Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 28 October 2010

အထိုင်များလို့ ခါးဝေဒနာ မဖြစ်ရအောင်

တစ်နေရာထဲမှာ နာရီများစွာထိုင်ပြီး အလုပ်လုပ်ရင် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တင်ပါးပေါ်မှာ ကျရောက်နေတတ်ပါတယ်။ အဲဒီနာရီများစွာ ထိုင်တဲ့အခါထိုင်ပုံက ပျင်းတိပျင်းတွဲ ဖြစ်နေရင် ခန္ဓာကိုယ် ပုံသဏ္ဌာန် ပျက်ယွင်းတာက စပြီး အသက် ၄၅ နှစ်အောက် လူများမှာဆိုရင် ခါးနာရာက မသန်မစွမ်းဖြစ်တဲ့ အထိ အန္တရာယ် ရှိနိုင်ပါတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တစ်နေရာတည်း နာရီများစွာ မလှုပ်မယှက် ထိုင်နေတာများလာရင် တင်ပါးအသားတွေ ပျော့တွဲလာတာ၊ သွေးကြောပိတ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

ထိုင်နေတဲ့အခါ မတ်တတ်ရပ် အနေအထားထက် ပိုပြီး ကျောရိုးမှာ ဖိအားသက်ရောက်မှု ရှိတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အင်္ဂလိပ်အက္ခရာ “C” ပုံသဏ္ဌာန် လက်ပြင်ကုန်းပြီး ထိုင်ရင်တော့ ကျောရိုးပေါ်သက်ရောက်တဲ့ ဖိအားဟာ နှစ်ဆပိုလာပါပြီ။ အဲဒီလိုပုံစံနဲ့ ထိုင်ရင် မလှုပ်မယှက်နေတဲ့အခါ ကျောရိုးထဲက အရိုးကွင်းဆက်တွေအတွက် လိုအပ်တဲ့ အာဟာရ မရရှိတော့ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှု ရှိနေမှသာ အဲဒီအရိုးကွင်းဆက်တွေက လိုအပ်တဲ့ အာဟာရကို သွေးကြောတွေက ထောက်ပံ့ပေးနိုင်တာပါ။

အဖြစ်များတဲ့ ခါးအောက်ပိုင်းနာကျင်မှု အပါအဝင် အထိုင်များလို့ ဖြစ်ရတဲ့ ဝေဒနာတွေကို ရှောင်လွဲနိုင်တဲ့ နည်းလမ်းတွေကတော့-
၁။ ထိုင်လျက် တစ်သတ်မတ်ထဲမနေဘဲ ပုံစံပြောင်းပါ။ ၁၅ မိနစ် ဒါမှမဟုတ် နာရီဝက်တစ်ခါလောက် ထိုင်ရာကထပြီး လက်နှစ်ဖက်ကို ခါးနောက်မှာ ယှက်ထားကြည့်ပါ။ ဖုန်းပြောတဲ့အခါ မတ်တတ်ရပ်ပြီးပဲ ပြောသင့်ပါတယ်။ ထိုင်လျက်အနေအထားမှာ ဝမ်းဗိုက်ကြွက်သားတွေကို ကျုံ့စေပါတယ်။ ဒါကြောင့် ထိုင်လျက်ပြောမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကိုယ် မတ်မတ်ထိုင်ပြီး ကျောမှီထားပါ။
၂။ တတ်နိုင်သူတွေကတော့ လမ်းလျှောက်လေ့ကျင့်ခန်း စက်ကိရိယာ (Treadmill) တွေ အသုံးပြုပြီး ပြုလုပ်သင့်ပါတယ်။
၃။ ခါးအတွက်တော့ ဆောင့်ကြောင့်ထိုင်တာက ခုံနဲ့ထိုင်တာထက် ပိုကောင်းပါတယ်။ အကြောင်းကတော့ ဆောင်ကြောင့်ထိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အလယ်ပိုင်းက အလေးချိန်အများစုဟာ ပေါင်တွေပေါ်မှာပဲ သက်ရောက်မှုရှိနေလို့ ဖြစ်ပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့အခါ ဦးခေါင်းနဲ့ ပခုံးတွေကို မတ်မတ်ထားပြီး ထိုင်ရင် ခါးရဲ့ သဘာဝအနေအထားကို ရရှိနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန် တစ်ဦးက ဆိုပါတယ်။
၎။ ရုံးမှာ ကားပေါ်မှာ ထိုင်တဲ့အခါ ခါးရဲ့ သဘာဝပုံစံ အနေအထားကို ဖြစ်ပေါ်စေဖို့ ထိုင်ခံပေါ်မှာ ခါးမှီတစ်ခုခု (Lumbar roll) ထား ရှိသင့်ပါတယ်။
၅။ လက်ပြင်ကုန်းပြီး ထိုင်တာကြာလာရင် အဲဒီလိုပုံစံကနေ မတ်မတ်ထိုင်တဲ့ ပုံစံကို တစ်ကြိမ်မှာ ၁၀ ခါကနေ ၁၅ ခါ အထိ တစ်နေ့သုံးကြိမ် ပြုလုပ်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

No comments: