Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 29 October 2010

တပ်တွင်းမိသားစုနဲ့ ကျောင်းသားများ ဆန္ဒပြ





ဒီကနေ့မနက် ၆ နာရီလောက်မှာ တောင်ဥက္ကလာအခြေစိုက် ခမရ ၄၃၅ နဲ့ ၄၃၆ က တပ်ရင်းမိသားစုနဲ့ ကျောင်းသားကျောင်းသူ ၂၀၀ လောက်ဟာ တပ်ရင်းမှူးရုံးကိုသွားပြီး သူတို့ရဲ့စားဝတ်နေရေး ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ အဲဒီ တောင်းဆိုပွဲမှာ ပါဝင်တဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။

တပ်တွင်းမှာရှိတဲ့ ရဲမေတွေနဲ့ ကျောင်းသူကျောင်းသားတွေက မနက် ၆ နာရီ တန်းစီတဲ့အချိန်လောက်မှာ တပ်ရင်းရုံးကိုလာပြီး ဆန္ဒပြတောင်းဆိုရာမှာစားနပ်ရိက္ခာ အလုံအလောက်ချပေးဖို့ တောင်းဆိုကြတဲ့အကြောင်း တပ်ရင်းမှူးကတော့ စဉ်းစားပေးမယ်လို့ ပြောတဲ့အကြောင်း ခမရ ၄၃၅ က တပ်သားတစ်ဦးက ပြောပါတယ်။

ဆန္ဒပြတောင်းဆိုရာမှာပါဝင်တဲ့ ကျောင်းသူတစ်ဦးကလည်း အခုဆိုရင် သူတို့ဟာ ကျူရှင်တက်ချင်ပေမယ့် ဖခင်ရဲ့လစာနဲ့ မလုံလောက်လို့ ကျူရှင်မတက်ရတဲ့အကြောင်း ပြောတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။တကယ်လို့ ပြေလည်အောင်ဖြေရှင်းမပေးဘူး ဆိုရင် ဆက်လက် ဆန္ဒပြတောင်းဆိုသွားမှာဖြစ်တယ်လို့လည်း အဲဒီကျောင်းသူကပဲ ပြောပါတယ်။

တကယ်တော့ တပ်ရင်းမိသားစုတွေ အခုလိုစားဝတ်နေရေး ကြပ်တည်းလာနေတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ အထက်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ကြပေမယ့် တာဝန်ရှိသူတွေက ပြေလည်အောင် ဖြေရှင်းမပေးနိုင်ခဲ့ပါဘူး။ အခုတော့ စားဝတ်နေရေး မပြေလည်လို့ သားသမီးတွေရဲ့ ပညာရေးကိုပါ ထိခိုက်လာပြီဖြစ်လို့ အခုလို တပ်ရင်းမိသားစုတွေ တွင်မက တပ်တွင်း ကျောင်းသားတွေပါ စုပေါင်းပြီး တောင်းဆိုဆန္ဒပြလာတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments: