Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 29 November 2010

ပြည်တွင်း အင်တာနက် ကွန်ရက်ကို ထပ်မံ တိုက်ခိုက်မှု ရှိနေ

နိုဝင်ဘာလ ဒုတိယ အပတ်မှ စတင်၍ ပြည်တွင်းရှိ အင်တာနက် ကွန်ယက် များကို ထပ်မံ တိုက်ခိုက်ခြင်း ခံနေ ရကြောင်း ကွန်နက်ရှင် ပြတ်တောက်သည် အထိ ပြင်းထန်မှု မရှိစေရန် ဆောင်ရွက် ထားရှိကြောင်း သတင်း အချက် အလက် နှင့် ဆက်သွယ်ရေး နည်းပညာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ D.Dos စနစ်ဖြင့် နှောင့်ယှက် တိုက်ခိုက် နေခြင်းဖြစ်ပြီး ကွန်နက်ရှင်များသာမက Hardware အစိတ် အပိုင်းများ ကိုပါ ပျက်စီး စေရန် ရည်ရွယ် လာကြောင်း သိရသည်။ “တိုက်ခိုက်တာက Level သုံးမျိုးလောက်ရှိတယ်။ အရင်ကဆိုရင် Server တွေကို ဦးတည် တိုက်လေ့ရှိတယ်။ အခုတိုက်တဲ့ပုံစံက Server တွေအပြင် Brandwidth တွေကိုပါ တိုက်တယ်။ နောက်ဆုံးအဆင့် Hardware တွေပါ ပျက်စီးစေအောင် ရည်ရွယ်လာတယ်”ဟု ၄င်းကပြောသည်။ ကွန်ရက် တိုက်ခိုက်မှုအား ဖြေရှင်း နိုင်စေရန် ပြည်ပမှ ပညာရှင်များနှင့် စက်ပစ္စည်းများကို ငှားရမ်းထားကြောင်းလည်း သိရသည်။ ယခုအကြိမ် တိုက်ခိုက်မှုသည် ၂၀၁၀ ခုနှစ် အတောအတွင်း လေးကြိမ်မြောက် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ တိုက်ခိုက်ခံရသော ဖြစ်စဉ်မှာ အပြင်းထန်ဆုံး ဖြစ်သည်။

၂၇ . ၁၁ . ၂၀၁၀
© Internet ဂျာနယ်

No comments: