Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 5 March 2009

ခေါင်းငုံမခံပါနှင့်


သူငယ်ချင်း တစ်ယောက်ပို့ပေးသော ခံပျင်းဖွယ် စင်ကာပူနိုင်ငံမှ အလုပ်ကြေညာ တစ်ခုပါ။ "မိဘမကောင်း သာသမီးခေါင်း" ဟု ဆိုရိုးစကားအတိုင်း ပညာမဲ့သောခေါင်းဆောင်များရဲ့ မှားယွင်းသောဦးဆောင်မှုများကြောင့် မြန်မာလူမျိုးများ သူများနိုင်ငံများတွင် မျက်နှာငယ်အနှိမ်ခံနေကြရပါသည်။ စင်္ကာပူနိုင်ငံတွင် နိုင်ငံပေါင်းစုံမှ လူမျိုးစုံ အလုပ်လုပ်နေကြပါလျှက် "မြန်မာနိုင်ငံသား တစ်မျိုးတည်းသာရွေးပြီး အလုပ်လျှောက်ခွင့်မပြုပါ" ဟုထဲ့သွင်းကြေညာထားခြင်းမှာ မြန်မာလူမျိုးတစ်ခုတည်းသာမက လူ့အခွင့်အရေးကိုပါ တိုက်ခိုက် စော်ကားလိုက်ခြင်း ဖြစ်ပေသည်။ မည်သည့်အတွက်ကြောင့် ထိုသို့ကြေညာခြင်း မသိသော်လည်း အမျိုးကိုထိလျှင် ခေါင်းငုံမခံလိုစိတ်ကြောင်း ရေးသားဖော်ပြရခြင်းဖြစ်သည်။ ကမ္ဘာ့မြေပုံပေါ်တွင် နိုင်ငံတစ်နိုင်ငံဟု ထောက်ပြစရာတောင်မရှိသော၊ မလေးရှားနိုင်ငံမှရေကိုတောင် ဝယ်ယူသုံးစွဲနေရသော ခွေးပစ်တဲ့ ဒုတ်လောက်ရှိတဲ့နိုင်ငံက ကျုပ်တို့လိုနိုင်ငံသားတွေကို စော်ကားနေခြင်းကို လုံးဝလက်မခံနိုင်ပါ။ အကြောင်းကြောင်းကြောင့် ထိုနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာလူးမျိုးများကလည်း "မြန်မာလူမျိုးလို့ပြောတာ ငါ့နာမည်တပ်ပြောတာမဟုတ်ဘူး" ဟု ဆိုကာခေါင်းငုံမခံသင့်ပါ။ မိမိတတ်နိုင်တဲ့ဖက်မှ မိမိလူးမျိုးများအတွက် ကာကွယ်စောင့်လျှောက်ကြပါ။ မည်သည့်ကြောင်းကြောင့်နှင့်မှ လူမျိုးကို အမြိုမခံပါနှင့်။

1 comment:

Anonymous said...

ခေါင်းငုံမခံလို့ ကျွန်တော်တို့က ဘာလုပ်နိုင်ငံမှာလဲ စောက်သံရုံးက အခွန်ကောက်ဖို့ ကလွဲပြီး ဘာမှ စောက်သုံးကျတာမဟုတ်ဘူး ပြသနာရှာရင်ပြန်ရမှာ အခုအချိန်မှာက စီးပွားပျက်နေတာ အလုပ်ထဲမှာတောင် အချိုးပြည်အောင် မနဲနေနေရတာ သိန်းစိန်ထိပ်ပြောင်ပြောတဲ့ ရာဘာတော့ပြန်မခြစ်နိုင်ဘူး ကျွန်တော် အင်ဂျင်နီယာတစ်ယောက်ပါ။ ရာဘာပြန်ခြစ်တော့ရော လခက စားလို့ ဝအောင်ပေးနိုင်လို့လား။ တတ်နိုင်တဲ့ဖက်ကတော့ ဆန့်ကျင်တယ် အကုန်ပါမလာတော့ နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးလေ အဲ့ဒါဘာဆက်လုပ်ရမလဲ ဒီမှာ ကွိုင်ရှာလို့တော့မရဘူး။ ဒီနိုင်ငံက မြန်မာစစ်အစိုးရနဲ့ တည့်နေတဲ့ နိုင်ငံ ကျွန်တော်တို့ လုပ်ရင် stay ပေးမှာမဟုတ်ဘူး