ချီဖွေ ရေကာတာ စီမံကိန်း စတင်
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၇ မိနစ်
ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ပြည်နယ် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုမှ ဒုတိယအကြီးဆုံး ချီဖွေရေကာတာ စီမံကိန်း ဖွင့်ပွဲ ယနေ့ကျင်းပသည်။ချီဖွေမြို့မြောက်ဘက် ၁ဝ မိုင်ကွာ မန်ဒုံကျေးရွာအနီး မေခမြစ်တွင် တည်ဆောက်နေသော ချီဖွေရေကာတာ စီမံကိန်း လုပ်ငန်းစတင်သည့် အခမ်းအနားသို့ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင်တို့ တက်ရောက်ခဲ့သည်ဟု ကေအိုင်အို အသိုင်းအဝိုင်းမှ သိရသည်။
တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံ့မှု ကော်ပိုရေးရှင်းနှင့်
asiaworlddam1
ချီဖွေရေကာတာ စီမံကိန်း မြေပုံ
အေးရှားဝေါ ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည် ဖော်နေသော စီမံကိန်းအတွင်း မေခမြစ်ပေါ်တွင် တံတားဆောက်ရန် ရှိသဖြင့် စစ်အစိုးရနှင့် ကချင်လွတ် မြောက် ရေး အဖွဲ့တို့ ညှိနှိုင်းဆွေးနွေးကာ လက်ရှိ ချီဖွေလုံခြုံရေးကို ပူးတွဲ တာဝန်ယူထားသည်ဟု ကချင်အဖွဲ့ သတင်းရင်းမြစ်တခုက ပြောသည်။မေခမြစ် အနောက်ဘက်ခြမ်းသည် ကေအိုင်အို၏ တပ်မဟာ ၁ လက်အောက် တပ်ရင်း ၁ဝ အုပ်ချုပ်သည့် နယ်မြေဖြစ်ပြီး မေခမြစ် အရှေ့ဘက်ခြမ်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲလိုက်ပြီ ဖြစ်သော ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် ထိန်းချုပ်နယ်မြေ ဖြစ်သည်။
ချီဖွေရေကာတာ စီမံကိန်းကြောင့် လယ်ဧကပေါင်း ၁ဝဝ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ယမန်နှစ် အောက်တိုဘာလက ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ KDND ၏ “ရေဖုံးလွှမ်းမှုကို ခုခံ တွန်းလှန်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။ကေအိုင်အို အုပ်ချုပ်သည့် နယ်မြေမှ ညော်မောပါ၊ ကျန်နောင်ရွာကြီးများ အပါအဝင် ရွာငယ် အနည်းဆုံး ၃ဝ ကျော် ယင်းစီမံကိန်းကြောင့် ရွှေ့ရမည် ဖြစ်သော်လည်း ယနေ့ထိ ပြောင်းရွှေ့ရန် မပြောသေးကြောင်း သိရသည်။
asiaworlddam
ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း စတင်ခြင်းအခမ်းအနား ဖိတ်ကြားလွှာ
ဧရာဝတီ၊ မေခ၊ မလိခမြစ်ကြောင်းတလျှောက်ရှိ မြစ်ဆုံ၊ ချီဖွေ၊ ခေါင်လံဖူး၊ ပရှီး၊ ဖီဇော၊ လဇာ၊ လကင် စသည့် ဒေသများ၌ အများဆုံး ၃,၆ဝဝ မဂ္ဂါဝပ်မှ အနည်းဆုံး ၁,၄ဝဝ မဂ္ဂါဝပ် စုစုပေါင်း ၁၃,၃၆ဝ မဂ္ဂါဝပ် ထုတ်လုပ်မည်ဟု စစ်အစိုးရက ၂ဝဝ၇ မေ ၆ ရက်က ထုတ်ပြန်ထားသည်။
ကျေးရွာ ၆ဝ ခန့်က လူပေါင်း ၁၅,ဝဝဝ ခန့် ပြောင်းရွှေ့ခံရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံသို့ ရောင်းချရန် ဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ ဆိုသည်။
ဒုတိယ အကြီးဆုံး ချီဖွေ ရေကာတာ စီမံကိန်းမှ မဂ္ဂါဝပ် ၂ဝဝဝ ထုတ်လုပ်မည်ဖြစ်ပြီး ဧရာဝတီမြစ်ပေါ်မှ မြစ်ဆုံရေကာတာ စီမံကိန်းက ၃၆ဝဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ထိုရေကာတာ စီမံကိန်း နှစ်ခုကို ပထမဆုံး အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
မြစ်ဆုံအောက်ဘက် မြစ်ကြီးနားမြို့မှ မိုင် ၂ဝ အကွာ ကျိန်ခရန်နှင့် လုံကာဇွပ်ရွာကြားတွင် အောင်မြင်သာ စံပြကျေးရွာဟု အမည်ပေးကာ မနေ့ကအပ်နှင်းပွဲ ကျင်းပခဲ့သည်။ ၁၆ ဦးဆံ့ တိုက်နယ်ဆေးရုံ၊ ကွန်ကရစ်လမ်းနှင့် တံတား ဖွင့်ပွဲ အခမ်းအနားပါ ပြုလုပ်ခဲ့သည်။
မန္တလေး စိမ်းရောင်စို ဟောပြောပွဲ လူ ၃၀၀ တက်
အောင်မြတ်စိုး | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်
ဘန်ကောက် (မဇ္ဈိမ) ။ ။ မန္တလေးဆင်ခြေဖုံးတွင် စိမ်းရောင်စိုအဖွဲ့က ယမန်နေ့က ပထမဆုံးကျင်းပသော ပတ်ဝန်းကျင် ဟောပြောပွဲသို့ လူ ၃ဝဝ ခန့် တက်ပြီး ပရိသတ်များကို ထမင်းကျွေး ဧည့်ခံခဲ့သည်ဟု သိရသည်။ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်တွင် ကျင်းပသော “ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝ ဝန်းကျင်နှင့် ကျွန်ုပ်တို့၏တာဝန်” ဆိုသောခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲကို မန္တလေး စာရေးဆရာများ ဦးဆောင်သော စိမ်းရောင်စိုအဖွဲ့က ကျင်းပသည်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ရာသီဥတု
utunlwin
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်
အပြာင်းအလဲကို အဓိကထားဟောကာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးဝင်းမျိုးသူက ကမ္ဘာကြီး၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှင့် အိုဇုန်းလွှာ အကြောင်းများ ဟောသည်ဟု တက်ရောက်ခဲ့သူတဦးက ဆိုသည်။“အကျိုးအမြတ်ကတော့ အများကြီး ရလိုက်ပါတယ်။ ဟောပြောပွဲ တက်လာကြသူတွေမှာ စာရေးဆရာ တော်တော်များများ ပါဝင်ပါတယ်။ သူတို့ တတွေရော တက်ရောက်လာကြတဲ့သူတွေရော ရာသီဥတုဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိတွေ သိကြရပါတယ်” ဟု အခမ်းအနား တက်ရောက်သူ တဦးက မဇ္ဈိမသို့ ပောသည်။
စိမ်းရောင်စိုအဖွဲ့ကို ယခုနှစ်မေလ(၂၁)ရက်တွင် စာရေးဆရာများ၊ သစ်ပင်ချစ်သူများဖြင့် စတင် တည်ထောင်ခဲ့ပြီး သစ်ပင်စိုက်ပျိုးခဲ့သည်မှာ (၁၈)ကြိမ်ရှိခဲ့ကာ အပင်ရေအားဖြင့် (၅,ဝဝဝ) ကျော်ကို မန္တလေးနှင့် အနီိးတဝိုက်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် စိုက်ပျိုးပေးခဲ့သည်ဟု အဖွဲ့ဦးဆောင်သူတဦးက ပြောကြားသည်။
greentree
စိမ်းရောင်စို အဖွဲ့သားများ
ထို့ပြင် မန္တလေးရေဘေး၊ ရခိုင်ပြည်နယ်လေဘေး ကူညီရေးနှင့် စာသင်ကျောင်းဆောင်များ ဆောက်လုပ်မှုတို့ကိုလည်း အဖွဲ့က ပြုလုပ်နေသည်။
မန္တလေးတွင် ယခုနှစ်မေလက အပူလှိုင်း ဖြတ်ခဲ့၍ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ သေဆုံးခဲ့ကြရသည်။ သို့အတွက် စိမ်းရောင်စို ပေါ်ပေါက်လာရသည်ဟု သူကဆိုသည်။“လူတွေကို ပတ်ဝန်းကျင်ရာသီဥတု ပြောင်းလဲ လာ တာနဲ့အမျှ ဖြစ်လာမယ့် သဘာဝ အသိပညာ ပေးချင်တာရယ် သိပြီးတော့ လိုက်ပါ ဆောင်ရွက်ချင်စိတ် ရှိလာအောင်ရယ် ရည်ရွယ်ပါတယ်” ဟု စိမ်းရောင်စိုအဖွဲ့မှ ကိုမောင်မောင်ဦးက မဇ္ဈိမသို့ပြောသည်။
နောက်ထပ်လည်း ဟောပြောပွဲများ ဆက်လုပ်သွားမည်ဟု ကိုမောင်မောင်ဦးက ဆိုသည်။ ကုန်ကျစရိတ် အစုစုအတွက် မြို့ခံ ရပ်မိရပ်ဖများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည်။
ကျောင်းက ကောက်ခံသည့် ငွေမထည့်နိုင်သူများကို ဆရာမက ရိုက်နှက်
အတန်းပိုင်ဆရာမက ကျောင်းသားများထံ ငွေကြေးကောက်ခံရာတွင် မထည့်နိုင်သည့် ကျောင်းသားများအား ရိုက်နှက်မှုကို ပြုလုပ်နေသည့်အတွက် ကျောင်းသားမိဘများ မကျေမနပ်ဖြစ်နေကြသည်။ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အထက (၂) ပဉ္စမတန်း (F)မှ အတန်းပိုင်းဆရာမ ဒေါ်စန်းစန်းဝင်းက ငွေကြေးမထည့်နိုင်သည့် ကျောင်းသားများကို ရိုက်နှက်ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။“ကျောင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကလေးတယောက်ကို ၁၅၀၀ ကျပ် ကောက်ပါတယ်။ အဲဒါကို (၅) တန်း (F) အခန်းက အတန်းပိုင် ဆရာမက အတင်းကောက်ခံပြီး ပိုက်ဆံမပေးနိုင်တဲ့ ကလေးတွေအားလုံးကို ရိုက်တာ၊ အဲဒီအတွက် မိဘတွေက မကျေနပ်ကြဘူး” ဟု ပြောသည်/ ကျောင်းသားများထံမှ ကျောင်းသားစုံညီပွဲတော်အတွက် (၅၀၀) ကျပ်၊ ပြက္ခဒိန်ကြေး (၅၀၀) ကျပ်၊ ကျောင်းဆရာမတစ်ယောက် ပင်စင်ယူသွားသည့်အတွက် ကျောင်းသားတဦးလျှင် (၃၀၀) ကျပ်၊ စာမေးပွဲကြေး (၂၀၀) ကျပ် အသီးသီးကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ပိုက်ဆံကောက်တာက သဒ္ဒါကြေးအနေနဲ့ မကောက်ခံဘဲ အတင်းဓါးမြတိုက်သလို ကောက်ခံနေတာ၊ ကျောင်းစတက်ကတည်းက ကောက်ခံနေတဲ့ အခွန်ခတွေက အရမ်းများလွန်တဲ့အပြင် ဘာကြေးကို ဘယ်လိုပေးနေရမှန်း မသိအောင် ခဏခဏပေးနေရတယ်” ဟု ကျောင်းသားမိဘတဦးက ဆက်ပြောသည် ကျောင်းသားမိဘများ အနေဖြင့် ယင်းကဲ့သို့ ကျောင်းဆရာ၊ ဆရာမများ၏ လုပ်ရပ်ကို အထက်ပညာရေး အာဏာပိုင်များထံ တိုင်တန်းလိုသော်လည်း သက်ဆိုင်ရာအာဏာပိုင်များက လာရောက်စစ်ဆေးမှုသာရှိပြီး အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၎င်းက ဆက်ပြောသည်။“တိုင်ရင်လည်း သူတို့လူနဲ့ သူတို့ဆိုတော့ အချည်းနှီးဖြစ်မှာဆိုတာကြောင့် မတိုင်ဖြစ်တာ၊ တိုင်လည်း အထက်ကလာစစ်တာဘဲရှိတယ် အရေးယူတာ တခါမှမတွေ့ဘူးသေးဘူး” ဟု ပြောသည်။မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် အကျင့်ပျက်ခြစားမှုများစွာရှိပြီး ပညာရေးကို ငွေဖြင့်ပေးဝယ်နေရကာ ငွေကြေးမတတ်နိုင်သည့်အတွက် ကျောင်းထွက်ရသည့် ကျောင်းသားပေါင်းများစွာရှိကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။
more
more
more
more
more
more
more
more
more
more
more
more
more
more
more
more
more
more
more
more
ဒီကေဘီအေနှင့် ၄ ရက်မြောက် တိုက်ပွဲ
ကျော်ခ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်ပြောင်းရေး လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေ နှင့် စစ်အစိုးရတပ်များ ၄ ရက်မြောက် တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း ဒီကေဘီအေ ဗဟို ဌာနချုပ်က ယနေ့မနက်ကပြောသည်။ယနေ့မနက်ပိုင်း မြဝတီမြို့နယ် ဖလူးလေး ဘုရားကုန်းတွင် ဗိုလ်မှူးကြီးကျော်သက် ဦးစီးသည့် ဒီကေဘီအေ ကလို့ထူးဖော အမှတ် ၂ ဗျူဟာ တပ်ရင်းများနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် ၁၂ လက်အောက်ခံ ခမရ ၅၄၇၊ ၃၅၆၊ ခလရ ၂၃ဝ တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။“ကျနော်တို့ ဘက်က ဗျူဟာမှူး ဗိုလ်ကျော်သက် လက်အောက်ခံ တပ်ရင်းတွေနဲ့ စစ်တပ်နဲ့ ဒီနေ့မနက်ပိုင်း ဘုရားကုန်း မှာ ပစ်နေကြပြီ။ အခုအချိန်ထိ တိုက်နေတုန်းပဲ ထိခိုက်၊ အသေအပျောက်ကတော့ ဘာစာရင်းမှ မရသေးဘူး” ဟု ဒီကေဘီအေ ဗဟိုဆက်သွယ်ရေးဌာနချုပ်မှ ဗိုလ်မှူး ချစ်စရာက မဇ္ဈိမကို ပြောသည်။
ယနေ့မနက် ၁၁ နာရီ ၂၅ မိနစ်က စတင်ပစ်ခတ်ခဲ့ပြီး မဇ္ဈိမက ဒီကေဘီအေ ဗဟို ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းချိန် ထိုင်းစံတော်ချိန် ၁ နာရီ ခွဲထိ တိုက်ခိုက်နေသေး ကြောင်း သိရသည်။မြဝတီမြို့နယ်တွင် တိုက်ပွဲဖြစ်နေချိန် ကော့ကရိတ်မြို့နယ်ေ ဝါလေဒေသ ကနဲလေးတွင်လည်း ၉ဝ၉ တပ်ရင်းနှင့် ကလို့ထူးဘော ဗဟို လုံခြုံရေး တပ်ခွဲတို့ ပူးပေါင်း၍ ဗိုလ်မှူး ဗညားဝင်း ဦးစီးသည့် ခလရ ၄ဝ၉ စစ်ကြောင်း ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒီကေဘီအေဘက်က ပြောသည်။“ဒီနေ့မနက် ၇ နာရီလောက်က ကနဲလေးဂွင်မှာ နှစ်ဖက်ပစ်ခတ်တုန်း ပြေးလွှားရင်းနဲ့ ကျနော်တို့ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရသွားတာ။ မနေ့ကလဲ အဲဒီမိုင်းဂွင်ထဲမှာပဲ ဗိုလ်မှူးဗညားဝင်းတပ်ကပဲ ၂ ယောက် မိုင်းနင်းမိပြီး ခြေထောက်တွေ ပြတ်ကုန်တယ်” ဟု ဗိုလ်မှူး ချစ်စရာက ပြောသည်။စစ်အစိုးရက နယ်စပ်တွင် ပြန်လည်ပေါ်ပေါက်နေသောတိုက်ပွဲများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။
အဆိုပါ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကြီး၊ ဖလူးလေးနှင့် ကော့ကရိတ် ဝေါလေဒေသတွင် ယခုလ ၁၈ ရက်ကစ၍ဖြစ်ပွားသော တိုက်ပွဲများကြောင့် လူ ၅ဝဝ ကျော် စစ်ဘေးတိမ်းရှောင်ကာ ထိုင်းနိုင်ငံဘက် ရောက်ရှိလာကြောင်း ထိုင်းနယ်စပ်မြို့ မဲဆောက်အခြစိုက် မယ်တော်ဆေးခန်း ကျန်းမာရေးမှူး ဦးသာဝင်းက ပြောသည်။
ဒုက္ခသည်များ ထိုင်းအာဏာပိုင်များထံ တရားဝင်ခိုလှုံခွင့် တောင်းဆိုပါက သေနတ်သံများ ငြိမ်သွားလျှင် ချက်ချင်းပြန်ပို့မည်ကို စိုးရိမ်ကြသဖြင့် မဲဆောက်မြို့၊ ဖုတ်ဖရာ့၊ မဲ့ကိုကင်းရွာရှိ အသိအိမ်များနှင့် လယ်တဲများ၊ စိုက်ပျိုးရေးခြံများ၊ သစ်ပင်များနှင့် သောင်ရင်း ချောင်းဘေးများတွင် မိုးကာစများခင်း၍ ပုန်းအောင်း ခိုလှုံနေကြသည်ဟု ဦးသာဝင်းက ပြောသည်။အကယ်၍ နအဖ စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပါက အင်အား ၁ဝဝဝ ကျော်သာရှိသည့် ဒီကေဘီအေ အနေဖြင့် ပြန်လည် ခုခံနိုင်စွမ်းမရှိပေမည့် နိုင်ငံရေးအရ မဖြေရှင်းမချင်း ပြောက်ကျားစနစ်ဖြင့် စစ်အစိုးရကို လက်နက်ကိုင်တိုက်သွားမည်ဟု ဗိုလ်မှူးစောအေဝမ်းက ပြောသည်။
1. ချီဖွေ ရေကာတာ စီမံကိန်း စတင်
2. မန္တလေး စိမ်းရောင်စို ဟောပြောပွဲ လူ ၃၀၀ တက်
3. သီရိမင်္ဂလာဈေး ပြောင်းရမည်
4. မြန်မာသင်္ဘောသား ၂၃ ဦး မိသားစုနှင့် အဆက်အသွယ်ရ
5. ဂီရိအကူ ၄၅ ရာနှုန်းသာ ပေးနိုင်သေးကြောင်း ကုလပူးပေါင်းအဖွဲ့ ပြော
6. အသင်းအဖွဲ့ ဥပဒေပြင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးထံ တောင်းဆို
7. ဒီကေဘီအေနှင့် ၄ ရက်မြောက် တိုက်ပွဲ
8. ကရင်ပြည်နယ်တွင်း တိုက်ပွဲများ ဆက်ဖြစ်
9. မြဝတီနှင့် ကော့ကရိတ်တွင် တိုက်ပွဲများ ဆက်ဖြစ်
10. ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် တိုက်ပွဲဖြစ်
11. မဲဆောက် မီးပန်းဖောက်မှု မြဝတီလန့်
12. DKBA တချို့ KNU နဲ့ပေါင်းဟုဆို
13. ငွေညှစ်ဂိုဏ်းပုံစံ မြန်မာ့အခွန်စနစ်
14. ဗိုလ်နှုတ်ခမ်းမွှေးမှာ အင်အား တထောင်ရှိပါသည်
မြန်မာနိုင်ငံက အာဏာရူးတွေကတော့ သဘာဝ ပတ်ဝန်းကျင်ကို အမြဲထိမ်းသိမ်း နေပါတယ် တဲ့ ... ဖတ်ရှု့ လိုက်ကြပါဦး။
တရုတ်နိုင်ငံသို့ ဖမ်းဆီးသတ်ဖြတ် ပို့ဆောင်ခြင်းခံနေရတဲ့ မြန်မာ့ရှားပါး တိရိစ္ဆာန် ကျားသတ္တဝါများ..
ဟူးကောင်းတောင်ကြား ဒေသမှ မြန်မာကျားတစ်ကောင်.. ယခုအချိန်မှာတော့ ကျားကောင်ရေ ၈၀ကျော်သာ ကျန်ရှိပါတော့တယ်..
တရုတ်နိုင်ငံမှာ ဈေးကောင်းရတဲ့ အတွက် အသတ်ဖြတ်ခံရပြီး ရောင်းစားခံနေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကျားသတ္တဝါတွေပါ..
ပြီးခဲ့တဲ့ ၃ပတ်ခန့်က AFP သတင်းမှာ မြန်မာနိုင်ငံက ကျားရေခွံရောင်းဝယ်တဲ့ ဈေးကွက် အခြေအနေကို ဓာတ်ပုံတွေနဲ့ဖော်ပြထားပါတယ်...။ မြန်မာနိုင်ငံက ကျားရေခွံတွေကို တရုတ်နိုင်ငံက ဝယ်ယူတာဖြစ်ပြီး အရေခွံမပျက် ဦးခေါင်းပါ အပျက်အဆီးမရှိတဲ့ ကျားရေခွံတစ်ခုရဲ့ ရောင်းဈေးဟာ မြန်မာငွေ သိန်းတစ်ရာမှ ၁၅၀ထိ ဈေးရှိကြောင်း ပြည်တွင်းမှ ပေးပို့လာတဲ့ မြန်မာပြည်ကလာတဲ့စာ သတင်းတစ်ပုဒ်မှာ ဖော်ပြဘူးပါတယ်..။ ဒီကျားရေခွံတွေကို တရုတ်နိုင်ငံထဲ အထိသယ်ဆောင်ရာမှာ အကျင့်ပျက် ဝန်ထမ်းအဆင့်ဆင့် ကိုလာဘ်ပေး လ်ာယူ ပြုလုပ်ပြီး ဖမ်းဆီးသယ်ဆောင် ရတာဖြစ်ပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာ သယံဇာတတွေ ပေါများကြွယ်ဝတာတင် မကပဲ သဘာဝကပေးထားတဲ့ ရေမြေတောတောင် သဘာဝအလှတွေ၊ တောရိုင်းတိရိစ္ဆာန်တွေနဲ့ ပြည့်စုံတဲ့ တိုင်းပြည်တစ်ခုပါ..။
တိုင်းပြည်ကို မတရားတဲ့ အမိန့်အာဏာတွေနဲ့ အုပ်ချုပ်မင်းလုပ်နေသူတွေရဲ့ လွဲမှားချွတ်ချော်တဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ တိုင်းပြည်ဟာ တစတစ လုံးပါးပါးလာနေခဲ့ပါပြီ..။ ဆင်းရဲမွဲတေမှုရဲ့ အကျိုးဆက်.. အသိပညာချို့တဲ့မှုရဲ့ အကျိုးဆက်အဖြင့် လတ်တလော စားဝတ်နေရေး တစ်ခုတည်းကိုပဲ ဖြည့်ဆည်းဆောင်ရွက်နေရတဲ့ အခြေအနေအောက်မှာ တိုင်းပြည်ရဲ့ သဘာဝအမွေအနှစ် သယံဇာတတွေကို တန်ဘိုးထားရကောင်းမှန်း မသိတော့ပါဘူး..။
ဆိုင်းဘုတ်သာရှိပြီး အနှစ်သာရ လုပ်ဆောင်ချက် မရှိတဲ့ အခြေအနေတွေပါ..
တရုတ်နိုင်ငံဘက်မှ မြန်မာ့တောရိုင်း တိရိစ္ဆာန် ရောင်းချရာ ဈေးကွက်..
၉ရက် ၉လ ၂၀၁၀ခုနှစ်က France 24 မှာ ရေးသားထားတဲ့ Is the Burmese junta really saving tigers? မြန်မာစစ်အစိုးရ အမှန်တကယ် ကျားသတ္တဝါတွေကို ကယ်တင်ပေးနေလား? ဆိုတဲ့ဆောင်းပါး ပြန်ဖတ်ချင်ရင်နှိပ်ပါ
ယုဇနဦးဋ္ဌေးမြင့်ရဲ့ ဟူးကောင်းတောင်ကြားဒေသမှ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးနေမှုများ..
စစ်အစိုးရရဲ့အကာအကွယ် ရရှိထားတဲ့ စစ်အာဏာရှင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ယုဇနဦးဋ္ဌေးမြင့် (ကြံ့ဖွံ့ မြိတ်မြို့နယ်အမတ်)ရဲ့ ဟူးကောင်းတောင်ကြားဒေသမှာ အရုပ်ဆိုးအကျည်းတန်တဲ့ ရွာတွေပြောင်းရွှေ့ တောတောင်တွေဖျက်ဆီးပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာဟာ ထိုဒေသမှာ နေထိုင်ကျက်စားကြတဲ့ သဘာဝ တောရိုင်းတိရိစ္ဆာန်တွေ လျော့ပါးနည်းပါးလာရတဲ့ အကြောင်းရင်း အချက်တစ်ခုပါပဲ..။
အထက်ပါ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး စစ်အစိုးရဟာ ရှားပါး ကျားဘေးမဲ့တောအဖြစ် သတ်မှတ်လိုက်တဲ့ စတုရန်း မိုင်ပေါင်း ၈၄၀၀ ခန့်ကျယ်ဝန်းပြီး ကမ္ဘာ့အကြီးဆုံး ဆိုပြီး သတ်မှတ်လိုက်တာဟာ အမှန်တကယ် တောရိုင်းတိရိစ္ဆာန် ကျားသတ္တဝါတွေကို ကာကွယ်ပေးချင်လို့ သတ်မှတ်လိုက်တာလား ဒါမှမဟုတ် ကမ္ဘာ့အကြီးဆုံးဆိုတဲ့ နာမည်တစ်ခုကို လိုချင်လို့ သတ်မှတ်လိုက်တာလား ဆိုတာ စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်..။
ယခု လောလောလတ်လတ်မှာတော့ မြန်မာနိုင်ငံက ရှားပါးသတ္တဝါ ကျားသတ္တဝါတွေဟာ တရုတ်ပြည်က လူကုံထုံ အသိုင်းအဝိုင်းတွေရဲ့ အလှဆင်စရာ အဆောင်အယောင် တစ်ခုဖြစ်နေရပါတယ်..။ အားလုံးရဲ့ အခြေခံ အကြောင်းတရားတွေကတော့ စစ်အာဏာရှင်စံနစ်အောက် ဆင်းရဲမွဲတေမှုရဲ့ ရလာဒ်အဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်သူလူထုသာမက သယံဇာတ၊ တောရိုင်းတိရိစ္ဆာန်တွေပါ.. တိုင်းတပါးမှာ ပေးဆပ်နေရပါကြောင်း တင်ပြလိုက်ရပါတယ်။
KACHIN NEWS GROUP မှရိုက်ကူး ဖော်ထုတ် တင်ပြထားတဲ့ ယုဇနကုပ္မဏီမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘေးမဲ့တော မြေနေရာ လုယူမှုရုပ်သံ
http://www.youtube.com/watch?v=FFaqXQLoOSw&feature=player_embedded
ရတနာပုံတယ်လီပို့ အကြောင်း ဖွင့်ဟဝန်ခံချက် (မြန်မာပြည်ကလာတဲ့စာ)
ဓာတ်ပုံ ဒီမိုဝေယံ (ပြည်တွင်း)
မြန်မာပြည်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ရက်များမှ စတင်ပြီး ယခင်ကကတည်းက မမြန်တဲ့ အင်တာနက် ကွန်နက်ရှင်တွေဟာ ကောက်ခါငင်ခါနဲ့ သုံးမရအောင် နှေးကွေးသွားခဲ့ပါတယ်..။ စစ်အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ပြည်ပမှ Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက်ခြင်းခံရတယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြန်မာပြည်တွင်းမှ ပေးပို့လာတဲ့ ရတနာပုံတယ်လီပို့အကြောင်း စာနဲ့ ဓာတ်ပုံ အချို့ကို ဖော်ပြလိုက်ပါတယ်...။
ကိုဒီမိုရေ.. စစ်အစိုးရက ပြည်ပကနေ (DDoS)နဲ့ တိုက်ခိုက်ခံရတယ် ဆိုပြီးလိမ်ညာ သတင်းလွှင့်နေတာပါ.. ။ တကယ်တမ်း အင်တာနက်တွေကို နှေးအောင် ကြည့်မရအောင် လုပ်နေတာ သူတို့ကိုယ်တိုင်ပါပဲ..။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်သိတဲ့ ရတနာပုံတယ်လီပို့က သတင်းတွေအကြောင်း ရေးသား ပေးပို့လိုက်ပါတယ်..။
ရတနာပုံတယ်လီပို့ကို ၂၀၀၇ခုနှစ်ကတည်းက မန္တလေးနဲ့ ၂၄မိုင်ဝေးတဲ့ မန္တလေး မေမြို့သွားတဲ့ လမ်းမှာ ပြင်စာရွာမှာ ဆောက်လုပ်ခဲ့တာပါ...။ ဒီအဆောက်အဦး ပြီးစီးတဲ့အချိန်မှာ ကွန်ပြူတာတက္ကသိုလ်ဆင်း ကျောင်းသား/ကျောင်းသူ အိမ်ထောင် မရှိသူ အပျိုလူပျို၂၀ကျော်ကို ITနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမယ်ဆိုပြီး တေဇရဲ့ ထူးဒရေးဒင်းကုမ္ပဏီက အလုပ်ခေါ်ပါတယ်.. တလ ကျပ်(၁)သိန်းနဲ့ပါ...။ မြန်မာပြည်လို ပညာတတ်တွေ အတွက် အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံမှာ တစ်လ တစ်သိန်းဆိုတော့လည်း လုပ်ကြတာပေါ့...။ ဘာမှန်းညာမှန်းမသိပဲ ၂နှစ်စာချုပ်နဲ့ ဘွန်းထိုးပြီးတဲ့ အချိန်မှာတော့ ၂၀၀၉ခုနှစ် ကုန်ပိုင်းက စတင်ပြီး မန္တလေးနဲ့ ပြင်ဦးလွင်ကြားက ရတနာပုံတယ်လီပို့ ကိုပို့ခံရပါတော့တယ်...၂၀၁၀ခုနှစ် ၄လပိုင်းမှာ စတင်အလုပ်စဝင်ရပါတယ်.. ထမင်းကျွေးတယ်.. အဆောင်ပေးထားတယ်..။ တကယ်တန်းလုပ်ရတဲ့ အလုပ်ကတော့ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံရေး Websiteတွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံရေးဘလော့(ခ်)တွေကို ၂၄နာရီ အချိန်အဆိုင်းအလိုက် အချိန်ပြည့် စောင့်ကြည့်ရပါတော့တယ်.. အခုလက်ရှိ အဆိုပါဋ္ဌာနရဲ့ အကြီးအကဲကတော့ဗိုလ်မှူးကြီးတင်မောင်ဝင်းပါ..။
လုပ်ရတာကတော့ DVB,မဇ္ဈိမတို့,ဧရာဝတီတို့ စတဲ့ သတင်းဋ္ဌာနတွေကို တချိန်လုံး စောင့်ကြည့်ရပါတယ်..။ ပြီးတော့ မြန်မာတွေ အရှိများတဲ့ Facebook တို့ Twitterတို့ စတဲ့နေရာတွေကို နေ့ရောညပါ တစ်ချိန်လုံး စောင့်ကြည့်ရပါတော့တယ်.။ အဲ့ဒီသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတို့ ဘလော့(ဂ်) နာမည်တို့ဘာတို့ပါရင်.. ချက်ချင်းလိုက်တော့တာပဲ ပြီးရင် အစီရင်ခံစာတင်ရတယ်..။ သူတို့ရဲ့ Background မှာ Counter Check လုပ်တာကတော့... ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံးဆိုတာ သီးသန့်ရှိတယ်.. သူတို့က အဲ့ဒီ အဖွဲ့ကလည်း ဒီနိုင်ငံရေး Website တွေ သတင်းဋ္ဌာနတွေ ဘလော့(ဂ်)တွေကို တောက်လျှောက် စောင့်ကြည့်နေတာပါပဲ.။ သူတို့လုပ်ရတာ ဒါပဲရှိတယ် ကျန်တာဘာမှာ မလုပ်ရပါဘူး..။ ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ သတင်းတွေ မဘန်းမိတဲ့ ဘလော့(ဂ်)တွေ ကျန်ခဲ့ပြီ ဆိုရင်သူတို့ ပြသနာရှာခံရတော့တာပါပဲ..။ လစာဖြတ်ခံရတာတို့ နောက်ဆုံး စိတ်မထင်ရင် မထင်သလို ဆူပူကြိမ်းမောင်း ခံရတာတို့ ခံရပါတော့တယ်...။ ပြည်တွင်းကနေ ဆိုဒ်တွေကို ဝင်ကြည့်မယ်ဆိုရင် နိုဝင်ဘာ(၇) ရက်နေ့မတိုင်ခင်ထိ Ultra Subနဲ့ ကျော်ကြည့်လို့ ရတယ် ခုနောက်ပိုင်းလုံးဝကို Ban လိုက်ပါပြီ.. ခုတစ်ချို့တွေ Proxy ၂ဆင့် ကျော်ပြီးကြည့်ကြတယ်..။ နောက်ပိုင်း အဲ့လို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်တွေကို Virus လွှတ်ဖို့အထိ လုပ်နေပါပြီ...။
နိုဝင်ဘာ(၇)ရက်နေ့ မတိုင်ခင် လုံးဝကို တမင်နှေးအောင်လုပ်လိုက်တာပါ.. တမင်ဖြတ်ချလိုက်တာပါ။ ဒီလိုလုပ်တဲ့ဟာ အားလုံးကို တရုတ်က ကွန်ထရိုး ပေးထားတာပါ..။ ခုတရုတ်က ပညာရှင်တွေ ရတနာပုံတယ်လီပို့ကို ရောက်နေပါတယ်..။ ဒီလိုအခြေအနေတွေ အောက်မှာပဲ အလုပ်ကနေ ထွက်ခွာချင်နေတဲ့ လူငယ်တွေက အများကြီးပါပဲ သို့ပေမယ့် မြန်မာပြည်မှာ လက်ရှိခေတ်စားနေတဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေက စာချုပ်နဲ့ ထိန်းချုပ်ထားတဲ့ အကျင့်အတိုင်း အခု လက်ရှိလုပ်နေသူတွေ (၂)နှစ်ပြည့်အောင် လုပ်ရပါမယ်။ မလုပ်ချင်လို့ ထွက်ချင်ရင်တော့ အနည်းဆုံး အောက်ထစ် (၁၅)သိန်းပေးမှ ထွက်လို့ရပါတော့မယ်..။
အဲ့ဒီတော့ ပြည်ပက တိုက်ခိုက်တယ်.. ဆိုတာလုံးဝ မဟုတ်ပါဘူး.. တမင်သတင်းလွှင့်တာပါ.. ဘာ (DDoS) နဲ့မှ တိုက်ခံရတာမဟုတ်ပါဘူး..။ ရတနာပုံ တယ်လီပို့ကသူတွေ အသိဆုံးပါ..။ နောက်ပိုင်းဒီမှာ အင်တာနက် ထိန်းချုပ်ဖို့ အများကြီး ပြင်ဆင်လုပ်ကိုင်နေတဲ့ အကြောင်း ပေးပို့လိုက်ရပါတယ်..။
ရတနာပုံ Virus
ရေးသားပေးပို့ လာတဲ့ စာထဲက ကာယကံရှင် ထိခိုက်စေမယ့် အကြောင်းအရာတစ်ချို့ကို ပယ်ဖျက်ပြီး ပြန်တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ နအဖစစ်အာဏာရှင်တွေရဲ့ မလိုအပ်တဲ့နေရာတွေမှာ တိုင်းပြည် ဘဏ္ဍာငွေတွေ သုံးပြီး မီဒီယာကို မသမာတဲ့နည်းနဲ့ တိုက်နေတာတွေပါ...။ မြန်မာပြည်မှာ အင်တာနက် သုံးတာ နိုင်ငံရေးဆိုဒ်တွေ တခုတည်းကြည့်ဖို့ အတွက်မဟုတ်ပါဘူး ... တခြားစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍများစွာ ရှိပါသေးတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အမြင်တစ်ခုတည်းအတွက် အင်တာနက်ကို နှေးကွေးအောင် လုပ်ဆောင်နေတာဟာ တခြားသော ကဏ္ဍတွေ အသုံးပြုနေသူတွေ အတွက် အင်မတန်မှ နစ်နာလှပါတယ်..။ သို့ပေမယ့် မတရားအုပ်ချုပ်သူ အခွင့်ထူးခံ စစ်အာဏာရှင်များနှင့် ပတ်သတ်သူ လက်တစ်ဆုပ်စာ အတွက်တော့ မြန်နှုန်းမြင့်ပြီး သာမာန်ပြည်သူ လူထုတွေ ကြည့်ခွင့်မရတဲ့ Youtube,Yahoo စတာတွေ ကြည့်လို့ရတဲ့ VIP လိုင်းသီးသန့် လုပ်ပေးထားရကြောင်း အဆိုပါ ပေးပို့လာသူမှ ဆိုပါတယ်..။ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရအတွင်း လွှတ်တော်တွင် အော်ကြမည်ဆိုသည့် အတိုက်အခံ ဆိုသူများမှ လွှတ်တော်အတွင်း တခြားကိစ္စများ အသာထား အနိမ့်ဆုံးအဆင့် သတင်းလွတ်လပ်ခွင့်၊ အင်တာနက် မြန်နှုန်းမြင့်မြင့်နှင့် သုံးစွဲပိုင်ခွင့် ရမရဆိုတာ တောင်းဆိုနိုင်ကြမလား ဆိုတာကို စောင့်ကြည့်ချင်ပါကြောင်း တင်ပြလိုက်ရပါတယ်...။
မြန်မာစစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းများ အကြောင်း.....
မြန်မာစစ်အာဏာရှင်တွေရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခု တည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခုပုံပါ...။ ပြည်တွင်းမှ မျိုးချစ် စစ်သည်တစ်ဦး ပေးပို့လာတဲ့ ဓာတ်ပုံ၊ သတင်းအချက်အလက် များထဲမှ သတင်းဓာတ်ပုံ တစ်ပုံကို တင်ပြပေးလိုက်ပါတယ်...။
ဒီမိုဝေယံ....
အာဏာကို ဘယ်သူပိုင်သလဲ.....?
တပ်မတော်အတွင်းက အလယ်အလတ်တန်းစား အရာရှိများရဲ့ လက်ရှိ စစ်ခေါင်းဆောင်ကြီးများ အပေါ်မှာထားတဲ့ သဘောထားအမြင်များနဲ့ ရပ်တည်ချက်တွေအကြောင်း ကျနော်ရေးသားဖော်ပြခဲ့တဲ့ “မဇ္ဈိမလှိုင်းခတ်သံ” ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူ အချို့ထံမှ သဘောထား ထင်မြင်ချက်များကို လက်ခံရရှိပါတယ်။ သဘောထားထင်မြင် ချက် ပေးပို့သူများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါတယ်။ တပ်မတော်ထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာအဖြစ်သနစ်တွေ၊ တပ်မတော်သား တွေရဲ့ ခံစားချက် ရပ်တည်ချက်တွေကို ကျနော်ရေးသားဖော်ပြနေတာဟာ တပ်မတော် နဲ့ပြည်သူလူထုအကြား အမှန်တရားဆိုတာကို နားလည်မှုရှိရှိ ပုံဖော်သွားနိုင်ဖို့ ရည်ရွယ် ချက်နဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ရေးသားချက်တွေဟာ ကျနော် နေ့စဉ်ဖြတ်သန်း ကြုံတွေ့နေရတဲ့ တပ်ထဲကအဖြစ်အပျက်တွေ၊ ခံစားချက် အမြင်တွေသာ ဖြစ်ပြီး ကျနော် ကိုယ်တိုင်ကလည်း စစ်မှုထမ်းတစ်ဦး ဖြစ်နေတာကြောင့် ပြည်သူလူထု ဘက်က အမြင် မဟုတ်တာ သေချာပါတယ်။
ကျနော်ရေးတဲ့စာတွေကို ဖတ်ပြီး တုန့်ပြန်ရေးသားလာတဲ့ ရှုထောင့်အမြင်တွေကသာလျှင် ပြည်သူလူထုရဲ့ သဘောထားကို သေသေချာချာ ထင်ဟပ်ဖော်ပြနိုင်ပါတယ်။ ဒီအတွက် တုန့်ပြန်လာတဲ့ သဘောထားအမြင်များကို လိုလိုလားလား လက်ခံကြိုဆိုပါ.. တယ်လို့ ပြောလိုက်ရတာပါ။ အမှန်ဆိုရင်တော့ တပ်မတော်နဲ့ ပြည်သူကြားမှာ ရှိနေတဲ့ သံသယတွေကို တပ်မတော်သားတွေနဲ့ ပြည်သူလူထုမျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်း လင်း ဆွေးနွေးပစ်ဖို့ကောင်းတာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုတရပ်လုံးဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် မှာ ရာစုနှစ် တ၀က်လောက် နေထိုင်လာရတာဆိုတော့ စစ်တပ်နဲ့ပတ်သက်ရင် ခံစား ချက်မကောင်းတာ၊ ယုံကြည်မှုမရှိတာ သဘာဝကျပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲခံစားခဲ့ရပါတယ်။ စစ်တပ်ထဲရောက်ပြီးနောက်ပိုင်း စရိုက်အမျိုးမျိုး စိတ်ဓာတ်အမျိုးမျိုး ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံလာရတဲ့ အခါ လူနဲ့လူချင်း ခွဲခြား သိမြင်မှုတွေ ရှိလာတယ်။
အရင်တုန်းကတော့ စစ်ယူနီဖောင်းမြင်ရင်ပဲ စိတ်ထဲမှာ အလိုလိုဒေါသဖြစ်နေမိ တာ။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာ ဒီနေ့အထိ စွဲမြဲနေတဲ့ အချက်ကတော့ စစ်အုပ်ချုပ် ရေး မကောင်းဘူးဆိုတာပါပဲ။ တသွေးတသံတမိန့် အုပ်ချုပ်ရေးအောက်မှာ ပြည်သူလူထု ဘယ်လို လွတ်လပ်မှုရှိပါ့မလဲ။ မြန်မာပြည်သူလူထုအဖို့ ပြောပြစရာမလိုလောက်အောင် ခါးသီးမှုတွေ ခံစားနေရတာ အထင်အရှားပါပဲ။ ဒါကြောင့်မို့ စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်း ပျောက်ကွယ်သွားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတရပ် တော့ မဟုတ်ပါဘူး။ သို့သော်လည်း မဖြစ်နိုင်တဲ့ အရာလည်းမဟုတ်ပါဘူး။ ပြည်သူလူ ထုရော စစ်တပ်ထဲက ပုဂ္ဂိုလ်တွေပါ အတူတကွ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာပါ။ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ ကြံဆလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
ယနေ့တိုင် အောင်မြင်မှု မရသေးတာလည်း အထင်အရှား ပါပဲ။ ဒီလိုဖြစ်နေရတာဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု အခိုင်အမာ မတည်ဆောက် နိုင်သေးလို့ပါပဲ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု ပေါင်းစည်းမိသွားမှာကို စစ် ခေါင်းဆောင်ကြီးတွေ အစိုးရိမ်ဆုံးပါ။ ၁၉၈၈ ဒီမိုကရေစီ အရးတော်ပုံကြီးမှာ လက်နက်ကိုစီနဲ့ ဆန္ဒပြဖို့ ထွက်လာတဲ့ စစ်သည် တွေကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ဖျောင်းဖြပြောဆိုပြီး တပ်မှာသေနတ်တွေ ပြန်အပ်ခိုင်းတာကို မှတ်မိကြမှာပါ။ စစ်တပ်ထဲမှာ အကြပ်အတည်းတွေ့ချိန်၊ ထိန်းသိမ်းရ ခက်ခဲချိန်မှာ ဒီမိုကရေစီရေး ခေါင်းဆောင်တွေက ထွက်ပေါက် ပေးသလိုဖြစ်သွားပါ တယ်။ ၁၉၄၉ ခဝဲခြံ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ဒီအခြေအနေမျိုးဖြစ်ခဲ့ပုံရပါတယ်။ လူထုခေါင်းဆောင်တွေကသာ စစ်ခေါင်းဆောင်တွေအပေါ် မပြတ်သားတာပါ။ စစ်ခေါင်းဆောင်တွေကတော့ ပြတ်သားလွန်းလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု နာလန်မထူနိုင် အောင် ဖြစ်နေရပါတယ်။ တကယ်တမ်းမှာလည်း လူထုအုံကြွမှု အထွတ်အထိပ်ကို ရောက်လာလို့ စစ်တပ်ထဲက မကြေနပ်မှုတွေ လမ်းပေါ်ရောက်လာတာပါ။ ပုံမှန်အခြေအ နေမှာဆိုရင် ကြိတ်မှိတ်ခံစားနေကြတာများပါတယ်။
နောက်တခုကလည်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေဟာ ယူနီဖောင်းဝတ်အချင်း ချင်းထက် လူထုခေါင်းဆောင်တွေပေါ်မှာ ပိုပြီးစိုးရိမ်ထိတ်လန့်တတ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်ဗိုလ်တစ်ဦးရဲ့ အာဏာစက်က အကန့်အသတ်ရှိပြီး လူထုခေါင်းဆောင် တဦးရဲ့ အရှိန်သြဇာကတော့ အတိုင်းအဆမရှိ လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်နဲ့ ပြည်သူလူထု နီးစပ်မှုမရှိအောင် “တပ်မတော်သာ အမိ တပ်မတော်သာ အဖ”ဆိုပြီး အတင်းဝါဒဖြန့် ရိုက်သွင်းနေတာပါ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု အ နေစိမ်းလေ မသင့်မမြတ်ဖြစ်လေ သူတို့ရဲ့အာဏာ ကုလားထိုင် တည်မြဲလေပဲပေါ့။ ဥပမာ-အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကိစ္စကိုကြည့်ပါ။ ယနေ့ထက်တိုင် ပြည်တွင်းပြည် ပမှာ သောသောညံအောင် ပြောဆိုနေကြတာက ပြည်သူလူထု အဓမ္မလုပ်အားပေး စေခိုင်းခံရတဲ့ ကိစ္စပါ။ စစ်တပ်တွင်းမှာလည်း အဓမ္မလုပ်အားပေး ကိစ္စရှိတယ်လို့ပြောရင် ယုံ ကြမှာတောင် မဟုတ်ပါဘူး။ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၃) ရပ် ဆိုတာရှိပါ တယ်။ (၁) စစ်တိုက်ရန် (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရေး ပြုလုပ်ရန် (၃) လေ့ကျင့် ရန်မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းလုပ်ရန်- စတာတွေဖြစ်ပါတယ်။ လမ်းဖောက်၊ ဆည်ဆောက်လုပ်ငန်းတွေမှာ စစ်သည်တွေ ပါဝင်လုပ်အားပေးနေတာ တွေ့ဖူးကြမယ် ထင်ပါတယ်။ အဲဒီအတွက် လုပ်အားခ တပြားတချပ်မှ မရပါ။
ကျနော်တို့နဲ့ သင်တန်းမှာ ဆုံကြတဲ့ အာမီ (ကြည်းတပ်) စစ်သားတွေက “ရှေ့တန်းထွက် နေရတာ၊ သင်တန်းတက်ရတာ ပျော်တယ်။ နောက်တန်းမှာဆိုရင် လုပ်အားပေးသွားရ တာနဲ့ နားရတယ်လို့ မရှိဘူး။” လို့ပြောကြတယ်။ ကျနော်တို့ရေတပ်မှာလည်း ဒီအတိုင်း ပါပဲ။ တပ်သစ်တွေမှာဆိုရင် ပိုဆိုးတယ်။ လမ်းဖောက် မြေညှိတဲ့အလုပ်တွေကို ရဲဘော် လုပ်အားနဲ့ တည်ဆောက်ကြတာ။ တချို့ရဲဘော်တွေဆိုရင် ပင်ပမ်းဒဏ်ပိတာက တမျိုး ငှက်ဖျားကြောင့် တစ်မျိုး သေကြရတယ်။ ကိုယ်တိုင် ပင်ပင်ပမ်းပမ်းလုပ်ထားဖူးတဲ့ စစ်သားက လူထုလုပ်အားပေးကို ဦးစီးကွပ်ကဲရတဲ့အခါ “ငါတောင်လုပ်ခဲ့သေးတာ သူတို့လဲ လုပ်ရမှာပေါ့” ဆိုတဲ့ စိတ်မျိုး ၀င်လာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှိတယ်ဆိုတာက တဦးချင်းအသိနဲ့ ဆိုင်ပါတယ်။ တိုင်းပြည်အတွက် လုပ်ရတာဆိုပြီးတော့ လူထုနဲ့ တပ်မတော်အကြား စိတ်ဝမ်းကွဲသွားတယ်။ တကယ်ကျတော့ သူအကျိုးလည်းမဟုတ်၊ ကိုယ့်အကျိုးလည်းမဟုတ် အားလုံးရဲ့ ဂုတ်ပေါ်မှာ ခွစီးထားတဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ တုပ်တုပ်မှမလှုပ်။ သူတို့မဟုတ်သလို။ သူတို့မလုပ်သလို။ စစ်တပ်အောက်ခြေပိုင်း အရာရှိ/ စစ်သည်တွေကသာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာပါ။ ကျောက်ဖြူမှာ ဓည၀တီ ရေတပ်စခန်း ဌာနချုပ် တည်ဆောက်ခါစတုန်းကဆိုရင် ဒုဗိုလ်မှူးကြီးတွေက သစ်တုံးမ,ပေးရတယ်။ ဗိုလ်ကြီးတွေက ကျောက်ထမ်းရတယ်။ ရဲဘော် တွေဆိုတာ မပြောပါနဲ့တော့။ ကျွန်တော့်သူငယ်ချင်းတယောက်ဟာ အလုပ်ကပင်ပမ်း၊ အစားအသောက်ညံ့လွန်းတော့ အားနည်းပြီး အဖျားဝင်သွားတာ ရောဂါအတော်ကျွမ်းမှ ကျောက်ဖြူဆေးရုံကတဆင့် မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ပေးရတယ်။ ဆေးရုံကဆင်းတော့ သူ့အိမ်မှာ တလလောက်ပြန်နားပြီး အားမွေးယူရတယ်။ အခုတော့ အဲဒီသူငယ်ချင်း တပ်က ထွက်ပြေးသွားပါပြီ။
ဟိုင်းကြီးရေတပ်စခန်းမှာလည်း ရဲဘော်တွေလုပ်အားနဲ့ ပုဇွန်မွေးမြူရေးကန်တွေတူးပြီး ဌာနချုပ်မှူးက ပုဂ္ဂလိက လုပ်ငန်းရှင်ကို ရောင်းစားတာရှိခဲ့ဖူးပါတယ်။ ကျနော်ပြောချင်တာက စစ်တပ်အပေါ် ကောင်းမြင်သက်သက်မဟုတ်သလို အဆိုးမြင် ချည်းလည်း မမြင်မိဖို့ပါပဲ။ စစ်တပ်ထဲမှာ အတန်းအစားအမျိုးမျိုး၊ စရိုက်အမျိုးမျိုး ရှိပါ တယ်။ သေချာတာက တပ်မတော်သား အများစုဟာ ဒီိမိုကရေစီဆိုတဲ့ စကားလုံးနဲ့ အလှမ်းဝေးနေပေမယ့် လွတ်လပ်မှုကိုတော့ နှစ်သက်မြတ်နိုးကြပါတယ်။ ဒီတော့ စစ်တပ်ကိုချဉ်းကပ်တဲ့နေရာမှာ တဦးချင်းဖြစ်ဖြစ်၊ အစုလိုက်ဖြစ်ဖြစ် ကိုယ်နဲ့ နီး စပ်ရာကနေ အစပြုသင့်ပါတယ်။ NLD လူငယ်တွေ အမှတ်(၂) စစ်ဆေးရုံမှာ သွေးလှူ ဒါန်းတာကောင်းပါတယ်။ အဲဒီမှာ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေ တက်ရောက် ကုသတာ မဟုတ်လား။ အပြောင်းအလဲဖြစ်ဖို့အတွက် စစ်တပ်တခုလုံးက ထောက်ခံလာ ဖို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် စစ်တပ်အတွင်းက အစိတ်အပိုင်း တခုနဲ့ ယုံကြည်မှုတည်ဆောက်ထားနိုင်ရင် ရှေ့ခရီးဆက်လို့ရပါပြီ။ အထူးသဖြင့် အင်အားထု ထည်ကြီးမားပြီး ပြည်သူလူထုနဲ့ နီးစပ်မှုရှိတဲ့ အောက်ခြေထုကို ဦးတည်ချက်ထားသင့် ပါတယ်။ အထက်အမိန့်ဆိုတာ နာခံမယ့်သူ ရှိမှ အကျိုးသက်ရောက်ပါတယ်။
ဆိုဗီယက် ပြည်ထောင်စု အာဏာပြိုကွဲသွားပုံကိုကြည့်ပါ။ ကျနော့်အတွေ့အကြုံကိုပြောရရင် စစ်တပ်ထဲမှာ အောက်ခြေထုညီညွှတ်တဲ့အခါ အထက်အရာရှိတွေ အလျှော့ပေးရပါတယ်။ တခါက စစ်ရေယာဉ်တစီးမှာ စစ်သည်တွေ အားလုံးညှိပြီး အိပ်နေကြလို့ ရေယာဉ် စက်နှိုးဖို့ အခက်အခဲရှိပြီး စစ်ရေယာဉ်မှူး အခက် ကြုံရဖူးပါတယ်။ ကိုယ့်ဖက်ကအားနည်းရင် အလျှော့ပေး စေ့စပ်မှုလုပ်တာဟာ စစ်ခေါင်းဆောင်တွေရဲ့ စရိုက်သဘာဝဖြစ်ပါတယ်။ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့ အစိုးရတစ်ရပ်ဟာ စစ်တပ်အောက်ခြေထုကပါ အမိန့်မနာခံတော့ဘူးဆိုရင် ဘယ်လို အာဏာရှိတော့မှာလဲ။ စစ်ဗိုလ်ချုပ်ကြီးတွေ တန်ခိုး ထွားနေတာဟာ အနုမြူလက်နက်ကြောင့် မဟုတ်ဘဲ သူတို့အမိန့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ လက်အောက်ခံ အရာရှိ/စစ်သည်တွေကြောင့်သာ ဖြစ်ပါတယ်။ “ပြည်တင်းမင်းမခံနိုင်” ဆိုတဲ့ မြန်မာဆိုရိုးစကားပုံကိုလည်း ရှိတယ်မဟုတ်ပါလား။
တပ်ကြပ်ကြီး – နေမင်းသူ
၁၇-ဒီဇင်ဘာ-၂၀၁၀
ပေးပို့ပေးတဲ့ ကိုနေမင်းသူအား ကျေးဇူးတင်ပါသည်..။
ဗဒတတပ်ပေါင်းစုလှုပ်ရှားမှု.... (ပြည်တွင်း)
မြန်မာပြည်တွင်းဒီမိုကရေစီရေး လှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသားလူငယ်အဖွဲ့ ခုနှစ်ဖွဲ့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ)မှ တိုင်းရင်းသားဒေသများတွင် နအဖစစ်အစိုးရဆင်နွှဲနေသော ထိုးစစ်များကို ကန့်ကွက်သည့် စာရွက်ကြဲလှုပ်ရှားမှုကို ပြုလုပ် ခဲ့ကြသည်။ ဗဒတတပ်ပေါင်းစု အဖွဲ့ဝင်သံဃာတော်များနှင့် လူငယ်များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိမြို့နယ် ပေါင်း(၂၀)တွင် အဆိုပါလှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀)နှင့် (၂၁.၁၂.၂၀၁၀) ရက်နေ့များတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ဗဒတတပ်ပေါင်းစုမှ ဖြန့်ဝေခဲ့သည့်စာရွက်များတွင် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာ ချက်ချင်းရပ်၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ စစ်ပွဲအလိုမရှိ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ချက်ချင်းဆောင်ရွက်ပေး စသည့်စစ်ဆန့်ကျင် ရေးသားစာများ ပါဝင်ပြီးငြိမ်းချမ်းရေး ဂျိုးဖြူငှက် မြန်မာပြည်မြေပုံဆီသို့ ပျံသန်းနေဟန် သရုပ်ဖော်ထားသောပုံများ ပါရှိသည်။ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ အရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုပြီး မြေပြန့်နေ ပြည်သူများက တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများ တစိတ်တ၀မ်းထဲရှိကြောင်း ပြသခြင်းဖြစ်ကြောင်း သိရှိရသည်။ ဗဒတ၏စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ အင်းစိန်မြို့နယ်၊ တွံ့တေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ သာကေတမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တစ်ထောင်မြို.နယ်၊ ဒေါပုံမြို.နယ်၊ မင်္ဂတောင်ညွန့်ြ
Tuesday, 4 January 2011
Prodding Generals to Negotiating Table
2011-01-03
In a program aired on Dec. 17, Aung San Suu Kyi urges Burma’s military rulers to join talks aimed at national reconciliation and discusses the future of Burmese youth both inside the country and abroad.
Q: The Burma Communist Party (BCP) was founded by General Aung San [Aung San Suu Kyi’s father] himself, who served as its secretary. This organization took a leading role in Burma’s independence movement, but had to go underground in 1948. You have said that you and the NLD are prepared to work together with any party or political organization to achieve democracy. Therefore I would like to know whether you are willing to work with the BCP and whether, after democracy is established, there is any intention of recognizing the BCP as a legal party.
A: At this time, when we are working for internal peace and reunification in our country, it is better to look forward toward the future than to look back to the past. So this is a time to work not just for one group or organization but for everyone, and for all groups and organizations. Therefore, I would like for all groups and organizations to think together about what they can do to help achieve national reconciliation.
When democracy is achieved and human rights have been fully restored, all of the groups and organizations will also gain their appropriate rights and privileges. This would apply not just to the Communist Party but to everyone. I would like to say that democracy and human rights will provide a more secure life for everyone.
Q: I am asking this question from Norway. With regard to the negotiations with the military for national reconciliation, I recall that you have said that there will not be a losing side and a winning side—but that both sides will come out as winners as a result of those talks. At this time, the military has complete control over power in the country. They also have a huge control over economic activities, and they rely on their power for the security of their daily lives. So if, as a result of these negotiations, they have to give up all of their power, or share their power, this would amount to a loss for them. How could one say that they would also be on the winning side?
A: I think that having dignity and a secure life is much better than holding on to power. That kind of a genuine secure life can be achieved only through a political solution. If everyone can agree, through negotiations and discussions, on national reconciliation, the people—including all military personnel—will be able to live a secure life. I do not believe that all of the people in the Tatmadaw [military] government are interested only in power. I think that there are also those who value dignity and living a secure life.
Q: How are you planning to successfully bring the military government to the dialogue table? I would also like to know how those of us who are living abroad can support and help you in your efforts to bring about national reconciliation. [The questioner is calling from London, and is the director of the rights group Burma Democratic Concern.]
A: To persuade the Tatmadaw government to come to the negotiation table, all of us must put our efforts together to make them understand that these talks are in everyone’s interests. Just as we are putting our efforts together, you must also put your efforts together. These negotiations are in everyone’s interest—they are for the whole country. Everyone must work together to make the Tatmadaw government understand that these talks are for the peace of mind, freedom, and secure life of all groups and organizations. All kinds of methods must be used, and I would like to say that we are also looking for new ways all of the time.
Q: Those of us who have watched the people in Burma struggle for many years to achieve democracy want to continue to support them. [The caller is a member of Australia’s parliament.] Would you advise us on ways to continue with our help to them? There are a lot of people in Australia who steadfastly support you and the people of Burma in their struggle for freedom. We heard you very clearly when you said, “Please use your freedom so that we can achieve ours.”
A: May I take this opportunity to say that we are thankful to all of our friends in Australia for the many years of help they have given us in our struggle for democracy in Burma. As to how you can help us more in our efforts: the emergence of an all-inclusive political process is very important at this time. Everyone abroad and in Burma must work together for the emergence of such a political process. So we would like all of our friends in Australia to also put their efforts together, using their own methods, so that the people governing Burma will clearly understand that an all-inclusive political process is needed for our country to really develop and genuinely get on the road toward democracy.
Q: I don’t really have a question, it is actually a request for the benefit of Burmese children and youth now living abroad. They learn about you in their social and political studies in school, and you are always on their minds. I think that they would be very happy if you could write and send some letters from Burma to all of these young people living abroad. Also, can you tell us how the young people of Burma can help and protect our country.
A: Establishing contact with our Burmese children abroad is something that I think about all the time. I would like to write to them. Also, if possible, I would like to get in touch with them on the Internet. I have been planning and making arrangements to do these things, and I hope that I can get in touch with the children of Burma directly. I would also like to ask all parents to encourage and help their children to be interested in Burma.
Q: I fled to Burma’s border while attending first-year classes for my Masters of Science degree. [The caller now lives in a refugee camp.] Now that you have been released from detention, what will you do to help students inside the country? Although there are universities in Burma, they are empty and have no practical equipment. Also, do you have plans to open more schools, computer classes, and English-language classes—not in Rangoon but in the districts and more remote areas that are hard to reach?
A: A foundation has been established with the money I received from my Nobel Prize and from other prizes, and we are helping Burmese students who live abroad through this foundation. But the help we can provide is limited by the foundation’s capabilities. We are trying to expand our activities as much as possible. As for the youth inside Burma, we cannot do as much as we would like, as our organization is a political organization. But we help as much as we can with the education of youth who have been in contact with the National League for Democracy, as well as with the families of political prisoners, and we will continue to do this. We have also arranged English-language and computer classes as much as we can. We will continue to do this as well.
Copyright © 1998-2010 Radio Free Asia. All rights reserved.

Sunday, 2 January 2011
ထိုင်းဘဏ် နှင့် မြန်မာ ဘဏ်နှစ်ခု ကုန်သွယ်ရေး လုပ်ငန်းများ အတွက် ပူးပေါင်း
မန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်နှင့် မြန်မာ့ ရင်းနှီးမြုပ်နှံမှု နှင့် ကူးသန်းရောင်း ၀ယ်ရေး ဘဏ်
တို့ သည် ထိုင်းဘဏ် တစ်ခု နှင့် ပူးပေါင်း၍ ငွေပေးငွေယူရှင်း တမ်း များ ကုန် သွယ်မှု လုပ်ငန်းများ
တွင် ပူးပေါင်းဆောင် ရွက် သွား မည် ဟု သိရသည်။ထိုင်း နှင့် မြန်မာ နိုင်ငံ တို့ ၏ နယ်စပ် ကုန် သွယ်ရေး တွင် မူလက လက်ငင်းငွေချေစနစ် ဖြင့်သာ
ကျင့်သုံးသော်လည်း နောက် ပိုင်းတွင် ဘဏ်များ မှ ငွေပေးချေ သည့် စနစ် ကို ကျင့် သုံးတော့ မည်
ဟု သိရသည်။
ထိုင်း နှင့် မြန်မာ နယ်စပ် ကုန် သွယ်ရေး တွင် တရားမ၀င် ကုန်သွယ် မှု များ လည်း ရှိပြီး နယ်စပ်ကုန်
သွယ်ရေး တွင် ထိုင်း က မြန်မာ ကို အသာစီးရလျှက်ရှိသည်။ ယမန်နေ့ က ထိုင်းဝန်ကြီး ချုပ် အဘီဆစ်
သည် မြန်မာ နိုင်ငံနှင့် ကပ် လျှက် ရှိ သည့် ထိုင်းနယ် စပ် မြို့  မဲဆောက် သို့ ရောက်ရှိ ခဲ့သည်။
ထိုင်း နိုင်ငံ နှင့် မြန်မာ နိုင်ငံ ကုန်သွယ်ရာ အဓိက မြို့ ဖြစ်သည့် မြ၀တီ နယ်စပ် ဂိတ်ကို မြန်မာ ဘက်က
လွန်ခဲ့သည့် ငါးလ ကတည်းက ပိတ်ထားသည်။
ယခု ကဲ့သို့ ဘဏ်များ ပူးပေါင်းဆောင်ရွက်မှု သည် ဧရာဝတီ၊ကျောက်ဖယား၊မဲခေါင် စီးပွားရေး ပူး
ပေါင်းဆောင် ရွက်မှု သဘောတူညီချက် ကြောင့် ဖြစ်သည်။

တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
မွန်ပြည်နယ် အတွင်းရှိ ခြေလျှင် တပ်ရင်း အချို့ ကို ကရင်ပြည်နယ်တွင်း သို့ ဒီဇင်ဘာလ
နောက်ဆုံးပတ် က စတင်ကာ ပြောင်းရွှေ့ မှု ပြုလုပ် ထားပြီး၊ ရန်ကုန်တိုင်း အတွင်း သို့ 
ပဲခူး တိုင်းမှ တပ်များ ပိုမိုချထားကာ ၊ ဧရာဝတီ တိုင်း နှင့် မကွေး တိုင်း မှ ခြေလျှင် တပ်
ရင်း နှင့် ခြေမြန်တပ်မ များ မှာ ထပ်မံ တိုးချဲ့ သည့် စစ်ဌာနချုပ် လက်အောက်ခံ တပ်များ
အဖြစ်ပြောင်းရွှေ့ ရမည် ဟု သိရသည်။
မြန်မာ နိုင်ငံတွင်း ရှိ စစ်တပ် ပြောင်းရွှေ့ မှု များနှင့် ပတ် သက်၍ ရန်ကုန် မြို့ မှ အငြိမ်းစား
ဗိုလ်မှုးကြီး တစ်ဦးက “အရင်က ရှေ့ တန်း ထွက်တာလေ၊အော်ပရေးရှင်း ပြီးရင် ကိုယ့်တပ်
ကိုယ်ပြန်လာပေါ့ ခု ဒီလို မဟုတ် ဘူး အခု တပ်ပါပြောင်းရတာ တပ်သားလေးတွေ ရောသူ
တို့ မိသားစု တွေ နဲ့ ကလေးတွေ ပါ ဒုက္ခရောက်ကြတယ်” ဟု Freedom News Group
သို့ ပြောသည်။
ခြေလျှင် တပ် များ ပြောင်းရွှေ့ ခဲ့သည့် ဖျာပုံ၊မြောင်းမြ၊ဘိုကလေး၊အိမ်မဲ နှင့် လပွတ္တာတို့ တွင်
ရေတပ် က ၀င်ရောက် နေရာယူထားပြီး ရခိုင်ပြည်နယ် တွင်းမှ တပ်အင်အား အချို့ ကို ချင်း
ပြည်နယ် နှင့် ကချင်ပြည်နယ် သို့ ပြောင်းရွှေ့ ချထား လိုက်သည် ဟု သိရသည်။
နအဖ စစ်အစိုးရသည် တပ်များ အပြောင်းအရွှေ့ ပြုလုပ်ရုံသာမက စစ်တပ် ၏ ဖွဲ့ စည်းပုံ နှင့်
အမိန့် ပေး စနစ် များ ကို ပါပြန်လည် ပြင်ဆင် သည် ဟု အတည်မပြု နိုင်သည့် သတင်းများအရ
သိရသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလ အတွင်း ရှမ်းပြည်နယ် ဉ် စစ်ဌာနချုပ် တစ်ခု ထပ်မံ တိုးချဲ့ရာ တပ်သား
အင်အား ငါးထောင် ခန့် ကို မြန်မာပြည်နေ ရာ အနှံအပြား မှ နေ၍ ထိုစစ်တိုင်းသစ် ရှိရာ သို့ 
ပြောင်းရွှေ့ စေခဲ့သည် ဟု သိရသည်။

Saturday, 1 January 2011
Thursday, 30 December 2010
ကျွန်တော်သိတဲ့ အကောင်းဆုံးကျော်ခွဆိုဒ်တွေပါ။

http://www.myhidespace.com/
http://www.hiddenvisits.com/
http://www.bypass-websense.com/
http://www.surfeverywhere.com/
http://www.proxy4myspace.org/
http://www.anonymousatwork.com/
http://www.floridaproxy.com/
http://www.browse-hidden.com/
http://www.yourproxy2u.com/
http://www.checkprofiles.com/
http://www.hidelive.com/
http://www.browsl.com/
http://www.internetfilter.be/
http://prxy.us/
http://www.bubso.com/
http://www.disablefirewall.com/
http://www.ciia.info/
http://siteallow.com/
http://ihidemy.info/
http://myspacetwitter.co.cc/
http://007proxysurf.ucoz.com/
http://filters-suck.info/
http://www.ebeboproxy.info/
http://www.access2myspace.com/
http://surfallow.info/
http://www.myanmarproxy.tk/(cannot to view youtube

Wednesday, 29 December 2010
မြန်မာပြည် အနာဂတ် နှင့် HIV ဗိုင်းရပ်စ်
မြန်မာပြည်တွင် HIV ရောဂါသည်များ တဖြည်းဖြည်း တိုးပွားလာသည့် သတင်းကို အားလုံး သိရှိပြီး ဖြစ်မည် ထင်ပါသည် ။ ယခု ကျနော် ရေးသား တင်ပြလိုသည့် အကြောင်း အရာသည် HIVေ၇ာဂါသည်များ တိုးပွားလာရခြင်း၏ အဓိက အချက်ဟု ထင်မြင် ယူဆမိပါ၍ ဒီဆောင်းပါးလေးကို ရေးသား လိုက်ခြင်းပင် ဖြစ်ပါသည် ။ ပုံမှန်အားဖြင့် လိင်ဆက်ဆံခြင်းမှသာ အများဆုံး ကူးစက်လေ့ ရှိသည့် ထိုရောဂါကို ကာကွယ်ရန် နည်းလမ်းများ သိနေပါလျှက်နှင့် အဘယ်ကြောင့် ရောဂါသည်များ တိုးပွားလာရသနည်း ဆိုသည့် မေးခွန်းသည် အင်မတန်မှာ စဉ်းစားစရာ ကောင်းသည့် အချက် ဖြစ်သည်ဟု ကျနော်များစွာ တွေးတောမိ သလို ပညာရှင်များလည်း တွေးတောမိမည်မှာ အမှန်ပင် ဖြစ်ပါည် ။
မြန်မာနိုင်ငံတွင် HIV ပညာပေး ဇတ်ကားများကို အစိုးရမှာ ထုတ်လွှင့်လေ့ ရှိသလို ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းများမှလည်း မကြာခဏ ပညာပေးပွဲများ ကျင်းပလေ့ရှိပါသည် ကို မြန်မာနိုင်ငံတွင် ထိုသို့သော လုပ်ငန်းများ လုပ်ကိုင်နေသူများထံမှ အမြဲလိုလို ကြားသိရပါသည် ။ တကယ်တမ်း ပညာပေး သည့် အတိုင်း ပြည်သူလူထု လိုက်နာ ဆောင်ရွက်မည် ဆိုလျှင် ရောဂါ ဝေဒနာရှင်များ လျှော့နည်းသွားသင့်သည့် အစား တဖြည်းဖြည်း တိုးပွာလာခြင်းသည် တခုခု မှားယွင်းနေပြီ ဆိုတာ အသေအချာဟု ပထမဦးစွာ ယုံကြည်စေချင်ပါသည် ။
ပထမ ဆုံးအားနည်းချက် ကို ထောက်ပြရမည် ဆိုလျှင် ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းများက လိင်ဆက်ဆံရာတွင် အသုံးပြုသည့် အကာအကွယ်ပစ္စည်း ( condom ) ကို ခေတ်မှီ နည်းစနစ်များ ဖြင့် စစ်ဆေးခြင်း မရှိဘဲ မြန်မာနိုင်ငံတွင် ဖြန့်ဝေ ခြင်းကြောင့်ပင် ဖြစ်သည်ဟု အသေအချာ ပြောရဲပါသည် ။ မြန်မာနိုင်ငံသို့ ထို အဖွဲ့အစည်းများ က အကူအညီ တောင်းခံ၍ ပေးပို့လှူဒန်းသည်လား ၊ ဈေးပေါပေါဖြင့် ရောင်းချသည်လား ထိုစက်ရုံ၌ သုံးနှစ်ကြာ အလုပ်သမား အဖြစ် အမှု ထမ်းခဲ့သော မြန်မာ အလုပ်သမားများ အနေဖြင့် အတိအကျ မသိနိုင်သော်လည်း သေချာစွာ ပြောနိုင်သည်က ထိုပစ္စည်းများသည် အရည်အသွေး အဆင့်အတန်း မမှီသည့် သက်တမ်းကုန်လွန်နေသည့် ထုတ်ကုန်များကို ပို့ဆောင် ခြင်း ဖြစ်ကြောင်း အားလုံးက တညီတညွတ်တည်း ပြောဆိုကြသည့် အတွက် ပြည်သူလူထု အတွက် အထူးသိသင့်သည့် သတင်း တခု ဖြစ်သလို သက်ဆိုင်ရာ တာဝန် ရှိသူများ မှလည်း စုံစမ်းသင့်သည်ဟု လေးစားစွာ တိုက်တွန်း ပြောကြားလိုပါသည် ။
ကျနော် သိထားသည့် သတင်း အရဆိုလျှင် မြန်မာနိုင်ငံကို တင်သွင်းသည့် ထိုပစ္စည်းများကို မလေးရှားနိုင်ငံ Karex Industrial Sdn.Bhd မှ ထုတ်လုပ်ပါသည် ။ ထို ပစ္စည်းများ စတင် ထုတ်လုပ်သည့် အဆင့်မှ စကာ နောက်ဆုံး ထုပ်ပိုးသည့် အဆင့် အထိ မြန်မာနိုင်ငံသား ၀န်ထမ်းများ ရှိသည်ဟု လာရောက် ဖွင့်ဟ ပြောဆိုသွားပါသည် ။ ယခုချိန်ထိလည်း ထို စက်ရုံတွင် မြန်မာနိုင်ငံသား အလုပ်သမားများ ဆက်လက် တာဝန် ထမ်းဆောင် နေကြဆဲပင်ဖြစ်ပါသည် ။ နိုင်ငံတကာ သို့ တင်ပို့ရောင်းချသည့် အခါ အဆင့်အတန်းမြင့်သော နိုင်ငံများ အတွက် အရည်အသွေးကို အထူးထိန်းသိမ်း ကြီးကြပ်သလောက် ဆင်းရဲသော နိုင်ငံများ အတွက် ဆိုလျှင် ဖြစ်သလို ထုတ်လုပ်ရောင်းချသည်မှာ စက်ရုံတော်တော်များများတွင် တာဝန်ထမ်းဆောင်ဘူးသည့် မြန်မာနိုင်ငံသားများ အသိဆုံး ဖြစ်မည် ထင်ပါသည် ။
ပထမ ဦးစွာ Latex ခေါ် ရာဘာရည်ကို ဓါတုဗေဒ ဆေးဝါးများ ရောစပ်ကာ ပုံသွန်းလောင်းသည့်စက်များ ဖြင့် လှည့်ပတ်မောင်းနှင်ရသည် ။
ထိုအဆင့်လွန်မြောက်လျှင် ထိုပစ္စည်းများကို ပေါင်ဒါမှုန့်များ ပျက်ဖြန်းကာ အခြောက်ခံထားရပါသည် ။ ထိုသို့သတ်မှတ်သည့် အပူချိန်ပေး၍ အခြောက်ခံပြီးလျှင် ပလတ်စတစ် အိပ်များသို့ သွတ်သွင်းကာ စတိုထဲတွင်း သိမ်းထားလေသည် ။ ထို့နောက် ထိုပစ္စည်းများကို Electronic Test လုပ်သည့် စက်များတွင် တခုချင်းတပ်ဆင်၍ စက်များမှ အလိုအလျာက်စနစ်များဖြင့် အကောင်း အဆိုး ကို ခွဲခြမ်း စမ်းသပ်ကာ လွယ်ကူစွာ သုံးစွဲနိုင်ရန် ပစ္စည်းများကို လိပ်ပေးလိုက်သည့် အသင့်အနေအထားရောက်အောင် ထိုစက်မှ လုပ်ဆောင်သွားပါသည် ။
ထို့နောက် ထို့နောက် customer များ၏ order ပေါ်ကို မူတည်၍ သက်ဆိုင်ရာ တံဆိပ်များ အသင့်တပ်ဆင်ထားသည့် plastic roll များကို စက်များတွင် တပ်ဆင်ကာ တခုချင်းစီကို ချောဆီ ထည့်၍ parcking ထုတ်ပိုးသည့် အဆင့်တွင်လည်း စက်များဖြင့် လုပ်ဆောင်သွားပါသည် ။ ထိုနောက် အပ်နှံသည့် အလုပ် order ပေါ်ကို မူတည်လျှက် တခုချင်းဖြစ်စေ ၊ သုံးခုတတွဲဖြစ်စေ ၊ ဆယ့်နှစ်ခု တတွဲဖြစ်စေ ထုပ်ပိုး၍ ကမ္ဘာနိုင်ငံ အနှံ့အပြားရှိ ဈေးကွက်သို့ ကွန်တိန်နာများ ဖြင့်ပို့ဆောင်ပါသည် ။
ထိုသို့ ထုတ်လုပ်သည့် စတင်သည့် အဆင့်မှ စကာ နောက်ဆုံး အဆင့်အထိ နေရာတိုင်းတွင် အရည်အသွေး စစ်ဆေးထိမ်းသိန်းသည့် QC များက အဆင့်တိုင်းတွင် သေချာစွာ စစ်ဆေးကြပါသည် ။ ထိုသို့ စစ်ဆေးရာ၌ အဆင့်အတန်း မြင့်သော နိုင်ငံများကို ပို့မည့် ပစ္စည်းများ ၌ Reject တခုတွေ့လျှင် ထိုတွေ့ရှိသည့် ပစ္စည်းနှင့် အတူတူထုတ်လုပ်ခဲ့သည့်ပစ္စည်များကို ပြန်လည် ဖွင့်ဖောက်ကာ စစ်ဆေးလေ့ ရှိသော်လည်း မြန်မာနိုင်ငံ အပါအ၀င် ဆင်းရဲ သော နိုင်ငံများသို့ ပို့မည့် ပစ္စည်းများ ပြန်လည် ဖွင့်ဖောက် စစ်ဆေးလေ့ မရှိကြပါ ။ အဘယ်ကြောင့် ဆိုသော် ထိုသို့ ပြန်လည် စစ်ဆေးရမည့် ပစ္စည်းများ အလွန်များနေလျှင် သူဌေး ၏ အညိုငြင်ကို ခံရမည်ကို စိုးကြောက်၍ လည်းကောင်း ၊ ဆင်း၇ဲ နွမ်းပါးသော နိုင်ငံများ၌ ခေတ်မှီ သော နည်းပညာများဖြင့် စမ်းသပ်၍ မရှိသည်ကို သိနေကြသည့် သက်ဆိုင်၇ာ အလုပ်ကြီးကြပ်သူများသည် မျက်စိမှိတ်ကာ လက်မှတ်ထိုးပေးလေ့ ရှိပါသည်။
မြန်မာနိုင်ငံသို့ တင်သွင်းသည့် ထိုပစ္စည်းများတွင် အဖော်တံဆိပ်နှင့် တံဆိပ်မပါသည့် ခဲရောင် ကာဘာ ဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်းဟူ၍ နှစ်မျိုးရှိပါသည် ။ထိုတံဆိပ် မပါသည့် ပစ္စည်များသည် နိုင်ငံတကာမှ အကူအညီ တောင်းခံသော အခါ ဆင်းရဲသည့် နိုင်ငံများ အတွက် ပေးပို့လှူဒန်းရန် ဖြစ်သည်ဟု အုပ်ချုပ်သူ အရာရှိများထံမှ မြန်မာနိုင်ငံမှ အလုပ်သမားများ ကြားသိခဲ့ရပါသည် ။ ထိုပစ္စည်းများ သည် ထုတ်လုပ်မှု အဆင့်တိုင်းတွင် QC များ မျက်စိတ်မှိတ်၍ လက်မှတ်ထိုးခဲ့သော ပစ္စည်းများပင် ဖြစ်ပါသည် ။ ထိုသို့ အရည်အသွေး မမှီရုံသာ မဟုတ် ၊ မည်သည့် နိုင်ငံ အတွက် ဟု သီးသန့်ရည်ရွယ်ထားခြင်း မရှိသည့် ပစ္စည်းများ ဖြစ်သောကြောင့် အမြဲလိုလို အပို ထုတ်လုပ်ကာ အသင့် အနေအထားဖြင့် သိမ်းဆည်းထားလေ့ ရှိပါသည် ။ ထို အကာအကွယ် ပစ္စည်းများ၏ သက်တမ်း မှာ သုံးနှစ်ဟု သတ်မှတ်ထားပါသည် ။ အကယ်၍ သုံးနှစ် ပြည့်သွားလျှင် ထိုရက်စွဲများကို ပြန်လည် ဖျက်ကာ ရက်စွဲ အသစ်များ ထပ်မံရိုက်၍ ပြည်လည် သိမ်ဆည်းထားကြသည်ဟု သိရှိရပါသည် ။
ကိုယ့်နိုင်ငံကို တင်ပို့မည့် ရောဂါကာကွယ်ရေး ပစ္စည်များသည် အရည်အသွေး မမှီရုံသာ မက ရက်လွန်ပစ္စည်းများ ဖြစ်သည့် အတွက် ပေါက်ပြဲဖို့ အလွန် လွယ်ကူသည့် အတွက်ရောဂါ ကူးစက်သည့် နှုန်း ပိုမို များပြား လာနိုင်သည် ကို သိသိကြီးနဲ့ မလွန်ဆန်နိုင်သော အလုပ်သမားတဦးကမူ မျက်ရည် ကျခဲ့ရပါသည်ဟု ပြောကြားခဲ့ပါသည် ။ သူတို့ပြောဆိုခဲ့သမျှ လိမ်ညာ ပြောဆိုခြင်း မဟုတ်မှန်း သူတို့၏ ရိုးသားသော မျက်နှာပေါ်တွင် ၀မ်းနည်းသည့် အရိပ်အယောင်များ အထင်သား ပေါ်လွင်နေသည်ကို တွေ့မြင့်ခဲ့ရလေသည် ။ တိုင်းပြည် တပြည် ဆင်းရဲလျှင် ယခုကဲ့ သို့ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရလေသည် ကို ပြည်သူလူထု အနေဖြင့် သတိထားစေလွန်းလှပါသည် ။
ကျနော် မြန်မာနိုင်ငံတွင် နေစဉ်က HIV ပညာရေး ဟောပြောပွဲ တစ်ခုတက်ရောက်ဘူးပါတယ် ။ သူတို့ဟောပြော ချက်များတွင် အကာအကွယ် ပစ္စည်း မသုံးခင် လေမှုတ်၍ စမ်းသပ်ကြည့်သင့်ကြောင်း ပညာပေး ဟောပြောခဲ့သည်ကို သွား အမှတ်ရမိပြန်သေးသည် ။ သေသေချာချာ ပြန်လည် သုံးသပ်ကြည့်လျှင် မသုံးခင် ထိုသို့ လေမှုတ်၍ စမ်းသပ်သူ အတော်နည်းမည်ကို ကိုယ်တိုင် စဉ်းစားစေချင်ပါသည် ။ ထို့အပြင် ထိုပစ္စည်းကို သာမန် အမြင်ဖြင့် လေလုံပါသည်ဟု ဆိုသော်လည်း သတ်မှတ်ထားသည့် အပူချိန် ၊ လေဖိအားဒဏ် ခံနိုင်မှု ၊ အရည်ယိုစိမ့်မှု တို့ကို နည်းပညာ အကူအညီ မပါဘဲ သာမန် စမ်းသပ်ချက်များ ဖြင့် စမ်းသပ်၍ မလုံလောက် နိုင်ပါဟု အထစ်ချ ပြောရဲပါသည် ။
ထို အကာအကွယ်ပစ္စည်းသုံးစွဲခြင်း နှင့်ပက်သက်၍ သုတေသီများ၏ လက်တွေ့ကျကျ မေးမြန်းထားချက်များအရ သုံးစွဲသော အကာအကွယ် ပစ္စည်း ပေါက်ပြဲသွားသည်ဟု သိရသည့် လူ (၁၀၀) တွင် ၁၀ယောက်ခန့်သာ အသစ်ပြောင်းတပ်၍ သုံးစွဲလေ့ ရှိကြသည်ဟု ကြားသိခဲ့ရဘူးပါသည် ။
နောက်တချက်ကား ထိုအကာအကွယ် ပစ္စည်းများသည် HIV ရောဂါ အပါအ၀င် အခြား ကာလသားရောဂါများကို ကာကွယ် တားဆီးပေးနိုင်မှန်းသိလျှက် အချို့သော လူများသည် မသုံးစွဲချင်ကြသည်ကို ပြည့်တန်ဆာ အဖြစ် အသက် မွေးဝမ်းကြောင်း ပြုသူများ ထံမှ ကြားသိခဲ့ရလေသည် ။ ထိုအခါ သူတို့ မသုံးစွဲလို၍ ရှိစေအုံး ခင်ဗျာတို့ အနေနဲ့လက်မခံ၍ ရတာဘဲ ဟု ပြောသော အခါ သူတို့ အဖြေစကား သည် ရင်နင့်စရာ ကောင်းလွန်းလှပေသည် ။ " ကံကြမ္မာ မကောင်း၍ ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည့် ကျမတို့ စကားကို ဘယ်သူကများ လေးစားမှာလည်းတဲ့ "။ မကောင်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည့် လူကို အသာထား ရိုးသားဖြူစင်စွာ အသက်မွေးဝမ်းကြောင်း ပြုနေသူများကို အပင် အထင်သေးတတ်ကြသည့် လူများလည်း မရှားဆိုတာကို အခြေခံ၍ စဉ်းစားကြည့် ထိုစကားသည် ဟုတ်လောက်ပေသည် ။
သူတို့လောကမှ ကြားသိရသလောက် ဆိုလျှင် အချို့သော အပျော်ရှာရန် လာသည့် လူများ ထိုပစ္စည်းကို မသုံးချင်သည့် အခါ "အလွှာပါးပေမယ့် ကမ္ဘာခြားသလို ခံစားရတယ် " လျှာကို ရာဘာစွပ်ပြီး ထမင်းစားကြည့်ရင် ဘာအရသာ ရှိမှာလည်း " ဆိုသည့် စကားလုံးများမှာ အမြဲသုံးသည် ကို ငြန်းဆိုလေ့ရှိကြသည် ဟု ကြားသိရပါသည် ။
ထို့အပြင် ထိုသို့ အပျော်ရှာ သည့် လူအများစုသည် လာရောက်လူများတွင် ကိုးဆယ်ရာခိုင်နှုန်းသည် အရက်မူးနေကြသည် ။ နဂိုက ခိုးချောင်ခိုးဝှက် လုပ်စားရသည့် ဘ၀ တွင် သူတို့၏ ပြဿနာ ရှာဖွေခြင်းကို မခံနိုင်သည့် မိန်းကလေးများသည် သူတို့ အလိုကျ လိုက်လျော နေရခြင်းသည် ထိုရောဂါပိုးကို ကူးဆက်ခြင်းကို ဟန့်တားနိုင်ခြင်း မရှိခြင်း၏ အခြေခံ အကြောင်း အရင်း တရပ်ပင် ဖြစ်သည် ။ အရက်မူးနေသည့် အချိန်တွင် အရက်၏ အာနိသင်ကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ် အပူချိန်တက်လာလေ့ ရှိသည့် အပြင် အမှန်အမှားကို သာမန် အချိန်လို ခွဲခြား နိုင်စွမ်း မရှိသည့် အတွက် မိုက်ရုးရဲ ဆန်စွာ တဒင်္ဂ သာယာမှု အတွက် တဘ၀လုံး ထိုရောဂါ ကို သိမ်းပိုက်သွားရသည့် လူများ၏ ရာခိုင်နှုန်းက ပိုများလေ့ရှိပါသည် ။
အမျိုးသား ဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ မည်သူမဆို ထိုရောဂါကို အလွယ်တကူ ကူးစက် နိုင်သည့် အတွက် အထူးသတိထား ရှောင်ရှားသင့်သည့် အချက်မှာ မည်သူကိုမှ အယုံမလွယ်ရန် နှင့် အိမ်ထောင်ဖက်ကို သစ္စာရှိကြစေချင်ပါသည် ။ အထူးသဖြင့် မိမိတို့၏ ဇနီးမယား နှင့် တင်းတိမ်ကျေနပ်ခြင်း မရှိသည့် အခါ၌ ဖြစ်စေ ၊ အိမ်ထောင်ဘက် နှင့် ခွဲခွါနေရသည့် အခါများ၌ အပျော်ရှာလေ့ ရှိကြသည့် အမျိုးသားများ အထူးမှာကြား လိုသည်မှာ အကယ်၍ များ မလုံခြုံသော ဆက်ဆံမှု လုပ်မိပြီ ဆိုလျှင် ပြန်လည်၍ သွေးစစ်သင့်ပါသည် ။ ထိုသို့ စစ်ဆေးရာ၌ လည်း ပထမ အကြိမ် စစ်ဆေးပြီးသည် နောက် ( ၆ ) လွန်မြောက်လျှင် ထပ်မံစစ်ဆေးသင့်ပါသည် ။ သင့်၌ အကယ်၍ ရောဂါ စွဲကပ်နေသည် ဆိုပါက မိမိတို့၏ အပြစ်မဲ့သော အိမ်ထောင်ဘက်နှင့် မိမိတို့၏ မျိုးဆက်ရင်သွေးငယ်ကို ထိုရောဂါပိုးများ လက်ဆင့်ကမ်း ဖြန့်ဝေ ပေးသည့် လုပ်ရပ်များကို အထူး ရှောင်ရှားနိုင်ရန် ပွင့်လင်းစွာ ဖွင့်ပြော၍ ကျန်ရှိသေးသည့် ဘ၀ ခရီးလမ်းကို ကောင်းမွန်စွာ ဖြတ်သန်းသင့်ပါသည် ။
အချို့သော မိန်းကလေးများသည် သူတို့၏ ဘ၀ ကို ယောက်ျား၏ အချစ်ကို ယုံစား၍ ရောဂါ ပိုးရှိသူကို ပုံအပ်ထားရာက စလို့ ရောဂါ ပိုးကူးစက် ခံရသည်ကို သိသည့် အခါ ထိုယောက်ျား အပေါ် နားကြည်းချက်ကို သိမ်းပိုက်လျှက် အခြားသော လူများကို ဂလဲ့စားချေရန် လုပ်ဆောင်လေ့ရှိသည်ကို အမျိုးသားများ အနေဖြင့် အထူးသတိထားသင့်ပါသည် ။ သူတို့၏ အယူမှားသော လုပ်ရပ်များကြောင့် ရမ္မဇော ထန်နေသည့် အမျိုးသားများ လည်း ထိုရောဂါကို ပိုင်ဆိုင် သွားကြရလေသည် ။ ထိုသို့သော ညွှတ်ကွင်းမျိုးကို သက်ဆင်းမိသူ အများစုမှာ ရေသာခို အချောင်လိုက်လိုသော စိတ်ဓါတ် ကို ပိုင်ဆိုင်ထားသည့် ယောက်ျား နှင့် မကြုံဖူးသော အတွေ့အကြုံ ကို စမ်းသပ်ချင် ကြသည့် အရွယ်ရောက်ခါစ ငယ်ရွယ်သည့် လူငယ်များ ပင်ဖြစ်လေသည် ။
ပညာရေး စနစ် ညံ့ဖျင်းမှု ကြောင့် အသိဥာဏ် ဖွံ့ဖြိုးမှု နည်းသည့်အခါ စာရိတ္တမဏ္ဍိုင် ယိုင်းယိုင်နေရရှာသည့် လူငယ်များ သည် အမှန်အမှားကို ကောင်းစွာ မခွဲခြား နိုင်ကြဘဲ ဆန္ဒအလိုကို ချုပ်တီးနိုင်ရန် လွန်စွာ ခက်ခဲသည်ကို ကျနော် နားလည်ပါတယ် ။ နည်းပညာကို အလွဲသုံးစားလုပ်ကာ အယူမှားတွေ ဖြန့်ဝေ နေသည့် လုပ်ရပ်များက လူငယ်များကို ထိုကိစ္စများတွင် ပိုမို ထက်သန်အောင် နိုးဆွပေးနေသည့် အချိန်အခါတွင် အနာဂတ် မျိုးဆက်သစ် လူငယ်များ အတွက် အထူးစိုးရိမ် စရာ အနေအထား တစ်ခုကို ရောက်ရှိနေပါပြီ ။
သက်ဆိုင်ရာ အာဏာပိုင် များ အနေဖြင့် နိုင်ငံရေး စကားကို ပြောကြားနေသူများ အား လေသံကြားရရုံမျှ ဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်သည်ဟု အကြောင်းပြကာ ဖမ်းဆီးနေမည့် အစား အဖော်အချွတ်များ ဖြင့် လူငယ်များ၏ စာရိတ္တကို ပီပီပြင်ပြင် ဖျက်စီးနေသူများကို အမျိုးဂုဏ်ဇာတိဂုဏ် ဇာတိဂုဏ် မြင့်မားရေးကို နှောယှက် ဖျက်စီးနေသည့် လူများ အဖြစ် ထိရောက်သော အပြစ်ဒဏ်များ ပေးနိုင်လျှင် တိုင်းပြည် အတွက် ပိုမို အကျိုးရှိမည်ဟု ယုံကြည်မိပါသည် ။ ထိုသူများသည် လူငယ်များ၏ အနာဂတ်ကို ပျက်စီးသထက် ပျက်စီးအောင် ဖျက်စီးနေသည့် လူများ ဖြစ်သည် ဆိုတာကို အသိဥာဏ် ရှိသည့် လူသားတိုင်း လက်ခံထားကြပါသည် ။ ထိုသို့ မဟုတ်ဘဲ နိုင်ငံရေးသမား များကို တဖတ်သတ် စွဲချက်များဖြင့် ဥပဒေ အမျိုးမျိုးထုတ်ကာ ဖမ်းဆီး အပြစ်ပေး အရေးယူကြပြီး လူငယ်များ၏ စာရိတ္တ မဏ္ဍိုင်ကို ယိုင်နဲ့အောင် ထင်ရှားစွာ လုပ်ဆောင်နေသူများ၏ လုပ်ရပ်များကို မသိသလို နေလိုက်ကြလျှင် HIV ရောဂါ ကူးဆက်ပြန့်ပွားနှုန်းကား ပိုမို များပြားနေအုံးမည် ဖြစ်ပါသည် ။
ဤပြဿနာကို အနှစ်ချုပ်ပြန် စဉ်းစားကြည့်လျှင် လက်ရှိ အစိုးရ၏ ပြည်သူလူထု အပေါ်ကို တာဝန် ကျေပြွန်စွာ မထမ်းဆောင်လိုခြင်း ၊ ကိုယ်ချင်းစားစိတ် နည်းပါးခြင်းတို့ကြောင့် ပြည်ပ အကူအညီ ကို တောင်းခံနေရသည့် မြန်မာနိုင်ငံသားတို့ ဘ၀ကား ဒုက္ခ အမျိုးမျိုး ခံစားလျှက် ရှိပေသည် ။ ကိုယ်တိုင်ကလည်း မလုပ်ဆောင်ချင် သူတပါး တို့ ကိုယ်တိုင် လာရောက် ကူညီလုပ်ဆောင် ပေးလေ့ရှိသည်ကို လည်း မနှစ်ခြိုက်သည့် အစိုးရ နှင့် ဆက်ဆံရသည် ကို မနှစ်ခြိုက်သော NGO များသည် ပြည်တွင်းမှ လူများကို အစားထိုးကာ တာဝန် လွှဲပြောင်း ပေးခဲ့ကြလေသည် ။ ထိုအခါ တိုင်းပြည်ကို လှူဒန်းသည့် ငွေများကို ကိုယ်ကျိုးစီးပွားကို အသုံးချလေ့ ရှိကြသည့် ထို အဖွဲ့အစည်း အချို့မှ လူများသည် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်နိုင်ကြတော့ဘဲ အယောင်ပြ လုပ်ရပ်များကို တွင်တွင်သုံးကာ ရန်ပုံငွေ ပိုမိုရရှိရေး အတွက်သာ လုပ်ဆောင်ကြ၍ HIV ရောဂါသည်များ ထပ်မံတိုးပွားလာခြင်း မရှိစေရန် လုပ်ဆောင်ချက်များ ဆောင်ရွက်ရာ၌ ပိုမို အားနည်း လာလေသည် ။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ကို အခြား ဆေးဝါးကုသ၍ ရနိုင်သော ရောဂါ များ အတွက်ပင် လွန်စွာ အသုံးဝင် သည် ဆိုပါလျှင် ကုရာနတ္တိ ဆေးမရှိသည့် HIV ရောဂါသည်များ ထပ်မံတိုးပွားလာခြင်း မရှိအောင် ကာကွယ်ခြင်း သည်သာ အထိရောက်ဆုံး နည်းလမ်းများ ဖြစ်လေသည် ဟု နိုင်ငံတကာမှ ပညာရှင်များက ယုံကြည်ထားကြလေသည် ။ ထို့သို့ကာကွယ်ရာ၌ အထိရောက်ဆုံးသော ကာကွယ်ရေးပစ္စည်းက လုံခြုံမှု မပေးနိုင်သည့် အခါ ရောဂါသည်များ တိုးပွားသထက် တိုးပွားလာအုံး မည် ဖြစ်ပါသည် ။ ထို့အပြင် အသိဥာဏ် နည်းပါးကာ မိုက်ရူးရဲ ဆန်သော အကျင့်ဆိုးများကို လက်ခံထားသည့် လူများ၏ ရန်မှ မည်သို့ရှောင်ရှားသင့်သည်ကို ဆွေးနွေးကာ အဖြေရှာသင့်သင့် ဟု ယူဆမိပါသည် ။
ကျနော် ရေးသားသော စာပါ အချက်အလက် များသည် NGO အဖွဲ့အစည်းမှ သိရှိခဲ့ပြီး ဖြစ်ချင်လည်း ဖြစ်မည် ၊ မသိသေးတာ လည်း ဖြစ်ချင်ဖြစ်မည် ။ NGO အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အာဏာပိုင် များကို ပြစ်တင်ပြောဆိုလို၍ မဟုတ်ပါ ။ တတ်နိုင်သမျှ ထို ရောဂါ ကာကွယ်ရေး ကိစ္စများကို ယခုထက် ပိုမို၍ ဆောင်ရွက်လိုသောကြောင့် ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည်ကို ပထမဦးစွာ ၀န်ခံလိုပါသည် ။ လူအများစုက ထိုရောဂါ နှင့် မိမိတို့ မသက်ဆိုင်ဟု ထင်နေကြသော်လည်း အမျိုးသားလုံး လူ့အညွန့်တုံးစေမည့် ကိစ္စများတွင် နိုင်ငံသားတိုင်း နှင့် သက်ဆိုင်သည်ဟု ထင်မြင်ယူဆ၍ တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်ပါသည် ။ တိုင်းပြည်တပြည်၏ အနာဂတ်ကို ကောင်းမွန်စွာ တည်ဆောက်မည်ဟု စဉ်စားထားကြလျှင် လက်တွေ့ ပြည်သူလူထု ခံစားနေရသော ဒုက္ခဆိုးများကို အရင်ဆုံး လက်တွေ့ကျကျ ဖြေရှင်းပေးလိုပါသည် ။ ပြည်သူလူထု အနေဖြင့်လည်း မရှက်သင့်သော အလုပ်များတွင် မရှက်ဘဲ လူတိုင်းသိထားသင့်သည့် ကျန်းမာရေး ဟောပြောပွဲများ တွင် တက်ရောက်စေလိုပါသည် ။ ကိလေသာ နှင့် မကင်းသည့် လူသားမှန်သမျှ အိမ်ယာထူထောင် ကြမည်ဟု စိတ်ကူးထားသည်မှ လူ့သဘာဝ ပင်ဖြစ်လေသည် ။ အထူးသတိပေးလိုသည်မှာ တဒင်္ဂ သာယာမှု အတွက် တဘ၀စာ ပျော်ရွှင်မှု များ နှင့် လဲလှယ်သလို မဖြစ်ကြရလေအောင် ဆန္ဒကို အသိဥာဏ် ဖြင့် အတတ်နိုင်ဆုံး ထိန်းချုပ်နိုင် အောင် အစွမ်းကုန် ကြိုးစားစေချင်ပါသည် ။ သာယာလှပသော အိမ်ထောင်မှု ဘ၀ကို လိုချင်လျှင် ကိုယ်ချင်းစာတရားနှင့် မိမိတို့၏ အိမ်ထောင်ဘက်များ အပေါ် အပြန်အလှန် လေးစားချစ်ခင်ကာ သစ္စာစောင့်ထိန်း နိုင်မှ ထိုသို့သော ဘ၀မျိုးကို ပျော်ရွှင်စွာ ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်
တိုင်းပြည်၏ အနာဂတ်ကို မည်သို့ မည်ပုံဆောင်ရွက် မည်ဟု ကြွေးကြော်နေကြသော်လည်း လက်တွေ့ ပြည်သူလူထု၏ ဆင်းရဲဒုက္ခကို လှစ်လျူ ရှုထားသမျှတော့ ပြည်သူလူထု၏ နှလုံးသားတွင် အုပ်ချုပ်သူ လူတန်းစားများကို မုန်းတီးသည့် စိတ်ဓါတ်များ ၀င်နေအုံးမည် မှာ အသေအချာပင် ဖြစ်ပါသည် ။ အာဏာကို ၂၂ နှစ်လုံး ဆုပ်ကိုင်ထားပြီး တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို မငဲ့ကွက်ဘဲ ကိုယ်ကျိုးစီးပွားကို ဆက်လက် ဆောင်ရွက် နေလျှင် ပြည်သူလူထု၏ အမုန်းများကို ခွန်အားအဖြစ် ပြောင်းလဲသည့် နေ့တွင် တော်လှန်ရေး ဆိုသည့် အသံကို မကြားချင်လည်း ကြားရအုံးမည် ဖြစ်သည် ။ လှပသော ရေမြေတောတောင် သဘာဝ သယံဇတ နှင့် ထူးခြားကောင်းမွန်လှသည့် ပထ၀ီ မြေပြင်ပေါ်မှာ လူသားများ ဆင်းရဲ ဒုက္ခရောက် နေရခြင်း၏ အကြောင်းတရားမှာ အုပ်ချုပ်သူ လူတန်းစားမှ ကိုယ်ချင်းစား တရားခေါင်းပါး နေခြင်းနှင့် ထိုသို့သော လူတန်းစားများကို မိမိတို့ ကိုယ်ကျိုးစီးပွား အတွက် မျက်လုံး စုံမှိတ်ကာ ထောက်ခံနေသည့်လူများ ပိုမို များပြားလာခြင်းကြောင့် ဖြစ်သည်ကို မြန်မာနိုင်ငံ၏ ပကတိ အနေအထားကို ကြည့်ခြင်းအားဖြင့် များစွာ ထင်ရှားပေါ်လွင် လွန်းလှပေသည် ။ တိုင်းပြည် ကို တကယ်ချစ်တယ် ဟု ဆိုပါလျှင် ထိုတိုင်းပြည်ကြီးပေါ်တွင် မှီတင်း နေထိုင်ကြသော ပြည်သူလူထုကို ချစ်ခင်လေးစား တန်ဖိုးထားနိုင်ပါမှ ထိုသူသည် တိုင်းပြည်ကို တကယ်ချစ်သည်ဟု ယုံကြည်ရပေမည် ။
အမှန်တကယ် လက်တွေ့ကျကျ သုံးသပ်ပြရပါလျှင် လက်ရှိအစိုးရ၏ လုပ်ရပ် တော်တော်များသည် လူသားမဆန်ဟု ခံစားမိလေသည် ။ မြန်မာနိုင်ငံ ပြည်သူလူထု ကို အမှောင်ထဲတွင် ထားကာ တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်ကို သူတပါး တိုင်းပြည် အလင်းရအောင် လုပ်ဆောင်ချက်များ ဖြင့် နိုင်ငံခြား ငွေ ရှာသည့် ကိစ္စသည် လုံးဝ မှားယွင်းနေပါသည် ။ ထိုသို့ လျှပ်စီးမီး မရသည့် ပြည်သူလူထု သည် လျှပ်စစ်ဓါတ်အား ရရှိအောင် မီးစက်များကို အသုံးပြုကြရသည် ။ ထိုသို့သော မီးစက်များကို မောင်းနှင်ရန် လောင်စာဆီကို ကိုယ့်တိုင်းပြည်က မထုတ်လုပ်နိုင်သည့် အခါ ပြည်ပမှ ဈေးကြီးပေးကာ ပြန်လည် တင်သွင်းကြရသည် ။ ထိုအခါ ကြားထဲမှ နေ၍ နစ်နာ ဆုံးရှုံးသည်ကား ပြည်သူလူထု ပင်ဖြစ်လေသည် ။ ထိုသို့ ပြည်ပကို မတန်တဆ ဈေးပေါပေါဖြင့် ရောင်းချရာမှ ရလာသည့် နိုင်ငံခြား ၀င်ငွေသည် ပြည်သူလူထု အမှန်တကယ် လိုအပ်သည့် နေရာတွင် အသုံးချခြင်း မဟုတ်ဘဲ သူတို့ ကိုယ်ကျိုးစီးပွားနှင့် အုပ်ချုပ်ရေး အာဏာ တည်မြဲစေရေး အတွက် စစ်လက်နက် ဖြည့်တင်းခြင်း ကိစ္စများတွင် အသုံးချနေခြင်းက ပြည်သူလူထု ကို ပိုမိုဆိုးဝါးသည့် နစ်နာ ဆုံးရှုံးမှုများ ရစေပါသည် ။ ကိုယ်ပိုင်ပစ္စည်း နှစ်ကျပ်တန်ကို တကျပ်ဖြင့်ရောင်းကာ သူတပါး ပစ္စည်း တကျပ်တန်ကို နှစ်ကျပ်ပေးဝယ်တာကို ကူးသန်းရောင်းဝယ် တာပါဟု မျက်လုံးစုံမှိတ်၍ ကြွေးကြော်တာများကို ရပ်တန့်သင့်ပါပြီ ။
ကျနော် ယခုလို ရေးသား၍ သက်ဆိုင်ရာ အာဏာပိုင်တို့က နိုင်ငံရေး လုပ်ရှားမှု ဟု ဆက်လက် ခံယူထားကြလျှင် အမှားကြီးမှားပေအုံးမည် ။ ကမ္ဘာ့အလယ် တွင် မျက်နှာငယ်နေရသော မြန်မာနိုင်ငံသားတိုင်းများ နှင့် ပြည်တွင်းတွင် နေ့စဉ်စားဝတ် နေရေးကို ခက်ခဲစွာ ရှာဖွေ စားသောက်နေကြသော နိုင်ငံသားတို့ ပုံရိပ်များကို မြင်ရတိုင်း များစွာ ၀မ်းနည်းမိပါသည် ။ စနစ်တခုရဲ့ ဆိုးကျိုး ကြောင့် ဒုက္ခရောက်နေသူများ တာကို သိထားတဲ့ လူသားတစ်ယောက် အနေဖြင့် ထိုစနစ်ဆိုးကြီးကို ပြင်ဆင်စေလိုပါသည် ။ အတိတ်က အမှားများကို လက်ညိုးထိုး စွပ်စွဲလို၍ မဟုတ်ဘဲ အနာဂတ်တွင် ပိုမိုကောင်းမွန် စေလိုသည့် စေတနာဖြင့် ပစ္စပ္ပုန်ကို အပြုသဘောဆောင် သည့် လုပ်ရပ်များဖြင့် လုပ်ဆောင်စေလိုသည်မှာ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်သည့် လူသားတစ်ယောက်၏ တာဝန် ၀တ္တရားသာ ဖြစ်သည်ဟု ခံယူထားသည့် အတွက် ယခုလို ရေးသားတင်ပြလိုက်ရပါသည် ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး

ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
By မသိင်္ဂီထိုက် တနင်္ဂနွေ, 26 ဒီဇင်ဘာ 2010
နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချခံထားရာကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပက လာရောက်တဲ့ သံတမန်တွေ၊ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ သတင်းမီဒီယာ အဖွဲ့တွေ နေ့စဉ်လို လာရောက် တွေ့ဆုံနေကြပါတယ်။ ဒီကနေ့မှာတော့ ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဟာ သူ့မိသားစုဝင် တချို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ရောက်ရှိလာခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် လောရင့် လာဂါးဒါး ဒီကနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီလောက်ကပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို အလည်အပတ် ရောက်ရှိနေပါတယ်။
မစ္စစ် လောရင့် လာဂါးဒါးက ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဒီကနေ့ မစ္စစ် လာဂါးဒါး လာရောက်တာကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က အတည်ပြု ပြောကြားပါတယ်။
“ဖိလစ်ပိုင်နိုင်ငံက ဧည့်သည်ပါခင်ဗျ။ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဆီနိတ်တာ လောရင့် လာဂါးဒါးပါ။ ဆွေးနွေးတုန်းပဲ ရှိသေးတယ်။ ၄ နာရီလောက်က ရောက်တာ။”
မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံရုံးကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး ကြိုတင်စီစဉ်ပေးတာ ဖြစ်တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။
“ဆွေးနွေးချက်တွေကတော့ နှစ်ဘက်စလုံး ထုတ်ပြန်ခြင်း မပြုပါဘူးခင်ဗျ။ သံရုံးကတဆင့် စီစဉ်တာတော့ ဟုတ်ပါတယ်။ ကြိုပြီးတော့ Appointment တောင်းထားတာပါ။ သံရုံးကတဆင့် စီစဉ်တာပါ။ သူ့သားတယောက်လား မသိဘူး၊ ပါတယ်ခင်ဗျ။ သူ့သားလေးတယောက် ပါတယ်။ ကျောင်းသားလို့ ပြောပါတယ်၊ ငယ်ငယ်ပါပဲ။”
မစ္စစ် လာဂါးဒါးက သူမ အလည်အပတ် ခရီးစဉ် မစခင် တပတ်အလိုကပဲ ဒီခရီးစဉ်က သူမရဲ့ ကိုယ်ရေးကိုယ်တာ ခရီးစဉ် ဖြစ်တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အရေးအပေါ် အတွေးအမြင်တွေကို ဖလှယ် ဆွေးနွေးမယ်လို့ သတင်းဖော်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီ အရေးကို အခက်အခဲ အမျိုးမျိုး ကြားကနေ ဆယ်စုနှစ် ၂ ခုကျော်ကြာ စိတ်ဓာတ်အင်အား ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဒီအင်အားတွေရအောင် ဘယ်လိုလုပ်ယူတယ် ဆိုတာကို လေ့လာ သင်ယူဖို့လည်း မျှော်လင့်ထားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေးကို ကာကွယ်တဲ့ အမျိုးသမီး ခေါင်းဆောင်တွေ စံပြုရမယ့် ပုဂ္ဂိုလ်တယောက် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံကို မလာရောက်ခင် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သတင်းထောက်တွေကို သူမက ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး တလခွဲကျော် ကာလအတွင်း နိုင်ငံခေါင်းဆောင်တွေက စာနဲ့တဖုံ၊ တယ်လီဖုန်းနဲ့တမျိုး နှုတ်ဆက်ခဲ့ကြပါတယ်။ အခု မစ္စစ် လာဂါးဒါး လာရောက်မှုကတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက ဖိလစ်ပိုင်အစိုးရ အဆင့်မြင့် အရာရှိတဦး ပထမဆုံး လူကိုယ်တိုင် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။
ရှားပါးဓာတ်သတ္တုမြေ ရှာဖွေရေး မြန်မာနဲ့ တောင်ကိုရီးယား ပူးတွဲဆောင်ရွက်မည်
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 26 ဒီဇင်ဘာ 2010
အဆင့်မြင့် နည်းပညာ ထုတ်လုပ်မှုတွေမှာ အသုံးပြုတဲ့ ဓာတ်သတ္တုတွေ ပါဝင်တဲ့ ရှားပါးမြေ အမျိုးအစား အပါအ၀င် ရေနံနဲ့ ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းတွေကို တောင်ကိုရီးယား ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
တောင်ကိုရီးယား နိုင်ငံအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ပုံမှန်ရရှိနိုင်ရေး ရည်ရွယ်ပြီး သဘောတူညီချက် ရယူခဲ့တာလို့ တောင်ကိုရီးယား ဉာဏစီးပွားရေး ၀န်ကြီးဌာနကို ကိုးကားပြီး ယွန်ဟပ် (Yonhap) သတင်းက ဖော်ပြလိုက်တာပါ။
ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းတွေအတွက် ဘူမိဗေဒ တိုင်းထွာရေး လုပ်ငန်းတွေ၊ ရှာဖွေမှု စီမံကိန်းတွေကိုတော့ ၂ နိုင်ငံ ပူးတွဲ ဆောင်ရွက်သွားမယ်လို့လည်း တောင်ကိုရီးယား ဉာဏစီးပွားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လတ်တလော ကမ္ဘာပေါ်မှာ ရှားပါးမြေ အမျိုးအစားတွေ ထုတ်လုပ်မှုရဲ့ ၉၇% ကိုတော့ တရုတ်နိုင်ငံက ထိန်းချုပ်ထားတာဖြစ်ပြီး အောက်တိုဘာလထဲမှာ အရင်နှစ်က ပြည်ပတင်ပို့မှု ပမာဏရဲ့ ၇၀% ကျော်ကို လျှော့ချဖို့ ကြေညာလိုက်တဲ့ အတွက်လည်း ရှားပါးမြေတွေကို တင်သွင်းနေတဲ့ နိုင်ငံတွေမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။
ရှားပါးမြေတွေကို တရုတ်နိုင်ငံက တင်သွင်းနေရတဲ့ ဂျပန်နိုင်ငံကတော့ အသုံးပြုပြီးသား ဓာတ်သတ္တုတွေက ပြန်လည်ထုတ်လုပ်တာ၊ တခြား အာရှနိုင်ငံတွေမှာ ရှာဖွေ တူးဖော်မှုတွေ လုပ်သွားဖို့ စဉ်းစားခဲ့ရတဲ့အထိ ဖြစ်ပါတယ်။
KNPP နအဖ ယာဉ်တန်းကို တိုက်ခိုက် ၊ ၃ ဦး ကျဆုံး
ဧရာဝတီ Monday, 27 December 2010 13:36 သတင်းတိုများ
ကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့၌ ခြုံခို တိုက်ခိုက်ခဲ့သောကြောင့် နအဖ ဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူဦးရယ်က ဧရာဝတီသို့ ပြောသည်။
ကေအဲန်ယူ၏ စောင့်ကြိုတိုက်ခိုက် မှုကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ
December 26, 2010 by Wynn Maw
နန်းဖော့ဂေ (ကေအိုင်စီ)
လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။
နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။
ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်းက နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။
အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပလောဂွင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့်အနေဖြင့် ပစ် ခတ်နေခြင်း ဖြစ်သည်။
ထိုနေ့မနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်းကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက်တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။
၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။
ယင်းတိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်စောဂျော်နီကို ကေအိုင်စီက မေးမြန်းရာ “ကျနော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်အောင် ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးမှုနည်းစေတယ်လေ။”ဟု ရှင်းလင်းပြောဆိုသည်။
နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။
Filed under သျှမ်းသံတော်ဆင့်
ဒီကေဘီအေနှင့် ပစ်ခတ်မှုတွင် နအဖဘက်မှ ထိခိုက်သေဆုံးမှု များပြားနေ
December 26, 2010 by Wynn Maw
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဂွင် ဖလူးလေးကျေးရွာရှိ နအဖတပ်ဖွဲ့အား ယမန်နေ့မနက်က ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်က ၆ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ မနက် ၇နာရီကျော်အချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅) ကလိုထားဘောဗျူဟာမှ ဗိုလ်ဘလာနာ့ ဦးဆောင်သည့်အဖွဲ့သည် ဖလူး လေးဘုန်းကြီးကျောင်းရှိ နအဖ ခလရ(၂၃၀)တပ်ရင်းအား လက်နက်ကြီးငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာတွင် ကျေးရွာအနီးရှိ ခမရ(၅၄၇)၊ ခမရ(၃၅၆)တပ်ရင်းတို့များလည်း လက်နက်ကြီးငယ်များဖြင့် အချိန်အတော်ကြာ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သက်က “ကျနော်တို့လူတွေသွားပစ်ခဲ့တာ နအဖဘက်က ၆ဦးသေပြီး ၁၀ကျော် ဒဏ်ရာရသွားတယ်။ မနက် ၇း၂၀နာရီကနေ နေ့လည် ၁၂း၄၄နာရီအထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်။ နအဖဘက်က ၈၁-မမနဲ့ အချက် ပေါင်း ၄၀လောက် လိုက်လံပစ်ခတ်ခဲ့တယ်ဆိုပေမယ့် ကျနော်တို့လူတွေ တယောက်မှ မထိဘူး။”ဟု ပြောသည်။
နအဖစစ်တပ်ဘက်မှ လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း ၁၀၀ကျော် ဖလူးလေးကျေးရွာတွင်းနှင့် ရွာအပြင်သို့ ပစ်ခတ်ခဲ့သောကြောင့် ဖလူး လေးရွာသား (၄)ဦး လက်နက်ကြီးထိမှန်ခဲ့သည်ဟု အဆိုပါ တိုက်ပွဲကို ဦးဆောင်ခဲ့သူ ဒီကေဘီအေမှ ဗိုလ်ဘလာနာ့က ပြောသည်။
“ဘုန်းကြီးကျောင်းမှာရှိတဲ့ နအဖတပ်ဖွဲ့ကို ကျနော်တို့ အနီးကပ်သွားရာမှ ရွာအနီးအနား တောင်ကုန်းမှာရှိတဲ့ တခြားနအဖတပ်ဖွဲ့တွေလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အချိန်အတော်ကြာ ကူပစ်ပေးတယ်။ အဲဒီမှာ နအဖနဲ့ ကျနော်တို့ကြားမှာရှိတဲ့ ရွာသား ၄ယောက် လက်နက် ကြီး ထိသွားတယ်။ တယောက်က ခြေထောက်နှစ်ဘက်စလုံး ကြေမွသွားတယ်။”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရေး တတ်နိုင်သလောက် ထိန်းသိမ်းလုပ်ဆောင် သွားရန် ထိုင်းအာဏာပိုင်များမှ နအဖနှင့် ဒီကေဘီအေတို့အား မေတ္တာရပ်ခံထားသော်လည်း နအဖစစ်တပ်မှ သတ်မှတ်ထားသည့် နယ်မြေအ တွင် ၀င်ရောက်ကျူးကျော်လာပါက မလွဲမသွေ ပစ်ခတ်ရမည်ပင်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်သက်က ပြောသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့ကြား အပြန်အလှန် ပစ်ခတ်မှုသည် ၁လကျော်အချိန်အ တွင်း နအဖဘက်က ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့ပြီးဖြစ်သလို ဝေါ်လေဒေသမှ ဒေသခံလူထု ထောင်နှင့်ချီ၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခို လှုံခဲ့ရပြီး ယနေ့အချိန်ထိ ၎င်းတို့နေရပ်သို့ ပြန်လည်နေထိုင်ခြင်းမရှိဘဲ ထိုင်းဘက်ခြမ်းတွင် သောင်တင်နေဆဲဖြစ်သည်ဟု သိရသည်။
အလားတူ ဖားအံခရိုင်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်တွင်လည်း နိုဝင်ဘာလကုန်ပိုင်းမှစ၍ နအဖနှင့် ကေအဲန်ယူ တပ်မဟာ (၇)တပ်ဖွဲ့ဝင်များအ ကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားလျှက်ရှိသည်ဟု ကေအဲန်ယူ တပ်မဟာ(၇)်က ထုတ်ဖော်ပြောဆိုသည်။
Filed under သျှမ်းသံတော်ဆင့်
ဖာပွန်မြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတရင်း မာနယ်ပလောဒေသသို့ စစ်ကူအဖြစ်သွား
December 26, 2010 by Wynn Maw
စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ် ကတိုင်တိ(ကတဲတိ)ကျေးရွာအုပ်စုတွင် အခြေစိုက် လှုပ်ရှားနေသည့် အင်အား ၂၀၀၀န်းကျင် ရှိ နယ်ခြားစောင့်တပ်(BGF) (၁၀၁၄)တပ်ရင်းသည် ယွန်းစလင်းချောင်း အရှေ့ဘက်ခြမ်းကို ဖြတ်ကူး၍ မာနယ်ပလောဒေသ သို့ စစ်ကူအဖြစ် ယမန်နေ့က စတင် ထွက်ခွာသွားသည်ဟု သိရသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောဒေသဘက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသောကြောင့် အဆိုပါ BGF တပ်ရင်းက သွားရခြင်းဖြစ်နိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ် ဒို့က ယခုလို ပြောသည်။
သူက “ဗိုလ်မှူးစောမောင်ချစ် ဦးဆောင်တဲ့ BGF (၁၀၁၄)တပ်တွေ မနေ့က နေ့လည်လောက်မှ စထွက်တာပေါ့နော်။ မာနယ်ပ လောဘက်နယ်မြေတ၀ိုက်က ဘွားဒဲကျေးရွာအုပ်စု မယ်ပရွာဘက်ကို သွားမယ်လို့ သတင်းရတယ်။ မနေ့ကတော့ မရောက် သေးဘူး။ သူတို့ဒီလို သွားရတာဟာ စစ်ကူအဖြစ် သွားတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေ တယ်လေ။”ဟု ကေအိုင်စီကို ပြောသည်။
KNU တပ်မဟာ(၇)နယ်မြေရှိ မာနယ်ပလောဒေသတွင် ဒီဇင်ဘာလဆန်း ၅ရက်နေ့မှစ၍ ၂၄ရက်နေ့ထိ နအဖတပ်နှင့် ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)တို့ ရင်ဆိုင်တိုက်ပွဲနှင့် ပြောက်ကျားတိုက်ပွဲပေါင်း ၁၃ကြိမ်ဖြစ်ပွားခဲ့ရာ နအဖဘက်မှ သေဆုံးသူ ၁၇ဦးနှင့် ဒဏ်ရာရှိသူ ၁၃ဦးရှိသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံး မရှိသေးကြောင်း KNU တပ်မဟာ(၇) ရုံး ထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။
ထိုသို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်လျှောက်တွင် နအဖဘက်မှ ထိခိုက်ကျဆုံးမှုများသည့်အပေါ် အင်အားဖြည့်သည့်အနေဖြင့် ယခု လို စစ်ကူအဖြစ် ရောက်ရှိလာခြင်းဖြစ်နိုင်ကြောင်းလည်း သူက ဆက်လက်၍ သုံးသပ်ပြောဆိုခဲ့သည်။
“မာနယ်ပလောမှာ ဖြစ်တဲ့တိုက်ပွဲတွေမှာ နအဖဘက်က ထိခိုက်သေဆုံးမှု များတယ်လေ။ ဒါကြောင့် သူတို့ အင်အားတွေ ထပ် ဖြည့်တဲ့သဘောနဲ့ BGF တပ်ရင်းကို စစ်ကူအနေနဲ့ ထပ်ခေါ်တဲ့သဘောပဲ။ BGF ဟာ ကိုယ့်ကရင်အချင်းချင်း ဖြစ်တဲ့အတွက် လုံးဝ မတိုက်ချင်ပေမဲ့ တက်လာရင်တော့ မတတ်နိုင်ဘူး။ ကိုယ့်အမျိုးသားရေးဘက်ကို ရပ်တည်ပြီး သူတို့ကို ရင်ဆိုင်ရမှာပဲ။” ဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့က မာနယ်ပလောနယ်မြေတ၀ိုက်တွင် နအဖ စစ်တပ်နှင့် KNLA ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ကြောင့် မာနယ်ပလောဒေသရှိ နိုဒေးရွာသူရွာသားအားလုံးနီးပါး နယ်စပ်နှင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ မူယူထာ့(မိုင်း လုံးကြီး)ချောင်းကမ်းနံဘေးသို့ ထွက်ပြေးလာခဲ့သည်။
ယခု BGF တပ်ရင်း(၁၀၁၄) သွားရောက်မည့် ဘူးသိုမြို့နယ်အတွင်း ဘွားဒဲကျေးရွာအုပ်စုရှိ မယ်ပကျေးရွာအုပ်စုတွင် ဘွားဒဲ၊ ချောလယ်ဒဲ၊ ဖီဒိဒဲ၊ လောဖလာ့သေ့၊ သေ့ဂေမူဒဲ၊ ပါ့သာ့၊ တညာ့ခီး၊ နို့ပူ၊ တိုးညိုး၊ ကလောခို့၊ ကျိသူးပူ၊ မာ့မု၊ ကနယ်ခို့၊ ဂေကေ တု၊ မာ့အိုးဝါး၊ ဟိဖိုးသာ့ခီး၊ မယ်ပခေါ်ကလား၊ မယ်ပကလော်ဝေါ်နှင့် မယ်ပ၀ါ့ခယ်ကလား စသည့်ကျေးရွာများ တည်ရှိသည်။
လက်ရှိအချိန်တွင် အဆိုပါ BGF တပ်ရင်း အခြေစိုက်ခဲ့သည့် ဒွယ်လိုးမြို့နယ် ကတိုင်တိကျေးရွာအုပ်တွင် အင်အား ၂၀၀ခန့်ရှိ နအဖ စကခ(၄) လက်အောက်ခံ ခမရ(၇၀၂)တပ်ရင်း ဆက်လက်လှုပ်ရှားနေကြောင်း ၎င်းနယ်မြေခံ ကေအဲန်ယူတပ်များက ပြောသည်။
မာနယ်ပလောဒေသတွင် နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခလရ(၂၈)၊ ခလရ(၆၁)၊ ခလရ(၆၂)၊ ခမရ(၃၃၈)၊ ခမရ(၃၃၉)၊ နအဖ စစ်တပ် စကခ(၁၉)လက်အောက်ခံ ခမရ(၃၄၃)၊ ခမရ(၅၈၇)၊ ခလရ(၁၀၆)တပ်ရင်းများ စစ် ရေးလှုပ်ရှားနေသလို ကေအဲန်ယူ တပ်မဟာ(၇)လက်အောက်ခံ KNLA တပ်ရင်း(၂၀၂)၊ ဗဟိုအထူးပြောက်ကျားတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တပ်များ လှုပ်ရှားလျှက်ရှိသည်။
Filed under သျှမ်းသံတော်ဆင့်
တပ်စခန်းကာရန် သစ်၊ ၀ါးတောင်းခံ
December 26, 2010 by Wynn Maw
နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖတပ်က ၎င်းတို့၏ တပ်စခန်း ကာရံရေးအတွက် တရွာလျှင် ရာနှင့်ချီသည့် သစ်ချောင်းများနှင့် ၀ါးချောင်းများကို ကျေးရွာ ၅ရွာမှ အဓမ္မ တောင်းခံခဲ့ရာ ရွာသူရွာသားများက ဒီဇင်ဘာလ ၂၄ရက်နေ့က သွားရောက်ပို့ပေးခဲ့ရသည်ဟု သိရသည်။
နအဖ ခလရ(၆၂)မှ စစ်ကြောင်းမှူး ဗိုလ်မှူးကိုကိုဆင့်သည် ကမာခို့တပ်စခန်းကို ကာရံရန် ၅လက်မပတ်လည်၊ အရှည် ၅တောင်ရှိသည့် သစ်ချောင်းနှင့် ၅လက်မပတ်လည်၊ အရှည် ၁၀တောင်ရှိသည့် ၀ါးချောင်းများကို တရေဖိုးကွီး၊ မဲ့တမူး၊ တမား ထာ၊ ထီးသဘလူးထာ့နှင့် ကျော်သလေးခို့ရွာများမှ ဒီဇင်ဘာလ ၂၂ရက်နေ့က တောင်းယူခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။
“ဗိုလ်မှူးကိုကိုဆင့်က မိုးပျံစခန်းအနားက သူတို့ရဲ့ ကမာခို့စခန်း ကာဖို့အတွက် သစ်နဲ့ ၀ါးချောင်းတွေကို ဒီဇင်ဘာလ ၂၂ရက် နေ့က တောင်းတယ်လေ။ တရေဖိုးကွီးရွာက သစ် ၈၀၀၊ ၀ါး ၂၀။ မဲ့တမူးရွာက သစ်ချောင်း ၈၀၀၊ ၀ါးချောင်း ၂၀။ ကမားထာရွာ က သစ်ချောင်း ၆၀၀၊ ၀ါးချောင်း ၂၀။ ထီးသဘလူးထာ့ရွာက သစ် ၆၀၀၊ ၀ါး ၂၀နဲ့ ကျော်သလေးခို့ရွာက သစ် ၅၀၀၊ ၀ါး ၂၀ ချောင်းကို ၂၄ရက်နေ့အရောက်ပေးရမယ်ဆိုလို့ သွားပေးလိုက်ပြီးပြီ။”ဟု ဆိုသည်။
သို့သော် တပ်စခန်း ကာရံဆောက်လုပ်ရေးတွင် အဆိုပါကျေးရွာများမှ ရွာသူရွာသားများအား ယနေ့အထိ လုပ်အားပေး ခေါ်ယူ ခိုင်းစေခြင်း မရှိသေးကြောင်း သိရသည်။
ခလရ(၆၂)တပ်ရင်းသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောဂွင်၌ စစ်ရေးလှုပ်ရှားနေသည့် နအဖ အရှေ့တောင်တိုင်းစစ် ဌာနချုပ်(ရတခ) လက်အောက်ခံတပ်ရင်းများအနက် တရင်းဖြစ်သည်။
Filed under သျှမ်းသံတော်ဆင့်
ကရင်နှစ်သစ်ကူးအတွက် ကျေးနယ်တခု ငွေ ၅သိန်းစီ တောင်းခံ
December 26, 2010 by Wynn Maw
နန်းဖော့ဂေ (ကေအိုင်စီ)
နယ်ခြားစောင့်တပ်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဖားနွီးက ပိုင်ကျုံမြို့နယ်ရှိ ဖားအီးကျေးရွာ၌ ကရင်နှစ်သစ်ကူးပွဲ ကျင်းပရန်အတွက် ကျေးနယ်အချို့ကို ငွေကျပ် ၅သိန်းစီ ကောက်ခံခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်းမှ ပလောညာသီး၊ ကမို၊ ဖားကပ်၊ တခေါ်ဘီ(ကွမ်ဘီ)၊ နောတဲ စသည့် ကျေးနယ် တခုချင်းစီမှ ငွေကျပ် ၅သိန်းစီ တောင်းခံခဲ့ရာ ရွာသားများက ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ပေးဆောင်ခဲ့ပြီးဖြစ်သည်ဟု အမည်မ ဖော်လိုသူ ရွာသားတစ်ဦးက ယခုလို ပြောသည်။
“နှစ်သစ်ကူးအတွက် ငွေကောက်တာတော့ ကြာပါပြီ။ ရွာတွေက ဒီလ ၁၈ရက်နေ့ကတည်းက ပေးလိုက်ပြီးသွားပြီ။ သူက ဘာမှမလုပ်တော့ပေမဲ့ အရင် အရှိန်အ၀ါနဲ့ဆိုတော့ ပေးရတာပေါ့။”ဟု ဆိုသည်။
ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “ဒီနှစ်သစ်ကူးအတွက်က အရင်နှစ်တွေကလည်း ကျေးနယ်တွေက နှစ်တိုင်း ကောက်နေတာပါပဲ။ ဖားအီးရွာမှာလုပ်မယ်ဆိုတော့ အဲဒါက ပိုင်ကျုံမြို့နယ်ထဲကပါ။”ဟု ပြောသည်။
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးနယ်ပေါင်း များစွာရှိသည့်အနက် ယခုနှစ်သစ်ကူးပွဲ ကျင်းပမည့် ရွာအနီးတ၀ိုက်မှ ကျေး နယ်များကိုသာ ကောက်ခံခြင်းဖြစ်နိုင်ကြောင်း သူက ဆက်လက် ပြောဆိုသည်။
လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီရွာဇာတိဖြစ်သူ ဗိုလ်ချုပ်ဖားနွီးသည် ယခင်က ဒီကေဘီအေ (၉၉၉)တပ်မဟာမှူးဖြစ်ခဲ့ပြီး လက်ရှိအချိန် တွင် နယ်ခြားစောင့်တပ်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဝန်ယူထားသည်။
Filed under သျှမ်းသံတော်ဆင့်
ကားကို ဆိုင်ကယ်ထင်၍ ရှောင်သူ လုံထိန်း ၂ ဦး ကားတိုက်၍ မောင်တောတွင် သေဆုံး
12/26/2010 သတင်းရင်းမြစ်: နိရဉ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ယမန်နေ့ ညဉ့်က ဆိုင်ကယ်နှင့် ကားတိုက်မူ ဖြစ်ပွား၍ လုံထိန်း အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦးတို့ သေဆုံးသွားခဲ့သည်။
သေဆုံးသွားသူများမှာ လုံထိန်း အရာရှိ ဒုရဲအုပ် မျိုးမြင့်ကျော် (၃၂ နှစ်) နှင့် တပ်သားမှာ ဇင်လင်းတို့ ဖြစ်သည်။
ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး မောင်တောမြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ အချိန်က ညဥ့် ၁၀ နာရီမှာ မောင်တောက အထွက် သုံးမိုင်အနီးမှာ ဖြစ်တာပါ။ ဒုရဲအုပ် မျိုးမြင့်ကျော်နဲ့ တပ်သား ဇင်လင်းတို့က ဆိုင်ကယ်နဲ့ အသွားမှာ ဘူးသီးတောင်ကနေ မောင်တောကို ၀ါးတင်ပြီး မောင်းနှင်လာတဲ့ ထရပ်ကားနဲ့ တိုက်မိတာ ဖြစ်ပါတယ်။ ထရပ်ကားက ရှေ့မီး တလုံးတည်းထိုးပီး မောင်းလာတော့ လုံထိန်းတွေက ဆိုင်ကယ်ထင်ပြီး ကပ်ရှောင်တာမှာ မျက်နာချင်းဆိုင် တိုက်မိပြီး ဒုရဲအုပ် မျိုးမြင့်ကျော်က ပွဲချင်းပီး ဆုံးပါတယ်။ တပ်သား ဇင်လင်းက ဆေးရုံ အရောက်မှာ ဆုံးသွားခဲ့ပါတယ်။”
သေဆုံးသွားသူ လုံထိန်း ၂ ဦးစလုံးမှာ မောင်တောအခြေစိုက် လုံထိန်း တပ်ရင်းမှ ဖြစ်ကြသည်။
ကားတိုက်မူ ဖြစ်ပွားပြီးနောက် ကားဒရိုင်ဘာနှင့် ကားသမားများမှာ ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး ဘူးသီးတောင်- မောင်တောကားလမ်းတွင် ကုန်တင် ထရပ်ကားများမှာ ဟောင်းအိုနေပြီ ဖြစ်သဖြင့် ညဥ့်အချိန် ကားမောင်းရာ၌ ရှေ့မီး တလုံးတည်းဖြင့် မောင်းနှင်ကြသည်ဟု သိရသည်။
ထိုသို့ မီးတလုံးတည်းဖြင့် မောင်းနှင်လာသည်ကို လုံထိန်း နှစ်ဦးက မော်တော် ဆိုင်ကယ်ဟု ထင်မှတ်သဖြင့် ကပ်ပြီး ရှောင်ရာမှ ကားနှင့် မျက်နာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။
“ အဓိကတော့ ထရပ်ကားတွေက ကားအို ကားဟောင်းတွေ ဖြစ်ကြတယ်။ ဘက်ထရီအိုးတွေနဲ့ မီးကို ထိုးရတယ်။ ဘက်ထရီအိုးကလည်း အားမရှိတော့ မီးတလုံးတည်း အသုံးပြုနိုင်တယ်။ ကားပိုင်ရှင်တွေကလည်း ချွေတာတဲ့ သဘောနဲ့ မီးတလုံးတည်း အသုံးပြုပြီး ဘူးသီးတောင်-မောင်တောလမ်းမှာ မောင်းနေကြတာ ဖြစ်ပါတယ်” မောင်တော မြို့ခံ က ပြောသည်။
ယခုကဲ့သို့ မီးတလုံးတည်းဖြင့် ကားများ မောင်းနေသည်ကို သိသော်လည်း သက်ဆိုင်ရာ မော်တော်ပီကေများက ကားပိုင်ရှင်များထံမှ လာဒ်ငွေ ယူပြီး ခွင့်ပြုထားသဖြင့် ဘူးသီးတောင်နှင့် မောင်တောတွင် ယခုကဲ့သို့ မော်တော်ကားကို ဆိုင်ကယ်ထင်၍ ရှောင်ရာမှ မကြာခဏ သေဆုံးမူများ ရှိနေကြောင်း သိရသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်မှုအား ရဲတပ်ဖွဲ့က အားပေးနေ
မိုးမိုးကျော် (Arakan Review)
ဒီဇင်ဘာ ၂၇၊ ၂၀၁၀။
ရခိုင်ပြည်၊ စစ်တွေမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများအား ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက အသုံးချ လုပ်ဆောင် နေကြောင်း သိရှိရသည်။ မူးယစ်ဆေးဝါးများ ဖြစ်သော ဘိန်းဖြူ၊ ဆေးခြောက်များ ရောင်းဝယ် ဖောက်ကားမှုများကို ၀င်ငွေရရှိရေး စီးပွါးရေး တခုအဖြစ် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက အသုံးချ လုပ်ဆောင်နေကြသည်ဟု စစ်တွေ ဒေသခံတဦးက Arakan Review သို့ ပြောကြားခဲ့သည်။
“မင်းဂံရပ်ကွက် ဈေးအနီးမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်နေကြတယ်။ ရဲတွေကလည်း ဒါကို သိတယ်။ ဒါပေမယ့် သူတို့ကို ငွေကြေး ပေးကမ်း ထားတဲ့အတွက် ဖမ်းတာ ဆီးတာတွေလဲ မလုပ်ဘူး။ ဒီအတိုင်းပဲ ရောင်းခွင့် ပေးတားတယ်” ပြောပြသည်။
ရခိုင်ပြည်နယ်တွင် လူငယ် (၃၀) ရာခိုင်နှုန်းခန့် ဆေးခြောက် ရှုခြင်း၊ ဆေးထိုးခြင်းများကို လုပ်ဆောင် နေကြသည်ဟု စစ်တွေ အထက်တန်းပြ ဆရာတဦးက ပြောသည်။
“အထက်တန်း ကျောင်းသားတွေတောင် ဆေးခြောက် ရှုနေကြတယ်။ ဆေးထိုးတာတွေကတော့ တခြား အသက်နည်းနည်းကြီးတဲ့ လူငယ်လေးတွေ လုပ်ကြတယ်” ဟု ပြောပြသည်။ ကုန်တန်း ရပ်ကွက်တွင် ထမင်းဆိုင်ရောင်းသူ တဦးက သူမတွေ့မြင်ရပုံကို အခုလို ပြောပြသည်။
“ကုန်တန်းရပ်ကွက်မှာလည်း မူးယစ်ဆေးဝါးတွေ ရောင်းနေကြတာပဲ။ တခြားနေရာ အတော်များများမှာလဲ အလွယ်တကူ ၀ယ်လို့ရတယ်။ ညဆိုရင် တချို့လမ်းတွေမှာ လူငယ်တွေ တယောက်နဲ့ တယောက် အပြန်အလှန် ဆေးထိုး နေကြတာတွေ အခုနောက်ပိုင်း တွေ့လာရတယ်” ဟု ဆိုသည်။
“ရဲတွေ၊ စရဖတို့က ပိုက်ဆံပေးထားတော့ မသိချင်ယောင် ဆောင်နေကြတယ်။ ပြီးတော့ မူးယစ်ဆေးသုံးတဲ့ လူငယ်တွေကို ဖမ်းတယ်။ ပိုက်ဆံတောင်းတယ်။ ပြီးယင် ပြန်လွှတ်ပေးလိုက်တယ်” လို့ တက္ကသိုလ် ကျောင်းသားတဦးက ပြောပြသည်။
ယခုအခါ ရခိုင်ပြည်တွင် အေအိုင်ဒီအက်စ်ရောဂါပိုး တွေ့ရှိသူ တနေ့တခြား များပြားလာပြီး အများစုမှာ မူးယစ်ဆေးဝါး ထိုးသွင်းခြင်းကြောင့် ဖြစ်ပွါးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ ကျန်းမာရေး အန်ဂျီအိုတခုမှ ကျန်းမာရေး ၀န်ထမ်း အမျိုးသမီးတဦး၏ ကွင်းဆင်း စစ်ဆေးချက်အရ စစ်တွေ အဝေးပြေးကားဂိတ်တွင် ရန်ကုန်မှာ ရောက်ရှိလာသော လိင်ဖျော်ဖြေရေး လုပ်ငန်းလုပ်ကိုင်နေကြသူ အမျိုးသမီး (၉၀) ရာခိုင်နှုန်းသည် အေအိုင်ဒီအက်စ် ရောဂါပိုးတွေ့ရှိရကြောင်း ပြောပြသည်။ သူတို့အား ဆေးဝါးများပေးပြီး နေရပ်သို့ ပြန်ကြရန် ဖျောင်းဖျသော်လည်း တလ၊ နှစ်လ အကြာတွင် ယခင်လုပ်ငန်းကို ပြန်လည် လုပ်ကိုင်နေကြကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
မူးယစ်ဆေးဝါး လုပ်ငန်းအား ရခိုင်ပြည်နယ် စစ်တွေမြို့အပြင် အခြား မြို့နယ်များတွင်လည်း မူးယစ်ဆေးဝါးများကို အများအပြား ရောင်းချ နေကြပြီး အာဏာပိုင်များ၏ ခွင့်ပြုချက် တစုံတရာဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု သိရှိရပေသည်။
ဂီရိလေဘေးအတွက် ရောက်ရှိနေသော သစ်များ မယက ဥက္ကဌ ရောင်းစား
12/26/2010 သတင်းရင်းမြစ်: နိရဉ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မယက ဥက္ကဌသည် ဂီရိလေဘေးသင့် ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ ကူညီသော သစ်များကို ပြင်ပ သစ်ဆိုင်တစ်ခုသို့ မိမိကိုယ်ကျိုးအတွက် ရောင်းစားနေကြောင်း မယကနှင့် နီးစပ်သူများက ပြောသည်။
ကညင် အမျိုးအစား ၆ ပတ်လည် သစ်တန်ချိန် ၃၀ ကို ပေါက်တောမြို့မှ ဒေါ်------- သစ်ဆိုင်သို့ လွန်ခဲ့တဲ့ အပတ်က မယက ဥက္ကဌ ဦးခင်မောင်လွင်က ရောင်းချခဲ့ပါတယ်။ ဘယ်ဈေးနဲ့ ရောင်းတယ်ဆိုတာကိုတော့ မသိပါဘူး။ သူကိုယ်ကျိုးအတွက် ရောင်းချခဲ့တာ အမှန် ဖြစ်ပါတယ်� ဟု အမည်မဖေါ်လိုသူ စာရေးကြီး တစ်ဦးက ပြောသည်။
ပေါက်တောမြို့နယ်တွင် လေဘေးသင့်ဒေသများတွင် ပြိုပျက်သွားသော ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ ပြန်လည် တည်ဆောက်ရန်အတွက် သစ်တန်ချိန် အများအပြား ရောက်ရှိနေပြီး ထိုအထဲမှ သစ်တန်ချိန် ၃၀ ကို အမျိုးသမီး တစ်ဦးပိုင် သစ်ဆိုင်တစ်ခု သို့ရောင်းချခဲ့ခြင်း ဖြစ်သည်။
စစ်တွေ သစ်ဆိုင်မှ မန်နေဂျာ တစ်ဦးကလည်း � ပေါက်တောမြို့နယ်က လေဘေးသစ်တွေ စစ်တွေကို အကြီးအကျယ် ရောက်ရှိနေပါတယ်။ သူတို့က ပေါက်တောမှာ မထားရဲတာနဲ့ စစ်တွေကို စက်လှေတွေနဲ့ တင်ပို့ကြတဲ့ အတွက် စစ်တွေက သစ်ဆိုင်တွေမှာ လေဘေးသစ်တွေ ရောက်ရှိနေပါတယ် ဟု ပြောသည်။
ပေါက်တောမြို့ မယကသို့ သစ်များ အပြင် တခြား လေဘေး အကူအညီ ပစ္စည်းများ ဖြစ်သည့် အိမ်မိုးသွပ်များ၊ သံမိုများ၊ ပလစတစ် မိုးကာစများ၊ တာပလင်ထည်များ၊ အိုးခွက်များ၊ အစားအစာများ အများအပြား ရောက်ရှိနေပြီး ထိုအထဲမှ ပစ္စည်းများကိုလည်း ဥက္ကဌ ခင်မောင်လွင်မှ ပြင်ပသို့ ထုတ်ရောင်းချနေကြောင်း သိရသည်။
စစ်တွေမြို့တွင် ပေါက်တောမြို့မှ တင်ပို့သော လေဘေး ပစ္စည်းများ အများအပြားကို ပြင်ပ ဈေးဆိုင်များတွင် ရောင်းချနေကြပြီး ထိုအထဲတွင် အိမ်မိုးရာတွင် အသုံးပြုသော ပလစတစ်မိုးကာလိပ်များ ပါဝင်ကြောင်း သိရသည်။
ရခိုင်တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် ပြည်သူများမှာ ယခုအချိန်ထိ အမိုးအကာ မရှိဘဲ နေထိုင်နေကြရပြီး စားရေးသောက်ရေး အခက်ကြုံတွေ့နေကြရသော်လည်း ပေါက်တော မယက ဥက္ကဌမှာ အဆိုပါ လေဘေးပစ္စည်းများကို ရောင်းစားနေသဖြင့် အကြီးအကျယ် ကြီးပွားနေကြောင်း သိရသည်။
များမကြာမှီ ပေါက်တော မယက ဥက္ကဌ ဦးခင်မောင်လွင်သည် တာဝန်မှ အနားယူကောင်း ယူမည် ဖြစ်ကြောင်း ပေါက်တောမြို့တွင် ပြည်သူများ ဝေဖန်ပြောဆိုလျှက်ရှိကြောင်း သိရသည်။
မြူနီစပယ် အရာရှိ အရိုက်ခံရ၍ စစ်တွေတွင် ဆိုက္ကားများ ဖမ်းဆီးခံရ
12/24/2010
မြူနီစပယ် (စည်ပင်) မှ အရာရှိ တစ်ဦး ဆိုက္ကားသမား တစ်ဦးထံတွင် အရိုက်ခံရသဖြင့် လက်စားချေသည့် အနေဖြင့် စစ်တွေတွင် ဆိုက္ကားများကို လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။
မောလိပ်ရပ်ကွက်မှ ဆိုက္ကားသမား တစ်ဦးက “ အခု ဖမ်းထားတာက အစီး ၆၀ ကျော်နေပြီ။ လိုင်စင်ပါတာရော၊ လိုင်စင်ကြေး မဆောင်ရသေးတဲ့ ဆိုက္ကားရော အကုန်လုံး လိုက်ဖမ်းနေတယ်။ စည်ပင်က အရာရှိ တစ်ဦးကို ဆိုက္ကားသမား တစ်ဦးက ရိုက်တဲ့ အတွက် လက်စားချေတဲ့ အနေနဲ့ ဆိုက္ကားတွေကို လိုက်လံ ဖမ်းဆီးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
လွန်ခဲ့သော ရက်အနည်းငယ်က စစ်တွေ စည်ပင်မှ အရာရှိတစ်ဦးက ဆိုက္ကားတစီးအား စည်းကမ်း မလိုက်နာဟု စွပ်စွဲပြီး ဖမ်းဆီးရာ ဆိုက္ကားသမားက မကျေနပ်သဖြင့် စည်ပင်မှ အရာရှိကို ထင်းပိုင်းဖြင့် ရိုက်ရာ စည်ပင်အရာရှိမှာ ခေါင်းကွဲသွားခဲ့သည်ဟု သိရသည်။
၎င်းနောက်ပိုင်းတွင် ယခုကဲ့သို့ ဆိုက္ကားများကို ဖမ်ဆီးလာခြင်း ဖြစ်သည်။
ယခုအခါ စစ်တွေမြို့ပေါ်တွင် နေရာ သုံးနေရာကို စည်ပင် ၀န်ထမ်းများမှ ပိတ်ဆို့ပြီး ဖမ်းဆီးမူများ ပြုလုပ်နေပြီး အဆိုပါ နေရာများမှာ ငွေနဒီ တိုက်တန်းလမ်းဆုံ၊ တောင်ဌာနလမ်းနှင့် ဈေးကြီး လမ်းဆုံတို့ ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ကို မတော်တဆ သူတို့က ဖမ်းမိရင် ရုံးကို မလိုက်ချင်ရင် အနည်းဆုံး ၅၀၀၀ ကျပ် ပေးရပါတယ်။ ရုံးကို ရောက်သွားရင် ကျပ် ၂၀၀၀၀ ပေးရပါတယ်။ စည်ပင်က လူတွေက ခုလို မရှိ ဆင်းရဲလို့ လုပ်စားနေတဲ့ ဆိုက္ကားသမားတွေဆီက ခုလို မတန်တဆ ရိုက်စား နေပါတယ်” ဟု အဆိုပါ ဆိုက္ကားသမားက ပြောသည်။
အခင်း ဖြစ်ပွားသည့်နေ့ကလည်း အဆိုပါ ဆိုက္ကားသမားကို စည်းကမ်း ဖေါက်ဖျက်သည်ဟု အကြောင်းပြ စွပ်စွဲကာ ဖမ်းဆီး ငွေညစ်ရန် ပြုလုပ်စဉ် ဆိုက္ကားသမားမှ ထင်းပိုင်းနှင့် ရိုက်ပြီး ထွက်ပြေးသွားသဖြင့် စည်ပင်အရာရှိမှာ ခေါင်းကွဲပြီး ကျန်နေခဲ့သည်ဟု သိရသည်။
ယခုအခါ ဆိုက္ကားဆရာမှာ ရဲက ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ထွက်ပြေး ပုန်းရှောင်နေရသည်ဟု သိရသည်။

Tuesday, 28 December 2010
All commarades & friends;
Excellence sir;
I would like to send the article on 22nd,Annuel memo-ceremony of Daw Khin Kyi,spouse of our national leader -General Aung Sann and mother of our national people's leader-Daw Aung Sann Su Kyi under the following;----------.!
" THE CHIEF GUARDEN MOTHER OF THE STEEL FLOWER"
On 27th,Dec,1989,I had to sadly hear Daw Khin Kyi's death at my office of National Politic Front(N.P.F),Thati Pahtan street,Kyaukmyaung,Tamawe tsp,Rangoon,Burma because she was the spouse of our national leader-General Aung Sann and mother too of Daw Aung Sann Su Kyi,our national people's leader & nobble peace prize winner in 1990 and mother too of BIA,BDA & BDF and she was very important person in our Burma's historical cretical point and so,we shall have to always remember for her historical acivity.
For it,I with CEC of N.P.F,Reg.No;120 organized the comittee of Funeral ceremony of Daw Khin Kyi and then we with other Parties went to see Daw Su with NLD to support her funeral ceremony and then we organized the central funeral ceremony of Daw Khin Kyi as chiarman-Bo Yet Htut(the member of 30-commarades),secretary-U Win Tin and C.E.C-I with Moe Thee Zun & others too and then also Army requested to hold it as the state funeral ceremony and also my frind-Ko Myat Hein(Ko Mya Win,MP of NLD,Engapu,Now,LA) with Min Ko Naing , Min Ze Yar & leaders of students' Unions approached to hold it as the people's funeral ceremony but although Daw Aung Sann Su Kyi accepted their supports for her funeral ceremony,she permitted to hold only our central funeral ceremony but General Saw Mg & Khin Nyunt of Army recepted the guests at Daw Aung Sann Su Kyi's campus and supported Ks-6000 with their state government's flower's ring and also Min Ko Naing,Min Ze Yar with leaders of student's Unions supported the long trip of funeral ceremony from Daw Su's campus to Kantawmin park behind ShweTiGone Pagoda.
Also our National Politic Front(N.P.F) published over ten thousands poem-books-" The chief guarden mother of the steel flower" by N.P.F with Ks.1200 and at that moment,one day! we with U Tin Oo saw General Saw Mg & Khin Nyunt, came to Daw Khin Kyi's funeral ceremony at Daw Su's campus and U Tin Oo pointed them under the shawdows of their long Indian- umbrellar,take-cared of U Ne Win because U Tin Oo would like to talk them as Umbrellars at also U Ne Win's Era and now,too and we saw Daw Su's pearl tears on the romantic & trajetty words of our "The chief guarden mother of the steel flower"-poem book beside Daw Khin Kyi's status beside the habour of Inya lake and so, we with Daw Su heard back the romantic song-" SaYar Ma" by K.N.D.O and "Rowing of Love boat without troubles" by Dora-Than Aye and also Daw Khin Gyi,younger sister of Daw Khin Kyi and the spouse of ThaKhin Than Htun too recepted us with our Burma's historical romantic trajetty memo-potraits and one day! we saw Daw Su's greeting on her brother-U Aung Sann Oo & U Khin Mg Aye,X-military officer , son of first spouse of Daw Khin Gyi and I with C.C of central funeral ceremony take-cared of Daw Su's campus and we saw many kinds of attenders on Daw Khin Kyi's funeral ceremony who were P.V.Os,communists,socialists,A.F.P.L.Ls,1989-Parties, Student's Unions, Trade Unions, Peasant's Unions,Women Unions,Karen organizations,National ethinic organization,Army,Airforce,Navy and extra & extra.....
When funeral ceremony day,I with CEC of N.P.F on our publica car with NPF's Flag had to take-cared of Daw Khin Kyi's status's car and so, we have to face the sea-ocean mass from Daw Su's campus to University Avenue to Hlaedam point to Pyi-road to U Wi Sa Ra road to ShweTiGone Pagoda road towards Daw Khin Kyi's cave between among the caves of ThaKhin Ko Taw Mhile,U Than & Su Phuyar Latt at KanTawMin Park and some students would like to pick up & hold the status of Daw Khin Kyi with the songs-"KaBarMaKyaeBu" as the people's feneral ceremony infront of Rangoon University as U Thant's funeral ceremony but Daw Su requested to hold peacefully her mother's funeral ceremony and then, while I with Daw Myint Myint Khin,CEC of NLD & Ambassodrs placed & waited for the status beside Daw Khin Kyi's cave,Army & students forced to hold it on the people's funeral ceremony & the state government's funeral ceremony and so, the prince U Htun Wae non-voilent-solved those problem and then,Daw Su,her sons-Aung Sann Myint(Alexendar),Htain Linn(Kim),her spouse-Michael Aelis,U Aung Sann Oo,U Khin Mg Aye warshiped & caved their mother's status with the programs of two religons and we with Ambassdors & other sea-ocean mass saluted peacefully the historical diganity of Daw Khin Kyi as our national people's mother and so, we could mean it as our all Burma's national people's mother's feneral ceremony.
But although her funeral ceremony was acknowledged by all Burma's national peoples as their mother, our national people's mother-Daw Khin Kyi had to face also the historical troubles
after her spouse-our national people's leader-General Aung Sann's death on 19th,July,1947 because our national leader-General Aung Sann,loved deeply her family with the boiling pea was voilent-assisnated by U Saw with his companians &others who could be unknown by historians because they could be hiden by their power & enrichs from killing of General Aung Sann & other national leaders.For example! Befor Assisnation of General Aung Sann,they with U Saw had meet to kill our national leaders at the house of chinese-boss and for it,Peagu-Boss-U Sein Win donated to assisnate our national leaders but now, U Sein Win with some secaped from death-sentence on the state-assisnation and some knew it but not to dare to talk it but the grand son-Ko D of Peagu-Boss-U Sein Win told us about it and so, we would like to consult historians to write darely our Burma's real history.
Daw Khin Kyi had to stay at his old poverty house with indian cmpanion after the end of her ambassdor's life from India and sometime,her house couldn't light & save roof and so, she boiled the pea,liked by General Aung Sann in the dark & under the unsaved roof and so,the carpenters & electrical workers of our Burma Dock Yards Corporation(B.D.C,Sinmalike) went to repair her house and at that moment,she told back her romantic & trajetty family life that she could stay warmly together with our Burma's national peoples in the dark age and her younger sister-Daw Khin Gyi had to stay at the small poverty house without spouse and so, we would like to mean them as the historical unfated victims and so,they would like to see the freedom from the historical fear under Myanmar Junta Regimes and they supported our democratic activits with many kinds of tactics & strategy and C.P.B tried to elect Daw Khin Kyi as National people's leader in 8888-all Burma's greatest democratic movement,50th,Annuel golden movement of 1300-full movement(1938) and also she accepted it but her health was not good and so, her daughter-Daw Aung Sann Su Kyi arrived to take-cared of her health and Daw Su had to take of the historical duty of her mother as the steel flower of the chief guarden mother-Daw Khin Kyi and so,Daw Su with us had to stay for several years at the dark prisons for freedom of Burma under Myanmar Junta Regimes but we shall never retreat from the democratic front and shall continnue to march strongly towards the democratic goal together with all Burma's national peoples on many kinds of tactics & strategy in global democratic net and so,we should support Daw Su's second PinLone Conference(21st,PinLone Conference) with All Burma's national people's democratic united movements.
thanking you in anticipation;
best regards;
yours' sincerely!
(U Thi Ha Tint Swe)
Patron for B.D.C,U.S.A.
G.S for N.P.F,Reg;No.120(88-89).
Vice chairman-2 for G.S.C,Rgn,Burma(8888).
P.P for 14.yrs(90 to 02).
Ph;(509)582-3261.

Sunday, 26 December 2010
Subscribe to:
Posts (Atom)