Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 6 December 2010

ရွှေတိဂုံစေတီတော် အား သြခက်စထြာတီးဝိုင်းဖြင့် ပထမဆုံးအကြိမ် ပူဇော်မည်

http://longwalktofreedom.files.wordpress.com/2010/12/shwedagon.jpg?w=293&h=239

နာမည်ကျော် မြန်မာပြည် ကျောက်စိမ်းဆိုင်းဝိုင်း၊ တယောပညာရှင် ၁၀၀ ခန့်နှင့် အဆိုတော်များက
သြခက်စထြာ တီးဝိုင်းပုံစံမျိုးဖြင့် ရွှေတိဂုံဘုရား အောင်မြေနေရာတွင် မြတ်စွာဘုရားကို ဂီတဖြင့်
ပထမဆုံးအကြိမ် ပူဇော်ကြမည်ဟု တယောကိုတင်ရီက ပြောသည်။

ယင်းသို့ ဂီတဖြင့် ပူဇော်ခြင်းကိုဒီဇင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး မြဝတီမင်းကြီးဦးစ၏ သီချင်းခန့် (ထူးမခြားနား ရောင်ခြည်တော်ဘွဲ့)၊ မြမန်းဂီရိ (ယိုးဒယား) ၊ တေဘုမ္မာ (ယိုးဒယား) အပါအဝင် တေးသီချင်း ၎
ပုဒ်တို့ကို တယောဦးတင်ရီ၏ အော်ဂက်စတာ တီးဝိုင်းဖြင့် ဒေါ်ရီရီသန့် အပါအဝင်
အခြားမျိုးဆက်သစ် အဆိုရှင်များက သီဆိုပူဇော်ကြမည်ဟု သိရကြောင်း ၂၀၁၀
ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: