Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday, 8 December 2009

၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် နအဖ စစ်အစိုးရ၏ ရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး အမြင်အမျိုးအမျိုး ထွက်ပေါ်နေချိန်တွင် ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးမှ မွေးဖွားပေးလိုက်သော သာ့သနာဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်မှ ရွှေးကောက်ပွဲတွင် ပါတီပေါင်းစုံကို ပါဝင် ယှဉ်ပြိုင်ခွင့် ပြုရန် နအဖ စစ်အစိုးရကို မေတ္တာရပ်ခံလိုက်သည်။

အဆိုပါ မေတ္တာရပ်ခံစာကို ၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၄ ရက်နေ့တွင် အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် ဒုတိယမြှောက် သံဃာ့ညီလာခံတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ မေတ္တာရပ်ခံစာကို အဖွဲ့ ဥက္ကဌ ဖြစ်သူ ပီနန်ဆရာတော် ဦးပညာဝံက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

အဆိုပါ မေတ္တာရပ်ခံစာထဲတွင် နအဖ စစ်အစိုးရမှ ထုတ်ပြန်ကျေညာထားသည့် ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲသည် ပြည်ထောင်စု တိုင်းရင်းသူ တိုင်းရင်းသားတို့ ဖွဲ့စည်းထားသော ပါတီပေါင်းစုံ ယှဉ်ပြိုင်ခွင့် ရှိမှသာလျှင် ပြည်သူတို့ လိုအင် ဆန္ဒနှင့် ကိုက်ညီ၍ မှန်ကန် မျှတသော ပြည်သူ့ ရွှေးကောက်ပွဲဟု ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း ဖေါ်ပြသည်။

၎င်းအပြင် ဤကဲ့သို့ ရွှေးကောက်ပွဲမျိုးမှ သာလျှင် ပြည်သူများ သာယာဝပြောစွာ နေထိုင်ရ၍ မိမိတို့၏ အသက် စည်းစိမ် အိုးအိမ်တို့အတွက် အာမခံချက် ရရှိမည်။ ကမ္ဘာ့နိုင်ငံများနှင့် တန်းတူညီမျှ လူမူရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် နိုင်ငံတော်၏ လိုအပ်ချက်များကို မြှင့်တင်ပေးနိုင်လိမ့်မည်။ ယနေ့အိမ်နီးချင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်နေသလို မြန်မာနိုင်ငံတော်အတွက် အလားတူ ကြိုးပမ်း လုပ်ဆောင်နိင်ခွင့် ရရှိမည်ဟုဖေါ်ပြသည်။

ဤသို့သော ရွှေးကောက်ပွဲကြီးကသာ ကမ္ဘာကြီး၏ လျှင်မြန်စွာ ပြောင်းလဲနေမူကို အမှီလိုက်နိုင်အောင် ကြိုးပမ်းနိုင်မည် ဖြစ်ပြီး နိုင်ငံတကာမှလည်း အသိအမှတ်ပြု လေးစားလာမည်ဟု မမှိတ်မသုံ ယုံကြည်သဖြင့် ပြည်သူတို့၏ ထာဝစဉ် အေးချမ်းမူကို ရှေ့ရှု၍ ၂၀၁၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွှေးကောက်ပွဲကို ပါတီပေါင်းစုံ ပါဝင် ယှဉ်ပြိုင်ခွင့်ရသည့် ရွှေးကောက်ပွဲမျိုး ဖြစ်လာရေး အတွက် မပျက်မကွက်ဆောင်ရွက်ရန် နဖအ စစ်အစိုးရကို လေးနက်စွာ မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ဖေါ်ပြထားသည်။

၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲအား နအဖ စစ်အစိုးရမှ မဖြစ်မနေ ကျင်းပသွားရန် အတိအလင်း ကျေညာထားပြီ ဖြစ်သော်လည်း ရွှေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ကျင်းပမည့် နေ့ရက်ကို နအဖ စစ်အစိုးရမှ တရားဝင် ထုတ်ပြန်ကျေညာခြင်း မရှိသေးချိန်တွင် နအဖ စစ်အစိုးရအား အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ်၏ မေတ္တာရပ်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

http://www.narinjara.com/detailsbur.asp?id=2191


သိန်းစိန် ကို ဒိန်းမတ် ရောက် မြန်မာ များက ကန့် ကွက် ဆန္ဒပြကြမည်။

Bell Center
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၊ ကုလသမဂ္ဂ၏ ရာသီဥတု ညီလာခံအား တက်ရောက်လာမည့်
သိန်းစိန် အား ဖိနပ် ဖြင့်ပြစ်ပေါက် ဆန္ဒပြကြရန် ဒိန်းမတ် နိင်ငံရောက်မြန်မာ့ ဒီမိုကရေစီအင်အားစုများ
က စီစဉ်လျှက်ရှိကြောင်းသိရပါသည်။ နအဖ ၀န်ကြီးချုပ်သိန်းစိန် သည် ဒီဇင်ဘာ ၈ ရက် အင်္ဂါနေ့ မနက် ကိုးနာရီတွင် ကိုပင်ဟေဂင်ရှိ ညီလာခံ ကျင်းပရာ Bella Center သို့ ရောက်မည်ဟုသတင်းရရှိပါသည်။
မြန်မာ ဒီမိုကရေစီအင်အားစုများက ထို နေရာ ရှေ့ တွင်ကြိုတင် နေ ရာ ယူ လူစုမည် ဖြစ်ပါကြောင်း သိရပါသည်။ ဆန္ဒပြပွဲကို စီစဉ်သူများမှာ ကိုမြင့်ဝေ Ph: 75220532 ၊ ကိုသောင်းရွှေ (ခေါ်) ကိုမိုက်ကယ် Ph: 75102545 တို့ ဖြစ်ကြောင်းသိရပါသည်။


အိမ်မှာရှိတဲ့ လူကုန် ခေါ်သွားကြ။ မြန်မာ လူထုက နအဖ သဘောထားကိုဖေါ်ထုတ်ကြ။
ရိုးရိုးဆန္ဒပြလို့ တော့မရတော့ဘူး။ မှတ်လောက်သားလောက် ဆုံးမကြ။

http://komoethee.blogspot.com/2009/12/blog-post_06.html
တကွက်မှားလျှင် ၂၀၁၀ မှာမြွေပေါက်ခံသွားရနိုင်တယ်
လက်ရှိ န-အ-ဖ ဧ။် နိုင်ငံတကာပေါ်လစီ အပြောင်းအလဲဖြစ်လာသည်ကို အားလုံးသိပြီးဖြစ်သည်။ အရင်က အာဆီယံ၊ တရုတ်၊ အိန္ဒိယ နှင့် ဂျပန်(လူမှုရေးအကူအညီ) လောက်သာရှိသည်။ အခုတော့ အမေရိကန်အပြင်၊ ဥရောပသမဂနှင့်ပါ ဆက်သွယ်လာပြီဖြစ်သည်။ သူ့ ရဲ့ ကစားကွက်ကို ချဲ့ ထွင်လာ သည်ဟု စကားကြီးစကားကျယ်ပြောလို့ ရသည်။ အခုအမေရိကန်ကို မကျေနပ်ကြောင်းပြချင်ရ်ူ အီးယူကို သံတမာန်ရေးအရ ဆက်သွယ်လိုကြောင်းပြသခြင်းဖြစ်နိုင်သည်။ တဖက်မှာလည်း တရုတ် နှင့် လူမသိသူမသိစကားပြောနေမည်မှာ အမှန်ဖြစ်သည်။အရင်က န-အ-ဖ သည်ချောင်ပိတ်မိသောခွေး နှင့်တူသည် မဲမဲမြင်ရာကို ပြေးကိုက်သည်။ ယခု မဟုတ်တော့။ပညာတတ်လာသည်။ အရမ်းအဆိပ် ပြင်းသည့်မြွေက အစွယ်ကျိုးချင်ယောင်ဆောင်ရ်ူ ခွေနေသည်။ ပြီလျှင် အားအပျော့ဆုံးသူကို ရုတ် တရက်ထပေါက်ရ်ူ ထွက်ပေါက်ရှာသွားမည့် လုပ်ရပ်မျိုးဖြစ်သည်။ မည်သူတွေ အားအပျော့ဆုံး ဖြစ် မည်နည်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းပြည်ပ အတိုက်အခံများတခဲနက်ထောက်ခံကြသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုင်းပြည်အတွက်ပူးပေါင်းဆောင်ရွက်လိုကြောင်း စာတစ်စောင်ရေးပို့ ခဲ့သည်။ ရွှေဂုံတိုင် ကြေညာချက်ကို အားဖြည့်လိုက်ခြင်းဖြစ်သည်။ ကောင်းသည်။ ပြသနာက အဖွဲ့ ချုပ်အနေနှင့် ၄င်းတို့  ကိုယ်တိုင်ထုတ်ပြန်ခဲ့သော ကြေညာစာတမ်းကို အားဖြည့်သည့် မည်သည့်လှုပ်ရှားမှုမှ ပေါ်မလာပဲ ကျောက်ချငုတ်တုပ်ကြီးဖြစ်နေခြင်းဖြစ်သည်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကမှု ဆန်ရှင်ကို အကြောင်းပြပြီး နိုင်ငံရေးအတွင်းကို အကျယ်ချုပ်မှတဆင့်ပြန်လည်ဝင်ရောက်ခဲ့သည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်နိုင်ငံရေးအတွင်းမှဖယ်ထုတ်မည့် န-အ-ဖ အကြံပျက်သည့်ကိန်းဖြစ်သည်။ သူမဧ။်ရပ်တည်ချက်က ရှင်းလင်းပြတ်သားသည် တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိမည်ဆိုလျှင် ဘာဖြစ်ဖြစ်လုပ်လိမ့်မည်။ လိုအပ်ရင်ပါတီဖျက်သိမ်းသင့်က ဖျက်သိမ်းပစ်ရမည်ဟု မိန့် ခွန်းတစ်ခုတွင်ပြောဖူးသည်။ဒီတော့ သူမသည် အားပျော့သည့်အထဲတွင် မပါ သမိုင်းတွင်မြွေပေါက်ခံရကိန်းမရှိ။
နေအိမ်အကျယ်ချုပ်ကျခြင်း၊ အဖွဲ့ ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ နှင့် တိုက်ရိုက်တွေ့ ဆုံဆွေးနွေးခွင့် မရ ခြင်းတို့ ကြောင့် အဖွဲ့ ချုပ်က သီးခြား ၊ ဒေါ်အောင်ဆန်းစုကြည်က သီးခြား ဖြစ်သွားသည်။ သီအိုရီအရ မဖြစ်သည့်တိုင်လက်တွေ့ မှာဖြစ်သည်။ အဖွဲ့ ချုပ်သည် လူတန်းစားအသီးသီးနှင့်ဖွဲ့ စည်းထားခြင်းဖြစ် သည်။ ပညာတတ်၊ ပညာချို့ငဲ့၊ လယ်သမား ၊ ရှေ့ နေ ၊ ဆေးဆရာ ပြီးတော့ သတင်းပေး စုံလင်လှ သည်။ ပရိုပိုဆယ်နိုင်ငံရေးသမားရှိသလို၊ အိတ်စိုက်နိုင်ငံရေးသမားများလည်းရှိသည်။ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်ကျနေပြီဆိုလျှင် အဖွဲ့ ချုပ်တွင် စီအီးစီနှင့်နီးစပ်သူသည်သြဇာအာဏာရှိသူ ဖြစ်လာသည်။အဖွဲ့ ချုပ်ဧ။်ဖွဲ့ စည်းတည်ဆောက်ပုံက မကျစ်လစ်။ ကျစ်လစ်မလိုလိုဖြစ်လာရင်လည်း န-အ-ဖက တိုက်ခိုက်သည်နှင့် မဖြစ်နိုင်ဖြစ်နေသည်။ တစ်ဖက်ကကြည့်လျှင်လည်း အရေး ကြီးသောကိစ္စရပ်များ(ဥပမာ-ရွှေဂုံတိုင်ကြေညာချက်) တွင် အဖွဲ့ ချုပ်ခေါင်းဆောင်များ သေချာစဉ်းစား ဆောက်ရွက်သည်။ နိုင်ငံတကာနှင့်အခြားအင်အားစုများဧ။်ဆန္ဒကိုထည့်တွက်သည်ကိုတွေ့ ရသည်။ သို့ သော်တိကျသော အက်ရှင်ပလန် မရှိခြင်း။ညီညွှတ်သော နောက်ပါအင်အားစုမဖန်တီးနိုင်ခြင်းတို့  ကြောင့် အဖျားရှူးသွားတတ်သည်။ န-အ-ဖဆီက တစ်ခုခုမြှော်ကိုးရင်းအလံနီသစ္စာဖောက်သခင်တင်မြ တို့ လိုဖြစ်သွားနိုင်သူတွေ အဖွဲ့ ချုပ်အတွင်းမှာရှိနေသည်။ ရွေးကောက်ပွဲဝင်မည်ဆိုသည်နှင့် အဖွဲ့ ချုပ် မှနုတ်ထွက်ပြီး ရွေးကောက်ပွဲကိုဆန့် ကျင်မည့်သူများလည်း ဒုနှင့်ဒေး ရှိသည်ဒါကြောင့်အားနည်းသူမှာ အဖွဲ့ ချုပ်ဖြစ်သွားနိုင် သည်။သတိကြီးကြီးမထားလျှင်သမိုင်းမှာမြွေပေါက်ခံရနိုင်သည်။
န-အ-ဖ သည် ရွေးကောက်ပွဲမတိုင်မှီနိုင်ငံရေးကို စိတ်မ၀င်စားပါ။ စိတ်ဝင်စားလို့ လဲ မဖြစ်။ သူတို့ နိုင်ငံရေး နှစ်နေရာမှာ ရှိနေသည်။ နိုင်ငံတကာနှင့် တိုင်းရင်းသားအရေးတွင်ဖြစ်သည်။ ဒီနှစ်ချက်ကို ကြည့်လျှင် လက်ရှိလုပ်ပေးနေသောလိုက်လျောမှုအချို့ုသည်လိမ်နေတာဖြစ်သည်။တိုင်းရင်းသားအ ချို့ အငိုက်မမိဖို့  လိုအပ်သည်။ အငိုက်မိသည့် ငြိမ်းအဖွဲ့ ပဲဖြစ်ဖြစ် လက်နက်ကိုင်ပဲဖြစ်ဖြစ် သမိုင်းတရား ခံဖြစ်သွားနိုင်သည်။ ကချင်အဖွဲ့ န-အ-ဖကိုရင်ဆိုင်သည့်ဗျူဟာကို အားကျနေသည့် တိုင်းရင်းသားအဖွဲ့ များရှိသည်။ သူများနှင့်လိုက်သည့်စတိုင်လ်က ကိုယ်နှင့်လိုက်ချင်မှလိုက်မည်။ ဒီကေဘီအေကတော့ မြွေအကြိမ်ကြိမ်အကိုက်ခံနေရပြီဖြစ်သည်။ ကေအန်ယူက ဆေးကုနေရသည်။ ၀တပ်ဖွဲ့ လည်း သိသိကြီး နှင့် အကိုက်ခံရမည့်သဘောဖြစ်သည်။ သို့ သော် တရားဝင်ရွေးကောက်ပွဲတွင်အနိုင်ရထားသော တိုင်းရင်းသားပါတီများဧ။်ရပ်တည်ချက်မှာ ယခုအချိန်အထိ မှန်ကန်နေသောကြောင့် သူ့ လူနာနှင့် သူ့ ဆေးဆရာဖြစ်လာစရာရှိသည်။ မြွေပေါက်ခံနိုင်ကိန်းကို ကျော်လွှားနိုင်သည့် အခြေအနေရှိသည်။ ယတိပြတ်တော့ ပြောလို့ မရပေ။
ရွေးကောက်ပွဲဝင်သည့်သူသည်သမိုင်းတရားခံဖြစ်မည်ဟုအတိအလင်းပြောချင်သည်။ တတိယအင် အားစုဟုအမည်တွင်သူများ ၊ န-အ-ဖ ဧ။်အခပေးရှေ့ နေမောင်စူးစမ်း စသည်တို့ က စပေ့စ်အကြောင်း ကိုတွင်တွင်ကျယ်ကျယ်ပြောနေကြသည်။ သနားစရာကောင်းတာက ၂၀၁၀သာနီးလာသည် သူတို့ ပြောသည့်စပေ့စ်ဘယ်နားမှန်းမသိ။ ဦသုဝေကတော့ပါတီစည်းရုံးရေးလုပ်ငန်းကို တရားမ၀င်လုပ်နေရ သည်ဟုဆိုသည်။ ဦးသုဝေနှင့်အေးလွင်တို့  ရပ်တည်ချက်ခြင်းဒီနေရာမှာကွဲသည်။ အေးလွင်က န-အ-ဖ ဘက်တော်သား။ ဥိးသုဝေက စပေ့စ်ကိုယုံကြည်သူ။ မည်သို့ ပင်ဖြစ်စေ စပေ့စ်သမားတွေတောင် တရားဝင်လုပ်မရဖြစ်နေသည်။ အေးလွင်တို့ လုပ်သည်ကိုတော့ မသိချင်ယောင်ဆောင်နေသည်။န-အ-ဖ ဧ။် အတိုက်အခံ အတွင်း ပြည်သူလူထုအတွင်သွေးခွဲသပ်လျိုသည့် လုပ်ငန်းအောင်မြင်သည် ဟုပြောရမည်။ တတိယ အင်အားစုများကတော့ ယခုကတည်းက အဆိပ်သင့်နေပြီဖြစ်သည်။ သို့ သော်ဒီလောက်ကြီးမစိုးရိမ်ရ ဗမာပြည်နိုင်ငရေးသဘာဝကိုက ဆင်သွားမှလမ်းဖြစ်သည်။ ဘယ်သူဘာနေနေ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မလုပ်ချင်လျှင်ဘာမှဖြစ်မည်မဟုတ်။ ပုဇဉ်းရင်ကွဲတွေလိုသာဖြစ် နေမည်။ မောင်စူးစမ်းနှင့်သခင်တင်မြအကြောင်းကိုတော့ ကွန်မြူနစ်ပါတီက ကောင်တာပြန်ပစ်သည်။ အားရသည်။ လူငယ်များအတွက် တကယ်အကျိုးရှိသည်။ သမိုင်းကြောင်းကိုပြန်လှန်ပြသည့်အတွက် သင်ခဏ်းစာများ ရသည်။ သို့ သော်ကွန်မြူနစ်ပါတီအနေနှင့်ဒီထက်ပိုမိုပြီး ပြည်တွင်းအတိုက်အခံအင် အားစုများနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်။ လူထုလှုပ်ရှားမှုများဖြစ်ပေါ်လာအောင်အကြံညဏ် ကောင်းများပေးနိုင်မည်ဟုယူဆသည်။ မ-ဆ-လ တိုက်ခဲ့သည့်ဝါဒမှိုင်းကိုဖြေရှင်းပေးနေသည့်အဆင့် ထက် ပိုပြီးဆောင်ရွက်စေလိုသည်။
ဗမာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေအပြင်တကယ်အရေးပါသည့် အင်အားစု တရပ်ရှိနေသေးသည်။ မျိုးဆက်သစ်လူငယ်များဖြစ်သည်။ထောင်ထဲဘယ်သူမှမ၀င်ချင်ကြပေ။ ဒီတော့တခြားနည်းလမ်းကိုရွေးရမည်။ အရင်းနည်းနိုင်သမျှနည်းနည်းနှင့် အမြတ်များနိုင်သမျှများများ ရအောင်လုပ်ရမည်။ ဥိးဝင်းတင်ပြောသည့်နိုင်ငံရေးပုံစံသစ်ကို ဂရုပြုရမည်။ တူတာတွေကိုအတူတူလုပ် ပြီးမတူတာတွေကိုခွဲလုပ်ရမည်။ သေချာတာက နိုင်ငံရေးစကားလုံးတွေပြောနေမှ နိုင်ငံရေးမဟုတ်။ သူငယ်ချင်းအချင်းချင်းကြား မိသားစုကြားမှာ သြဇာသက်ေ၇ာက်နေအောင်လုပ်ခြင်း၊ ပတ်ဝန်းကျင်ရပ် ကွက်အတွင်း ငယ်ပေမယ့် အကြည်ညိုခံရအောင်နေထိုင်နိုင်ခြင်းတို့ လဲ နိုင်ငံရေးဖြစ်သည်ဆိုတာကို သိ၇မည်။ အချင်းချင်းစည်းရုံးရမည် ။ တွေ့ ဆုံဆွေးနွေးရေးလုပ်မလိုလိုအသံကြားသည်နှင့် ရေစုံမျှော လိုက်သည့်အကျင့်ကိုမဖျောက်လျှင် မြွေပေါက်ခံရကိန်းရှိသည်။ ဒီတော့ကိုယ့်အလုပ်ကိုယ်လုပ်ရမည်။ စည်းရုံးရေးနှင့် လူငယ်အချင်းချင်းပညာပေးရေးဖြစ်သည်။ သိုသိုသိပ်သိပ်နှင့် အရံသင့်စည်းလုံးညီ ညွှတ်သော အင်အားတရပ်ကိုထူထောင်ထားရမည်။ ဦးသန်းရွှေအခြေအနေမဟန်သည်နှင့် လုပ်သင့် လုပ်ထိုက်သည်များကိုသွက်သွက်လက်လက်ထက်ထက်မြက်မြက်လုပ်ရမည်။ ဒါကြောင့်လူငယ်တိုင်း နိင်ငံရေးအခြေအနေနှင့် အကြမ်းမဖက်နည်းနာများကိုလေ့လာထားရမည်။ နိုင်ငံတကာကိုလဲ အာရုံထားရမည်။ အန်အယ်လ်ဒီလူငယ်များပိုအရေးကြီးပါသည်။ ရာထူးကြိးသလို တာဝန်လဲကြီးသည် ကိုသတိရပါ။လူငယ်အချင်းချင်း(အာဏာရှင်စနစ်ဖယ်ရှားရေး)အတွက်ညီညွတ်ရေးကျယ်ပြန့်ခိုင်မာအောင် လုပ်ထားသင့်ပါသည်။
တဆင့်တက်လျှင် လူကြီးလူငယ်ညီညွတ်ရေး ရာနှုန်းပြည့်မရတောင် ၇၀ ရာနှုန်းရအောင် တည်ဆောက်ရပါမည်။ ညီညွတ်သော အင်အားစုတခုကသာ ရုတ်တရက်ပေါ်လာမည့် နိုင်ငံရေးဟာကွက်ကို ဖြည့်နိုင်မည် ထင်ပါသည်။ထိုအင်အားစုသည် လူငယ်တို့ဧ။် ညီညွှတ်မှု စည်းရုံးမှု တို့ အပေါ်အခြေခံမည်ဖြစ်သည်။

ရန်ငြိမ်းအောင်(လူငယ်)


လူကြီးမင်း အနေဖြင့် ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ်မည် ဆိုပါက လူကြီးမင်းအား ဗမာ့ရေးရာအဖွဲ့သားများမှ ဘလော့ဂ် ပြုလုပ်ပေးရန် အဆင့်သင့် ရှိနေပါသည် ။

လူကြီးမင်း အနေဖြင့် ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ်ရန် ဆန္ဒရှိပါက ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့ ၏ Blog Templates ၀ပ်ဆိုဒ်www.ban-templates.org.uk.tt သို့ သွားရောက်ပြီး လူကြီးမင်း ပြုလုပ်လိုသော ဘလော့ဂ် တန်းပရိတ်ပုံစံနံပါတ် ( ဥပမာ - BAN-001 ) နှင့် ဘလော့ဂ်တွင် ဖော်ပြမည့် လိုအပ်သည့် အချက် အလက် များအား လည်းကောင်း ၀ပ်ဆိုဒ်တွင် ရှိသော Form အား ဖြည့်စွက်ပြီး အတည် ပြုပေးပါရန် လို အပ်ပါသည်။လူကြီးမင်း အတည် ပြုသည့် ရက်မှ ( ၂ ) ရက် အတွင်း ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ် ပေးမည် ဖြစ်ပါသည်။

Blogspost Name အပြင် ကိုယ်ပိုင် ဒိုမိန်း ထပ်မံ ရယူလိုသူများ အနေဖြင့် ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့ ၏ Burma Affairs Register a Domain ၀ပ်ဆိုဒ် http://www.ban-domain.org.uk.tt သို့သွားရောက်ပြီး လည်းကောင်း ၀ပ်ဆိုဒ်တွင် ရှိသော Form အား ဖြည့်စွက်ပြီး Register ပြုလုပ်ပေးရန် လိုအပ်ပါသည်။ လူကြီးမင်းမှ Register ပြုလုပ်ပြီး ( ၅ ) နာရီအတွင်း လူကြီးမင်း Register ပြုလုပ်ထားသော ဒိုမိန်း အား အတည်ပြု စတင် သုံးစွဲလို့ ရကြောင်း အကြောင်း ကြားပေးမည် ဖြစ်ပါသည်။

ဗမာ့ရေးရာအဖွဲ့သားများ အနေဖြင့် Blog ပြုလုပ် ပေးခြင်း နှင့် ကိုယ်ပိုင် ဒိုမိန်းပြုလုပ် ပေးခြင်း ၏ ရည်ရွယ်ချက်မှာ ....

၁။ မြန်မာပြည်ရှိ ပြည်သူ/ပြည်သားများ သတင်းလွတ်လပ်ခွင့်ရရှိရေး
၂။ သတင်း နှင့် နည်းပညာ တိုးတက်ရေး
၃။ မြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် တဖက်တလမ်းမှ မီဒီယာစွမ်းအား ဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရေး တို့ ဖြစ်ပါသည်။

ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့သားများ နှင့် ပူးပေါင်း ဆောင်ရွက်လိုသူ များအားလည်း လေးစားစွာ ဖိတ်ခေါ် အပ်ပါသည်။

----------၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့....
.

၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား.....

၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..

၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်

၅။ခြင်မှာလည်းသွားရှိတယ်ဗျ

၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း

၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ

၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်...ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)
ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစားနိုင်လို့သေရတာတဲ့

၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး

၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁

၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)

၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ

၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ

၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့  အိပ်ခန်းတဲ့..

၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ်တဲ့

Spades:King David
Clubs:Alexander The Great
Hearts:Charlemagne
Diamonds:Julius Cesar

၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက် (၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့် သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံး မြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့ (ကဲ...ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်) (ရုပ်တုကိုကြည့်ဖို့ပြောတာနော်)

၁၇။ဟိုးရှေးရှေးတုန်းက အင်္ဂလန်မှာ ဘုရင့် ရဲ့အမိန့် မရပဲ ပြည်သူပြည်သားတွေဟာ လိင်ဆက်ဆံလို့မရကြပါဘူးတဲ့... သူတို့ဟာ ကလေးလိုချင်ရင် ဘုရင့်ခွင့်ပြုချက်ရမှ...အဲဒီခွင့်ပြုချက်ကို အိမ်တံခါးဝမှာချိတ်ပြီး လိင်ဆက်ဆံမှုပြုရပါတယ်တဲ့... ဟီးဟီး..တစ်မျိုးပဲနော်
အဲဒီ Plague ကတော့ဒီလိုလေးပါ... "Fornication Under Consent of the King" (fuck)
(ရိုင်းတယ်လို့မထင်စေချင်ပါ... သိစေချင်လို့တင်ပြပေးတာပါခင်ဗျာ...)

၁၈။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို ဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ်တဲ့.... ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru" လို့ဖြေကြပါတယ်
ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို "Kangaroo" လို့ ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက "We don"t understand you " ပါတဲ့ဗျား..

၁၉။ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြည့်ကြစမ်းပါ..ရလားမသိဘူး

၂၀။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် " 0 killed" လို့ရေးပြီးပြန်လာကြပါတယ်တဲ့....အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့ "OK "ဆိုတာ ဖြစ်လာတာပါ..

ကဲ..ဒီလောက်ပါပဲ.. နောက်များမှ..အားတဲ့အချိန် တင်ဆက်ပေးပါအုံးမယ်..
သြော်..ပြောစရာကျန်ခဲ့သေးတယ် ဒီစာကိုဖတ်တဲ့ သူ ၈၀% က ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြတယ်ဗျား.... ဟုတ်ရဲ့လား...။:P

Thanks to the email senders
မာင်သြ
၇ ဒီဇင်ဘာ ၂၀၀၉



နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ အန်အယ်လ်ဒီခေါင်းဆောင်လည်းဖြစ်၊ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို (၂၅-၉-၀၉) နေ့က စာတစောင်နဲ့ (၁၁-၁၁-၀၉) နေ့က စာတစောင် စုစုပေါင်း စာနှစ်စောင် ပေးပို့ခဲ့ပါတယ်။

ပထမပေးပို့တဲ့ စာပါအကြောင်းအရာက “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ” ဖြစ်ပါတယ်။ အဲဒီစာနဲ့ပတ်သက်ပြီး နအဖဘက်မှ လိုက်လျောခွင့်ပြုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးယာယီတာဝန်ခံ Mr. Thomas L. Vajda၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုယ်စားလှယ် သံအမတ်ကြီး (ဗြိတိန်နိုင်ငံသံအမတ်ကြီး) Mr. Andrew Richard Heyn၊ သြစတြေးလျသံရုံး ယာယီတာဝန်ခံ Mr. Simon Christopher Starr တို့နဲ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် စာပါ အချက် (၅) မှာ တင်ပြတောင်းဆိုထားတဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ သဘောထားညှိနှိုင်းရယူနိုင်ရေး ဆိုတဲ့အပေါ်မှာတော့ ခွင့်ပြုချက်မရခဲ့တာ တွေ့ရပါတယ်။

သံတမန်တွေနဲ့တော့ တွေ့ဆုံဆွေးနွေးခွင့်ပေးခဲ့ပြီး အန်အယ်လ်ဒီ အလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံခွင့် မပေးခဲ့တဲ့အပေါ် ဘာကြောင့်လဲဆိုတာ စဉ်းစားစရာ ဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ ကျန် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေရဲ့ သဘောထားဟာ အခုအချိန်မှာ ထပ်တူထပ်မျှရှိပြီး တူညီတဲ့ ပန်းတိုင်ကို တူရူသွားနေတယ်ဆိုတာ ယုံမှားသံသယရှိစရာမလိုပါဘူး။ တစိတ်တ၀မ်းတည်းပဲ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

စာနဲ့အတူ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု တံခါးကြီးကို ဖွင့်ပေးနိုင်ဖို့နဲ့ ဘာကြောင့် ပိတ်ဆို့ထားရသလဲဆိုတဲ့ အခြေခံအချက်တွေအပေါ် လေ့လာနိုင်ဖို့၊ နအဖနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်လှပစေဖို့ဆိုတဲ့ စေတနာ မေတ္တာအလင်းတန်းကို ဒေါ်အောင်ဆန်းစုကြည်က ပထမခြေလှမ်းအဖြစ် ထွန်းညှိပေးလိုက်တာဖြစ်ပါတယ်။

ဒုတိယပေးစာမှာတော့ (၃-၁၁-၀၉) နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာကြတဲ့ အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးရာဝန်ကြီးလည်းဖြစ်၊ အာရှပစိဖိတ်ရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ ကာ့တ်ကမ်ဘဲနဲ့ အဖွဲ့ကို နိုင်ငံရေးအဖွဲ့အစည်းများနဲ့လည်းကောင်း၊ မိမိနဲ့လည်းကောင်း တွေ့ဆုံဆွေးနွေးခွင့် ပေးတဲ့အတွက် နအဖအစိုးရအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ အခြားမြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် လုပ်ငန်းများကိုလည်း နအဖနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါကြောင်းနဲ့ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း တွေ့ဆုံတင်ပြခွင့်ပြုစေလိုကြောင်း ပါရှိခဲ့ပါတယ်။ ဒါ့အပြင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အားလုံး (ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေ) တို့နဲ့ ၎င်းရဲ့ နေအိမ်မှာ အစည်းအဝေးကျင်းပခွင့်ပြုဖို့နဲ့ ကျန်းမာရေးမကောင်းတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့်ပေးဖို့ မေတ္တာရပ်ခံတဲ့အကြောင်းလည်း ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာ (၂) စောင်လုံးကို အလေးအနက်ထား စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ပြည်သူလူထုတွေ မျက်မှောက်ဖြစ်ပျက်ခံစားနေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ရေးအတွက် နအဖတပ်မတော်အစိုးရနဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်ခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်သင့်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးသင့်ပြီ ဆိုတဲ့အချက်ကို မီးမောင်းထိုးပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားရှိတဲ့ သူမရဲ့ ပကတိဖြူစင်ရိုးသားမှု စေတနာ မေတ္တာကို အရင်းခံပြီး ပန်းခင်းလမ်းကို ဖောက်ပေးလိုက်တယ်ဆိုတာ အထင်အရှား ပေါ်လွင်နေပါတယ်။

ဒီလိုဆိုရင် နအဖဗိုလ်ချုပ်မှူးကြီး ဘက်ကကော ဘယ်လိုရှိမလဲဆိုတာ သူဘက်ကိုယ့်ဘက် စဉ်းစားရပါတော့မယ်။ ယနေ့အချိန်ဟာ တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ်ဆိုရင် ငြှိုးသူရန်ဘက် ဖြစ်နေရမယ့် အချိန်မဟုတ်ပါဘူး။ တဦးက မေတ္တာ၊ တဦးက စေတနာ ဖလှယ်တုံ့ပြန်ပြီး အာဃာတကင်းကင်းနဲ့ သင်ပုန်းချေနိုင်ရမယ့်၊ သူမနာ ကိုယ်မနာ သွားရမယ့် အချိန်ဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာ မြန်မာ့သားကောင်းလူမျိုးပီပီ ထိပ်တန်းခေါင်းဆောင်ကြီးများ အလေးအနက်ထား စဉ်းစားသင့်ပါပြီ။

ပုထုဇဉ်လူသားတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရှိတတ်ကြသလို အမှားလည်း ရှိတတ်ကြပါတယ်။ အမှားကို အမှားမှန်းသိပြီး အမှန်မြင်တာက လူပညာရှိ လူလိမ္မာဖြစ်ပါတယ်။ အမှားကို အမှားမှန်းသိပြီး မပြင်ဘဲ ဆက်မှားနေတာ လူ့အန္ဓ လူယုတ်မာတို့သာဖြစ်တယ်ဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်မှာ ရှိပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာ ဗုဒ္ဓရဲ့ သားတော်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေကို ရိုက်နှက် ဖမ်းဆီး သတ်ဖြတ် ထောင်ချခဲ့တဲ့ အကြမ်းဖက်ပြစ်မှုကြီးကို ဘယ်လို ချေဖျက်သန့်စင်မှာလဲ။ မကြာမီကမှ သီရိလင်္ကာနိုင်ငံကို ဘုရားဖူးသွားပြီး ပြန်လာခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အသက်လည်း (၇၇) နှစ်ရှိပြီး အရွယ်လည်း အိုမင်းလာပါပြီ။ နောင်တမလွန်ဘ၀ကူးကောင်းဖို့အတွက် ယခုကတည်းက လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ စွန့်ခွာပြီး နောင်တတရားတွေရဖို့ အချိန်တန်ပါပြီ။ အကောင်းမြင် အပြုသဘောဆောင်ရွက်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာ (၂) စောင်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးအနေနဲ့ မကြာမီက မြ၀တီရုပ်သံမှာ ပြသသွားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ကား “ကြီးမြတ်သူတို့နှလုံးသား” ထဲက စိတ်ထားမြင့်မြတ်တဲ့ မင်းကြီးလို ကျင့်ကြံအားထုတ် ဆောင်ရွက်သွားနိုင်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ ငြိမ်းချမ်းသာယာပြီး အာရှမှာ စီးပွားရေးပြိုင်ဖက်ကင်းတဲ့ အာရှကျားတကောင် ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဘူးလို့ ယုံကြည်ပါတယ်။

တိုင်းပြည်နဲ့ ပြည်သူ့အကျိုးကို တကယ်လိုလား မြတ်နိုးတယ်ဆိုရင် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေဟာ မိမိတို့ရဲ့အာဏာတည်မြဲရေး၊ မိသားစုကောင်းစားရေး၊ အတ္တအကျိုးစီးပွား ချမ်းသာရေးကို အနှစ် (၂၀) ကျော် ၀အောင်၊ ပြဲအောင်၊ လန်အောင် ခံစားခဲ့ပြီးပြီမို့ ရပ်တန်းက ရပ်သင့်ပါပြီ။

ကျနော်တို့ တိုင်းသူပြည်သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာ (၂) စောင်အပေါ် နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပကတိရိုးသားစစ်မှန်ပြီး တရားမျှတတဲ့ တုံ့ပြန်မှု ခွန်အားကိုသာ ယုံကြည်ကိုးစား မျှော်လင့်လျက်ရှိပါတယ်။ နောက်ဆုံးအနေနဲ့ ဗိုလ်ချုပ်ကြီးများ ဆင်ခြင်နိုင်ဖို့ စလေဆရာ ဦးပုညရဲ့ ယုန်မင်းဝတ္ထုထဲက ကဗျာလေးနဲ့ပဲ သတိပေးလိုက်ပါရစေ။

“ယခုခါမူ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား
ဟောကြားမည့်သူ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မူ …
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်
အမိုက်တကာ့ ဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်
အပါယ်လေးလီ၊ မြစ်နဒီတွင်
ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။”

(သာသနာရေးဝန်ကြီးဌာနမှထုတ်သော ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်နိဒါန်းမှ …)

http://www.khitpyaing.org/articles/Dec09/071209.php
Nyi_Nyi_Aung_HS_burmese_7_Dec_2009
Nyi Nyi Aung HS English 7 Dec 2009
Kyaw_Zaw_Lwin_aka_Nyi_Nyi_Aung_29_Sep_09

Monday, 7 December 2009

Burma: Under military dictatorship---Half the century

1988: Current junta came to power---Gunned down 3000 peaceful demonstrators

1990: Junta held the election---Aung San Suu Kyis party NLD won landslide---Junta refuses to recognize it

1993: Junta draft the constitution---Hand-picked delegations---It took 14 years

2008 May: Cyclone Nargis struck Burma---250, 000 died & 2.5 million homeless---Adopt the constitution unilaterally

Aung San Suu Kyi, Democratic and Ethnics groups say--- NO !

WHY ???

COMING SOON !!!
Burma: Under military dictatorship---Half the century

1988: Current junta came to power---Gunned down 3000 peaceful demonstrators

1990: Junta held the election---Aung San Suu Kyis party NLD won landslide---Junta refuses to recognize it

1993: Junta draft the constitution---Hand-picked delegations---It took 14 years

2008 May: Cyclone Nargis struck Burma---250, 000 died & 2.5 million homeless---Adopt the constitution unilaterally

Aung San Suu Kyi, Democratic and Ethnics groups say--- NO !

WHY ???

COMING SOON !!!

We walk for peace by Kinzli & the Kilowatts




Saturday, 5 December 2009

Chrysler brand joins effort to free 1991 Nobel Peace Laureate in new TV film

PRESS RELEASE

December 4, PRNewswire
Chrysler brand joins effort to free 1991 Nobel Peace Laureate in new TV film

Auburn Hills, Michigan – In an innovative new TV film breaking today, the
Chrysler brand has joined with Lancia Automobiles and the international
community in the movement to call for the release of Aung San Suu Kyi,
Burma's pro-democracy leader and 1991 Nobel Peace Prize Laureate, who has
been in and out of house arrest since 1989.

The 30-second film was initially created as part of the Lancia brand's
sponsorship of the 10th World Summit of Nobel Peace Laureates in Berlin
Nov. 10-11, 2009, for which the theme was "Knocking down new walls and
building bridges for a world without violence." The timing of the summit
also coincided with the 20th anniversary of the fall of the Berlin Wall.
The film first aired in Europe on Nov. 12.

The Nobel Peace organization has led the international effort to raise the
awareness of Aung San Suu Kyi's plight and energize the movement for her
release. Through the film, featuring the Chrysler 300, the Chrysler brand
is demonstrating its commitment to supporting social issues and defending
human rights around the world.

"We produced the TV film in honor of all those who put their lives at
stake in the hopes of making the world a better place," said Oliver
Francois, President and CEO - Chrysler Brand, Chrysler Group LLC, who is
also the Managing Director of Lancia Automobiles. "In particular, those
men and women who are still prisoners, like Aung San Suu Kyi. For
Chrysler, this is a chance to use our brand image to join with others in
the fight for peace and to knock down the walls that divide us. We at
Chrysler believe in doing the right thing and making a difference."

The film opens at the Brandenburg Gate, a symbol of the reunification of
the two sides of Berlin, and continues with images of the Berlin Wall,
those sections that still exist, as a Chrysler 300 drives by on its way to
the front of the city's Town Hall, host of the summit.

The voiceover, which continues throughout the film, says:

"It is possible to build walls that separate city from city, nation from
nation, people from people.

But it is impossible to build a wall that separates man from his freedom...

Because freedom always finds a way to create peace.

This film is dedicated to Aung San Suu Kyi.

Still a prisoner behind a wall of silence."

As the 300 arrives at its destination, men and women, who are the symbols
of peace and the struggle against all forms of oppression and violence,
get out of the cars. Those featured include Mikhail Gorbachev, Executive
President, Soviet Union, 1989-1991; Lech Walesa, President, Poland,
1990-1995; and Muhammed Yunus, founder of the Grameen Bank in Bangladesh
in 1983, who believes that credit is a fundamental human right.

As the music reaches its emotional crescendo, viewers see that one of the
Chrysler 300s is different from the others - it is white. The vehicle
comes to the Berlin Wall, a symbol to people around the world of liberty
denied, then smashes through it, transforming the explosion into a flight
of white doves, a universal symbol of peace.

The Chrysler 300 goes up the steps to the Town Hall, but as the car's rear
door opens, the seat is empty. Someone is missing. It is Aung San Suu Kyi,
who is still a prisoner in her own country.

The Chrysler film will initially break on the brand's Web site
(www.chrysler.com) on Dec. 3 and will then air throughout the day on FOX
News's "O'Reilly Report," "Hannity's America," and "On the Record with
Greta," and on Bloomberg's "Market Today."

In addition, visitors to the Chrysler brand site will have the opportunity
to join the movement to send a message of freedom and solidarity by
linking to YourFaceForFreedom.com. Visitors will be able to replace their
Facebook profile photo with that of Aung San Suu Kyi, which will be
available for download from the site. Then on Dec. 10 when the Nobel Peace
prize is awarded to Barack Obama, the Facebook media platform will
showcase the faces of those calling for the immediate release of the
Burmese leader.
ဇော်ဝင်း (နယူးရော့်ခ် )

မြန်မာလူငယ်များအခေါ် ဂမ်ဗလား ကို စစ်ယူနီဖောင်း ဝတ်ပေးထားလိုက်တဲ့ ဓါတ်ပုံကို ကြည့်လိုက်တာနဲ့ လူတိုင်းဘာအဓိပ္ပါယ်လဲ ဆိုတာ တန်းသိကြမှာပါ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ သူပါဝင်ခဲ့ရာက အခုတော့ ဒါ့ဖာ အရေးကို သူပြောင်းလဲ တာဝန်ယူသွားရပြီ။ သူ့ အတွက် ဒီ ဓါတ်ပုံ လေးတခုပဲ အမှတ်တရလက်ဆောင်ပေးလိုက်ချင်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်မြေးလည်းဖြစ်၊ ကုလသမဂ္ဂထဲ အရာရှိကြီးလဲ ဖြစ် တဲ့ ဦးသန့် မြင့်ဦး က စီပွါးရေးပိတ်ဆို့မှု ရုပ်သိမ်ရေး လုပ်ပေးဖို အခမဲ့ လှုံဆော်နေတာတွေကိုတွေ့ တော့ စိတ်ပျက်ရတယ်။ နအဖကို ခမဲ့  ရှေ့ နေလိုက်ပေးနေတာကိုတွေ့ ရ တော့ သူရည်ရွယ်ချက်ကို သံသယဖြစ်မိတယ်။ တကယ်က စီပွါးရေးပိတ်ဆို့မှု ဖြစ်အောင် စစ်အုပ်စုကပဲ လုပ်နေတာပါ။

စီပွါးရေးပိတ်ဆို့မှု ကို ရုတ်သိမ်းလို့မရအောင်က လဲ စစ်အုပ်စု ရဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဖို့ ၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့ အမိန့်အာဏာနဲ့ ဥပဒေရိပ်ခိုပြီး မတ္တရားရေးဆွဲထားတဲ့ ၂၀၀၈ နိုင်ငံတော်ဖျက်ဆီးပုံ ပြင်ဆင်ဖို့ ဆိုတဲ့ တကယ့် အမျိုးသားရေးအကျိုးစီးပွါးအတွက် အဓိကကျတဲ့ အချက်အလက် တွေကို ဦးသန်းရွှေ က ရဲရဲဝင့်ဝင့်မဆုံးဖြတ်နိုင်သေးတာဟာ အဓိက သော့ချက်ပါ။ စစ်အုပ်စု က မြန်မာတပ်မတော် ကို လမ်းမှား တင်ပေး ပြီး ဆက်လက် မောင်းနှင်နေလို့ နိုင်ငံ့ပြသနာဟာ ကြီးထွားလာရတာပါ။ ပြည်တွင်းစစ်မီးမရပ်နိုင်သေးတာပါ။ ငြိမ်းချမ်းရေး မရသေးတာပါ။ တိုင်းပြည်ဆင်းရဲနေရ တဲ့ ပြဿနာ ဟာ အာဏာ ပိုင် စစ်တပ်က စစ်အုပ်ချုပ်ရေး ညံ့ဖျင်းမှု ကြောင့် မဟုတ်လား။

အန်ကယ်ဦးကြည်မောင်စကား ငှါး သုံးရရင် "ညီမလေး အရပ်ပုရင်ဘာလုပ်ရ မလဲ ဒေါင့်မြင့်ဘိနပ်ဝယ်စီးလိုက်ပေါ့တဲ့" ။ ဒီနေ့ တိုင်းပြည်ရဲ့  ပြသနာ ကို ရှင်း ဖို့က တွေ့ဆုံဆွေးနွေးတဲ့ နည်းက လွဲလို့ အခြား နည်းလမ်းဘာမှမရှိပါဘူး။ ဒီနည်းဟာ အကြမ်းမဖက် အနုနည်း လမ်းစဉ်ရဲ့ အဆင့်အမြင့်ဆုံး သူမသာကိုယ်မနာနည်း ပါ အကောင်းဆုံးပါ။ တွေ့ဆုံဆွေးနွေးတဲ့ နည်းဟာ အဆင့်မြင့်မြင့် နိုင်ငံရေးလုပ်လိုသူတွေရဲ့ တခုတည်းသောနည်း လမ်းပါ။ လက်စားမချေ သင်ပုန်းချေနိုင်တဲ့ ငြိမ်းချမ်းရေး ဦးတည်မဲ့ တခုတည်းသော နိုင်ငံ့ထွက်ရပ်လမ်းပါ။ ဒါ့ ကြောင့် စီပွါးရေးပိတ်ဆို့မှု ရုပ်သိမ်ရေး လုပ်ပေးဖို့ နည်း နဲ့ နိုင်ငံ့ပြသနာ ကို ဆေးမီတို နည်းနဲ့ ရှင်းဖို့လုပ်တဲ့နည်းဟာ ငကြောင်နည်း ဒီနည်းကို အားပေးအား မြှောက်ဝင်လုပ်နေ တဲ့ ဦးသန့်မြေးလေး ကိုသန့်မြင့်ဦး ကို လဲ စစ်ယူနီဖောင်း ဝတ်ပေးသင့်ပါတယ်။ "ဝိပ္ပတ္တိ ခေတ်သမယ ညစ်နိုင်မှလူတော် ရိုးပြန်က လူမိုက်ခေါ်သည် လော်လည်လျှင် ထင်ရှား" ဆိုတဲ့ ရှေးရှေး က ကဗျာ မှန်နေပြီလေလား။

ဒီကနေ့ ကျွန်တော် ဒီစာရေးနေချိန် အထိ ကမ္ဘာ့ကုလသမဂ္ဂက မြန်မာ့အရေး ဘာတခုမှ မယ်မယ်ရရ မလုပ်ဆောင်နိုင်သေးပါဘူး။ လေနဲ့ အပြစ်တင်ကြောင်း ရှုံ့ချပါကြောင်း ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာ များလှပါပြီ။ကျွန်တော် နယူးရော်ခ် ရောက် တာ ၁၉၉၅ မှာ ပါ။ ပြည်ပရောက် အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ ရဲ့ ကုလသမဂ္ဂရုံး တောင် မဖွင့်ရသေးပါဘူး။ နယူးရော်ခ် မှာ စစ်အစိုးရ ရဲ့ အခွန်ရုံး မရှိပါဘူး။ စစ်အစိုးရ ရဲ့ ကုလသမဂ္ဂ ကိုယ်စာလှယ်ရုံး အဖြစ်သာ နာမည် တပ် ထားပေမဲ့ အခွန်ကောက်ပါတယ်။ ကျွန်တော် တို့ နယူးရော်ခ် ရောက် ဒီမိုကရေစီ အင်အားစု တွေ ကမ္ဘာ့ကုလသမဂ္ဂ နဲ့ စစ်အစိုးရ ရဲ့ ကုလသမဂ္ဂ ကိုယ်စာလှယ်ရုံး တို့ ကို သပိတ် မှောက်တဲ့ အကြိမ်ပေါင်း မရေမတွက် နိုင်တော့ပါဘူး။ စစ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး တွေ မုသားတွေ ကို သစ္စာလုပ်ကြသူတွေ ဖြစ်ကြတဲ့ ဦးအုန်းဂျော် ဦးဝင်းအောင် ကနေ အခု ဦးညာဏ်ဝင်း အထိအောင် ရိုးရိုး ဆန္ဒပြ ရာကနေ အနီးကတ် ဆဲတဲ့အထိ အခု နောက်ဆုံးပေါ်နည်းက တော့ ဆဲ လဲဆဲ ဘိနပ်နဲ့လဲ ပေါက်တဲဆန္ဒပြတဲ့နည်း အထိသုံးပြီး ဆန္ဒပြ ကြပါတယ်။

ပြီးခဲတဲ့ လက စစ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဦးဝင်းအောင် ဟာ အင်းစိန်ထောင်ထဲမှာ ပဲ ဆုံးသွားတယ် သတင်းကြားလိုက်ရ တော့ စိတ်မကောင်းတောင် ဖြစ်သွားမိသေးပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂကိုလာ စစ်အုပ်စု ကိုယ်စားလာ လိမ်ကြတဲ့ စစ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် ကို ရှုံ့ချပွဲ အဒီဆန္ဒပြပွဲ မှာ ကျွန်တော်က အခမ်းအနားမှုးလုပ်ပါတယ်။ အင်းစိန်ထောင်ထဲ မဝင်ခင် ကျွန်တော်တို့ နဲ့ မိန့်ခွန်းလိမ်ညာ ပြောတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် တို့ အေးရှဆိုဆိုက်ရတီ အဆောက်အဦ ရှေ့မှာ ထိပ်တိုက်တိုးတော့ ဦးဝင်းအောင် က ခါးလေးထောက်ပြီး ကျွန်တော်တို့ ဆန္ဒပြ ပြကြသူတွေ ကို ရိသလိုလုပ်လို့ ပလူပြန်အောင် ဝိုင်း ဆဲလိုက်ကြတာ ဦးဝင်းအောင် ကားထဲ သုက်သုက်ဝင်ပြေးသွားရတာ အမှတ်ရသွားမိပါတယ်။ နိုင်ငံရေး သံဝေဂ ရစရာပါ။ စစ် အုပ်စု ထဲက ဗိုလ်ခင်ညွန့် နဲ့ ဗိုလ်သန်းရွှေ ပြောင်းတို ပြောင်းရှည်တိုက်ပွဲ ထောက်လှမ်းရေး စစ်တပ် အားပြိုင်ပွဲမှာ ဦးဝင်းအောင် တို့ အရေးနိမ့်သွားပြီး အင်းစိန်ထောင်ထဲမှာ သေသည်အထိနေသွားရ မယ်ဆိုတာ သူ့ကိုယ်သူတောင် သိမှာမဟုတ်ပါဘူး။ ဝဋ်ဆိုတာ လည်တယ် ဆိုတာ ဦးဝင်းအောင်ခမျာ သိသွားပါလေစ။



ဘန်ကီမွန်း နဲ့ စီနေရာ ဂျန်နရယ် အီဘရာဟင်ဂမ်ဘာရီ

We walk for peace by Kinzli & the Kilowatts

ရန်ပွဲလေး သဘောကျလို့  ပို့ လိုက်တာ

ဇာတ်လမ်းအစ...
အင်တာနက်ကဖေးဆိုင်တစ်ခုအတွင်း ဆိုင်အ၀င် ကောင်တာတွင်
ဆိုင်ထိုင်နေသောကောင်မလေးနှင့် ကူညီပေးသူကောင်လေးတစ်ယောက်ရှိေ
န၏
ဆိုင်အတွင်း အသည်းအသန်chatting လုပ်နေကြသူ
ကောင်လေးကောင်မလေးများ မျက်စိအစာကျွေးနေသောဦးလေးကြီးများ တစ်ဖက်အခန်းတွင်
ဖရုသ၀ါစာ စကားလုံးများဖောဖောသီသီသုံးပြီး Game ဆော့နေကြသော
အရွယ်မျိုးစုံယောက်ျားလေးများလည်းရှိနေကြသည်

ထိုအချိန်တွင် ဆိုင်အတွင်းသို့
ပိုက်ဆံအိတ်ခပ်ကြီးကြီးလွယ်ထားပြီးမျက်နှာတွင် မိတ်ကပ်များကို
စိတ္တဇပန်းချီဆရာတစ်ယောက်စိတ်ကြိုက်ချယ်ထားသကဲ့သို့ ပြင်ဆင်ထားသော
အမျိုးသမီးကြီးတစ်ဦးဝင်လာလေသည်
“ သမီးရေ အန်တီ့သမီးနဲ့ video chat ပြောချင်လို့ပါကွယ် လုပ်ပေးပါအုန်း ’’
“ဟုတ်ကဲ့ပါ သမီးဘေးက ဒီကွန်ပြူတာမှာထိုင်လိုက်နော်’’

“ လိုင်းတွေကရောကောင်းရဲ့လားကွယ်
ဟိုနေ့ကတော့အန်တီပြောတာအသံကသိပ်မကြားရလို့ကွယ့် အန်တီ့သမီးလေးက
စင်ကာပူမှာလေ သူက အန်တီနဲ့နေ့တိုင်းနီးပါးစကားပြောချင်တာတဲ့
အိမ်ကိုလည်းဖုန်းဆက်ပါတယ်ကွယ်ခဏခဏပဲ အန်တီက
သူ့မျက်နှာလေးပါမြင်ချင်လို့ဒီကိုလာရတာပါ
တကယ်ဆိုအန်တီကလေဒီလိုလူတွေကြားထဲစကားသိပ်ပြောတတ်တာမဟုတ်ဘူး သိတယ်မှတ်လား
ဒီအချိန်ကအရမ်းပူတာလေ အန်တီက Aircon
အခန်းထဲမှာနေရမှနေလို့ကောင်းတာသမီးရဲ့ ”

“ ဟုတ်ကဲ့ ကျွန်မတို့ဆိုင်ကအမြန်နှုန်းက အရမ်းကောင်းပါတယ်အန်တီ
လှစ်လှစ်ကိုပြေးနေတာပဲပြီးတော့ ဒီဆိုင်မှာက မီးစက်ကို ၂၄
နာရီမောင်းထားတာပါ ဒီတော့ Aircon ကလည်းအမြဲအေးပါတယ်ရှင့် သြော်..
ရပြီအန်တီ အန်တီ့သမီးကိုပြောလို့ရပါပြီနော် ဟယ်လို ဟယ်လို
ကြားရလားခဏလေးနော် ရော့အန်တီ ..ပြောလို့ရပါပြီ ”

“အေး သမီးရေ မေမေပါ ကြားရလားသမီးလေးသမီးလေးနေကောင်းရဲ့လား
ဒီနေ့သမီးလေးနားရက်ဆိုလို့
မေမေလာခဲ့တာလေသမီးရဲ့သမီးဖေဖေကတော့မလိုက်လာဘူးလေ
သူကဒီလိုလာပြောရတာကိုရှက်လို့တဲ့ကွယ် တကယ်တော့ဘာရှက်စရာလဲ သမီးရယ်
ကိုယ့်သမီးက နိုင်ငံခြားရောက်နေလို့ ဒီလိုလာပြောခွင့်ရတာလေ
သူများတွေများဒီလိုအခွင့်ရလို့လား လမ်းထဲကမိန်းမတွေကလေ
မေမေ့ကိုမနာလိုတောင်ဖြစ်နေကြတာသမီးရဲ့သိလား
သူတို့မနာလိုပိုဖြစ်အောင်အခုဆို ပိုလို့တောင်လုပ်ပြသေးတယ် မေမေကလေ
ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားနေတဲ့သားသမီးရှိတဲ့
မိဘတွေနဲ့ပဲအပေါင်းအသင်းလုပ်တော့တာ
ဒါမှ သူပြောတာကိုယ်သိကိုယ်ပြောတာသူနားလည်ဖြစ်မှာပေါ့သမီးရဲ့ နော်..”

ထိုအချိန်တွင်ဆိုင်အတွင်းသို့ ခပ်ရိုးရိုးပုံစံ
အမျိုးသားကြီးတစ်ဦးဝင်လာသည်ကောင်တာမှကောင်မလေးကို “သမီး
ဦးလေးသားကိုတစ်ချက်လောက်ခေါ်ပေးစမ်းပါကွယ် ” “ဦးလေးသားကဘယ်သူလဲရှင်”
“ညိုမောင်တဲ့ကွယ့် ” “သြော် ဟုတ် ဒီဆိုင်ထဲမှာရှိနေတာလား ခဏလေးနော်” “
ဟာ.. မဟုတ်ဘူးလေ သမီးရဲ့ ဦးလေးသားက မလေးရှားမှာလေ
သူနဲ့စကားပြောချင်လို့သမီးကိုဖုန်းခေါ်ခိုင်းတာ
အရင်တော့ဦးလေးသားအကြီးကဒီကနေလာပြောတယ်ဆိုပဲကွယ့်ဦးလေးကခုမှလာဖူးတာ
ငါ့တူမပဲခေါ်ပေးပါအုန်း ”

(အမျိုးသမီးကြီး……… )
သမီးအလုပ်ရောအဆင်ပြေရဲ့လားသမီးရေ အမ်..ဘာဖြစ်တယ် ဘာလျှောက်တာမရဘူး ပီအာ
(PR) ဟုတ်လား လျှောက်မနေပါနဲ့သမီးရယ် ၀ယ်လိုက်ပါလား အဲဒါကို
..သြော်မရဘူးလားဝယ်လို့ အေးလေဒါဆိုလည်းဘယ်တတ်နိုင်ပါ့မလဲကွယ်
မေမေကပိုက်ဆံပေးရင်ဝယ်လို့ရမယ်ထင်နေတာသမီးရဲ့
ဒါဆိုသမီးလေးကဘယ်လိုလုပ်မှာလဲ ဒီလကုန်မှာ
သမီးနေရမယ့်ရက်ပြည့်သွားပြီဟုတ်လား အဲလိုဆိုတော့ သမီးကပြန်လာရမှာလား
ပြန်တော့မလာနဲ့သမီးရယ် ရပ်ကွက်ထဲကလူတွေကအတင်းပြောကြမှာ

( ဆိုင်မှ ကောင်မလေးနှင့် အမျိုးသားကြီး……)
ဟယ်လို ဟယ်လို မလေးရှားကလားရှင် ခဏလေးနော် မြန်မာပြည်ကဆက်တာပါ
ဦးလေးရပြီနော် ပြောလို့ရပါပြီ ဟယ်လို ဟယ်လို သားလားကွ ငါပါ မင်းအဖေလေ
အေး ….ခွီးတဲ့မှပဲကွာ မင်းကလည်း ငါတို့ကိုအဆက်အသွယ်တောင်မလုပ်တာကြာပြီ
မင်းအဆင်ပြေရဲ့လားကွ ဘာဖြစ်တယ် အိုဖြစ်သွားလို့ဟုတ်လား မင်းက
မိန်းမဘယ်တုန်းကယူလိုက်လို့ အိုသွားတာတုန်းကွ မင်းကွာ
မိဘကိုတောင်မတိုင်ပင်ပဲ ဘိုမတွေကိုယူလိုက်တာလားကွာ
ဒါတော့ငါသိပ်စိတ်ဆိုးတယ်

သြော် နေဖို့ရက်လွန်သွားတာဟုတ်လား ဒါဆိုလည်းပြန်လာလေကွာ
မင်းကအဘတို့ကိုချမ်းချမ်းသာသာထားချင်တယ်
ပိုက်ဆံများများရှာချင်တယ်ဆိုလို့သာငါတို့ကလွှတ်ပေးရတာ
ရွာမှာလယ်လုပ်စားလည်း ထမင်းမငတ်ပါဘူးကွာ ရွာသာပြန်ပြီးအေးဆေးနေပါလားကွာ
မင်းသွားတုန်းက အဘတို့ရောင်းလိုက်ရတဲ့
လယ်တွေနဲ့နွားမကြီးလည်းအခုပြန်ဝယ်ပြီးပါပြီကွ
ငါတို့ဒီမှာအားလုံးအဆင်ပြေတယ်
မင်းပို့တဲ့ပိုက်ဆံတွေအဘတို့ မဖြုန်းပစ်ပါဘူးကွာ

(အမျိုးသမီးကြီး……….)
ဟိုဟာလေသမီးအရင်နေတဲ့ အက်စ်ပတ် ( S pass ) ဆိုလား ဘာလား
အဲဒါကိုပဲပြန်လုပ်ပါလားသမီးရဲ့လုပ်ထားလား အေး အေးကောင်းတယ်သမီး
ပြန်လာဖို့တော့မစဉ်းစားပါနဲ့သမီးရယ် နော် မရခင် ရက်ပြည့်သွားရင်
အဲဒီမှာနေလို့မရတော့ဘူး ဟုတ်လား ဒါဆိုဘယ်လိုလုပ်ရမှာလဲကွယ့်
Stay ရှောင်ရမယ် အေးလေဘယ်တတ်နိုင်ပါ့မလဲကွယ် ဒါနဲ့
သမီးကဘယ်ကိုသွားမှာလဲ ဘယ်လိုဘယ်လို အော်ဇီ ဟုတ်လား ဘာတုန်းသမီးရဲ့
အော်ဇီဆိုတာဘာတုန်းမေမေမှမသိတာ သြော် Australia ကိုလား
အင်းသမီးကသွားမှဖြစ်မယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲသွားပေါ့ကွယ်

ပြန်လာလို့တော့လုံးဝမဖြစ်ဘူးနော်သမီး မေမေတို့ဂုဏ်ငယ်သွားမယ်သမီးရဲ့
ပိုက်ဆံရတာမရတာကအရေးမကြီးပါဘူးကွယ်သမီးလိုရင် ညည်းဖေဖေမသိအောင်
မေမေပို့ပေးမှာသိလား ပြန်သာမလာနဲ့ နော်

(အမျိုးသားကြီး………….)
မင်းတို့က မိုးမလင်းခင်ကတည်းကအလုပ်သွား
မိုးစုန်းစုန်းချုပ်မှပြန်လာရတာဆိုကွ ရွာမြောက်ပိုင်းက
ဖိုးထောင်ကသူ့အိမ်ကို စာရေးတာအဲလိုမျိုးပါတယ်တဲ့ကွ
ပင်ပန်းတာလည်းလွန်ပါရောဆို ညပြန်ရောက်တာနဲ့ တချိုးတည်းအိပ်တာ
အချင်းချင်းတောင်စကားမပြောနိုင်ဘူးဆို
မင်းတို့ဟာကလည်းကွာ ရွာမှာလယ်လုပ်တာထက်ပိုဆိုးနေပါလားကွာ
ဟိုပွဲစားပြောသွားတုန်းကတော့ အဘတို့တတွေ အေးအေးနေတော့ဆိုကွ

အဘသားကဟိုရောက်ရင်ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး Aircon
ခန်းထဲမှာအေးအေးနေရပြီး ပိုက်ဆံရမှာဆို ဒါဆိုဒီကောင်ကငါတို့ကိုလိမ်တာပေါ့
နေပစေအုန်း တစ်ခါလောက်တော့မှတ်လောက်သားလောက်အောင်
ရွာကကာလသားတွေခေါ်လာပြီးပြသနာ သွားရှာပစ်ရမယ်ကွာ ဘာမလုပ်ပါနဲ့လဲကွ
ဒီလိုကောင်မျိုးတွေကို ဒီလောက်တော့ပြောသင့်တာပေါ့ကွာ မင်းကလည်း
ေ….ာက်ရေးမပါတာ ဘာဂရုစိုက်ရမလဲကွ မင်းအဘငါ့အကြောင်းလဲသိတယ်မလား

(အမျိုးသမီးကြီး နှင့် အမျိုးသားကြီးအခြေအတင်ပြောခန်း.. )
အို … အသံကြီးကလည်းအကျယ်ကြီးနဲ့အလိုက်မသိလိုက်တာဒီလူကြီးနှယ်
ဒီဘက်မှာသူများတွေ စကားပြောနေတယ်ရှင့်
ရိုင်းရိုင်းစိုင်းစိုင်းတွေကလည်းပါသေး
အဆင့် ကိုမရှိဘူးတကယ့် တစ်လုံးချိုင့်ပဲ

အလိုဗျာ ခင်ဗျားဘာသာစကားပြောတာ
ကျုပ်ကလာဝင်လုပြောနေလို့လားအသံကျယ်တာဘာဖြစ်တုန်း တိုးတိုးပြောရအောင်
လူမကြားဝံ့တာပြောနေတာမှမဟုတ်တာ
ကျုပ်လည်း ဒီမှာနိုင်ငံခြားကကျုပ်သားနဲ့ပြောနေတာပါဗျ

အမယ်လေး မလေးရှားသွား အလုပ်ကြမ်းလုပ်နေရတဲ့
သားအကြောင်းများစကားလုပ်ပြောနေသေးတယ်
ကျွန်မသမီးကပင်ပင်ပန်းပန်းလုပ်စရာမလိုတဲ့ ဘွဲ့ရရှင့်
အခုလည်းစလုံးမှာသိရဲ့လား
ရှင့်သားလို O ဖြစ်နေတဲ့ မလေးကလူတွေကိုအခု အုံလိုက်ကျင်းလိုက်
ဒီပြန်ပို့ခံနေရတာအားလုံးအသိပဲ
လူကိုများဘယ်ခေတ်မှာနေနေတယ်ထင်လဲ အခုက Internet ခေတ်ရှင့် သိရဲ့လား
ဘာမှကိုဖုံးကွယ်ထားလို့မရဘူး အားလုံးက Internet ပေါ်တက်လိုက်ရင်
အကုန်ပေါ်တယ်

ခင်ဗျားသမီးက စလုံးမှာဟုတ်လား ဘာတုန်းဗျ စလုံးဆိုတာ ဘွဲ့ရဆိုတော့..သိပြီ
စစ်ကိုင်းချောင်မှာသီလရှင်ဝတ်နေတာလား ဘာဘွဲ့ရတာတုန်းဗျ မသုဓမ္မစာရီဘွဲ့လား
ဘယ်နှစ်ဝါရှိပြီတုန်း အေးဗျာ ကျုပ်သားလို လူတွေကိုပြန်ပို့တယ်ဆိုတော့လည်း
ကောင်းတာပါပဲ ကျုပ်တို့ကလည်း ကျုပ်သားကိုပြန်တွေ့ချင်လှပါပြီ
အင်တာနက်တက်တာတွေဘာတွေတော့မသိဘူးဗျ အိမ်သာတက်ရင်လည်းအားလုံးပေါ်တာပါပဲဗျ
ခင်ဗျားနှယ်ဗျာ မသိဘူးလား

ရှင်နော်ရှင် ခက်ပါတယ်လေ ဘာမှနားမလည်တဲ့သူကိုပြောရတာ
နွားကိုချောကလက်ကျွေးသလိုပဲဖြစ်မှာ ကျွန်မသမီးအခုစင်ကာပူမှာ
အက်စ်ပတ်နဲ့အလုပ်လုပ်နေတာရှင့် သိပြီလား ရှင့်သားလို
အို ဖြစ်နေလို့ပုန်းနေရတဲ့ဘ၀မဟုတ်ဘူး

ခင်ဗျားဗျာ သမီးမိန်းကလေးကိုများ
နိုင်ငံခြားလွှတ်ထားတယ်ပြီးတော့လည်းလုပ်ခိုင်းတာအက်စ်ပတ်နဲ့အလုပ်လုပ်ခိုင်းတာတဲ့
ဒါကြွားစရာလားဗျာ တော်တော် နားရှက်စရာတွေ
ကျုပ်သားကယောက်ျားလေးဗျ ဒေါင်ကျကျပြားကျကျ
ခင်ဗျားသမီးကမြန်မာမိန်းကလေးနော် မလုပ်ခိုင်းသင့်ဘူး ဒီလိုမျိုး

ရှင်ဘာတွေပြောနေတာလဲ ကျွန်မသမီးက စာရင်းကိုင်လုပ်တာရှင့် အကောင့်တန့်
(accountant) လုပ်တာ Spass ဆိုတာလည်း ရှင့်သားလို
ပုန်းရှိုးကွယ်ရှိုးနေစရာမလိုအောင်
အစိုးရကအသိအမှတ်ပြုပေးထားလို့နေခွင့်ရတဲ့ခွင့်ပြုမိန့်ကိုပြောတာ ခက်ပါတယ်
တော်ပြီတော်ပြီ ရှင်နဲ့ပြောရတာ အချိန်ကုန်တယ်

သမီးရေ အေး.. ဆောရီးပါသမီးရယ် ဒီမှာလေ ဘေးမှာ
ဘာမသိညာမသိတောသားတစ်ယောက်ကို သမီးအလုပ်အကြောင်းရှင်းပြနေရလို့ပါ
အေးပါသမီးရယ် မေမေသမီးပြောထားတာမမေ့ပါဘူး Work permit
နဲ့သွားတဲ့လူရဲ့မိဘတွေဆိုအရောမ၀င်ပါဘူး Spass ဆိုတန်းတူပေါ့ PR ဆို
သေသေချာချာဂရုစိုက်ပေါင်းမယ်နော်

(အမျိုးသားကြီး…)
အေး.. ဟေ့ကောင် မင်းကျန်းမာရေးလည်းဂရုစိုက်ပါကွာ မင်းကိုပြောရအုန်းမယ်
ရွာတောင်ပိုင်းက
ကျော်ဒွန်းတို့တတွေကမင်းပို့လိုက်တဲ့ပုံတွေကြည့်ပြီးမင်းကို
မြို့သားကြီးနဲ့တောင်တူနေပြီလို့ပြောနေကြတာကွ
ရွာကလူတွေအားလုံးကမင်းကိုသတိရနေကြတာပါကွာ

(အမျိုးသမီးကြီး…. )
သမီးရေ ချစ်သူတွေဘာတွေရောထားနေပြီလား
ဒီအရွယ်ရောက်မှတော့မထားနဲ့မပြောလိုပါဘူးသမီးရယ် သေချာတော့ရွေးနော်သမီး
သမီးပြောပြထားလို့မေမေတောင်မှတ်မိနေပါတယ် ဘာတဲ့ စလုံးကကောင်မလေးတွေက
ကောင်လေးတွေကို C သုံးလုံးနဲ့ရွေးတယ် Condo,, Car,,, Creditcard,,,
ဆိုတာလေ သမီးလည်းအဲလိုရွေးနော်
PR ဆိုအသားမည်းလည်းရတယ် သွားကျဲလည်းလှတယ် ဟုတ်လား ဟားဟား အေးပါသမီးရယ်
ညည်းသိရင်ပြီးတာပါပဲ

သမီးမေမေ့ဆီပို့လိုက်တဲ့ဓါးကြီးပါတိတ်ရောင်စုံကိုဝတ် သမီးပို့တဲ့
အိတ်လေးကိုင်ပြီးမေမေအပြင်ထွက်တုန်းကလေ အမလေးသမီးရယ်
ရပ်ကွက်ထဲကမိန်းမတွေလေ ၀တ်ထားတဲ့ထမီလေးလှလိုက်တာ
အိတ်လေးကဘယ်လောက်ပေးရလဲဟင်ဆိုပြီးအတင်းလိုက်မေးကြတာ
မေမေကလည်းမကြွားချင်ပါဘူးသမီးရယ် ဒါတွေကသမီးလေး စလုံးက၀ယ်ပေးထားတာ
ဒီမှာတောင်ရှိချင်မှရှိအုန်းမှာလို့အားနာနာနဲ့ပဲပြောပြလိုက်ရတယ်

(အမျိုးသားကြီး…..)
ငါ့သား မင်းအဲဒီက မိန်းမတွေတော့ယူမလာနဲ့ကွာသိလား အဘတို့ကငါ့သားကို
ရွာကလုံမတွေနဲ့ပဲယူစေချင်တယ်ကွာ အကြောင်းသိချင်းဆိုတော့ကောင်းတာပေါ့ကွာ
မင်းရည်းစား ရွှေမိလည်း နောက်လဆို ယောက်ျားယူတော့မယ်ဆိုပဲကွာ
ဟိုဘက်ရွာကဆီစက်ပိုင်ရှင်သားလို့ပြောတာပဲ
သူ့အမေကြီးကငွေမက်တာမင်းလည်းအသိပဲလေကွာ
မင်းသွားတော့ရွှေမိခမျာငိုလိုက်တာတဲ့ အခုတော့လည်း
သူ့မိဘစကားမလွန်ဆန်နိုင်ဘူးထင်ပါရဲ့ကွာ

ပူမနေပါနဲ့ငါ့သားရာ အချိန်တန်တော့လည်း ထမီလှန်ရမှာပါ အာ…မှားလို့ကွာ
ဟိုဘက်ကမိန်းမက ထမီကြွားလုံးထုတ်နေလို့ အဘယောင်သွားတာပါ
အချိန်တန်တော့လည်း မင်းမိန်းမတစ်ယောက်ရအောင်အဘတို့လိုက်တောင်းပေးမှာပါ
အဲဒီကမလုံတဲ့မိန်းမတွေသာယူမလာနဲ့ဟုတ်လား အဲဒီနိုင်ငံခြားမှာ မိန်းမလည်တွေကများတယ်
အမေလူလည်မတွေကလည်းသမီးတွေကိုတစ်ထပ်တည်းဖြစ်အောင်သင်ပေးထားတာသိလား
မင်းကအတီးအတနဲ့ ခံနေရမယ်ကွ

ဒါနဲ့နောက်ဆိုမင်းဘာမှမပို့ပါနဲ့ကွာ ဟိုတစ်ခါမင်းပေးတဲ့
ချောကလက်ဆိုတာတွေကိုလည်း ငါတို့မစားတတ်ပါဘူး မင်းတူမတွေတောင်မကြိုက်ဘူးကွ
သူတို့ကပြောတယ် မင်းတို့နိုင်ငံခြားကလုပ်တဲ့ထန်းလျက်ကတို့လုပ်တဲ့ထန်းလျက်လောက်တောင်
အရသာမရှိဘူးတဲ့ကွ အရောင်ကလည်း မည်းမည်းတူးတူးနဲ့ ထန်းလျက်ကမှဖြူသေးတယ်ဆိုလားပဲကွာ

(အမျိုးသမီးကြီး….)
ဒီမှာရှင်ဘယ်သူ့ကိုစောင်းပြောနေတာလဲ ကျွန်မဘာသာလူလည်မ
မကလို့ပန်ကာမပဲဖြစ်ဖြစ် ရဟတ်မပဲဖြစ်ဖြစ် ရှင်နဲ့ဘာဆိုင်သလဲ
ယောက်ျားကြီးဖြစ်ပြီး အတင်းကလည်းပြောသေး ရှင့်သားလို အိုဖြစ်နေတဲ့
အောက်လမ်းကသွားတဲ့သူမျိုးကိုဘယ်သူကမှ စိတ်လည်းဝင်စားမှာမဟုတ်ဘူးပူမနေနဲ့

(အမျိုးသားကြီး…)
အတင်းမပြောရပေါင်ဗျာ ခင်ဗျားနောက်ကွယ်မှာပြောမှအတင်းဖြစ်တာပေါ့
ခုကဘေးတင်ပြောနေတာ အတင်းလည်းမပြောဘူး လုလည်းမပြောဘူး အမှန်ကိုပြောနေတာ
ကျုပ်သားကိုကျုပ်စိုးရိမ်လို့မှာတာ
အောက်လမ်းကပဲသွားသွားအထက်လမ်းကပဲသွားသွား ဘယ်လိုပဲဖြစ်ဖြစ်
နိုင်ငံခြားတော့ရောက်သွားတာပဲမှတ်လား
ကျုပ်သားလေးကျုပ်တို့ကို လုပ်ကျွေးနေတာဗျ ခင်ဗျားတို့လို ခေတ်မီချင်လို့
ကြွားချင်လို့ ငွေကုန်ခံပြီးသားသမီးကိုအဝေးပို့ထားတာမဟုတ်ဘူး
ဘယ်နှယ့်ဗျာကိုယ့်လည်းတတ်နိုင်သားနဲ့ သားသမီးကိုများ ဂုဏ်ပြိုင်ချင်လို့
မိဘရင်ငွေ့နဲ့ဝေးတဲ့နေရာပို့ထားရက်တာ အံ့သြမဆုံးဘူး

(အမျိုးသမီးကြီး ခါးထောက်မတ်တပ်ရပ်လျက် …..)
ရှင် ရှင် လူပါးဝလှချည်လား ကျုပ်တို့ဘာသာဘာလုပ်လုပ် ဖြစ်နိုင်ရင်
ကျုပ်တို့ကလေ သားသမီးကို အဝေးတင်မကဘူး သိကြားမင်းနေတဲ့ တာဝတ
ိံသာတောင်ပို့ချင်သေးတာ မြင့်ချင်သလောက်မြင့်ပစေ
ဘာဖြစ်လဲဂုဏ်ပြိုင်တော့ ပြိုင်စရာရှိမှပြိုင်လို့ရတာ
ရှင်တို့လိုတောသားတွေကတော့ဒါမျိုးဘယ်နားလည်ပ့ါမလဲ ခုခေတ်ကဒီလိုပဲရှင့်
နိုင်ငံခြားသွားတဲ့ခေတ်
နိုင်ငံခြားမှာနေမှ လူရာဝင်တဲ့ခေတ်လေ
ရှင်တို့ကမိုးလင်းကမိုးချုပ်လယ်ကွင်းထဲမှာ
ရွှံ့တွေဗွက်တွေထဲကမတက်စတမ်းအလုပ်လုပ်နေကြရတာကိုး ဒါတွေမသိတာမဆန်းပါဘူး

(အမျိုးသားကြီး ဒေါသထွက်သွားသောပုံစံဖြင့်….)
ဘာဗျ ကျုပ်တို့တွေ အဲဒီလိုလယ်ထွန်ပြီးစပါးစိုက်ထားလို့ခင်ဗျားတို့
စားနေတဲ့ ဆန်ဆိုတာရတာ
စားပြီးနားမလည်ဆိုတာ
ခင်ဗျားလို့လိုလူကုံထံဟန်ဆောင်ထားတဲ့သူတွေကိုပြောတာဖြစ်မယ်
ကျုပ်ကိုပြောချင်သလောက်ပြောရတယ် လယ်သမားတွေရဲ့ဘ၀တွေကိုမစော်ကားနဲ့ဗျ
ခင်ဗျားဗျာ မိန်းမဖြစ်နေလို့
မဟုတ်ရင်တော့လက်သီးတစ်လုံးလောက်တော့ကျွေးလိုက်ပြီ

(အမျိုးသမီးကြီး ဆွေ့ဆွေ့ခုန်လျက်……….)
အောင်မယ် လုပ်ရဲလုပ်ကြည့်စမ်းပါ ကျုပ်လက်ဝါးကလည်း ပါးမရွေးဘူးရှင့်
ငြိမ်ခံနေမယ်များမှတ်သလား သူများသေးသေးတင်မခံချင်လို့နာမည်ကိုက
မူယာလို့ပေးထားတာ သေးသေးတင်မပါဘူးသိလား

( အမျိုးသားကြီး….)
အေးလေ ဒါကြောင့် အမေရောသမီးရော မူယာမာယာများနေကြတာပေါ့
မူရင်းကောင်းမှမိတ္တူကောင်းမယ်ဆိုတဲ့စကားသိပ်မှန်တာပဲကိုး
ခင်ဗျားမိဘတွေ နာမည်ပေးတာတကယ်တော်တယ်ဗျာ ဒီမှာ ဒေါ်မူယာမာယာကြီးကျုပ်ကလည်း
သံခဲတဲ့ တစ်ခဲတည်းရှိတာ နှစ်ခဲရှိလို့ကတော့ အရည်ကျို
မီးမြှိုက်ပစ်လိုက်မယ် တစ်ပွဲတစ်လမ်းစမ်းချင်လို့လား အဒေါ်ကြီး လာလေ
မိန်းမဆိုပြီး ညှာမယ်မထင်နဲ့

(ဆိုင်ရှင်ကောင်မလေးနှင့် ကောင်လေး …)
ဟာ……. ဦးလေးတို့ အန်တီတို့ တော်ကြပါတော့ ရန်မဖြစ်ကြပါနဲ့ internet
ဆိုင်ကရန်ပွဲဆိုပြီး ဟိုချောကလက်မြို့က ကုန်ကြမ်းရှာနေတဲ့ လွမ်းတို့ mAy
mE တို့ ဘရဏီ တို့က bLog တွေထဲထည့်ရေးအင်တာနက်ပေါ်တင်လိုက်လို့
ကျွန်မတို့ဆိုင်နာမည်ပျက်နေပါ့မယ်


--
ကမ္ဘာလောကကြီးအတွင်း၌နေထိုင်ကြကုန်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတွေအားလုံး
ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းဖြစ်နိုင်ကြ ပါစေလို့ဆုမွန်ချွေ လိုက်ပါရစေ။

Friday, 4 December 2009

ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ



လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။

ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှဲကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?

အားလုံးသိပြီဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။

မူရင်းရေးသားသူ -- He Quan- Feng (何權峰) (စိတ်ပညာ)

(微笑,當生命陷落時 總數是一樣的) (ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။ နောက်ဆုံးကိန်းက အတူတူပါပဲ)

Thanks to the sender- Zaw Maung

UN Envoy to Burma Ibrahim Gambari Quits


Out of all the news pertaining to Burma word of Ibrahim Gambari’s departure is music to my ears. This reprehensible counter productive criminal should have gone to prison for his continued betrayal of Daw Aung San Suu Kyi and the people of Burma. There was no question this pocks of a human being was taking graft from Gen Than Shwe in many forms including a million dollar ruby and his choice of starlets to garner support for the regime.
Countless visits by this cretin of a man always came up empty handed with false hopes and blatant lies about his progress. Other sources have identified Gambari as the recipient of cold hard cash from Than Shwe’s goons on countless occasions which made him a laughing stock throughout the Tatmadaw. His reprehensible conduct placed the United Nations in the most negative light throughout Asia since it was common knowledge he was bought and paid for by Than Shwe’s illegal regime. But nothing spelled out how deeply he was in the pocket of the regime more than his spouting support of the illegal 2010 election the junta is going to impose on Burma. People still remember Kofi Atta Annan and his band of corrupt thugs who cashed in on the UN’s burgeoning bank account. So it was par for the course when it was discovered that Gambari was just another remnant of the criminality that has become the new frame work of the United Nations. The UN’s support of the World Trade Organization should also remind people of the direction this once noble organization is headed. Dare I mention Ban Ki-moon and his temper tantrums or how he has overlooked South Korea’s continued investments in Burma regardless of UN sanctions? If Gambari is Ban’s point man that says volumes about Ban and the United Nations and like they say, nuts don’t fall to far from the tree.
Good riddance Gambari and I hope you enjoy your ride to hell along with your chum Gen. Than Shwe since you were an enabler of genocide and tyranny. Under your watchful eye Than Shwe was empowered to do as he wished to the people of Burma while you drank expensive booze, ate opulent meals and enjoyed the company of showgirls. You intentionally bought time for the criminal regime of Burma. Your pockets were lined with the blood of the Burmese people you betrayed with your bogus visits and false statements. And your shiny blood red ruby should be a monument to the suffering you added and abetted in.
Sadly Ibrahim Gambari will soon find other pockets to raid whence he arrives in Darfur and there is no question he will betray the suffering of this impoverished nation as well. But what does the world care, just so he is out of sight and out of mind. It is to inconvenient to stand on moral ground these days since it is not profitable. My prayers are for the suffering people of Darfur since they will truly be alone whence Scambari shows up at their door. If he helps the people of Darfur like he did the people of Burma they are sure to perish during his tenure.
Your Devil’s Advocate
Buffalohair
http://buffalohair.wordpress.com/2009/12/03/un-envoy-to-burma-ibrahim-gambari-quits/

Thursday, 3 December 2009

The Will of Daw Aung San Suu Kyi 0091023-1
Nation Dec
NDF Letter to Irrwaddy

Wednesday, 2 December 2009

Updated: Invitation to Protest Against Junta's planned sham 2010 election
Freedom,Development and Human Worth by DASSK 1995

Phyu Sayadaw Memorial



Cello Suites, Burmese memoir up for B.C. non-fiction prize


Cello Suites, Burmese memoir up for B.C. non-fiction prize
Last Updated: Thursday, November 26, 2009 | 5:00 PM ET Comments1Recommend5
CBC News

Eric Siblin, the Montreal-based writer of The Cello Suites, has been nominated for Canada's richest non-fiction award. (Marcie Richstone/Canadian Press)
Eric Siblin's acclaimed The Cello Suites and Globe writer Ian Brown's memoir of life with a disabled son are among the books nominated for Canada's richest non-fiction literary prize.

The short list for the 2010 BC National Award for Canadian Non-Fiction was released Thursday. The $40,000 prize will be awarded Jan. 15.

The nominees are:

The Cello Suites: J.S. Bach, Pablo Casals, and the Search for a Baroque Masterpiece by Montreal's Eric Siblin.
The Boy in the Moon: A Father's Search for His Disabled Son by Toronto's Ian Brown.
Burmese Lessons: A Love Story by Toronto's Karen Connelly.
The Uncrowned King: The Sensational Rise of William Randolph Hearst by Toronto's Kenneth Whyte.
The Cello Suites is a music lover's heartfelt chronicling of the search for a lost Bach masterpiece and of Casals's passion for the Cello Suites. It was nominated for a Governor General's Literary Award and won two Quebec Writers Federation Awards.

Brown's Boy in the Moon is an inquiry into the purpose and value of a disabled life, from the perspective of a father of a severely handicapped son.

Connelly has written a harrowing account of life under Burma's military dictatorship in the 1990s and a portrait of the astonishing resiliency of the Burmese people. She previously won the Governor General's Award for Touch the Dragon and the Orange Prize for her first novel, The Lizard Cage.

The Uncrowned King is a biography of newspaper baron Hearst and a case study in the functioning of news media in a democracy by Whyte, who is editor of Maclean's magazine.

The national award is given annually by the B.C. Achievement Foundation
ရဲများကနေ အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခံရပါက ပြည်သူများသည် ပြန်လည်ခုခံပိုင်ခွင့်ရှိတယ် ဆိုပါလား။
သတင်းထူးလေးပါ။ ရဲများကနေ အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခံရပါက ပြည်သူများသည် ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်တဲ့။
















သတင်းထူးလေးပါ။ ရဲများကနေ အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခံရပါက ပြည်သူများသည် ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်တဲ့။

ကျွန်တော်တို့  မြန်မာပြည်မှာများလားလို့  ကမန်းကန်း ဖတ်လိုက်တော့ - ရုရှရဲများ၏ အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခံရပါက ပြည်သူများသည် ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်လို့  ရုရှ ပြည်ထဲရေးဝန်ကြီးဖြစ်သူ Rashid Gumarovich Nurgaliyev ကနေ ရုရှမီးဒီယာမှာ နိုဝင်ဘာလ (၂၆) ရက်နေ့ က ပြောကြားခဲ့ပါတယ် (ကိုးကား - ရိုက်တာသတင်းဌာန)။ ပြည်သူတစ်ဦးက ရာဇ၀တ်သားတစ်ဦး မဟုတ်ဖူး၊ ဥပဒေချိုးဖောက်မှု မရှိဖူး အဲ့ဒါကို ရဲတွေက အကြောင်းပြချက် မရှိဘဲ လက်လွတ်စပယ် အနိုင်ကျင့် တိုက်ခိုက်မယ်ဆိုရင် ထိုရဲများကို ပြန်လည်ခုခံခွင့်ရှိတယ်လို့  ပြောကြားပါတယ်။ နိုင်ငံသားအားလုံးဟာ အခွင့်အရေး ညီတူညီမျှ ရှိရမယ်လို့  ပြောကြား သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကျွန်တော်တို့  မြန်မာနိုင်ငံမှာတော့ ပြည်သူ့ ရဲလို့  အမည်သာခံထားပြီး၊ “ကူညီပါရစေ” ဆိုပြီး ဒုက္ခပေးနေတာ မြန်မာပြည်က ရဲများသာ ဖြစ်ပါတော့တယ်။ နအဖအာဏာရှင်အလိုကျ လက်ပါးစေ အာဏာပါးကွက်သားလို ဖြစ်နေပြီး၊ စာရိတ္တပိုင်းမှာလည်း သူတို့ လောက် ဖောက်ပြန်သူ မရှိသလောက်ပါဘဲ။ လာဘ်စားမယ်၊ အေးဓါးမြတိုက် တောင်းရမ်းမယ်၊ နိုင်ထက်စီးနင်းကျင့်မယ်၊ ဒုစရိုက်ပေါင်းစုံ လုပ်မယ်၊ အဲ့ဒီထက် ဆိုးတာကတော့ ပြည်သူတွေကို အကြောင်းပြချက် ဘာမှ မရှိဘဲ တွေ့ တာနဲ့  ရိုက်ပုတ်သတ်ဖြတ်တာက အဆိုးဆုံးပါဘဲ။

လက်တွေ့ မှာတော့ သူခိုး ဓါးမြထက်ဆိုးတဲ့ ရန်သူဟာ ပြည်သူ့ ချဉ်ဖတ် ရဲများသာ ဖြစ်ပါတယ်လို့  ပြောရလောက်အောင် ဖြစ်နေပါတယ်။ ပြည်သူကို စစ်မှန်တဲ့ တရားဥပဒေအရ ဘက်မလိုက်ဘဲ တရားမျှတစွာနဲ့  ပြည်သူတစ်ဦးချင်းစီတိုင်းကို ကာကွယစောင့်ရှောက်ရမယ့်  ရဲတွေဟာ ရဲလို့ တောင် မခေါ်ဆိုထိုက်သင့်တော့အောင် ဖြစ်နေပြီး၊ ပြည်သူမြောက်မြားကို ဒုက္ခပေးတဲ့ ပုလိပ်ရောဂါနဲ့  ခိုင်းနှိုင်းပြီး “ပုလိပ်” တွေလို့  ခေါ်ဆိုခံရတာ ဖြစ်ပါတယ်။

တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးခဲ့တဲ့ မဆလတစ်ပါတီ အာဏာရှင်လက်ထက်က စပြီး ယခု နအဖအာဏာရှင်လက်ထက်ထိ ရဲတွေဟာ အာဏာရှင်လက်ပါးစေသက်သက်သာ ဖြစ်နေပြီး အာဏာရှင်အလိုကျ ပြည်သူအပေါ်မှာ နှိပ်စက်ကလူ လုပ်နေတာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ ပြည်သူ့ ရဲ ဘ၀ကနေ ဆိုးရွားလွန်းလှတဲ့ ပုလိပ်ဘ၀ကိုရောက်အောင် ပြောင်းလဲမှု ဖြစ်ခဲ့စေတာကတော့ အာဏာရှင်ဘက်ကရော အခွင့်ထူးခံ အာဏာပြလိုတဲ့ ရဲ အမည်ခံ ပုလိပ်တွေကိုယ်တိုင်ကလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ဒီလို ပုလိပ်ဘ၀ကို အာဏာရှင်ဘက်ကရော ပုလိပ်ဖြစ်လိုသူဘက်ကရော လုပ်ဆောင်ခဲ့လို့ ဖြစ်တယ်ဆိုတာ မပြောခင် မြန်မာပြည်မှာ ရှိတဲ့ ပုလိပ်တွေကို အရင်ဆုံး ကြည့်ရအောင်ပါ။

ပုလိပ်မှာ အဓိက တွေ့ ရတဲ့ ပုလိပ် အမျိုးအစားတွေကတော့ ရာဇ၀တ်မှုတွေကို ကိုင်တွယ်တဲ့ ရိုးရိုး ပုလိပ်ရယ်၊ မော်တော်ယာဉ် စီးနင်းယာဉ်တွေကို ကိုင်တွယ်တဲ့ ယာဉ်ထိန်းပုလိပ်ရယ်၊ အဓိကရုဏ်နှိမ်နင်းတဲ့ ပုလိပ်ရယ်ဆိုပြီး တွေ့ ရပါတယ်။ မြန်မာပြည်ပ အာဏာရှင်လက်အောက်မှာ ရှိနေတဲ့ ပုလိပ်တွေကတော့ ဘယ်ပုလိပ်အမျိုးအစားဘဲဖြစ်ဖြစ် ဆိုးရွားလွန်းတယ်ဆိုတာ ပြည်သူတွေ ကြုံတွေ့ နေရတဲ့ အဖြစ်အပျက်တွေက သက်သေပြနေတာ အများကြီးပါဘဲ။

ရာဇ၀တ်မှုတွေကို ကိုင်တွယ်တဲ့ ရိုးရိုး ပုလိပ်တွေ၊ မော်တော်ယာဉ် စီးနင်းယာဉ်တွေကို ကိုင်တွယ်တဲ့ ယာဉ်ထိန်းပုလိပ်တွေကတော့ ပြည်သူတစ်ဦးချင်းစီအလိုက်ကို ဒုက္ခပေးတယ်။ အဓိကရုဏ်နှိမ်နင်းတဲ့ ပုလိပ်တွေကတော့ အာဏာရှင်အလိုကျ ပိုပြီး မိုက်ရိုင်းပြကာ ပြည်သူတွေကို အစုလိုက် အပြုံလိုက် ဒုက္ခပေးတာပါဘဲ။

အာဏာရှင်တွေကတော့ သာမန်ရိုးရိုး ပုလိပ်တွေကိုတော့ အရိုးအရင်း ကြိုက်သလို စားပေတော့လို့  အနိမ့် ဆုံးအဆင့်အနေနဲ့  သတ်မှတ် ဆက်ဆံထားရှိထားပေမယ့်၊ အဓိကရုဏ်နှိမ်နင်းတဲ့ ပုလိပ်တွေကိုတော့ အခွင့်အရေးတွေ ပိုပေးပြီး မြှောက်စား ကျွေးမွေးပြီးထားပါတယ်။ အာဏာရှင်လက်အောက်က ပုလိပ်ချင်းအတူတူတောင် ခွဲခြားခံနေရတာကို ကြည့်ကြပါဦး။

အဓိကရုဏ်နှိမ်နင်းတဲ့ ပုလိပ်တွေကို အာဏာရှင်တွေကို အမည်ခေါ်ကောင်းအောင် လုပ်နေကြအတိုင်း လုံခြုံမှုထိန်းသမ်းရေးအဖွဲ့ ဆိုပြီး အတိုကောက်ခေါ်ရင် “လုံထိန်း” ဆိုပြီး ခေါ်တာပါဘဲ။ ဘယ်လိုဘဲခေါ်ခေါ် ဒီ အဓိကရုဏ်နှိမ်နင်းတဲ့ ပုလိပ် (သို့ ) လုံထိန်းဆိုတာ အာဏာရှင်ရဲ့  လက်ပါးစေသက်သက်တွေသာ ဖြစ်ပါတယ်။ လုံထိန်းဆိုတာကို လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရ အနက်အဓိပ္ပါယ်ဖွင့်ရရင် “လုံထိန်း - အာဏာရှင်တွေရဲ့  အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် အာဏာရှင်ခိုင်းစေသမျှ ထိန်းသိမ်းဆောင်ရွက်ပေးနေသောသူ” လို့  ပြောရမှာပါဘဲ။ ပြည်သူတွေကတော့ အဆိုပါ လုံထိန်းပုလိပ်တွေကို ချဉ်လွန်း ရွံ့ ရှာမုန်းတီးလွန်းလို့  လုံအောင်ထိန်းတဲ့ (ေ-ွး) တွေလို့  ပြောကြပါတယ်။











စောစောက အစပျိုးခဲ့တဲ့ ပုလိပ်ဘ၀ကို အာဏာရှင်ဘက်ကရော ပုလိပ်ဖြစ်လိုသူဘက်ကရော လုပ်ဆောင်ခဲ့လို့ ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ရင်း ပြောရရင် - အာဏာရှင် နေ၀င်း ဦးဆောင်ခဲ့တဲ့ မဆလခောတ်ကတည်းက စခဲ့တာပါဘဲ။

ပြည်သူ့ ရဲ တပ်ဖွဲ့ ထဲကို ရဲတပ်သား (သို့  ) ရဲအရာရှိတစ်ဦးအနေနဲ့  ၀င်ရောက်တာဝန်ထမ်းဆောင်လိုရင် ပြည်သူ့ ရဲ ပီသအောင် ကျင့်သုံးပြီး ပြည်သူတွေကို တရားဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးရတဲ့ ပြည်သူ့ ရဲဘ၀ကို အစီအစဉ်ရှိရှိနဲ့  စတင်ဖျက်ဆီးပြစ်ခဲ့တာဘဲ ဖြစ်ပါတယ်။ သတ်မှတ်တားတဲ့ ပညာအရည်အချင်းတွေကို လျှော့ချပြီး အဆင့်အတန်းနိမ့် ပါးစွာနဲ့  ရဲတပ်ဖွဲ့ ထဲဝင်ရောက်စေခဲ့ပါတယ်။ ပြည်သူရဲအဖြစ် စံသတ်မှတ်ချက်တွေကို ဖျက်ဆီးပြစ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုးရွားဆုံးကတော့ ပြည်သူ့ ရဲတပ်ဖွဲ့ ကို အသွင်ပြောင်းပြစ်တာပါ။ ဘယ်လိုအသွင်ပြောင်းလဲဆိုရင် အရပ်သူအရပ်သားတွေထဲက အရည်အချင်း စာရိတ္တပြည့်ဝစွာနဲ့  ပြည်သူတွေအတွက် တရားမျှတစွာ တာဝန်ထမ်းဆောင်လိုတဲ့သူတွေအစား အထက်ကခိုင်းတဲ့ အမိန့် အာဏာကို မှားမှားမှန်မှန် မျက်စိစုံမှိတ်ပြီး ထမ်းဆောင်တတ်တဲ့ စစ်တပ်က စစ်သားတွေကို အရောင်ပြောင်းပြီး ရဲတပ်ဖွဲ့ ထဲ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေတာဘဲ ဖြစ်ပါတယ်။ (စကားစပ်လို့  ပြောရရင် ၁၉၈၈ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ စစ်သားတွေကို ရဲဝတ်စုံဆင်ယင်စေပြီး စစ်တပ်က ဘာမှ ပါဝင်မပတ်သက်သလို အာဏာရှင်တွေ စီစဉ်တာလို့  ပြည်သူတွေ ယူဆခဲ့တာဟာ မမှားပါဖူး)။ အာဏာရှင်နေ၀င်းလက်ထက်မှာ “နေပြည်တော်ရဲ” ဆိုပြီး ရဲဦးထုတ်မှာ အပြာရောင်အစင်းပတ်နဲ့ လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

အဆိုပါ နေပြည်တော်ရဲဆိုသူတွေဟာ စစ်တပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေကို ရဲတပ်ဖွဲ့ ထဲမှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေတာ ဖြစ်ပါတယ်။ ဒီလို တာဝန်းထမ်းဆောင်ဖို့ အတွက်လည်း မက်လုံးတွေ အခွင့်အရေးတွေ အများကြီး ပေးခဲ့ပါတယ်။ ပြောပြရရင် - စစ်တပ်မှာ လက်ရှိ ဗိုလ်ကြီးအဆင့်ဆိုရင် ရဲဘက်မှာ မြို့ နယ်ရဲမှူးအဆင့်ထိ ရာထူးမြှင့်ပေးတာ၊ စစ်တပ်မှာ တပ်ကြပ်ကြီးဆိုရင် ရဲဘက်မှာ ဒုရဲအုပ် (သို့ ) စခန်းမှူး ရဲအုပ်ရာထူးအဆင့် ပေးတာမျိုးတွေ လုပ်တဲ့အပြင် အခြားသော ခံစားပိုင်ခွင့် အခွင့်အရေးတွေ အများကြီးပေးပြီး ပြည်သူ့ ရဲတပ်ဖွဲကို စစ်တပ်ကနေ အစားထိုးဝင်ရောက်စေခဲ့ပါတယ်။ ဒီတော့ ဘာတွေဖြစ်လာလည်း တရားဥပဒေဆိုတာကို လက်တွေ့  သင်ကြားတတ်မြောက်ပြီး ပြည်သူထဲက လာတဲ့သူ မဟုတ်ဘဲ၊ တစ်သွေး တစ်သံ တစ်မိန့် ကို မြေ၀ယ်မကျ နားထောင်ပြီး ပြည်သူထဲက ကိုယ့်ရဲ့  မိဘရင်းဖြစ်နေရင်တောင် အာဏာရှင်က ရိုက်ဆိုရင် ရိုက်မယ်၊ သတ်ဆိုရင် သတ်မယ်ဆိုတဲ့သူတွေ ဖြစ်နေလို့  ပြည်သူ့ ရဲတပ်ဖွဲ့ ကြီး ပျက်စီးသွားပြီး အာဏာရှင်ရဲ့  လက်ရုံးတပ် ပုလိပ်အဖွဲ့ ကြီး ဖြစ်သွားခဲ့ရတာဘဲ ဖြစ်ပါတယ်။

အဲ့ဒီအချိန်က စပြီး ပျက်ဆီးခဲ့တဲ့ ရဲအမည်ခံ ပုလိပ်အဖွဲ့ ကြီးဟာ ယခု နအဖလက်ထက်မှာတော့ ပိုဆိုးတာပေါ့။ ရပ်ကွက်ထဲက လူဆိုးသူခိုး စာရိတ္တကင်းမဲ့သူတွေကို ရဲတပ်ဖွဲ့ ထဲ ၀င်ရောက်စေပြီး အောက်ခြေရဲတပ်သားအနေက အစပြုပြီး မိုက်ရိုင်းခွင့်တွေ ပေးတာပါဘဲ။ အပြစ်မဲ့ပြည်သူတွေအပေါ်မှာ နိုင်ထက်စီးနင်းကျင့်မယ်၊ ရိုက်ပုတ်သတ်ဖြတ်မယ်၊ အာဏာအခွင့်အရေး မဆိုသလောက် လက်တောက်လောက်လေးရထားတာကို ဘယ်သူ့ ကိုမှ လူမထင်တဲ့ ရမ်းကားတဲ့ အပြုအမူတွေနဲ့  မိုက်ရုင်းပြလာတာတွေဟာ သိသိသာသာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့  ရဲတပ်ဖွဲ့ အမည်ခံ ပုလိပ်အဖွဲ့ ဟာ နာမည်ပျက်နေတာ အဖတ်ဆည်မရအောင် ဖြစ်နေပါပြီ။

ဒီလိုပြောရလို့  လက်ရှိ ရဲလို့ ဆိုပြီး ပြည်သူအတွက်လို့  အသံကောင်းဟစ်ကြွေးနေသူတွေ နာလို့ များရှိရင် ပြောတဲ့သူတွေ ဘာကြောင့် ပြောရတာလည်း ဘာတွေဖြစ်လို့ လည်းဆိုတာ ကိုယ့်ရဲ့  အဖွဲ့ ထဲမှာဘဲ ပြန်ဆန်းစစ်ကြည့်ပါ။ ပကတိလက်တွေ့ မိမိကိုယ်တိုင်ရော အဲ့ဒီလို ဖြစ်နေရင် အမှန်ကို မြင်ပြီး ပြုပြင်ပြောင်းလဲမှ ရမှာပါ။ အကယ်လို့  ပုလိပ်ဘ၀ကနေ ပြည်သူ့ ရဲ ဆိုတဲ့ ရဲ (POLICE) ဆိုတဲ့ ဘ၀ကို ပြန်ရောက်ချင်ရင် “POLICE” ဆိုတဲ့ စကားလုံးအတိုင်း - Polite ပြည်သူတွေနဲ့ ဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့ ရပါတယ်၊ Obey တရားမျှတစွာနဲ့  ဥပဒေကို လိုက်နာရသလို ကျင့်ဝတ်တရားကိုလည်း မှန်ကန်စွာ လိုက်နာစောင့်ထိန်းရပါတယ်၊ Loyal ပြည်သူအပေါ်မှာ သစ္စာစောင့်ထိန်းရပါတယ်၊ Intelligence အသိဥာဏ်ပညာ ပြည့်ဝ ရပါတယ်၊ Courageous ဖြောင့်မတ်တည်ကြည် ရဲရင်ပြတ်သားရပါတယ်၊ Empathy ပြည်သူလူထုအပေါ်မှာ ညှာတာထောက်ထားမှု ရှိရပါတယ်။ အစရှိတဲ့ POLICE ပြည်သူ့ ရဲ (ပြည်သူအတွက် ရဲရင့်စွာဆောင်ရွက်သူ) ဆိုတဲ့ ကျင့်ဝတ်တွေကို ပြည်သူအတွက် ရဲရဲရင့်ရင့် ကာကွယ်စောင့်ရှောက်ပေးတဲ့ “ရဲ” ဘ၀ကို ရောက်အောင် ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ “ပုလိပ်” သာ ဖြစ်ဖနမှာပါ။ အထက်က ရေးသားဖေါ်ပြခဲ့ အဖြစ်အပျက်တွေအတိုင်း မြန်မာပြည်မှာ ရဲဆိုတာ ပုလိပ်အမည်ပျက် အပြောခံနေရတာကြောင့် ပြည်သူအပေါင်းက မဆက်ဆံရဲဘဲ ရွံ့ မုန်းခံနေရပါတယ်။

ဒီပို့ စ် အစမှာ ဦးစွာဖေါ်ပြခဲ့တဲ့ ရုရှ ပြည်ထဲရေးဝန်ကြီးက ရုရှရဲတွေနဲ့  ပတ်သက်ပြီး ထုတ်ဖေါ်ပြောဆိုခဲ့တာဟာ ရုရှရဲတွေ ဘယ်လောက်ဆိုးရွားနေလို့ လည်း ဆိုတာ တွက်ဆလို့  ရပါတယ်။ ရုရှရဲတွေထက် ပိုမိုဆိုးရွားနေတာ မြန်မာပြည်က ရဲလို့  ခေါ်တဲ့ ပုလိပ်တွေပါဘဲ။

ဒီအတွက် ရဲတွေက အကြောင်းပြချက် မရှိဘဲ လက်လွတ်စပယ် အနိုင်ကျင့် တိုက်ခိုက်မယ်ဆိုရင် ထိုရဲများကို ပြန်လည်ခုခံခွင့်ရှိတယ်လို့  မြန်မာပြည်မှာ နအဖအနေနဲ့  တရားဝင် သတ်မှတ်ပေးရဲပါသလား။

ဖွံ့ ဖြိုးတိုးတက်နေတဲ့နိုင်ငံကြီးတွေမှာ အာဏာကို အလွဲသုံးစားလုပ်ရင်၊ ခုတုံးလုပ်ရင်၊ အဓမ္နအနိုင်ကျင့်ရင်၊ တရားဥပဒေနဲ့  မညီညွှတ်ရင် ပြည်သူတစ်ဦးအနေနဲ့  ရဲ မပြောနဲ့  သမတကိုတောင် ၀န်ကြီးချူပ်ကိုတောင် တရားပြန်လည် စွဲဆိုပိုင်ခွင့်ရှိသလို မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်လည်း ရှိပါတယ်။ တစ်ဘက်မှာကြည့်ရင်လည်း မိမိ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေနိုင်သော ထိပါးမှုကို ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်ဆိုတာ လူ့ သားတစ်ဦး ရှိသင့်ရှိထိုက်တဲ့ မွေးရာပါအခွင့်အရေးဖြစ်တယ်ဆိုတာ နိုင်ငံတကာ လူ့ အခွင့်အရေးကြေညာစာတမ်းမှာ အတိအလင်းပြဌာန်းထားသလို၊ နိုင်ငံတွေရဲ့  ဥပဒေမှာလည်း တရားဝင် ပြဌာန်းထားတာ ရှိပါတယ်။

နအဖအနေနဲ့  ရဲတွေက အကြောင်းပြချက် မရှိဘဲ လက်လွတ်စပယ် အနိုင်ကျင့် တိုက်ခိုက်မယ်ဆိုရင် ထိုရဲများကို ပြန်လည်ခုခံခွင့်ရှိတယ်လို့  မသတ်မှတ်ရဲခဲ့ရင်လည်း ပြည်သူတွေ တစ်ဦးချင်းစီတိုင်း လက်ခံကျင့်သုံးရမှာက “ရဲတွေက အကြောင်းပြချက် မရှိဘဲ လက်လွတ်စပယ် အနိုင်ကျင့် တိုက်ခိုက်မယ်ဆိုရင် ထိုရဲများကို ပြန်လည်ခုခံခွင့်ရှိပါတယ်ဆိုတာပါဘဲ”။

နစ်နေမန်း။


AT 6:13 PM
http://www.niknayman-niknayman.co.cc/
Current State of Affairs, BURMA

Tuesday, 1 December 2009

Current State of Affairs, BURMA






Current State of Affairs, BURMA

Invitation to Protest Against Junta Planned Sham 2010 Electi

Updated: Invitation to Protest Against Junta's planned sham 2010 election
ကချင်ပြည်နယ် NLD ပါတီက ရွှေဂုံတိုင် နိုင်ငံရေးရပ်တည်ချက်ကိုပြသ
တနင်္လာနေ့၊ 30 နိုဝင်ဘာလ 2009 သျှမ်းသံတော်ဆင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုမှထုတ်ပြန်ထားသော ရွှေဂုံတိုင်ကြေငြာချက်ကို ထောက်ခံကြောင်း အဖွဲ့ ချုပ်ပါတီ ကချင်ပြည်နယ် မြို့နယ် ၈ ခုမှ ပြည်နယ်နှင့်မြို့နယ် စည်းအဖွဲ့ဝင်များက လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၌ဆုံးဖြတ် လိုက်ကြသည်။

အဆိုပါအစည်းအဝေးကို နိုဝင်ဘာလ ၂၇ ရက်နေ့က မိုးညှင်းမြို့၌ ကျင်းပခဲ့ရာ အဖွဲ့ချုပ်မှ ချမှတ်ထားသော မူဝါဒ လမ်းညွှန်ချက်များ အတိုင်း ဆက်လက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ကြကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သူ အဖွဲ့ချုပ်ပါတီ မိုးညှင်းမြို့နယ်စည်း ဒုဥက္ကဌ ဦးသန်းနိုင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၂၇ ရက်နေ့မှာ ပြည်နယ်အစည်းအဝေးပွဲ မိုးညှင်းမြို့မှာ လုပ်တယ် မြို့နယ် ၈ ခုက မြို့နယ်စည်းတွေ ပြည်နယ် စည်းတွေ တက်တယ်ခင်ဗျ လိုက်နိုင်လို့လိုက်ခဲ့ကြသူတွေလည်း တက်တယ်အင်အားများပါတယ် ဗန်းမော် ရွှေကူ မိုးကောင်း မိုးညှင်း မြစ်ကြီးနား တနိုင်း ဖါးကန့် မြို့နယ်တွေပါတယ် တက်တာကတော့ ၈ မြို့နယ်ပါ ရွေဂုံတိုင် ကြေငြာချက်ကို ထောက်ခံတယ် ဒါပါပဲ အဖွဲ့ချုပ်ရဲ့ မူနဲ့ရပ်တည်ချက်တွေ ဒါတွေကိုပဲ ဆုံးဖြတ်ချက်ချသွားတာပါ ပဲ ” လို့ သူက ပြောသည်။

ကချင်ပြည်နယ်အတွင်း မြို့နယ်အလိုက် အဖွဲ့ချုပ်ပါတီ တိုးချဲ့ဖွဲ့စည်းနိုင်ရန်နှင့် အင်အားကျစ်လစ်ခိုင်မာလာစေရန်ကိစ္စများ ကိုလည်း အလေးထား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“မိုးညှင်းမြို့နယ် အနေအထားကတော့ ရှင်သန်နေပါတယ် ဒီလိုရှင်သန်သလိုပဲ ကချင်ပြည်နယ်မှာ ဖွဲ့စည်းပြီး သားမြို့နယ် ၈ မြို့နယ်ပေါ့ဗျာ ရှင်သန်နေပါတယ် မပေါ်ပေါက်သေးတဲ့ မြို့နယ်တွေလည်း ပေါ်ပေါက်လာ အောင်အင်အားခိုင်မာ ကျစ်လစ်အောင် တောင့်တင်းအောင် ပြည်နယ်က ဆောင်ရွက်နေပါတယ် ဒါအဖွဲ့ချုပ်မူ အရပဲ ညွန်ကြားချက်နဲ့စည်းကမ်း အတိုင်း ကျနော်တို့လုပ်ဆောင်သွားမှာပါ ” သူက ဆိုသည်။

နိုဝင်ဘာ ၂၈ ရက်နေ့တွင် မိုးညှင်းမြို့နယ် ရပ်ကျေးအဖွဲ့ဝင်များ အစည်းအဝေးကို ဆက်တိုက်ပြုလုပ်ခဲ့ရာဒေသအာဏာပိုင် များက နှောက်ယှက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာပေါ့ဗျာ အောင်သပြေရပ်ကွက်ထဲက ရာအိမ်မှူး သက်ညွန့်က ခြောက်တာလှန့်တာတွေ ရှိတယ် ဒါကြောင့်တက်ရောက်သင့်သလောက် မတက်ရောက်တော့ဘူးပေါ့ဗျာ ကျနော်တို့ပါတီကတရားဝင်ပါတီဖြစ် တဲ့အတွက် ကော်မရှင်ကိုအသိပေးပြီး ဆောင်ရွက်တာ တရားဝင်မူလည်း အဖွဲ့ချုပ်မူအရဆောင်ရွက်တာ စောစောက ယာယီရာအိမ်မှူးက မသွားနဲ့ဖမ်းမယ်ဆီးမယ်ဆိုပြီး ခြောက်လှန့်တာတွေရှိပါတယ် ” လို့ ပြောသွားသည်။

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/601--nld---.html
အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန်
ဝါရင့်နိုင်ငံရေးသမားကြီးများ တိုက်တွန်း
မင်းနိုင်သူ / ၃၀ နိုဝင်ဘာ ၂၀၀၉



ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ထားသည့်စာကို အခြေခံကာ ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားတရပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၂၈) ရက်တွင် ပေးပို့ခဲ့သည်။

“အဓိကကတော့ အစိုးရအနေနဲ့ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ် အမြန်ဆုံးတက်လာဖို့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ အနေနဲ့ ဆန္ဒရှိတယ်ဆိုတာကို ဖော်ပြလိုက်တာပါ” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသာဘန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသောပေးစာ နိုဝင်ဘာ (၁၁) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့ပြီး သူ့အနေဖြင့် နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါစာနှင့်စပ်လျဉ်း၍ နအဖစစ်အစိုးရဘက်မှ သီတင်း (၂) ပတ်ကျော်အကြာ တုံ့ပြန်မှုတစုံတရာ မရှိခဲ့သည့်နောက် ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ကြခြင်းဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏စာတွင် ၀ါရင့်အဖွဲ့အနေဖြင့် ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ (၁၄) နှစ်တိုင်တိုင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကြံပေးခြင်း၊ ပန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပေးနိုင်မည့် စာတစောင်ဖြစ်နေကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့်လည်း ဗုဒ္ဓအဆုံးအမများနှင့်အညီ မေတ္တာတရားရှေးရှုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်းတို့ကို ရေးသားထားကြောင်း ဦးသာဘန်းက ပြောသည်။

“၀ါရင့်အဖွဲ့အနေနဲ့ အစဉ်တစိုက် တိုက်တွန်းနေတာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပါပဲ။ လိုအပ်ရင် လိုအပ်သလို စာရေးသား တိုက်တွန်းနေတာပါ။ နအဖအစိုးရဘက်က တုံ့ပြန်မှုရှိတာ မရှိတာက သူ့အပိုင်းလေ။ တို့ လုပ်စရာရှိတာ၊ ပြောစရာရှိတာကို လုပ်တာပြောရမှာက တို့အပိုင်းလေ” ဟုလည်း ၎င်းက ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ကို လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော သခင်ဟောင်းများ၊ ပြည်သူ့ရဲဘော်ဟောင်းများက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်က (၂၃) ဦး ပါဝင်သော်လည်း ယခုအခါ (၁၀) ဦးခန့် သာ ကျန်းမာရေးကောင်းမွန်စွာ ရှိနေကြောင်း သိရသည်။

“ဗိုလ်မှူးအောင်တို့၊ သခင်သိန်းဖေတို့ စဖွဲ့ခဲ့တာပါ။ နောက်တော့ တချို့တွေလည်း ကွယ်လွန်ကုန်ကြ။ တချို့တွေလည်း ကျန်းမာရေး ညံ့ကုန်ကြနဲ့။ အခု သွားလာလှုပ်ရှား ပြောနိုင်ဆိုနိုင်တာက (၇) ဦး၊ (၈) ဦးလောက်ပဲ ရှိပါတော့တယ်” ဟု ဦးသာဘန်းက ပြောသည်။

http://www.khitpyaing.org/news/Nov09/301109a.php