ ၁၀၀ ကျော် တိုးလာကြောင်းလည်းသိရသည်။ ၎င်းဝေဒနာရှင် အများစုမှာ အသက်၂၀ မှ ၄၀ကြားဖြစ်ပြီး မြန်မာပြည်တွင်းမှ လာရောက်ကုသသူများနှင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ ထဲမှဖြစ်သည်ဟုလည်း သိရသည်။

မယ်တော်ဆေးခန်းအနေဖြင့် HIV/AIDS လူနာများအတွက် ART ဆေးဝါးကို ၃ ရာခိုင်နှုန်းခန့်သာ ပေးနိုင် ကြောင်းလည်း စောသန်းလွင်ကပြောသည်။

(ကြည့်ကြပါ အရှက်မရှိသူများ၏ သတင်းများကို)
ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင် “HIV/AIDS တားဆီးတိုက်ဖျက်ရေး မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ” ဟူသည့် ခေါင်းစဉ်ဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပပျောက်ရေး အတွက် ဘက်စုံ ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး စီမံချက် ၂၀၀၆မှ၂၀၁၀ အထိ HIV/AIDS ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက် လုပ်ငန်းကြီး ၁၀ချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

သတင်းစာတွင်ဆက်လက်ပြီး ၂၀၀၆ခုနှစ် WHOနှင့် UNAIDS ပူးတွဲထုတ်ပြန်ချက်အစီိရင်ခံစာတွင် မြန်မာနိုင်ငံ၌ ၂၀၀၀ခုနှစ်တွင် ကိုယ်ဝန်ဆောင်မိခင်များအတွင်း ဖြစ်ပွားနှုန်းသည် ၂.၂ရာခိုင်းနှုန်းမှ ၁.၃ ရာခိုင်နှုန်းအထိလျော့နည်းသွားကြောင်းနှင့် ၂၀၀၁ခုနှစ်တွင် ၂၀၀၅ခုနှစ်အတွင်း အမျိုးသားကာလသား ရောဂါဝေဒနာရှင်အတွင်း ၈ရာခိုင်နှုန်းမှ ၄ရာခိုင်နှုန်း လျော့နည်း ကျဆင်းသွားသည်ဟုလည်း ပါရှိသည်။

ရောဂါပိုးကူးစက်ခံထားရသည့် ဝေဒနာရှင်များနှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ ဝေဒနာရှင်များအား ART ဆေးတိုက်ကျွေးခြင်း၊ အိမ်တွင်းစောင့်ရှောက်ခြင်းလုပ်ငန်းများဆောက်ရွက်ပေးလျက်ရှိပြီး ARTဆေးတိုက် ကျွေးမှုကို ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကြီး၊ မင်္ဂလာဒုံအထူးကုဆေးရုံကြီး အပါအဝင် ပြည်နယ်/တိုင်း ဆေး ရုံကြီးများမှ ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သို့သော် နယ်စည်းမခြားဆရာဝန်များ(MSF) အဖွဲ့က မြန်မာနိုင်ငံတွင် ARTဆေးဝါး မလုံလောက်သည့် အတွက် ယခုနှစ်အတွင်း သေဆုံးနိုင်သူ နှစ်သောင်းခွဲအထိရှိပြီး တနိုင်ငံလုံးအတိုင်း အတာအရ HIVရောဂါ ကူးစက်ခံနေရသူ ခန့်မန်းခြေ နှစ်သိန်းခွဲခန့်အနက် လူတသောင်းငါးထောင်ခန့်သာ ART ဆေးဝါးကုသခွင့် ရသည်ဟု ထုတ်ပြန်ကြေညာသည်။

MSF အဖွဲ့မှ လူတသောင်းတထောင် ကို ကုသမှုပေးနေသော်လည်း လူခုနစ်သောင်းခွဲကျော် မှာ အရေးပေါ် ဆေးကုသမှု လိုအပ်နေကြောင်း လည်းထုတ်ပြန်ထားသည်။

ရန်ကုန်အခြေစိုက် HIV/AIDS ဝေဒနာရှင်များအား အကူအညီပေးနေသော အဖွဲ့အစည်းတခုဖြစ်သည့် (Population Services International-PSI) ရှိ တာဝန်ရှိသူအကြီးအကဲများသည် ကမ္ဘာ့AIDSနေ့ နှင့် ပတ်သက်ပြီး နေပြည်တော်တွင်ကျင်းပသည့် အစည်းအဝေးသို့ သွားနေသည်ဟု PSI မှ တာဝန်ခံ တဦး ကပြောသည်။

The entire world is questioning 'What are you up to, regime?'

December 1st (today) is the 21st World AIDS Day and people around the world will be celebrating and commemorating the occasion. But in Burma....
Youths in Myanmar at risk
1 Dec 2008

YANGON (The Straits Times) - YOUTHS in Myanmar are particularly at risk from HIV, with almost two thirds of the near quarter million people living with the virus in that country aged under 24, the UN Children's Fund said Monday.
About 100,000 women are also living with HIV in Myanmar and many newborns are at risk of being infected, Ramesh Shrestha, the UNICEF representative in Myanmar, said in a statement for World Aids Day.
'Young people have a higher propensity for risk-taking behaviour which exposes them to avoidable risks including exposure to HIV,' Mr Shrestha said.
'It is estimated that there are approximately 240,000 people living with HIV in Myanmar, of which almost two thirds are young people under 24 years of age,' the statement said.
International humanitarian organization Medecins Sans Frontieres has said that about 76,000 of those living with HIV in Myanmar are in urgent need of anti-retroviral treatment (ART).
A senior Myanmar health ministry official said more funding was needed to prevent HIV spreading inside the country.
'More funds are needed not only ART for Aids patients but also for prevention projects,' Kyaw Nyunt Sein told AFP.
About 11,000 Aids patients around the country are getting ART from the government and international NGOs, he said.
Only 170 administrative regions out of 325 around the country can implement 100 percent condom promotion to prevent the HIV virus spreading because of funding shortages.
'We cannot give complete prevention. The disease mostly occurs through sexual contact, that's why we want to do 100 percent condom promotion for youths,' he said.
Myanmar has been ruled by the military since 1962 and the impoverished nation's healthcare system is in poor condition.

Journalists caught in crackdown by Myanmar junta

1 Dec 2008, 10 hours ago
YANGON, Myanmar (AP) — A court in military-controlled Myanmar has imprisoned two journalists for seven years each for undermining the country's ruling generals after being caught with a U.N. human rights report.

The court in a northeastern suburb of Yangon on Friday sentenced Thet Zin, editor of the local Myanmar-language journal Myanmar Nation, and Sein Win Maung, the paper's manager, after convicting them of undermining the government under the country's draconian Printing and Publishing Law.

The convictions were part of a renewed crackdown by the regime in the past month that has led to more than 100 people — including activists, writers, musicians and Buddhist monks — receiving jail sentences as long as 68 years. Many were transferred to prisons in remote regions.

The journalists' sentencing came the same day a court inside Yangon's Insein prison sentenced 13 members of the 88 Generation Students, a group at the forefront of a 1988 pro-democracy uprising, to six years for undermining stability, family members said.

The 13 activists were among 37 from the group handed long prison sentences for their roles in nonviolent protests, including pro-democracy demonstrations in September 2007 led by Buddhist monks that were violently suppressed.

Myanmar's military, which has held power since 1962, tolerates no dissent. It frequently arrests artists and entertainers regarded as opposing the regime.

The lengthy prison sentences have been condemned worldwide by Western governments and human rights organizations, who charge that the heavy-handed tactics makes a mockery of the ruling junta's professed plan to restore democracy through elections in 2010.

(This version CORRECTS name of journal in graf 2 to Myanmar Nation, and total number of members of the 88 Generation Students sentenced to 37 sted 46 in graf 5)

အချစ်ငတ်သူ

တကယ်တော့ မြန်မာပြည်ဆိုတာ
အရမ်းချစ်ပြီး ဘယ်လိုမှလက်ထပ်လို့မဖြစ်နိုင်တဲ့
မိန်းမတစ်ယောက်ပေါ့ …

ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ ...

၂၁ ရာစုမှာ internet ကို
ဆန်တစ်ပြည်လောက်မှ တန်ဖိုးမထားတဲ့ မိန်းမ ...

အမှောင်ထဲမှာပဲ ပျော်ပိုက်ပြီး
ညတွေမှာ မီးမလင်းနိုင်တဲ့ မိန်းမ ...

ခဏခဏပြင်ပြီး အညာခံနေရတဲ့
နှစ်သုံးဆယ်စီမံကိန်းပညာလောက်ပဲတတ်တဲ့ မိန်းမ ...

ပြည်ပလုပ်အလှပြင်ကိရိယာ ပြည်ပကနည်းပညာနဲ့
ကိုယ့်ကိုယ်ကို အလှဖန်တီးရှင်ပါလို့
စက်မူဇုန်ထဲကနေ ကြုံးဝါးနေတဲ့ မိန်းမ …

တတ်သမျှပညာတွေ ရှိသမျှလုပ်အားတွေနဲ့
ပြည့်ပြည့်ဝဝ လုပ်ကျွေးတာတောင်
လက်ဖက်ရည်ဖိုးလောက်ပဲ ပြန်ပေးချင်တဲ့ မိန်းမ ...

သည်းခံယူပြီး ပြုပြင်ပေးချင်တာတောင်
အုပ်ထိန်းသူက လက်သင့်မခံတဲ့ မိန်းမ ...

ယုတ်မာကောက်ကျစ်ပြီး အကြံပက်စက်လွန်းတဲ့
ပထွေးရဲ့တာဝန်ယူမူကို ခံထားရရှာတဲ့ မိန်းမ …

အုပ်ထိန်းသူတွေ ကိုယ်တိုင်က
ပြည့်တန်ဆာဇာတ်သွင်းခြင်းကို
မသိမသာ ခံနေရရှာတဲ့ မိန်းမ ...

သားသမီးတွေကို နွေးနွေးထွေးထွေးချစ်တတ်ပေမယ့်
ပထွေးမျက်နှာကြည့်ပြီး အသက်ရှူနေရရှာတဲ့ မိန်းမ …

ဒီလိုမိန်းမမျိုးနဲ့ကျွန်တော်
ဘယ်လိုလက်ထပ်လို့ဖြစ်နိုင်ဦးမှာလဲဗျာ ...

ဘယ်လိုပဲ ရည်းစားတွေထပ်ပြီးထားထား
သူ့ကိုတော့ တစ်နေ့မှမေ့မရနိုင်တာ အမှန်ပါပဲ ...

တကယ်လို့များ ...
သူ့ပထွေးကြီးမရှိတော့ဘူးဆိုရင် …

လက်ဖက်ရည်ဖိုးလောက်ပဲ ပေးပေး
ပြည့်တန်ဆာပဲဖြစ်နေပါစေ
အရာရာကိုပြုပြင် လက်ထပ်ချင်တဲ့ကောင်ပါ ...

တကယ်တော့ ...
ကျွန်တော့်ချစ်သူ မြန်မာပြည်ဟာ
စိတ်သောကတွေကြုံတိုင်းမှာ
အဖေကိုလွမ်းဆွတ် ငိုကြွေးတတ်တဲ့
အရမ်းလှပတဲ့ဗီဇတွေကို
ပထွေးက အနိုင်ကျင့် အစော်ကားခံလိုက်ရတဲ့
ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပါ ...

အခုတော့ ကျွန်တော် မိဘသဘောတူထားတဲ့ ချစ်သူ (singapore) နဲ့ပဲ တွဲနေရတယ်...သူ့ကို မချစ်ပေမယ့်.... အရမ်းချစ်ရတဲ့ ချစ်သူ (myanmar) ကိုဆက်ပြီးလက်တွဲ နေဖို့က ဘယ်လိုမှမဖြစ်နိုင်သေးတော့....


Author : Singapore နဲ့ချစ်သူဖြစ်နေသူတစ်ဦး

မြန်မာ စစ်ထောက်လှမ်းရေး တစ်ဦး မလေးရှားတွင် တွေ့ရှိခြင်း

နိုဝင်ဘာ ၂၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ Prince ဟိုတယ် အတွင်း ကျင်းပ ပြုလုပ်သည့် မြန်မာ့ တိုင်းရင်းသား ခေါင်းဆောင် အချို့နှင့် NCGUB မှ လူကြီးများ မြန်မာ့နိုင်ငံရေး အခြေအနေ နှင့် ပြည်သူများ စားဝတ်နေရေး လက်ရှိအခြေအနေ ဆွေးနွေးပွဲသို့ နအဖ စစ်အုပ်စုမှ ထောက်လှမ်းရေး စေလွှတ်ပြီး သတင်းရယူခဲ့ကြောင်း သိရှိရသည်။
စေလွှတ်ခံရသူ ထောက်လှမ်းရေးမှာ မျိုးမြင့်မောင် ဖြစ်ပြီး၊ ၎င်းအား ဓါတ်ပုံရိုက် သတင်းယူခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။ သူသည် အစည်းအဝေး ခန်းမအတွင်း ဓါတ်ပုံများ ရိုက်နေစဉ် မသင်္ကာသဖြင့် အစည်းအဝေး တက်ရောက်ကြသူများမှ ခေါ်ယူမေးမြန်းရာတွင် မိမိမှာ စစ်ထောက်လှမ်းရေး ဖြစ်ကြောင်း အဖြစ်မှန်ကို ဝန်ခံခဲ့သည်။ ၎င်းထံမှလည်း သက်သေခံ အထောက်အထား စာရွက်စာတမ်းများ တွေ့ရှိရကြောင်း ပြောသည်။

သို့ရာတွင် အစည်းအဝေး တက်ရောက်လာကြသူများမှ ၎င်းအား တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ပြန်လွှတ် ပေးလိုက်သည်ဟု သိရသည်။

နအဖ အစိုးရသည် ငွေကြေး အမြောက်အများ သုံးစွဲကျခံလျှက် ပြည်ပတွင် နေထိုင်လျှက်ရှိသည့် မြန်မာလူမျိုး များအား ခြိမ်းခြောက် နှောင့်ယှက်မှု အမျိုးမျိုးပေး၍၊ ပြည်ပရှိ မြန်မာ နိုင်ငံဆိုင်ရာ သတင်းဌာနများ၊ ဘလော့ဂ်များ၊ အတိုက်အခံများကို သဲသဲမဲမဲ တိုက်ခိုက်နေကြောင်းလည်း သတင်းရရှိသည်။

ထိုကဲ့သို့ အခြားနိုင်ငံ တစ်နိုင်ငံ၏ ပိုင်နက်အတွင်း၊ အထူးသဖြင့် အာဆီယံ နိုင်ငံများအတွင်း မြန်မာ အစိုးရသည် မြန်မာနိုင်ငံသံရုံးမှ တဆင့် ထောက်လှမ်းရေးများ စေလွှတ် သတင်းရယူလျှက် ရှိကြောင်း သိရှိရသည်။

Saturday, 29 November 2008

HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ချမှတ်ခံရ

28 November 2008

မြန်မာစစ်အစိုးရ ကနေ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ အနည်းဆုံး အယောက် ၂၂ ကို ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပြန်ပါတယ်။ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူ ဦးမြင့်အေး အပါအ၀င် လှုပ်ရှားသူအချို့ ကိုတော့ ဖောက်ခွဲ ဖျက်ဆီးရေး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တသက်တကျွန်း အပြစ်ဒဏ် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန်ဦး က တင်ပြထားပါတယ်။

ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံရတဲ့အထဲမှာ HRDP လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ က ဦးမြင့်အေး အပါအ၀င် အဖွဲ့ဝင်အချို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်တွေ၊ ၈၈ မျိုးဆက်နဲ့ ၂၀၀၇ မျိုးဆက်သစ် ကျောင်းသားတွေ၊ နောက် စာနယ်ဇင်းဖက်ဆိုရင် မြန်မာနေရှင်း ဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့ အားလုံး စုစုပေါင်း အနည်းဆုံး ၂၂ ဦး ရှိပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးကိုတော့ ဖောက်ခွဲဖျက်ဆီးရေး ပုဒ်မနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး က အခုလို ပြောပါတယ်။

“ဦးမြင့်အေးက ပုဒ်မ ၃/၆ ဖေါက်ခွဲကူညီ ပေါ့နော်။ အဲဒါနဲ့ တသက်တကျွန်း၊ ရန်ရွှေက ဖေါက်ခွဲ နဲ့ တသက်တကျွန်း ပုဒ်မ (၃)။ နောက်တခါ ၁၇/၁ နဲ့ ၃ နှစ်။ ၁၃/၁ နဲ့ ၅ နှစ်၊ ၁၃/၅ နဲ့ ငါးနှစ်၊ ရန်ရွှေက ပေါင်း တသက်တကျွန်းနဲ့ ၁၃ နှစ်။ နောက် ဇော်ဇော်အောင်။ ဖေါက်ခွဲသုံးနဲ့ တစ်သက်တကျွန်း၊ ၁၇/၁ နဲ့ ၃ နှစ်၊ ၁၃/၁ နဲ့ ၅ နှစ်၊ တသက်တကျွန်းနဲ့ ရှစ်နှစ်။”

အခြား HRDP အဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် နောက်ထပ် ၄ ဦး ကိုလည်း ရွှေပြည်သာ တရားရုံးကနေ ထောင်ဒဏ် ၈ နှစ်စီ အမိန့် ချလိုက်တယ်လို့ သိရပါတယ်။ မြန်မာနေရှင်းဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့နှစ်ဦး ကိုတော့ ၁၇/၂၀ ပုံနှိပ်အက်ဥပဒေ နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ က ၁၃ ဦး ကိုလည်း ထောင်ဒဏ် ၆ နှစ်စီ အမိန့် ချခဲ့တယ်လို့ ကိုမောင်မောင်လေး ကပဲ အခုလို ပြောပါတယ်။

“ဒီနေ့ အရှေ့ပိုင်း ခရိုင် ရုံးကပေါ့နော် ကိုသိန်းသန်းထွန်း၊ ဇော်ထက်ကိုကို၊ ချစ်ကိုလင်း၊ မလေးလေးမွန်၊ မနိုဘယ်အေး (ခေါ်) မေဦး၊ မနွဲ့နှင်းရီနိုးနိုး၊ သရဖီသိမ့်သိမ့်ထွန်း၊ မအေးသီတာ၊ ကျော်ဇင်ထွန်း၊ ကိုကြည်သန်း၊ စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ မောင်သိုက်စိုး၊ ဒေါ်စန်းစန်းတင် အဲဒီ ၁၃ ယောက်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ သုံးကြိမ် စွဲပြီးတော့ ထောင်ဒဏ် ၆ နှစ် ချလိုက်တယ်။

အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဖောက်ခွဲရေးပုဒ်မတွေနဲ့ အရေးယူခံရတဲ့ ကိုမြင့်အေး၊ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ မိသားစုဝင်တွေ ကတော့ သူတို့ကို အပြစ်စီရင်ခံတဲ့ တရားရေးစနစ်ဟာ မျှတမှုမရှိသလို၊ အခု အရေးယူခံရတဲ့ ပြစ်မှုတွေမှာလည်း ဘာမှ ထင်ရှားတဲ့ အထောက်အထားတွေ မရှိပါဘူးလို့ ပြောကြပါတယ်။

“ကိုမြင့်အေး ဟာ မြန်မာနိုင်ငံ ကသာမကဘူး ကမ္ဘာကပါ အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးသမား တယောက် ဖြစ်ပါတယ်။ မနှစ်ကတုန်းက (၅၉) နှစ်မြောက် လူ့အခွင့်အရေးနေ့မှာဆိုလို့ရှိရင် လူ့အခွင့်အရေး ကောင်စီကနေ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးဆီက သ၀ဏ်လွှာ ပေးပို့ခြင်းခံရတဲ့သူ ဖြစ်ပါတယ်။ ဒီလို လူတယောက်ဟာ ဒီလို ဖောက်ခွဲပုဒ်မ နဲ့ တသက်တကျွန်း ချခံရတယ်ဆိုတာ မုန်တိုင်းထန်တဲ့ ရက်တွေပြီးလို့ရှိရင် လေပြေလာမယ့် ရက်တွေကို စောင့်မျှော်နေပါတယ် ဆိုတဲ့ စကားပဲ ပြောလိုပါတယ်။”

“တော်တော်ကို နည်းလမ်းမကျတဲ့ ကိစ္စတွေပါ။ ဘယ်ကမှ သတင်းမရဘူး။ ဖမ်းတာဆီးတာလည်း မသိဘူး။ ၂ လလောက် နေမှ သိတာ။ သိတော့ ဖမ်းထားတယ် ဒီလို ဖောက်ခွဲရေး ကိစ္စနဲ့ပတ်သက်ပြီး အဲလို သတင်းကြားလို့လိုက်တော့ ထောင်မှာ ရောက်နေတယ်။ တို့ မိဘတယောက် အနေနဲ့ကတော့ကွာ ဟုတ်တယ်ဆိုရင်တော့ မပြောလိုပါဘူး။ ဘာမှလည်း မသိရတာ၊ ဟုတ်လည်း မဟုတ်ဘဲနဲ့။ နောက်ပြီးတော့ ဦးနဲ့ ကိုယ်တိုင် အလုပ်လုပ်နေရင်းနဲ့ ဖြစ်တဲ့ဖြစ်ရပ်ပဲကွ၊ မမှန်မကန်ဆိုတော့ စိတ်ထိခိုက်ရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ် အမှန်အကန်ဆိုရင် တို့ မပြောလိုပါဘူး။ မခံထိမခံသာ ဖြစ်တယ် ပေါ့ကွာ။ ပြောမယ် ဆိုလို့ရှိရင်တော့ သူတို့အခု လုပ်နေတဲ့ လုပ်ရပ်က အကုန်လုံး ရုံးမှာ ရှေ့နေတွေ မလိုက်နိုင်တဲ့ အဆင့်မှာတောင်မှပဲ တို့ လူစိမ်းတွေတောင်မှပဲ မမှန်ကန်ဘူးဆိုတာ ပေါ်လွင်နေတယ်။”

“ရင်ထဲမှာ ခံစားရတာက အပြင်ဘက်မှာ ထုတ်ဖော်လို့ရှိရင် ရှုံးရာ ကျမှာစိုးလို့ မျက်ရည်တစက်တောင် မကျခဲ့ပါဘူး။ ရင်ထဲမှာတော့ ခံစားရတာ အတိုင်းထက်အလွန်ပေါ့။ မွေးထုတ်ထားတဲ့ မိခင် ပဲ သားရယ်။ အန်တီသား က ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးဘူး။ သူများ သွေး ထွက်သံယိုဖြစ်အောင်လည်း မရိုက်နှက်ခဲ့ဘူး။ အဲဒီတော့ ဒီ ဗုံးကြီးကို သွားထောင်တယ်ဆိုတာ အန်တီ က လုံးဝ မယုံကြည်ဘူး။ ရပ်ကွက်ထဲက သူတွေကလည်း လုံးဝ မယုံကြည်ဘူး။ အန်တီ့သားက ဒါကြောင့်မိုလို့ သူတို့ လာပြောတဲ့အချိန်မှာ ခင်ဗျားသား က ကြံ့ခိုင်ရေး ရုံး ဗုံးဖေါက်တဲ့အထဲမှာ ပါတယ် ဆိုတော့ အန်တီ က မကြားဘူးတဲ့စကား ကြားလိုက်ရတဲ့အတွက် ရင်ထဲမှာ ဆို့ပြီးတော့ ပစ်လဲကျသွားတယ်။”

ဒါကတော့ ဖောက်ခွဲရေးပုဒ်မတွေနဲ့ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုမြင်အေး။ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ရဲ့ မိသားစုဝင်တွေ ပြောသွားတာပါ။ သူတို့ကို တော့ ကြံ့ခိုင်ရေး နဲ့ ဖွံဖြိုးရေးအသင်း ရန်ကုန်တိုင်း မြို့နယ်ရုံးတရုံးကို ဗုံးခွဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တွေ အခုလို ချခဲ့တာပါ။ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး ကတော့ အာဏာပိုင်တွေ အနေနဲ့ ဦးမြင့်အေး ကို လူ့အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ ဖမ်းမရလို့ အခု အမှုနဲ့ အကွက်ဆင် ဖမ်းခဲ့တာလို့ ယူဆပါတယ်။

“ရဲဘော်တွေနဲ့ ကျနော် လုပ်ခဲ့ကိုင်ခဲ့တဲ့တလျှောက် ဒီကိစ္စမျိုးတွေနဲ့ ပတ်သက်တာမျိုး တစုံတရာမှ ကျနော်တို့ စဉ်းစားခြင်း၊ တွေးခေါ်ခြင်းတောင် မရှိဘူး။ ဒါကြောင့် ဒီကိစ္စကို ၁ အချက် လုံးဝ ငြင်းတယ်။ ၂ အချက် - အခုလို စွပ်စွဲတဲ့အချက်တွေက ကျနော်တို့ ဖမ်းဆီးသွားတဲ့ အနေအထားမျိုးမှာ သော်လည်းကောင်း၊ စစ်ကြောရေးကာလမှာ သော်လည်းကောင်း၊ လက်ရှိ တရားရေးအရ တင်လာတဲ့ အခြေအနေတွေအပေါ်မှာ သုံးသပ်လိုက်လို့ရှိရင် ဖမ်းဆီးတဲ့အခါမှာ သူတို့ ဥပဒေနဲ့ မညီမျှပါဘူး။ ဥပဒေနဲ့ မညီစွာ ဖမ်းသွားတယ်ဗျာ။ စစ်ကြောရေး ကာလတွေမှာလည်း ဦးမြင့်အေး ကိုဆိုရင် ၇ ရက် ၇ ည ဆက်တိုက် ပေါ့နော်။ သူ့အသက်အရွယ် ၆၀ နားနီးနဲ့ မတန်အောင် စစ်ဆေးခံရတယ်။ ရန်ရွှေ ဆိုရင် ၈ ရက်နဲ့ ၈ ည ပြင်းပြင်းထန်ထန် စစ်ဆေးခံခဲ့ရတယ်။ မျိုးမင်းတို့၊ သန့်ဇော်မြင့် တို့ ဆိုရင်လည်း အဲဒီလိုပဲ စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် စစ်ဆေးခံရတယ်။ စ ဖမ်းကတည်းက တရားဥပဒေနဲ့ မဆီလျော်တဲ့ကိစ္စတွေကို စလုပ်တာပဲ။ တရားဥပဒေ စိုးမိုးရေး အကြောင်းပြပြီးတော့ ရှေ့မှာ မြန်မာပြည်မှာ ဖောက်ခွဲမှု ဖြစ်စဉ်တွေ အကြိမ်ကြိမ် အခါခါ ဖြစ်ခဲ့ပါတယ်။ တခါမှ စစ်မှန်တဲ့ တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီ ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိတဲ့ကိစ္စအပေါ်မှာ အစားထိုး တရားခံ ရှာလိုက်တယ်ဗျ။ အဲဒီအထဲမှာ HRDB ကို သူတို့ ရှာလို့ ပိုပြီးတော့ အဆင်ပြေသွားတယ်လို့ တွေ့ရပါတယ်။”

HRDP အဖွဲ့က ကိုမောင်မောင်လေးဖြစ်ပါတယ်။ မိသားစုဝင်တွေက အခု ထောင်ချခံရသူတွေကို အရင်လူတွေလိုပဲ နယ်ဝေး ထောင်တွေကို ပို့မှာ စိုးရိမ်နေကြပါတယ်။ မနေ့ကအထိဆိုရင်တော့ တလအတွင်းမှာ နိုင်ငံရေးလှုပ်ရှားသူပေါင်း ၂၀၈ ဦးကို အာဏာပိုင်တွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ခန့်မှန်းချေ ၁၀၀ ကျော်ကိုတော့ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့ ခဲ့ပါတယ်။

VOA news

Friday, 28 November 2008

ထေရဝါဒ မြန်မာဘုန်းတော်ကြီးကျောင်း ၂ဝဝ၉ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ပထမဆုံး ပေါ်ထွန်းတော့မည်

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၂၇။
သတင်း-သန့်မျိုးထွေး(မိုးသောက်ကြယ်)၊ ဓါတ်ပုံ-သန်းဝင်း(BDA Group)

ပေါ်ထွန်းလာတော့မည့် ၃ ထပ်တိုက်မြန်မာဘုန်းကြီးကျောင်းပုံစံ

ဂျပန်နိုင်ငံရောက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတို့၏ ထေရဝါဒကိုယ်ပိုင် ဘုန်းတော်ကြီးကျောင်းတခုကို အများ စုပေါင်းလှူတန်းအားထုတ်မှုဖြင့် ၂ဝဝ၉ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တိုကျိုမြို့၌တည်ထောင်နိုင်တော့မည် ဖြစ်ကြောင်း ကျောင်းဖြစ်မြောက်ရေးကော်မတီဝင်များ၏ ပြောပြချက်အရသိရသည်။

''လွန်ခဲ့တဲ့(၆)နှစ်လောက်ကတည်းက တရားပွဲတွေဒီမှာ(တိုကျိုမှာ)ကျင်းပကြရင်း မြန်မာတို့ရဲ့ ထေရဝါဒ ကိုယ်ပိုင် မြန်မာဘုန်းကြီးကျောင်းတခုပေါ်လာ နိုင်ခဲ့ရင်ကောင်းမယ်လို့ ရည်ရွယ်ထားခဲ့ကြတာ...''ဟု ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်သူ ဦးအောင် သက်နိုင်(ခေါ်)ကိုအီးစိန်မှရှင်းပြသည်။

ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ခဲ့သည့် ၂ဝဝ၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ကြွရောက်စဉ် မြန်မာအများက ဆရာတော်ကြီးထံ၌ (၁)နှစ်အတွင်း မြန်မာဘုန်းတော်ကြီးကျောင်း တခုပေါ်ပေါက်အောင် ကြိုးစားကြမည်ဟုကတိခံခဲ့ကြကြောင်း၊ ဆရာတော်ကြီး ကိုယ်တိုင်မှလည်း ကျောင်းဖြစ်မြောက်လာမည်ဆိုပါက အမေရိကန်ဒေါ်လာ(၅ဝ,ဝဝဝ)ငါးသောင်းကို ထောက်ပံပေးမည် ဟု မိန့်ကြားထားခဲ့ခြင်းကြောင့် အားလုံး၏ စေတနာ၊ သဒ္ဒါတရားထက်သန်စွာဖြင့် ကြိုးစားလှူတန်းမှုကြောင့် ကျောင်းဖြစ်မြောက်လာမှာမည်ဖြစ်ကြောင်းသိရသည်။

ကျောင်းတည်နေရာမှာ တိုကျိုမြို့အနောက်ဘက်၊ မြန်မာများနေထိုင်သည့်နေရာနှင့်မနီးမဝေး၊ အီခဲဘုကုရို(Ikebukuro)ဘူတာမှ တိုးဘု တိုးဂျိုး(TobuTojo Line) ရထားဖြင့် (၄)ဘူတာသာစီးရသည့် (Naka Iitabashi)အရပ်တွင်တည်ရှိမှာဖြစ်ကြောင်း၊ ဘူတာမှလမ်းလျှောက် လျှင် (၃)မိနစ်ခန့်သာကြာမြင့်ပြီး အထပ်(၃)ထပ်နှင့် အပေါ်ဆုံး၌ အထပ်ပို(၁)ထပ်ပါရှိသည်ဟုသိ ရသည်။ အကျယ်အားဖြင့် အထပ်တိုင်း သည် (ဂျပန်အခေါ် ဖျာ-၁၂ချပ် အခန်း) ပေ(၂ဝ)ပတ်လည်ခန့် ကျယ်ဝန်းသည်ဟုဆိုကြသည်။

''အခုကျောင်းဖြစ်လာမဲ့အဆောက်အဦက ဂျပန်ယန်း(၃၂)သိန်းအမေရိကန်ဒေါ်လာနဲ့ဆိုရင်(၃၂ဝ,ဝဝဝ)ကျပါတယ်။ ဒါပေမဲ့ ကျမတို့က နိုင်ငံခြားသား တွေဆိုတော့ ဝယ်ယူနိုင်ဖို့အတွက် အဆင်ပြေအောင်ရှေ့နေငှားခ၊ ဝန်ဆောင်ခတွေနဲ့ ဘုန်းကြီးကျောင်းပုံစံဖြစ်အောင် ပြင် ဆင်စားရိတ်နဲ့ပါပေါင်းလိုက်ရင် အားလုံးယန်း(၃၅)သိန်း(ယန်းသောင်း ၃,၅ဝဝ)လောက်ဖြစ်သွားတယ်။ အခုကောက်ခံရရှိထားပြီးတာက ယန်း(၁၅)သိန်းနဲ့ ပီနန်ဆရာတော်ကြီးက ထောက်ပံ့မှာနဲ့ဆိုရင် ယန်းသိန်း(၂ဝ)ပဲရပါသေးတယ်။ နိုဝင်ဘာ(၂၄) ရက်နေ့က ပထမဆုံး ရံအဖြစ် (၁ဝ)ရာခိုင်နှုန်းကိုပေးချေပြီးပါပြီ။ ကျန်တဲ့(၉ဝ)ရာခိုင်နှုန်း ကိုတော့လာမယ့်၂ဝဝ၉ခုနှစ်၊(၂)ပိုင်းထဲမှာ အပြီးပေးချေရပါမယ်။ ဒါကြောင့်နောက်ထပ်ယန်း(၁၅)သိန်း လောက်ကလိုနေပါသေးတယ်...''ဟုဒေါ်ခင်စန်းရီမှ ဆက်လက်ပြောပြသည်။

ထေရဝါဒဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးဖြစ်မြောက်ရေးအတွက် အလှူတော်ငွေများ လှူတန်းလိုပါက

ဦးမောင်မောင်လှ- ၀၉၀ ၉၀၀၈ ၂၁၁၃ ၊ ဦးတင်အောင်- ၀၉၀ ၃၂၁၂ ၈၉၆၃

ဒေါ်ခင်စန်းရီ- ၀၈၀ ၅၅၃၀ ၁၉၈၈ ၊ ဦးမောင်မောင်သန်း- ၀၉၀ ၈၁၀၃ ၉၈၃၄

ဒေါ်ခင်ခင်မိုး- ၀၉၀ ၅၅၅၉ ၇၀၁၇ ၊ ဒေါ်နွဲ့နွဲ့ကျော်- ၀၈၀ ၃၄၅၈ ၀၆၉၇

ဦးအောင်သက်နိုင်(ခ)ကိုအီးစိန်- ၀၇၀ ၆၉၈၃ ၉၀၉၂ ၊ ဦးစိုးမြင့်ရွှေ-၀၉၀ ၃၅၀၂ ၀၀၅၂

အိုးစုခဓမ္မာရုံ- ၀၃ ၃၉၁၆ ၁၉၅၆

ဘဏ်မှတဆင့် အလှူငွေပေးပို့လိုပါက-

MIZUHO BANK

(MCWA)

AC/NO: 193 2115650

Court Adds 14 Years to Comedian's Jail Sentence For Criticizing Government in Burma

27 Nov 2008/ AP news

A court inside Burma's notorious Insein prison sentenced a comedian who has criticized the government's cyclone response to 14 more years Thursday, bringing his total prison term to 59 years, his lawyer said.

Comedian and activist Zarganar was given a 45-year prison sentence last week after he was convicted on charges related to interviews he gave to foreign media outlets. In the interviews, he said the government was too slow in responding to a May cyclone that killed more than 84,000 people.

Burma's military, which has held power since 1962, tolerates no dissent. It frequently arrests artists and entertainers regarded as opposing the regime.

It has further ramped up its crackdown on dissent since Buddhist monks led pro-democracy protests in September 2007.

The government holds more than 2,100 political prisoners, up sharply from nearly 1,200 in June 2007, before the demonstrations, according to international human rights groups.

The military government's wave of harsh sentences has been condemned worldwide by Western governments and human rights groups. They contend that the sentences make a mockery of the ruling junta's professed plan to restore democracy with a 2010 election.

Zarganar's lawyer, Khin Htay Kywe, said he was convicted Thursday for causing public alarm, a reference to his interviews with foreign media, and for communicating with exiled dissidents, among other charges.

Zarganar, whose birth name is Maung Thura, was among at least 100 people to receive sentences of two to 65 years since early November. Many of the trials were held in closed sessions, sometimes without defense lawyers or family present.

He has been imprisoned several times before, including a three-week stint for providing aid to those who demonstrated last year.

Myanmar timber export market declines


Myanmar’s timber export market has apparently declined as international purchase power falls, triggered by the global economic crisis, reported the local Weekly Eleven News Tuesday (November 25, 2008).

Quoting a recent paper reading session involving timber entrepreneurs, the report said that in Myanmar’s legal teak export market, India took up 38 percent, standing atop, followed by Europe with 20 percent and North America 10 percent.

As such countries as India, China and European’s are facing economic crisis, Myanmar’s timber export market are also being impacted, it said.

China stands as Myanmar’s largest consumer of tropical wood, while India lines up as the second.

Some experts also viewed that along with the increased large- scale infrastructural construction in China, demand of timber would certainly be high giving rise to more opportunity to Myanmar’s timber export.

Meanwhile, as the market prices of teak worldwide rises, the inclusion of teak in furniture shows remain with only about 5-10 percent, the paper reading session said, however, adding that the teak prices remain steady at 1.5-2.0 million Kyats (1,250-1,660 U. S. dollars) per ton.

According to market survey, parquet was priced as 4,500 to 5,000 U.S. dollars per ton previously, while it is now quoted at only around 3,500 dollars per ton.

Myanmar held furniture shows occasionally since 2004 to introduce the country’s value-added wood products to the world market since export of wood log is restricted and export of teak log by the private sector also banned since 1992 when the government enacted the Forest law.

According to official statistics, Myanmar exported 399,596 cubic-meters of teak and 1.12 million cubic-meters of hardwood in the fiscal year of 2007-08 which ended in March, gaining a total of 538 million U.S. dollars of foreign exchange.

During the year, timber stood as the country’s fourth largest export goods after natural gas, agricultural produces and mineral products.

Myanmar is rich in forest resources with forest covering about 50 percent of its total land area.

Wednesday, 26 November 2008

ကလေး


ကလေး


အနှစ် နှစ်ဆယ်လုံးလုံး
ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာတောင်
ထွက်မလာသေးတဲ့ ကလေး။

အင်္ဂုလိမာလ သုတ်မပြောနဲ့ ၊
ရွှေဝါရောင်လင်းနေတဲ့ ရင်ဘတ်တွေနဲ့ 
မေတ္တာသုတ် အထပ်ထပ်ရွတ်ခဲ့တာတောင်
ထွက်မလာသေးတဲ့ ကလေး။

နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ်
ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့ 
ဆွဲထုတ်ပြီးတော့ မွေးရမလား။
လက်ရုံးတွေကို ဓားလိုသွေး
ခွဲစိတ်ပြီးတော့ မွေးရမလား။

အဖြစ်က
ဇက်သေနေတဲ့ စတီယာရင် တစ်ချောင်းနဲ့
ယာဉ်သုံးစီးကို တစ်ပြိုင်တည်း မောင်းနေရသလိုမျိုး။
ကလေး ထွက်လာဖို့ လည်းလိုတယ်။
မွေးမွေးချင်း သေမသွားဖို့ လည်း လိုတယ်။
မိခင်ရဲ့ အသက် မဆုံးရှုံးဖို့ လည်းလိုတယ်။

နတ်ကြီးတဲ့ ဝိညာဉ်နှစ်ခုမို့
ဘုရားသခင်က အတင်းလာလုနေတာလား။
အသက် နှစ်ချောင်းက ငါတို့ ရဲ့  လက်ထဲမှာ တည်းတည်းကလေး။

မိခင်ရဲ့  ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။
ကလေးရဲ့ ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။

ကလေးရဲ့ ဖခင်လည်း
တမလွန်ကနေ ပူပန်နေတော့မယ်။
ဘောလုံးပွဲကြည့် ပရိသတ်တွေလို
အနှစ် နှစ်ဆယ်လုံးလုံး အားပေးခဲ့ကြတဲ့ သူတွေလည်း
အသံတွေ ဝင်ပြီး မောကုန်ကြပြီ။

ဘာပဲဖြစ်ဖြစ်၊
ဒီကလေးဟာ
ကောင်းကင်ဖျားမှာ တည်းတည်းလေး သီးနေတဲ့ ပတ္တမြားတစ်ပွင့်ကို
ချူပေးနိုင်မယ့် တံချူလေး၊
ငါတို့ ရှင်အောင် မွေးနိုင်ရင်
လာဘ်လာဘ တွေကို ယူဆောင်လာမယ့် ကလေးမို့
အိမ်သားအားလုံးကတော့
ရင်တထိတ်ထိတ်နဲ့ 
အံကိုကြိတ်ပြီး မျှော်နေကြတယ်။

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

ကောင်းကင်ကို

နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်များသို့ ပြောင်းခံရ

25 November 2008/VOA News

အဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ဦးကို ဝေးလံတဲ့ထောင်တွေ ဆီ ဒီနေ့ ဆက်ပြောင်းခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က ချိတ်ပိတ်ခံ ထားရတဲ့ မဂ္ဂင်ကျောင်းတိုက်ရဲ့ ဆရာတော်လည်း ပါဝင်ပါတယ်။ မနေ့တုန်းကလည်း Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက အဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်ဆီ ချမှတ်လိုက်ပါသေးတယ်။ ဒီကိစ္စတွေကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက နေ့စဉ် အသိပေး တိုက်တွန်းနေပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနေ့လည်း ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ယောက်ကို မိသားစု တွေနဲ့ဝေးလံတဲ့ ထောင်တွေဆီ ပြောင်းရွှေ့လိုက်တဲ့အကြောင်း အန်န်အယ်လ်ဒီပါတီ လူငယ်အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

"ဒီနေ့ ၂၇ ဦးပြောင်းတယ်။ ကျနော်တို့ အန်န်အယ်လ်ဒီကရော၊ သံဃာတော်တွေလည်း ပါတယ်၊ အခြားဆိုက်ကလည်း ပါတယ်။ အီစမိုင်က ဘားအံကိုပြောင်းတယ်၊ အန်န်အယ်လ်ဒီက ကိုတင်ဝင်းနဲ့ ကိုအောင်မြင့် မြစ်ကြီးနား၊ ဦးဣိန္ဒကခေါ် အောင်သန်းမြင့် သူက မဂ္ဂင်ဆရာတော် လားရှိုး၊ ဦးအိန္ဒရိယ (ခ) ဂျောင်းဂျောင်းခေါ် ကိုအေးမောင်ကြီးက သီပေါ၊ ဦးပဏ္ဍ၀ံသခေါ် ဦးဖေကျော် စစ်တွေ၊ ကိုသိုက်မင်း

အန်န်အယ်လ်ဒီက သီပေါ၊ ကိုအောင်သန်း သံတွဲ၊ ခင်မောင်လတ် ကျောက်ဖြူ၊ ညီညီမင်း အန်န်အယ်လ်ဒီက သံတွဲ၊ ဦးဖိုးကြွယ် မြစ်ကြီးနား၊ အောင်သိန်းလွင် ဗန်းမော်၊ အန်န်အယ်လ်ဒီလူငယ် နေဇာမျိုးဝင်း ရမည်းသင်း၊ ထွန်းဝေထွန်း လားရှိုး၊ ကိုအုန်းကျော် အန်န်အယ်လ်ဒီ ဒေါပုံ လားရှိုး၊ အောင်ကျော်ဦး အန်န်အယ်လ်ဒီလူငယ်

လားရှိုး၊ ကိုကျင်လှိုင် အန်န်အယ်လ်ဒီ ပခုက္ကူ၊ ကိုသန့်ဇော် အန်န်အယ်လ်ဒီလူငယ် ဟင်္သာတ၊ ကိုဇော်မင်း အန်န်အယ်လ်ဒီ သံတွဲ၊ ဇော်ဇော်အောင် အန်န်အယ်လ်ဒီ သာယာဝတီ၊ ခင်မိုးအေး သရက်၊ အောင်ကျော်မိုး အန်န်အယ်လ်ဒီ မြင်းခြံ၊ ဒေါ်ခင်အေး ကုန်ဈေးနှုန်းကျဆင်းရေးက မြောင်းမြ၊ ၈၈ မျိုးဆက်လူငယ်ထဲက စည်သူမောင်ရဲ့အဖေ ကိုပီတာ လွိုင်ကော်၊ လှိုင်မင်း သီပေါ၊ မင်းမင်းစိုး မြင်းခြံ၊ မပဲ သာယာဝတီ၊ အဲဒီလူတွေအားလုံးကို ဒီနေ့ပို့တယ်။"

မနေ့တုန်းကလည်း Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်း အရုံးက ပုဂ္ဂိုလ် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်စီ ချမှတ်လိုက်တဲ့အကြောင်း သူကပဲ ဆက်ပြီးရှင်းပြပါတယ်။

"မနေ့တုန်းက အမိန့်ချလိုက်တာ Generation Wave က စောမောင်ရယ်၊ ကျော်ဦးရယ် ကို ၈ နှစ်စီချလိုက်တယ်။ ကြည့်မြင်တိုင်တရားရုံးကနေ ချတယ်။ သူတို့ကို ၅/၆ နဲ့ ချတယ်။"

အေအေပီပီဘီလို့ခေါ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံက အခုလို မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံ တကာအဖွဲ့အစည်းတွေက အရေးယူဆောင်ရွက်နိုင်ဖို့ သူတို့တွေ နေ့စဉ်နဲ့အမျှ အသိ ပေးနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ အေအေပီပီအဖွဲ့က ကိုလေးလွင်က အခုလိုရှင်းပြပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ စာရင်း ဇယားတွေ ပြုစုပေးတယ်။ ဘယ်သူတွေကို ဘယ်ထောင်ပို့လိုက်တယ်၊ ဘယ်သူတွေက ထောင်ဘယ်လောက်ကျတယ်၊ အဲဒါတွေကို ကျနော်တို့က နေ့စဉ်နဲ့အမျှ ပြုစုပြီးထားတဲ့ စာရင်းဇယားတွေကို နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ဥပမာ ဟောင်ကောင်မှာရှိနေတဲ့ အဖွဲ့အစည်း AHRC၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ Amnesty International ပြီးရင် လူ့အခွင့်အရေးကောင်စီ ဒါတွေကို အချက် အလက်တွေ စုဆောင်းပြီး ပေးပို့တယ်။

"သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကနေ ဒါတွေကို အရေးယူဆောင်ရွက်နိုင်အောင် တဖက်မှာ သူတို့ကလည်း လုပ်ဆောင်နေကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူအန်ကနေ ပြီး ဒီကိစ္စတွေအပေါ်မှာ အရေးယူဆောင်ရွက်ဖို့၊ ဒါတွေဟာ မသင့်တော်တဲ့အကြောင်း ပူးတွဲကြေညာချက်တစောင် ထွက်လာတာရှိပါတယ်။"

မြန်မာစစ်အစိုးရဘက်က အခုလိုမျိုး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဝေးလံတဲ့ ထောင်တွေကို ပို့ပစ်တဲ့အတွက် မိသားစုတွေအနေနဲ့ သွားရောက်တွေ့ဆုံဖို့ အခက်အခဲ တွေ ကြုံနေရတဲ့အပြင် ဘယ်သူတွေက ဘယ်ထောင်မှာရောက်နေတယ်ဆိုတာကို အတိအကျ စုံစမ်းလို့မရတဲ့အတွက်လည်း သူတို့ရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။

Monday, 24 November 2008

Freedom from Fear

This short film (10 min.) is a poetic and political essay about the beauty and tragedy of Burma. It is inspired by the book "Freedom From Fear" by Nobel Peace Laureate and Burmese opposition leader Daw Aung San Suu Kyi, who has been under house arrest for 12 of the last 18 years.

The narrator is 81 year old Burmese spiritual leader the Venerable U Kovida, who was once arrested and tortured by the Burmese regime. He is the founder of Sasana Moli, The International Burmese Monks Organization (IBMO), and one of the leaders of the peaceful "Saffron Revolution". This is a film about "Metta Sutta", the Buddhist prayer of loving-kindness and its power.

THE LONG VERSION OF THE FILM IS NOW IN PRODUCTION. LOOK AT TRAILER 4min.

ဇာတ်တူသားစား မြန်မာ စစ် အစိုး ရ

Click to enlarge

ကျ နော်တို့ ၏ ဘိုးဘေး များ မြန်မာ နိုင်ငံ တွင် ကျွန်ဖြစ် ခဲ့ကြ ရသည့် ဗြိတိသျှ ကိုလိုနီခေတ် ၌ တမျိုးသားလုံး လွတ်လပ်ရေး လိုချင်၍ နိုင်ငံရေး လုပ် ကြသည်။ တိုင်းတပါးသား တို့၏ ကျွန်ဘဝမှ လွတ်မြောက်ရန်

မျိုးချစ်စိတ်များ အလွန်ထက်သန်ကြသည်။ မိမိကိုယ်ကို “သခင်”၊ “သခင်မ”ဟု အမည်တပ်ကာ နယ်ချဲ့ကို တော်လှန်သည်။ အုပ်စိုးသူ ဗြိတိသျှ အစိုးရ၏ အာဏာကို ဖီဆန်ကြသည်။


အာဏာဖီဆန်သူ မြန်မာတို့အား တိုင်းတပါးသား နယ်ချဲ့အစိုးရက နိုင်ငံရေးပြစ်မှုဖြင့် ထောင် (၆)လ ပြစ်ဒဏ်ချမှတ်သည်။ မျိုးချစ်စိတ်ထက်သန်သူ မြန်မာတို့ကလည်း “သခင်ပေါက်စ ထောင်(၆)လ” ဟူ၍ပင် သရော်ကာ မကြောက်မရွံ့ ထောင်ကျခံပြီး နိုင်ငံရေး လုပ်ကြသည်။


လက်နက်ကိုင် နည်းလမ်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြသည်လည်း ရှိသည်။ သို့သော် နောက်ဆုံးတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး လွတ်လပ်ရေး ရရှိလာခဲ့ သည်။ တမျိုးသားလုံး ကျွန်သဘောက်ဘဝမှ လွတ်မြောက်ခဲ့လေတော့သည်။

(မှတ်ချက်။ အထက်ပါ သမိုင်းကြောင်း အစစ်အမှန်ကို နောင်လာနောက်သားတို့ သိရှိအောင် မပျောက် မပျက် ထိန်းသိမ်းပေးနိုင်ခဲ့ကြသည့် ကျေးဇူးရှင်များကြောင့်သာ ယခုကဲ့သို့ ဖော်ပြနိုင်ခြင်း ဖြစ်သည်။ ကျနော်တို့ခေတ်တွင်လည်း မျိုးဆက်သစ်များအား သမိုင်းကြောင်း အစစ်အမှန်များကို ဖော်ထုတ် လက်ဆင့်ကမ်းနိုင်ရန် တာဝန်ရှိလာသည်။)


တိုင်းတပါး ဗြိတိသျှတို့က လူမျိုးခြား၊ ဘာသာခြား၊ ယဉ်ကျေးမှုချင်း ခြားနားသည်ဖြစ်ပြီး နယ်ချဲ့စနစ်ဖြင့် မြန်မာလူမျိုးတို့အပေါ် ကိုယ်ချင်းစာနာစိတ် မရှိ၊ ရနိုင်သမျှ ဂုတ်သွေးစုတ်သည်။ အနိုင်အထက်ပြု ကိုယ်ကျိုးရှာသည်။


သို့သော် ထိုခေတ်၌ မြန်မာ့မြေပေါ်မှ မြန်မာလူမျိုးတို့ တိုင်းတပါးသို့ ထွက်ပြေးစရာ မလိုခဲ့။ မြန်မာလူမျိုး တို့အနေဖြင့် လက်မခံနိုင်လောက်သည့် အစိုးရအုပ်ချုပ်ရေး၊ ဥပဒေနှင့် တရားစီရင်ခြင်းများ ရှိနေသည့် တိုင်အောင် ယခုခေတ်လောက် တရားမဲ့မှုမရှိ။ ထိုခေတ်က နိုင်ငံတကာ အဆင့်ဖြင့် လူ့အခွင့်အရေး များကို တပြေးညီ လက်ခံနိုင်ခြင်း မရှိသေးစေကာမူ အုပ်စိုးသူ ဗြိတိသျှအာဏာပိုင်တို့က ကျူးလွန် ဖောက်ဖျက်မှုတို့မှာ ယခုခေတ်လောက် မဆိုးဝါးခဲ့။ ထိုစဉ်က တရားဥပဒေ စိုးမိုးမှုဆိုသော ဝေါဟာရမှာ ခေတ်မစားသေး။ သို့သော် အုပ်စိုးသူအာဏာပိုင်တို့က တရားဥပဒေ စိုးမိုးမှုကို အထိုက်အလျောက် လေးစားစွာ ကျင့်သုံးနိုင်သေးသည်။


ယနေ့မြန်မာနိုင်ငံမှ စစ်အစိုးရမူကား ကိုယ့်လူမျိုးအချင်းချင်း အပေါ်မှာပင် ကိုယ်ချင်းစာစိတ်၊ လူသားချင်းစာနာစိတ် ကင်းမဲ့သည်။ တိုင်းတပါးမှ ကျူးကျော်နယ်ချဲ့လာသူတို့ပမာ ပြည်သူတို့အပေါ် ရသမျှ ဂုတ်သွေးစုတ်၍ ကိုယ်ကျိုးရှာသည်။ အမိမြေကျေးဇူးကို မေ့လျော့နေသည်။ အမိမြေကို သစ္စာဖောက်သည်။ အသားထဲမှ လောက်ထွက်လေပြီ။


ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၌ အမှန်ပင် ကိုယ့်မင်းကိုယ့်ချင်း အချုပ်အခြာအာဏာ ပိုင်ဆိုင်နေသည်။ သို့သော် လက်ရှိအုပ်စိုးသူတို့၏ ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခံရသည့်ဒဏ်၊ လွတ်လပ်မှု ဆိတ်သုန်း ရသည့်ဒဏ်၊ လူ့အခွင့်အရေး ဆုံးရှုံးရသည့်ဒဏ်၊ တရားမဲ့မှုဒဏ်၊ ဆင်းရဲနွမ်းပါးသည့်ဒဏ်၊ ဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျသည့်ဒဏ်၊ လူမျိုးစုလိုက် ပြုန်းတီးသည့်ဒဏ်၊ ယဉ်ကျေးမှု-သာသနာ ကွယ်ပျောက် တော့မည့်ဒဏ် အစရှိသည်တို့ကို ဆက်လက်ခံနိုင်စွမ်း မရှိတော့သဖြင့် မြန်မာလူမျိုးတို့ အမိမြေမှ စွန့်ခွာ ထွက်ပြေးနေရလေပြီ။ ကျန်သူတို့လည်း ဆက်လက် ခေါင်းငုံ့ခံနေရဆဲပင် ရှိသည်။ ထိုထိုသောဒဏ်တို့မှ လွတ်မြောက်အောင် အနစ်နာခံကြိုးပမ်းပေးနေသူတို့မှာလည်း အရက်စက်ဆုံး နှိပ်ကွပ် ခံနေရ ပြန်သည်။


မြန်မာနိုင်ငံတွင် လက်ရှိအုပ်စိုးသူတို့က တာဝန်ရှိသည့်အတိုင်း လုပ်ဆောင်ပေးရမည့် ကျန်းမာရေး စောင့်ရှောက်ခွင့်ကို ပြည်သူလူထုက မည်သည့်အခါမှ မျှတစွာ မရရှိ။ ထိုအခါ လူထုမှာ ရောဂါ ဝေဒနာ များ ခံစားရင်း နိုင်ငံတကာအဆင့် အမြင့်ဆုံးနှုန်းဖြင့် သေဆုံးနေကြရသည်။ မသေသင့်ပဲ သေရသူတို့ နေ့စဉ်နှင့်အမျှ ဒုနှင့်ဒေး ပေါများနေသည်။ ဤသည်မှာ ကိုယ့်လူမျိုး အချင်းချင်း အနုနည်းဖြင့် ရက်ရက် စက်စက် သတ်နေခြင်းသာ ဖြစ်သည်။


ပြည်သူတို့ ရင်နာနေရသည့်အဖြစ်၊ ခံပြင်းနေရသည့်အဖြစ်၊ လူမသိသူမသိ တက်ခေါက်နေရသည့် အဖြစ်တို့ကို အာဏာပိုင်တို့ သိနေမည်မှာ မုချမလွဲပင်။ သို့သော် ကိုယ်ချင်းစာစိတ် ကင်းမဲ့လွန်းသည်။ လစ်လျူရှုနိုင်လွန်းသည်။ တာဝန်မဲ့နိုင်လွန်းသည်။ ဤသည်မှာ ၎င်းတို့၏ လောဘ၊ ဒေါသ၊ မောဟများ တဖက်စွန်းရောက်အောင် ဆိုးဝါးနေသောကြောင့် ဖြစ်သကဲ့သို့ ၎င်းတို့ကျူးလွန်မိသမျှ ပြန်လည် အပြစ်ပေးခံရမည်ကို အကြောက်ကြီးကြောက်နေသောကြောင့်လည်း ဖြစ်သည်။


နယ်ချဲ့ခေတ်က နိုင်ငံရေး လုပ်နိုင်ခွင့်ရှိသည်။ အလွန်ဆုံးထောင်ကျ (၆)လထဲသာ။ လက်မထောင်၍ ထောင်ထဲဝင်သည်။ တမျိုးသားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံရေးလုပ်ရသည်ကို ဂုဏ်ယူကြသည်။


ယနေ့ စစ်အစိုးရတို့ခေတ်တွင် အာဏာရှင်စနစ်ကို တွန်းလှန်မည့် နိုင်ငံရေးလုပ်ခွင့် လုံးဝမရှိ။ နိုင်ငံရေး ယုံကြည်ချက်ဖြင့် လှုပ်ရှားလျှင် အခြားရာဇဝတ်မှုပုဒ်မ အတပ်ခံရပြီး (၆၅)နှစ်၊ (၆၈)နှစ်၊ (၉၉)နှစ်၊ နှစ်(၁ဝဝ)ကျော် စိတ်ထင်တိုင်း ဥပဒေမဲ့ အပြစ်ပေး ခံနေရသည်။


နိုင်ငံရေးအမှုသည် မည်သည့်အခါမျှ ရာဇဝတ်မှုမဟုတ်။ နိုင်ငံရေးအမှုသည် နိုင်ငံရေးအမှုသာဖြစ်သည်။ အခြားနာမည်ဖြင့် မည်သို့မျှ ပြောင်းလဲအစားထိုး သတ်မှတ်၍ မရနိုင်။ အတင်းအဓမ္မ စွပ်စွဲကာ ဥပဒေမဲ့ ဆုံးဖြတ်စီရင် ပြစ်ဒဏ်ချလျှင် အုပ်စိုးသူအစိုးရသာ မတရားမှုကို ကျူးလွန်သူ ဖြစ်သည်။ ဥပဒေကို ဖောက်ဖျက်သူ သာ ဖြစ် တော့သည်။


ယနေ့ ကျနော်တို့ခေတ်တွင်ကား တိုင်းတပါးနယ်ချဲ့တို့ မရှိတော့ပြီ။ သို့သော် မြန်မာနိုင်ငံသားတို့မှာ ဆက်လက် ကံဆိုးနေရဆဲ။ ပို၍ပင် ကံဆိုးလှသည်။ အုပ်စိုးသူ စစ်အစိုးရက ကျနော်တို့ မြန်မာလူမျိုး အချင်းချင်း ကျွန်ဇာတ်သွင်း၍ တရားမဲ့ဆုံး၊ ကမ်းကုန်အောင် အရက်စက်ဆုံး ဖိနှိပ်ချုပ်ချယ်နေရာ မြန်မာနိုင်ငံသားတို့မှာ လူမျိုးတူအချင်းချင်း၏ အာဏာရှင် ကျွန်သဘောက်ဘဝမှ မလွတ်မြောက်နိုင် သေးပဲ ရှိနေရသည်။


သို့သော် မျှော်လင့်ချက်က ပျောက်မသွား။ သန္နိဌာန်က လျော့မသွား။ အရက်စက်ဆုံး ဖိနှိပ်ဖြိုခွဲ ခံနေရ သည့်တိုင် လွတ်မြောက်လိုသည့်ဆန္ဒက ပိုမိုကြီးမားလာသည်။ လွတ်မြောက်ရေးအတွက် အနစ်နာခံသူ တို့ ပိုမိုတိုးပွားလာသည်။ ဤအတိုင်း ဆက်လုပ်နိုင်သရွေ့ တနေ့ကျလျှင် အာဏာရှင် လက်အောက်မှ မြန်မာ တမျိုးသားလုံး လွတ်ကို လွတ်မြောက် ရမည်သာ။

လွင်အောင်စိုး ( ၂၂-၁၁-၂ဝဝ၈)

မြန်မာနိုင်ငံ အမျိုးသားနေ့

Sound that Echos (Set My People Free!!!)

Sound that echos

If I stand on the edge of a mountain,
and a voice is raised it bounces back again,
and again and again.

So too are voices which cry out in wilderness,
in places that are believed to be hidden,
as if to act in any way is acceptable and none shall know.

Yet these voices said long ago in solitude,
echo over and over and over.
In the world created not by the hands of man.

If he feels he created himself,
his mistaken for what does not exist cannot make itself.

When I spoke the words
SET MY PEOPLE FREE !
Those were not my words
but the echo of the voice of eternity.

If the creator of all things hears these voices,
how can he turn a deaf ear?
Is he, stronger than that which created him?
Above all men and women?
Above, that which created him?

His adviser,
the one telling him what will become of him
when his body no longer works,
tells him what he wants to hear, for fear of his own life and family.
Does not tell him what he truly needs to hear,
for it may be a beautiful as his own acts and those condoned,
have been upon this world.

Not by the will of the creator,
but by the will of the destroyer he serves.

I am not Burmese
That I say
SET MY PEOPLE FREE !

Nor is that my voice,
other than the one that created me.

Written by Tree Thunderchild

မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ


NEJ/ ၂၄ နိုဝင်ဘာ ၂၀၀၈


pakis

မြန်မာစစ်တပ်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ တပ်တွင်းဖိနှိပ်မှုများ အပါအဝင် လူထုကို နည်းအမျိုးမျိုးဖြင့် မတရား ဖိနှိပ်ညှဉ်းပန်းအနိုင်ကျင့်မှုများကို နေ့စဉ်ကျူးလွန်နေသည့် မြန်မာစစ်တပ်အတွင်း ဆက်လက် နေထိုင်လိုစိတ် မရှိတော့သဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လာရောက်ပူးပေါင်းရခြင်းဖြစ်ကြောင်း လက်နက်ချမြန်မာစစ်သား (၆) ဦးထဲမှ စစ်သား မောင်ဖိုးဇော်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ရောက်ရှိလာကြသည့် မြန်မာစစ်တပ်မှ စစ်သည် (၆) ဦးအနက် မြန်မာစစ်တပ်မှ ဆက်သွယ်ရေး စစ်သည်တဦးဖြစ်သူ မောင်ဖိုးဇော်က ၎င်း၏တပ်တွင်းအတွေ့အကြုံများအား ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-

မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။

အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

မောင်ဖိုးဇော်က “တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ” ဟု ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်းသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။

ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။


ခေတ်ပြိုင် မှရယူပါသည်။

သတင်းထူး/သတင်းမှန်

စာဖတ်သူများ အသက်ရှည်ရေး ရည်ရွယ်၍ forward mail တစ်ခုမှ ဟာသလေးကို ဝေငှလိုက်ပါသည်။

တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ်ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင်း ယမန်နေ့ညနေကပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာအနီးတ၀ှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။ (စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာပွဲချင်းပြီးသေဆုံးသွားခြင်းကြောင့်ဖြစ်၏) အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့် ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ အပူတပြင်း စစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသောကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အားအတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင်သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်းမော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရသွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာစားခဲ့ပါသည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင်ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့်မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာအမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ အသုံးပြုကျခံသွားမည် ဖြစ်သည်။

(၄) အတင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သောလွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်းရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့ပါသည်။

(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိစီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်းအသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

(၆) လွန်ခဲ့သော လက မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်က အ၀တ်အထည် ဟုယူဆရသော အ၀တ်ထည်ကိုေ၇ှးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအ၀တ်ထည်ကို ပြတိုက်မှပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက်ဝမ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက်ဝမ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့်နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။

(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည် မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အင်္ဂလိမ်စာပိုမိုတတ်မြောက်စေရေးအတွက်လည်း အင်္ဂလိပ်စာများကို မြန်မာစာများဖြင့် ညပ်၍ သင်ကြားသွားမည်ဟု သိရသည်။ ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fatထထ Dance.... အစရှိသော ကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။

ပုံ/ ပျံကြားရေးဝန်ကြီး ချမ်းရဲ

လုံထိန်းများက ဘောလုံးပွဲပရိသတ်ကို သေနတ်နဲ့ချိန်

မိုးမခ အထောက်တော် (ရန်ကုန်)
နိုဝင်ဘာ ၂၃၊ ၂၀၀၈



ယမန်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပခဲ့သည့် မြန်မာ-အင်ဒိုနီးရှား ဗိုလ်လုပွဲအပြီး အနိုင်ရ မြန်မာအသင်းအား ဂုဏ်ပြုသည့် ပွဲကြည့်ပရိသတ်များ ကွင်းထဲဝင်ရောက်ခဲ့ကြရာတွင် လုံထိန်းများက သေနတ်ဖြင့်ချိန်ကာ အဆိုပါပရိသတ်ကို ခြိမ်းခြောက်ခဲ့ကြသည် ဟု သိရှိရသည်။

အင်ဒိုနီးရှားအသင်းကို မြန်မာအသင်းက ၂ဂိုး၁ဂိုးဖြင့် အနိုင်ရသွားသဖြင့် ပြိုင်ပွဲအပြီး ပွဲကြည့်ပရိတ်သတ် ၅၀ မှ ၇၀ ၀န်းကျင်ခန့် ဘောလုံးကွင်းထဲ ၀င်ရောက်ခဲ့ပြီး မြန်မာအလံကို လွှင့်မြှောက်ပြီး အောင်ပွဲခံခဲ့ကြသည်။
ထိုအချိန်တွင် အနိုင်ရသည့် အသင်းများကို ဆုပေးမည့် အားကစား ၀န်ကြီး ၏ လုံခြုံရေးအတွက် ကွင်းထဲရောက်နေသည့် အောင်ပွဲခံခဲ့ကြသည့် ပရိသတ်ကို လုံထိန်းများက သေနတ်ဖြင့်ချိန်ကာ ဟန့်တားမောင်းထုတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုအခါ ပွဲကြည့်စင်များပေါ်ရှိ ပရိသတ်ထဲမှ လုံထိန်းများကို ဆဲဆိုသည့် အသံများ ဆူဆူညံညံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် လုံထိန်းများက လက်နက်များကို အောက်စိုက်ခဲ့ကြသည်ဟု ဘောလုံးပွဲ ကြည့်ရှုခဲ့သည့်မျက်မြင်သက်သေ တဦးက ပြောသည်။


အဆိုပါ မျက်မြင်သက်သေက
"လူတွေက ကွင်းထဲရောက်နေတဲ့ လုံထိန်းကို မင်းတို့ ဗိုလ်ချုပ်တယောက်ရဲ့ အသက်ကိုစိုးရိမ်တာနဲ့ လူတွေကို သေနတ်နဲ့ချိန်စရာလား။ ဗိုလ်ချုပ်သေသွားလို့ ဂရုစိုက်စရာမရှိဘူး ဆိုပြီး ၀ိုင်းဆဲကြတယ်။ အဲဒီနောက်မှ လုံထိန်းတွေ သေနတ် အောက်စိုက်လိုက်ပြီး အလျော့ပေးသွားတယ်"
ဟုဆိုသည်။
ယမန်နေ့က မြန်မာအသင်းက ပြိုင်ဘက် အင်ဒိုနီးရှားအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂရင်းရွိုင်ရယ် ဆုကို ဆွတ်ခူးခဲ့သည်။ ဂရင်းရွိုင်ရယ် အမှတ်တံဆိပ် ၀ီစကီကိုထုတ်လုပ်သည့် အိုင်ဘီတီစီ (International Beverage and Trading Company) က အကုန်ကျခံကာ အရှေ့တောင်အာရှနှင့် ဘင်္ဂလားဒေ့ရှ် စသည့် ၃၊ ၄ နိုင်ငံကို နှစ်စဉ်ဖိတ်ခေါ်ပြီး ဘောလုံးပြိုင်ပွဲ ကျင်းပလေ့ရှိသည်။


ယမန်နေ့က ပြိုင်ပွဲတွင် လူပရိသတ် သောင်းဂဏန်းနှင့်ချီပြီး လာရောက်ခဲ့သည်ဟု သိရှိရသည်။
ယခုသီတင်းပတ်များအတွင်း စစ်အစိုးရက ပြီးခဲ့သည့်နှစ် စက်တင်ဘာနောက်ပိုင်း ဖမ်းဆီးထားသည့် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများနှင့် မီဒီယာ၊ အတိုက်အခံများကို ကူညီသည့် ရှေ့နေများကိုပါ နေ့စဉ်ရက်ဆက် ထောင်ဒဏ်နှစ်ရှည် ချမှတ်လျက်ရှိပြီး ရန်ကုန်မြို့တွင် လုံခြုံရေးကိုလည်း ပိုမိုတိုးချထား သည်ကို မြင်တွေ့နေရသည်။

(ဓာတ်ပုံ - မိုးမခ၊ ခေါင်းစီးအနီများနှင့် မြန်မာအားကစားဝါသနာရှင်များ၊ ၀န်ကြီးဆုပေးနေစဉ် ပရိသတ်ကို တားမြစ်နေသည့် လုံထိန်းများ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ၈၈ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြေညာစာတမ်း
















ရန်ကုန်၌ တကိုယ်တော် ဆန္ဒပြမှု ဖြစ်ပွား

Sunday, 23 November 2008

ယ နေ့ နိုဝင်ဘာလ (၂၂) ရက် တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့တွင် ကျရောက် သော အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဋ္ဌာနချုပ် ရုံး ရှေ့တွင် တကိုယ်တော် ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ စစ်အစိုးရအား ဖမ်းဆီးခံ ကျောင်းသားများအား ချက်ခြင်း ပြန်လွှတ်ပေးရန် တောင်းဆို သည်ဟု ပြည်တွင်းမှ လာသော သတင်းများ အရ သိရှိရသည်။
မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် အဓိကခန်းကဏ္ဍ ဖြစ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ဗြိတိသျှကိုလိုနီ အစိုးရအား မြန်မာ့လွတ်လပ်ရေးအတွက် အစပြု သပိတ်မှောက်ကြရာမှ စတင်ခဲ့သော အမျိုးသား အောင်ပွဲနေ့ စိတ်ဓါတ်များ ဖြင့် မမေ့ကြရန် နှိုးဆော်ဆန္ဒပြသရခြင်း ဖြစ်သည်ဟုသိရှိ ရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်ခံ အမျိုးသား ဒီမိုကရေစီ ပါတီသည်လဲ ယင်းအမျိုးသားနေ့ အခမ်းအနား အား နှစ်စဉ် အစဉ်လာမပျက် ပါတီတွင်း ကျင်းပမြဲ ဖြစ်သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီဝင် ကိုမင်းသိန်း မှာ ပါတီဋ္ဌာနချုပ်ရုံးရှေ့ ရွှေဂုံတိုင်လမ်းမတွင် ငြိမ်သက်စွာ ခေါက်တုန့်ခေါက်ပြန်
လျှောက်နေပြီး လက်ထဲတွင် “ မင်းကိုနိုင် နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေး ” ဟု ကြေညာချက် ပိုစတာ ကိုင်ဆွဲထား သည်ဟု ရန်ကုန်မှ မျက်သက်သေ တဦးက လူထုအသံ သို့ ပြောဆိုသည်။
ရွှေဂုံတိုင်လမ်းမ တဖက်ခြမ်းတွင် အရပ်ဝတ်ဖြင့် ထောက်လှမ်းရေး ရဲများ ဗီဒီယိုရိုက်ကူး နေသော်လည်း၊ ယခု သတင်းရေးနေချိန် အထိ တကိုယ်တော် ဆန္ဒပြသနေခြင်းအား ဖမ်းဆီးခြင်း မရှိသေးဟု မျက်မြင် သက်သေများ က ဆိုသည်။
ငြိမ်သက်စွာ ဆန္ဒပြသနေသော ကိုမင်းသိန်းအား အေပီ သတင်းဋ္ဌာနမှ မေးမြန်းရာတွင် “ ကျနော့ရဲ့ခံစားမှုကို တင်ပြခြင်း သက်သက်သာဖြစ်ပြီး၊ ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ ရလဒ်ကို ရင်ဆိုင်ဖို့ အဆင်သင့် ပါပဲ” ဟုပြောဆို လိုက် ကြောင်း သိရှိ ရပါသည်။

Sole Myanmar protester demands activists'

YANGON, Myanmar (AP) —

YANGON, Myanmar (AP) — A lone demonstrator staged a silent protest in front of detained pro-democracy leader Aung San Suu Kyi's party headquarters Saturday demanding the military government free all student activists as the country celebrated its National Day.
The holiday commemorates a boycott by Yangon University students 88 years ago in defiance of British colonial rule, a protest that inspired Myanmar's independence movement.
Although the government does not hold any public events to mark the day, Suu Kyi's National League for Democracy regularly celebrates with a party.
Before the celebration, party member Min Thein walked into the middle of the street in front of the party headquarters and stood silently with a placard reading, "Release Min Ko Naing and other political prisoners."
Min Ko Naing is a member of the 88 Generation Students group, which participated in a brutally suppressed 1988 democratic uprising. Along with many of his fellow former students he was sentenced to 65 years in prison this month for taking part in an Aug. 21, 2007, street protest against a massive fuel price hike by the government.
Plainclothes police took videos and photos of Min Thein's lone protest but did not arrest him during the minutes he stood silently.
"I am expressing my feelings and I am ready to face all consequences," Min Thein told reporters after the protest.
The party marked the anniversary by calling for the release of all political prisoners, including student activists and Buddhist monks who were arrested during anti-government demonstrations in September last year.
Nobel Peace Prize laureate Suu Kyi has spent more than 13 of the past 19 years under house arrest.