Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 29 November 2010

Google Street View က ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပါ ထိခိုက်လာပြီလော...

Google Street View က ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပါ ထိခိုက်လာပြီလော... နေအိမ်ရှေ့ ခုံတန်းတွင် ကိုယ်လုံးတီး ဖြင့် စာအုပ်ဖတ်နေသူ တစ်ဦးကို Google Street View သုံးသည့် လူပေါင်းများစွာ ကြည့်ရှုနိုင်နေခဲ့

ကိုယ့်ရို့ကားယား နိုင်လှသော ဓါတ်ပုံတစ်ပုံကို Google Street View အသုံးပြုသူများ မြင်တွေ့ခဲ့ကြရသည်။ အဆိုပါ ဓါတ်ပုံထဲတွင် အမျိုးသားတစ်ဦးက အိမ်ရှေ့ရှိ ခုံတန်းပေါ်တွင် အ၀တ်မဲ့ ကိုယ်လုံးဖြင့် လွတ်လွတ်လပ်လပ် စာအုပ်ဖတ်နေသည်ကို Eagle eye ကွန်ပျူတာ အသုံးပြုများ မြင်တွေ့နိုင်ကြခြင်း ဖြစ်သည်။


ကျေးဇူးတင်စရာ အကောင်းဆုံး တစ်ခုအနေဖြင့် တစ်ကိုယ်လုံး အ၀တ်မပါသော အနေအထား ဖြစ်နေသော်လည်း လက်တစ်ဖက်ကို ပေါင်ပေါ်တင်ထားပြီး စာအုပ်ဖတ်နေသလို အခြား လက်တစ်ဖက်ဖြင့် သူ၏ ဖွါးဖက်တော်လေးကို ကာကွယ်ထားခြင်း ဖြစ်သည်။

အဆိုပါ ဓါတ်ပုံကို ကနေဒါနိုင်ငံ၊ Quebec ရှိ Saint-Guillaume ၌ Google Street View သုံးစွဲရင်း Capture ရယူထားခြင်း ဖြစ်ကာ ထိုဓါတ်ပုံကို ရယူပြီး ရက်မကြာမှီပင် ဂျာမန်လူမျိုး တစ်ဦးသည်လည်း အ၀တ်မဲ့ကိုယ်ဖြင့် ရှိနေသည်ကို Google Street View တွင် ထပ်မံ မြင်တွေ့ခဲ့ရသေးသည်။

No comments: