Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 29 November 2010

Facebook News Feed များ လုံခြုံရေး စိတ်မချရကြောင်း BitDefender ဝေဖန်

BitDefenderက ထုတ်ပြန်လိုက်သော စာရင်းအချက်အလက်များအရ ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်ကြီးတွင် ပါရှိသော News Feedများ၏ (၂၀)ရာခိုင်နှုန်းသည် Malwareများ ကပ်ညိနေကြောင်း သိရှိရ



Facebook News Feed များ လုံခြုံရေး စိတ်မချရကြောင်း BitDefender ဝေဖန်Facebook ၀က်ဘ်ဆိုက်မှ News Feedများသည် ကြောက်စရာ အကောင်းဆုံး ထောင်ချောက်များသဖွယ် ရှိနေကြောင်း နာမည်ကျော် နည်းပညာ လုံခြုံရေး ကုမ္ပဏီကြီး BitDefenderက ဝေဖန်လိုက်သည်။ BitDefenderက ထုတ်ပြန်လိုက်သော စာရင်းအချက်အလက်များအရ ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်ကြီးတွင် ပါရှိသော News Feedများ၏ (၂၀)ရာခိုင်နှုန်းသည် Malwareများ ကပ်ညိနေကြောင်း သိရှိရသည်။ BitDefenderက Facebookမှတဆင့် တိုက်ခိုက်ခံရမှု (၆၀)ရာခိုင်နှုန်းသည် 3rd Party Applicationများကို ခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့သည်။ BitDefenderသည် Facebookတွင် Malware ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး ၎င်းတို့ကိုယ်ပိုင် SafeGo အမည်ရှိ Applicationဖြင့် Userများ၏ Accountများကို Scanဖတ် စစ်ဆေးကာ Malwareများ ထောင်ချောက်ဆင်ထားသည့် Linkများနှင့် ချိတ်ဆက်နေမှုကို လေ့လာခဲ့သည်။ ရိုမေးနီးယား အခြေစိုက် ကုမ္ပဏီကြီးသည် SafeGoကို ပြီးခဲ့သည့်လက Beta အဆင့်ဖြင့် စတင်ခဲ့ပြီး Facebookရှိ Wall Postများ၊ Mail Boxနှင့် Messageများ၊ Commentများကို Scanပြုလုပ်နိုင်ရန် ဖန်တီးထားသည်။ Register သတင်းဌာန၏ အဆိုအရ အဆိုပါ Applicationကို Download ပြုလုပ်သူ (၁၄၀၀၀)ကျော် ရှိခဲ့ပြီး Facebookမှ Postပေါင်း (၁၇)သန်းကျော်ကို Scanဖတ်ခဲ့ကြောင်း သိရသည်။ Facebookတွင် Malwareများ တွယ်ကပ်မှုသည် ယခင်ကတည်းက ရှိခဲ့သော ပြဿနာဖြစ်ပြီး Koobfaceကဲ့သို့ ဗိုင်းရပ်စ်များကြောင့် Userများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ Registerသတင်းဌာနက BitDefender၏ အချက်အလက်များမှာ လက်တွေ့နှင့် ကိုက်ညီကြောင်း ထောက်ခံဖော်ပြထားသည်။

No comments: