Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 6 December 2010

တရားနှင့်အာဟာရ အလိုတော်ပြည့်ဆရာတော်ဒါန အင်းစိန်အကျဉ်းသားများရ

http://popularmyanmar.com/mpaper/wp-content/uploads/2010/11/Wai-Yan-Sayadaw-Dar-Na-300x225.jpg



နိုဝင်ဘာ ၉ ရက်တွင်အင်းစိန် ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၉ဝဝဝ ကျော်အား အလိုတော်ပြည့်ဆရာတော် ဒေါက် တာ ဘဒ္ဒန္တအရိယဝံသမှ တစ်ရက် စာ အစားအသောက်များ ဒါနပြု၍ တရားဟောကြားခဲ့ကြောင်း သိရ သည်။ဆရာတော်မှ အကျဉ်းသား များအား တစ်ဦးလျှင် နံနက်ခင်းစာ ကောက်ညှင်းပေါင်း ကျပ် ၂ဝဝ ဖိုး၊ နံနက်စာ ကြက်သားဟင်းနှင့်ထမင်း ကျပ် ၅ဝဝ ဖိုး၊ ညနေစာ ကြက်သား ဟင်းနှင့်ထမင်း ကျပ် ၅ဝဝ ဖိုးစီ စုစုပေါင်း ကျပ် ၁ဝ၈ သိန်းဖိုး ဒါန ပြုခဲ့သည်။ ယခုကဲ့သို့ ဆရာတော် များ လာရောက်လှူဒါန်းခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမ အကြိမ်အဖြစ် သီတဂူဆရာတော်မှ တရားနှင့် အာဟာရ လာရောက် လှူဒါန်းခဲ့သည်။၎င်းနေ့ နေ့လယ် ၁၂ နာရီ တွင် အင်းစိန်ဗဟိုအကျဉ်းထောင် ဝင်းရှိ အားကစားခန်းမတွင် ဆရာ တော်မှ တရားဟောကြားခဲ့ပြီး အကျဉ်းသား ၄ဝဝ ဦးနှင့် အကျဉ်း သူ ၁ဝဝ ဦးတို့အား အားကစား ခန်းမသို့ ကိုယ်တိုင်တရားလာ ရောက် နာယူခွင့်ပြုခဲ့ပြီး ကျန်အ ကျဉ်းသားများကို အိပ်ဆောင်များ အတွင်းသို့ ဆောင်းဘောက်များဖြင့် တိုက်ရိုက်လွှင့်ထုတ်ပေးခဲ့ကြောင်း သိရသည်။”အကျဉ်းထောင်မှာ လှူဒါန်းမှု တွေလုပ်ချင်တယ်ဆိုရင် ဆက် သွယ်လှူဒါန်းနိုင်ပါတယ်၊ အလှူရှင် တွေအနေနဲ့ လာရောက်တင်ပြလို့ အထက်ကခွင့်ပြုရင် လှူဒါန်းဖို့ စီစဉ်ပေးမှာပါ”ဟု အင်းစိန်ဗဟို အကျဉ်းထောင်မှ ထောင်ပိုင်ကြီးက ပြောသည်။
နိုဝင်ဘာ ၁၇ ရက်နေ့ ဘက္ကရီ အီးဒ်နေ့တွင် မွတ်စလင် လူမျိုးအ လှူရှင်များမှာ အမဲသားဟင်းနှင့် ထမင်းလာရောက်လှူဒါန်းမည်ဖြစ် ပြီး အမဲသားမစားသူများအား ကြက်ဥ၊ ဘဲဥကျွေးမွေးမည်ဟု သိရသည်။

ဝေယံမိုးမြင့်

No comments: