Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday, 30 May 2009

မန်မာ့အရေး မြန်မာတွေ လက်မနှေးစေချင်

 

ဗိုလ်မှူး အောင်လင်းထွဋ်ရဲ့ အစီရင်ခံစာ

၀၅ - ၂၉ - ၂၀၀၉

 

သံရုံးက ထွက်လာပြီးတဲ့ နောက်ပိုင်း ပြည်တွင်းက လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆက် အသွယ်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ နေပြည်တော်ကြပ်ပြေးက လေးလပတ် အစည်းအဝေးမှာ စစ်ခေါင်းဆောင်တွေ ဆွေးနွေးပြောကြားခဲ့တာကို ပြည်တွင်းက သတင်း ရရှိပါတယ်။ လုပ်ဖေါ် ကိုင်ဖက်တွေရဲ့  ပြောကြားချက်အရ ဗိုလ်သန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ညှိနှိုင်းဖို့ လုံးဝ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ အစည်းအဝေးမှာ ဒီကိစ္စ တွေနဲ့ပတ်သက်လို့ ပြည်တွင်း ပြည်ပ Issue တစ်ခု အနေနဲ့ ပြောသင့်တယ်လို့ ပြောကြား ကြပါတယ်။ ဗိုလ်သန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံစကား ပြောဖို့ သတ္တိမရှိဘူး။ ဒါကြောင့် ဗိုလ်ချုပ်အောင်ကြည်ကို ကိုယ်စားစကားပြောဖို့ နည်းနာ တစ်ခုအနေနဲ့ လှည့်စားဖို့ ဖြစ်တယ်လို့ နေပြည်တော်က သတင်းရရှိပါတယ်။

 

ဆက်လက်ရရှိတဲ့ သတင်းကတော့ ဗိုလ်သန်းရွှေအနေနဲ့ ပြည်သူတွေကို အာဏာ လွှဲပေးဖို့ ကြောက်ရွှံ့နေပါတယ်၊ နောက်ဆုံး ပြည်သူတွေ အနေနဲ့လည်း သူတို့ရဲ့ ကောက်ကျစ်မှု ယုတ်မာမှုတွေကို သိလာကြပြီ ဖြစ်ပါတယ်၊ ဗိုလ်သန်းရွှေ ဘာလုပ်နေ သလဲဆိုတာ အဆင့်မြင့်အရာရှိကြီးတွေတောင် ဗိုလ်သန်းရွှေကို နားမလည်နိုင်အောင် ဖြစ်နေ ကြပါတယ်လို့ သိရှိရပါတယ်။

 

ဗိုလ်သန်းရွှေရဲ့ Plan ဟာ Government ကို ပုံစံတစ်မျိုးနဲ့ ချိန်းကာ သူ့အနေနဲ့ ထိန်းချုပ် ထားဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ဗိုလ်သန်းရွှေအနေနဲ့ အမျိုးသား လုံခြုံရေး ကောင်စီ အကြံပေး နာယက အဖြစ် နေမဲ့အစီအစဉ် ရေးဆွဲထားပါတယ်။ သူကိုယ်တိုင် စိတ်ဓါတ်စစ်ဆင်ရေးဌာနမှာ လုပ်ကိုင်ခဲ့ပြီး ပြည်သူတွေကို ဘယ်လို ညစ်ပတ်ရမလဲဆိုတာကို ကောင်းကောင်းကြီးသိနေခဲ့ပါတယ်။

 

ဥပမာ- ရန်ကုန်မြို့ အနေနဲ့ လူထုကို မီးမှန်မှန်ပေးနိုင်ပေမယ့် မီးဖြတ်ထားတာဟာ နိုင်ငံရေးကို ပြည်သူတွေ စိတ်မ၀င်စားနိုင်ဘဲ နေ့စဉ် လည်ပတ်နေရတဲ့ ကိစ္စတွေမှာ ပြဿနာဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ အကြံနဲ့ ဗိုလ်သန်းရွှေက တမင်လုပ်ထားတာလို့ သိရပါတယ်။

 

ပြည်သူလူထုကို တကယ် ကောင်းကောင်းမွန်မွန် ထားရင် တိုးတက်တဲ့အမြင်နဲ့ နိုင်ငံရေးကိစ္စတွေကို စိတ်ဝင်စားလာနိုင်တယ်လို့ ဗိုလ်သန်းရွှေက ကောင်းကောင်းကြီး သိနေခဲ့ပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေဟာ ဦးနေ၀င်းထက် ပိုမိုဆိုးရွား ကောက်ကျစ် ယုတ်မာတယ်လို့ ပြောပါတယ်။ ဗိုလ်သန်းရွှေရဲ့ ကိုယ်ပိုင်ဥာဉ်က သူတစ်ပါးနှင့်မတူဘဲ သွေးအေးအေးထား ရက်စက်တတ်ပါတယ်။

 

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်မရှင် (MEC) တွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအားလုံးကို ချုပ်ကိုင်ထားပါတယ်။ ဒီဌာနတွေရဲ့ အကြီးအကဲဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးဟာ ဗိုလ်သန်းရွှေ တပ်မ (၈၈) တပ်မမှူးဘ၀မှာ ဗိုလ်သန်းရွှေရဲ့ P.A လုပ်ခဲ့ဖူးးသူ ဖြစ်ပါတယ်။ လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်လုပ်ရေးတပ်မှာလည်း အကြီးအကဲဖြစ်ပြီဲး SPDC ရဲ့  အဖွဲ့ဝင် တစ်ဦးလည်းဖြစ်တယ်။

 

မြန်မာနိုင်ငံရဲ့ ၀န်ကြီးဌာနတွေ အားလုံးလိုလိုဟာ ဦးပိုင်ရဲ့ ကွပ်ကဲမှုအောက်မှာသာ အလုပ် လုပ်လို့ရတဲ့ အစီအစဉ်မျိုးကို ဗိုလ်သန်းရွှေက ချမှတ် ထားပါတယ်။ ဦးပိုင်နဲ့ အမ်အီးစီက ရရှိတဲ့ ၀င်ငွေတွေအားလုံးကို သန်းရွှေအနေနဲ့ သူ့သဘောနဲ့သူ ကြိုက်သလောက် စာရင်းမရှိ အင်းမရှိ သုံးစွဲခွင့် ရရှိထားပါတယ်။

 

သန်းရွှေကို ပျော့ပျော့ပြောင်းပြောင်း ချဉ်းကပ်လို့ သူ့ရဲ့ စိတ်ဓါတ်က ပြောင်းလဲဖို့ မရှိပဲ ဒီလိုချဉ်းကပ်တာကိုလဲ သူ့အနေနဲ့ လုံးဝဂရုမစိုက်ဘူးဆိုတာ သိရပါတယ်။ သူ့ကို စိတ်ပြောင်း လဲဖို့ဆိုရင် သူ့အနေနဲ့က သံတမန်ရေး ထိုးစစ်ဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာစီယံတို့ကို အသုံးပြု နေတာကြောင့် နိုင်ငံတကာနဲ့ ဆက်ဆံရေး ပျက်ပြားအောင် သူ့ကို လုပ်သင့်ကြောင်း ပြည်တွင်းမှ အရာရှိများက အကြံဥာဏ် ပေးလာပါတယ်။

 

ထို့အတူ အနောက်နိုင်ငံတွေရဲ့ ဖိအားကို ပိုမိုပေးနိုင်အောင် လုပ်သင့်တယ် လို့လည်း အကြံဥာဏ်ပေးပါတယ်။ တရုတ်အစိုးရကို မြန်မာနိုင်ငံအား Pressure ပိုမို ပေးနိုင်အောင် လည်းလုပ်ရပါမယ်။

 

ဗိုလ်မှူးအောင်လင်းထွဋ်ဟာ အမေရိကန်နိုင်ငံ သံရုံး ယာယီတာဝန်ခံအဖြစ် တာဝန်ထမ်း ဆောင်နေစဉ်က တရုတ်ထောက်လှမ်းရေး အရာရှိတစ်ဦးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံရဲ့ Policy သဘောထားဟာ ဒေါ်အောင်ဆန်းစုကြည် တက်ရင်လည်း ပြဿနာ မရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်တဲ့ အစိုးရဖြစ်ရန်သာ လိုလားကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်စေချင်တာဟာ တရုတ်တို့အနေနဲ့ စီးပွားရေးကိုသာ စိတ်ဝင်စားကြောင်း၊ ၁၉၉၀ အန်အယ်လ်ဒီ အနိုင်ရတဲ့အခါမှာလည်း ကြိုဆိုခဲ့ပါကြောင်း စသဖြင့် တရုတ်အရာရှိမှ ဆွေးနွေး ပြောကြားခဲ့ပါတယ်။ အဲဒီအရာရှိဟာ ယခုလက်ရှိ တရုတ်သမ္မတ ဟူကျန်တောင်ရဲ့ အနီးကပ် တပည့်တစ်ယောက် ဖြစ်နေပါတယ်။ သူတို့ ဆွေးနွေးခဲ့စဉ်မှာ ဟူကျန်တောင်ဟာ ဒုတိယ သမ္မတသာဖြစ်ပါတယ်။

 

ဗိုလ်မှူးအောင်လင်းထွဋ် စစ်ရုံးမှာ နေစဉ်အခါတုန်းက ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့်တိုဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ “ ငါတို့သိတယ်၊ တရုတ်ဟာ ငါတို့မိတ်ဆွေအစစ်မဟုတ်ဘူး၊ ငါတို့သူတို့ကို မလွှဲမရှောင်သာလို့ ဆက်ဆံရတယ်၊ မချစ်သော်လည်း အောင့်ကာနမ်းရတယ်” စသဖြင့် လက်ရှိအခြေအနေအရ တရုတ်ကို မပေါင်းမဖြစ်လို့ ပေါင်းရတာဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားတာ အမြဲကြားခဲ့ရပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးဟာ သူတို့ငယ်ရွယ်စဉ် နှစ်ပေါင်းများစွာ တရုတ်ရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စစ်တိုက် ခဲ့ရတာကြောင့် တရုတ် ကို အတွင်းကြိတ် မုန်းနေတဲ့ သဘောရှိပါတယ်။

 

လေးလပတ်အစည်းအဝေးတွေမှာ ဗိုလ်မောင်အေးဟာ တပ်မမှူး၊ တိုင်းမှူးတွေကို “ဒီကောင်တွေကို တစ်နေ့ ငါတို့ပြန်တိုက်ရမယ်၊ အသင့်ပြင်ထားလို့” အမြဲပြောတတ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ အမြဲညွှန်ကြားပါတယ်။ အခုအချိန်ထိလည်း တရုတ်အစိုးရဟာ တရုတ်-မြန်မာနယ်စပ်က ငြိမ်းချမ်းရေး အဖွဲ့တွေကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဗိုလ်ရွှေမန်း တရုတ်ပြည်ကို အလည်သွားခဲ့ရာမှာ ငြိမ်းချမ်းရေးအဖွဲ့တွေ အနေနဲ့ အပြီးတိုင်လက်နက်ချဖို့  တရုတ်အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးပါရန် ပြောကြားရာ တရုတ်အစိုးရက မသိသလို ဝေ့လည်ကြောင်ပတ် လုပ်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာရောက်ရာ ဗိုလ်သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ဗိုလ်သန်းရွှေက အလိုမကျစွာ တုန့်ပြန်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အလိုကျ အတိုက်အခံတွေနဲ့ဆွေးနွေးဖို့ တရုတ်ကပြောတယ်လို့ ယူဆရပါတယ်။ ဗိုလ်သန်းရွှေဟာ ရုရှားက နျူးကလီးယား Expert ကျွမ်းကျင်သူတွေကို မြန်မာပြည်သို့ ဖိတ်ခေါ်ခြင်းဖြင့် တရုတ်မကြိုက်တာကို လုပ်ပြခဲ့ပါတယ်။

 

၂၀၀၉ ခုနှစ်မှာ တရုတ်စစ်တပ်ဦးစီးချုပ် မြန်မာပြည်ကို သွားရောက်လည်ပတ်ရင်း ဗိုလ်သန်းရွှေကို ပြန်ချော့ခဲ့ပါတယ်။ တရုတ်နှင့်မြန်မာဟာ ဂက်စ် ပိုက်လိုင်းကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်တွေမှ သယ်ယူဖို့ သဘောတူခဲ့ပါတယ်။ အဲဒါကို ဗိုလ်သန်းရွှေဟာ ကျောက်ဖြူကနေသယ်ဖို့ ပြန်ပြင်ပြောကာ ပြဿနာတစ်ခုအနေနဲ့ တရုတ်ကို ချပြလိုက်ပါတယ်။ ၂၀၁၀ မှာ တရုတ်အနေနဲ့ ဂက်စ်ပိုက်လိုင်းကိစ္စ အပြီးအစီး လုပ်ဖို့ ဖိအားပေးခြင်းကတော့ တရုတ်ဟာ ဗိုလ်သန်းရွှေကို စီးပွားရေးအရ စိတ်မချဘူးဆိုတာ သိရပါတယ်။

 

၂၀၀၂-၂၀၀၃ ခုနှစ်ကလည်း တရုတ်နှင့် မြန်မာ သဘောတူညီပြီးသား စာချုပ်ဖြစ်တဲ့ ဧရာဝတီမြစ်ကို အသုံးပြုရန် ကိစ္စမှာ သမ္မတ ကျန်ဇီမင်း မြန်မာပြည်လာစဉ် ဗန်းမော်တွင် ဆိပ်ကမ်းလုပ်ပြီး ဧရာဝတီမြစ်အား မဲခေါင်မြစ်လို လမ်းကြောင်းဆက်ကာ တရုတ်သင်္ဘောများ ၀င်ထွက်ရန် စီစဉ်ခဲ့ပါတယ်။ တကယ်တမ်း စာချုပ်လက်မှတ်ထိုးကာနီးမှ ဗိုလ်သန်းရွှေက စိတ်ပြောင်းပြီး လက်မခံတော့လို့ ကျန်ဇီမင်းလည်း ဒေါသထွက်ခဲ့ရာ ဗိုလ်ခင်ညွှန့်က လိုက်ချော့ခဲ့ရပါတယ်။ ဗိုလ်သန်းရွှေရဲ့ အကြောင်းပြချက်ကတော့ ဧရာဝတီ မြစ်ကြောတလျှောက် တရုတ်သင်္ဘောတွေ တရုတ်အလံထောင်ပြီး ခုတ်မောင်းနေတာကို ခွင့်မပြုနိုင်လို့ ဖြစ်ပါတယ်။

 

ဒါ့အပြင်  တရုတ်ဟာ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာ့အရင်းအမြစ်တွေကို ယူပြီး ရေအား လျှပ်စစ်စီမံကိန်း (၇) ခုအား ၂၀၁၀ မတိုင်မီမှာ လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုနိုင်ရေး  ကြိုးစားနေပါတယ်။ မြန်မာ့ အရေးမှာ တရုတ်ဟာ အမြတ်ထုတ် စီးပွားရေးကိုယ်ကျိုးကြည့် လှုပ်ရှားနေတာကြောင့် အတိုက်အခံတွေအနေနဲ့ တရုတ်ကို ဆွဲဆောင်ဖို့ ပူးပေါင်းဖို့ အလွန်လိုအပ်ပါတယ်။ တရုတ်ကို ဆဲဖို့ထက် စည်းရုံးဖို့ ဗီတို အာဏာမသုံးဖို့  နည်းလမ်း ရှာဖွေသင့်ပါတယ်။

 

အိန္ဒိယအနေနဲ့က မြန်မာကို အန္တရာယ်မပေးနိုင်ဘူးလို့ ဗိုလ်သန်းရွှေ ကောင်းကောင်းသိပါတယ်။ အိန္ဒိယနယ်စပ်က နာဂ၊ကသည်း၊ ကူကီး စတဲ့ သောင်းကျန်း သူတွေဟာ အိန္ဒိယအစိုးရအတွက် ပြဿနာရှိပါတယ်။ မြန်မာဘက်က သူတို့ကို နေခွင့် ပေးတာမျိုး ရာရှင်၊ သေနတ်စသဖြင့် ထောက်ပံ့ပေးတာမျိုး လုပ်နိုင်တာရှိပါတယ်။ ရာဂျစ်ဂန္ဒီ သေပြီးနောက် ကကလှမ်းမှ ဗိုလ်ချုပ်ကျော်သိန်းဟာ အိန္ဒိယကို ဆွေးနွေးဖို့ အလည်အပတ် သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အိန္ဒိယဟာ အရှေ့မျှော်ဝါဒပေါ်လစီ ပြောင်းလဲခဲ့ပါတယ်။ တရုတ် ရေတပ် ဘင်္ဂလားပင်လယ်အော်ပေါ်မှာ လှုပ်ရှားမှာကို အထူးစိုးရိမ်နေလို့ အိန္ဒိယကို ကိုယ်ကသာ အန္တရာယ်ပေးနိုင်ပြီး အိန္ဒိယကတော့ ကိုယ့်ကို ပြဿနာမပေးနိုင်ဘူးဆိုတာ ဗိုလ်သန်းရွှေကောင်းကောင်းသိခဲ့ပါတယ်။ ဗိုလ်သန်းရွှေဟာ အာစီယံအုပ်စုနှင့်ပတ်သက်ပြီး အာစီယံကို ရှေ့နေတစ်ယောက် လိုသာ သဘောထားခဲ့ပါတယ်။ ၁၉၉၈ မှာ အာစီယံတွင် ဒေါ်အောင်ဆန်းစုကြည်ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်သန်းရွှေအား ဖိအားပေး ပြောကြားရာ ဗိုလ်သန်းရွှေက အာစီယံက ထွက်မယ်လို့ လှမ်းက ဗိုလ်ချုပ် ကျော်ဝင်းတို့ကို ပြောခိုင်းလိုက်ပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် အာစီယံနိုင်ငံတွေဟာ မြန်မာပြည်နဲ့စီးပွားရေးအရ ပတ်သက်လုပ်ကိုင်နေရတာမို့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ အခြေအနေတခု စောင့်ကြည့်နေတဲ့အပြင် စင်္ကာပူနိုင်ငံကလည်း စစ်ခေါင်းဆောင်တွေရဲ့ ငွေတွေကို သူတို့ဘဏ်မှာ ထားရှိရတာကြောင့် စီးပွားရေးအရ သဟဇာတ ဖြစ်နေတဲ့သဘော ရှိပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့အတွက် တခုတည်းသော ပိုက်ဆံရပေါက်ဖြစ်တဲ့ ဂက်စ်လိုင်းတွေ ပေါက်ကွဲမှာကို အထူးစိုးရိမ် ကြောက်လန့်နေပြီး ဂက်စ်ဖိုးငွေ ထိုင်းနိုင်ငံမှ ရရှိဖို့ အပြန်အလှန် စီးပွားဘက်ဖြစ်နေကြရပါတယ်။

 

ဒါကြောင့် အမေရိကန်အနေနဲ့ စင်္ကာပူကို ထိန်းချုပ်ဖို့ ဖိအားပေးရန် လိုအပ်ပါတယ်။ ဗိုလ်သန်းရွှေအနေနဲ့ ထိုင်းနဲ့စင်္ကာပူကို ပစ်ပယ်လို့မရတာကြောင့် ပြဿနာအများကြီး ရင်ဆိုင်နိုင်အောင် ကြိုးစား လုပ်ဆောင်ပေးရပါမယ်။ ဗိုလ်သန်းရွှေဟာ ထိုင်းနိုင်ငံကို အားကိုးတဲ့အနေနဲ့  ၀န်ကြီးချုပ် သက်ဆင် အာဏာရစဉ် သက်ဆင်က သမ္မတ ဂျော့ဘုရှ်နှင့်တွေ့ရန် သွားတဲ့အခါ မြန်မာ့နိုင်ငံခြားရေး ၀န်ကြီးကတဆင့် သက်ဆင်ထံ စာတစ်စောင်ပေးလိုက်ပါတယ်။ အဲဒီစာထဲမှာ သမ္မတ ဂျော့ဘုရှ်နှင့် တွေ့ဆုံဆွေးနွေးတဲ့အခါ မြန်မာပြည်နှင့်ပတ်သက်လို့ ကောင်းတဲ့အချက်အလက်တွေကို ပြောပေးပါလို့ သက်ဆင်ထံ ဖိအားပေး ပြောဆိုရေးသားထားတဲ့စာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနှင့်စင်္ကာပူကို ဗိုလ်သန်းရွှေက ပစ်ပယ်လို့မရတာ ထင်ရှားခဲ့ပါတယ်။

 

နိဂုံးချုပ်အားဖြင့် ဆိုရင် ဗိုလ်မှူး အောင်လင်းထွဋ်ရဲ့  အကြံဥာဏ်ကတော့ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာကို ဖိအားပေးဖို့ ပိုပြီး လိုအပ်ပါတယ်။ မြန်မာစစ်တပ် အပေါ်မှာ အပြုသဘောဆောင်တဲ့ ဖိအားပေးမှုတွေ၊ တွန်းအားပေး စေ့ဆော်မှုတွေလည်း လုပ်ရပါမယ်။ နအဖကို သံတမန်နည်းအရ အပြည့်အ၀ ဖိအားပေးဖို့နဲ့ သတ်မှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို အသုံးပြု တွန်းအားပေးဖို့ အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာ့ ကုလသမဂ္ဂကို ဖိအားပေးရပါမယ်။ စီးပွါးရေး ဒါဏ်ခတ်ပိတ်ဆို့မှုဟာ နောက်ဆုံးထိရောက်မှုရှိကြောင်း တင်ပြထားပါတယ်ခင်ဗျား။

Friday, 29 May 2009

ဓနုအမျိုးသားကောင်စီမှ

လေးစားရပါသော မိဘပြည်သူများ၊ဘလော့ဂ်ဂါများ၊အဖွဲ့အစည်းအသီးသီ မှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ ရှင့်..

အမေရီကန်နိုင်ငံသား ဂျွန်ဝေလီယန်ယက်တော် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းအတွင်း တိတ်တဆိတ် ဝင်ရောက်လာခြင်း သည်စစ်အစိုးရ၏ လုံခြုံရေး ညံ့ဖြင်းခြင်းကြောင့်သာ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူသားပီသသည့် လူလူချင်း ညှာတာစိတ်ထားသည့် ခေါင်းဆောင်တစ်ဦးပီသသည့် “သူမကြောင့် အခြားသူ တစ်ဦး အာဏာရှင် လက်ထဲ ရောက်မှာ မလိုလားပါဖူး" ဆိုတဲ့ စကားဟာ ယက်တော သူ့ဖာသာ ၀င်ရောက် လာခြင်းကို နအဖလက်ထဲ တိုင်ပြီး အပ်ရမယ့် လုပ်ရပ် ကို သူမ မလုပ်ခဲ့ပါ။ လူလူချင်း ဒုက္ခ ရောက်မယ့် လုပ်ရပ် သူမ မလုပ် နိုင်ပါ ... မြန်မာ ဖြစ်စေ နိုင်ငံခြားသား ဖြစ်စေ မခွဲခြားဘဲ ထားတဲ့ စိတ်ဓါတ်ဟာ ယက်တောရော နိုင်ငံတကာက ပြည်သူတွေရော သိစေချင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြင့်မြတ်သည့်၊ လူသား ပီသသည့်၊ နိုင်ငံကြီးသား ပီသသည့်၊ လူလူချင်း ခွဲခြားဆက်ဆံမှု မရှိသည့် ဒေါ်အောင်ဆန်းစုကြည် အတွက် ကျွန်တော် တို့ ဂုဏ်ယူထိုက်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ ဒေါ်အောင်ဆန်းစုကြည် တွင် လုံးဝ အပြစ်မရှိပါ။ ယခုအခါတွင် စစ်အစိုးရတို့ ကြိုတင် ကြံစီထားသည့် အတိုင်း ဒေါ်အောင်ဆန်းစုကြည် အား အကျဉ်းထောင်တွင်း ၌ ဆက်လက် ဖမ်းဆီး ချုပ်နှောင် ထားတော့ မည်။

အထက်မြန်မာပြည်ခရီးစဉ်အတွင်းဖြစ်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှုကြီးမှအစ ယနေ့ အင်းစိန်ထောင် အတွင်း ရောက်နေရသည် အထိ ဒေါ်အောင်ဆန်းစုကြည်၌ လုံးဝ အပြစ်မရှိပါ။ မတရား ဖမ်းဆီးချုပ်နှောင် ထားခြင်းသာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ရွေ့ပြောင်းချုပ်နှောင် ထားခြင်း သည် ကျွန်မတို့ အားလုံးနှင့် ပြည်သူတရပ်လုံး၏ မျှော်လင့်ချက်များ အလုံးစုံကို ဖမ်းဆီးချုပ်နှောင်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်မ တို့အနေ နှင့် မိဘပြည်သူများ ၊ ဘလော့ဂ်ဂါများ ၊ အဖွဲ့အစည်းအသီးသီ မှ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် အဖွဲ့ဝင်များ အားလုံး၏ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင်ထားခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ခံစားချက်များ အားလာရောက် ရေးသားဖို့ ဖိတ်ခေါ်ပါရစေ။ ထိုရေးသားချက်များအား “ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင်ခံရခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ပြည်သူများ၏ ခံစားချက်” အမည်ဖြင့် စာအုပ် ထုတ်ဝေပြီး နိုင်ငံ အသီးသီး ၏ ခေါင်ဆောင်များ ၊ မြန်မာနိုင်ငံ အကြောင်း စိတ်ဝင်စားသူများ ထံ ပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။
www.news-shrc.org

လေးစားစွာဖြင့်

ဒေါက်တာ - နန်းသီတာအေး
ဒုဥက္ကဌ
ဓနုအမျိုးသားကောင်စီ
ဖိတ်ခေါ်ချက်ပေးပို့ခြင်း

နေပြည်တော်လူကြမ်းအဖွဲ့ ပါဝင်သော ဇာတ်ကားကြီး

“အမယ်မင်း .. အစွယ်လိုသူ ချိုကုပ်ဒူးကြီး ..၊ အသွားစေခိုင်းသူ ငရွှေ ..၊ သူ့ဘာသာသူ ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ဒီဇာတ်လမ်းတော်ကြီးမှာ ကျနော်မျိုး မောင်ယက်ထော လေးက မြေဇာပင်ပါခင်ဗျာ ..

မြေဇာပင် ပါခင်ဗျ”

“ကတ်”

ရုပ်ရှင်ရိုက်ကွင်းတခုတွင် ဦးရုက္ခစိုးကော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ပါ ရောက်နေကြခြင်း ဖြစ်သည် ...။ ဦးရုက္ခစိုးကို လူတယောက်က လက်ယပ်လှမ်းခေါ် နေသဖြင့် ကြည့်လိုက်ရာ ချိုကုပ်ဒူးကြီး ဖြစ်နေသည်။



ချိုကုပ်။ ။ ဦးရုက္ခစိုး ရောက်လာပြီလား .. လာဗျာ .. ကျနော်ကတော့ သိပ်မအားဘူး။ ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်ပဲ ဒါရိုက်တာလုပ် .. ကိုယ်တိုင်သရုပ်ဆောင်ဆိုတော့ တော်တော်လေး ပင်ပန်းတယ်ဗျ။

ရုက္ခစိုး။ ။ ဒီဘက်က မှန်ထိုးပေးနေတဲ့ နားရွက်ကားကား အရပ်ကလန်ကလားနဲ့က ဘယ်သူလဲဗျ .. မြင်ဖူးသလိုပဲ။

ချိုကုပ်။ ။ အဲဒါ မောင်ကွေးလေ .. သူ့အခန်းက မပါသေးတော့ မှန်ထိုးခိုင်းထားတာ။ ဟေ့ကောင် ပင့်ထိုး .. ပင့်ထိုး .. ပင့်ထိုးမှ ပေါ်တာကွ .. (မောင်ကွေးဘက်သို့ လှည့်ပြောကာ ဦးရုက္ခစိုး ဘက်သို့ လှည့်လိုက် ပြန်သည်) အဲလိုပဲ ဦးရုက္ခစိုးရေ .. နေရာတကာ ကျနော်မပါလို့ကို မပြီးဘူး။

ရုက္ခစိုး။ ။ ဒါနဲ့ ဒီနေ့အခန်းက ဘာလဲဗျ .. ယက်ထောကို ရိုက်စစ် .. အဲ ယောင်လို့ ယက်ထောအခန်း ရိုက်မှာလား။

ချိုကုတ်။ ။ ဟုတ်တယ်လေ .. ဒီနေ့ရိုက်မယ့်အပိုင်းက ကျနော်တို့ နေပြည်တော် လူကြမ်းတွေ အစွမ်း ကြောင့် မြေဇာပင်ဖြစ်သွားတဲ့ မောင်ယက်ထောလေး အကြောင်းပေါ့။

ထိုစဉ် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ သူတို့တခါမှ မမြင်ဘူးသော အင်းစိန်ထောင်ထဲမှ တရားခွင်မြင်ကွင်း ရိုက်ကွင်းကို လိုက်လေ့လာနေရာမှ ဦးရုက္ခစိုးတို့ရှိရာ ချဉ်းကပ်လာသည်။

ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးကို တခုမေးပါရစေ .. ဘယ်လိုစိတ်ကူးနဲ့ ဒီဇာတ်ကား ရိုက်တာလဲဗျ။ နောက်ပြီး မင်းသားလည်းမပါဘူး .. လူကြမ်းအဖွဲ့ချည်းပဲ ဆိုတော့ တမျိုးဖြစ်မနေဘူးလား။

ချိုကုပ်။ ။ မောင်ရင်တို့ အဲဒါခက်တာပဲ .. အင်တာနေရှင်နယ် မျက်စိနဲ့ ကြည့်စမ်းပါ။ ခုခေတ်က လူကြမ်းတွေခေတ် ဖြစ်နေပြီ ..။ ကျုပ်တပည့်ကြီး မောင်နေပြင်းတို့၊ ဟိုချာတိတ်ကလေး မောင်ဖင်တွန့်တို့ လက်ထက် တုန်းကသာ မင်းသားနည်းနည်း ထည့်သုံးတာ။ ကျုပ်က သူတို့ထက် သာချင်၊ ကမ္ဘာကျော် ချင်တာလေ .. ကောင်းတာလုပ်ပြီး ကမ္ဘာကျော်ဖို့ သိပ်မမြင်တော့ .. လူကြမ်းအနေနဲ့ ကမ္ဘာကျော်အောင်လုပ်ဖို့ ဒီအစီအစဉ်ကို ဆွဲလိုက်တာပဲ။ ဟဲဟဲ အကြံပိုင်သော ငရွှေနော် ..။

ဖိုးရှုပ်။ ။ တရားခွင်ဆက်တင်က အတုလား အစစ်လားဗျ။

ချိုကုပ်။ ။ အစစ်လေ .. ။ ကျုပ်က အစစ်ပဲသုံးတာ၊ ဒါပေမယ့် အစစ်ကိုက ပြဇာတ်ဆန်ဆန်ပဲ .. ဟဲဟဲ .. တကယ့် တရားခွင်အစစ်ဆိုတာလည်း ရှိမှမရှိတာဘဲဟာ .. အားလုံးက ဖန်တီးထားတာချည်းပဲ။

ကြွက်စုတ်။ ။ သြော် သြော် မှတ်သားလောက်ပါပေတယ်ဗျာ။ ဟိုးတခေတ်တခါက သမ္မတ လူကြမ်း အဖွဲ့ဆိုပြီးခေတ်စားတယ်၊ နောက်တော့ ကိုလူချောတို့ အဖွဲ့တဲ့ ခု နေပြည်တော်လူကြမ်းအဖွဲ့ဆိုပြီး အဲဒီနေရာကို ယူမှာလား။

ကြွက်စုတ်မေးခွန်းကြောင့် ချိုကုပ်ဒူးကြီး၏ တစက်မှကြည့်မကောင်းသော မျက်နှာကြီး မဲ့ရှုံ့သွားသည်။

“ဒီမျက်ခွက်နဲ့ဆိုရင်တော့ အော်စကာဆုတော့မသိဘူး အော်ကျောလန်ဆုတော့ ရမှာသေချာတယ်” ဟု ဦးရုက္ခစိုး တွေးလိုက်သည်။

ချိုကုပ်။ ။ ဖွတ် .. ဘာကိစ္စ ဒီလူကြမ်းတွေ နေရာယူရမှာလဲ .. အသေးအဖွဲတွေဥစ္စာ ..။ ကျုပ်က ဒေဝဒတ်တို့ .. ဟစ်တလာတို့ .. ဆဒမ်ဟူစိန်တို့လို ကမ္ဘာကျော်လူကြမ်းတွေ နေရာယူမှာ ..။

ရုက္ခစိုး။ ။ လူမုန်းများမယ့် အလုပ်ကြီးနော် .. ချိုကုပ်ဒူးကြီး .. စဉ်းစားပါဦး ..။ ခင်ဗျားရဲ့ ဇာတ်လမ်း အရဆို .. တော်တော်လေး ဇာတ်နာနေပြီ ..။ ဒီလောက်ကြီး ဇာတ်နာနေတာတောင် ထပ်ပြီး ဇာတ်နာခိုင်း ဦးမလို့လား။

ချိုကုပ်။ ။ အခြေအနေအရ ဇာတ်နာရတာဗျ ..။ ကျုပ်က နာအောင်မလုပ်ရင် ကျုပ်ကို နာအောင် လုပ်ကြတော့မှာလေ ..။ ဒီတော့ ကျုပ်က ကြမ်းပစ်လိုက်၊ ရမ်းပစ်ရမယ် .. ။ ခဏလေးဗျာ ဦးရုက္ခစိုး နည်းနည်း ညွှန်ကြားလိုက်ဦးမယ် ..။ ပြန်စမယ်ဟေ့ .. ကင်မရာကိုင်ထားတဲ့ ဂျပု ဆော်ကြမ်း .. သေချာနားထောင် .. ယက်ထောကို ချိန်ထားမယ် ..။ ဟိုကောင် .. ရဲညင့်ပြောင် မင်းမျက်ခွက်ကြီး ကင်မရာထဲ မဝင်စေနဲ့ .. အသံပဲ ယူမယ် .. ခပ်ဝေးဝေးကနေ .. ငါ သင်ထားတဲ့အတိုင်း အော်ပြော .. လိပ်ခေါင်းထွက်အောင် အော်နော် ..။

ရဲညင့်ပြောင်။ ။ ဟုတ်ကဲ့ပါ ချိုကုပ်ဒူးကြီး။

ချိုကုပ်ဒူးကြီး၏ အံ့မခန်း ကမ္ဘာကျော်ရိုက်ကွင်းကို ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တအံ့တသြ အငေးသား ကြည့်နေကြရသည်။

ချိုကုပ်။ ။ ကဲ စအော်ပြောတော့။ ဖိုက် .. ဖိုး .. သရီး .. တူး .. ဝမ်း .. အက်ရှင် ..

ရဲညင့်ပြောင်။ ။ ဒီမှာ ယက်ထောကြီး .. ခင်ဗျားနဲ့ ဒေါ်စုက သမီးရည်းစားတွေမို့လို့ ခုလို တကူးတက ရေကူး ဝင်တာမဟုတ်လား .. ဘူး .. ထွား .. ဟားဟားဟား ..။

ယက်ထော။ ။ မဟုတ်ရပါဘူးဗျာ .. ။ ခင်ဗျားတို့ သွားခိုင်းလို့လည်း သွားရသေးတယ် .. ။ ဒီဇာတ်လမ်းက ပြီးသွားရင်ဘာဖြစ်မယ်ဆိုတာ သိပြီးသား .. ဆက်မပါချင်တော့ဘူးဗျာ .. ကျုပ်ထွက်မယ် ..။

ချိုကုပ်။ ။ ဟာ .. ဟေ့လူ .. သင်ထားတဲ့အတိုင်းပြောလေ .. ဘယ့်နှယ် မဟုတ်တာတွေ လျှောက်ပြော နေရတာလဲ .. ဟေ့ .. ရိုက်ကွင်းခဏနားမယ်။ ပြီးရင် အာဆီယံကို ကလော်ဆဲတဲ့ အခန်း ရိုက်မယ် ဟေ့ ..။ ဉာဏ်ပျင်းကို အဆင်သင့် ပြင်ခိုင်းထား။

မောသွားဟန်ဖြင့် ခြေပစ်လက်ပစ် ထိုင်လိုက်သော ချိုကုပ်ဒူးကြီးကို သူ့ကတော်အမေကွိုင်က ချွေးလာသုတ် ပေးသည်။

ဦးရုက္ခစိုး။ ။ ခင်ဗျားရဲ့ ဇာတ်လမ်းက ဘယ်လိုဆက်မှာလဲ လုပ်ပါဦး ချိုကုပ်ဒူးကြီးရဲ့ .. တော်တော် စိတ်ဝင်စားစရာ ကောင်းလာပြီ။

ဦးရုက္ခစိုး၏ အမေးကို ချိုကုပ်ဒူးကြီးက သွားများဖြဲ၍ပြုံးကာ ပြန်ဖြေသည်။

ချိုကုပ်။ ။ ဒီလိုဗျ ..၊ ကျုပ်ရဲ့ ဗျူဟာက .. အဲလေ ဇာတ်ညွှန်းက ဘာမှ မခက်ဘူး .. မြန်မာဗီဒီယို ကားတွေကိုပဲ မှီးထားတာပါ။ ခုမြန်မာကားတွေက ဖက်ဆစ် ဂျပန်လက်ထက် လွတ်လပ်ရေးမရခင်က ကားတွေ ရိုက်ကြတယ်မဟုတ်လား .. အဲဒီအတိုင်းပဲ။

ဖိုးရှုပ်။ ။ ဟာ အံ့မခန်းဘဲဗျာ။ ရှင်းပါဦး။

ချိုကုပ်။ ။ ကျုပ်က သူတို့ထက် သာတယ်ဗျ .. အဲဒီကားထဲက လူကြမ်းတွေ ဘယ်လို ယုတ်မာလဲ၊ ဘယ်လောက်ကြမ်းသလဲ .. ပျင်းတောင် ပျင်းသေးတယ် .. ကျုပ်က သူတို့ထက်ပိုယုတ်တယ်ဗျ။

ကြွက်စုတ်။ ။ စိတ်ဝင်စားစရာတော့ တော်တော်ကောင်းလာပြီ။

ချိုကုတ်။ ။ ဟဲဟဲ မှတ်ထားကြ။ ဖက်ဆစ်ဂျပန်တွေက အလိုတော်ရိတွေ ထားတယ်၊ ကျုပ်က စွမ်းအားရှင်ပါဝါရိန်းဂျားတွေ၊ ကြံ့ဖွတ်တွေ ထားတယ်၊ အဲဒီကားတွေထဲမှာ ဖက်ဆစ် ဂျပန်တွေက ဦးနှောက်မရှိတော့ လူတွေကို နှိပ်စက်တယ်၊ အသေသတ်တယ်၊ ကျုပ်က ဦးနှောက်ရှိတော့ လူထုကို နှိပ်စက်ပေမယ့် အသေမသတ်ဘူး .. မသေမရှင်လေး ဖြစ်အောင် ညှဉ်းဆဲထားတယ်။ ပညာခန်းတွေနော် .. ငှီးငှီး။

ဦးရုက္ခစိုး။ ။ ခင်ဗျားဇာတ်ညွှန်းက နည်းနည်းလွဲနေတယ်ထင်တယ်နော် ချိုကုပ်ဒူးကြီး .. ၊ ခင်ဗျားရဲ့ လုံခြုံရေးတွေကိုတော့ အရေးမယူထားဘူး။ လူတွေက ထောက်စရာ ဖြစ်မနေဘူးလား ယုတ္တိမရှိဘူးဆိုပြီး။

ချိုကုပ်။ ။ ယုတ္တိဟုတ်လား .. ဘာယုတ္တိရှိဖို့ လိုလို့လဲဗျာ .. အစကတည်းက ဇာတ်ဆန်ဆန် ဆင်ထား တာပဲဥစ္စာ ..။ ကောင်မလေးကို စောင့်တဲ့ လုံခြုံရေးတွေကို ဇာတ်လမ်းအရ ရာထူးတိုးပြီး နယ်ပြောင်း ပေးလိုက်တယ်လေ တော်ပြီပေါ့။

ထိုစဉ် အခန်းထဲသို့ အာဏာပါးကွက်သားပုံစံ ဝတ်ထားသော လူတယောက် ဝင်လာသည်။ သူ့နောက်မှ ဓားထမ်းလာသူ အသားမည်းမည်း မျက်လုံးပြူးပြူးနှင့် ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင် လူတယောက်လည်း ပါသည်။ ထိုသူကိုကြည့်ပြီး ကြွက်စုတ်က ထအော်လိုက်သည် “ဟာ .. လူရွှင်တော် မန်းဝင်းကြီးပါလား”

ချိုကုပ်။ ။ ဟာ ဘယ်ကမန်းဝင်းကမှာလဲ .. အဲဒါက ကြွက်ချုပ် စပ်ဖြဲ ဟ ..၊ မန်းဝင်းနဲ့နှိုင်းတော့ မန်းဝင်း သိက္ခာကျ တာပေါ့။ မလုပ်နဲ့လေ။ သူ့ရှေ့က သူ့ဆရာ ပြည်ထဲရေး မူးအောင် .. သူတို့က အဓိကပဲ .. မင်းသမီးကို အပီအပြင်နှိပ်စက်မယ့် အာဏာ ပါးကွက်သားတွေပေါ့။ ကဲကဲ မူးအောင်နဲ့ စပ်ဖြဲ ဟိုထောင့်မှာ ခဏ ထိုင်စောင့် ဦးကွာ .. မင်းတို့အလှည့် ရောက်တော့မှာ ..။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးဇာတ်လမ်းက တဖြည်းဖြည်း ပုံပေါ်လာပြီဗျ။ ကျုပ်တောင် မဖတ်ဘဲနဲ့ သဘော ပေါက်လာပြီ။ ဒီလို အောက်တန်းကျပြီး ပြည့်တန်ဆာတန်းက အမှုဆင်နည်းမျိုးကို ဘယ်ကများ ရှာဖွေတွေ့ရှိထား တာလဲဗျာ ..။

ချိုကုပ်။ ။ ဒါကတော့ဗျာ .. ကျုပ်ရဲ့ ဆရာ့ဆရာတွေ လမ်းစဉ်ကိုလိုက်၊ သူတို့ထဲက မကောင်းတာ မှန်သမျှယူ .. အဲဒါကို မော်ဒီဖိုင်းလုပ် .. ပိုပိုသာသာလေး ယုတ်မာလိုက်တာပါပဲ။ မခက်ပါဘူး။ ဟဲဟဲ .. ဟစ်တလာကြီးက ပြောတယ်မဟုတ်လား ညာရင် အစွမ်းကုန်ညာတဲ့ ..။ ကျုပ်က ယုတ်ရင် အစွမ်းကုန်ယုတ် ဆိုတဲ့ နည်းကို သုံးတာ။ ကျုပ်ဇာတ်လမ်းကို ဘယ်လောက်တောင် အံ့သြနေကြလဲတော့မသိဘူး .. အရင်က ကောင်မလေး ခေါင်းမာတယ် ပြောတဲ့သူတွေတောင် ပါးစပ်တွေ ပိတ်နေတာသာကြည့် .. ဘာသံမှကို မကြားရဘူး။

ထိုစဉ် အရေးအကြီးဆုံးအခန်းကို ရိုက်ဖို့ ပြင်ကြသည် .. ။ တရားခွင်မြင်ကွင်းဖြစ်သည်။ သတင်းထောက်များ၊ သံတမန်များ အပါဝင် ချိုကုပ်ဒူးကြီး၏ နေပြည်တော်လူကြမ်းအဖွဲ့ထဲမှ လူကြမ်းကြီး၊ လူကြမ်းကလေးများပါ ဝင်လာ ကြသည်။ ဦးရုက္ခစိုးကော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စိတ်ဝင်တစား ကြည့်နေကြရသည်။

ချိုကုပ်။ ။ ကဲကဲ တခါးမပွင့်တပွင့် တရားခွင်ခန်း ရိုက်မယ် .. မင်းသမီး အသင့်ပြင်ပါ။ အထဲက စောင့်နေရမယ့်သူတွေ အားလုံးလည်း ရယ်ဒီ .. အာဏာပါးကွက်သားတွေလည်း နေရာယူပါ .. ပြောထားတဲ့ အတိုင်းနော် .. ဖိုက် .. ဖိုး .. သရီး .. တူး .. ဝမ်း .. အက်ရှင်။

အခန်းတခန်းလုံး တိတ်ဆိတ်သွားသည်။ မင်းသမီးက ခပ်ဖြည်းဖြည်း ဝင်လာသည် .. အခန်းထဲတွင် ရှိနေသည့် နေပြည်တော် လူကြမ်းကြီးများ၊ လူကြမ်းကလေးများ၊ လူကြမ်းမများအားလုံး ထိုင်ရာမှ အရိုအသေပေးသည့် အနေဖြင့် တပြိုင်နက်တည်း ထရပ်လိုက်ကြသည်။ ပြီးတော့ တပြိုင်နက်တည်း အော်သံကြီး ဟိန်းထွက်လာသည်။

လူကြမ်းများ။ ။ နိုင်ငံ့ အနာဂတ် ခေါင်းဆောင်ကို ကြိုဆိုပါတယ်။

ချိုကုပ်။ ။ ဟာဟာ .. ဟေ့ လူကြမ်းအဖွဲ့ .. နင်တို့ကို လုပ်ခိုင်းတဲ့ထဲမှာ အဲဒါ မပါဘူးလေ .. ။ အောင်မငီး .. မှားကုန်တော့မှာပဲ .. ရပ် .. ရပ် .. ဟေး ကင်မရာ .. ဆော်ကြမ်း၊ ဂျပု၊ မူးအောင်တို့ .. ဘာလုပ်နေကြတာလဲ .. ဆက်မရိုက်နဲ့လေ ..။ တော်တော့ဟ .. ဦးရုက္ခစိုးရေ .. ကယ်ပါဦးဗျ ..။

ချိုကုပ်ဒူးကြီး ပြာလောင်ခတ်ကာ အရူးချေးပန်း လျှောက်အော်နေသည်ကို ကြည့်၍ ဦးရုက္ခစိုးတို့ သုံးဦးစလုံး မတိုင်ပင်ဘဲ တပြိုင်နက်တည်း အော်လိုက်ကြသည် ..

“ကတ်” … ။ ။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။

Statement of TBM

Statement of TBM Statement of TBM arzarni

Thursday, 28 May 2009

Myo Thein's Open Letter to President of Russia

President Dmitry Medvedev

Ilinka Str, No 23

103132, Moscow, Russia

28 May 2009

Dear Mr President:

First of all, I would like to thank you for given me the opportunity to write to you. I am Myo Thein, a Burmese living in exile working for democratisation of Burma at the Burma Democratic Concern (BDC).

Aung San Suu Kyi was elected by the citizens of Burma in the 1990 General Election. Ironically that election was conducted by the same generals who suppress Burma today. Aung San Suu Kyi has become icon of the humanities to the people of Burma as well as the world.

Currently, Aung San Suu Kyi is charged and tried in the Insein prison relating to the swimmer incident which could end up at least 5 years imprisonment. This is junta’s cunning act to imprison Aung San Suu Kyi as her 6 years house arrest would be reached on 27 May 2009. Junta wanted to lock Aung San Suu Kyi in jail forever as their rigged 2010 election plan is drawing nearer in which they are setting up everything to win their backed party. Burma is in very critical state.

Junta’s planned 2010 election is designed to legitimised military rule in Burma. To pave the way for their rigged 2010 election plan, junta continue imprisoning democracy activists, plotting the ploy to imprison Aung San Suu Kyi and doing everything they can to nullify 1990 election results.

Please call for United Nations Security Council emergency meeting as soon as possible. Clock is ticking and we have no time to waste as junta will definitely deliver the verdict saying that Aung San Suu Kyi is guilty. Please call on junta to free Aung San Suu Kyi and thousands of political prisoners and demand to do dialogue immediately.

Russia’s role is critical in evolving positive change in Burma since it is a permanent member of United Nations Security Council. We want the Russian Government and its citizens to know that Burmese people have been suffering under a brutal military dictatorship for more than half century. During which thousands of people lost their lives, thousands have been imprisoned and thousands were forced to flee for their lives while seeking refuge around the world.

Our aspirations for democracy by nonviolent means are well documented. Our legitimate leader, Aung San Suu Kyi has been courageously leading the struggle for freedom, liberty, democracy and human rights in Burma.

The People of Burma look to the leaders of Russia in an effort to garner support for a democratic Burma. They also seek healing from years of a ruthless military dictatorship. Russia would ease the suffering as a democratic Burma rises from the ashes of tyranny.

We would be very grateful if you could add your voice for the freedom of Aung San Suu Kyi and to restore justice in Burma.

Thank you very much.

Sincerely yours,

Myo Thein
Director
Burma Democratic Concern (BDC)
myothein19@gmail.com
myothein@bdcburma.org
+44 208 493 9137
+44 787 788 2386

http://www.bdcburma.org
http://bdc-burma.blogspot.com/
http://www.youtube.com/user/bdcburma

 

Latest News of Inside Burma

အင်းစိန်ထောင်ဘေးနားက လူမိုက်အများဆုံးနေတဲ့ မြို့သစ်လမ်းတွေ၊ အင်းစိန်ကမ်းနားက ရပ်ကွက်တွေ၊ ရွာမ အနောက်ရပ်ကွက်တွေမှာ စွမ်းအားရှင်တစ်ချို့ တုတ်ဓါးအဆင်သင့်ဆောင်ထားဖို့ ပြောထားကြောင်း သိရပြီး၊ ခေါ်ရင် ခေါ်တဲ့အချိန်ရှိဖို့အတွက် ဘယ်သွားသွား သွားမယ်လာမယ်ဆိုတာကို သူတို့  ခေါင်းဆောင်တွေကို ပြောထားရတယ်ကြောင်း သိရပါတယ်။

တိုင်းပြည်အတွက် ဘာပိုကောင်းလာမှာလဲ

ဒီ နအဖ ရဲ့ ရက်စက်ယုတ်မာပြီး လူမဆန်တဲ့ ကျူးလွန်မှုတွေအပြီး တရားဥပဒေကိုပါ မထေမဲ့မြင်ပြုလာတဲ့ အချိန်မှာ
(အခု တိုင်းပြည်ကို နှိပ်စက် လူထုဆီက မတရားရယူထားတဲ့ စည်းစိမ်တွေကို နအဖ ဆီက လက်ဝေခံ စားနေတဲ့ တရားသူကြီး ဦးအောင်တိုး အပါအ၀င် ကလိန်ကကျစ် တရားသူကြီးများ အားလုံးဟာ သေရင် ငရဲသွားရမှာပါ၊
ငရဲပြည်မှာ ဒီလို တရားသူကြီးတွေ အတွက် ဌာန တခုသတ်သတ် ဖွင့်ပြီး လက်ခံထားတယ် ဆိုတာ သုတ္တန်တရားတော် နှံစပ်တဲ့ ဆရာတော် သံဃာတော်များကို ချဉ်းကပ် မေးကြည့်လို့ရပါတယ်။) နိုင်ငံတော် တာဝန်ထမ်းနေကြတဲ့ ၀န်ထမ်း အပေါင်းတို့ကို စဉ်းစားကြစေချင်ပါတယ်။ နအဖက မုန်းတဲ့ လူတိုင်းကို နှိပ်စက်၊ ညှင်းပမ်း၊ မတရားစွပ်စွဲ၊ ဖမ်းဆီးထောင်ချ လုပ်တဲ့ နေရာမှာ ကူညီပေးတဲ့ ရုံးဝန်ထမ်းများ၊ ရဲဝန်ထမ်းများ၊ ကြံဖွတ်များ၊ ရှေ့နေများ သာမက စွမ်းအားရှင် ဆိုတဲ့ အဖွဲ့ အစည်းများကိုပါ မေးလိုတာက ရှင်တို့ နအဖ ဆီက ဘာအခွင့်အရေး၊ မက်လုံး၊ အကျိုးအမြတ်တွေရနေတယ် ဆိုတာ ကျွန်မတို့ မသိပါဘူး။ ဒါပေမဲ့ ဒီလို အပြစ်မဲ့သူများ မျက်ရည်ပေါက် ကြီးငယ်ကျမှ စားရသောက်ရ ခံစားရတဲ့ စည်းစိမ်ချမ်းသာဟာ ဘယ်လောက်ပဲ ကြီးကြီး၊များများ မီးတောက်ရဲရဲ ဖြစ်နေတဲ့ သံတွေသံခဲ ဆိုတာ ရိပ်စားမိကြဖို့ အချိန်တန်ပါပြီ။
ပြီးတော့ ဒါဟာ တိုင်းပြည်ကို တနေ့တခြား ပိုပို ဆင်းရဲတွင်းနက်ပြီး ပြည်သူလူထု ဒုက္ခ ရောက်သထက်ရောက်အောင် ဖြစ်လာတယ်ဆိုတာ ရှင်တို့အားလုံးတွေ့ကြမှာပါ။ ဂုတ်သွေးစုပ်တယ်ဆိုတာ အကန့်အသတ်မရှိ လုပ်နိုင်မယ် မဟုတ်ပါဘူး။ ပြည်သူလူထုက လုံးဝ မခံမရပ်နိုင်ဖြစ်မှ နားလည် သဘောပေါက်တာထက်စာရင် အချိန်မနှောင်းခင် ပြည်သူနဲ့ အမြန်လက်တွဲပြီး နအဖ ဆန့်ကျင်ရေးမှာ အဓိကျတဲ့ အင်းအားတရပ်လို ပါဝင်နိုင်ခွင့်ဟာ လက်တကမ်း အလိုမှာပဲ ရှိပါတော့တယ်။
တကယ်ဆို ဗမာပြည်ဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်ပြီး ပြည်သူလိုလားတဲ့ ဒီမိုကရက် အစိုးရကောင်း အုပ်ချုပ်မှုအောက်မှာဆို တဟုန်ထိုးတိုးတက်ပြီး လူထုတရပ်လုံးနဲ့ ၀န်းထမ်းအားလုံး တရားမျှတပြီး အပြစ်ကင်းတဲ့ စည်းစိမ်ကြီးကို ခံစားရမှာပါ။ အခုတော့ တပြည်လုံးမှာ လူတွေ ဘယ်လောက်ဒုက္ခ ရောက်နေကြလဲ မျက်စိကလေး တချက်ဝေ့ကြည်တာနဲ့တောင် သိနိုင်ပါတယ်။ ပြည်သူတွေနဲ့ အတူတူ ပူးပေါင်းပြီး နအဖ ယန္တရား ကို ချိုးဖျက်ကြရအောင်။ တိုင်းပြည်အတွက် နစ်သထက်နစ်မဲ့ နအဖ လုပ်ရပ်တွေကို ကူညီ အကောင်အထည်ဖော်ပေးနေတာ ရပ်ကြရအောင်။ ငရဲပြည်ကို ဦးတည်နေတဲ့ ခြေလှမ်းတွေကိုရပ် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး အဓမ္မတရားကိုရှင်း ဓမ္မလွှမ်းမိုးတဲ့ နိုင်ငံတော်ပူးပေါင်းထူထောင်ကာ သာယာလှပသော လူ့အဖွဲ့အစည်းသစ်ဆီသို့.......
Thanks to the sender

*ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့*

ဂလက်စဂိုမြို့သို့ရောက်လာခဲ့ပြန်ချေပြီ။ ကမ္ဘာ့လှုပ်ရှားမှုနေ့အဖြစ် နိုင်ငံတကာကင်ပိန်းများတွင်ပါဝင်ဖို့ဖြစ်သည်။ လွန်ခဲ့သော စက်တင်ဘာ တော်လှန်ရေးတုန်းကလဲ တကမ္ဘာလုံး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့တာကို သွားသတိရ မိသည်။ ဘာလိုလိုနဲ့ နှစ်တွေတောင် ကြာလာခဲ့ပြီပဲ။
မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံတွေဘက်ကို နိုင်ငံရေး ချိန်ခွင်လျှာ အလေးသာစေမည့် ဖြစ်ရပ်ပေါင်းများစွာ ဆက်တိုက် ဖြစ်ပေါ်နေလျက်ရှိသည်။ ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာ တော်လှန်ရေး၊ နာဂစ်မုန်တိုင်း၊ ပြီးတော့ အခု လူထု ခေါင်းဆောင် မတရားအမှုဆင် ထောင်သွင်းခံရမှု။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အစိုးရ ခေါင်းဆောင်များ၏ အာရုံစိုက်မှုကို အများဆုံး ခံရသည့်အဖြစ် အပျက်များ။ ပြည်ပရောက် မြန်မာများကို တ၀ုန်းဝုန်း လှုပ်ရှားမှုများဖြစ်စေသည့် အဖြစ်အပျက်များ။ ကောက်ရိုးမီးတောက်လို ခဏ တောက်ပြီး၊ ပြန်ငြိမ်ကျသွားခြင်း မရှိစေရန်ကိုတော့ အားလုံးဂရုစိုက်ကြဖို့ လိုအပ်သည်။ ရှေးယခင်က ကောက်ရိုးမီးတောက် ဖြစ်ခဲ့ရသည့် အဖြစ်အပျက်များမှ သင်ခန်းစာများကို ပြန်ယူကြဖို့လိုအပ်သည်။ သို့မှသာ ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံး သတ်တိုက်ပွဲဆီသို့ဦးတည်နိုင်ပေလိမ့်မည်။

ကောက်ရိုးမီးတောက်သင်ခန်းစာများ

ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာတော်လှန်ရေး၊ နာဂစ်မုန်တိုင်း စသည်တို့ကို ပြန်လှန်သုံးသပ်ကြည့်ပါစို့။
ဒီပဲယင်းလူသတ်ပွဲသည် ရှစ်ဆယ့်ရှစ် တော်လှန်ရေးနောက်ပိုင်းတွင် ၀ုန်းကနဲ လူအများအာရုံကို ဆွဲယူနိုင်စွမ်းအရှိဆုံး မီးတောက်တခု ဖြစ်ခဲ့သည်။ တကမ္ဘာလုံးတွင် ဆန္ဒပြပွဲများ တရှိန်ထိုး ဖြစ်ပွားစေခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်း များသို့အရေးယူပေးပါရန် တောင်းဆို မှုများ အများအပြား ပေါ်ပေါက်ခဲ့သည်။ယခု ခြောက်နှစ်ကြာ ကာလရောက်တော့ ဤမျှကြီးမားလှသော လူသတ်ပွဲ၊ နိုင်ငံတော်အကြမ်းဖက်မှုပွဲကြီးသည် ဒီပဲယင်းနှစ်ပတ်လည် တနာရီကြာ ဆန္ဒပြပွဲလေးများ ဟိုတစ၊ ဒီတစ ပေါ်လာရုံလေးမျှသာ ကျန်တော့သည်။ ဘာတွေ မှားခဲ့ကြသနည်း။
လူထုခေါင်းဆောင်နှင့် လူထုရွေးကောက်တင်မြှောက်ထားသည့် တပ်ဦးပါတီအပေါ် ပြင်းထန်စွာတိုက်ခိုက်မှုကို
လူထုသို့ စည်းရုံးလှုံဆော်ရန် ပျက်ကွက်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများအပေါ် အလုံးစုံ အားကိုးခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုအားကိုးစိတ်က နိုင်ငံတကာအဖွဲ့အစည်းများ၏ အမှန်တကယ် စွမ်းဆောင်နိုင်မှုအခြေအနေကို မသုံးသပ်တော့ပဲ၊ နိုင်ငံတကာကတော့ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူးဆိုသော စိတ်ကူးယဉ်မှုကို ဖြစ်စေသည်။ ထိုမှတဆင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ၀င်ရောက်သွားသည်နှင့်၊အစိုးရခေါင်းဆောင်များမှ စတိတ်မင့်များ ထုတ်လိုက်သည်နှင့် ငါတို့တော့ အောင်မြင်တော့မှာပဲဆိုသော မျှော်လင့်ချက်ကြီး ပေါ်လာသည်။ ထိုစိတ်ကူးယဉ်မှုနှင့် မျှော်လင့်ချက်သည် ပြည်သူလူထုထံသို့လည်း မီဒီယာများမှတဆင့် ကူးစက်သွားသည်။ ထိုမှတဆင့် ပြည်တွင်းပြည်ပ ဟန်ချက်ညီ လှုပ်ရှားမှု လျော့သွားတော့သည်။ မျှော်လင့်သလိုတကယ်ဖြစ်မလာ သော အခါတွင်ကား မီးတောက်က မီးညွန့်ကျိုးသွားခဲ့ပြီ။

စက်တင်ဘာ တော်လှန်ရေးသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ခဲ့သည်။ ပြည်ပမီဒီယာတွေ အားလုံးမှာ သတင်းအချက်အလက်တွေ တမဟုတ်ချင်းပျံ့နှံ့သွားသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရခေါင်းဆောင်များမှ ကန့်ကွက်မှုများ ရက်အနည်းငယ်အတွင်းထွက် လာသည်။ တကမ္ဘာလုံးရှိ Grass root အဖွဲ့အစည်းများ၊ ကမ္ဘာ့ ပြည်သူလူထုကလဲ တော်တော်အားပေးကြသည်။ မြို့ငယ်လေးများတွင် လုပ်သည့် လှုပ်ရှားမှုများတွင်ပင် လူထောင်ချီသည်။ လုံခြုံရေးကောင်စီအထိ ရောက်သည်။ တရုတ်၊ ရုရှားက ကန့်ကွက်တော့ နိုင်ငံတကာ လှုပ်ရှားမှုအရှိန် အနည်းငယ်ကျသွားသည်။ ဂမ်ဘာရီဝင်သွားလိုက်တော့ အောင်တော့မယ်ဆိုသည့် မျှော်လင့်ချက်များက ထွက်လာပြန်သည်။ ယူအင်တပ်ကြီးပဲ ၀င်လာတော့မလိုလို၊ အခုပဲ အမေရိကန်နဲ့ ဗြိတိန်က ၀င်လာတော့မလိုလို သတင်းလွှင့်ကြ ပြန်သည်။ လူထုကလဲ တကယ်ဟုတ်တော့မှာပဲလို့ စောင့်စားသည်။ ရန်သူက နိုင်ငံတကာကို ဘယ်လို လှည့်စား ရမလဲဆိုတာ နောကြေနေပြီ။ ဒိုင်ယာလော့ခ် လုပ်တော့မလို ခြေလှမ်းပြလိုက်သည်။ ဘယ်လောက်ပဲခံရ၊ ခံရရန်သူ့ခြေလှမ်းကို သဘောမပေါက်ကြသေး။ ထောက်ခံကြိုဆိုမှုများပင် လုပ်လိုက်ကြသေးသည်။ လှည့်စားခံရမှန်း တကယ်သိရတော့ ပွဲပြီးမီးသေ ဖြစ်နေပြီ။ ဖြစ်နိုင်ချေမရှိသော မျှော်လင့်ချက်များပေးခဲ့မှုက လူထုရဲ့ စိတ်ဓာတ်တက်ကြွမှုနှင့် မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။

နောက်တခါ ပေါ်ထွက်လာသည်က နာဂစ်မုန်တိုင်း။ နာဂစ်မခံရသည့် ဒေသများမှ ပြည်သူများကို လှုံ့ဆော်ရေးလုပ်ပြီး၊ မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများအား ကူညီရေးအတွက် စစ်အုပ်စုအား တောင်းဆိုသည့် လူထုအုံကြွမှု ပြုလုပ်ရန် လုပ်သည့်အဖွဲ့များက အနည်းငယ်သာရှိသည်။ အားလုံး ၀ုန်းဒိုင်းကျဲလုပ်နေသည်ကတော့ အမေရိကန်ဝင်ပေးရန်၊ ယူအင်ဝင်ပေးရန် တောင်းဆိုမှုသာဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး နားလည်သူများက ဖြစ်မည်မဟုတ်ဟု ပြောကြတော့၊ ထိုလူများကိုပင် နအဖလူများဟု စွပ်စွဲကြပြန်သည်။ နိုင်ငံ၏ နိုင်ငံရေးပထ၀ီဝင် အနေအထားကိုလဲ ထည့်မတွက်၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ကိုင်မှုစွမ်းရည် အားနည်းချက်များကိုလဲ မစဉ်းစား၊ အဖြစ်အပျက်နှင့် လုံးဝမဆိုင်သည့် ငြိမ်းချမ်းရေးတပ်ဖွဲ့ စေလွှတ်ဖို့ကိုလဲ ထည့်ပြောကြသည်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ဆိုတာ ဘယ်လိုအခြေအနေ မျိုးမှာ လွှတ်ရသည်ဆိုတာကို မသိလို့တော့ ဖြစ်မည်မဟုတ်။ ရမလားဆိုပြီး၊ ထင်ရာမြင်ရာ စွတ်တင်ကြခြင်းသာ ဖြစ်သည်။ အမေရိကန်တပ်များကို မည်သို့မည်ပုံ ကြိုဆိုရမည်များကိုပင် မြန်မာပြည်သူလူထုကို နည်းပေးလမ်းပြလုပ်ကြသေးသည်။ လက်တွေ့ကျတော့ သဲထဲ ရေသွန်ဖြစ်ကုန်ခဲ့သည်။

အရေးထဲ၊ အရာထဲမှာ စစ်အုပ်စုက ဖွဲ့စည်းပုံ ထောက်ခံမဲများ လိမ်ယူသွားသည်။ နောက်ပိုင်း ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြင်ပေးပါ ဆိုတော့ လူထုကထောက်ခံထားလို့၊ လူထုကို မလေးစားရာ ကျမှာစိုးလို့ဆိုပြီး သူခိုးက လူပြန်ဟစ်နေသည်။

နောက်ပိုင်းမှ ဖွဲ့စည်းပုံကို ပြင်ပေးပါ တောင်းဆိုမယ့်အစား၊ ပွဲမဖြစ်ခင်ကတည်းက မပြင်ရင် လူထုက မဲလုံးဝမပေးပဲ ကန့်ကွက်မည်ဟု အဘယ်ကြောင့် မဆိုခဲ့ကြပါသနည်း။ ရန်သူသည် မသမာသူ လူလိမ် လူညာများမှန်း အကြိမ်ကြိမ် သိပြီးသားဖြစ်ပါလျက်၊ မဲခိုးမဲလိမ်မည်ကို ထည့်မတွက်ပဲ ကန့်ကွက်မဲ ဘာကြောင့် ထည့်ခိုင်းခဲ့ကြသနည်း။ နအဖကတော့မှန်မှန်ကန်ကန် လုပ်မှာပဲလို့များ စိတ်ကူးယဉ်ခဲ့ကြသလား၊ အကောင်းမြင် မျှော်လင့်ချက် လေးများကို ဒီလောက် ဆိုးဝါး ယုတ်မာသော ရန်သူအပေါ်မှာမှ ထားရှိပြီး၊ ယုံကြည်နေမှုသည် ရန်သူနှင့် မတန်ကြောင်း သဘောပေါက် သင့်ကြပြီ။


ဒီကြားထဲ ရွေးကောက်ပွဲဆိုတော့ ၀င်ရမယ်၊ ပူးသတ်ရမယ်လို့ ဆိုလာကြပြန်သည်။ နိုင်ငံတကာ စောင့်ကြပ်မှုလို့ ဆိုလာကြ ပြန်သည်။ စောင့်ကြပ်ကြည့်ရှုသည့်ကြားက မဲလိမ်သွားရင် ဘယ်လိုလုပ်ကြပါမည်နည်း။ စစ်အုပ်စုက မသမာနည်း သုံးရင်လဲ နိုင်ငံတကာက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသည့် မျှော်လင့်ချက်ကို မည်မျှထိ ဆက်လက် ဆုပ်ကိုင်ထားမည်နည်း။ လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။ မှန်ပါသည်။ အဖြစ်အပျက်နှင့် လျော်ညီသည့် အသုံးအနှုန်းများဖြစ်သော ၀မ်းနည်းကြောင်း၊ ကန့်ကွက်ကြောင်း၊ စစ်အုပ်စုကို ဘာလုပ်ဖို့၊ ညာလုပ်ဖို့ တိုက်တွန်းပါကြောင်း စတိတ်မင့်ပေါင်းများစွာ ထွက်လာပါလိမ့်မည်။

ယခု ကျွန်မတို့ လူထုခေါင်းဆောင်အား စစ်အုပ်စုမှ မတရားအမှုဆင် ဖမ်းဆီးထောင်ချရန် ပြုလုပ်မှုတွင်လည်း နိုင်ငံတကာ အဖွဲ့အစည်း ပေါင်းစုံ၊ နိုင်ငံပေါင်းစုံမှ စတိတ်မင့်များစွာ ထွက်လာခဲ့ပြီးပြီဖြစ်သည်။ တကမ္ဘာလုံးက လှုပ်ရှားမှုများကလဲ အားတိုက်အင်တိုက် ပေါ်ထွက်လာခဲ့ပြီ။ တဦးတယောက်၊ တဖွဲ့တည်း၏ ကြိုးပမ်းမှုမဟုတ်။ စုပေါင်း ကြိုးစားမှုများ၏ ရလာဒ်ဖြစ်သည်။ တခုပဲရှိသည်။ ယခင်အဖြစ်အပျက်များတုန်းက ဖြစ်ခဲ့သလို ကောက်ရိုးမီးတောက်နဲ့ မီးညွန့် မကျိုးရန် ဘာဆက်လုပ်ကြမည်နည်း။

ဘာဆက်လုပ်ကြမလဲ

နိုင်ငံတကာရောက် မြန်မာများ၏ နိုင်ငံတကာကင်ပိန်းကို အချိန်တိုအတွင်း ၀ိုင်းဝန်း အကောင်အထည်မှု ရလာဒ်သည် အင်အားကြီးမားစွာ ထွက်ပေါ်လာခဲ့ပြီ။ စစ်အုပ်စုကိုအများဆုံး အကာအကွယ်ပေးလေ့ရှိသည့် အာဆီယံကပင် ဖိအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီ။ စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သွားမလိုလို၊ ဆက်ရှိတော့မလိုလို အနေအထားမှ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ဆက်လက်ထားရှိမှု ရလာဒ်ကြီး ထွက်ပေါ်လာခဲ့ပြီ။ တနည်းဆိုလျှင် နိုင်ငံတကာ စစ်မျက်နှာခံတပ်ကြီးကို အတိုက်အခံများဘက်မှ သိမ်းပိုက်လိုက်နိုင်သည့် အောင်ပွဲကြီး တခုပင်ဖြစ်သည်။

ထိုမျှနှင့် ကျေနပ်နေလို့ မရ။ ခံတပ်တခု သိမ်းပြီးလျှင် အစောင့်တပ်ထားပြီး စစ်ကြောင်းဆက်ထွက်ရသည်။ နယ်မြေ ရှင်းလင်းရေး လုပ်ရသည်။ နိုင်ငံတကာစစ်မျက်နှာသည် မြန်မာ့အရေးတွင် အမြောက်တပ်သဖွယ်သာ ရှိသည်။
စစ်အာဏာရှင်ခံတပ်ကို ဆက်လက်သိမ်းပိုက်ပြီး၊ အဆုံးသတ်အောင်ပွဲခံနိုင်ဖို့ အရေးကိုဆက်လုပ်ကြရမည်။
စစ်အာဏာရှင်စနစ် ပပျောက်ရေးကို ဆက်လုပ်ကြ ရမည်။ အောင်ပွဲ၏ အဆုံးအဖြတ်သည် ပြည်တွင်းမှာသာရှိသည်။ ပြည်တွင်းစစ်မျက်နှာကို ဦးမလှည့်နိုင်မချင်း ကောက်ရိုးမီးတောက် အောင်ပွဲအဆင့်က ဆက်တက်မည်မဟုတ်။ ဒါက
ပကတိအမှန်တရားဖြစ်သည်။

နိုင်ငံတကာ ကင်ပိန်းကို ဦးဆောင်လုပ်နေသည့် အဖွဲ့များ၊ လူများနှင့် တပ်စောင့်ထားခဲ့ပြီး၊ ပြည်တွင်းစစ်မျက်နှာကို ရှေးရှုရတော့မည်။ ပြည်တွင်းစစ်မျက်နှာအတွက်လိုအပ်သော ငွေအား၊ လူအား၊ အတွေးအခေါ်၊ နည်းပညာ အားများကို ဆက်လက်ပံ့ပိုးကြဖို့ လုပ်ကြရ တော့မည်။ နိုင်ငံတကာခံတပ်ကို ပြန်သိမ်းဖို့ ကြိုးပမ်းမည့် အနီးကပ်ရန်သူများ လက်မှလည်း ကာကွယ်ကြရဦးမည်။ ရန်၊ ငါ ပြတ်ဖို့လို သည်။ နိုင်ငံရေးသမိုင်းတွင် အတူလျှောက်လှမ်းခဲ့သူများနှင့်ပတ်သက်သည့် သံယောဇဉ်၊ နှောင်ကြိုးလေးတွေ ရှိကြသည်။ သို့ပေမယ့် နိုင်ငံရေးလမ်းဆုံတွင် သူ့လမ်း၊ ကိုယ့်လမ်း လျှောက်ရပြီ ဆိုရင်တော့ သံယောဇဉ်ကို စာဖွဲ့နေလို့မရ။ နှောင်ကြိုးမပြတ်ရင် သူ့လမ်းကြောင်း မှာ လိုက်သွားရုံသာရှိသည်။
ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လျှောက်ပြီးမှ သံယောဇဉ်လေးတွယ်နေလို့ မရ။ ဆုံးဖြတ်ချက်ကို ရန်သူကို သွား ဆုံးဖြတ်ခိုင်းသည့် political engagement လမ်းကြောင်းရှိသည်။ မိမိတို့ဘာသာ ဆုံးဖြတ်အကောင်အထည်ဖော်ရမည့် initial democratization လမ်းကြောင်းရှိသည်။ ပြည်တွင်းမြေပေါ်က အခြေအနေအရ နိုင်ငံရေးကစားပြီး လမ်းကြောင်းမပြတ်တာ အကြောင်းမဟုတ်။ ပြည်ပနှင့် မြေအောက်ကတော့ လမ်းကြောင်းပြတ်ရမည်။ သူ့လမ်းမှန်ရင်လဲမှန်မည်။ ကိုယ့်လမ်းမှန်ရင်လဲ မှန်မည်။ ဒါကို မှန် သည်၊ မှားသည် ငြင်းခုံနေဖို့မဟုတ်။ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် မှန်မှန်ကန်ကန် မစွေမစောင်း လျှောက်ကြဖို့ကတော့ လိုအပ်သည်။

အခု နအဖဘက်က ဆက်တက်လာနိုင်မည့် ခြေလှမ်းဘာဖြစ်လာနိုင်သနည်း။ ၀ိုင်းဝန်းတွေးတောကြဖို့လိုပြီ။ ပကတိအခြေအနေတွင် လူထု ခေါင်းဆောင်ကို ထိန်းသိမ်းထားသည့် အမှုသွားအမှုလာ အခြေအနေများအရ

(၁) အမှုစစ်ဆေးကာလသည် အနည်းဆုံးနှစ်ပတ်မှ အများဆုံးရှစ်ပတ်ခန့်ကြာနိုင်သည်။ (နိုင်ငံတကာ
တောင်းဆိုမှုကြောင့်ဆိုပြီး အမှုပြန် ရုတ်သိမ်းရန် ဖြစ်နိုင်ချေနည်းသည်။

(၂) ထိုရှစ်ပတ်ကာလတွင် ရွေးကောက်ပွဲ မှတ်ပုံတင်လုပ်ချင်လုပ်လာနိုင်သည်။ အန်အင်ဒီကို ရွေးကောက်ပွဲမှတ်ပုံတင်ရန် တွန်းအားပေး လာနိုင်သည်။ လူထုခေါင်းဆောင်ကို ရုံးတင်အမှုစွဲဆိုထားသဖြင့် ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့်မရှိဟု ဆိုလာ နိုင်သည်။

(၃) ငြိမ်းအဖွဲ့များကို တွန်းအားပေးရန် ငြိမ်းမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များကို စစ်ဆင်ရေးများ အကြီးအကျယ်ဆင်နွှဲ၍ ချောက်လုံးပေးနိုင်သည်။

(၄) နာဂစ်တုန်းကကဲ့သို့နိုင်ငံတကာ ဖိအားကြားတွင်ဆန္ဒခံယူပွဲလုပ်သလိုမျိုး၊ ယခုအချိန်တွင်လည်း လူထုခေါင်းဆောင်ကို ထောင်သွင်းအကျဉ်းချထားပြီး၊ နိုင်ငံတကာဖိအားများကြားမှပင် ၂၀၁၀ ရွေးကောက်ပွဲကို ဆက်တွန်းသွားနိုင်သည်။

ဒီလို ခြေလှမ်းမျိုးတွေကို မည်သို့တုန့်ပြန်မည်နည်း။ ဖြစ်လာမှတုန့်ပြန်သည်ထက် မဖြစ်ခင်မှာ မည်သို့ရပ်မည်နည်း။ ဒီလိုအခြေအနေ မျိုးဖြစ်ချင်လဲ ဖြစ်မည်။ ဖြစ်ချင်မှလဲ ဖြစ်မည်။ တယောက်တည်း စဉ်းစားမှုတွင် ဤသို့ထွက်လာသည်။
သောင်းနှင့်ချီသော ဦးနှောက် များ၏ စုပေါင်းတွေးတောမှုတွင်တော့ ဖြစ်နိုင်ချေနှင့် အနီးဆုံးသော အဖြေများ ဆက်ထွက်လာနိုင်သည်။ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်း အဘိဓာန် ထုတ်ရတော့နိုင်လောက်သည့် ကမှ အ အထိ
နိုင်ငံရေးအဖွဲ့အစည်းများအားလုံး တခါလာလဲ ယူအင်၊ တခါလာလဲ အမေရိကန်၊ တခါလာလဲဥရောပ သမဂ္ဂ၊ တခါလာလဲ အာဆီယံ လုပ်နေမည့်အစား၊ ဆက်လက်လုပ်နိုင်သည့် အဖွဲ့အစည်းအနည်းငယ်ကိုသာ လွှဲပေး လိုက်ပြီး၊ နအဖ ခြေလှမ်းအကဲဖြတ်ခြင်း၊ တုန့်ပြန်ရန်ဗျူဟာရေးဆွဲရေး၊ လူထုတိုက်ပွဲဖော်ဆောင်ရး စသည်များကို ဦးစားပေးသင့်ကြပြီ။

နိုင်ငံတကာမှ အဖွဲ့အစည်းများမှ သူလုပ်နိုင်သည့် ဘောင်အတွင်းမှာလုပ်ပြီးသားမို့က မှ အ အထိ အဖွဲ့အစည်းမျိုးစုံ၏ မဲပြာပုဆိုး တောင်းဆိုချက်များကို အချိန်ကုန်ခံ ထပ်စဉ်းစားမည်မဟုတ်။ သူတို့မှာလဲ သူတို့သက်ဆိုင်ရာ အလုပ်များ ရှိသေးသည်။ အီရတ်လို နိုင်ငံ တကာက ၀င်ပေးပါလို့ တောင်းဆိုဖို့ မည်သည့် နိုင်ငံတကာဥပေဒေကို ကိုင်စွဲ တောင်းဆိုမည်နည်း။ မတောင်းဆိုခင် အရင် လုပ်ထုံးလုပ် နည်းများကိုလေ့လာသင့်ကြသည်။ ထိရောက်သော အရေးယူမှုလို့ သုံးသည်က လူကြားကောင်းသည်။ ဝေဖန်နေခြင်းမဟုတ်။ မလိုအပ်ပဲ အချိန်ဖြုန်းနေမှာစိုးလို့ဖြစ်သည်။

လုံခြုံရေးကောင်စီဟု ဆိုရအောင် ဗွီတိုအာဏာရှိသည့် တရုတ်နှင့်ရုရှားကို မည်မျှအထိ စည်းရုံးပြီးကြ ပြီနည်း။ မစည်းရုံးရသေးပဲ မဖြစ်နိုင်သည်များကို တောင်စဉ်ရေမရ ပြောကာ ယခင် အဖြစ်အပျက်များကဲ့သို့ပြည်သူလူထုကို မှားယွင်းသောမျှော်လင့်ချက်များ မပေးကြဖို့ တောင်းပန်လိုပါသည်။ တရုတ်နှင့် ရုရှား၏ နိုင်ငံရေးအတွေးအခေါ်က ဆန္ဒပြပွဲများကို လက်မခံသေးပါ။ ဒါကို သူတို့သံရုံးရှေ့ သွားအော်နေတာထက်စာရင် သူတို့ထဲမှ တာဝန်ရှိသူများကို ချိန်းဆိုပြီး ၀င်ရောက်ပြောဆိုမှုကို သူတို့ဘက်က ပို လိုက်လျောဖွယ်ရှိသည်။ သူတို့အခန်းကဏ္ဍကို မြှင့်ပြီး တွန်းအားပေးသင့်သည်။

ယခုအာဆီယံပင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စကားစလာပြီ။ အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိပဲ၊ လူထုခေါင်းဆောင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ မလွှတ်ပဲ ပြုလုပ်သည့် ရွေးကာက်ပွဲသည် တရားဝင်မှုမရှိဆိုသော ထိုအချက်ကို တကမ္ဘာလုံးမှ ထုတ်ပြောလာရန် အရှိန်မြှင့်ကြရမည်။ ယခုအောင်ပွဲလောက်ကို ကျေနပ်မနေကြနှင့်။ အချိန်မရွေးသွေးပြန်အေးသွားနိုင်သည်ကို သတိပြုရမည်။ ယူအင် ၀င်ပါဆိုတာထက် ထိုလမ်းကြောင်းကို အရှိန်မြှင့်သည်က နအဖခြေလှမ်းကို ပိုမိုရိုက်ချိုးဖို့အသုံးဝင်သည်။ တပြိုင်နက်တည်းမှာပင် ပြည်တွင်းလူထုကို ဒီပွဲကတော့ ကိုယ့်ဘာသာကိုယ် လုပ်မှရမည်။ နိုင်ငံတကာကိုပဲအားကိုးလို့မရဟူသော အခြေအနေမှန်ကို တင်ပြဖို့လိုလာပြီ။ ပြည်တွင်းစစ်မျက်နှာကိုဆက်တိုက် အရှိန်မြှင့်ရတော့မည်။ မျှော်လင့်ချက်မှားများ မပေးလျှင် လူထုက သူဘာလုပ်ရမည်ကို သူ့ဘာသာ သူ သိသည်။

ရှစ်ဆယ့်ရှစ်တုန်းက ယခုလောက် နိုင်ငံတကာ အာရုံစိုက်မခံခဲ့ရပါ။ က မှ အ အထိ အက္ခရာစုံ နိုင်ငံရေး အဖွဲ့အစည်းများလဲ မပေါ် ပေါက်ခဲ့သေးပါ။ သို့ပေမယ့် ပြည်သူလူထုသည် နေ၀င်း၏ အာဏာရှင်စနစ်ကို ဖြိုနိုင်ခဲ့ကြပါသည်။ ထိုအခြေအနေများနှင့်စာလျှင် ယခု စစ်အုပ်စုလက်ထက်တွင် လူထုအားဖိနှိပ်ခံရမှုက ထိုစဉ်ကထက် ပိုများပါသည်။ စိတ်ဓာတ်သာရှိမည်ဆိုလျှင် ယခင်ကထက် ငွေအားတောင့်တင်းမှုကို ကျားကန်ပေးနိုင်သော နိုင်ငံတကာရောက် စီးပွားရေး ပြေလည်သူမြန်မာများကလဲ ပေါ်ခဲ့ပြီ။ နိုင်ငံတကာအာရုံစိုက် ခံရမှုကလဲကြီးထွားနေခဲ့ပြီ။ နည်းပညာ၊ အတွေးအခေါ် ပံ့ပိုးနိုင်မှုအားကလဲ ကြီးမားလာခဲ့ပြီ။ တခုပဲဆုတ်ယုတ်နေတာရှိသည်။ အချက် အလက်အပေါ်တွင် အခြေပြုသည့်စဉ်းစားတွေးခေါ်မှုကိုဦးစားမပေးပဲ စိတ်ကူးယဉ်ဖြစ်နိုင်ချေများက လွှမ်းမိုးမှု၊ နိုင်ငံတကာအပေါ်တွင်ကြီးမားလှစွာသော မျှော်လင့်ချက်ကြီးများ ထားရှိမှု၊ သူဘာလဲ၊ ငါဘာလဲနှင့် ပြိုင်ဆိုင်မှု၊ မိမိတို့အဖွဲ့အစည်းကိုသာ အာရုံစိုက်မြှင့်တင်မှု စသည်တို့ကြောင့်ဖြစ်သည်။

နိဂုံး

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလကို ပြန်မြင်ယောင်ကြည့်လိုက်ကြပါ။ ဒီတုန်းက ယခုအဖွဲ့အစည်းများမှာ ပါဝင်နေသူများအားလုံးသည် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်းသားလေးများဖြစ်ပြီး၊ အပျံသင်စ ငှက်ငယ်လေးများ ဖြစ်ခဲ့ပေမယ့် ထိုကျောင်းသားလေးများရဲ့ ရှေ့ဆုံးမှ ဦးဆောင်ချီတက်မှု လူထုစစ်ကြောင်း များနောက်မှာ ထောင်နဲ့ချီသော လူထုကြီးက စုပေါင်းညီညွတ်စွာလိုက်လံပါဝင် ခဲ့ကြပါသည်။ ကျောင်းသားငယ်လေးများ၏ ကြွေးကြော်သံတိုင်တည်ပေးမှုများနောက်မှာ တညီတညွတ်တည်း သံပြိုင်ဟစ်ခဲ့ကြပါသည်။ ထိုစဉ်က လုထုကြီးပေးအပ်ခဲ့သည့် ယုံကြည်မှု၊ မျှော်လင့်ချက်များကို ယခုအချိန်ထိ ကျွန်မတို့ ပြည့်မှီအောင် မလုပ်နိုင်ခဲ့သေးပါ။ ကျဆုံး ခဲ့သူများရဲ့
ပေးဆပ်မှု၊ တာဝန်လွှဲပေးခဲ့မှုများကို တာဝန်ကျေအောင် ကျွန်မတို့ မထမ်းဆောင်ကြရသေးပါ။

သို့ပါ၍ အဖွဲ့အစည်းစွဲ စိတ်ဓာတ်တွေကို ဖယ်ရှားကြပါစို့။ အပြိုင်အဆိုင်စိတ်များ၊ ဂဏန်းကောင်များလို တဖွဲ့နဲ့ တဖွဲ့၊ တယောက်နဲ့ တယောက် ဆွဲချနေကြသောအပြုအမူများကို ဖယ်ရှားကြပါစို့။ ဖြစ်နိုင်ချေနည်းသော စိတ်ကူးယဉ်မှုများ၏လွှမ်းမိုးမှု၊ နိုင်ငံတကာအပေါ်တွင် ကြီးမားလှစွာသော အားကိုးမှုများ၏ ဘောင်ခတ်မှုများကနေ ရုန်းထွက်ပြီး အချက်အလက်အပေါ်တွင် အခြေတည်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ကြပါစို့။ တဦးတယောက်က အဆိုပြုလာမှုများကို သူကဘာလဲ၊ ငါကဘာလဲ လိုက်မေးမယ့်အစား၊ ပြောသူထက် အချက်အလက်ပေါ်မှာ စဉ်းစားမှုကို အာရုံစိုက်ကြပါစို့။ မြေပေါ်မြေအောက်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ကြပါစို့။ မြေ အောက်နဲ့ မီဒီယာကို မရောထွေးပဲ တည်ဆောက်မှုပိုင်းကို အလေးထားကြပါစို့။ သံယောဇဉ်တွေ၊ မိတ်ဆွေတွေ ဆိုတာထက် နိုင်ငံရေး ရပ်တည်ချက်ကိုသာ အာရုံစိုက်ပြီး ရန်၊ ငါ ပြတ်ကြပါစို့။ လူထုနဲ့တော်လှန်ရေးကို တသားတည်းဖြစ်စေရေးအတွက် ကျရာနေရာမှ ပါဝင် ဆောင်ရွက်ကြရင်း ကောက်ရိုးမီးတိုက်ပွဲမှသည် မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့ ဦးတည်ကြပါစို့။

Myanmar Foreign Minister says Suu Kyi trial "not political"

By Martin Petty

PHNOM PENH (Reuters) - Myanmar's foreign minister defended the trial of opposition leader Aung San Suu Kyi on Thursday, insisting the widely condemned case was not a political or human rights issue.

In the first public defence of the trial by an official, Nyan Win accused the international community of meddling in the former Burma's affairs and said outrage over the case was overdone.

"The case of Aung San Suu Kyi and John Yettaw was an internal legal issue," he told a meeting of Southeast Asian and European foreign ministers in the Cambodian capital, Phnom Penh.

"It's not political. It's not a human rights issue, so we don't accept the pressure and interference from abroad."

The United Nations, the EU, the United States and the Association of South East Asian Nations (ASEAN), of which Myanmar is a member, have repeatedly called for Suu Kyi's release since the trial began in a Yangon prison on May 18.

The 63-year-old faces up to five years in jail if found guilty of violating her house arrest by allowing Yettaw, an American who swam to her home on May, to stay for two days.

Her two female assistants and Yettaw are also on trial.

U.S. President Barrack Obama has called it a "show trial" based on "spurious" charges. Critics say it is aimed at keeping Suu Kyi in detention during the junta's promised elections next year, derided by the West as a ploy to entrench military power.

REBUKES NEIGHBOURS

Nyan Win also took a swipe at ASEAN, which deviated from its non-interference policy last week by warning the trial threatened Myanmar's "honour and credibility".

"Some countries in our region and others have strong interest in the case of John Yettaw and Aung San Suu Kyi," he said.

"But their interest in the case has been found over-proportionate, overlooking the principals of non interference in internal affairs and should not have happened".

The 10-member regional group has tried for a decade to "engage" the generals and coax them down the road of reform. It has not worked, but neither have sanctions imposed by the West.

In Singapore, the government rejected calls from some of lawmakers to expel Myanmar from the group.

"We believe that if isolating Myanmar could have resolved the situation we would have done so, but we believe that engaging Myanmar would bring more accountability from Myanmar," Zainal Abidin Rasheed, Senior Minister of State for Foreign Affairs, told parliament.

Suu Kyi, one of more than 2,000 political prisoners in Myanmar, has been incarcerated for more than 13 of the past 19 years, mostly at her lakeside home.

Although her house arrest was lifted this week, Suu Kyi remains in detention awaiting a verdict that could come as early as Friday.

Nyan Win said Suu Kyi's detention and trial were necessary to protect the state and people from "those seeking to commit subversive acts".

"The case of an individual should not overshadow our important democratisation process that has reached it's final critical stage in Myanmar," Nyan Win said of the regime's seven-stage roadmap to democracy.

Czech Foreign Minister Jan Kohout, whose country holds the rotating presidency of the EU, said the trial was "a big step backwards" for Myanmar and he called for restrictions on all political parties to be lifted.

"All the groups and minorities must be involved in an inclusive manner in elections and this process involves the release of Aung San Suu Kyi," he said.

Wednesday, 27 May 2009

Lessons in Democracy ( Burmese Translation )

Lessons in Democracy ( Burmese Translation ) Lessons in Democracy ( Burmese Translation ) Lin Let Kyal Sin

The Issuance of the ASEAN Chairman’s Statement on Daw Aung San Suu Kyi

1. The ASEAN Chairman’s Statement on Daw Aung San Suu Kyi was issued with the best of intentions towards Myanmar and reflects the desire for the process of national reconciliation in Myanmar to move forward on the basis of inclusiveness, with the participation of all sectors of society. Thailand, in its capacity as the current ASEAN Chairman, shall continue to pursue constructive dialogue with the Government of the Union of Myanmar.

2. According to ASEAN’s practice, a Joint ASEAN Statement is a negotiated text, which is prepared by ASEAN officials and approved by the ASEAN Foreign Ministries or the ASEAN Heads of State/Government. An ASEAN Chairman’s Statement, however, is issued by the Government which is the current Chair of ASEAN, without the need for joint drafting by the ASEAN officials.

3. In this case, the ASEAN Senior Officials had discussed this issue and expressed views on the recent developments on 18th May 2009 and agreed that Thailand, as the current ASEAN Chair, should issue the ASEAN Chairman’s Statement on recent developments about Daw Aung San Suu Kyi reflecting the views expressed in the SOM Meeting and to inform other ASEAN Foreign Ministries accordingly. Similar action had previously been taken before.

Deputy Minister Ebrahim Ebrahim meets Union of Myanmar Representative, 25 May 2009.

Pretoria: Deputy Minister of International Relations and Cooperation, Mr Ebrahim Ebrahim met with the Ambassador Designate of the Union of Myanmar, Mr Tin OO Lwin, on Monday 25 May, to express the South African government’s continued concern about the re-arrest of the Leader of the National League for Democracy, Aung San Suu Kyi.

Deputy Minister Ebrahim re-iterated the government’s call for Aung San Suu Kyi’s immediate and unconditional release, normalising a political climate conducive to free and fair elections.
The South African government would like to see Myanmar returning to civilian rule, with a multi-party and functioning democracy. South Africa stands ready to assist in its transition, and proposed that a delegation visit Myanmar to facilitate a negotiation process amongst the various political parties.

Issued by Nomfanelo Kota on 082 459 3787.
Department of International Relations and Co-operationPrivate Bag X152Pretoria 0001

သစ္စာရှိအတိုက်အခံ

ဒီမိုကရေစီစနစ်တည်ဆောက်ရန် ကြိုးပမ်းသူတို့သည် ပထမဦးစွာ အတိုက်အခံနှင့် ဆန့်ကျင်ဘက်အယူအဆကို သည်းခံနိုင်စွမ်းရှိဖို့လိုသည်။ ဤကိစ္စသည် အနောက်တိုင်းဒီမိုကရေစီ၌ လုပ်ရိုးလုပ်စဉ်ဖြစ်သော်လည်း အာဏာရှင် ဓလေ့ကြီးစိုးရာ အရှေ့တိုင်းတွင်မူ ကျင့်သုံးရခက်သော အယူအဆဖြစ်ပါသည်။

အာဏာရအစိုးရကို တရားဝင်ဆန့်ကျင်ပိုင်ခွင့်ရှိသောအဖွဲ့ကို အတိုက်အခံဟုခေါ်သည်။ တိုင်းပြည်ကိုသစ္စာရှိပြီး အာဏာရအစိုးရကိုသာ ဆန့်ကျင်သူကို သစ္စာရှိအတိုက်အခံ Loyal Opposition ဟု ခေါ်ပါတယ်။ အတိုက်အခံသည် တနေ့တွင် အစိုးရဖွဲ့မည်ဖြစ်၍ မမြင်ရသောအစိုးရ shadow government ဟုလည်း အင်္ဂလန်၌ခေါ်သည်။ သစ္စာရှိအတိုက်အခံဟူသော ဝေါဟာရသည် အင်္ဂလိပ်နိုင်ငံရေးစနစ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

(၁၈) ရာစုတွင် နိုင်ငံရေးပါတီများ အင်္ဂလန်၌ စတင်ပေါ်ထွက်လာစဉ် အတိုက်အခံဆိုသည့်စကား ပေါ်ပေါက်လာ သည်ဖြစ်၍ အနှစ်သုံးရာခန့် ရှိနေပါပြီ။ ထိုစဉ်က ဘုရင်ကို သစ္စာရှိပြီး အာဏာရအစိုးရကို အတိုက်အခံလုပ်သဖြင့် ဘုရင့်သစ္စာခံအတိုက်အခံ Majesty’s Loyal Opposition ဖြစ်လာ၏။ အတိုက်အခံ၏ တာဝန်သည် အစိုးရ၏ အပြစ်အနာအဆာကို ဖော်ထုတ်ဝေဖန်တိုက်ခိုက်ရုံသာမကဘဲ အစိုးရနှင့် ပူးတွဲဆောင်ရွက်သည်လည်းရှိ၏။

သို့သော် အစပိုင်းတွင် ရင့်ကျက်မှုနည်းသေးသည့်အတွက် အစိုးရလုပ်သမျှကို ဆန့်ကျင်ခြင်းသည် အတိုက်အခံ၏ တာဝန်ဟု အဓိပ္ပာယ်ဖွင့်ဆိုမှုမျိုးလည်း ရှိပါသည်။ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစိုးရကို အတိုက်အခံက ထောက်ခံတတ်ပါသည်။ ဥပမာ ၂၀၀၁ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့က နယူးရောက်နဲ့ဝါရှင်တန်ကို အကြမ်းဖက် သမားတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သမ္မတ ဘုရှ်ကို ထောက်ခံသော အတိုက်အခံဒီမိုကရက်ပါတီဝင်များ ထိုစဉ်က ရှိလာသည်ကို တွေ့ရ၏။

သဘောထားကွဲလွဲမှုကို လက်ခံသည်-agree to disagree သို့မဟုတ် agreeing to disagree ဆိုသော အင်္ဂလိပ် စကားသည် (၁၈) ရာစု အင်္ဂလိပ်နိုင်ငံရေးလောကမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ အငြင်းပွားကြသည့်အခါ၌ တဦး အမြင်ကို တဦးက သဘောမတူသော်လည်း ဤသို့ ကွဲပြားနေသော အမြင်များရှိသည်ကို လက်ခံပြီး ပဋိပက္ခမဖြစ်ဘဲ အဆင်ပြေအောင် စခန်းသွားကြဖို့ သဘောတူခြင်းဖြစ်ပါသည်။ ဤစကားကို ဖန်တရာတေအောင် သုံးနေကြသော်လည်း နားလည်ရန် မလွယ်ပါ။

အတွေ့အကြုံနဲ့ ပညာအခြေခံ ဗဟုသုတကိုလိုက်၍ ပြဿနာတခုကို မြင်ပုံခြင်း ကွဲပြားခြားနားကြပါသည်။ ထို့ကြောင့် အချက်အလက်တခုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်း ကွဲပြားသွားကြပါသည်။ ထို့ကြောင့် ဤသို့ အမြင်ကွဲပြားရသည့် အကြောင်းရင်းကို လေ့လာဆန်းစစ်ရန် လိုပါသည်။ အမြင်ကွဲပြားသူကို အပြစ်တင်စရာမလိုပါ။ ၎င်းကို နားလည်ရန်သာ ကြိုးပမ်းရပါမည်။ သို့မှသာလျှင် ကွဲလွဲမှုကို လက်ခံနိုင်သည့် အရည်အသွေးရှိလာမည် ဖြစ်ပေသည်။

သဘောမတူကြောင်း ရိုးသားစွာ ထုတ်ဖော်ပြောဆိုခြင်းသည် တိုးတက်မှုရှိလာသည်ကို ပြသရာရောက်သည်ဟု အိန္ဒိယခေါင်းဆောင် မဟတ္တမဂန္ဒီ ပြောဖူးပါသည်။ ပါဝင်လုပ်ကိုင်သူ၏ ကွဲလွဲသော သဘောထားကို နားလည်အောင် ကြိုးစားခြင်းဖြင့် ၎င်း၏ဆန့်ကျင်မှုကို ပျက်ပြယ်စေပါသည်။ စီမံကိန်းချရာတွင် စာရွက်ပေါ်၌ကောင်းသကဲ့သို့ လက်တွေ့အကောင်အထည်ဖော်ရာ၌ ကောင်းရန်မလွယ်ပါ။ ဤနေရာတွင် မိမိအဖွဲ့ဝင်၏ ဝေဖန်သုံးသပ်မှုသည် အလွန်အဖိုးတန်၏။ မိမိ၏အားနည်းချက်ကို သူများမမြင်မီ သိရှိနိုင်ခြင်းသည် ဝေဖန်ခံနိုင်မှု၏ တန်ဖိုးပင်ဖြစ်သည်။

သဘောထားကွဲလွဲမှုကို ပြေလည်အောင်ဆွေးနွေးပြီး လုပ်ကိုင်သူများသည် အချင်းချင်း နားလည်မှုပိုရကြပြီး အပြန်အလှန်ယုံကြည်မှုလည်း ပိုမိုခိုင်မာလာတတ်ပါသည်။ မကျေနပ်မှုကို ကွယ်ဝှက်သော အဖွဲ့အစည်း၌မူ အချင်းချင်း ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲတတ်ပါသည်။ ရိုးရိုးသားသားကွဲလွဲသည့် သဘောထားကို ထုတ်ဖော်ပြောဆိုခွင့်ရ သော အဖွဲ့အစည်းများသည် အားကောင်းသည်ကို တွေ့ရ၏။ အဖွဲ့ဝင်များ နားလည်မှု ရှိလေလေ အဖွဲ့ကလည်း အားကောင်းလေလေဖြစ်လာပါသည်။

သို့သော်လည်း ရိုးသားသော သဘောထားကွဲလွဲမှုနှင့် ထိပ်တိုက်တွေ့သော သဘောထားကွဲလွဲမှုသည် ကွာခြားပါ၏။ ထိပ်တိုက်တွေ့သော သဘောထားကွဲလွဲမှုသည် အာဃာတဖြင့် အပြစ်ရှာသကဲ့သို့ ဖြစ်နေသဖြင့် မည်သူကမျှ ကြိုက်မည် မဟုတ်ပါ။ မိမိကိုယ်မိမိ ယုံကြည်မှုအားနည်းပြီး ဘ၀လုံခြုံမှုမရှိသူသည် ကွဲလွဲသော သဘောထားကို တင်ပြရာတွင် ထိပ်တိုက်တွေ့ပြီး ရန်လုပ်သကဲ့သို့ ပြုမူတတ်ပါသည်။ သဘောထားကွဲလွဲမှုကို မကျော်လွှားနိုင်သော အုပ်စုသည် လုပ်ငန်းရည်ရွက်ချက်ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်မည်မဟုတ်ပါ။

ရိုးသားသော သဘောထားကွဲလွဲမှုသည် စည်းရုံးရေးကို ပိုမိုအားကောင်းစေ၍ ထိပ်တိုက်တွေ့သော သဘောထား ကွဲလွဲမှုမှာမူ စည်းရုံးရေးကို ပျက်စီးစေပါသည်။ နားလည်မှုနှင့် ယုံကြည်မှုကို မရယူနိုင်သဖြင့် အဖွဲ့အတွင်း ဂိုဏ်းကွဲ များနှင့် သူ့လူကိုယ့်ဘက်သားများကို ပေါ်ပေါက်စေပါသည်။ ဆုံးဖြတ်ချက်ချရာတွင် အဖွဲ့ဝင်အားလုံး၏ ရာခိုင်နှုန်းပြည့် ထောက်ခံမှု မရနိုင်တော့ပါ။ ထိုကြောင့် ရိုးသားသော သဘောထားကွဲလွဲမှုကို တင်ပြနိုင်မည့် အခြေအနေကို ဒီမိုကရေစီခေါင်းဆောင်ပိုင်းက ဖန်တီးပေးရမည် ဖြစ်ပေသည်။

Tuesday, 26 May 2009

Burma Democratic Concern (BDC) Calls For Russian Government Supports To Restore Justice In Burma


26 May 2009

Burma Democratic Concern (BDC) demands the Russian government for their support in achieving justice for Aung San Suu Kyi and the peaceful restoration of democracy in Burma. With a global community comes a global responsibility, the crisis in Burma falls well within the scope and responsibility if this international mutualisation.

The people of Burma call for international support in putting to an end to Burma’s long standing crisis. Russia’s role is critical in evolving positive change in Burma since it is a permanent member of United Nations Security Council.

Burma Democratic Concern (BDC) recollects the United Nations Security Council Presidential Statement on Burma in October 11, 2007. It called for the Burmese military regime to; “release all political prisoners and to create the necessary conditions for a genuine dialogue with Daw Aung San Suu Kyi in order to achieve an inclusive national reconciliation with the direct support of the United Nations.”

The Security Council also called on Burma’s junta to; “take all necessary measures to address the political, economic, humanitarian, and human rights issues that are the concern of its people and emphasizes that the future of Myanmar lies in the hands of all of its people.”

With the collective action taken by all permanent members of United Nations Security Council, i.e. US, UK, France, Russia and China as well as other Security Council members, the presidential statement was issued on 11 October 2007 and sent a very powerful message to the junta that the world is watching and it won’t let the Burmese people to be massacred.

We want the Russian Government and its citizens to know that Burmese people have been suffering under a brutal military dictatorship for more than half century. During this time thousands of people lost their lives, thousands have been arrested and imprisoned and thousands were forced to flee for their lives while seeking refuge around the world.

Our aspirations for democracy by nonviolent means are well documented. Our legitimate leader, Aung San Suu Kyi has been courageously leading the struggle for freedom, liberty, democracy and human rights in Burma.

Aung San Suu Kyi was elected by the citizens of Burma in the 1990 General Election. Ironically that election was conducted by the same generals who suppress Burma today. Aung San Suu Kyi has become icon of the humanities to the people of Burma as well as the world.

We are all too aware of global politics and the power struggle between the East and the West. From the Burmese perspective these international differences have negatively impacted the crisis in Burma by polarizing our struggle internationally. As the international community bickers with one another our people are paying dearly with their lives.

In a recent United Nations Security Council Press Release, 22 May 2009, it reaffirmed the UN’s position by saying; “The members of the Security Council reiterate the need for the Government of Myanmar to create the necessary conditions for a genuine dialogue with Daw Aung San Suu Kyi and in order to achieve an inclusive national reconciliation with the support of the United Nations and reiterate that the future of Myanmar lies in the hands of all of its people”.

We are encouraged to see the United Nations Security Council Presidential Statement and the Press Statements on Burma. It calls for the military junta to establish a genuine dialogue with Aung San Suu Kyi and release all political prisoners. Then it warned the junta that it cannot proceed with its own unilateral way by saying “the future of Burma lies in the hands of all Burmese people”.

Junta’s planned 2010 election is designed to legitimised military rule in Burma. To pave the way for their rigged 2010 election plan, junta continue imprisoning democracy activists, plotting the ploy to imprison Aung San Suu Kyi and doing everything they can to nullify 1990 election results.

Currently, Aung San Suu Kyi is charged and tried in the Insein prison relating to the swimmer incident which could end up at least 5 years imprisonment.

This is junta’s cunning act to imprison Aung San Suu Kyi as her 6 years house arrest would be reached on 27 May 2009. Junta wanted to lock Aung San Suu Kyi in jail forever as their rigged 2010 election plan is drawing nearer in which they are setting up everything to win their backed party.

Burma is in very critical state.

The People of Burma look to the leaders of Russia in an effort to garner support for a democratic Burma. They also seek healing from years of a ruthless military dictatorship. Russia would ease the suffering as a democratic Burma rises from the ashes of tyranny.

For more information please contact Burma Democratic Concern (BDC).

Letter from RANGOON


Letter from RANGOON
by BDC
26 May 2009

Dear XXXXX,

I hope you are not shocked to see my letter. Whenever I send my letters, you might think there is something wrong in Yangon.

There is no cyclone in Yangon this time. There is no gun fire as well. However, as the historic saying, “Is Paris Burning,” there is fire in Yangon, my friend XXXX.

We are walking on the extreme hot weather which cause by the late monsoon. We are swatting. We are suffering from shortness of breath and anxiety. My anger on the speed of internet makes me shake my computer. I can’t sit still at my house. I can’t control my hands from reaching my mobile phone. I can’t sleep at night. There’s something in my mind. Aunty Suu…

Days are very long. These are the longest days for Yangonites for those who are eagerly waiting news for Insein. In their minds, everybody is on the street protesting.

Yesterday, ambassadors and some journalists were invited to attend the trial for the first time. You might have already heard about this. I wanted to share one thing which is thrilling. One of the journalists who attended the trial was my close friend. He told me a lot of things like Daw Suu is healthy and in good shape. She is composed; however, the swimmer, Yettaw, looks panicky. Everybody including prison guards couldn’t put their eyes away from Daw Suu, etc. I will cut short because everything else is in the news. I just want to share one bone chilling moment with you.

Thirty diplomats and 10 journalists were waiting in the court room. Soon after they heard the car approached, Daw Suu entered the court room confidently in her reddish brown dress. All diplomats stood up as she walked in the court room. She went straight to her lawyers without noticing what was happening. Diplomats were standing still until Daw Suu took her seat. They didn’t sit down even though police gestured them to. It took about 10 minutes.

The journalist voice was shaking as he told the event. He was in shock. He said he clearly saw the respect on Daw Suu in the diplomats’ eyes.

One of my friends who was listening with me said, “International community recognize her as our national leader.”

Your Friend,

XXXXX
Yangon

http://www.bdcburma.org/NewsDetails.asp?id=432

Than Shwe’s Roadmap Takes Ominous Turn

Posted in Asia on May 25, 2009 by buffalohair

When Ban Ki-Moon arrives in Burma he might take a trip to *Shan State where Burmese troops raped a 15 year old girl, tortured villagers in Hsi Hseng Township and cut the hands off villager U Lone. There is no question the kangaroo court of Burma will convict Daw Aung San Suu Kyi. The evidence provided was poorly manufactured and the demeaning rhetoric circulated by the The New Light of Myanmar was bogus at best. The court proceedings were the sham of the century. Journalists and diplomats who attended the trial verified the fact Daw Aung San Suu Kyi’s verdict was already predetermined. The trial as a whole was an illusion at best.

Burma’s Consul-General Ye Myint Aung added his two cents worth by suggesting John William Yettaw was either a spy or boyfriend of Daw Aung San Suu Kyi. This would almost be laughable if it were not for the fact the kangaroo court will undoubtedly convict Daw Aung Suu Kyi with such hearsay and lies. It should be plain as the nose on a person’s face that a brazen crime has been committed before the eyes of the world. There was no speculating for seasoned Burma observers though. It was business as usual as another pesky witness to the junta’s 1990 defeat got silenced. Sadly Daw Aung San Suu Kyi is actually being convicted for being elected by an overwhelming majority of Burma’s population, “The Crime of Winning an Election”. I wonder where it is written in Than Shwe’s constitution?

Small wonder activists throughout Burma are staging a peaceful demonstration on May 30th. Maybe the world will see for them selves how desperate the people of Burma are to be liberated from tyranny and absolute brutality, the signature of Than Shwe’s regime. With security forces being placed strategically around major cities Than Shwe prepares for an offensive against his own people, again. Some people remain fearful with memories still fresh from 2007’s Saffron Revolution and turbulent period that ensued. They stand in contrast to the growing numbers of citizens and organizations wearing white who already gathering in tea shops and designated locations across Burma. The rallying call for peaceful demonstration on May 30th is resonating across the land as word spreads about this grass roots demonstration. The junta has ordered generals to look internally for potentially pro democracy soldiers within their ranks. That would not be hard since the vast majority of the military including the generals would rather see a progressive Burma. Than Shwe’s inner circle is no exception.

Like everything else that happens in life, every dog has his day and one day soon Than Shwe and his minions will have their day in court as well. They will join the ranks of Adolf Hitler’s thugs and the Khmer Rouge who also consulted astrologers and practiced rituals to guarantee their destinies. Than Shwe’s soothsayers did not read the fine print to him when making a deal with the Devil. Nothing is free and there is no question he will pay regardless if he lives or dies. There are many spirits waiting for him to arrive once he crosses over and they are eager to give him he’s just reward, for an eternity.

The latest list of junta spawn evidence includes books, sun glasses and clothing, so far. Burma’s propaganda ministers desperately need just a bit more creativity in evolving evidence and lies against Daw Aung San Suu Kyi. So now John William Yettaw is either Aung San Suu Kyi’s sweetie or a secret agent. A love interest, you got to be kidding. And John is a proverbial “James Bond”, give me a break. We are led to believe John who is asthmatic, diabetic and overweight, grabbed a 5 liter bottle as a floatation device and donned his wonder flippers. Then he grabbed books, clothing, video camera and swam to Daw Aung San Suu Kyi’s compound with approximately 300 government guards, lights and security fences surrounding the place. The junta could add an ice chest to the items John left at Daw Aung Suu Kyi’s home and the court would accept it as credible evidence. People still remember when the junta brought her husband to her home when she was under house arrest in an effort to make her look, “weak and wanting”. Aung San Suu Kyi sent him away to the chagrin of junta propagandists. We are led to believe a woman who could turn her husband away is going to rush into the arms of Yettaw. Sorry Ye Myint Aung, that is just stupid.

Foreigners are heavily monitored and are only two steps from a government snitch they say. The only thing “clandestine” about this story is how the junta recruited or exploited John William Yettaw in the first place. This brings more credibility to a person who witnessed **John Yettaw step out of a cab, produce a red document to the security at the compound then lead to an undisclosed location. With the court taking orders directly from Naypyidaw no one in their right mind would testify against the military junta anyway. Imprisonment and death would surely await those who dared to speak out. After the trial I would worry about the defense attorneys fore they could face prison time for representing Daw Aung San Suu Kyi. One thing is for certain, Burma is approaching a crossroad. Whether Than Shwe staged this event or not doesn’t really matter anymore. What’s more important is the final outcome since that is yet to be determined.

*http://www.irrawaddy.org/article.php?art_id=15712

**http://burmadigest.info/2009/05/17/taxi-drivers-evidence-junta-deceives-to-arrest-aung-san-suu-kyi/

http://www.niknayman-niknayman.co.cc/2009/05/blog-post_1167.html

Your Devil’s Advocate

Buffalohair

မိတ်ဆွေများခင်ဗျာ

သျှမ်းပြည်တပ်မတော် SSA တိုက်ပွဲသတင်းအား ပေးပို့အပ်ပါသည်။ စစ်အစိုးရအား ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။


လေးစားမှုဖြင့်

စိုင်းမျိုးဝင်း

တိုက်ပွဲသတင်း


(၂၄/၀၅/၂၀၀၉ ) ၂၂း၀၀ နာရီတွင် သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း တပ်ဖွဲ့တဖွဲ့မှ နအဖစစ် ယာဉ်တန်း အား ခြုံခိုတိုက်ခိုက်ရာ ယာဉ်ပေါ်လိုက်ပါသည့် လူသူလက်နက်များ အားလုံးဆုံးရှုံး ပါသည်။

ထိုယာဉ်ပေါ်ပါရှိသူများထဲတွင်သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) ခွဲထွက် လက်နက်ချအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးမိုင်းဇင့်နှင့် အစိုးရစစ်ထောက် လှမ်းရေး ၂ ယောက် အပြင် ယာဉ်တန်းတွင် လိုက်ပါသည့် စစ်အစိုးရ စစ်သားများ၊လက်နက်ချအဖွဲ့များ အားလုံး သေဆုံး ပါသည်။ယာဉ်ပေါ်ပါရှိသူ စုစုပေါင်းမှာ ( ၁၅ ) ယောက် ဖြစ်ပါသည်။ သျှမ်းပြည်တပ်မတော်ဘက် မှ တစုံတရာ ဆုံးရှုံးမှုမရှိပါ။


မှတ်ချက် ။ ။ ဗိုလ်မှူးကြီးမိုင်းဇင့်သည် ၂၀၀၆ နှစ်လည်ပိုင်းတွင် သျှမ်းပြည်တပ်မတော်မှ ခွဲထွက်ပြီး လူအင်အား ရာကျော် နှင့် နအဖ စစ်အစိုးရထံ လက်နက်ချသွားသည့် အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ လက်ချပြီးနောက်ပိုင်း စစ်အစိုးရ က ဗိုလ်မှူးကြီး မိုင်းဇင့်အဖွဲ့အား ပြည့်သူ့စစ်သဏ္ဍာန်ဖြင့်ထားရှိ၍ လက်နက်ပြန်ကိုင်ခွင့်ပေးပြီး လိုသလို အသုံးချနေသည့် အဖွဲ့ အဖွဲ့ဖြစ်ပါသည်။
WINC-363-2009
WINC-362-2009
A 1