Saturday, 30 October 2010
နိုဝင်ဘာ 13 ရက်နေ့ ဒေါ်စု လွတ်ရက်စေ့ပြီ
ရွေးကောက်ပွဲအပြီး အစိုးရသစ်ကို စိန်ခေါ်နေသော အာဆီယံလွတ်လပ်စွာကုန်သွယ်မှုဧရိယာ
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၉)
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စောင့်ကြိုနေသည့် စိန်ခေါ်မှုများတွင် 'အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ(Asean Free Trade Area - AFTA)' စိန်ခေါ်မှုသည် အကြီးမားဆုံး အနေအထားတွင်ရှိပြီး အရေးထား ဆောင် ရွက်စေလိုကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက ပြောသည်။
"လာမယ့် လွှတ်တော်သစ်၊ အုပ်ချုပ်ရေးသစ်က နိုင်ငံရေးကိစ္စတွေ၊ အုပ်ချုပ်ရေးကိစ္စတွေကို သွားနေ၊ အဲဒါတွေကို အလေးပေးနေရင် စီးပွားရေးကိစ္စမှာ အားနည်းသွားမှာကို အရမ်းစိုးရိမ်တယ်။ အခုအက်ဖ်တာနဲ့ပတ်သက်ပြီး လုပ်ငန်းအဆင့်မဟုတ်တဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံထားနိုင်တဲ့ macro economic management က အခုချိန်အထိ မရှိသေးဘူး"ဟု စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ပြောကြားသည်။
"ကျွန်တော်တို့ mechanism (လုပ်ငန်းယန္တရား)တွေက AFTA market ကြီးကို လက်ခံနိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူး။ AFTA အတွက်ကို အခုကတည်းက ဈေးကွက်ကို ပြင်ဆင်ရမယ်"ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး ဟောင်း ဗိုလ်မှူးချုပ်အေဘဲလ်(ငြိမ်း)က ပြောကြားသည်။
"ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီ ကို အဓိကယှဉ်ပြိုင်ဘက်လို့ မပြောလိုပါဘူး"
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၉)
နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးလှမြင့်ဦးက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယှဉ်ပြိုင် ဘက်ပါတီများအပေါ် လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကြောင်းပြောသည်။
"ကျွန်တော်တို့ပါတီအနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ဖြင့် ထမ်းဆောင်ကြမယ့် နိုင်ငံရေး ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက တွေအားလုံးကို လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားပါတယ်။ ဒီအတိုင်း ဆက်ဆံသွား ပါမယ်။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီကို အဓိကယှဉ်ပြိုင်ဘက်လို့ မပြောလိုပါဘူး"ဟု ဦးလှမြင့်ဦးက ဆိုသည်။
အဆိုပါမြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ရှစ်ဦး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီမှ ရှစ်ဦး၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ပါတီမှ တစ်ဦး၊ တစ်သီးပုဂ္ဂလနှစ်ဦး စုစုပေါင်း ၁၉ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။
ဦးလှမြင့်ဦးသည် တပ်မတော်တွင် ၁၇ နှစ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နှစ် ၂၀၊ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့တွင် ၁၂ နှစ်ဖြင့် နိုင်ငံ့တာဝန်ကို ၄၉ နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ်သည်။
တခြားပါတီများထက် အားသာချက်ရှိစေရန် ပြင်ဆင်ထားမှုနှင့်ပတ်သက်ပြီး ၎င်း၏မွေးရပ်ဇာတိမြေဖြစ်သည့်အတွက် ဒေသခံများနှင့် ထိတွေ့မှုရှိခဲ့ပြီး ရွေးကောက် ပွဲဝင်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးခံသည့်အခါတွင်ဒေသခံများနှင့် ပိုမိုထိတွေ့မှုရယူပြီး ပါတီ၏မူဝါဒ၊ ရည်မှန်းချက်၊ ယုံကြည်ချက်နှင့် လုပ်ငန်းစဉ်တို့ကို ပြောပြကာ စည်းရုံးမှုများဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။ရွေးကောက်ပွဲကြီး နီးပြီမို့ နိုင်ငံရေး ပါတီတို့ စည်းရုံးရေး ဆင်းကြပြီ
ရွေးကောက်ပွဲ အကြို ကာလ စည်း ရုံး မဲဆွယ်ရေး လုပ်ငန်းများကို နိုင်ငံရေး ပါတီများ က လုပ်ဆောင် ကြရာတွင် တစ်အိမ်တက် တစ်အိမ်ဆင်း ရပ်ကွက် အတွင်း လှည့်လည် စည်းရုံးခြင်း၊ လက် ကမ်း စာစောင် ဝေခြင်း၊ ဘေလ်ဘုတ် ထောင်ခြင်း၊ စာစောင် ဖြန့်ဝေခြင်း၊ ခန်းမ ငှားရမ်းကာ ဟောပြော စည်းရုံးခြင်း များ လုပ်လာ ကြသည်ကို တွေ့မြင် နေရ သည်။
နိုင်ငံရေး ပါတီ အများစုမှာ ငွေ ကြေး မတတ်နိုင် ကြသဖြင့် ခန်းမငှား ရမ်း ဟောပြောခြင်းနှင့် ဘေလ်ဘုတ် ထောင်ခြင်း များကို မတတ်နိုင် ကြဘဲ လက်ကမ်း စာစောင်ဝေငှခြင်း နှင့် ရပ် ကွက် အတွင်း လှည့်လည် စည်းရုံးခြင်း ကိုသာ အများဆုံး အသုံးပြု နေကြရ သည်။ တစ်သီး ပုဂ္ဂလ များလည်း မိမိ အစီအစဉ်ဖြင့် စည်းရုံးရေး ဆင်းနေ ကြ သည်။
အမျိုးသား ဒီမိုကရေစီ အင်အား စု NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသန်း ငြိမ်းက “ကင်ပိန်း အတွက် သုံးဖို့ အချို့ ပါတီက သိန်း ၁၀၀ လောက် မှန်းနေ ကြတယ်။ ကျွန်တော်တို့ ကတော့ မတတ် နိုင်ဘူး။ လက်ကမ်း စာစောင်တောင် A4 တစ်ရွက် အပြည့် မသုံးနိုင်ဘူး။ တချို့ နေရာတွေမှာ A4 လေးပုံ သုံးပုံ လောက် ပဲ စာရွက် ခပ်ကြမ်းကြမ်းနဲ့ ရိုက်နိုင် တယ်။ တချို့ ကိုယ်စားလှယ် တွေဆို ဘာမှ မလုပ်နိုင်လို့ ပါတီ အဖွဲ့ချုပ် က လုပ်ပေး ရတယ်။ ဘေးလ်ဘုတ် ထောင် ဖို့က တစ်နှစ်စာ ပေးရတယ်။ တစ်နှစ် ကျော်ရင် လည်း ဒဏ်ကြေးက ကျပ် ၅၀,၀၀၀ ဒဏ်ရိုက်ဦးမယ်။ မတတ်နိုင် ဘူး။ ခန်းမ ငှားပြီး ဟောပြောဖို့ ကတော့ ဝေလာ ဝေးပဲ။ နည်းနည်း နဲ့ ကျဲကျဲဝိုင်း နေရတယ်” ဟု ဆိုသည်။
ဦးသုဝေ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက် သည့် ဒီမို ကရက်တစ် (မြန်မာ) ပါတီ အနေဖြင့် လက်ကမ်း စာစောင် များ၊ ဒေါင်းအိုးဝေ စာစောင် နှင့် CD များကို ပါတီ ရန်ပုံငွေ ရရှိရေးနှင့် စည်းရုံးရေး အတွက် လိုက်လံ ဝေငှခြင်း အပြင် ရပ် ကွက် အတွင်း လှည့်လည် စည်းရုံးခြင်း များ ပါ ဆောင်ရွက် နေကြသည်။
မတူ ကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးညိုမင်းလွင် ကလည်း “ရ တဲ့အချိန်နဲ့ စည်းရုံးရေး တောင် ကောင်း ကောင်း မလုပ်နိုင် သေးဘူး။ ဒါကြောင့် မဲအောင်နိုင် ရေးတို့၊ မဲရုံ ကိုယ်စားလှယ် ထားရေး တို့ဆို တာ မစဉ်းစား နိုင်သေး ဘူး။ စည်းရုံးရေး ဆင်းတာတောင် လက် ကမ်းစာစောင် ရိုက်ဖို့ အခက်အခဲ ရှိလို့ တစ်အိမ်တက် တစ်အိမ်ဆင်း စည်းရုံး ရေး ဆင်းနေ ရတယ်” ဟု ဆိုသည်။ ပါတီ စည်းရုံး မဲဆွယ် ဟောပြောပွဲ ကို ဓမ္မာရုံ ဘေးရှိ ဘော်လီ ဘောကွင်း ကွက်လပ် တွင် လုပ်ခဲ့ ရသည်။
မဲ ဆန္ဒ နယ်တစ်နယ် တွင်မဲပေးနိုင် သူဦးရေ မည်မျှ ရှိသည်၊ အရေအတွက် မည်မျှ လာမဲ ပေးသည်၊ ကျန်မဲ အရေ အတွက် မည်မျှရှိသည်၊ ပယ်မဲ ဖြစ်မ သွားစေရန် မဲလာ ပေးသူကို ကြိုဆိုပြီး မည်သို့ မဲပေး ရမည်ကို ရှင်းပြရန် နှင့် မဲရေတွက် မှု သိရှိရန် မဲရုံ ကိုယ်စားလှယ် ထားရှိ သင့်သော်လည်း အချိန်နှင့် အခြေ အနေ အရ နိုင်ငံရေး ပါတီ အများစုမှာ မဲရုံ ကိုယ်စားလှယ် မထား နိုင်ကြဟု ဆို သည်။
ခေတ်သစ် ပြည်သူ့ ပါတီအနေဖြင့် တိုင်း ဒေသကြီး လွှတ်တော် တွင် အများ ဆုံး ပါဝင် ယှဉ်ပြိုင် မည်ဖြစ်သဖြင့် နယ် မြို့နယ်များကို အခြေပြု စည်းရုံးသွား မည်ဟု ဆိုသည်။ မဲအောင်နိုင် ရေး အတွက် မြို့နယ် အလိုက် အောင်နိုင်ရေး ကော်မတီများ ဖွဲ့စည်းထားပြီး သက် ဆိုင်ရာ မြို့နယ် အလိုက် စည်းရုံးရေး လုပ် သွားမည်၊ လိုအပ် လျှင် ဗဟိုက ဆင်းပြီး ဟောပြောပွဲ လုပ်ပေးမည် ဟု ခေတ်သစ် ပြည်သူ့ ပါတီ ဥက္ကဋ္ဌဦးထွန်းအောင် ကျော်က ပြောကြားသည်။
ပုဇွန်တောင် မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် များက ပိုစတာများ ရိုက်ကာ လူမြင်ကွင်း တွင် ချိတ်ဆွဲ ကပ်ထားခြင်း မျိုးဖြင့် စည်း ရုံးမဲဆွယ်ရေး လုပ်ကြသည် ကိုလည်း မြင်ရသည်။
ရွေးကောက် ပွဲပြီးကာနီး လာပြီ။ ရွေးကောက်ပွဲ အကြို ကာလ စည်းရုံး ရေးကိုလည်း စည်းကမ်း တကျ ဆင်း နေကြပြီ။ ရေဒီယိုနှင့် မြန်မာ့ရုပ်မြင် သံကြား မှလည်း ရွေးကောက်ပွဲဝင် ရောက်မည့် နိုင်ငံရေးပါတီ ၃၇ ပါတီ အား ဟောပြော စည်းရုံး ခွင့်ပြုထား၍ အလှည့်ကျ စည်းရုံး ဟောပြောခွင့် ရ နေကြပြီ။ သတင်း ဂျာနယ် စာစောင် များကလည်း တတ်နိုင်သမျှ နိုင်ငံရေး ပါတီများ အကြောင်း ထည့်သွင်းဖော် ပြ ရေးသား နေကြပြီ။ ဘယ်သူတွေ၊ ဘယ်ပါတီ တွေနိုင်၍ ဘယ်သူ တွေ ငိုင်ကြမည် ကိုတော့ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက် နောက်ပိုင်း မှ သိရ ပေ တော့မည်။ ယခု စည်းရုံးရေး ကာ လ မှာတော့ လက်ကမ်း စာစောင် ကင် ပိန်း ကိုသာ အများစုက အားပြု နေကြ ကြောင်းပါ။
မောင်မောင်စိုး
မြန်မာ့ရွေးကောက်ပွဲ - ပြည်သူဘာကြောင့်ပါသင့်သလဲ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ခေါ် မြန်မာစစ်အစိုးရသည် အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံဖြင့် သာယာစိုပြေဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီ ချီတက်မည်ဟု တလျှောက်လုံးကြွေးကြော်လာခဲ့သည်။ သို့သော် မလိုသူများက အဆိုပါလမ်းပြမြေပုံသည် စစ်အုပ်ချုပ်ရေးကိုတရားဝင် တည်တံ့ခိုင်မြဲအောင်လုပ်ခြင်းဟုသာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့ဖာသာသူတို့ပေးအပ်ထားသော တာဝန်အရ နအဖသည် ရွေးကောက်ပွဲကို ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်တွင်ကျင်းပမည်ဟု သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ဤတွင် ဒီမိုကရေစီ အတိုက်အခံခေါင်းဆောာင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသတွင်းနှင့်နိုင်ငံတကာမှ ပတ်သက်နေသူများ အကြား ရွေးကောက်ပွဲတွင် မြန်မာပြည်သူများပါဝင်သင့် မသင့် အကြီးအကျယ်ငြင်းခုံလာတော့သည်။
ဒီမိုကရေစီအရေး စည်းရုံးလှုံ့ဆော်နေသူများအကြားတွင်လည်း ရွေးကောက်ပွဲအယူအဆကို သတိကြီးစွာထားပြီးထောက်ခံသူနှင့် မထောက်ခံသူဟူ၍ကွဲပြားသွားတော့သည်။ လာမည့် ရွေးကောက်ပွဲကိုဆန့်ကျင်သူတို့က ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် စစ်အစိုးရခေါင်း ခေါက်ရွေးထားသည့် ဥပဒေပညာရှင်များ ၁၄ နှစ်ကြာရေးဆွဲထားသည့် ၂ဝဝ၈ အခြေခံဥပဒေ ကို ထောက်ခံအသိအမှတ်ပြုရာရောက်လိမ့်မည်ဟုဆိုသည်။ မနှစ်မြို့သူအများစုကမူ အဆိုပါဖွဲ့စည်းပုံကို စစ်အစိုးရသက်ဆိုးရှည်ရေး ကြိုးပမ်းမှုသက်သက်သာအဖြစ် မြင်ကြသည်။ အခြားတဖက်တွင်မူ ရွေးကောက်ပွဲကို သတိကြီးစွာထားပြီး ထောက်ခံသူတို့ကလည်း မြန်မာ့ဒီမိုကရေစီပြန်လည်ထူထောင်ရေးသို့ တဖြေးဖြေးသွားနေသည့် အဆင့်တဆင့်ဟု မြင်ကြသည်။ စစ်အစိုးရထုတ်ဖော်ကြေညာထားသည့် အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံ အပါအဝင် နိုင်ငံရေးရည်မှန်းချက်များ မလုပ်နိုင်အောင် ဟန့်တားနှောင့်ယှက်ရာတွင် မအောင်မြင်ခဲ့ကြောင်း အဆိုပါ သတိကြီးကြီးနှင့် ထောက်ခံသူများက ထုတ်ဖော်ဝန်ခံကြသည်။ အယူအဆများမည်သို့ပင်ကွဲပြားပါစေ၊ နှစ်ဖက်စလုံးတွင် တူညီသောကံကြမ္မာနှင့် တူညီသောအကျိုးစီးပွားရှိကြသည်။ ယင်းတို့မှာ စစ်အာဏာရှင်စနစ်ကို ရွံမုန်းကြခြင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများပေါ်ပေါက်လာစေရန် တောင့်တခြင်းဖြစ်သည်။
တူညီသောရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီထွန်းကားသောမြန်မာနိုင်ငံသို့ရှေ့ရှုချီတက်ရာ တွင် မြန်မာနိုင်ငံသားများ၊ နိုင်ငံတကာမိတ်ဆွေများ ကျနော်တို့အားလုံးတွက် အရေးကြီးသည်က ဖြေးဖြေးပင်ဖြစ်သော်လည်း မြန်မာနိုင်ငံကို မုချ ဒီမိုကရေစီအပြည့်အဝရှိစေသည့် နိုင်ငံအဖြစ်ဦးတည်သွားစေမည့် အလုပ်ဖြစ်နိုင်သော အတွေးအခေါ်များနှင့် လက်တွေ့ ကျသည့်ချဉ်းကပ်မှုများရှိစေရေးပင်ဖြစ်သည်။ ၁၉၈၈ လူထုအုံကြွမှုကြီးပြီးကထဲက ကျနော်တို့ နှစ်ပေါင်း ၂ဝ ကျော်ကြာ ကျင့်သုံးလာခဲ့သော အဂ္ဂမဟာဗျူဟာဖြစ်သည့် တဖက်သတ်ပိတ်ဆို့ ဒဏ်ခတ်အရေးယူခြင်းများ၊ အထီးကျန်ထားခြင်းနှင့် ကြေညာချက်များထုတ်ပြန်ခြင်းစသည်တို့သည် စစ်အစိုးရကို ဒီမိုကရေစီစနစ်ကူးပြောင်းရေး ဖိအားပေးရာတွင် မထိရောက်ကြောင်း တွေ့ခဲ့ရပြီးဖြစ်သည်။ လက်တွေ့ကျသောချဉ်းကပ်မှုဆိုသည်မှာ စည်းကမ်းချက်များထားရှိသည့် ထိတွေ့ဆက်ဆံရေးမူဝါဒများကိုကျင့်သုံးပြီး တဆင့်ပြီးတဆင့်ပြောင်းလဲရေး၊ ပြည်တွင်းဖိအား ကို ပြင်ပအင်အားစုများ၏ ထောက်ခံအားပေးမှုဖြင့် အသုံးချခြင်းတို့ဖြစ်သည်။ မြန်မာပြည်တွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းသည် ပြည်တွင်းမှသာလာရမည်ဆိုသည်ကို သိရှိပြီးဖြစ် သည့်အလျောက် ဘက်ပေါင်းစုံညှပ်၍ဖိအားပေးသည့်နည်းကို ထောက်ခံအားပေးကြရမည်။ သို့သော် ဘက်ပေါင်းစုံဆိုရာ၌လည်း အဓိကမှာ ပြည်တွင်းဖိအားသာဖြစ်ရမည်။ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲသည် မြန်မာပြည်တွင်းမှပြည်သူများ စစ်အစိုးရကိုဖိအားပေးနိုင်မည့် နည်းလမ်းတရပ်ဟု ကျနော်တို့ယုံကြည်ပါသည်။
တဖြေးဖြေးပြောင်းလဲယူရေးတည်းဟူသော ကျွန်ုပ်တို့၏မဟာဗျူဟာကိုလက်ခံသည့် လာမည့် ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တည်း ဟူသော ဥပဒေပြုအဖွဲ့များတွင်ရွေးကောက်ခံရမည့် အမတ်များသည် စစ်အစိုးရကို ဒီမိုကရေစီစံများ ကျင့်စဉ်များလက်ခံကျင့်သုံးလာစေရန် ဖိအားပေးနိုင်ကြပါလိမ့်မည်။ လာမည့် ရက်များတွင် စစ်အစိုးရလုပ်သမျှကို ဆန့်ကျင်ကန့်ကွက်ရုံသာကန့်ကွက်နေပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခြေအနေများပြောင်းလဲရေး၌ အခြားလမ်းကြောင်းများရှိသေးကြောင်း ချမပြနိုင်လျှင် ဒီမိုကရေစီအတိုက်အခံများ၏ ကြိုးပမ်းမှုများကို သဏ္ဌာန်မျှသာ ပြယုဂ်ကျန်အောင် အဆင့်အတန်းလျှောကျသွားစေလိမ့်မည်။ ဤသို့ဆိုသဖြင့် စစ်အစိုးရသည် သူ့အကျိုးစီးပွားနှင့် စည်းစိမ်ဥစ္စာကိုကာကွယ်ရန် ဘာမဆိုလုပ်မည်ဟူသည့် အချက်ကိုငြင်းပယ်ခြင်း မဟုတ်ပါ။ စစ်အစိုးရ၏သန္နိဋ္ဌာန်ဖြစ်သော သူတို့၏စစ်တပ်အုပ်စိုးမှုကို ကာကွယ်ရန် ကတုတ်ကျင်းတူးအခိုင်အမာနေရာယူနေကြောင်း ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေက သက်သေခံ နေပါသည်။ ဥပဒေပြုလွှတ်တော် ၄ ရပ်စလုံးတွင် စစ်တပ်အတွက် ၂၅ ရာနှုန်း သောနေရာကို သီးသန့်ဖယ်ထားရသည်။ ထို့ပြင် အရေးပါသည့်အစိုးရဌာနကြီးများ၏ အကြီးအကဲများကို စစ်တပ်တွင်အမှုထမ်းဖူးသူများသာ ခန့်ထားရမည်ဟု အခြေခံဥပဒေကပြဋ္ဌာန်းထားသည်။ ပို၍ဆိုးသည်က အခြေခံဥပဒေကိုပြင်ဆင်မှုမှန်သမျှ လွှတ်တော်အမတ်အားလုံး၏ ၇၅% ကျော် က ထောက်ခံရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် လက်တွေ့အားဖြင့် ပြောရ လျှင် အနာဂတ်တွင်ပြုလုပ်မည့် မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်မဆို စစ်တပ်၏ ထောက်ခံမှုလိုမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံမှတဆင့် စစ်တပ်အုပ်စိုးမှုကို ခိုင်မာအမြစ်တွယ်အောင်လုပ်ထားသည်ကိုကြည့်လျှင် မည်သည့်ဖွဲ့စည်းပုံမဆို လွှမ်းမိုးချုပ်ကိုင် ထားသောအင်အားစု၏ စိတ်ဆန္ဒကို ရောင်ပြန်ဟပ်နေခြင်းကို သက်သေပြနေသည်။
စစ်အစိုးရက သူ့ရည်မှန်းချက်ပန်းတိုင်ရှိရာကို သွားနေသည်ကို ကျနော်တို့ မဟန့်တားနိုင် ကြောင်းဝန်ခံပါသည်။ သို့သော် မြန်မာပြည် ဒီမိုကရေစီအပြည့်အဝရှိသည့် အခြေအနေသို့ ကူး ပြောင်းသွားပါက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပယ်ဖျက်ပစ်နိုင်သည်ဟူသည့် အချက်ကြောင့် ကျနော်တို့အားတက်မိပါသည်။ ယခင်ဖွဲ့စည်းပုံဟောင်းများပျက်ပြယ်သွားခဲ့ သည့် အတွေ့အကြုံများကလည်း ဤအချက်ကိုထောက်ခံနေပါသည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရအက်ဥပဒေ၊ ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံအခြေခံဥပဒေ၊ ၁၉၇၄ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အားလုံးတို့သည် အစိုးရများပြောင်းလဲသွားသည်နှင့်တပြိုင်နက် ပျောက်ကွယ်သွားကြသည်။ အလားတူပင် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း သမိုင်းအမှိုက်ပုံထဲသို့ အနှေးနှင့်အမြန် ရောက်ရှိသွားမည်သာဖြစ်သည်။ ထို့ကြောင့် ညီတော်နောင်တော်များကို တိုက် တွန်းလိုသည်မှာ ဆန့်ကျင်လိုစိတ်သက်သက်မျှနှင့်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန့်ကျင်ရေးဟူသောတိုက်ပွဲတွင် နစ်မနေပါစေနှင့်။ ထိုသို့ဖြစ်နေမည့်အစား ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး အတိုက်အခံတို့၏အခန်းကဏ္ဍ အသေးစိတ်မဟာဗျူဟာကျကျ ပြန်လည်နေရာချထားခြင်းကိုသာ အာရုံစိုက်လုပ်ကြပါဟု ပြောလိုသည်။
ဤသို့ကျနော်တို့၏ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အနာဂတ်မဟာဗျူဟာချမှတ်ရာတွင် ကျနော် တို့ အလေးအနက်အကြံပြုလိုသည်မှာ တစတစပြုပြင်ပြောင်းလဲရေးသည်သာ မြန်မာနိုင်ငံကို ဒီမိုကရေစီအပြည့်အဝရှိသည့် နိုင်ငံတနိုင်ငံအဖြစ် အမှန်တကယ်ပြောင်းလဲပေးနိုင်မည့် အလုပ် ဖြစ်သောချဉ်းကပ်မှုဖြစ်သည် ဆိုသည့်အချက်ဖြစ်ပါသည်။ ဤချဉ်းကပ်မှုကို ကျနော်တို့ အဘယ်ကြောင့်ချမှတ်ရသည်ဆိုသည့် အကြောင်းများမှာ ဤသို့ဖြစ်သည်။
ယခုအထိ စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ပြီး အထီးကျန်ဖြစ်အောင် လုပ်ရေးကြိုးပမ်းချက်များ မအောင်မြင်မထိရောက်သေးပါ။ ဒေသတွင်းအင်အားကြီးနိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အာဆီယံ နိုင်ငံတို့၏ ထောက်ခံမှုမရသည့် ဒဏ်ခတ်ပိတ်ဆို့ မှုများသည် စစ်အစိုးရအပေါ် စတိမျှလောက်သာကျရောက်ပါလိမ့်မည်။ အသားအရောင်ခွဲခြား သော အစိုးရကို ကုလသမဂ္ဂကဒဏ်ခတ်ပိတ်ဆို့ခဲ့သည့် တောင်အာဖရိကနိုင်ငံ၏ အတွေ့ အကြုံကကျနော်တို့နှင့်ကွာသည်က နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သည့်ထောက်ခံမှု ကိုရရှိခြင်းဖြစ်သည်။ သို့သော်မြန်မာအတိုက်အခံများကမူ နိုင်ငံတကာအဆင့်တွင် ဘုံသဘော ထားတရပ်ရအောင်မယူနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ ရေးကို မလုပ်နိုင်ခဲ့ကြပါ။
ကိုယ်ပိုင်အကျိုးစီးပွားများရှိနေသည့်အတွက် တရုတ်၊ အိန္ဒိယ၊ အာဆီယံတို့လို ဒေသတွင်းနိုင်ငံများမှာ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ ရန်တောင်းဆိုမှုတွင် မပါကြပါ။ ထို့ကြောင့်ပင် ကျွန်ုပ်တို့ သမ္မတအိုဘားမားအစိုးရ ၏ စည်းကမ်းချက်များထားရှိသော ထိတွေ့ဆက်ဆံရေးမူဝါဒကို ထောက်ခံရသည်။ ဤသို့ စည်းကမ်းချက်များထားရှိသည့် ထိတွေ့ဆက်ဆံရေးမူဝါဒများချမှတ်ကြရန် တောင်းဆိုခြင်းဖြင့် နိုင်ငံတကာအစိုးရများအဖို့ မြန်မာအစိုးရအပေါ် ဖိအားပေးရာတွင် ပြည်ပမှမဟုတ်ဘဲ ပြည်တွင်းမှပေးရန် အကောင်းဆုံးအခွင့်အလမ်းများရစေမည်ဟု ကျနော်တို့ယုံကြည်ပါသည်။ အဆုံးစွန်ပြောရလျှင် ဤနည်းလမ်းကိုသုံးခြင်းဖြင့် ကျနော်တို့နှစ်ရှည်လများ လိုချင်တောင့်တနေသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးတည်းဟူသောရည်မှန်းချက် အောင်မြင်ရန် အခွင့်အလမ်းကောင်းများပိုရရှိစေလိမ့်သည်။
အထက်တွင်ဆိုခဲ့သည့်အတိုင်း မြန်မာပြည်တွင် စစ်မှန်သော အပြောင်းအလဲများသည် ပြည်တွင်းမှသာလာမည်ဟူသည့် အယူအဆကို ကျနော်တို့လက်ခံကြရမည်။ ဤသို့ဆိုရာတွင် နိုင်ငံများစွာတွင် အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ခဲ့သည့် လူထုအုံကြွမှုများလည်းပါသည်။ သို့သော် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ၁၉၈၈ နှင့် ၂ဝဝ၇ လူထုအုံကြွမှုနှစ်ရပ်စလုံးတွင် အပြစ်မဲ့အရပ်သားများသေကြေခဲ့ရပါသည်။ နှစ်ကြိမ် စလုံးတွင် အတိုက်အခံခေါင်းဆောင်မှု၏ အရည်အချင်းမပြည့်စုံမှုကြောင့် ဆန္ဒပြပွဲများရှုံးနိမ့်ခဲ့ရသည်။ စစ်အစိုးရက ဆန္ဒပြသူများကို ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက်နှိမ်နင်းသည်ကို တွေ့ခဲ့ရပြီးနောက် ပြည်တွင်းမှ ပြည်သူများ အရင်ကထက်ပိုကြောက်သွားကြသည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးစစ်တပ်တတပ်ရှိနေသည့် နိုင်ငံတွင် နောက်ထပ် ကြီးမားသည့် လူထုဆန္ဒပြပွဲကြီးတရပ်ပေါ်ပေါက်လာရေး မျှော်မှန်းကြည့်ရသည်မှာ ပိုပြီးခက်လာသည်။ ထို့ပြင် မကြာမီနှစ်များအတွင်း စစ်တပ်အင်အားအကြီးအကျယ်တိုးချဲ့ တည်ဆောက်ခဲ့ခြင်းကြောင့် မြန်မာစစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲနည်းဖြင့် ဖြုတ်ချရေး ဆိုသည်မှာ လုံးဝမဖြစ်နိုင်တော့ပေ။
ထို့ကြောင့်ထိတွေ့ဆက်ဆံမှုလည်းမရှိ၊ ပြည်တွင်းဖိအားလည်းမရှိသည့် ပြင်ပဖိအားဆိုသည်မှာ နောင်တွင်လုံလောက်တော့မည်မဟုတ်ပါ။ ပြည်တွင်းအင်အားစုများကို အများဆုံးဖြစ်စေရန် အင်အားစုဆောင်းသည့် နိုင်ငံရေးယဉ်ကျေးမှုတရပ် ပြည်တွင်းတွင်ပြောင်းလဲကျင့်သုံးရေး ကျနော်တို့အာရုံစိုက်လုပ်ဖို့လိုပါသည်။ ရည်ရွယ်ရင်းက ဒီမိုကရေစီယဉ်ကျေးမှုနှင့် ကျင့်စဉ်များ စတင်ပျိုးထောင်သည့်လုပ်ငန်းကို အထောက်အကူဖြစ်စေသည့် နိုင်ငံရေးစင်မြင့်တရပ်ရရှိရေးပင်ဖြစ်သည်။ ထိုစင်မြင့်မှတဆင့် အာဏာရှိသူများနှင့် အတိုက်အခံအဖွဲ့အစည်းတို့အကြား အကြမ်းမဖက်နည်းလမ်းနှင့် တယောက်နှင့်တယောက်ထိတွေ့ဆက်ဆံနိုင်ကြမည်ဖြစ်သည်။
ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်းပြုပြင်ပြောင်းလဲယူရာတွင် လူလတ်တန်းစားများသည် အဓိကစွမ်း ဆောင်နိုင်သူများဖြစ်သည်ဟု ယုံကြည်သည့်အလျောက် အဆိုပါလူလတ်တန်းစားများ တိုးပွား လာနိုင်ရေး အထောက်အကူပြုမည့် စီးပွားရေးစနစ်ကို ဖွင့်ပေးရေး ကျနော်တို့ တောင်းဆိုပါသည်။ နောက်ပိုင်းတွင် အဆိုပါ လူလတ်တန်းစားက တာဝန်ယူမှုရှိပြီး ဥပဒေကအမြင့်ဆုံးတွင်ရှိသည့် အစိုးရကောင်းကိုသာ တောင်းဆိုကြမည်မဟုတ်တော့ဘဲ အုပ်ချုပ်ရေးကိစ္စတွင် သူတို့လည်း ပြောရေးဆိုခွင့်ရရန် တောင်းဆိုကြမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအစဉ်အလာတရပ်မရှိခြင်းဆိုသည့် အချက်ကို မြန်မာ့အရေး စောင့်ကြည့်လေ့လာလိုသူများလက်ခံရန်လည်း အကြံပြုလိုပါသည်။ မြန်မာ့နိုင်ငံရေးယဉ်ကျေး မှုတွင် ထိုအလေ့အကျင့် မရှိခြင်းမှာ ၁၉၄၈ လွတ်လပ်ရေးရပြီးကထဲကဖြစ်သည်။ ခေတ်သစ်မြန်မာသမိုင်းတလျှောက် ဒီမိုကရေစီအစိုးရလက်အောက်မှာရော၊ အဆက်ဆက်သော အာဏာရှင်စစ်အစိုးရလက်ထက်များတွင်ပါ အာဏာရှင်နိုင်ငံရေးယဉ် ကျေးမှုနှင့် မင်းဆိုးမင်းညစ်အစဉ်အလာများသာ အဓိကအားဖြင့် လွှမ်းမိုးနေခဲ့သည်။
၁၉၄၈ မှ ၁၉၆၂ အတွင်း ပါလီမန်ဒီမိုကရေစီခေတ်ကို လေ့လာသုံးသပ်ချက်များအရ အာဏာရ ဖဆပလ နှင့် အတိုက်အခံပါတီများကြားဆက်ဆံရေးသည် မပူးပေါင်းရေး၊ အလျှော့မပေးရေး၊ မဆက်ဆံရေး မူဝါဒများသာ ကျင့်သုံးခဲ့ကြသည်ကို တွေ့ရသည်။ ထိုအချိန်က အစိုးရက တင်သွင်းခဲ့သော ဥပဒေကြမ်း မှန်သမျှကို အတိုက်အခံများက ဆန့်ကျင်ခဲ့ကြသည်။ ထိုအတိုင်းပင် အတိုက်အခံတင်ပြသမျှကိုလည်း အာဏာရအစိုးရက ဆန့်ကျင်ခဲ့သည်။ ထို့နောက် စစ်အာဏာရှင် ဦးနေဝင်းက သူ့ကိုထောက်ပင့်ပေးထားနိုင်မည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆိုသည်ကိုတီထွင်ကာ တပါတီအစိုးရပေါ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ၁၉၇၄ တွင် ပြဋ္ဌာန်းခဲ့သည်။ ၁၉၈၈ မှစ၍ ယခု နအဖ အစိုးရက အာဏာကိုချုပ်ကိုင်ထားသည်။
မည်သို့ဖြစ်စေ ယခုဖွဲ့စည်းပုံက မဆလခေတ် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံနှင့်မတူသည်က ဥပဒေပြုအမတ်များကို အကန့်အသတ်နှင့် လှုပ်သာရှားသာရှိအောင်ခွင့်ပေးထားသည်။ ဆန့်ကျင်ကွဲပြားသည့်အမြင်များကို အတိုက်အခံအမတ်များ မည်မျှ တင်ပြနိုင်မည် ကျနော်တို့မသိကြောင်းဝန်ခံပါသည်။ စစ်တပ်၏စိတ်ထဲ လောလောဆယ် စွဲနေသည့် ဒီမိုကရေစီအမြင်ကို မည်မျှထိ ပြောင်းလဲပေးနိုင်မည်ဆိုသည်ကိုလည်း ကျနော်တို့မသိပါ။ သို့သော် ၂ဝ၁ဝ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၌ သေချာပေါက်ရှိမည့် တချက်ကိုတော့ ကျနော်တို့ပြောနိုင်ပါသည်။ ၄၈ နှစ်အတွင်း ပထမဆုံးအကြိမ် စစ်တပ်ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံအမတ်များ တိုင်းပြည်ကိုအတူထိုင်၍ ပူးတွဲ အုပ်ချုပ်ကြသည်ကို မြင်ကြရပေလိမ့်မည်။
ရွေးကောက်ပွဲတွင် စစ်အစိုးရက ခြိမ်းခြောက်အကြပ်ကိုင်သည့် နည်းများသုံးမည်ဆိုသည်က လျှို့ဝှက်ချက်မဟုတ်ပါ။ လက်ရှိ နိုင်ငံရေးလွှမ်းမိုးချုပ်ကိုင်မှုကို ဆက်လက်ထိန်းသိမ်းရန် ရွေးကောက်ပွဲရလဒ်ကို ကပြောင်းကပြန်လုပ်ပစ်ရန် နအဖနှင့် ကြံ့ဖွံ့ နည်းဗျူဟာပေါင်းစုံသုံးကြမည်ကို ကျနော်တို့ နားလည်ပါသည်။ စစ်အစိုးရက နိုင်ငံတကာရွေးကောက်ပွဲ အကဲခတ်များ လက်မခံသည်ကို အခြား မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများစွာကဲ့သို့ ကျနော်တို့လည်း စိုးရိမ်ပါသည်။ သို့သော် အခြားတဖက်ကကြည့်လျှင် သူတို့နာမည်ဂုဏ်သတင်းပျက်မည့် အန္တရာယ်အကြီးအကျယ်ရှိသည့်အတွက် အဆိုပါ နိုင်ငံတကာအကဲခတ်များကလည်း မြန်မာ့ရွေးကောက်ပွဲကို လာရောက် လေ့လာ အကဲခတ်လိုစိတ်မရှိမည်ကို ကြိုမြင်နေပါသည်။ ထိုသို့လာလိုက်ခြင်းဖြင့် မဲလိမ်မဲခိုးသည်ကို ထောက်ခံအသိအမှတ်ပြုရာရောက်ပါမည်။ သို့သော် တခုတော့လုပ်နိုင်ပါသေးသည်။ ဥပမာ ရွေးကောက်ပွဲတွင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများက လွတ်လပ်ပြီး ဘက်မလိုက်ဘဲ ပါတီစွဲမရှိသည့် ရွေးကောက်ပွဲ အကဲခတ်အဖွဲ့တဖွဲ့ ဖွဲ့စည်းလိုကြောင်း ကော်မရှင်ထံ တရားဝင်စာတစောင် ပို့သင့်သည်။
ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ထိုသို့ဖွဲ့စည်းမည့် ရွေးကောက်ပွဲအကဲခတ်အဖွဲ့က ရွေးကောက်ပွဲဖြစ်စဉ်များ လွတ်လပ်မျှတရန်ဆောင်ရွက်ပေးသင့်သည်။ ထို့ပြင် ကော်မရှင်ထံ စာရေးသားတင်ပြထားသည့် ရွေးကောက်ပွဲ အကဲခတ်အဖွဲ့နှင့် သီးခြားတရားမဝင် အလွတ်သဘောဖွဲ့ထားသည့် ကိုယ်ပိုင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့မျိုးလည်း ဖွဲ့စည်းထားသင့်သည်။ ထိုအဖွဲ့က ရွေးကောက်ပွဲ ဖြစ်စဉ်ကို စောင့်ကြည့်အကဲခတ်ခြင်းရော၊ မဲဆန္ဒရှင်ပြည်သူများကို ရွေးကောက်ပွဲ အကြောင်းပညာပေးလုပ်ငန်းကိုပါ လုပ်ဆောင်ရမည်။ ရွေးကောက်ပွဲ မသမာမှုများနှင့် လိမ်လည်မှုများကို ရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းနိုင်ရေးအတွက်လည်း နိုင်ငံရေး ပါတီများ ပြင်ဆင်ထားရမည်။
ထိုင်းနိုင်ငံတွင် နိုင်ငံရေးပြက်လုံးတခုရှိသည်။ `ခင်ဗျားမဲမပေးဘူးဆိုရင် နောက် ၄ နှစ် အတွင်းဘာမှ ညည်းညူမနေနဲ့´ တဲ့။ မြန်မာပြည်သူများသည် မိမိ နှစ်သက်ရာကိုယ်စားလှယ်လောင်းကိုခြေခြေမြစ်မြစ်သိပြီးမှ ရွေးချယ်ခြင်းဖြင့် မိမိတို့၏ ဒီမို ကရေစီအခွင့်အရေးကို ကျင့်သုံးသင့်ပါသည်။ တချိန်ထဲတွင် ကိုယ်စားလှယ်လောင်းများ ကလည်း မြန်မာနိုင်ငံတွင် ရာစုတဝက်ကျော် ကွယ်ပျောက်နေခဲ့သည့် ဒီမိုကရေစီကျင့်စဉ် များကို မြှင့်တင်ပေးနိုင်မည့် ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုသစ်တရပ် ထူထောင်ရန် ပြင်ဆင်ထားသင့်ကြသည်။
ဆန္ဒလေးတွေမစောကြပါနဲ့
အခုတစ်လောဗျာ ရန်ကုန်မြို့တော်ကြီးမှာ နေပြီး email ဖွင့်လိုက်တာနဲ့ မိမိကိုမိမိ အတိတ်တော်လှန်ရေးကာလများဆီ ရောက်သွားလားထင်ရလောက်အောင် ဝင်လာလိုက်တဲ့ စာတွေဟာ တစ်တယ့်ကိုပဲ ရင်သိမ့်တုန်ဖြစ်ရပါတယ်။ အကြောင်းကတော့ incoming mail အများစုတွေဟာ အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ပြုပြင်ပြောင်းလဲရေး၊ တော်လှန်ရေး၊ အကြမ်းဖက်မတရားအုပ်ချုပ်မှုဆန့်ကျင်ရေး စသည်ဖြင့်ပေါ့လေ တစ်ကယ့်ကို စာလုံးအနီရောင်ကြီးတွေနဲ့ စည်းရုံးရေးဆင်းထားတာဖြင့် ကြက်သီးမွေးညှင်း ထလောက်စရာပါပဲ။
ပြောထားတဲ့အတိုင်းများတသွေမတိမ်း လုပ်လိုက်ရင်ဖြင့် မြန်မာ့နိုင်ငံရေး နေ့ချင်းညချင်း နာလန်ထူတော့ မယ့်အတိုင်း ရေးသားထားတာတွေက အမိုက်စားတွေပါ။ ဘာနဲ့သွားတူလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံပိုင် သတင်းစာတွေထဲကလိုပေါ့ဗျာ၊ အနီးစပ်ဆုံးဥပမာပေးရရင် electricity ကိစ္စလိုမျိုး၊ ပြောနေတာကတစ်ခြားဖြစ်နေတာကတစ်ခြားပါ၊ တစ်ကယ်ဆိုဒီလိုမဖြစ်သင့် တော့ပါဘူး။ အရေးကြီးတာက ဒီလိုမျိုးကိုယ့်ရဲ့အမြင်၊ ဒါမှမဟုတ် အများနှင့်သက်ဆိုင်သောအခြေအနေကို public ကိုချပြလိုက်ပြီဆိုတဲ့အခါ မှာ မှန်တာမှားတာကို ကျွန်တော်မပြောဘူးနော်၊ ကိုယ်ပြောဆိုထား တာတွေကို ကိုယ်တာဝန် ယူနိုင်မလားပဲ နှစ်ဖက်စလုံးကို အရင် ဆုံးမေးလိုက်ပါရစေ။
ယနေ့ကျွန်တော်တို့ ပြည်သူတွေ မြန်မာ့နိုင်ငံရေး ရာသီဥတုပေါ်မှီပြီး ဒီလိုမျိုးရာသီပေါ်သီးနှံလေးတွေ စားစား နေရတာ ဆယ်စုနှစ်တစ်ခုကျော်ပြီဆိုတော့လည်း ဒါတွေဟာ သိပ်အဆန်းတစ်ကျယ်ကြီး မဟုတ် တော့ပါဘူး။ ဒါပေမယ့်ပေါ့နော် အခုလက်ရှိနိုင်ငံရေးအခြေအနေက အရင့်အရင်ကလို အခြေအနေမျိုး မဟုတ်တော့ဘူးဆိုတာကိုတော့ အားလုံးသတိထားကြဖို့လိုလာပါပြီ။ နိုင်ငံရေးဆိုတာက ဝတ္ထုရေးသလိုမျိုး စိတ်ကူးတွေယဉ်၊ ကိုယ်ဖြစ်ချင်သလို လိုရာတွေဆွဲရေး၊ စိတ်ကြိုက်ဇာတ်သိမ်း လုပ်လို့မရဘူးလေ။ မိမိပြောဆိုရေးသားနေတာတွေဟာ လက်ရှိအခြေအနေနဲ့ မကိုက်ညီဖူးဆိုလျှင် ဘယ်သူ့အတွက်မှ ကောင်းကျိုးဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။ ဘာကိုလုပ်လုပ် ဘာတွေပြောပြော စေတနာသန့်သန့်ထား နိုင်ဖို့က အလွန်ကိုရေးကြီးပါတယ်။ စေတနာသန့်သန့်ဆိုတဲ့ စကားလုံးသုံးရခြင်းကတော့ ရင်ထဲက အမုန်း တရားတွေ မစ္ဆရိယစိတ်တွေ ဘက်လိုက်တာတွေ ကိုယ်ကျိုးကိုကြည့်မိတာတွေ ရှင်းထုတ်ထားနိုင်ကြဖို့ပါ။
အများရှေ့မှောက်မှာ ပြောကြဆိုကြပြီဆိုရင် လူ့သဘာဝအဂတိသဘော ကင်းနိုင်သမျှကင်းကြဖို့က အလွန်ပင်အရေးကြီးလှပါတယ်။ နိုင်ငံရေးလို မာယာတွေများ ကျယ်ပြောနက်နဲလှတဲ့နေရာကို မပြောနဲ့ဦး၊ သာမာန်ဝတ္ထုတစ်ပုဒ် စာလေးတစ်ကြောင်း ရေးကြရင်တောင် အဂတိမကင်းနိုင်ကြတာလေးတွေ တွေ့တွေ့နေရပါတယ်။ စာရေးတဲ့သူစေတနာလွဲရင် ဇာတ်ကောင်လေး လေးငါးခြောက်ယောက် ပါတဲ့ ဝတ္ထုစာအုပ်လေးတစ်အုပ်ဟာ လူ့ယဉ်ကျေးမှုအသိုင်းအဝိုင်းတစ်ခုကို အချိန်အတော်ကြာကြာ ဒုက္ခပေး ပဋိပက္ခဖြစ်စေတတ်ပါတယ်။ ဥပမာဆိုရရင်ဗျာ၊ တစ်ချို့နာမည်ကြီး စာရေးဆရာတွေ ဆရာမတွေဟာ ယောက်ျား မိန်းမ ပေါင်းသင်းဆက်ဆံရေး နဲ့ပတ်သက်ပြီး မြှောက်ပေးသလိုလို တည်ပေးသလိုလို ရန်တိုက်ပေးသလိုလိုနဲ့ အများစိတ်ဝင်စားအောင် ရေးသားရောင်းစား ကြတာလေးတွေတွေ့မိတော့ ကျွန်တော်အံ့သြမိရတယ်ခင်ဗျာ၊ ဒါကိုပဲ လက်ခုတ်လက်ဝါးတီးပြီး အောက်ကဝိုင်းအားပေးတဲ့သူတွေတွေ့တော့လည်း ပိုလို့တောင်အံ့သြမိရပြန်ပါသေးတယ်။ တွေးမိသွားတာက အော်… လူတွေလူတွေ ယောက်ျားနဲ့မိန်းမ တစ်ကယ်ပဲကင်းနိုင်ကြရဲ့လားပေါ့။ စာရေးသူတွေကိုလည်း မေးချင်ပါတယ်၊ ကိုယ်ကိုတိုင်ရော ကင်းနိုင်ရဲ့လား၊ ကင်းခဲ့ရဲ့လားပေါ့။ ဘာမဟုတ်တဲ့ မိမိရဲ့ပုဂ္ဂလိကခံစားချက်တွေကို ရှေ့တန်းတင်ပြီး လူသားတွေရဲ့အတွေးအခေါ်ကို မိမိကလောင်စုတ်ချက်နဲ့တော့ အဆိပ်တွေမခတ်စေ ချင်ပါဘူး။ အင်း… ပြောရင်းပြောရင်း စာရေးဆရာတွေကို ဖဲ့သလိုဖြစ်ကုန်ပြီ။ ဒါပေမယ့်လည်း ပြောထားတာ လေးတွေတော့ မှတ်ထားလိုက်ပါနော်၊ နီးစပ်သူများရှိလည်း လက်တို့ထားလိုက်ပါ၊ ဒီ facebook ပေါ်မှာ လည်း သူတို့ရဲ့ အိုဟောင်းနေတဲ့ idea အဆွေးကြီးတွေခဏခဏတွေ့နေရတော့ ဆင်ခြင်သင့်တာ ဆင်ခြင် လို့ရအောင်ပါ။
ပြောချင်တာကမြန်မာ့နိုင်ငံအရေးပါ၊ တိုက်ဆိုင်တာလေးတွေသွားတွေ့မိတော့လည်း လွှတ်ခနဲထွက်သွား တယ်။ ကဲပြန်စလိုက်ရအောင်… လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အခြေအနေတွေက အမှားမခံတဲ့အနေအထား မှာ ရှိနေတယ်ဆိုတာအားလုံးသိစေချင်ပါတယ်။ ဟိုးအရင်ကတည်းက တိုင်းပြည်ကနုနုမုန်တိုင်းကထန်ထန်၊ တိုင်းပြည်အသက်လေးရလာတော့ရော မုန်တိုင်းကအားကောင်းနေဆဲပါ၊ အခုတိုင်းပြည်ကြီးဟောင်းနွမ်းအို မင်းယိုယွင်းလာတဲ့အထိ မုန်တိုင်းကမငြိမ်သက်နိုင်။ ဒီလိုတွေဖြစ်နေပါလျက်နဲ့ ခင်ဗျားတို့တွေမို့ ကိုယ့် ပြည်သူပြည်သားတွေကို ပဋိပက္ခသံသရာရှည်အောင်လုပ်သူကလုပ်၊ ငါ့မှာ အာဏာပါဝါတွေရှိတာပဲ ဆိုပြီး မိဘချင်းသားသမီးချင်းကိုယ်ချင်းမစာ နှိပ်စက်ဒုက္ခပေးသူကပေးနဲ့၊ သိပ်ဟုတ်နေကြတယ်ပေါ့။ အားမနာ တမ်း ပြောရရင်တော့ ခင်ဗျားတို့တွေအကုန် တစ်ယောက်နဲ့တစ်ယောက် အတူတူပါပဲ။
နောက်ပြီး တော်လှန်ရေးသမားယောင်ယောင် နိုင်ငံရေးသမားယောင်ယောင်များကို ပြောလိုတာလေးရှိတယ် ခင်ဗျ၊ တော်လှန်ရေးဆိုတာက နိုင်ငံရေးပြဿနာအားလုံးကိုဖြေရှင်းလို့ရတဲ့ formula မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ဆီမှာရော တော်လှန်ရေး ထိပ်တိုက်ရင်ဆိုင်ရေး ဆိုတာတစ်ခုကပဲ ပြောင်းအလဲဖြစ်စေမှာလား။ ခင်ဗျားတို့ပြောတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ သန်း (၆၀) နီးပါးရှိတယ်၊ စစ်အစိုးရက အဲဒီ သန်း (၆၀) လုံးကို ထောင်ချလို့မရဘူး၊ ပစ်သတ်လို့မရဘူး၊ ဘာကိုကြောက်နေမှာလဲဆိုတဲ့ စကားလုံးတွေဟာ တာဝန်မဲ့ရာ မရောက်လွန်းဘူးလားဗျာ။ ဒီမှာ ဒီလိုပုံစံမျိုး အလုပ်မဖြစ်ဖူးဆိုတာ အားလုံးအမြင်ပါပဲ။ နှစ်ပေါင်း (၂၀) ရှိပြီနော် လုံးဝကိုအလုပ်မဖြစ်ခဲ့ပါဘူး၊ ဘာကြောင့်လည်းဆိုတာကိုလည်းနောက်နောင် ရှင်းပြပါ့မယ်။ ပြီးတော့ဖြစ်ခဲ့သမျှ လူထုလှုပ်ရှားမှုတွေကိုလေ့လာပါ၊ ပါဝင်သူတွေအားလုံးကိုဖမ်းစီးပစ်သတ်ပြီး ငြိမ်ကျ သွားအောင် လုပ်လိုက်တာမဟုတ်ပါဘူး၊ အရေးကြီးပြီး ခေါင်းဆောင်နိုင်သူများကိုပဲ ရွေးထုတ်ပြီးပွဲသိမ်းပေး လိုက်တာပါ။ ဒီမှာ ဘာသင်္ခန်းစာယူရမလဲဆိုလျှင် လူဦးရေသန်း (၆၀) ကိုဦးဆောင်မယ့် အရေအတွက်နဲပါး လှတဲ့ ခေါင်းဆောင်တွေအတွက် ထောင်ရော၊ ကျည်ဆံရော၊ ဝါးရင်းဒုတ်ပါ အလုံအလောက် ရှိနေတယ် ဆိုတာပါပဲ။ ဒီတော့ ဦးဆောင်မယ့်သူတွေမရှိတော့ရင် ဒီ သန်း (၆၀) ဆိုတဲ့သူတွေ ဘာဆက်လုပ်ကြမလဲ။ ဒုံရင်းကဒုံရင်းပါပဲနော်၊ ခေါင်းဆောင်မယ့်သူတွေ တိမ်းပါးသွားတာပဲရှိမယ်၊ နောက်ဆုံးရလဒ်ဟာ အောင်မြင် မှု ဆိုတာထက် ကြေကွဲဝမ်းနည်းဖွယ်ရာတွေနဲ့ပဲ အဆုံးသပ်ရမှာပါ။
အခုဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်ရေးကို ကျွန်တော်အားမပေးတာ ခင်ဗျားတို့ရိပ်မိလောက်ပြီ၊ အပေါ်မှာ ပြောထားတာတွေကို ခင်ဗျားတို့နားမလည်ခဲ့ရင်တော့ ကျွန်တော့်ကို တော်တော်သတ္တိနည်းတာပဲလို့ ဝေဖန်ကြမှာပဲ။ ကိစ္စမရှိဘူး၊ ကျွန်တော်ဆက်ပြောဦးမယ်။ ခင်ဗျားတို့ တိုက်ပွဲ တိုက်ပွဲနဲ့ ခဏခဏပြောနေ တော့လည်း တိုက်ပွဲပေါ့ဗျာ၊ ဒီတိုက်ပွဲတွေကို ခင်ဗျားတို့ ဘယ်လိုတွေတိုက်ခဲ့ကြလည်း၊ ဘယ်အပိုင်းက အောင်မြင်ပြီး ဘယ်အပိုင်းတွေ ကျရှုံးခဲ့ကြလည်း၊ ကိုယ့်ဘက်က ဘာတွေပေးဆပ်လို့ ကိုယ်ဘာတွေပြန်ရ လိုက်လည်း၊ ပြန်ဆန်းစစ်ခဲ့ဖူးပါသလား၊ ဒါမှလည်း နောက်နောင်တိုက်မယ့် တိုက်ပွဲတွေမှာ အရင်က သင်္ခန်းစာတွေ အတွေ့အကြုံတွေကို ပြန်လည် အသုံးချနိုင်မှာပေါ့၊ ဟုတ်တယ်နော်။ အခုရော တိုက်ပွဲခေါ်သံ တွေကသာ ဆူညံနေတယ်၊ ခင်ဗျားတို့မှာ strategy ရောသေသေချာချာရှိကြရဲ့လား၊ အရင်ကလိုပဲ killing field ထဲမှာ ကျားထိုးတက်တက်ကြဦးမှာလား။ ခင်ဗျားတို့ကို ကျွန်တော်သတိပေးနေတာ ဒီကိစ္စတွေက နှဖူးတောက်ကြေး ထုပ်စီးတိုးတမ်းကစားနေတာ မဟုတ်လို့နော်၊ ဒီနေရာမှာ လောင်းကြေးကဘယ်လောက် မြင့်လည်းဆိုတာ ခင်ဗျားတို့အသိ။
ထိပ်တိုက်တွေ့မှ တိုက်လို့ရတာမဟုတ်ပါဘူး၊ တစ်ခြား strategy တွေအများကြီးရှိပါသေးတယ်။ စစ်မြေပြင် မှာဆိုလျှင်လည်း အားအားနေ ဘယ်သူမှကျားထိုးတက် တက်မနေကြပါဘူး။ ခြုံခိုတိုက်သင့်တိုက်တယ်၊ ပြောက်ကျားစနစ်သုံးသင့်သုံးတယ်၊ အင်အားသုံးခြေမှုန်းရေးလုပ်သင့်ရင်လုပ်တယ်၊ ဝါဒဖြန့်သင့်တန်ဖြန့် လုပ်ကြတယ်၊ စသည်ဖြင့်ပေါ့လေ နည်းဗျူဟာတွေပြောရင်ဖြင့် များပြားလှပါတယ်။ အခုကျွန်တော့်ကို ဘယ်နည်းတွေနဲ့များတိုက်လို့ရသေးလည်း မေးချင်ကြမှာပါပဲ။ (၂၀၁၀) ခုနှစ်မှာ တိုက်ပွဲပုံစံကပြောင်းလည်း သွားပါပြီ။ အကွက် (၁၀၀) မှာ တစ်ကွက်ဖယ်ပေးရင် အဲဒီတစ်ကွက်ကို အမိအရယူရမှာက ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်လာပြီလေ။ အခုဆိုရင်ဗျာ (၁၀၀) မှာ (၂၅) ကွက်ကိုငါတို့ထိန်းမယ်၊ ကျန်တဲ့ (၇၅) ကွက်ကို မင်းတို့ယှဉ်ပြိုင်ပြီးယူကြ၊ ငါတို့လည်း အဲဒီ (၇၅) ကွက်ထဲမှာရသလောက်မင်းတို့နဲ့ယှဉ်ဦးမယ်၊ ဒီတော့ ကျွန်တော်တို့တစ်တွေ စောစောကခင်ဗျားတို့ပြောတဲ့ ပြည်သူလူထု သန်း (၆၀) ရဲ့အင်အားနဲ့ အဲဒီ (၇၅) ကွက်ကိုအရယူရမယ့်ခြေအနေရောက်လာပြီလေ။ နောက်ထပ်ကျန်တဲ့ (၂၅) ကွက်ရောလိုချင်သေးလား၊ ဖြစ်နိုင်တာပေါ့ဗျာ၊ လောကကြီးမှာ မဖြစ်သေးတာပဲရှိတယ်၊ မဖြစ်နိုင်တာဘာမှမရှိဘူး၊ အားလုံးအတွက် ပြင်းထန်ခိုင်မာတဲ့ယုံကြည်မှု၊ ဇွဲလုံ့ဝရိယနဲ့ အချိန်အတိုင်းအတာတစ်ခုပဲလိုမယ်၊ ဒီ (၂၅) ကွက်ကိုဘာများ မှုစရာလိုသလဲ။ အဓိကက ကိုယ်လိုချင်တဲ့ လူတစ်စု ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ အသွင်ကိုယူပါ၊ ယုံကြည်မှုတည်ဆောက်ပါ၊ ကိုယ့်ဖက်ပါလာအောင် စည်းရုံးပါ၊ အင်အားကို တစ်စိပ်ရတစ်စိပ် တစ်အိတ်ရ တစ်အိတ် အရယူပါ၊ အချိန်အတိုင်းအတာကြာနိုင်တဲ့အတွက် စိတ်ရှည်သည်းခံပါ၊ ဒါဟာ အန္တရာယ်ကင်းပြီး ထိရောက်မှုပြင်းတဲ့ အနီးကပ်ခြေမှုန်းရေး ဗျူဟာတစ်ရပ်ပါပဲ၊ အရပ်သားအခေါ်ကတော့ ပူးသတ် သတ်တယ် ပေါ့ဗျာ၊ မကြာပါဘူး (၂၅) ကွက်လည်း ကိုယ့်ဖက်ပြန်ပါလာမှာပါပဲ။ ပြည်သူ့အားဆိုတာတွေကို အပေါ်မှာပြောထားသလို သုံးကြပါဗျာ၊ ခင်ဗျားတို့ အော်အော်နေသလို killing field ထဲကိုအတင်းမောင်း မသွင်းကြပါနဲ့။
လမ်းမပေါ်မထွက်သင့်ဘူးလို့ ကျွန်တော်မဆိုလိုပါဘူး၊ သူ့အချိန်အခါနဲ့သူလေဗျာ၊ တစ်ဖက်ကသူတွေ သိပ်ရက်စက်တတ်သလို ခင်ဗျားတို့လည်း အဲဒီရက်စက်တဲ့လမ်းစဉ် သွားမနင်းမိပါစေနဲ့။ ကောင်းကောင်း မကောင်းကောင်း ကြိုက်ကြိုက်မကြိုက်ကြိုက် စစ်တပ်ဆိုတာက တိုင်းပြည်တိုင်းမှာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာရင် အာဏာရယူထိန်းသိမ်းပိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသောနောက်ဆုံးပိတ်အဖွဲ့အစည်းဆိုတာကို အားလုံးနားလည်သဘောပေါက်စေချင်တယ်။ (၁၉၈၈) အရေးအခင်းနဲ့ အခုလက်ရှိအခြေအနေနဲ့လည်း သွားမရောပါနဲ့၊ (၈၈) အရေးအခင်းမတိုင်မှီက ခင်ဗျားတို့တွေဘယ်လိုပဲ စစ်အာဏာရှင်ပြောပြော အမှန် တစ်ကယ်အစိုးရက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်တဲ့ နိုင်ငံရေးအစိုးရပါ။ အခြေအနေတွေ ရှုပ်ထွေးလွန်းတဲ့အချိန်မှာ ပြည်သူတွေကို ပါတီစုံစနစ်နဲ့မိတ်ဆက်ပေးလိုက်တာလဲ အဲဒီအစိုးရပါပဲ၊ ခင်ဗျားတို့ “ဒီမိုကရေစီ” မအော်တတ်ခင်မှာ “ပါတီစုံ” ဆိုတဲ့စကားကို သူတို့အရင်ပြောခဲ့တာပါ၊ အားလုံး မသိချင်ယောင်ဆောင်မနေပါနဲ့၊ တစ်ကယ်မသိကြရင်လည်း မှတ်ထားလိုက်ပါ၊ မယုံရင်လည်း မှတ်တမ်း တွေရှိပါတယ်၊ ပြန်လေ့လာလိုက်ပါဦး။ ဒီလိုမျိုး အစိုးရကလိုက်လျောပြီး ခင်ဗျားတို့အားလုံးအတွက် နိုင်ငံရေးမျက်နှာစာအသစ်ဖွင့်ပေးဖို့စီစဉ်နေချိန်မှာ ခင်ဗျားတို့လောဘတွေကြီး အမိုက်မှောင်တွေဖုံးပြီး စိတ်ရှည်သည်းခံမှုမရှိခဲ့ကြလို့ အခုလိုသံသရာတွေရှည်နေတာပါလို့ ကျွန်တော်ပြောရင် မလွန်ပါဘူးနော်။
ရှင်းပြပါ့မယ်၊ အဲဒီတုန်းက နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ် သန့်သန့်လေးဖြစ်ခဲ့သင့်တာပါ၊ “ဒီမိုကရေစီဆိုတာ တောင်းယူလို့မရရင် တိုက်ယူမှရမယ်” ဆိုတဲ့စကားမျိုးတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုဆိုတာထက် တော်လှန်ရေးအသွင်ဆောင်သွားခဲ့ရပါတယ်။ ပေါ်ပေါက်လာခဲ့သင့်တာက မျိုးချစ်စိတ်ဓါတ်ပြည့်ဝတဲ့ နိုင်ငံရေးသမားတွေပါ၊ စေတနာလွဲခဲ့လို့ ကျွန်တော်တို့ရလိုက်တာဟာ တော်လှန်ရေးသမားတွေပဲ ဖြစ်ခဲ့ပါတယ်။ ဒီလူတွေ ဒီအချိန်အထိ ထောင်တွေထဲမှာ အချိန်ကုန်ရတာ အင်မတန်မှ နှမျောစရာ ကောင်းလှပါတယ်။ အစိုးရနဲ့ပြည်သူ နှစ်ဦးညှိနှိုင်းပြီး နိုင်ငံရေးအရဖြေရှင်းလျှင် ရခဲ့ပါလျက်နဲ့ ခင်ဗျားတို့ တော်လှန်ရေးတွေအလုပ်ကောင်းကြ အတိုက်အခိုက်တွေကောင်းကြ နောက်ပြီး အုပ်စုဖွဲ့အနိုင်ကျင့် လူသတ်ခေါင်းဖြတ် အစိုးရပိုင်စက်ရုံအလုပ်ရုံတွေကစလို့ နောက်ဆုံးမူလတန်းကျောင်းပါမကျန် ဖေါက်ထွင်းယူကြ၊ စည်းကမ်းတွေပျက်လွန်းကြတော့၊ တိုင်းပြည်ရဲ့အရေးပေါ်အခြေအနေမှာ စစ်တပ် ဝင်လာတာ မဆန်းကျယ်ပါဘူး၊ ဒီစစ်တပ်ကိုဘယ်သူမှ တင်ပေးလိုက်တာမဟုတ်ပါဘူး၊ ခင်ဗျားတို့ revolutionist တွေ ကိုယ်တိုင်ပါပဲ။ (၁၉၈၈) တုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမရှိလျှင် တိုင်းပြည်ကိုတာဝန်ယူမယ့် backup government အနေနဲ့ စစ်တပ်ရှိပါတယ်၊ ဒါကြောင့်လည်း ညှိနှိုင်းမရတဲ့ခင်ဗျားတို့ကိုထားခဲ့ပြီး သူတို့အေးအေးဆေးဆေးအနားယူသွားတာပေါ့ဗျာ၊ (၈၈) အရေးအခင်းကို တစ်ကယ့်အောင်ပွဲကြီး တစ်ရပ်လိုပြောနေကြမယ်ဆိုရင် ခင်ဗျားတို့တစ်တွေ ဒီအချိန်မှာဒီလိုတွေတောင် တစ်စာစာအော်မနေရတော့ပါဘူး၊ ဟုတ်တယ်နော်။ ဒီတော့ဘယ်သူတွေ အောင်မြင်လို့ ဘယ်သူတွေကျရှုံးသွားလည်း အဖြေပြန်ထုတ်ကြည့်လို့ရနေပါပြီ။
အခုလည်း စစ်တပ်ကဦးဆောင်ပြီး အသွင်ကူးပြောင်းရေးအခြေအနေ တစ်ရပ်ကို ဖေါ်ဆောင်နေတယ်၊ ဒီအချိန်မှာ ခင်ဗျားတို့တစ်တွေ ဟိုတုန်းကလို မရိုးမရွစိတ်မရှည် ဖြစ်လာကြပြန်ပြီ၊ ခင်ဗျားတို့ တစ်ခုခု ထလုပ်လို့ကတော့ သူတို့မှာ backup government မရှိတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ခင်ဗျားတို့ ဘာလုပ်လုပ် မှုမှာမဟုတ်ပါဘူး။ နိုင်ငံတစ်ကာအသိုင်းအဝိုင်းက ချည်းကပ်လာလိုက် ပြန်ဆုတ်သွားလိုက် ဖြစ်နေတာဟာ ဒီလိုအကြောင်းပြချက်တွေပါပဲ။ သေချာတာကတော့ တိုင်းပြည်မငြိမ်သက်လေ စစ်တပ် သက်ဆိုးရှည်လေပါပဲ၊ လက်ခံတယ်နော်။ နောက်ပြီးတော့ဗျာ၊ ပတ်ဝန်းကျင်ကိုလည်း မေ့မထားပါနဲ့၊ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကိုပဲကြည့်ပါ၊ ဆန္ဒပြတဲ့သူတွေကို ဘယ်လိုနှိမ်နင်းလဲဆိုတာ ခင်ဗျားတို့မြင်မှာပါ၊ ဒါတောင် အာဏာရှင် အစိုးရမဟုတ်ဖူးနော်။ ဒါကြောင့် စီးပွါးရေးဆန်ဆန်ပြောရရင် ဘာကိုပဲလုပ်လုပ် အရင်းအနှီးအနည်းဆုံးနဲ့ အမြတ်အများဆုံးရမယ့်နည်းလမ်းကိုပဲရွေးကြပါ လို့ပြောပါရစေ။
ပြည်သူ့အင်အားဆိုတာကိုဆက်ပြောပါမယ်၊ ပြည်သူ့အားဆိုတာကို လွယ်လွယ်နဲ့တော့ သွားမယူသင့်ပါဘူး၊ လွယ်လွယ်ရထားရင် လွယ်လွယ်လေးပဲပြန်ပါသွားတတ်တယ် ဆိုတာလေးတော့ သတိပြုထားရပါမယ်။ အရင်တစ်ပတ်က “(၂၀၁၀) ရွေးကောက်ပွဲ နှင့် ပြည်သူလူထုတာဝန်” ထဲမှာကျွန်တော်ပြောထားသလိုပေါ့၊ ကိုယ့်ကို ယုံကြည်ကိုးစားလာအောင်လုပ်နိုင်ရမယ်။ ဒီအတွက် စည်းရုံးရေးစွမ်းရည်နဲ့ စိတ်စေတနာ မှန်ကန်ပြည့်ဝဖို့ အရည်အချင်းတွေတော့ ခင်ဗျားတို့တွေလိုကြလိမ့်မယ်။ အဲဒီအရည်အချင်းတွေမရှိပဲနဲ့တော့ ပြည်သူလူထုကို သွားမချဉ်းကပ်နဲ့၊ မြန်မာနိုင်ငံသားတွေဟာ လိမ်ချင်တိုင်းလိမ်လို့ရအောင် မညံ့ဖျင်း ကြပါဘူး။ ကျွန်တော်ယုံကြည်ပါတယ်၊ သူတို့ဟာ မေ့မေ့ပျောက်ပျောက် ဘယ်အရာကိုမျှမထားခဲ့ကြပါဘူး၊ အဖြစ်အပျက်တိုင်းဟာသူတို့ရဲ့စိတ်အစဉ်မှာ အမြဲကိန်းအောင်နေဆဲပါ။ မြန်မာပြည်သူလူထုကို အထင် သွားမသေးပါနဲ့၊ လာမယ့် (၂၀၁၀) ရွေးကောက်ပွဲမှာ သူတို့ဘာလုပ်ရမယ်ဆိုတာသူတို့ ကောင်းကောင်း သိကြတယ်၊ guideline လေးနဲနဲချပြလိုက်တာနဲ့ သူတို့ရဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေကိုခင်ဗျားတို့ မြင်တွေ့ ကြရလိမ့်မယ်။ ကျွန်တော်တို့ပြည်သူတွေ နှစ်တော်တော်ကြာကြာ မေတ္တာငတ်မွတ်ခဲ့ကြရတယ်၊ သူတို့ မှာနားလည်သည်းခံပေးခဲ့ရတာတွေလည်း ရင်နဲ့အပြည့်ပါပဲ၊ နေ့စဉ်အပေါ်ယံပကာသန သရုပ်ဆောင်မှုတွေ ရဲ့နောက်ကွယ်က ပြည်သူတွေရဲ့ ညည်းညူငိုရှိုက်ရသံတွေကို ခင်ဗျားတို့ကြားအောင်နားထောင်ကြည့်ကြပါ၊ သူတို့တစ်တွေအရမ်းကို ပင်ပန်းနေကြပါပြီ၊ သူတို့ကိုတစ်ချက်ကလေးနားလည်းပေးလိုက်ကြပါဗျာ။
ပြည်သူလူထုကြီးဖက်ကရော ဘာတွေပြင်ဆင်ထားရမလဲ၊ အရင်တစ်ခေါက်ကစကားတွေပဲပြန်ပြောရမှာပဲဗျာ၊ ဒါပေမယ့် ဖြည့်စွက်ချင်တာလေးတွေပေါ်လာပါတယ်၊ ပြည်ပအသံလွှင့်ဌာနတွေမှာရော ပြည်တွင်း media မှာရော နိုင်ငံရေးပါတီတွေရဲ့ စကားများအရပေါ့လေ သင်္ခန်းစာအသစ်တစ်ခုရလိုက်တာကတော့ ကိုယ်ရွေးချယ်လိုက်တဲ့သူက ကိုယ့်ကိုအထင်သေးတဲ့သူဖြစ်မနေဖို့ အလွန်ကိုအရေးကြီးပါတယ်၊ တစ်ချို့ကပြည်သူတွေကို အထင်သေးသလို တစ်ချို့ကလည်းပြည်သူလူထုကို လေးစားတဲ့လူတွေလည်း တွေ့လိုက်ရပါတယ်။ ကိုယ်သဘောကျတဲ့သူ ကိုယ်သဘောကျတဲ့အဖွဲ့အစည်းဟာ ကိုယ့်ကိုအထင်မကြီး သူတွေလည်း ဖြစ်နေနိုင်ပါတယ်၊ ဘယ်သူဘယ်ဝါတွေရယ်လို့တော့ မပြောလိုပါဘူး၊ ဒီတော့ပြည်သူလူထု ကြီးဟာ အများကြီးလေ့လာဖို့လိုနေပါတယ်၊ ကိုယ့်ရဲ့သဘောထားတွေကို ဒီအတိုင်းဆက်ထားမလား ပြုပြင်ပြောင်းလဲမလား စဉ်းစားစရာတွေဖြစ်လာပါပြီ။ ကိုယ့်အသည်းကြားကမဲတစ်ပြားဟာ ကိုယ့်အတွက် ရော အများအတွက်ပါ တန်ဖိုးရှိတဲ့ရလဒ်တွေ ယူဆောင်ပေးနိုင်ဖို့ နိုင်ငံရေးကိုပိုမိုပြီး လေ့လာသင့်ကြတယ်လို့ ယူဆပါတယ်၊ နိုင်ငံရေးဟာ ကြောက်စရာစကားလုံးမဟုတ်တော့ပါဘူး၊ နိုင်ငံရေးကို ပစ်မထားကြပါနဲ့တော့၊ နိုင်ငံရေးပါတီများရဲ့ ပြောစကားလေးတွေ နားစွင့်ထားကြပါ။ အမိမြေဟာ ကျွန်တော်တို့အားလုံးရဲ့ အကူအညီကို လိုအပ်လို့နေပါပြီ။
လက်ရှိနိုင်ငံရေးအခြေအနေကို သရုပ်ခွဲကြည့်ရရင် နှစ်ဖက်စလုံးဟာ အမြင်မတူပဲ အတူတစ်ကွ ကျွန်း တစ်ကျွန်းပေါ်မှာ ပိတ်မိနေကြသလိုပါ။ လက်ရှိအစိုးရအတွက်ကတော့ ထိုကျွန်းပေါ်မှာ တစ်ဖက်ကမ်းကို ကူးဖို့အတွက် တံတားတွေရှိနေပါတယ်၊ ဒါပေမယ့် အတိုက်အခံတွေက တံတားတိုင်းမှာရော ရေထဲမှာပါ စောင့်ကြပ်နေတယ်လို့ သူတို့ကထင်နေပါတယ်၊ ဒီအတွက် သူတို့ဟာဘယ်တံတားကိုမှ အသုံးမပြုရဲ ကြပါဘူး၊ ဒီတော့သူတို့ safe ဖြစ်မယ့်တံတားတစ်ခုဖန်တီးယူကြပါတယ်၊ အဲဒီတံတားကပဲ တစ်ဖက်ကို သူတို့သွားဖို့ပြင်ဆင်ကြပါလိမ့်မယ်။ ပြည်သူလူထုဘက်ကကျတော့ တစ်ဖက်ကမ်းကိုကူးသွားဖို့ အစိုးရက ပိတ်ဆို့ထားတဲ့ တံတားများရယ် အစိုးရကိုယ်တိုင်ကခင်းပေးထားတဲ့ တံတားတစ်စင်းရယ်လို့ရှိနေပါတယ်။ ပြည်သူတွေအကုန်လုံး တစ်ဖက်ကမ်းကိုမြန်မြန်ရောက်ချင်ဇောနဲ့ ပိတ်ထားတဲ့တံတားများပေါ်က သွားရင် တော့ အန္တရာယ်များပါမယ်၊ ဒုက္ခအပေးခံရပါမယ်၊ ရေထဲကဆင်းကူးပြန်တော့လည်း ပြည်တွင်းပြည်ပ အန္တရာယ်တွေကြားမှာ အကျိုးနည်းကြဖို့ပဲရှိပါတယ်၊ ရွေးချယ်စရာတွေဒီလို များပြားလှပေမယ့် ပန်းတိုင် မရောက်ခင် ကိုယ့်ဆီအရင်ရောက်လာမှာကတော့ ကြေကွဲဖွယ်ရာတွေပါ။ ခင်းပေးထားတဲ့တံတားက သွားကြရင်တော့ ကျဉ်းတာကြပ်တာတော့အမှန်ပါပဲ၊ စိတ်ရှည်ရှည်ထားပြီး တစ်ဦးချင်းကျော်ဖြတ်သွား ရင်တော့ တစ်နေ့မှာ အားလုံးလွတ်မြောက်မှာမလွဲပါဘူး။
ခင်ဗျားတို့ကိုကြည့်ပြီး ကျွန်တော်ဘာသွားသတိရလည်းဆိုတော့ တစ်ချိန်ကနိုင်ငံတော်သမ္မတဟောင်း ဦးမောင်မောင် ပြည်သူလူထုတစ်ရပ်လုံးကို မေတ္တာရှေ့ထားပြီး ပြောခဲ့တဲ့ စကားလေးတစ်ခွန်းပါ။ ခင်ဗျားတို့ကို ဒီအချိန်မှာပြောမယ့်သူ မရှိလို့ ကျွန်တော်ကပဲ လက်ဆင့်ကမ်းလိုက်ပါရစေ၊ “ဆန္ဒတွေမစောကြပါနဲ့” လို့။
တိုင်းရေးပြည်ရေးဆိုတာက သွေးပူလို့မရဘူးလေနော်၊ ကဲဗျာ သိပ်ရှည်ရှည်ဝေးဝေးမပြောတော့ဘူး၊ တစ်ဖက်ကမ်းကို ရောက်ဖို့က အဓိကမဟုတ်လား၊ တံတားတစ်စင်းတည်းရှိလည်း ဦးစားပေးသင့်သူတွေကိုပေးပြီး ကျွန်တော်တို့တွေ ညီညီညွတ်ညွတ်နဲ့ ဖြတ်ကူးလိုက်ကြရအောင်လား။
ကံဆိုးမိုးမှောင်နေ့ အဖြစ် နိုဝင်ဘာလ ရ -ရက်- ဖြစ်လာနိုင်ပါသလား
ထုတ်ပြန်ထားသော ဥပဒေအချက်အလက်သာဖြစ်ပါသည်။ ထို့ ကြောင့် ယင်းလှုပ်ရှားမူမျိုးကို နအဖစစ်အစိုးရမှ မည်သို့ မျှ အရေးယူ၍မရ။ ထူးခြားမူတခုမှာ ၂၂ နှစ်မြောက် ဇိုမီးအမျိုးသားကွန်ဂရက် ထူထောင်ခြင်းနှစ်ပါတ်လည်နေ့ တွင်
ဒုတိယပင်လုံညီလာခံခေါ်ယူမည့်အကြေင်းကို ကလေးမြို့ကြေညာချက်အဖြစ် ထုတ်ပြန်လိုက်ခြင်းပင်ဖြစ်ပါသည်။ တိုင်းရင်သားခေါင်းဆောင်များက ယင်းသို့  ဒုတိယပင်လုံညီလာခံခေါ်ယူရေး ကြေညာချက်ထုတ်ပြန်သောအခါ သဘောတူလက်မှတ်ထိုးသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဝင်းတင်နှင့် ဦးတင်ဦးတို့ က ရှေ့တန်းကပါလာပါသည်။
ဒုတိယပင်လုံညီလာခံခေါ်ယူရန် ဆိုသည်မှာ ပထမပင်လုံညီလာခံ၏အကျိုးဆက်ပင်ဖြစ်ပါသည်။ ပထမပင်လုံညီလာခံသည် တိုင်းရင်းသားလူမျိုးများက မြန်မာနိုင်ငံလွပ်ရေးတောင်းဆိုတိုက်ပွဲဝင်သောအခါ အတူတကွပါဝင်ကြခြင်းကို သဘောတူဆုံးဖြတ်ချခဲ့ ကြသောစာချုပ်ဖြစ်ပါသည်။ တကယ်တမ်းလက်တွေ့ တွင် မြန်မာနိုင်ငံလွပ်လွပ်ရေးရရှိသောအခါ တိုင်းရင်းသားလူမျိုးများပါမက တနိုင်ငံလုံးလွပ်လွပ်ရေးအရသာ မခံစားရကြ။ နှစ်ပေါင်း ခြောက်ဆယ့်နှစ်နှစ်ကာလအထိ စစ်ကျွန်ဘ၀အောက်မှာ နေထိုင်ရသော မြန်မာနိုင်ငံသားတို့ အဖို့ မှာ ယခုအချိန်တွင် ဒုတိယပင်လုံညီလာခံကို တပါတ်ကြော့၍ ကျင်းပချင်လာကြပြီ။ ဤသည်မှာသမိုင်း၏တောင်းဆိုချက်ပင်ဖြစ်သည်။ အခြားတဖက်မှာ နအဖစစ်အစိုးရသည် ၁၉၉၀ ခုနှစ်တွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဏာလွှဲပြောင်းမပေးခဲ့ ။ထို့ ကြောင့် ပြည်သူတွေက ရွေးကောက်ပွဲရလဒ်ကို ရရှိလိုကြသည်။ စစ်အစိုးရသည် ယခုအချိန်ထိ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ ။ သည်တော့ ပြည်သူတွေက ကြားဖြတ်အစိုးရ သို့ မဟုတ် လူထုအစိုးရဖွဲ့ စည်းကြရန် တိုက်တွန်းနိုးဆော်နေကြသည်။ ယင်းတိုက်တွန်းချက်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချို့ကိုချည်း သက်သက်ရည်ညွှန်းပြီးပြောဆိုနေကြခြင်းမဟုတ်ချေ။ ၁၉၉၀ ခုနှစ်တွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့ သော တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအ၀င် အခြားပြည်တွင်းမှ ထင်ရှားသော လူပုဂ္ဂိုလ်များကိုပါ ရည်ညွှန်းပြောဆိုကြခြင်းဖြစ်ပါသည်။ တခုရှိနေသည်မှာ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ခွန်ထွန်းဦးနှင့် စိုင်းညွှန့် လွင်၊ ဗိုလ်ချုပ်ဆေထင်တို့ အဖမ်းဆီးခံနေရပြီးနောက် တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်း မလှုပ်သာချေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ဆံဖြူသွားကျိုး အဘိုးအိုများကသာ ပါတီ၏ရှေ့တန်းမှာ ရှိနေကြရာ စစ်အစိုးရအား အံတုပြီးကြားဖြတ်အစိုးရဖွဲ့ စည်းရန် စိတ်ဓါတ်အရ မည်သည့်နည်းနှင့်မျှ မတက်ကြွနိုင်ကြပေ။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ စိတ်ဓါတ်တက်ကြွခဲ့ သော လွှတ်တော်ကိုယ်စားလှယ်များမှာ စင်ပြိုင်အစိုးရဖွဲ့ စည်းရန် ပြုလုပ်ခဲ့ ရာ တချို့ ထောင်နန်း စံခဲ့ ကြပြီးပြီ။ တချို့ မှာပြည်ပနိုငငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။
ယခုအချိန်တွင် နအဖစစ်အစိုးရက အရပ်သားအစိုးရအဖြစ် လိမ်လည်ပြီး ပြုလုပ်ရန် ပြင်ဆင်ထားနေသည်။ ၀န်ကြီးချုပ်ရာထူးကစ ၀န်ကြီးများရာထူးကိုပါ တိုင်းနှင့်ပြည်နယ်အလိုက် ရွေးချယ်ခန့် အပ်ထားပြီးဖြစ်သည်။ မည်သို့ ပင်ဆိုစေ ရွေးကောက်ပွဲဝင်မည့်သူများက ဇွဲမလျှော့ဘဲ လွှတ်တော်တွင် ပြည်သူများအတွက် တင်ပြပြောဆိုနိုင်မည်ဆိုကာ အံခဲပြီး ပြောနေကြတုံးဘဲ ကြားနေရသည်။ မဆလလွှတ်တော်အကြောင်းကို သူတို့ မှာ လုံးဝမေ့လျှော့နေသည်ဟု ပြောရပါတော့မည်။ ယင်းအချိန်က ပြည်သူ့ လွှတ်တော်ကို ကျင်းပသည့်အခါ ပြည်သူ့ လွှတ်တော် သဘာပတိက မိန့် ခွန်းရှည်ကြီးကို ဟောပြောပါသည်။ ယင်းမိန့်ခွန်းရှည်ကြီးကို တက်ရောက်လာသော တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြရပါသည်။ ယင်းသို့ ထောက်ခံဆွေးနွေးရသည်မှာ တရက်တွင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တယာက်စီသာဆွေးနွေးဖြစ်သည်။ ယခုလည်း လွှတ်တော်သဘာပတိဥက္ကဌမိန့် ခွန်းကို ၁၄ ရက်တိတိ ထောက်ခံဆွေးနွေးပြီး ၁၅ ရက်နေ့ တွင် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာပါတော့မည်။ ယင်းမှာ ပြည်သူ့ လွှတ်တော်ကျင်းပသည့် ၁၅ ရက်အတွင်း ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုရမည်ဟု ကြေညထားခြင်းကြေင့်ဖြစ်ပါသည်။ ထို့ ကြောင့် ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်တို့ သည် မည်သည့်နည်းနှင့်မျှ သူတို့ အနေဖြင့် လွှတ်တော်တွင် ပြောဆိုဆွေးနွေးနိုင်ပါမည်ဟု ထင်မှတ်ထားသောအရာများ ဖြစ်လာနိုင်စရာအကြောင်းမရှိ။ အဘယ့်ကြောင့်ဆိုသော် လွှတ်တော်ခေါ်ယူပြီး ၁၅ ရက်နေ့ တွင် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် ပြည်သူ့ လွှတ်တော်ကျင်းပခြင်းကို ရပ်နားလိုက်တော့မည်ဖြစ်ပါသည်။့ နအဖစစ်အစိုးရမှာ ၀န်ကြီးချုပ်သိန်းစိန်လည်း အဆင်သင့်ရှိနေပြီးဖြစ်ရာ အစိုးရအဖွဲ့ လည်း ရှိနေပြီးဖြစ်ပါသည် ။ သမတအနေဖြင့် ဦးသန်းရွှေက ရှိနေမည်ဖြစ်ပါသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ကံကောင်း၍နိုင်သွားသည့်တိုင်အောင် အာဏာပိုင်အဖွဲ့ အစည်းများမှာ ခန့်အပ်နေရာချထားပေးခြင်းခံရနိုင်စရ အကြောင်းရှိမည်မဟုတ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကမူ ဤရွေးကောက်ပွဲသည် ဒီမိုကရေစီအခွင့်အရေးကို တာဝန်ခံနိုင်သည်ဟု မယုံကြည် ။ ပစ္စုပန်နှင့်အနာဂါတ်ကာလတွင်မှာပါ မြန်မာနိုင်ငံ၏အကျိုးစီးပွါးကို ပြုလုပ်နိုင်စွမ်းရှိမည်ဟုမထင်၊ ထို့ကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်သည်ဟု ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ သည်တော့ ဤနေရာမှာရှင်းနေပါပြီ။ သပိတ်မှောက်ခြင်းသည် အသိအမှတ်မပြုခြင်းဖြစ်သည်။ အမေရိကန်အစိုးရနှင့် ဗြိတိန်နိုင်ငံတို့ မှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း သပိတ်မှောက်ခြင်းနှင့် ပါတ်သက်၍ တွေ့ ဆုံမေးမြန်းလာပြီးပြီ။ သပိတ်မှောက်သောအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ယင်းနိုင်ငံတို့ သည် ယုံကြည်ကြပါသည်။ လေးစားကြပါသည်။ လုံးဝဥသုံသပိတ်မှောက်သည်ဟု ကြေညာထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ယခုအချိန်တွင် ပြည်သူတို့ ၏ ဆန္ဒနှင့် နီးစပ်လာနေပါပြီ။ ပြည်သူတို့ ၏ဆန္ဒမှာ သပိတ်မှောက်ခြင်း ၊ ရွေးကောက်ပွဲဖျက်သိမ်းစေခြင်း၊ ကြားဖြတ်အစိုးရဖွဲ့ စည်းပြီး နိုင်ငံတော်အာဏာရယူစေခြင်းတို့ အာသီသဖြစ်ပေါ်နေကြပါသည်။ ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် သပိတ်မှောက်ခြင်းကို စတင်ကြေညာလိုက်ပြီဖြစ်ရာ ဤကြေညာချက်ကို မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းက လိုက်နာထောက်ခံကြရုံသာရှိတော့သည်။ မဲမပေးရေးဆိုသော အသံမှာ ယခုအချိန်တွင် မလိုအပ်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် မဲမပေးဆိုသော ဘောင်ထက် စည်းကျော်ခဲ့ ပြီဖြစ်သည်။ စီးချင်းထိုးပွဲကို ပြုလုပ်လိုက်ထားပြီဖြစ်ပါသည်။ ဤစီးချင်းထိုးပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ လွပ်မြောက်ရေးပြသနာများကိုလည်း ထိခိုက်သွားစေနိုင်ပါသည်။ ထို့ ကြောင့် အထူးအာရုံစိုက်ကာ ဆောင်ရွက်ရန်လိုပါသည်။
၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် နအဖစစ်အစိုးရကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ဤစကားမှာ ရာဇါသံဖြစ်သည်။ မဲမပေးရေးဆိုသောစကားမှာ မည်သူပင်တိုက်တွန်းတိုက်တွန်း စာရွက်စာတမ်းကမ်းကမ်း ဥပဒေနှင့် မည်သို့ မျှ မငြိစွန်း။ လုံးဝဥသုံသပိတ်မှောက်ပြီဟု ကြေညာခြင်းမှာ ဥပဒေနှင့် ငြိစွန်းနေပြီ။ ထို့ ကြောင့် ဤတိုက်ပွဲမှာ ဒီမိုကရေစီကိုလိုလားသော မြန်မာနိုင်ငံသားများက ငြိမ်၍မနေသင့်ဟုမြင်သည်။ သပိတ်မှောက်ခြင်းဆိုသည်မှာ စစ်အစိုးရကို မယုံကြည်၍ဖြစ်သည်။ တနည်းအားဖြင့် နအဖစစ်အစိုးရ၏ အရပ်သားအစိုးရအနေဖြင့် ဒီမိုကရေစီစနစ်ကို ဖန်တီးနိုင်စွမ်းရှိမည်မဟုတ်ဟု ယူဆ၍ဖြစ်သည်။ သည်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အစိုးရဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိသလားဆိုသောမေးခွန်းကို မေးရန်ဖြစ်လာသည်။ စောစောကပြောခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဥက္ကဌကအစ အသက်အရွယ်ကြီးမြင့်နေမူများကြောင့် ဤကြားဖြတ်အစိုးရဖွဲ့ စည်းရေးဆိုသည်မှာ မဖြစ်နိုင်ဟု သုံးသပ်မိပါသည်။ တချိန်တည်းမှာပင် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကလည်း လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းရန် တာဝန်ရှိသော်လည်း သူလည်းယင်းတာဝန်ကို မထမ်းဆောင်နိုင်ခဲ့ ။ ကလေးမြို့ ကြေညာစာတမ်းကို ကြေညာသောအခါတွင်မူ ဒုတိယပင်လုံညီလာခံကို ခေါ်ယူကြနိုင်ရန် နိုင်ငံရေးဗျူဟာတခုကို တွေ့ ကြပါတော့သည်။
ယင်းဒုတိယပင်လုံညီလာခံခေါ်ယူရေးမှာ နိုဝင်ဘာလ - ရ - ရက်နေ့ မတိုင်ခင် မဖြစ်နိုင်ဟု လက်မှတ်ထိုးသူများက ပြောဆိုသံကြားရပါတော့သည်။ ယင်းထက်ဆိုးသည်မှာ ၂၀၁၀ ရွေးကောက်ပွဲဝင်သည့်သူများက သူတို့ ၏စိတ်ထဲတွင် ဖြစ်စေချင်သောဆန္ဒများနှင့် မကိုက်ညီသောအခါ ဒုတိယပင်လုံညီလာခံကို သူတို့ လည်း တက်ရောက်ရန် သဘောတူလာကြမည်ဟု နိမိတ်ဖတ်ပြောဆိုကြပါသေးသည်။ ဦးဝင်းတင်နှင့် ဦးဖြိုးမင်းသိန်းအင်တာဗျူးတွင် တွေ့ နိုင်ပါသည်။ ယင်းမှာလုံးဝလက်မခံနိုင်စရာဖြစ်သည်။ အကြောင်းမှာ ဒုတိယပင်လုံညီလာခံခေါ်ယူရန် ကလေးကြေညာချက်ကို လက်ခံသူတဦးအနေနှင့် ဤစကားကိုမူ လက်မခံနိုင်စရာဖြစ်ပါသည်။ စိတ်လည်းမကောင်းစရာ ခံစားရဖြစ်ပါသည်။ သို့ သော် ဦးဝင်းတင်နှင့် ဦဖြိုးမင်းသိန်းမှာ ဒုတိယပင်လုံညီလာခံခေါ်ယူရေးတွက် ဦးဆောင်ကြသူများမဟုတ်ဘဲ လက်မှတ်ထိုးသူ အဆင့်ရှိသူများဖြစ်ရာ နိုဝင်ဘာလ - ရ - ရက်နေ့ မတိုင်မှီ ညီလာခံခေါ်ယူမည် သို့ မဟုတ်မခေါ်ယူသေးဆိုခြင်းမှာ သူတို့ နှင့် မည်သို့ မျှ မပါတ်သက်ချေ။ ရှင်းရှင်းလင်း ပြောရလျှင် ပြည်သူတရပ်လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ဦးးဆောင်ပြီး ကြားဖြတ်အစိုးရကို ဖွဲ့ စည်းစေချင်ကြပါသည်။ သို့ သော် မဖွဲ့ စည်းနိုင်၍ ဤအခြေအနေအတိုင်းထားလိုက်ပါတော့။ ထားတော့ ။ ဒုတိယပင်လုံညီလာခံဆိုသည်မှာ ကြားဖြတ်အစိုးရဖွဲ့ စည်းရန် အလားအလာရှိပါနိုင်သလား တွက်ချက်ကြည့်မိပါသည်။ ထို့ ကြောင့် ပထမပင်လုံညီလာခံကို လေ့လာကြည့်ရန်လိုလာပါသည်။ ပထမပင်လုံညီလာခံသည် တောင်တန်းဒေသတိုင်းရင်းသားများက လွပ်လွပ်ရေးလိုချင်၍ သဘောတူလက်မှတ်ထိုးစာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ယခုလည်း ဒီမိုကရေစီလိုချင်သော တိုင်းရင်းသားလူမျိုးများက ဒုတိယပင်လုံညီလာခံကို ခေါ်လိုသည်ဆိုလျှင် ဒီမိုကရေစီအစိုးရဖွဲ့ စည်းရန် ပြုလုပ်လိုခြင်းပေလား။ သည်လိုဆိုလျှင် မည်သည့်အခါ ဒီမိုကရေစီအရပ်သားအစိုးရကို ဖွဲ့ စည်းကြပါမည်လဲ။ ၂၀၁၀ နိုဝင်ဘာလ - ရ -ရက်- နေ့ လွန်လျှင် နအဖစစ်အစိုးရသည် စစ်ယူနီဖေါင်းချွတ် အရပ်သားအစိုးရကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် တရားဝင်အရပ်သားအစိုးရအဖြစ် ကမ္ဘာကို ကြေညာပါတော့မည်။ ကမ္ဘာကလက်ခံသည် မခံသည် မှာ သူတို့  ပြသနာမဟုတ်။ ယင်းအရပ်သားအစိုးရမျက်နှာကို ၁၉၉၀ ခုနှစ်တွင် အနိုင်ရရှိခဲ့ သော ပါတီများမှ မည်သည့်အမြင်မျိုးဖြင့် တွေ့ ဆုံဆွေးနွေးရန် တောင်းဆိုနေပါမည်နည်း။ မည်သည့်အတွက်ကြောင့် ယင်းပုဂ္ဂိုလ်များအား ဒုတိယပင်လုံညီလာခံကို တက်ရောက်ရန်အတွက် တောင်းဆိုသင့်ပါသနည်း ။ မစဉ်းစားတတ်အောင်ဖြစ်မိပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ သပိတ်မှောက်ခြင်းကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ထောက်ခံရပါတော့မည်။ ရွှေးကောက်ပွဲမှာ မဲမပေးရေးဆိုသောအသံမှာ သပိတ်မှောက်လိုက်ပြီဆိုသော အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်၏ ရာဇါသံနောက်မှာ အဝေးမှ ကျန်ရစ်ခဲ့ ကြပြီ။ တချိန်တည်းမှာပင် တိုင်းရင်းသားလူမျိုးများက ကလေးမြို့ ကြေညာချက်ဖြင့် ဒုတိယပင်လုံညီလာခံကို အမြန်ဆုံးခေါ်ယူနိုင်ရန်လည်း ဆောင်ရွက်သင့်သည်။ ယင်းသို့  ဟန်ချက်ညီညီ ဆောင်ရွက်မှသာ နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှာ ပျက်စီးကိန်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံသည်လည်း ဒီမိုကရေစီနိုင်ငံအဖြစ်သို့  ရောက်ရှိလာနိုင်မည်ဖြစ်သည်။ သို့ မဟုတ်က မြန်မာနိုင်ငံတွင် သမိုင်းဝင် နေ့ ဆို့း  နေ့ ယုတ် တခုကတော့ ပေါ်ပေါက်လာနိုင်ပါလိမ့်မည်။ မှန်ပါသည် ။ မြန်မာနိုင်ငံတွင် ကံဆိုးမိုးမှောင်ကျသောနေ့ ( UNFORTUNATE DAY ) အဖြစ် နိုဝင်ဘာလ - ရ - ရက်နေ့ ကို သတ်မှတ်ရန်သာ ရှိပါကြောင်း။
ခိုင်အောင်ကျော် ( နယူးယောက် )
BBC World Service broadcasts in Burma face axe

BBC has been warned by Foreign Office that cuts could force pullout from several countries
The BBC Burmese service has been used by dissidents to monitor the country’s ruling military junta. Photograph: David Longstreath/AP
The BBC is locked in talks with the government over drastic cuts to the World Service budget which could force it to withdraw from Burma and several other countries.
The Foreign Office, which funds the World Service through an annual £272m grant, has told executives to prepare for a possible budget cut of 25% from April 2011 as part of the public sector cutbacks.
The BBC service in Burma is one of those identified by the government as under threat, according to a diplomatic source. “The Burma office is up for grabs. It is a question of costs. It is very expensive and has relatively few listeners. The ‘human rights’ argument doesn’t hold much sway with the new Foreign Office.”
The World Service Russian presence, which reaches about 700,000 listeners and a further 1 million through its Russian-language website, may also be vulnerable to cuts, according to BBC insiders.
BBC sources said talks with the government would continue for six weeks, however, and claim no final decisions have been made.
The outcome of the consultation will be known on 20 October, when the chancellor, George Osborne, outlines the scale of the government cuts in the Treasury’s public spending review.
The apparent threat to a Burmese service that has been used by dissidents to monitor the ruling military junta and learn of the outside world has angered Labour.
David Miliband, the shadow foreign secretary, called on the government to confirm it will ringfence the BBC Burmese service. “The World Service is a steady, credible voice in parts of the world where the only other messages blend threats and propaganda. Scrapping the World Service in Burma would be a gift to the military junta, and an insult to political prisoners locked in Burma’s jails for no crime.”
The BBC first broadcast in Burmese 70 years ago at the start of war in the far east. Since then the BBC Burmese section has witnessed and recorded all the political events, including military crackdowns and the election victory of Aung San Suu Kyi’s National League for Democracy in May 1990.
It broadcasts for over an hour every day and attracts an audience of 8.5 million, according to figures released by the BBC earlier this year.
Although best known for its radio broadcasts the World Service also runs websites and TV stations in 32 countries in dozens of languages. It has a global audience of 241 million across TV, online, radio and mobile phones.
The World Service was criticised for pulling out of eight countries in eastern Europe three years ago to fund new services in the Middle East, including a new Persian TV service.
The BBC argued that audiences in the former Soviet bloc were falling while the Foreign Office believed its resources could be better employed in a region where Britain is attempting to effect change.
The Russian service was maintained, however, and any move to close or reduce it would also be controversial.
Asked to comment on claims that the government plans to cut BBC Burmese, a Foreign Office spokesperson said: “As part of the spending review we are in discussion with the Treasury about all aspects of the FCO’s future budget, including the FCO’s grant in aid to the British Council and World Service.
“The outcome of the spending review will be announced to parliament on 20 October. It would be wrong to comment on the details while the review is under way.
“The foreign secretary [William Hague] has repeatedly made clear the importance he attaches to both the British Council and the World Service. He has also made clear the need for all parts of the FCO family, including the Council and World Service, to contribute to efforts to boost efficiency and cut public spending,” she said.
BBC sources stress that executives are examining a number of scenarios in an attempt to reduce costs, including reducing investment in some platforms as an alternative to ending their presence in some countries.
A spokesman for the World Service said: “Like all publicly funded bodies, we have been asked to consider the likely impact of significant funding cuts and applying them to a wide range of scenarios.
“It is important to note that no decisions have been made; and we will discuss any confirmed impact on our services with staff first.
“We will continue to argue confidently that the BBC World Service is one of Britain’s most effective and vital assets in the global arena; particularly at a time when other governments are increasing, not reducing, their own investments in international broadcasting.”
http://www.guardian.co.uk/media/2010/sep/07/bbc-world-service-burma-axe
Press Release ‘Binning the Election’ Stop legitimising military rule in Burma Boycott 2010 Elections in Burma
Venue: UK European Union (EU) and European Commission (EC) office.
The Democratic Party for a New Society (DPNS – UK) in cooperation with
the Burma Democratic Concern (BDC) holds a boycott 2010 Elections in
Burma campaign under the banner ‘Binning the 2010 Elections’.
The campaign travels today outside the European Union (EU) and
European Commission (EC) UK offices in London to highlighting our
concerns over it’s funding of the Myanmar Egress, a think-tank and a
‘pseudo’ NGO which is responsible for promoting and endorsing the 2010
Elections. It also wishes to send a signal to the EU and EC that any
government emerge out of an illegitimate ‘rubber stamp’ 2008
constitution cannot be deemed as a true democratic government.
The launch of a series of weekly ‘Binning the 2010 Elections’
campaign began in a form of protest outside the Burmese Embassy in
London on 8 October with each participant binning the voting paper
titled ‘2010 Elections’ in the litter bin in silence or with a short
speech - to symbolise their disapproval of the elections on 7
November. It will represent the opinion of thousands of Burmese
people inside the country who will boycott the election. The ‘Binning
2010 Election’ will continue to travel outside the Downing Street.
Background: 7 November will see Burma having its first 'general
elections' in 20 ears. Unfortunately, this will be a sham election
designed to legitimise the current military rulers. The consequence of
this election for Burma will be the entrenchment of ruling military
elite that has presided over widespread human rights abuses, including
arbitrary detentions, enforced disappearances, rape and torture.
For more info:
Zin Khine: 07904393457, Ko Aung: 07762094562,
Ko Myo Thein: 07877882386, Myint Swe: 07773325635
--
Myo Thein
Director
Burma Democratic Concern (BDC)
myothein19@gmail.com
myothein@bdcburma.org
+44 208 493 9137
+44 787 788 2386
Skype: myo.thein19
Gtalk: myothein19
http://bdcburma.org/
http://bdcburma.wordpress.com/
http://bdc-burma.blogspot.com/
http://twitter.com/bdcburma
http://www.youtube.com/watch?v=O1H0P3CoDJE
http://www.youtube.com/watch?v=3Ty7rOu6PQo
http://www.youtube.com/watch?v=gJ27znMuLiE&feature=related
http://www.youtube.com/watch?v=oflgocF-JSU
Please sign the petition, "Implement Burma's 1990 election results in which Aung San Suu Kyi led NLD won landslide victory", http://www.gopetition.com/petitions/implement-1990-elections-result-in-burma.html
Burma Democratic Concern (BDC) is the global campaigning and lobbying organisation to restore democracy, human rights and rule of law in Burma where everyone can enjoy the freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of individual rights. Burma Democratic Concern (BDC) is the registered company in UK, and register number is 6496926. Register address: 2nd Floor, 145-157, St John Street, London, United Kingdom, EC1V 4PY.
Friday, 29 October 2010
တပ်တွင်းမိသားစုနဲ့ ကျောင်းသားများ ဆန္ဒပြ



ဒီကနေ့မနက် ၆ နာရီလောက်မှာ တောင်ဥက္ကလာအခြေစိုက် ခမရ ၄၃၅ နဲ့ ၄၃၆ က တပ်ရင်းမိသားစုနဲ့ ကျောင်းသားကျောင်းသူ ၂၀၀ လောက်ဟာ တပ်ရင်းမှူးရုံးကိုသွားပြီး သူတို့ရဲ့စားဝတ်နေရေး ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ အဲဒီ တောင်းဆိုပွဲမှာ ပါဝင်တဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။
တပ်တွင်းမှာရှိတဲ့ ရဲမေတွေနဲ့ ကျောင်းသူကျောင်းသားတွေက မနက် ၆ နာရီ တန်းစီတဲ့အချိန်လောက်မှာ တပ်ရင်းရုံးကိုလာပြီး ဆန္ဒပြတောင်းဆိုရာမှာစားနပ်ရိက္ခာ အလုံအလောက်ချပေးဖို့ တောင်းဆိုကြတဲ့အကြောင်း တပ်ရင်းမှူးကတော့ စဉ်းစားပေးမယ်လို့ ပြောတဲ့အကြောင်း ခမရ ၄၃၅ က တပ်သားတစ်ဦးက ပြောပါတယ်။
ဆန္ဒပြတောင်းဆိုရာမှာပါဝင်တဲ့ ကျောင်းသူတစ်ဦးကလည်း အခုဆိုရင် သူတို့ဟာ ကျူရှင်တက်ချင်ပေမယ့် ဖခင်ရဲ့လစာနဲ့ မလုံလောက်လို့ ကျူရှင်မတက်ရတဲ့အကြောင်း ပြောတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။တကယ်လို့ ပြေလည်အောင်ဖြေရှင်းမပေးဘူး ဆိုရင် ဆက်လက် ဆန္ဒပြတောင်းဆိုသွားမှာဖြစ်တယ်လို့လည်း အဲဒီကျောင်းသူကပဲ ပြောပါတယ်။
တကယ်တော့ တပ်ရင်းမိသားစုတွေ အခုလိုစားဝတ်နေရေး ကြပ်တည်းလာနေတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ အထက်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ကြပေမယ့် တာဝန်ရှိသူတွေက ပြေလည်အောင် ဖြေရှင်းမပေးနိုင်ခဲ့ပါဘူး။ အခုတော့ စားဝတ်နေရေး မပြေလည်လို့ သားသမီးတွေရဲ့ ပညာရေးကိုပါ ထိခိုက်လာပြီဖြစ်လို့ အခုလို တပ်ရင်းမိသားစုတွေ တွင်မက တပ်တွင်း ကျောင်းသားတွေပါ စုပေါင်းပြီး တောင်းဆိုဆန္ဒပြလာတာ ဖြစ်တယ်လို့ သိရပါတယ်။
လမ်းခင်းတာ ကြံ့ဖွံ့မဟုတ်ပါဟု ဦးဌေးဦး ငြင်းဆို
ရန်ကုန်လမ်းများကို ကြံ့ဖွံပါတီမှ ခင်းခြင်းမဟုတ်ဘဲ ရန်ကုန်စည်ပင်မှ ခင်းခြင်းသာဖြစ်ကြောင်း ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
၎င်းက “လမ်းတွေကို စည်ပင်က ခင်းတာလေ” ဟု ပြောသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံပလာဇာအနီးရှိ ကြံ့ဖွံ့ပါတီရုံးချုပ်တွင် အောက်တိုဘာ (၂၇) ရက်၊ ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်တွင် ကြံ့ဖွံ့ပါတီမှ အထွေထွေအတွင်းရေးမှူး၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးဌေးဦးနှင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့က ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်။
ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က သတင်းမီဒီယာများနှင့် တွေ့ဆုံမှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့တွေ့ဆုံမှုတွင် မီဒီယာများက ရန်ကုန်တွင် ခင်းနေသောလမ်းများကို ရန်ကုန်စည်ပင်မှ ခင်းခြင်းလော၊ ကြံ့ဖွံပါတီမှ ခင်းခြင်းလောဆိုသည်ကို ကွဲကွဲပြားပြား သိလိုသောကြောင့် မေးမြန်းရာတွင် မြို့တော်ဝန်က မဖြေလိုကြောင်း ပြောသောကြောင့် ဦးဌေးဦးက မြို့တော်ဝန်အစား ပြောကြားလိုက်ခြင်း ဖြစ်သည်။
http://www.khitpyaing.org
ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက် အရွေးခံမည်
ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ဘုရားကုန်း) ၏ ခေါင်းဆောင် ပဒိုအောင်ဆန်းသည် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ၎င်း၏ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။
ဘန်ကောက်နှင့်ရန်ကုန် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် အဆိုပါပုဂ္ဂိုလ်က “ဒီ လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့အဖိုးကြီး ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရမယ်။ သူ့ကို အထက်ကလည်း ၀င်ဖို့တိုက်တွန်းထားတော့ ဘယ်လိုမှငြင်းလို့မရဘူး။ အခု မဲစည်းရုံးရေးတွေ စလုပ်နေပြီ၊ ပိုက်ဆံကတော့ သိန်းထောင်ချီပြီး ကုန်ဖို့ရှိတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတဦးသည် မဲစည်ရုံးရေးအတွက် ကျပ်သိန်း (၁၀၀) သာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပဒိုအောင်ဆန်း အသုံးပြုနေသည့် ငွေကြေးပမာဏမှာ ယခုလ ရက်ပိုင်းအတွင်း ကျပ်သိန်း (၄၀၀) ကျော်သွားပြီ ဟုလည်း ၎င်းက ပြောသည်။
ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း ပဒိုအောင်ဆန်း၏ လုပ်ရပ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြကြောင်း သိရသည်။
မဲပြားနှင့်အလံများ သယ်လာသည့် နအဖစစ်ကြောင်း အတိုက်ခံရ
ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပြားများနှင့် အလံသစ်များ ဘုရားသုံးဆူသို့ လာရောက်ပို့ဆောင်သည့် နအဖစစ်ကြောင်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က နှစ်ကြိမ်တိုင်တိုင် ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံးထိခိုက်မှု ရှိသည်ဟု သိရသည်။
“ကျနော်တို့ တပ်ရင်း (၁၆)၊ ခွဲ (၂) က အောက်တိုဘာ (၂၆) ရက်၊ မနက် (၁၀း၄၅) မှာ အနန်းကွင်းကနေလာတဲ့ ဗိုလ်မှူး မျိုးမြင့်အောင် ဦးစီးတဲ့ ခမရ (၄၀၅) စစ်ကြောင်းကို အဖလုံနဲ့ မြိင်သာယာရွာကြားမှာ ပထမအကြိမ် တိုက်ပွဲဖြစ်တော့ သူတို့ဘက်က (၂) ယောက်သေ၊ (၃) ယောက်ဒဏ်ရာရပါတယ်” ဟု တပ်မဟာ (၆) မှ ဗိုလ်ကြီးအဆင့်ရှိသူ တဦးက ပြောကြားသည်။ ကရင်အမျိုးသားတပ်မတော်မှ အထိအခိုက် အကျအဆုံး မရှိဟု ၎င်းက ပြောသည်။
ယမန်နေ့ နံနက် (၈) နာရီခန့်ကလည်း အဆိုပါ စစ်ကြောင်းကိုပင် ချောင်းဆုံနှင့် တိုက်ဒိန်အကြား၊ ဇီးဖြူတောင်အတက်တွင် (KNU) တပ်ရင်း (၁၆) မှ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ အသေအပျောက်စာရင်းကိုမူ မသိရှိရသေးကြောင်း တပ်မဟာ (၆) မှ ဗိုလ်ကြီးဖြစ်သူက ပြောသည်။
ထိုစစ်ကြောင်းသည် ဘုရားသုံးဆူမြို့နယ်အတွက် မဲပြားနှင့် အလံသစ်များ သယ်ဆောင်လာသည့် ရွေးကောက်ပွဲ ကော်မရှင် လူကြီး (၂) ဦးပါလာသော ကော်မရှင်အဖွဲ့ကို လုံခြုံရေးယူပေးလာသည့် စစ်ကြောင်းအမှတ် (၁) ဖြစ်သည်ဟု သိရသည်။ အဆိုပါကော်မရှင် အဖွဲ့ဝင် လူကြီး (၂) ဦးမှာ ကြာအင်းဆိပ်ကြီး မြို့နယ်မှ ကျောင်းဆရာဟောင်း (၁) ဦးနှင့် လက်ရှိကျောင်းဆရာ (၁) ဦး ဖြစ်သည်ဟု ဘုရားသုံးဆူဒေသ မွန်ပြည်သစ်မှ အရာရှိတဦးက ပြောသည်။
http://www.khitpyaing.org
အန်ဒီအက်ဖ်၏ မဲဆွယ်ဆိုင်းဘုတ် ကြံ့ဖွံ့ဖြုတ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) မှ ကိုယ်စားလှယ်လောင်း ဦးမာခါး၏ မဲဆွယ်ဆိုင်းဘုတ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က ဖြုတ်ယူကြောင်း သက်သေများ ရရှိထားသဖြင့် ဦးမာခါးက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန်နေ့က တိုင်ကြားလိုက်သည်။
မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ (၁ဝ) မိုင်ကျေးရွာတွင် ချိတ်ဆွဲထားသည့် ဦးမာခါး၏မဲဆွယ် ဆိုင်းဘုတ်ကို ကြံ့ဖွံ့ပါတီ နောင်နန်းတိုက်နယ် တွဲဖက်စည်းရုံးရေးမှူးဖြစ်သည့် ဦးလှမြင့်နှင့် ဦးမျိုးဇော်ထွန်းတို့က အောက်တိုဘာ (၂၅) ရက်နေ့တွင် ဖြုတ်ယူသွားကြောင်း သက်သေများ ရရှိထားသဖြင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံသို့ စာတင်ထားသည်ဟု ဦးမာခါးက ပြောသည်။
http://www.khitpyaing.org
Thursday, 28 October 2010
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ၏ မဲမပေးရေးလှုပ်ရှားမှု သတင်း ဓာတ်ပုံ



ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များမှ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ဒလ၊ ကော့မှုးမြို့နယ် များသို့ အဖွဲ့ (၂)ဖွဲ့ခွဲ၍ မဲမပေးရေးလှုပ်ရှားမှု စာရွက်စာတမ်းများအား မဲဆန္ဒရှင် ပြည်သူများသို့ သွားရောက်ဝေငှခဲ့ကြောင်း သိရှိရပါသည်..။
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံမြို့နယ်များသို့ တစ်ဖွဲ့နှင့် ဒလ၊ ကော့မှုးမြို့နယ်သို့ တစ်ဖွဲ့ သွားရောက်ခဲ့ကြပါသည်။ သင်္ဃန်းကျွန်းဈေး၊ တောင်ဥက္ကလာပ ၁၀ရပ်ကွက်ဈေး၊ မြင်သာဈေး စသည့် လူစည်ကားရာ နေရာများသို့ သွားရောက် ဝေငှခဲ့ကြောင်း သိရှိရပါသည်..။ ရောက်ရှိ ဝေငှရရာနေရာတိုင်း ၌ပြည်သူလူထုမှ လိုက်လံ တောင်းယူကြကြောင်း အဆိုပါ .. မဲမပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါသည်..။
ကော့မှုးမြို့ဈေးအတွင်း စာရွက်ဝေငှရာ၌ ဈေးအာဏာပိုင်များ၏ တားမြစ်ခြင်းကို ခံရပြီး ကော့မှုးမှာ လက်ခံရယူခဲ့တဲ့ ပြည်သူများထံမှ မဲမပေးရေး စာရွက်များအား အာဏာပိုင်များမှ တရားမ၀င် စာရွက်တွေယူထား ပုံနှိပ်ဥပဒေနဲ့အဖမ်းခံရမည်ဟ ခြိမ်းခြောက် ပြောဆိုပြီး နေအိမ်များအထိ လိုက်လံတောင်းယူ ခဲ့တယ်လို့ သိရှိရပါသည်..။ အချို့မှာ ခြိမ်းခြောက်မှုအား ကြောက်ရွံ၍ ပြန်ပေးခဲသော်လည်း အများစုမှာ မိမိတို့အိမ်အား လာရောက်ဝေငှခြင်း မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
မနေ့က ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ချုပ်ရဲ့ ကြေငြာချက်မှာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ရှေ့ရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥသုံ သပိတ်မှောက်ကြောင်း အတိအလင်း ကြေငြာခဲ့သလို
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း
နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း
အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း
NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။
သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သူညီမအား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ
UN, Aid Groups to Scale Up Cyclone Disaster Response
A meeting held in the former capital Rangoon on Wednesday, and attended by heads of diplomatic missions, UN agencies interantional and local non-governmental organizations, named four Townships in Arakan State as being the worst-hit areas: Kyaukpyu, Minbya, Pauktaw and Myebon.
The UN Resident and Humanitarian Coordinator Bishow Parajuli told the high-level gathering that the number of people affected by the Cyclone could now be higher than initially estatimated. UN agencies such as the UNHCR, FAO, UNDP, WFP and UNICEF are already present in the areas mobilizing relief efforts, with several other aid groups now engaged in rapid assessment and provision of food and non-food items.
Acknowledging that 'good lessons' have been learnt from Cyclone Nirgis, the UN Chief in Burma urged the Burmese authorities to 'facilitate continued access' to the affected areas for all agencies engaged in providing humanitarian relief.
Meanwhile, the Canaidan government is being urged by Parliamentarians to provide humanitarian assistance to help victims of the Cyclone. Liberal MP Jim Karygiannis, who was the first politician to call for Canadian assistance to Burma during Cyclone Nirgis, says, "[Prime Minister] Harper and his ministers should immediately offcer assistance to victims of Cyclonehttp://burglish.my-mm.org/latest/trunk/web/testarea.htm Giri."
Canada was one of the largest contributors to the 2008 Cyclone Nargis relief efforts, making it the fifth largest nations in the world to contribute to the United Nations' Central Emergency Relief Fund (CERF) with a total donation amounting to 39.4 million dollars.
The United States on Tuesday pledged 100,000 dollars towards the Cyclone Giri relief efforts.
According to one Chin pastor based in one of the worst-hit areas of Myebon of Arakan state, at least 2,000 Chin families were affected by Cyclone Giri.
မြန်မာနိုင်ငံရှိ အသည်းကင်ဆာ ဝေဒနာရှင်များကို စင်ကာပူတွင် အခမဲ့ ဆေးကုသပေးမည့် အစီအစဉ်
အပြည်ပြည်ဆိုင်ရာ အသည်းကင်ဆာ အဖွဲ့အစည်း (International Liver Cancer Association, ILCA) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကမ္ဘာအသိအမှတ်ပြု မြန်မာ့အသည်းသမားတော် တစ်ဦးဖြစ်သူ ဒေါက်တာခင်မောင်ဝင်းမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မီဒီယာများသို့ ပြောကြားရာတွင် အသည်းကင်ဆာ (Hepatocellular Carcinoma) ဖြစ်ပွားလျှင် အကောင်းဆုံး ကုသနည်းမှာ ကင်ဆာဖြစ်သော အသည်းနေရာကို ခွဲစိတ်ထုတ်ပယ်ဖြစ်ခြင်း ဖြစ်ကြောင်း၊ ..............
Sorafenib ဆေး
သို့သော် လက်ရှိ ပြည်တွင်းတွင် အသည်းကင်ဆာများကို ဤသို့ ခွဲစိတ်ကုသပျောက်ကင်းနိုင်သော စောစီးသည့် အခြေအနေနှင့် တွေ့ရသည်မှာ ၅% ခန့်သာ ရှိကြောင်း၊ ထို့ကြောင့် ခွဲစိတ်ကုသနည်းသည် မြန်မာနိုင်ငံအတွက် အားမကိုးနိုင်ကြောင်း၊ ယခု စင်ကာပူနိုင်ငံမှ ကုသပေးမည့် အစီအစဉ်တွင် အသုံးပြုမည့် နောက်ဆုံးပေါ် ဆေးသည် Sorafenib ဟု အမည်ရပြီး ကနေဒါ ပညာရှင်များ တီထွင်ထားခြင်း ဖြစ်ကြောင်း၊ အသည်းကင်ဆာ ဝေဒနာရှင်များအတွက် အာနိသင် အကောင်းဆုံး ဆေးဖြစ်ပြီး အလွန်ဈေးကြီးကြောင်း၊ ၄င်းဆေးကို Y90 Yttrium Radioembolization အဏုမြူနည်းဖြင့် ပေါင်းစပ်ကုသရမည် ဖြစ်ပြီး လူတစ်ယောက်စာအတွက် မြန်မာငွေ သိန်း ၂၅၀ ခန့် ကုန်ကျမည် ဖြစ်ပြီး ယခု အာရှ-ပစိဖိတ် အသည်းကင်ဆာ ဆေးသုတေသနအဖွဲ့ (Asia-Pacific Hepatocellular Carcinoma Trial Group) မှ ကုသပေးသည့် အစီအစဉ်တွင် ဝေဒနာရှင်များဘက်မှ ကုသခ တစ်စုံတစ်ရာ ပေးရန် မလိုကြောင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။
အသည်းကင်ဆာဆဲလ်များကို တိုက်ဖျက်မည့် Y90 အစ်ထရီယမ် အမှုန်လေးများ
အသည်းကင်ဆာဝေဒနာ ရှင်များကို ဦးစွာ စမ်းသပ်စစ်ဆေးပြီး Sorafenib ဆေးသွင်းကုထုံး တစ်မျိုးတည်းဖြင့် ကုသ၍ ရမည်ဆိုလျှင် စင်ကာပူသို့ သွားရန်မလိုဘဲ ပြည်တွင်းသို့ ဆေးများ အရောက်ပို့ပေးမည် ဖြစ်ကြောင်း၊ Y90 Yttrium Radioembolization အဏုမြူနည်းပါ လိုအပ်သူများကိုသာ စင်ကာပူသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ဆက်လက် ပြောပြခဲ့သည်။
အဆိုပါ ကုသမှုကို ခံယူနိုင်ရန် အကြမ်းဖျဉ်း အားဖြင့် ပြည်သူ့ဆေးရုံ တစ်ခုခုတွင် အသည်းကင်ဆာ ဝေဒနာရှင်အဖြစ် စာရင်းဝင်သူ ဖြစ်ရမည်ဟု ကြားသိရပြီး အသေးစိတ် အချက်အလက်များကိုတော့ သတင်းမရရှိသေးပါ။
(ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း အနေဖြင့် ကုသခွင့် လူနာ ၃၆၀ အနက် အယောက် ၃၀ ပို့ဆောင်ကုသခွင့် ရရှိထားကြောင်း သတင်းရရှိသည်။ ထိုအခွင့်အရေးသည် သူကဲ့သို့သော ကမ္ဘာကျော် ဆေးပညာရှင် တစ်ယောက် အနေဖြင့် ရသင့်သည့် အခွင့်အရေးဟု စာရေးသူ ထင်မြင်မိပြီး ကုသမှု တကယ်လိုအပ်သူ မရှိနွမ်းပါးသူများကို ဆေးရုံစာရင်းများအရ ခေါ်ယူသွားမည်ဟု နောက်ဆက်တွဲ သတင်းရရှိပါသည်)။
အထိုင်များလို့ ခါးဝေဒနာ မဖြစ်ရအောင်
ထိုင်နေတဲ့အခါ မတ်တတ်ရပ် အနေအထားထက် ပိုပြီး ကျောရိုးမှာ ဖိအားသက်ရောက်မှု ရှိတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အင်္ဂလိပ်အက္ခရာ “C” ပုံသဏ္ဌာန် လက်ပြင်ကုန်းပြီး ထိုင်ရင်တော့ ကျောရိုးပေါ်သက်ရောက်တဲ့ ဖိအားဟာ နှစ်ဆပိုလာပါပြီ။ အဲဒီလိုပုံစံနဲ့ ထိုင်ရင် မလှုပ်မယှက်နေတဲ့အခါ ကျောရိုးထဲက အရိုးကွင်းဆက်တွေအတွက် လိုအပ်တဲ့ အာဟာရ မရရှိတော့ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှု ရှိနေမှသာ အဲဒီအရိုးကွင်းဆက်တွေက လိုအပ်တဲ့ အာဟာရကို သွေးကြောတွေက ထောက်ပံ့ပေးနိုင်တာပါ။
အဖြစ်များတဲ့ ခါးအောက်ပိုင်းနာကျင်မှု အပါအဝင် အထိုင်များလို့ ဖြစ်ရတဲ့ ဝေဒနာတွေကို ရှောင်လွဲနိုင်တဲ့ နည်းလမ်းတွေကတော့-
၁။ ထိုင်လျက် တစ်သတ်မတ်ထဲမနေဘဲ ပုံစံပြောင်းပါ။ ၁၅ မိနစ် ဒါမှမဟုတ် နာရီဝက်တစ်ခါလောက် ထိုင်ရာကထပြီး လက်နှစ်ဖက်ကို ခါးနောက်မှာ ယှက်ထားကြည့်ပါ။ ဖုန်းပြောတဲ့အခါ မတ်တတ်ရပ်ပြီးပဲ ပြောသင့်ပါတယ်။ ထိုင်လျက်အနေအထားမှာ ဝမ်းဗိုက်ကြွက်သားတွေကို ကျုံ့စေပါတယ်။ ဒါကြောင့် ထိုင်လျက်ပြောမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကိုယ် မတ်မတ်ထိုင်ပြီး ကျောမှီထားပါ။
၂။ တတ်နိုင်သူတွေကတော့ လမ်းလျှောက်လေ့ကျင့်ခန်း စက်ကိရိယာ (Treadmill) တွေ အသုံးပြုပြီး ပြုလုပ်သင့်ပါတယ်။
၃။ ခါးအတွက်တော့ ဆောင့်ကြောင့်ထိုင်တာက ခုံနဲ့ထိုင်တာထက် ပိုကောင်းပါတယ်။ အကြောင်းကတော့ ဆောင်ကြောင့်ထိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အလယ်ပိုင်းက အလေးချိန်အများစုဟာ ပေါင်တွေပေါ်မှာပဲ သက်ရောက်မှုရှိနေလို့ ဖြစ်ပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့အခါ ဦးခေါင်းနဲ့ ပခုံးတွေကို မတ်မတ်ထားပြီး ထိုင်ရင် ခါးရဲ့ သဘာဝအနေအထားကို ရရှိနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန် တစ်ဦးက ဆိုပါတယ်။
၎။ ရုံးမှာ ကားပေါ်မှာ ထိုင်တဲ့အခါ ခါးရဲ့ သဘာဝပုံစံ အနေအထားကို ဖြစ်ပေါ်စေဖို့ ထိုင်ခံပေါ်မှာ ခါးမှီတစ်ခုခု (Lumbar roll) ထား ရှိသင့်ပါတယ်။
၅။ လက်ပြင်ကုန်းပြီး ထိုင်တာကြာလာရင် အဲဒီလိုပုံစံကနေ မတ်မတ်ထိုင်တဲ့ ပုံစံကို တစ်ကြိမ်မှာ ၁၀ ခါကနေ ၁၅ ခါ အထိ တစ်နေ့သုံးကြိမ် ပြုလုပ်သင့်ကြောင်း တင်ပြလိုက်ပါတယ်။
အဓိက အိပ်ရေးပျက်ခြင်းကြောင့်
1. မျက်နှာပြင်နဲ့ အထိအတွေ့များတဲ့ မျက်နှာသုတ်ပုဝါ ၊ ခေါင်းအုံးစွတ် ၊ စောင် (တချို့က စောင်ကို ခေါင်းထိပါခြုံတတ်တဲ့ အလေ့အကျင့်ရှိကြလို့ပါ ) စတာတွေကို အမြဲသန့်ရှင်းအောင်ထားပါ ။
2. မိန်းကလေးတွေအတွက် ဆံပင်သန့်ရှင်းရေးကိုလဲ ဂရုစိုက်သင့်ပါတယ် ။ အမြဲတစေအပြင်မှာ လှုပ်ရှားသွားလာနေကြရတော့ ဆံပင်လေးတွေမှာ ဖုန့်မှုန့်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ကပ်တွယ်လာနိုင်ပါတယ် ။ မိန်းကလေးတွေက ဆံပင်အရှည်ထားတတ်ကြတော့ ယောက်ျားလေးတွေလို ခေါင်းနေ့တိုင်းလျှော်နိုင်ကြမှာ မဟုတ်ပါဘူး ။ (မိန်းကလေးတွေ ခေါင်းနေ့တိုင်းလျှော်ကြရင်လဲ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ခေါင်းတစ်ခြမ်းကိုက်ခြင်းကအစပြုလို့ ဦးနှောက်မှာ အကြိတ်တည်လာခြင်းဆိုတဲ့ ဝေဒနာခံစားရနိုင်ပြီး အသက်ဆုံးရှုံးခြင်းတွေ ကြုံတွေ့ရနိုင်ပါတယ် ) ။ ဆံပင်ကိုမျက်နှာပြင်ပေါ် မကျလာအောင်ဂရုတစိုက်ထိန်းသိမ်းရင် ရပါတယ်။
3. နောက်ဆုံး အဓိကအချက်ကတော့ အိပ်ရေးဝအောင်အိပ်သင့်ပါတယ် ။ လူတစ်ယောက်အတွက် ည 11 နာရီ နောက်ဆုံးထားပြီး အိပ်ယာဝင်သင့်ပါတယ် ။
ဒီအချက်လေးတွေ ဂရုစိုက်ပေးမယ်ဆိုရင်တော့ ဆိုးကျိုးတွေ မကြုံတွေ့နိုင်ရတော့ပါဘူး။ တချို့က မျက်နှာပြင်မှာ အဖုလေးတွေပေါက်တတ်တာ ရောဂါတစ်မျိုးလို ခံစားနေတတ်ကြရပါတယ်။ အဲဒီ့အတွက်တော့ အရေပြားဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ် ။
အဖြစ်များနေကြတဲ့ မျက်စိနာရောဂါကို ကာကွယ်ကုသနည်းများ
ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲ အများဆုံး အကြောင်းအရင်းတွေက ဗိုင်းရပ်စ်ပိုး အချို့ ကြောင့် ဖြစ်ရတာ ဖြစ်ပြီး ဘက်တီးရီးယားကြောင့် ဖြစ်ရတာလဲ ရှိပါတယ်။ မျက်လုံးထဲကို မသန့်တဲ့ အရာတစ်ခုခု၊ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတစ်ခုခု ၀င်ခြင်း (ဥပမာ မီးခိုး၊ ဓာတ်ငွေ့၊ ၀တ်မှုန် စသည်) ၊ မျက်သားခြောက်သွေ့လွန်းခြင်း စတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပွားနေကြတဲ့ တစ်ဦးနဲ့ တစ်ဦး အရမ်းကူးလွယ်တဲ့ မျက်စိနာ ရောဂါဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး ၃ ရက်ကနေ ၅ ရက်ထက် ပိုမကြာပါဘူး။ ဒါကြောင့် မျက်စိနာခြင်း ခံစားနေရတာ ၅ရက်ကျော်သွားရင် ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ပိုစိုးရိမ်စရာ အကြောင်းအရင်း တစ်ခုခု ဖြစ်နေတတ်လို့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသင့်ပါတယ်။
မျက်စိနာရောဂါရဲ့ လက္ခဏာတွေက အားလုံး သိရှိခံစား ဖူးကြတဲ့ အတိုင်း မျက်လုံးနီရဲ ရောင်ယမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန်ထက် ပိုကျခြင်း၊ မျက်လုံးထဲမှာ ပြင်ပက ပစ္စည်း တစ်ခုခု ၀င်နေသလို ခိုးလိုးခုလု ခံစားရတတ်ခြင်း၊ အလင်းရောင် မကြည့်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီဝေဒနာတွေဟာ အတော်ဆိုးကာ ဘာအလုပ်မှ လုပ်ချင်စိတ် မရှိအောင် အနှောင့်အယှက် ဖြစ်စေလို့ မျက်စိနာ ရောဂါ မဖြစ်အောင် ကာကွယ်နည်းများကို mmDailyNews ပရိသတ်များ အတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်စိနာရောဂါ ဖြစ်စေတဲ့ ပိုးတွေဟာ မသန့်ရှင်းတဲ့ လက်ကနေ အများဆုံး ကူးစက်တာမို့ မျက်စိနာရောဂါ ကာကွယ်ခြင်းအတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခု ကတော့ ပြင်ပအရာဝတ္ထုတစ်ခုကို ထိကိုင်ပြီးတိုင်း မျက်လုံး၊ မျက်ခမ်းကို ထိကိုင်ခြင်း မလုပ်တာပါပဲ။ လက်ကို သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ မျက်နှာရဲ့ အစိတ်အပိုင်းတွေကို ထိကိုင်ပါ။
(၂) မျက်နှာသုတ်ပုဝါကို ဂရုစိုက်ပါ။ မျက်နှာ သုတ်ပုဝါဟာ သန့်ရှင်းနေဖို့ မရှိမဖြစ် လိုအပ်သလို လူတစ်ဦးကို မျက်နှာသုတ်ပုဝါ တစ်ထည် သီးသန့် သုံးတာ အကောင်းဆုံးပါ။ မျက်စိနာ ရောဂါ ဖြစ်နေတဲ့ သူအတွက် ဆိုရင်တော့ မျက်နှာသုတ်ပုဝါ တစ်ထည် သီးသန့် ထားပေးရပါမယ်။ မဟုတ်ရင် တစ်အိမ်သားလုံး ကူးကုန်ပါလိမ့်မယ်။ ဒါ့အပြင် မျက်စိနာတဲ့ သူရဲ့ မျက်နှာသုတ်ပုဝါကို နေ့စဉ် လျှော်ဖွပ်ပေးသင့်ပါတယ်။ အစွမ်းချွတ်ဆေး တစ်မျိုးကို သုံးပြီး ဖြစ်စေ၊ ရေနွေး ပွက်ပွက်ဆူမှာ ကြာကြာ ပြုတ်ပြီး ဖြစ်စေ လျှော်ဖွပ်ရမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ပေးရင် လူနာရဲ့ မျက်စိက ပိုးတွေက မျက်နှာသုတ်ပုဝါနဲ့ မျက်လုံးကြား သံသရာ လည်နေမှာမို့ မျက်စိနာရောဂါ ကြာတတ်ပါတယ်။
(၃) မျှတတဲ့ လတ်ဆတ်သော အသီးအရွက်တွေ ပါဝင်တဲ့ အစားအသောက်ပုံစံ မစားဘဲ အသားပဲ စားတဲ့သူတွေ၊ အိပ်ရေးပျက် အစားပျက်လို့ ကိုယ်ခံအား ကျနေသူတွေ၊ မျက်ကပ်မှန် ၀တ်ဆင်သူတွေ၊ ဓာတ်ငွေ့၊ ဖုန်မှုန့် စတာတွေနဲ့ နေ့စဉ် နီးနီးကပ်ကပ် အလုပ်လုပ်ရသူတွေဟာ တခြားသူတွေထက် မျက်စိနာဖို့ ပိုနီးစပ်တာမို့ အခုလို မျက်စိနာတွေ ပေါနေတဲ့ ရာသီမှာ လက်နဲ့ မျက်စိသန့်ရှင်းရေးကို ပိုမို သတိထားသင့်ပါတယ်။ ထူးခြားတဲ့ အနေနဲ့ အမြင်အာရုံ တစ်ဖက်တည်းသာ ရှိသူများဟာ မျက်စိနာဖို့ ပိုနီးစပ်တယ်လို့ တွေ့ရှိထားရတာမို့ ဒီလိုလူတွေလဲ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
(၄) ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နေပူဖုံထူတဲ့ အပြင်က ပြန်လာတိုင်း မျက်စဉ်းတစ်ခုခု ခပ်ပေးပါ။ အခုလို မျက်စိနာရောဂါတွေ အဖြစ်များနေတဲ့ မျက်စိမနာသေးပေမယ့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်း တစ်ခုခု ခပ်ပေးတာလဲ ကာကွယ်ရာ ရောက်စေပါတယ်။
မျက်စိနာရင် မြန်မြန်ပျောက်စေဖို့ လိုက်နာရမယ့် အချက်တွေကတော့
(၁) မျက်စိနာနေတဲ့ အချိန်မှာ အရက်သေစာသောက်စားခြင်း၊ ဆေးရွက်ကြီး ပါသော ဆေးလိပ်၊ ကွမ်းယာ စားသုံးခြင်း၊ မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ခေါင်းလျှော်ခြင်း စာကြာကြာဖတ်ခြင်း၊ တီဗွီ၊ ကွန်ပျူတာ ကြည့်ခြင်း စတာတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။
(၂) မျက်စဉ်း ခပ်ကို ခပ်ရပါမယ်။ မျက်စဉ်းတွေထဲမှာ Neomycin, Norfloxacin, Ofloxacin စတဲ့ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပါဝင်လို့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ မျက်စိနာရောဂါကို သိသာစွာ သက်သာ ပျောက်ကင်းစေပါတယ်။ နောက်ပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိနာရောဂါဟာ မျက်စဉ်း ခပ်ဖို့ မလိုအပ်ပေမယ့် လက်နဲ့ ခဏခဏ ပွတ်မိရေင် ဘက်တီးရီးယားက ဒုတိယမြောက် ဆင့်ပွား ကူးစက်ခြင်း (Secondary Infection) အနေနဲ့ ၀င်လာတတ်တာမို့ မျက်စဉ်းခပ်ခြင်းကို မဖြစ်မနေ လုပ်ရပါမယ်။
ဒါ့အပြင် မျက်စဉ်းတွေထဲမှာ Dexamethasone ဆိုတဲ့ ရောင်ယမ်း ယားယံခြင်းကို သက်သာစေတဲ့ စတီးရွိုက် တစ်မျိုး ပါဝင်တာမို့ မျက်စဉ်းခပ်ပေးရင် ယားယံ ရောင်ယမ်းခြင်းတွေ သိသာစွာ သက်သာစေပြီး မြန်မြန် ပြန်ကောင်းစေပါတယ်။ မျက်စဉ်းမခပ်သူတွေကတော့ ဒီအကျိုးမျိုးတွေ မရနိုင်တော့ဘူးပေါ့။
(၃) မျက်နှာသုတ်ပုဝါ၊ နေကာမျက်မှန် စတာတွေကို တစ်ယောက်တစ်ခု သီးသန့်သုံးပါ။ နေ့စဉ် လျှော်ဖွပ်ပါ။ အိပ်ရာခင်း နဲ့ ခေါင်းအုံးစွပ်ကိုလည်း သန့်ရှင်းအောင် အထူးဂရုစိုက်ပေးပါ။
(၄) မြန်မြန် ပျောက်ချင်ရင် မျက်လုံးကို ခဏခဏ ပွတ်ခြင်းကို လုံးဝ ရှောင်ကြဉ်ရပါမယ်။
(၅) မည်သည့်အရွက်ကိုမှ သတ္တုရည် ညှစ်၍ မျက်စဉ်းခပ်ခြင်း မလုပ်ပါနဲ့။ မြန်မာ့တိုင်းရင်းဆေးလာ ဆေးနည်းတွေကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ ဥပမာ ကွမ်းရွက်ဆိုပါတော့။ ရေနဲ့ ဘယ်လောက်ဆေးပါတယ် ပြောပြော မျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ မပြောင်တာ အသေအချာပါပဲ။
နောက်ပြီး ယနေ့ခေတ်မှာ အရွက်ပေါ်မှာ ဖျန်းထားမယ့် ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေကိုပါ ထည့်တွက်ရမှာ ဖြစ်ပါတယ်။ အရွက်ကို ဆားနဲ့ နယ်ကာ အရည်ညှစ်တဲ့ ကိစ္စကလည်း တကယ်ကို မလုပ်သင့်ပါဘူး။ ဆားက မသန့်ရင် အခန့်မသင့် မျက်လုံးကန်းသွား နိုင်ပါတယ်။ အချိန်တန်ရင် ပျောက်မယ့် မျက်စိနာရောဂါဟာ ဒါတွေကြောင့် ပိုကြာနေတတ်လို့ ရှောင်ကြဉ်သင့်ပါတယ်။
(၆) တတ်နိုင်သမျှ မျက်လုံးကို အနားပေးပါ။ အပြင်သွားရင် နေကာမျက်မှန် တပ်ပေးပါ။
(၇) မျက်စဉ်းကို မဖြစ်မနေ ခပ်သင့်တယ်လို့ ပြောခဲ့တဲ့ အထဲမှာ အဆင်ပြေရာ ဘယ်မျက်စဉ်းမဆို ခပ်လို့ရပါတယ်။ မျက်စဉ်းတွေရဲ့ ဘူးပေါ်မှာ တစ်နေ့ကို ၃ ကြိမ်လောက်ပဲ ခပ်ရမယ်လို့ ပြောထားပေမယ့် ဝေဒနာ ပြင်းထန်ရင် ပြင်းထန်သလောက် ၂ နာရီခြား တစ်ခါလောက်အထိ ခတ်နိုင်ပါတယ်။ ဘာအန္တရာယ်မှ ထွေထွေထူးထူး မရှိပါဘူး။ သန့်စင်တဲ့ မိခင်နို့ရည် ခပ်ခြင်းဟာ တကယ်ဘေးကင်းထိရောက်တဲ့ ဆေးနည်း ဖြစ်ပါတယ်။ ညှစ်ယူမယ့် နို့သီးခေါင်းရဲ့ ပြင်ပသန့်ရှင်းရေးနဲ့ ခံယူမယ့် ခွက်တို့ ဇွန်းတို့ကတော့ အထူးသန့်နေဖို့ လိုပါတယ်။
(၈) နာကျင် ရောင်ယမ်း ယားယံခြင်း အရမ်းဆိုးရင် သက်သာအောင် အနွေးကပ်ခြင်း (Warm Compress) နဲ့ အအေးကပ်ခြင်း (Cold Compress) တို့ လုပ်ပေးနိုင်ပါတယ်။ သန့်စင်တဲ့ အ၀တ်စ၊ ပတ်တီးစ တစ်ခုကို ရေနွေးနွေးလေးမှာ စိမ်ပြီး မျက်လုံးအပေါ်ကနေ ကပ်ပေးတဲ့ နည်းကို အနွေးကပ်ခြင်း လို့ ခေါ်ပါတယ်။ ရေအေးအေးလေးမှာ စိမ်ပြီး ကပ်တဲ့နည်းကတော့ အအေးကပ်ခြင်းပေါ့။ မျက်လုံး တစ်ဖက်ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်လောက် လုပ်ပေးရင် သိသာစွာ သက်သာစေပါတယ်။
(၉) ရောင်ယမ်း ယားယံခြင်းတွေ သက်သာအောင် Cetrizine, Fenofexadine စတဲ့ဆေးတွေ တစ်နေ့ ၂ လုံးလောက် သောက်နိုင်ပါတယ်။ Cetrizine ထက် Fenofexadine က ပိုကောင်းတဲ့ အချက်ကတော့ အိပ်မငိုက်တာပါပဲ။
Wednesday, 27 October 2010
သင့်နှလုံး ကျန်းမာရေး အတွက် အကောင်းဆုံးနှင့် အဆိုးဆုံး လေ့ကျင့်ခန်းများ


လေ့ကျင့်ခန်း အားလုံးက နှလုံးကျန်းမာရေး အတွက် အကျိုးပြုတယ်လို့ မထင်ပါနဲ့။ တချို့လေ့ကျင့်ခန်း တွေက သင့်နှလုံးအတွက် မကောင်းပါဘူး။ နှလုံးသွေးကြော ကျန်းမာရေး အတွက် ရေရှည် အကျိုးပြုမယ့် လေ့ကျင့်ခန်းတွေ ရှိသလို တချို့လေ့ကျင့်ခန်းတွေ ကတော့ နှလုံးအတွက် ကောင်းပေမယ့် ခန္ဓာကိုယ် အတွက် ခက်ခဲပင်ပန်းစေတာ မျိုးလည်း ရှိပါတယ်။
ဒါကြောင့် ကာကွယ်ရေး ဆေးပညာအကြံပေးအဖွဲ့မှာ ပါဝင်တဲ့ နှလုံးအထူး ကုဆရာဝန် Arthur Agatston က အကြံပြုထားတဲ့ နှလုံးအတွက်ရော ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ပါ အကျိုးပြုမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတွေနဲ့ သင့်နှလုံးနဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် အဆိုးဆုံး လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။
အကောင်းဆုံးလေ့ကျင့်ခန်းများပုံမှန်လေ့ကျင့်ခန်း အစီအစဉ်ထဲတွင် အရှိန်မြင့် လေ့ကျင့်ခန်းကို ထည့်သွင်း လုပ်ဆောင်ခြင်းပုံမှန်အချိန်ကြာကြာ လုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်ထဲမှာ အရှိန်မြင့်တဲ့ လေ့ကျင့်ခန်းကို ထည့်သွင်း လုပ်ဆောင်တဲ့ နည်းဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ တွေကို ကာကွယ်မှု၊ ကိုယ်အလေးချိန်လျှော့ချမှုနဲ့ လေ့ကျင့်ခန်း ပိုမိုထိရောက်မှုတွေ အတွက် ပြိုင်ဘက်ကင်းတဲ့ နည်းလမ်း တစ်ခုပါ။
လုပ်ဆောင်ရမယ့်နည်းကတော့ ဥပမာ- သင်ဟာ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်တယ်ဆိုရင် သာမန်နှုန်းနဲ့ သုံးမိနစ်ခန့်လျှောက်ပြီး တစ်မိနစ်ခန့်ကို ခပ်သွက်သွက်မြန်မြန် လျှောက်ပေးတာမျိုး ဖြစ်ပါတယ်။ သင်ဟာ စက်ဘီးစီးတယ်ဆိုရင် လည်း သာမန်အမြန်နှုန်းနဲ့ စီးလိုက်၊ အချိန်ခဏကြာ ခပ်သွက်သွက်မြန်မြန်နင်းလိုက် လုပ်ရမှာ ဖြစ်ပါတယ်။
သင့်နှလုံး ခုန်နှုန်းကို မြင့်လိုက်၊ ကျလိုက် ဖြစ်စေခြင်းဟာ သွေးကြောတွေရဲ့ ကျန်းမာရေးကို ပိုကောင်းစေပြီး အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။ ခန္ဓာကိုယ်က သွေးထဲမှ အဆီတွေနဲ့ သကြားဓာတ်ကို ဖယ်ရှားရာမှာလည်း ပိုမိုထိရောက်စေပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံး လုပ်ဆောင်ရသော အားကစား အားကစားလှုပ်ရှားမှုတစ်ခုမှာ ပါဝင်လုပ်ဆောင်ရတဲ့ ခန္ဓာကိုယ်ကြွက်သားတွေ ပိုများလေ၊ နှလုံးက အဲဒီကြွက်သားတွေဆီကို သွေးတွေပို့ပေးနိုင်ဖို့အတွက် အလုပ်ပိုလုပ်ရလေဖြစ်ပြီး နှလုံးက ပိုသန်မာလေ ဖြစ်ပါတယ်။ ရေကူးခြင်း၊ ပြေးခြင်း၊ ဘတ်စကက်ဘောကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း စတဲ့ အားကစား နည်းတွေ ဖြစ်ပါတယ်။
အလေးသုံး၍ ကစားခြင်း
အလေးသုံးပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကလည်း နှလုံးခုန်နှုန်းကို မြန်စေပြီး နှလုံးကို အကျိုးပြုနိုင်ပါတယ်။ ကြွက်သားတွေကို သန်မာစေပြီး ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်မှု အတွက်လည်း အကျိုးပြုပါတယ်။ ခန္ဓာကိုယ်ဗဟိုချက် ကြွက်သား လေ့ကျင့်ခန်းများ Pilate လေ့ကျင့်ခန်းလိုမျိုး ခန္ဓာကိုယ် ဗဟိုချက်ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေ ဟာ ဟန်ချက်ထိန်းနိုင်မှု တိုးတက်စေနိုင်ပါတယ်။
ယောဂကျင့်စဉ်
ယောဂကျင့်စဉ် လေ့ကျင့်တာကတော့ သွေးကြောတွေကို ကျုံ့ဆန့်နိုင်စွမ်း ပိုရှိစေပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။
တစ်နေ့လုံး လှုပ်ရှားတက်ကြွနေခြင်း အိမ်သန့်ရှင်းရေးလုပ်တာ၊ ခြံထဲမှာ သစ်ပင်စိုက်တာ၊ ကားရေဆေးတာ စတာတွေလုပ်ပြီး တစ်နေ့လုံး လှုပ်ရှားတက်ကြွနေသူတွေဟာ တစ်နေ့မှာ ၃၀-၆၀ မိနစ်ကြာ လေ့ကျင့်ခန်းလုပ်ပြီးနောက် တစ်နေ့လုံး ကွန်ပျူတာရှေ့ထိုင်နေသူတွေထက် ကယ်လိုရီတွေ ပိုလောင်ကျွန်းကာ ပိုကျန်းမာကြပါတယ်။
အဆိုးဆုံး လေ့ကျင့်ခန်းများ
ပလက်ဖောင်းပေါ်တွင် ပြေးခြင်း ကျောက်ပြားခင်းထားတဲ့ ပလက်ဖောင်းလိုမျိုး မျက်နှာပြင်မှာ အချိန်ကြာကြာပြေးနေသူတွေဟာ ကိုယ်လက်တွေ နာကျင်ကိုက်ခဲပြီး ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ ပလက်ဖောင်းပေါ်မှာ ပြေးခြင်းဟာ နှလုံးကို သန်မာစေမယ့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။
လေ့ကျင့်မထားဘဲ အားကစား ပြင်းပြင်းထန်ထန် လုပ်ခြင်း
ပြင်းထန်တဲ့ အားကစားတွေလုပ်နိုင်ဖို့ တဖြည်းဖြည်း လေ့ကျင့်ယူလို့ ရနိုင်ပေမယ့် စနစ်တကျ လေ့ကျင့်မထားဘဲ ဘယ်လိုပြင်းထန်တဲ့ အားကစားမဆိုလုပ်ရင် Adrenaline ဟောမုန်းတွေ အများအပြားထွက်လာပြီး နှလုံးရောဂါ ထခြင်း (Heart Attack) ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် ဘယ်လိုလေ့ကျင့်ခန်းကို မဆို မလုပ်ခင် သွေးပူလေ့ကျင့်ခန်းအရင် လုပ်ပေးဖို့ လိုပါတယ်။
ဘယ်လိုလေ့ကျင့်ခန်း လုပ်မလဲလို့ ရွေးချယ်ရာမှာ သင့်ကျန်းမာရေး အတွက် အကျိုးပြုတဲ့ လေ့ကျင့်ခန်းဖြစ်ဖို့ လိုသလို သင်ဝါသနာပါတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ဖို့လည်း လိုပါတယ်။ ဒါမှသာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတယ်လို့ မခံစားရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စွဲစွဲမြဲမြဲလုပ်ဖြစ်မှာ ဖြစ်ပါတယ်။
ABOUT BURMA
shares the border with China, Laos, Thailand, Bangladesh, and India.
The military has dominated government since General Ne Win led
a coup in 1962 to 1988, first as military ruler, then as self-appointed
president, and later as political kingpin.
In 1988, student led the uprising and eventually managed to topple the
one party rule led by General Ne Win. Another military came to power
and gun down more than 3000 protesters. Due to the increase domestic
and international pressure, junta promised to hold the election. In 1990,
National League for Democracy (NLD) led by Daw Aung San Suu Kyi,
daughter of the Burma’s independence architect Gen. Aung San - won a
landslide victory. The ruling junta refused to hand over power and
instead put NLD leader and Nobel Peace Prize laureate, Aung San Suu
Kyi, under house arrest.
The people of Burma have been suffering under one of the world's most
brutal and repressive regime. The military regime uses murder, torture,
rape, political imprisonment and forced labour as practices for ruling the
citizens of Burma. Freedom of expression and freedom of association are
non-existent and Burmese citizens are denied any state in the shaping of
their future.
Burma's economic crisis continues to deepen under military rule. People
earn on a wage of around $1 a day. Unemployment is rising dramatically
every month while prices of consumer goods are escalating out of
control. And the value of the local kyat on the informal market continues
to stumble. Living standards of many Burmese are declining rapidly. One
child in three under the age of five is already suffering from malnutrition,
less than 50 per cent of children will complete five years of education
according to UN reports.
In Burma, people face complete lack of access to basic social services
such as health services, and water sanitation. Under the military
generals, poverty has soared and corruption is growing. Burma spends
less than $3 per person per year on health and education – well below
the World Health Organization recommended level of $40 per person.
The economic crisis and instability in Burma is driving waves of Burmese
children into hard labour, begging and the sex trade. Burma is in the
midst of a health and educational crisis.
The military maintains an extensive network of Military Intelligence
(MI), informers, police, militias such as Swan-Arr-Shin and Union
Solidarity and Development Association (USDA) members, ready to
arrest anyone suspected of holding or expressing anti-government
opinions in Burma. Laws have been established that criminalize freedom
of thought, expression, association, assembly and movement, thus
legitimizing these arbitrary arrests and continued to arbitrarily detain
people across Burma for associating with opposition groups. These types
of detentions occurred commonly and in most cases individuals alleged
of such illegal association were detained, interrogated and many were
tortured, without warrant, charge or trial.
The military maintained complete control over the legal system and
remained unbound by any legislation or constitutional provision for a
fair trial, due process of law or any other rights. Military government
denies basic rights to due process of law, a fair and public trial in political
cases. No trials of political prisoners were open to the public, and in
many cases reported details of the case were not even available to the
defendant's family; such as the reason for arrest, sentencing or location
of the person detained.
Frequently the detainee is not informed under which section or article he
or she is being detained. In addition, detainees rarely have access to legal
counsel or the opportunity to obtain release on bail. The accused may be
held for lengthy periods of time without any communication. Trials for
political detainees are normally held in courtrooms on prison
compounds, in a "special court", and defendants are given little chance to
speak, are ignored when they do make statements and certainly are not
permitted to properly defend themselves. Even after being charged,
political prisoners are still denied the right to proper legal counsel.
Prisons in Burma are places where human rights violations and brutality
are everyday realities. Abuses include prolonged shackling, torture, lack
of proper medical care and insufficient food. Political prisoners face
cruel, inhumane and degrading treatment in the prisons, or in detention
centres. They also face torture after arrest and during interrogation so as
to punish them and to force them to cooperate with interrogators.
Political prisoners face both physical and emotional torture, often during
long-lasting periods of detention after the initial arrest while they are
isolated.
Children under the age of 18 are about 40% of Burma population. The
military junta does not consider children’s development and welfare as a
priority and used almost half of the state budget is spent to the arm,
leaving very little for the vital education and health care systems.
Decades of military mismanagement of the economy has resulted in an
appalling economic situation and is forcing the vast majority of parents
to rely on the contribution of their children working in order to feed their
families.
The worst forms of child labour can be seen in Burma –in the army, the
construction industry, domestic work, and the mines or in different
places. Children are by no means exempt from the forced labour imposed
on hundreds of thousands of the Burmese population by military.
Moreover, the military continues to forcibly recruit children into the
army, some as young as eleven years old. There are 70, 000 children in
the army and largest child soldiers in the world. Military forced young
girls to serve as porters and sometimes rape and used them as sexual
slaves.
The Burmese government spends seven times less on education than on
the armed forces. Since 1990, government expenditure on civilian
education has dropped by 70 percent, and the most recent statistics
indicate that spending on education is currently equivalent to less than
1% of the GDP. According to World Bank figures, Burma’s military
government spends only $0.28 per year for every child in a public school.
Following a sharp increase of fuel prices on August 15, 2007,
prodemocracy groups led by students began a series of peaceful marches
and demonstrations to protest the failing economic situation in Burma.
The regime immediately responded by arbitrarily detaining
prodemocracy activists. As popular dissatisfaction spread, Buddhist
monks began leading peaceful marches together with public and the
regime violently crackdown by shooting, beating and arresting thousands
of monks, prodemocracy activists, onlookers and killing dozens.
Currently, there are more than 2000 political prisoners in Burma and
regime continues to arrest democratic dissident, torture and sentence to
prison.
In Burma, power is centred on the ruling junta--the State Peace and
Development Council, or SPDC--which maintains strict authoritarian
rule over the people of Burma. Control is maintained through
intimidation, the strict censuring of information, repression of individual
rights, and suppression of ethnic minority groups. To avoid doing
genuine dialogue with Daw Aung San Suu Kyi, the regime is using one of
the delaying tactics- buying times. They are waiting for another crisis
happen in another part of the world and if the crisis happens, the
attention on Burma from international community will divert to that
crisis and Burma will go back to status quo.
National League for Democracy Statement No. 11/10/10

Unofficial Translation by BDC
National League for Democracy
Statement No. 11/10/10
26 October 2010
On 7 November 2010 elections will be held in Burma in accord with the 2008 constitution which legitimise military rule in Burma. But said constitution doesn’t grantee protection of ethnics’ rights, human rights, and democratic principles, and so it won’t help building peaceful democratic nation. The election laws are unfair and unjust. Addition to that it is also against the NLD’s founding principles of working for establishing genuine democratic nation which grantee basic human rights and working against re-emerging dictatorship systems in Burma which suppress people.
Therefore, National League for Democracy (NLD) officially BOYCOTT the 2010 election for the sake of the nation and the public.
For the public it is their rights that they have the right NOT to vote at the election. Addition, if someone forces the public to vote then you can report to the police and file the case.
Daw Aung San Suu Kyi, the leader of the National League for Democracy, also said that–
“People have the rights to vote and rights not to vote.”
“Asking to vote forcefully is also breaking the law.”
“If people don’t want to vote because they don’t see NLD to vote then do not vote anyone”.
In accord with the decision made on 25.10.2010 CEC meeting
National League for Democracy (NLD)
Rangoon
National League for Democracy Statement No. 10/10/10

Unofficial Translation by BDC
National League for Democracy
Statement No. 10/10/10
26 October 2010
National League for Democracy (NLD) on 29 March 2010 decided unanimously not to re-register due to junta’s unfair election laws. No one against the decision. Addition, NLD is already registered as the political party in accord with “Political Registration Law 4/88”. But sadly, some NLD members founded the party NDF saying that NLD no longer exists. In reality, their actions are against the will of the majority which is also against the democratic principles. Addition to that they also take the NLD’s symbol Ka-Mauk which NLD used as the symbol in 1990 election. But, NDF chooses to use Ka-Mauk as the symbol and emblem of their party.
For the public, “NLD and Ka-Mauk”, “Ka-Mauk and NLD” are two inseparable signs which they attached in their minds. Public is confusing that because NDF chooses to use Ka-Mauk as the symbol since they thought that NDF’s Ka-Mauk is NLD. Even, some NDF members are saying that they are the clone of the NLD. Addition, some NDF members are saying that Daw Aung San Suu Kyi is their leader.
Therefore, we, NLD, would like to clarify that NDF is neither NLD’s life boat party nor Daw Aung San Suu Kyi is NDF’s leader nor Ka-Mauk they are using.
In accord with the decision made on 25.10.2010 CEC meeting
National League for Democracy (NLD)
Rangoon
Tuesday, 26 October 2010
ဒုတိယပင်လုံညီလာခံအကြို၊ နိုင်ငံရေးပေါင်းစည်းမှုအင်အား နဲ့ မြန်မာကွန်မြူနီတီ ညီညွတ်မှု

http://www.scribd.com/doc/40046639/25th-Oct-2010%E2%80%93MoeMaKa-Daily-Newsletter
ဒုတိယပင်လုံညီလာခံအကြို၊ နိုင်ငံရေးပေါင်းစည်းမှုအင်အား နဲ့ မြန်မာကွန်မြူနီတီ ညီညွတ်မှု
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
အောက်တိုဘာ ၂၅၊ ၂၀၁၀
(photo - U Win Tin at One Month Anniversary of U Ohn Myint, Oct 17th 2010)
ယခုရက်သတ္တပတ်မှာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဆရာက အောက်တိုဘာ ၂၄၊ တနင်္ဂနွေနေ့၊ ချင်းပြည်နယ်၊ ကလေးမြို့မှာ ကျင်းပခဲ့တဲ့ ဇူးမီးအမျိုးသားကွန်ဂရက် ထူထောင်ခြင်း ၂၂ နှစ်ပြည့် ညီလာခံမှာ တောင်ပေါ်၊ မြေပြန့် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ စုပေါင်းပြီး ထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်အကြောင်း ပြောဖြစ်ပါတယ်။
“ပထမအချက်က ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည် ညီညွတ်ရေး စတဲ့ ရည်မှန်းချက်တွေကို မှန်ကန်တဲ့ ဦးဆောင်မှု ညီညွတ်မှုအင်အားနဲ့ ဆောင်ရွက်သွားကြမယ်။
ဒုတိယအချက်ကတော့ အခု၂၀၁၀ ရွေးကောက်ပွဲဟာ အထက်ပါ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးရဲ့ ညီညွတ်ရေး အင်အားနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ကြမယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြရမယ်လို့ ပြောတယ်။
သုံးအချက်ကတော့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး မှီတင်းနေထိုင်တဲ့ မြန်မာပြည်မှာ တပြည်ထောင်စနစ်နဲ့လည်း မဟုတ်ဘူး၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်ဘူး။ ဒီမိုကရေစီနည်းကျ လူမျိုးပေါင်းစုံ တန်းတူညီမျှ အတူတကွပေါင်းစည်းနေထိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အားလုံး လက်တွဲပြီး နေထိုင်ကြမယ် ဆိုတဲ့ သံန္နိဋ္ဌာန် သဘောထား ရှိကြတယ်။ အဲဒါကို ဖြစ်ပေါ်စေဖို့ တိုင်းရင်းသားတွေအားလုံးနဲ့ စုဝေးပြီး ဒုတိယပင်လုံညီလာခံကို ခေါ်ယူကြမယ်ဆိုတာကို သဘောတူကြတယ် ဆိုတာက နံပါတ် ၃ အချက် ဖြစ်ပါတယ်။
အဲဒါကို ကြိုတင်ပြီး ဆွေးနွေးခဲ့ကြတယ်။ အဲသည် ကလေးမြို့အခမ်းအနားကို မသွားရောက်နိုင်တဲ့ ရန်ကုန်က နိုင်ငံရေးခေါင်းဆောင်တွေကလည်း သဘောတူတဲ့အကြောင်း လက်မှတ်ရေးထိုးခဲ့ကြတယ်။ ကလေးမြို့ညီလာခံမှာလည်း တက်ရောက်သူအားလုံးက သဘောတူ လက်မှတ်ထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ အသက် ၉၀ ကျော် ၈၀ ကျော်တွေကလည်း ၀ိုင်းပြီး လုပ်နေကြတာ ဖြစ်တယ်။ ကျနော်တို့ဆီက ၀ိုင်းဝန်းပြီးတော့ ထောက်ခံဆောင်ရွက်နေကြတယ်။ တိုင်းရင်းသားအဖွဲ့တွေကလည်း ၀မ်းသာအားရ ဖြစ်ကြတယ်။ ကျနော်တို့ အင်န်အယ်ဒီက ဦးတင်ဦးတို့ ဦးဝင်းတင်တို့ကိုလည်း လက်မှတ်ထိုးပါ ဆိုလို့ ဖိတ်ခေါ်လို့ လက်မှတ်ထိုးပေးခဲ့ပြီးပြီ ဖြစ်တယ်။ ၀ါရင့်နိုင်ငံရေးသမားကြီးတွေလည်း ပါကြတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း တိုင်းရင်းသားတွေ အားလုံး အတူတကွ တညီတညွတ်တည်း တစုတစည်းတည်း ဖြစ်မှုကို တွေ့ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”
အဲသည်မှာ မေးတဲ့မေးခွန်းကတော့ - ဒုတိယအချက်မှာ ပြောထားသလို ၂၀၁၀ ရွေးကောက်ပွဲကနေ ဒီမိုကရေစီရေးကို မဖော်ဆောင်နိုင်ဘူးလို့ ပြောထားတဲ့အတွက်၊ မဲဆန္ဒရှင် ပြည်သူတွေရဲ့ သဘောထားတွေက ဘယ်လိုရှိနေသလဲ ဆိုတာ ဖြစ်ပါတယ်၊
“အခုဟာက ပြန်ကြည့်လိုက်ရင် - အစပိုင်းမှာ အင်န်အယ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ် လို့ ပြောလိုက်တဲ့အခါကျတော့ ပြည်သူအများစုမှာက အနည်းနဲ့ အများတော့ သံသယရှိခဲ့ကြတယ်။ သူတို့ ဒီလိုလုပ်တာ မှန်ပါ့မလားပေါ့။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် လမ်းလို့ ပြောတဲ့သူတွေကလည်း ရှိကြတာကိုး။ ပြီးတော့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲကို မ၀င်ဘူး၊ သပိတ်မှောက်တယ် လို့ ပြောလိုက်ရတာက စစ်အစိုးရရွေးကောက်ပွဲဥပဒေအရ ပါတီရဲ့ တရားဝင်ရပ်တည်ခွင့်ကိုပါ စွန့်လွှတ်ပြီးတော့ သပိတ်မှောက်တယ်လို့ ပြောလိုက်ရတာကိုး။
ရွေးကောက်ပွဲဆိုတာ ဖြစ်သန်းရတဲ့ ဖြစ်စဉ်တခုမျှသာ ဖြစ်တယ်။ နောက်ပြီးတော့ အိုဘားမားပြောခဲ့သလိုပေါ့ကွာ။ ရွေးကောက်ပွဲဆိုတာက သန့်ရှင်းတယ်၊ တရားမျှတတယ် ဆိုယုံနဲ့လည်း ပြီးတာ မဟုတ်ဘူး။ ရွေးကောက်ပွဲပြီးသွားရင်ကော ဘာဖြစ်မှာလဲ ဆိုတာကလည်း အရေးကြီးတယ်တဲ့။ ရွေးကောက်ပွဲပြီးသွားရင်ကော Good Governance ဆိုတဲ့ စစ်မှန်တဲ့ အစိုးရတရပ် ဖြစ်ပေါ်လာမှာလား ဆိုတာက အဓိကကျတယ်။ ဒီလိုမျိုး Good Governance ကို ဦးမတည်နိုင်ရင် အလကားပဲ ဖြစ်တယ်။
ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအဖွဲ့အစည်းတွေက ဖြတ်သန်းရတယ်။ ရွေးကောက်ပွဲကို ဖြတ်ကျော်လိုက်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲပြီးသွားတဲ့အခါ ဗြိတိန်မှာပဲ ဖြစ်ဖြစ်၊ အမေရိကန်မှာပဲ ဖြစ်ဖြစ် အာဏာရဖို့တင် မဟုတ်ဘူး။ ပြည်တွင်း ပြည်ပ နိုင်ငံရေးကိစ္စတွေမှာ ပြည်သူတွေနဲ့အတူ အစိုးရအဖွဲ့အသစ် ပေါ်ထွန်းလာပြီးတော့ Good Governance အတွက် ပိုမိုကောင်းမွန်တိုးတက်မယ် ဆိုတဲ့ မျှော်လင့်ချက်ကို ဦးတည်နေကြတာ ဖြစ်တယ်။
အခုဒီမှာ ဖြစ်နေတာကို ပြန်ကြည့်လိုက်ကြတော့၊ ရွေးကောက်ပွဲအချိန်နီးလာတဲ့အမျှ၊ ရွေးကောက်ပွဲအကြိုကာလမှာတင်ကို မတရားမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ အများကြီးကို ပေါ်ပေါက်လာပြီ ဖြစ်တယ်။ စစ်အစိုးရရဲ့ ဘီလူးအစွယ်ထုတ်ပြတဲ့အခါကျတော့ ပြည်သူတွေက အင်န်အယ်ဒီ ရပ်တည်ချက်က မှန်ပါလားလို့ စိတ်တွေ ဖြစ်လာတယ်။
နောက်ပြီးတော့ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီကို ဦးတည်တဲ့ Good Governance ကို ဖော်ဆောင်နိုင်မယ်ဆိုတာကို မျှော်လင့်ပြီး ရွေးကောက်ပွဲဝင်ကြတဲ့ နိုင်ငံရေးပါတီတွေ၊ တတိယအုပ်စုလို အင်အားစုတွေ ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲအလွန်ကို မပြောနဲ့ဦး အခုလို ရွေးကောက်ပွဲအကြိုကာလမှာတောင် ဒီမိုကရေစီ ဆိုတဲ့ စကားတွေကိုတောင် သုံးနှုံးခွင့်မရှိအောင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်ထားတာကို ခံနေကြတယ်။ ဘာအခွင့်အရေးတောင်မှ မရှိဘူး ဖြစ်လာတယ်။ သူတို့တွေကိုယ်တိုင်တောင် မသေချာတဲ့ အခြေအနေဖြစ်လာတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် Good Governance ကိစ္စကို အသာထားဦး၊ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အချက်တခုကတော့ - ၂၀၀၈ အခြေခံဥပဒေဆိုတာကြီးက ရှိနေတယ်။ ဒါကိုလည်း ကျနော်တို့ကို ပစ်ပယ်ထားလို့ မရဘူး။ ဒါဟာ မှားယွင်းတဲ့ အခြေခံဥပဒေဖြစ်တယ်ဆိုပြီးတော့ အင်န်အယ်ဒီပါတီက ထောက်ပြထားပြီး ဖြစ်တယ်။
အဲဒီအချက်တွေကြောင့် ပြည်သူလူထုမှာ အနည်းနဲ့ အများ သဘောာပေါက်လာကြပြီ ဖြစ်တယ်။ ပြည်သူတွေထဲမှာ သည်ရွေးကောက်ပွဲဟာ ဟန်မကျဘူး။ မဟုတ်ဘူးဆိုတာ တလပြီး တလ၊ တနေ့ပြီး တနေ့ သဘောပေါက်လာကြတယ်။ အမှန်ကို မြင်လာကြပြီ ဖြစ်တယ်။ အခုလိုမျိုး ပြည်တွင်းမှာ လူထုသဘောထားက ရှိလာကြပြီ၊ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက အခုလိုမျိုး ဒုတိယပင်လုံညီလာခံလိုမျိုး ပေါ်ထွန်းလာဖို့ တောင်းဆိုမှုတွေ ပေါ်ထွန်းလာရတယ်။ ဒါကိုလည်း ပြည်သူတွေက လိုအပ်ချက်အဖြစ်၊ နိုင်ငံရေးပေါင်းစည်းမှု အဖြစ် မြင်လာကြလိမ့်မယ်လို့ ပြောချင်တယ်။
အဲသည်မှာ မေးခွန်းတခုကတော့ - ပြည်တွင်းက ပြည်သူတွေရဲ့ သိသာထင်ရှားတဲ့ အသံတွေ၊ သဘောထားတွေ ထုတ်ဖော်ပြသခွင့် မရှိအောင် ဖိနှိပ်ခံထားရတဲ့အချိန်မှာ ပြည်ပက မြန်မာပြည်သူတွေရဲ့ အခမ်းကဏ္ဍကိုကော ဆရာဦးဝင်းတင်တို့က ဘယ်လို သဘောထားသလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
ဟုတ်တယ်။ ကျနော်က ဒါကို တဆက်တည်း ပြောချင်တယ်။ အခုလိုမျိုး ပြည်တွင်းမှာ အင်န်အယ်ဒီတို့လို၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက တိုင်းပြည်မှာ ဒီမိုကရေစီရေး ဖော်ဆောင်နိုင်ဖို့ လမ်းတွေ၊ သဘောထားတွေ၊ သံန္နိဋ္ဌာန်တွေ ချမှတ်ပြီး ဖော်ဆောင်နေချိန်မှာ၊ ပြည်တွင်းက အဖိနှိပ်ခံထားရတဲ့ ပြည်သူတွေက ဘာမှ ထုတ်ဖော်ပြောဆိုခွင့် မရကြဘူး။ အဲသည်လို အချိန်မှာ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက သူတို့သဘောထားကို ထုတ်ဖော်ပြသကြတယ်လို့ ကြားသိရတယ်။ အယင်အပတ်က အမေရိကန်ပြည်က ပြည်နယ် ၄၊ ၅ ခု မှာ ရောက်ရှိနေထိုင်ကြတဲ့ မြို့နယ် ၁၄ မြို့နယ်က မြန်မာကွန်မြူနီတီတွေက တစုတစည်းတည်း သဘောထားတွေ ထုတ်ပြန်ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံဘူး၊ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ ဘယ်ရလဒ်ကိုမှ လက်ခံခြင်း မရှိဘူးလို့ တစုတစည်း၊ တညီတညွတ်တည်း ပြောလိုက်တယ် လို့ ဆိုတယ်။
အခုချိန်မှာ ပြည်တွင်းက ပြည်သူတွေက သဘောပေါက်စ ပြုနေပြီ။ အင်န်အယ်ဒီပါတီက အောက်ခြေတွေအထိ ဆင်းပြီး ရှင်းလင်းမှုတွေ ပြုတဲ့နေရာမှာ အခု နောက်ဆုံးအဆင့်အနေနဲ့ ကျေးလက်တွေအထိပါ ဆင်းပြီး ပြောပြနေတယ်။ လူထုရဲ့ သဘောပေါက်မှုဟာ မြင့်မားလာနေတယ်။ သို့သော် လူထုဟာ ထုတ်ဖော်ပြောခွင့် မရကြတော့ သူတို့တွေရဲ့ ရွေးကောက်ပွဲ အပေါ်မှာ ကန့်ကွက်မှုတွေ၊ မကျေနပ်မှုတွေကို အများက သိရှိခွင့် မရကြဘူး။ အဲသည်လို အခြေအနေမှာ ပြည်ပက မြန်မာကွန်မြူနီတီကနေပြီးတော့ ပြည်တွင်းက ပြည်သူတွေရဲ့ သဘောထားတွေ ကိုယ်စားထုတ်ဖော်ပေးတယ်လို့ ကြားသိရတဲ့အတွက် အင်မတန်မှ အဖိုးတန်တယ်လို့ ပြောချင်ပါတယ်။
သည်လိုမျိုး ကြိုတင်သဘောထားတွေ ထုတ်ပြန်ထားတာကို ပြည်တွင်းက မြန်မာတွေက သိရှိသွားကြတဲ့အခါမှာ နောက်ဆုံး မဲပေးတဲ့နေ့ကို ရောက်လာကြရင် မဲမပေးဘဲ နေကြမယ်။ မဖြစ်မနေ မဲရုံထဲ တွန်းပို့ခံကြရရင်တောင်မှ ပြည်သူတွေဟာ သူုတို့ရဲ့ သဘောထားမှန်ကို အဲသည်မှာ ထုတ်ဖော်ပြသကြလိမ့်မယ်လို့ ယုံကြည်တယ်။ အခက်အခဲတွေကတော့ အများကြီးနဲ့ရင်ဆိုင်ကြရမှာပါပဲ။ သို့သော် ရွေးကောက်ပွဲဟာ ပြည်သူ့အစိုးရဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ မျှော်လင့်ချက်မရှိဘူး။ နောက်ဆုံးတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေအတိုင်း စစ်အာဏာရှင်တွေ တည်မြဲဖို့ပဲ ဖြစ်တယ်ဆိုတာကို ပြည်သူတွေကြားမှ သိရှိမှု၊ နိုးကြားမှုတွေ ပိုမိုပြီး ပြန့်နှံ့စေတယ်ဆိုတာကိုတော့ ပြောရမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ ကျနော် ရှေ့က အင်တာဗျူးမှာ ပြောခဲ့သလို နိုင်ငံရေးစုစည်းမှု အင်အားတွေ ဖြစ်ပေါ်လာတယ်လို့ ပြောချင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးကို ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားတွေကိုယ်တိုင်ပါ ပါဝင်ပြီး ဆောင်ရွက်နိုင်တဲ့ အဆင့်တွေ ဖြစ်လာတယ်။ စစ်အာဏာရှင်တွေရဲ့ရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ အခြားတဖက်မှာ ကျနော်တို့ ဒီမိုကရေစီရေးအင်အားစုတွေ စုစည်းမိလာတယ်။ ညီညွတ်လာကြတယ်။ ဒါမျိုး ပြောချင်ပါတယ်။



