Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 29 November 2010

ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးကို ဘယ်လိုကာကွယ်ကြမလဲ

by San Maung on Saturday, November 27, 2010 at 10:23pm

"စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက်အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်နေကြတဲ့ လူတွေလဲ ရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်ကို ပြောင်းကြရမယ်။ ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာကို သဘောပေါက်ရမယ်။"

(ဗိုလ်ချုပ်အောင်ဆန်း)

“အောင်ဆန်းစုကြည်သည် အမှန်တရားကို ပြောဆိုနေ၍ လည်းကောင်း၊ မြန်မာနှင့် ကမ္ဘာ့ အခြေခံ အယူအဆများကို ရောင်ပြန်ဟပ်နေ၍ လည်းကောင်း၊ သူမအားနှူတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ။”

(ဗားစလဗ်ဟာဗဲလ်)

“အောင်ဆန်းစုကြည်သည် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်၏ အကောင်းဆုံး လက္ခဏာများဟု သူမက ယူဆထားသည်များကို ဂရုပြုလာစေရန် ကြိုးစား၍ သူမကိုယ်တိုင်လည်း ယင်းလက္ခဏာရပ်များနှင့် ထပ်တူထပ်မျှ ဖြစ်စေရန် ကြိုးပမ်းအားထုတ်သည်။”

(နိုဘလ်ကော်မတီ ဥက္ကဌ၊ ၁၉၉၁)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ သူမကိုယ် ချစ်ခင်လေးစား အားကိုးကြတဲ့ မြန်မာနိုင်ငံသားအားလုံးနဲ့ အခြားကမ္ဘာ့နိုင်ငံသားတွေကပါ စိုးရိမ်ပူပန်နေတဲ့ အချက်ဖြစ်ပါတယ်။

ဒီပဲယင်းလုပ်ကြံမှုလို ယုတ်မာတဲ့ နောက်ထပ်ဖြစ်ရပ်တခုပေါ်ပေါက်လာနိုင်ပြီး လုပ်ကြံမှုက မအောင်မြင်ခဲ့ရင်တောင်၊ ဒါဟာ ဒေါ်စုကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ရပါတယ်ဆိုကာ ဒေါ်စုကို ပြန်လည် ချုပ်နှောင်နိုင်တဲ့ အချက်ဖြစ်ပါတယ်။

အခုလည်း ဒေါ်အောင်ဆန်းစုကြည့် စတင်လွတ်မြောက်လာပြီ နောက်တရက်မှာ စတင်ကာ အရပ်ဝတ်နဲ့ စွမ်း အားရှင်တွေ ဒေါ်အောင်ဆန်းစုကြည် အိမ်ပတ်ဝန်ကျင်မှာ နေရာယူထားမှု ပိုများလာနေတယ်လို့ ကြားသိရပါတယ်။

ဖားမင်းဆွေလို အလိုတော်ရိစားဖားကိုလည်း ကျားကစားသလို ထိုးကျွေးပြီး နိုင်ငံရေးလုပ်ကြံမှုတွေကို ဖန်တီးနေတာသိသာနေပါတယ်။

“အမေ့ခြံနားက ထောက်လှမ်းရေးခြံထဲမှာလည်း လူအင်အားအပြည့်လောက်ရှိတယ်။ ဘယ်လောက်လဲဆိုတာတော့ မခန့်မှန်းတတ်ဘူး။ အရပ်သားအချင်းချင်း ဖြစ်တဲ့ ပြဿနာမျိုး ဖန်တီးလာနိုင်ပါတယ်။ အမေလွတ်ပြီး နောက်ရက်မှာ ဒီ စွမ်းအားရှင်တွေ စရောက်လာတာပါ” အစရှိတဲ့ သတင်းတွေကလည်း အဆက်မပြတ်ထွက်ပေါ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂီရိ မုန်းတိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကို အားပေးနုတ်ဆက်ကူညီပေးခြင်း၊ တိုင်းရင်းသားများနဲ့ တွေ့ဆုံဆွေးနွေးခြင်း အစရှိတဲ့ နယ်ခရီးတွေလည်း ထွက်ဖို့ ရှိကောင်းရှိနိုင်တာကြောင့် ဒီပဲယင်းလိုမျိုး စနစ်တကျ အကောက်ကြံ စီစဉ်လုပ်ကြံတိုက်ခိုက်လာရင် အမေစုအနားက ကာကွယ်ပေးနေတဲ့ စေတနာရှင် မျိုးချစ်လူငယ်တွေရဲ့ အင်အားကလည်း Well-trained Professional တွေမဟုတ်ကြတော့ သေချာကာကွယ်နိုင်ပါ့မလားဆိုတာကို ပူပန်နေတဲ့ သူတွေလဲ အမြောက်အများရှိနေကြပါတယ်။

ဒီနေရာမှာ FB user Ryan Pup Chaö ကတော့ “hire private security team!” လို့ သူ့အမြင်ကို အကြံပြုသွားပါတယ်....

နိုင်ငံတကာမှာကတော့ ဒါဟာ ပြည့်စုံကောင်းမွန်တဲ့ အကြံပြုချက်တခုပါပဲဗျာ။ Celebrity တော်တော်များများနဲ့ Business တွေမှာ Private Security တွေကိုပဲ အသုံးပြုနေကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာကတော့ တကယ်စိတ်ချ အားကိုးရတဲ့ Private security team တွေတကယ်ရှိရဲ့ လား၊ သူတို့ကကော အစိုးရရဲ့ လောင်းရိပ်က ကင်းရဲ့လားဆိုတဲ့ အတွေးတွေလဲ ရှိလာနိုင်ပါတယ်။

ဒါကြောင့် ကျန်တဲ့ Facebook ညီအကိုမောင်နှမတွေရဲ့ အမြင်တွေ အကြံပြုချက်တွေကိုလဲ လွတ်လွတ်လပ်လပ် ထုတ်ဖော်ဆွေးနွေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ဗျာ။

မိမိတို့၏ အကြံဥာဏ်များကို ဆွေးနွေးထုတ်ဖော်လိုသော ညီအကိုမောင်နှမများ အားလုံး အောက်ပါ လင့်ကလေးတွင် ၀င်ရောက်ရေးသားနိုင်ပါတယ်ဗျာ။

http://www.facebook.com/home.php?sk=group_102415376498886&ap=1#!/note.php?note_id=177300968949407&id=100001368265940

http://www.facebook.com/?ref=home#!/note.php?note_id=177215515624619&comments¬if_t=note_comment



“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”..........

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”..............

Candidly yours

San Maung

No comments: