Saturday, 7 February 2009
ရိုဟင်ဂျာများသည် တိုင်းရင်းသားလော။ နိုင်ငံသားလော။ လူလော။ ခွေးလော။
- ကိုးကန့်လူမျိုးသည် မြန်မာ့သမိုင်းတစ်လျှောက်လုံးတွင် မည်သည့်အခါမှ တိုင်းရင်းသား မဟုတ်ခဲ့ပါ။ ရှမ်းလူမျိုး အတိုက်အခံခေါင်းဆောင်တစ်ဦးက ကိုးကန့်ဟာ ရာခိုင်နှုံးပြည့် တရုပ်လူမျိုးစစ်စစ်ဖြစ်တယ်လို့ ပြောပြခဲ့ဘူးပါတယ်။
မြန်မာပြည်ရဲ့ နယ်စပ်တနံတလျားမှာ နှစ်နိုင်ငံကိုခွပြီး နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေရှိနေပါတယ်။ မြို၊ ခမီး၊ လူချိုင်း၊ မရမာကြီး၊ ရခိုင်၊ ချင်း၊ နာဂ၊ မီဇို၊ ကချင်၊ ရှမ်း၊ ၀၊ ပအို့၊ ပလောင်၊ လီဆူး၊ ပဒေါင်၊ ကရင်၊ မွန်၊ စသဖြင့် တိုင်းရင်းသားအသီးသီးသည် မြန်မာနိုင်ငံဖက်မှာ နေထိုင်ကြသူများရှိသလို တစ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဘ၈င်္လားဒက်ရှ်၊ အိန္ဒိယ၊ နီပေါ၊ တရုပ်၊ လာအို၊ ယိုးဒယားနိုင်ငံတို့မှာ နေထိုင်ကြသူများလည်း ရှိပါတယ်။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေကို မိမိအခြေချနေထိုင်သောနိုင်ငံတွေမှာ အပြည့်အ၀ ရရှိနေပါတယ်။ ရလဲရသင့်ပါတယ်။ ရပိုင်ခွင့်လဲ ရှိပါတယ်။
အဲဒီတိုင်းရင်းသားတွေလိုဘဲ မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်တွေမှာ နှစ်တွေရာထောင်ချီပြီး နေထိုင်ခဲ့ကြတဲ့ ပသျှူးလူမျိုးများရှိနေပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေထိုင်တဲ့ ပသျှူးတွေကို ထိုင်းနိုင်ငံက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားသော်လည်း၊ မြန်မာနိုင်ငံဖက်မှာ နေထိုင်တဲ့ ပသျှူးတွေကိုတော့၊ မူလတိုင်းရင်းသား(၁၄၃)မျိုးမှာ တရားဝင် အသိအမှတ်ပြုထားခဲ့ပေမဲ့ မဆလခေတ်ကစပြီး ယနေ့တိုင် စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသားအဖြစ်က ပယ်ဖျက်ပစ်လိုက်ပါပြီ။ ဘာကြောင့်ပါလဲ။
ရခိုင်ပြည်မှာနေတဲ့ ကမန်လူမျိုးတွေဟာ သမိုင်းအထောက်အထားတွေအရ ဘယ်လိုမှငြင်းမရတဲ့ တိုင်းရင်းသားစစ်စစ်တွေပါ။ ကမန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံမှအပ အခြားဘယ်နိုင်ငံမှာမှ နေထိုင်သူများလည်း မဟုတ်ကြပါဘူး။ မဆလခေတ်အထိ တိုင်းရင်းသားအဖြစ် အသတ်မှတ်ခံထားရပေမဲ့ အခု န၀တ၊ နအဖလက်ထက်ကျမှ ဒီလောက်သမိုင်းစဉ်လာအရ အထင်ကရ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကမန်လူမျိုးတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုတော့ပါဘူး။ သူတို့ကို မှတ်ပုံတင် မထုတ်ပေးတော့ဘူး။ ခရီးသွားလာခွင့် ကန့်သတ်ထားတယ်။ သေမလို့ဖြစ်နေရင်တောင် ရန်ကုန်ကို ဆေးသွားကုဖို့ ခရီးသွားလက်မှတ်ကအစ အင်မတန်ခက်ခဲနေပါတယ်။ ဘာကြောင့်ပါလဲ။
ကိုးကန့်လူမျိုးသည် မြန်မာ့သမိုင်းတစ်လျှောက်လုံးတွင် မည်သည့်အခါမှ တိုင်းရင်းသား မဟုတ်ခဲ့ပါ။ ရှမ်းလူမျိုး အတိုက်အခံခေါင်းဆောင်တစ်ဦးက ကိုးကန့်ဟာ ရာခိုင်နှုံးပြည့် တရုပ်လူမျိုးစစ်စစ်ဖြစ်တယ်လို့ ပြောပြခဲ့ဘူးပါတယ်။ န၀တ၊ နအဖတို့က ကိုးကန့်ကို တိုင်းရင်းသားအဖြစ် ထပ်တိုးသတ်မှတ်လိုက်တော့၊ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မယ်ဆိုတတ်သော၊ အမျိုးပျောက်မှာ စိုးကြောက်တတ်သူများက ကန့်ကွက်ဖို့ နေနေသာ အီးတောင် ကျယ်ကျယ်ပေါက်လိုက်သံ မကြားလိုက်ရပါဘူး။ ဘာကြောင့်ပါလဲ။
ကမန်နဲ့ ပသျှူးလူမျိုးတွေမှာ တူညီမှုတစ်ခု ရှိနေတာကိုတော့ ပြောဖို့လိုမယ်ထင်ပါတယ်။ သူတို့တွေဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါတယ်။ ကိုးကန့်တို့သည် အစ္စလာမ်ဘာသာဝင်များ မဟုတ်ပါ။
နိုင်ငံသားတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်ကို လက်မခံနိုင်သေးသူများ ရှိနေပါသလား။ ဒါမှမဟုတ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အစ္စလာမ်ဘာသာမှလွဲ၍ အခြားဘာသာများကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်လို့ ပြဌာန်းဖို့လိုအပ်နေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် ကျနော်တို့သည် အမေရိကန်သမတ အိုဘားမားပြောသလို ၂၁ရာစုအတွက် အဆင်သင့် မဖြစ်သေးသူများလား။
ဒီနေရာမှာ စကားညှပ်အနေနဲ့ ထည့်သွင်းပြောကြားလိုတာက ကျနော်သည် ကိုးကန့်ဆန့်ကျင်ရေး၊ တရုပ်မုန်းတီးရေးသမား မဟုတ်သလို တိုင်းချစ် ပြည်ချစ် မြန်မာတရုပ်များကို ချစ်ခင်လေးစားသူလည်းဖြစ်ပါတယ်။ မြန်မာမွတ်စလင်များသည် မြန်မာတရုပ်များကဲ့သို့ တိုင်းရင်းသားသွေးပါသူများဖြစ်ပြီး တိုင်းချစ်ပြည်ချစ်များ၊ တိုင်းပြည်အတွက် အသက်စွန့် ကာကွယ်တတ်သူများ ဖြစ်ကြပါတယ်။ မြန်မာပြည်ကို မြန်မာတိုင်းရင်းသားတွေကလွဲလို့ တရုပ်ဘဲဖြစ်ဖြစ်၊ ဘင်္ဂါလီဘဲဖြစ်ဖြစ် လွှမ်းမိုးလာမှာကို မြန်မာမွတ်စလင်ကော၊ မြန်မာတရုပ်ကော လက်မခံနိုင်ပါဘူး။
ရိုဟင်ဂျာ ဘာလဲ။
ရိုဟင်ဂျာကိစ္စကို စမပြောခင် စာဖတ်သူများကို မေတ္တာရပ်ခံလိုတာက ရိုဟင်ဂျာကို ဘယ်လိုမြင်ပါသလဲဆိုတာကို ကိုယ့်ဖာသာမေးပြီး ကိုယ့်ဖာသာ အရင်စမ်းပြီးဖြေကြည့်ပေးစေချင်ပါတယ်။ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် မြင်ပါသလား။ နိုင်ငံသားအဖြစ် လက်ခံပါသလား။ လူအဖြစ်ကော အသိအမှတ်ပြုနိုင်ပါသလား။ ဒါမှမဟုတ် အနိမ့်ဆုံးအဆင့် ခွေးလောက်၊ ကြောင်လောက်ဖြစ်ဖြစ် တန်ဖိုးထားပေးနိုင်ပါသလား။
မေးခွန်းက သိပ်ရင့်သီးတယ်၊ လက်တွေ့မကျဘူး၊ ဘယ်သူက လူကို ခွေးလို့ထင်ကြမှလဲဆိုပြီး အပစ်တင်လိုသူများရှိလျင် ရှင်းပြပါရစေ။ ယနေ့ ရိုဟင်ဂျာတွေကို ခွေးလောက်မှ တန်ဖိုးမထားနိုင်တာကြောင့် ထိုင်းနိုင်ငံမှာ ဘယ်ခွေးကိုမှ မလုပ်တဲ့ လှေပျက်ထဲထဲ့ပြီး ပင်လယ်ထဲမျှောချနေတာကို တွေ့နိုင်ပါတယ်။
အဲဒါက ထိုင်းဘဲ။ ကျုပ်တို့မြန်မာပြည်မှာ ဒါလောက်တော့ မဆိုးသေးပါဘူးဆိုလာရင် ဆက်ဖတ်ကြည့်စေချင်ပါတယ်။
ဟစ်တလာက ဂျူးလူမျိုး ၆သန်းကျော်ကို ကလေးကော၊ အမေအိုပါမကျန် သတ်တုံးက သူတို့အာရိယန်မျိုးဆက်တွေနဲ့ သွေးမရောရအောင်၊ အစဉ်သန့်ရှင်းနေအောင် လူသားမျိုးညံ့ဂျူးတွေအဖြစ် ကိစ္စတုံးရှင်းပစ်ခဲ့တာပါ။ ခွေးဆိုး၊ ခွေးရူးတွေအဖြစ်သဘောထားပြီး သတ်ခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာတွေကို ခွေးဆိုး၊ ခွေးရူးတွေထက်ပိုဆိုးတဲ့ ဗိုင်းရပ်ရောဂါပိုးလိုသဘောထားတဲ့ ပညာရှင်များ၊ ခေါင်းဆောင်များ ရှိနေပါသေးတယ်။ သူတို့ရေးပြီး လူသိရှင်ကြားကြေညာထုတ်ဝေတဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး Influx Virus ဆိုတဲ့စာအုပ်အမည်ဟာ ရိုဟင်ဂျာတွေကို ရွံရှာမုန်းတီးစရာကောင်းတဲ့၊ အင်မတန်အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်ပိုးတွေအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်ပိုးတွေကို မပြန့်ပွါးခင် အချိန်မီ အလျင်အမြန် ဖျက်ဆီးပစ်ရသလို ရိုဟင်ဂျာတွေကို မျိုးတုန်း ဖျက်ဆီးပစ်ရမယ်လို့ ပွင့်ပွင့်လင်းလင်း လှုံ့ဆော်လိုက်ခြင်းဖြစ်ပါတယ်။ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ အတွေးအမြင်ပါ။ ဟစ်တလာထက် ကြောက်စရာကောင်းပါတယ်။
လူမျိုးတွေရဲ့ အမည်ပေးပုံကို ဆက်လက်ဆွေးနွေးလိုပါတယ်။
ရခိုင်လူမျိုးတွေကို မာဂဓဆိုတဲ့စကားက ဆင်းသက်လာတဲ့ မောက်လူမျိုးလို့ခေါ်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ အာရကန်လူမျိုးလို့လဲ သမိုင်းမှာ အထင်အရှားရှိနေခဲ့ပါတယ်။ သို့သော် အမျိုးကို ချစ်ခြင်း၊ အမျိုးဂုဏ်ကို စောင့်ရှောက်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ ရခိုင်(ရက္ခိုင်)လူမျိုးလို့ခေါ်မှ နှစ်သက်ကြတာမို့ မောက်၊ အာရကန်လို့မခေါ်တော့ဘဲ အားလုံးက ရခိုင်လူမျိုးလို့ခေါ်ကြပါတယ်။ ပြသနာမရှိပါဘူး။
တောင်သူက ပအို့၊ တလိုင်းက မွန်၊ ဂျိန်းဖေါက ကချင်၊ ဆီရမ်(Siam)က ထိုင်း(Thai)၊ ဆီလုံ(Ceylon)က သီရိလင်္ကာ(Srilanka)၊ အက်စကီမိုး(Eskimo)က အိနွတ်(Inuit)လူမျိုး စသဖြင့် မိမိအမျိုးအမည်၊ မိမိနိုင်ငံအမည်ကို မိမိစိတ်ကြိုက် ပြောင်းကြတဲ့အခါ အခြားဘယ်လူမျိုး၊ အခြားဘယ်နိုင်ငံကမှ ငါသဘောမတူရင် ပြောင်းခွင့်မရှိဘူးလို့ မကန့်ကွက်နိုင်ပါဘူး။ ကန့်ကွက်ခွင့် မရှိပါဘူး။ သဘောထားကြီးစွာ၊ နားလည်မှုထားကာ ကာယကံရှင် ကြိုက်နှစ်သက်တဲ့အတိုင်း သတ်မှတ်ခေါ်ဝေါ်ပေးရတာပါဘဲ။
ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားလား၊ နိုင်ငံသားလား၊ နိုင်ငံခြားသားလားဆိုတာကို ခဏဘေးဖယ်ထားပြီး သူတို့က သူတို့ကို ရိုဟင်ဂျာလို့ ခေါ်စေချင်တာကို မခေါ်နိုင်ပါဘူးလို့ ငြင်းသင့်ပါသလား။ ငြင်းခွင့်ကော ရှိပါသလား။ သူတို့ကို သမိုင်းမှာ စစ်တကောင်းသားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဘင်္ဂါလီကုလားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ခေါ်တောလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဒီနာမည်တွေကို မကြိုက်လို့၊ ဒီနာမည်တွေဟာ နှိမ့်ချခေါ်ဝေါ်တာမို့ မခေါ်ပါနဲ့လို့ တောင်းဆိုတာကို မရဘူး၊ မင်းတို့ နာတာ၊ မကြိုက်တာ ငါဂရုမစိုက်ဘူး။ ငါခေါ်ချင်တာ ငါခေါ်မယ်လို့ တစ်ဖက်သားကို နှိမ့်ချပြီး ဆိုသင့် ဆိုထိုက်ပါသလား။
အာဖရိကန်အမေရိကန်တွေကို သမိုင်းတလျှောက်လုံးမှာ အမဲကောင်(Nigger) လို့ဘဲခေါ်ခဲ့ကြပါတယ်။ အမဲကောင်(Nigger)လို့ဘဲ သမိုင်းမှတ်တမ်းတွေမှာ အထင်အရှား မှတ်တမ်းတင်ထားရှိခဲ့တာမို့ အမဲကောင်(Nigger)လို့ဘဲ ခေါ်နိုင်မယ်လို့ ခုနေခါမှာ ပြောရဲသူများရှိပါသလား။ သူများတွေရဲ့ နှလုံးသားကို နာကြင်စေတဲ့ စကားလုံးမျိုး၊ အပြုအမူမျိုးကို ရှောင်ရှားခြင်းသည် စာနာတတ်ခြင်း၊ လူသားဆန်ခြင်း ဖြစ်ပါတယ်။ ဘာသာတရားတွေရဲ့ အဆုံးအမများမှာ ပါရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း ကိုက်ညီပါတယ်။
ရိုဟင်ဂျာသည် တိုင်းရင်းသားလော။
ရိုဟင်ဂျာတွေက သူတို့ဟာ တစ်ဖက်ဘင်္ဂလားဒက်ရှ်နိုင်ငံက ဘင်္ဂါလီတွေနဲ့ ဆင်တူကြသော်လည်း၊ ဘင်္ဂါလီများ မဟုတ်ကြဘဲ မြန်မာပြည်မှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသားတွေဖြစ်တယ်။ မူလက သတ်မှတ်ထားသော တိုင်းရင်းသားလူမျိုး ၁၄၃ မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးက တရားဝင်ပါရှိထားပြီးဖြစ်တယ်။ ကျောင်းသုံးစာအုပ်တွေထဲမှာလည်း၊ တိုင်းရင်းသား ရိုဟင်ဂျာလူမျိုးဆိုပြီး ရေးသားပြဌာန်းထားတာတွေ ရှိခဲ့တယ်။ ရိုဟင်ဂျာတွေက လွတ်လပ်စွာ မဲပေးပြီး ရွေးကောက်တင်မြှောက်ထားတဲ့ ရိုဟင်ဂျာလွှတ်တော်အမတ်တွေ လွတ်လပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ လွှတ်တော်ထဲမှာ အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ဗဟိုအစိုးရထဲမှာ ကျန်းမာရေးဌာန ပါလီမန်အတွင်းဝန်အဆင့်အထိ တာဝန်ယူခဲ့တာရှိခဲ့တယ်။ မြန်မာ့အသံက တိုင်းရင်းသားအသံတွေကို လွှင့်တဲ့အခါ ရိုဟင်ဂျာအစီအစဉ်ဆိုပြီး ၁၉၆၁ခုနှစ်ကနေ ၁၉၆၅ခုနှစ်အထိ ရိုဟင်ဂျာဘာသာစကားနဲ့ အသံလွှင့်ပေးခဲ့တယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းလက်ထက်မှာမှ အသံလွှင့်အစီအစဉ်သာမက တိုင်းရင်းသားအဖြစ်ကပါ ပယ်ဖျက်ခံခဲ့ရတယ်လို့ အထောက်အထားများနှင့်ပြဆိုပါတယ်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရဲ့ ပထမဆုံးသမတကြီး စပ်ရွှေသိုက်က ရခိုင်ပြည်က မွတ်စလင်တွေဟာ တိုင်းရင်းသား အစစ်အမှန်တွေဖြစ်တယ်။ မြန်မာပြည်မှာ ရာခိုင်နှုံးပြည့် သွေးမစပ်တဲ့ လူမျိုးဆိုတာ မရှိဘူး။ သူတို့ဟာ တိုင်းရင်းသားမဟုတ်ဘူးဆိုရင် ငါတို့ (ရှမ်း)တွေလဲ တိုင်းရင်းသား မဟုတ်တော့ဘူးလို့ ဆိုခဲ့ပါတယ်။ (The first President of Burma Sao Shwe Theik stated: "Muslims of Arakan certainly belong to one of the indigenous races of Burma. In fact, there is no pure indigenous race in Burma, if they do not belong to indigenous races of Burma, we also cannot be taken as indigenous races of Burma".)
မည်သို့ပင်ဖြစ်စေကာမူ တစ်ဖက်က အပြန်အလှန် တင်ပြတာက ပြည်ထောင်စုအစိုးရက ဖဆပလတွေ မဲရအောင် ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လဒ်ထိုးတဲ့အနေနှင့် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ ရိုဟင်ဂျာတွေဟာ တစ်ဖက်နိုင်ငံက မကြာသေးခင်ကာလကမှ အလုံးအရင်းနဲ့ စီးပွါးရေးအရ ပြောင်းရွှေ့လာတဲ့ ဘင်္ဂါလီများသာဖြစ်တယ်။ သူတို့ကိုလက်ခံလိုက်ရင် သူတို့နောက်က ဘင်္ဂါလီတွေဆက်ဝင်လာပြီး ရခိုင်တစ်ပြည်နယ်လုံးတင်သာမက မြန်မာတစ်ပြည်လုံးမှာ ဘင်္ဂါလီတွေ လွှမ်းမိုးသွားနိုင်တယ် ဆိုတာဖြစ်ပါတယ်။
မြန်မာပြည်ကို လူဦးရေပေါက်ကွဲမတတ်ဖြစ်နေတဲ့ အိမ်နီးချင်း လူမျိုးကြီးနှစ်မျိုးက ၀ါးမြို ဖုံးလွှမ်းသွားမှာကို မဖြစ်မနေ တားဆီးကာကွယ်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိတာမို့ အင်မတန်သဘာဝကျပြီး စိုးရိမ်စရာကောင်းတဲ့ ထောက်ပြမှုဖြစ်ပါတယ်။ ဒီတာဝန်ကို ထိရောက်စွာ အကောင်အထည်ဖေါ်နိုင်ဖို့က နယ်စပ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံး အထူးသဖြင့် ရိုဟင်ဂျာနဲ့ ကိုးကန့်တို့ထံမှ ပြည့်ဝပြတ်သားသော စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှု (Uncompromised Commitment to cooperate)ကို မဖြစ်မနေလိုအပ်ပါတယ်။ အုပ်ချုပ်သူအစိုးရများဖက်ကလည်း နယ်စပ်ဒေသအားလုံးမှာ တိကျသော သန်းကောင်စာရင်း(Census)များကို ကောက်ယူ ထိမ်းချုပ်နိုင်သော အနေအထားတရပ်ကို ဖေါ်ဆောင်နိုင်ဖို့လိုပါတယ်။
နောက်အရေးကြီးတဲ့ အချက်တစ်ခုက ရိုဟင်ဂျာတွေမှာ ဘာသာရေး အစွန်းရောက်၊ လူမျိုးရေး အစွန်းရောက် အဖွဲ့အစည်းတွေရှိခဲ့တယ်။ တိုင်းပြည်ကို ခွဲထုတ်ဖို့ ကြိုးစားခဲ့တဲ့၊ မွတ်စလင်နိုင်ငံတော် တည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့တယ်ဆိုတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါတယ်။ နိုင်ငံတော် လုံခြုံရေး၊ တိုင်းပြည်မပြိုကွဲရေးတွေနဲ့ ပတ်သက်နေတာမို့ အင်မတန်အရေးတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါတယ်။ ဒီတရားမျှတတဲ့ စိုးရိမ်ချက်(Legitimate Concern)ကို ရိုဟင်ဂျာတွေဖက်က အဖြေပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုအဖွဲ့အစည်းမျိုးတွေ၊ ဒီလိုအစွန်းရောက် အယူအဆတွေ ရှင်သန်လှုပ်ယှားနေတုန်းဘဲလား။ ရှိနေလျင် ဘယ်လို ပူးပေါင်းတိုက်ဖျက်မလဲ။ မရှိတော့ပါဘူးဆိုရင်တောင် နောင်တစ်ချိန်ချိန်မှာ ပေါ်ပေါက်လာနိုင်သလား။ မပေါ်ပေါက်လာအောင် ဘယ်လို ပူးပေါင်းကာကွယ်သွားမလဲဆိုတာတွေ ဖြစ်ပါတယ်။
သို့သော် ရိုဟင်ဂျာဆိုတာ မိမိတစ်သက်မှာ လုံးဝမကြားဖူးပါဘူး၊ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ စကားကုန်ဆိုလာသူများကတော့ မိမိညံ့တာ၊ ဗဟုသုတနည်းတာ၊ မြန်မာ့နိုင်ငံရေးကို နားမလည်တာကို လူမသိ သိအောင် လူလည်ခေါင်မှာ မရှက်မကြောက်နဲ့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းပြနေသလို ဖြစ်နေပါတယ်။ မဟာပညာကျော်အချို့ကလည်း ရိုဟင်ဂျာတွေဟာ မြန်မာစကားမပြောတတ်တာကြောင့် မြန်မာတိုင်းရင်းသား၊ မြန်မာနိုင်ငံသားဖြစ်ဖို့နေနေသာ မြန်မာပြည်မှာတောင် နေထိုင်ကြသူများ မဟုတ်ဘူးလို့ မျက်စေ့စုံမှိတ် ငြင်းတတ်ပြန်ပါတယ်။ မြန်မာပြည်မှာ မြန်မာစကားကို လူတိုင်းမပြောတတ်တဲ့ တိုင်းရင်းသား ကရင်၊ ချင်း၊ ရှမ်း၊ နာဂ၊ မွန်၊ ကချင်၊ ကယား၊ ပလောင်၊ လီဆူး၊ ၀၊ လူချိုင်း စတဲ့တိုင်းရင်းသားတွေအများအပြား စေ့စေ့ပေါက်ပေါက်ဆိုရင် အမျိုးတစ်ရာကျော်လောက်တောင် ရှိနေနိုင်တာကို သိဟန်မတူကြပါဘူး။
ရိုဟင်ဂျာတွေ ဘယ်တုန်းက ဘယ်လို မြန်မာနိုင်ငံထဲ ၀င်ရောက်လာတယ်ဆိုတာကို ဆွေးနွေးနိုင်တဲ့ စွမ်းရည် ကျနော့မှာ မရှိပါဘူး။ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုသင့်၊ မပြုသင့်ဆိုတာကိုလည်း မဆွေးနွေးလိုပါဘူး။ ဆွေးနွေးသင့်သော အချိန်ကာလ ရောက်ပြီလို့လည်း မထင်သေးပါဘူး။ ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို နောင်ဒီမိုကရေစီနိုင်ငံတော်ခေတ်ရောက်သောအခါ၊ ဒေါက်တာ ဦးအေးချမ်း၊ ဒေါက်တာ ဦးအေးကျော်တို့လို ရခိုင်ပညာရှင်တွေ၊ ရခိုင်ခေါင်းဆောင်တွေ၊ ရိုဟင်ဂျာ ပညာရှင်တွေ၊ ရိုဟင်ဂျာ ခေါင်းဆောင်တွေ၊ အခြားလိုအပ်သော နိုင်ငံခေါင်းဆောင်တွေ၊ ပညာရှင်တွေပါဝင်တဲ့ ကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးဆုံးဖြတ်ခြင်းကသာ အကောင်းဆုံးနှင့် အမှန်ကန်ဆုံးဖြစ်မယ် ထင်ပါတယ်။
ရိုဟင်ဂျာသည် နိုင်ငံသားလော။
ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းဆိုရာမှာသာ အငြင်းပွါးမှုရှိနေသော်လည်း ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို အပြည့်အ၀ခံစားပိုင်ခွင့်ကိုတော့ မဆလ၊ န၀တ၊ နအဖများကလွဲရင် ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရကစပြီး၊ ရခိုင်အဖွဲ့အစည်းခေါင်းဆောင်များ၊ ပညာရှင်များအလယ်၊ ဒီမိုကရေစီအတိုက်အခံ အဖွဲ့အစည်းတွေအားလုံးတင်သာမက ရခိုင်ခေါင်းဆောင်ကြီး ဦးအေးသာအောင် အတွင်းရေးမှူးလုပ်တဲ့ ပြည်သူ့လွှတ်တော်အဖွဲ့(CRPP)ကတောင် လက်ခံထားပါတယ်။ (CRPP)ကလက်ခံတယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က လက်ခံတယ်လို့ ပြောနိုင်ပါတယ်။ သို့သော် လူမျိုးရေးအစွန်းရောက်၊ ဘာသာရေးအစွန်းရောက်ဆိုတာ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ရှိတတ်တာမို့ အခုလိုဆိုလိုက်တာကို လက်မခံနိုင်သူများရှိလျင် ၄င်းတို့ကို မေတ္တာရပ်ခံလိုတာက ကျနော့ကို ကန့်ကွက်စကားမဆိုခင် မိမိသက်ဆိုင်ရာ လူမျိုးစု အဖွဲ့အစည်းခေါင်းဆောင်များ၊ ဒီမိုကရေစီ ခေါင်းဆောင်များ၊ ပညာရှင်များကို အလျင်မေးမြန်းအတည်ပြုပြီးပါမှ ခိုင်ခိုင်မာမာ ကန့်ကွက်စကားဆိုစေချင်ပါတယ်။ ၀ါးလုံး ချေးသုတ်ရမ်းတာမျိုးကိုတော့ ကျနော်တုန့်ပြန်နိုင်မယ် မထင်ပါဘူး။
ဒီနေရာမှာ လူတွေမျက်စေ့သျှမ်းနေတတ်တဲ့ အရေးကြီးတဲ့ အခြေအနေတစ်ရပ်ကို ထပ်ထောက်ပြဖို့လိုနေသေးတယ်လို့ထင်ပါတယ်။ ရိုဟင်ဂျာတွေကို တစ်ဖက်နိုင်ငံက တရားမ၀င်ခိုးဝင်လာသူတွေဆိုပြီး စစ်ဆင်ရေးအမျိုးမျိုးလုပ်လာတဲ့အပေါ်မှာ ဒီရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေက တစ်ဖက်နိုင်ငံသားတွေဖြစ်ကြတာမို့ အစစ်အဆေးမခံနိုင်ဘဲ တစ်ဖက်က သူတို့နိုင်ငံထဲကို ထွက်ပြေးသွားတယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ ဒါဖြင့်ရင် ဘင်္ဂါလီတွေသာဖြစ်တဲ့ ရိုဟင်ဂျာတွေကို စစ်ဆင်ရေး အကြိမ်ကြိမ်လုပ်ပြီးတိုင်း ဘာလို့အကြိမ်ကြိမ် ပြန်လက်ခံနေရတာလဲ။ ကိုယ့်နိုင်ငံသားမဟုတ်ဘူးဆိုရင် ပြန်လက်ခံစရာမလိုပါဘူး။ ပြန်လက်ခံရတယ်ဆိုကတည်းက ထွက်ပြေးသွားတဲ့ တစ်ဖက်နိုင်ငံသားဆိုသူတွေဟာ တစ်ကယ်တော့ နဂိုကတည်းက ကိုယ့်နိုင်ငံသား ဖြစ်နေလို့ဘဲပေါ့။ ရှင်းရှင်းလေးပါ။ သို့သော် ဒီနေရာမှာ တဖက်နိုင်ငံသားတွေက တရားမ၀င် ခိုးဝင်နေထိုင်နေတာတွေလဲ ရှိနေနိုင်ပါတယ်။ မှန်မှန်ကန်ကန်ဖြစ်အောင် တရားဥပဒေနှင့်အညီ စိစစ်နိုင်ဖို့လိုပါတယ်။
ဒီအခါမှာ နောက်မေးခွန်းတစ်ခုက မေးစရာဖြစ်လာပါတယ်။ ပြန်လက်ခံရမှာကို သိနေလျက်နဲ့ ဘာလို့ မောင်းထုတ်တာတွေကို အကြိမ်ကြိမ်လုပ်နေရသလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အဖြေနှစ်ချက်ကို စဉ်းစားမိပါတယ်။
တစ်ခုကတော့ စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း တတိုင်းပြည်လုံး ရန်ကုန်ကအစ နယ်စပ်တွေအဆုံး မတည်မငြိမ်မှုတွေကို ဖန်တီးထားနိုင်မှ စစ်အာဏာရှင်ဆိုတာမျိုးက သက်ဆိုးရှည်တတ်တာမျိုးဖြစ်လို့ ဖြစ်ပါတယ်။
နောက်တစ်ချက်စဉ်းစားမိတာက၊ တိုင်းရင်းသားလူမျိုးတွေထဲက လွတ်လပ်ရေးစိတ်ဓါတ်အပြင်းထန်ဆုံး လူမျိုးစုတွေထဲမှာ ရခိုင်အမျိုးသားက ထိပ်ဆုံးက အုပ်စုထဲမှာ ပါတယ်လို့ ကျနော်လေ့လာမိသလောက်အရ ထင်မိပါတယ်။ (လူမျိုးစုတွေ လွတ်လပ်ရေးလိုချင်တာ၊ ကိုယ့်လူမျိုး ကိုယ်အုပ်ချုပ်ချင်တာ အပစ်မဟုတ်ပါဘူး။ သဘာဝပါ။ ဒါကြောင့် စစ်မှန်သော ပြည်ထောင်စုကို ဖွဲ့လိုလျင်၊ တစ်ကယ်ဘဲ တိုင်းပြည်အေးချမ်းဖွံ့ဖြိုးလိုလျင် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့်ကို မဖြစ်မနေ အခြေခံရမှာဖြစ်ပါတယ်)။ ရခိုင်ပြည်နယ်ရဲ့ ထူးခြားချက်နောက်တစ်ခုက ပြည်မကနေပြီး ဆက်သွယ်ရ အခက်ခဲဆုံးပြည်နယ်ဖြစ်ခြင်းအပြင် မိမိဖါသာရပ်တည်မယ်ဆိုရင် ရပ်တည်နိုင်တဲ့ ပထ၀ီအနေအထားရှိနေခြင်းတို့ကလည်း အထောက်အကူပြုသလိုဖြစ်နေပါတယ်။ ဒီတော့ မဆလအပါအ၀င် စစ်အစိုးရအဆက်ဆက်က ဒီရခိုင်အမျိုးသားတွေကို ထိမ်းချုပ်နိုင်ဖို့ နည်းလမ်းစုံကို အသုံးပြုတဲ့အခါမှာ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်ဖို့၊ ရခိုင်လူမျိုးတွေ အားနဲစေဖို့ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပဋိပက္ခ(Constant in-fighting)ကို အစဉ်မပြတ်ဖြစ်ထွန်းနေအောင် ဖန်တီးခြင်းကလည်း နည်းလမ်းတစ်ခုအဖြစ် သုံစွဲခဲ့တယ်လို့ ထင်ပါတယ်။
ဒေါက်တာ ဦးအေးချမ်းက သူငယ်ငယ်က ဘူးသီးတောင်က ရိုဟင်ဂျာတွေထဲမှာ ကြီးပြင်းလာကြောင်း၊ အင်မတန် ချစ်ကြည်အေးချမ်းစွာနေခဲ့ကြရကြောင်းကို ပြောပြဖူးပါတယ်။ အေးချမ်းတယ်ဆိုလို့ ရိုဟင်ဂျာနဲ့ ရခိုင်ကြားမှာ ပြသနာလုံးဝ မရှိဘူးလို့ပြောနေတာတော့ မဟုတ်ပါဘူး။ ဘာသာတူ၊ လူမျိုးတူ၊ စကားတူတဲ့ တစ်ရွာတည်းသားတွေတောင် ရွာတောင်ပိုင်းနဲ့ ရွာမြောက်ပိုင်း ဓါးခုတ်ပွဲဖြစ်တတ်သေးတာပါဘဲ။
ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် အကူးအပြောင်းတွေနဲ့ နိုင်ငံရေးခေါင်းဆောင်အချို့ အမြင်မကျယ်မှုတွေကြောင့် ဖြေရှင်းနိုင်တဲ့ ဖြစ်ရိုးဖြစ်စဉ် လူမှုပဋိပက္ခတွေကို ထိမ်းမနိုင် သိမ်းမရဖြစ်သွားအောင် တွန်းပို့လေခဲ့သလားလို့ ဆင်ခြင်မိပါတယ်။
ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြု လက်ခံထားတဲ့အမြင်ပေါ်မှာ ဆက်လက်ဆွေးနွေးသွားလိုပါတယ်။
နောင်ဖြစ်ပေါ်လာမဲ့ ဒီမိုကရေစီရေး၊ အခြေခံလူ့အခွင့်အရေး၊ တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ အခြေခံအချက်ကြီး (၃)ရပ်ပေါ်မှာ အခြေခံပြီး ဆွေးနွေးချင်ပါတယ်။ ဒီအခြေခံအချက်ကြီး (၃)ရပ်ကို လက်မခံနိုင်သူများကတော့ ကျနော့ဆွေးနွေးချက်တွေကို လက်ခံနိုင်မယ်မထင်ပါဘူး။
ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်မခံသေးသရွေ့ လူမျိုးစုလွှတ်တော်လို လွှတ်တော်မျိုးမှာ ရိုဟင်ဂျာတွေက လူမျိုးစုကို ကိုယ်စားပြုပြီး တက်ရောက်ခွင့် မရှိနိုင်ပါဘူး။ သို့သော် လူဦးရေကို အခြေခံတတ်တဲ့ ပြည်သူ့လွှတ်တော်တွင်းမှာတော့ နိုင်ငံသားဖြစ်တဲ့ ရိုဟင်ဂျာတွေက လွှတ်တော်အမတ်တွေအဖြစ် ပါဝင်ပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြမှာဖြစ်ပါတယ်။
လူမျိုးစုလွှတ်တော်ဆိုတာ လူဦးရေပေါ်မှာ မူမတည်ဘဲ တိုင်းရင်းသား လူမျိုးစုဖြစ်ခြင်းပေါ်မှာ အခြေခံပါတယ်။ သန်းသုံးဆယ်ကျော်နိုင်တဲ့ မြန်မာလူမျိုးက လူမျိုးစုလွှတ်တော်မှာ နှစ်ယောက်တက်ခွင့်ရှိလျင် သိန်းဂဏန်းလောက်ရှိတဲ့ လူမျိုးငယ်တစ်ခုကလည်း နှစ်ယောက်တက်ခွင့်ရတတ်တဲ့ လွှတ်တော်မျိုးပါ။ လူမျိုးစုတွေရဲ့ မူလရပိုင်ခွင့်တွေကို တာဝန်ခံထိမ်းသိမ်းကာကွယ်မဲ့ အထက်လွှတ်တော်ပုံစံမျိုးဖြစ်ပါတယ်။ အမေရိကန်က ဆိနိတ်(Senate)လိုအဖွဲ့မျိုးနဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ လူဦးရေအချိုးအလိုက် တက်ခွင့်ရတတ်တဲ့၊ တစ်ကယ့်ကို လူထုအခြေခံတဲ့၊ တစ်နိုင်ငံလုံးကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုတဲ့၊ လုပ်ပိုင်ခွင့်အာဏာပိုများတတ်တဲ့ လွှတ်တော်ဖြစ်ပါတယ်။
အနာဂတ်တိုင်းပြည်ခေါင်းဆောင်များ၊ အထူးသဖြင့် ရခိုင်အမျိုးသားခေါင်းဆောင်များအနေနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းသာယာရေး၊ အထူးသဖြင့် တရားမ၀င် နိုင်ငံခြားသားများ ၀င်ရောက်လာမှု တားဆီးရေး၊ လုံခြုံရေးတို့ကို ရခိုင်ပြည်နယ်က ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ခံမှုမရဘဲ အကောင်အထည်ဖေါ်နိုင်မယ် ထင်ပါသလား။ ဖေါ်သင့်တယ်လို့ကော ထင်ပါသလား။
နောင်တိုင်းပြည်တည်ထောင်ရေးကို အရှည်မျှော်ပြီး ကိုယ်ကနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့၊ ကိုယ့်နိုင်ငံသားတွေဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်ကိုးစားမှုကို ရနိုင်သမျှရလာအောင် အခုကတည်းက ကြိုးစားစည်းရုံးဖို့ မသင့်ပေဘူးလား။
ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူအဆတွေနှင့် ကင်းကွာသွားအောင် အကူအညီပေးသင့်သလား။ ဒါမှမဟုတ် သာမန်ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူအဆတွေဆီ တွန်းပို့သင့်ပါသလား။ ရိုဟင်ဂျာပြည်သူတွေထဲက အလယ်အလတ်ကျတဲ့(Liberal and Moderate)ခေါင်းဆောင်တွေ ပေါ်ထွန်းလာအောင် စနစ်တကျ အကူအညီပေးသင့်ပါသလား။ ဒါမှမဟုတ် အဲဒီအလယ်အလတ်ခေါင်းဆောင်တွေကို စိတ်ပျက်အားလျော့အောင် စိတ်ရှုပ်ထွေးအောင် စနစ်တကျ ပိတ်ဆို့ထားသင့်ပါသလား။
အစွန်းရောက် ခေါင်းဆောင်တွေ၊ အယူအဆတွေကို တိုက်ဖျက်ဖို့ အကောင်းဆုံးနည်းက သာမန်ရိုဟင်ဂျာပြည်သူတွေကို ပညာပေး စည်းရုံးလက်တွဲရမယ်၊ အလယ်အလတ် သဘောထားရှိတဲ့ခေါင်းဆောင်တွေကို ဖေါ်ထုတ်ပေးရမယ်ဆိုတာ နိုင်ငံရေး အခြေခံသင်ပုန်းကြီး ကကြီး၊ ခခွေး ဖြစ်ပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အမည်ကိုတောင် မကြားချင်တတ်တဲ့ အစွန်းရောက်ပုဂ္ဂိုလ်များကို တစ်ချက်လောက် ထပ်ထောက်ပြလိုပါသေးတယ်။ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်က တစ်ယောက်မကျန် မောင်းထုတ်တာမျိုးကို လုပ်နိုင်မယ် ထင်ပါသလား။ မလုပ်နိုင်ဖူးဆိုရင်တော့ ငြိမ်းချမ်းစွာ အတူနေနိုင်ဖို့ ဦးဆောင်မှုပေးချင်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုတာကို အချင်းချင်းကြားမှာရှိနေတဲ့ သံသယတွေ၊ စိုးရိမ်မှုတွေကို အပြန်အလှန်လေးစားမှုနဲ့ ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက်နိုင်ပါတယ်။ အမိန့်ပေးခြင်းဖြင့် မတည်ဆောက်နိုင်ပါဘူး။ မိမိပြည်နယ်ထဲမှာရှိတဲ့ ဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ လက်မတွဲဘဲနဲ့တော့ ရခိုင်ပြည်နယ် အေးချမ်းတိုးတက်ရေး၊ လုံခြုံရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် မတိုးတက်ရင် ရခိုင်ပြည်သူတွေလည်း တိုးတက်လာမှာ မဟုတ်ပါ။ စစ်အစိုးရကိုလည်းတိုက်၊ ရိုဟင်ဂျာကိုလည်းတိုက်ဆိုတဲ့ ဗျူဟာသည် အင်မတန်မှားယွင်းနေကြောင်း အချိန်က သက်သေပြနေပြီး ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနှင့် ရိုဟင်ဂျာလှေစီးဒုက္ခသည်တစ်ဦးရဲ့ ရေဒီယိုအင်တာဗျူးကို တင်ပြလိုပါတယ်။ သူက “ဗမာပြည်မှာ ဘယ်လိုမှလဲနေလို့ မရတော့ပါဘူး။ နေ့တိုင်းနေ့တိုင်း အစိုးရက ဒုက္ခပေးနေတာဘဲ။ ပင်လယ်ထဲမှာ တခါထဲ သေရင်လဲ သေပစေတော့ဆိုပြီး ထွက်လာခဲ့တယ်” လို့ပြောခဲ့ပါတယ်။ သာမန်ရိုဟင်ဂျာပြည်သူတွေရဲ့ နေ့တဓူဝဒုက္ခကို မည်သူမဆို စာနာနိုင်မယ်လို့ ယုံကြည်ပါတယ်။
အောင်တင်
ဖေဖေါ်ဝါရီလ(၆) ၂၀၀၉
uaungtin@yahoo.com
This is my personal opinion piece. All logical responds are welcomed.
Friday, 6 February 2009
ဘန်ကီမွန်း တိုက်တွန်းချက် အတိုက်အခံများ ကြိုဆို
ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများကြား ထိရောက် အကျိုးရှိသည့် ဆွေးနွေးမှုများ ချက်ချင်း ပြုလုပ်ရန် တိုက်တွန်း ပြောကြားချက်ကို အတိုက် အခံများက ကြိုဆိုလိုက်သည်။
ကုလသမဂ္ဂက ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေသော မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ယခုကဲ့သို့ တိုက်ရိုက် ဆွေးနွေးရန် တိုက်တွန်းချက်ကို ၎င်းတို့အနေနှင့် သဘောတူလက်ခံသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောသည်။
“ကျနော်တို့ သိရှိသလောက် ယူအန်က တောက်လျှောက် တိုက်တွန်းနေတဲ့ ကိစ္စ၊ တိုက်ရိုက်ဆွေးနွေးတာတွေ မလုပ်ရသေးဘူး၊ တိုက်ရိုက်ဆွေးနွေးမှသာ အဖြေပေါ်မယ်၊ ဒါကို ယူအန်က ဆက်လက်တိုက်တွန်းနေတယ်၊ ဒါကိုတော့ ကျနော်တို့ သဘောကျပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ ဂန်ဘာရီက ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ယမန်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ရောက်ရှိနေသော မစ္စတာဘန်ကီမွန်းထံသို့ သွားရောက် အစီရင်ခံပြီး နောက် ဘန်ကီမွန်းက ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည် ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ မစ်ရှဲလ် မွန်းတာ့စ် ကပြောသည်။
“အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာ စစ်အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေအကြား ကြိုတင်သတ်မှတ် ချက်တွေ မရှိဘဲ ခြေခြေမြစ်မြစ်ရှိတဲ့ ပြောဆိုဆွေးနွေးမှုတွေ အမြန်ဆုံးပြန်စသင့်ပြီလို့ ပြောပါတယ်”ဟု ၎င်းက ဆိုသည်။
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ယင်းဆွေးနွေးမှုများတွင် ကုလသမဂ္ဂကပါ အပြည့်အ၀ ပါဝင် လုပ်ဆောင်စေချင်သည်ဟု ပြောသည်။
“မြန်မာ့ နိုင်ငံရေးအကြပ်အတည်းအတွက် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကသာ အကောင်းဆုံးဖြစ်ပါတယ်” ဟု လည်း ဦးအေးသာအောင်က ပြောဆိုသည်။
သို့သော် လက်ရှိအခြေအနေတွင် အဓိပ္ပာယ်ပြည့်ဝသည့် အစစ်အမှန် တွေ့ဆုံဆွေးနွေးရေးများ ပြုလုပ်နိုင်သည့် အခွင့်အရေးရရှိရန် မဖြစ်နိုင်ကြောင်း၊ ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူများကို မကြာသေးခင်လများအတွင်း က ကြီးလေးသည့် ထောင်ဒဏ်ချမှတ်မှုများရှိခဲ့သည့်အတွက် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“စစ်အစိုးရက ကုလသမဂ္ဂပြောဆိုတာ တွေကို တလေးတစား နားထောင်လေ့မရှိပါဘူး၊ အချိန်ဆွဲနေခြင်းသာ ဖြစ်တယ်၊ အတိုက်အခံအင်အားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဆန္ဒမရှိဘူး၊ ဒါကြောင့် ကုလသမဂ္ဂက မြန်မာ့အရေးကို လုံခြုံရေးကောင်စီတင်သင့်ပါတယ်”ဟုလည်း ဦးအေးသာအောင်က ဆက်လက်ပြောဆိုသည်။
Special Message from Ma Thant (Political Activist)
မြန်မာသမိုင်းတွင် ရိုဟင်ဂျာ များသည်တိုင်းရင်းသားလူမျိုးစုတခုအဖြစ်ရပ်တည်ခဲ့
...:: စကားဦး ::...
လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့် များကို လူမျိုးဘာသာမရွေး ရရှိသင့်ပါသည်။ သို့မှသာ Human Rights - (လူ့အခွင့်အရေး) ကိုတန်ဖိုးထားရာ ရောက်ပါမည်၊ Human Rights သည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် အဓိကအခြေခံကြသော မရှိမဖြစ်အချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် Human Rights ကို လေ့ကျင့်မှု၊ တန်ဖိုးထားမှု အားနည်းသော စစ်အစိုးရလက်အောက်ရှိ ကျနော်တို့ မြန်မာလူမျိုးများသည်လည်း အနဲနှင့်အများ Human Rights ၏ တန်ဖိုးကို အပြည့်အဝနားမလည်ကြပါ။ ယ္ခုအချိန်သည် မြန်မာလူမျိုးများ အားလုံးအတွက် မျက်စိဖွင့် နားပွင့်၍ လူမျိုးဘာသာမရွေး အတူလက်တွဲရတော့မည့် အချိန်ဖြစ်ပါသည် သို့မဟုတ်ပါက စစ်အစိုးရ၏ သွေးခွဲ၊ မှိုင်းတိုက်၊ သွတ်သွင်းခြင်း၌ ဆက်လက်၍ ဝဋ်ခံနေရဦးပေမည်။
နောက် အဓိကအချက်တစ်ရပ်သည် ဘာသာရေးသွေးခွဲမှုဖြစ်ပေသည်။ နအဖ၏ နိုင်ငံတော်မတည်ငြိမ်အောင်ဖန်တည်းရေးမူတွင် ထိုအချက်သည် အရေးအပါဆုံးနှင့်အထိရောက်ဆုံး လက်နှက်ဖြစ်ပေသည်။ ယ္ခု ထိုလက်နှက်ကို နအဖ မှ အပူတပြင်းအသုံးပြုနေပါသည်။ အထူးသတိပြုကြပါ။ ဘာသာရေးအဓိကရုဏ်းကို ဖော်ဆောင်နေပါသည်။ အထူးသဖြင့် ကျနော်တို့ ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်ဆလင်ဘာသာဝင်များ အတွက်ဖြစ် အထူးသတိရှိကြပြီး အမြင်ကျယ်ကျယ်ဖြင့် နားလည်မှုရယူ၍ ဘာသာရေးအစွန်းမရောက် ကြစေလိုပါ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်များအတွက်လည်း အထူးတိုက်တွန်းလိုသည်မှာ မြတ်ဗုဒ္ဓဘုရားသည် မေတ္တာတရားနှင့်သာ လူသားများကိုကယ်တင်ခဲ့ပါသည် တခြားဘာသာကို မုန်းတီးပါဟု မဟောကြားခဲ့ပါ။ ယ္ခုအချိန်သည် နအဖစစ်အစိုးရကိုသာ အဓိကထားတိုက်ခိုက်ကြပါ၊ တိုင်းရင်းသားအချင်းချင်း ဘာသာအချင်းချင်း လူမျိုးအချင်းချင်း တိုက်ခိုက်ရမည့်အချိန်မဟုတ်ပါ။ ကျတော်တို့စည်းလုံးမှ အောင်ပွဲရပါမည်။ စည်းလုံးကြပါ။ ညီညွတ်ကြပါ။
မြန်မာစစ် အစိုးရ သည် ယခုကာလအတွင်းဖြစ်ပေါ်ခဲ့သော ရိုဟင်ဂျာ ဒုက္ခသည်များ အရေးနှင့်ပါတ်သက်၍ ရိုဟင်ဂျာလူမျိုးတို့သည်မြန်မာတိုင်းရင်းသားလူမျိုးစုမဟုတ်ပါ ၊ ရိုဟင်ဂျာ များ သည်

မြန်မာပြည်အတွင်းတွင် ဘိုးတော်ဘုရား လက်ထက်ကပင် အခြချနေထိုင်လာခဲ့သော ရိုဟင်ဂျာ လူမျိုး တို့ သည် ရခိုင်ပြည်လူဦးရေ၏ ထက်ဝက်နီးပါးရှိသည်။ ထို့အပြင် ( ၁၉၄၇-၁၉၇၄ ) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရလည်းကောင်း ၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်တည်မှု့ ဥပဒေ နှင့်  ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေများအရ ရိုဟင်ဂျာလူမျိုးများသည် ၁၈၂၃ ခုနှစ်မတိုင်မီကပင် မြန်မာနိုင်ငံအတွင်းပင်မနိုင်ငံအဖြစ် အခြေချနေထိုင်ခဲ့သော လူမျိုးစု များဖြစ်ခဲ့သည်ကို အတည်ပြု ပြောဆိုနိုင်ပါသည်…။ နိုင်ငံသား ၊ တိုင်းရင်းသားလူမျိုးစု ဖြစ်ခြင်းသည် ကိုးကွယ်မှု့  ၊ ယုံကြည်မှု့  ၊ ဘာသာစကား ၊ အရုပ်သဏ္ဍန် ၊ အမျိုးအနွယ်တို့နှင့် မသက်ဆိုင်ပဲ ရှေးအစဉ်အဆက် အခြေချနေထိုင်ခဲ့သော နိုင်ငံတခုအတွင်းရှိဒေသ နှင့်  သာသက်ဆိုင် သည်ဟု သမိုင်းစာအုပ်အချို့တွင်ဖော်ပြထားပါသည် ။
ကိုလိုနီနယ်ချဲ့ ခေတ်တွင် ရိုဟင်ဂျာ များအား အစိုးရပြန်တမ်းများတွင် မွတ်စလင် ၊ မဟာမေဒင် အစရှိသည်ဖြင့်ဖော်ပြခဲ့သည် ။ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးခရီးစဉ်အဖြစ် ၁၉၄၆ ခုနှစ် မတ်လ တွင် စစ်တွေမြို့သို့ရောက်ရှိခဲ့ရာ ရိုဟင်ဂျာ ခေါင်းဆောင်များနှင့် တွေ့ ဆုံ ခဲ့ပြီး တိုင်းရင်းသားလူမျိုးများအခွင့်အရေးများအပြည့်အ၀ပေးမည်ဟုကတိက၀တ်ပြုခဲ့သည်များရှိခဲ့သည်။
မြန်မာ့တော်လှန်ရေးသမိုင်းများတွင်လည်း တော်လှန်ရေးကာတလျှောက် လက်တွဲပါဝင်ခဲ့သူ ရိုဟင်ဂျာ လူမျိုးတော်လှန်ရေးသမားတဦးဖြစ်သည့် ရွှေဓါး ကာဇီ (ခ) မင်းပြား သည် ချင်းပျံ နှင့် အတူ လက်တွဲ ကာတော်လှန်ခဲ့သည် ။ စစ်တွေမြို့တွင်လည်း ရိုဟင်ဂျာ အမျိုးသားဆရာကြီး ဦးဇိုင်နဒိန် က ဦးဆောင်ပြီး အမျိုးသားကျောင်းတကျောင်းဖွင့်လှစ်ကာ နယ်ချဲ့တော်လှန်ရေးအတွက် အမျိုးသားရေးစိတ် နိုးဆွပေးခဲ့သော အမျိုးသားကျောင်း တကျောင်း တည်ထောင်ခဲ့သည် ။
သို့သော်လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းတွင် ရိုဟင်ဂျာ များအား နိုင်ငံရေး ၊ လူမှု့ရေး ၊ စီးပွားရေး တို့ တွင် နိုင်ငံတော်မှ လစ်လျှုရှု့ ခံထားံရမှု့ကြောင့် ( မူဂျာရစ် ) သူပုန်များအမည်ခံကာ ( ဗ-က-ပ ) ( ကရင် ) တို့ နှင့် မရှေးမနှောင်းမှာပင်သူပုန်ထကြွခဲ့ပါသည်။နောက်ပိုင်းတွင် နိုင်ငံခေါင်းဆောင်များက ရိုဟင်ဂျာ များအား အခြားတိုင်းရင်းသားများနည်းတူ တန်းတူအခွင့် အရေးများပေး မည်ဆိုသော ကတိက၀တ်ကြောင့် ( ၁၉၆၁ ) တွင်တယောက်မကျန်လက်နက်ချကာ ပြည်ထောင်စုအပေါ် သစ္စာရှိခဲ့ကြသည် ။
ထိုအပြင် ဒိုင်အာခီခေတ်မှမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်အထိ ခေတ်အဆက်ဆက်တွင် ပါလီမန် နှင့်ပြည်သူ့လွှတ်တော်များတွင်ကိုယ်စားပြုခွင့်  ရခဲ့သည် ။ ပ-ထ-စ ခေတ် တွင် ဘူးသီးတောင် မဲဆန္ဒနယ်မှာ တင်မြှောက်လိုက်သော ကိုယ်စားလှယ်တဦးသည် ၀န်ကြီးရာထုး အထိရခဲ့ဘူးသည် ။ ရိုဟင်ဂျာ အမျိုးသားများထဲမှ လည်း ပါလီမန်အတွင်းဝန်များအထိရှိခဲ့ ဘူးသည်ဟု မှတ်တမ်းများ အရ သိရှိခဲ့ရပါသည်။
ထိုအပြင် ပြည်ထောင်စုနေ့  အခန်း အနားများတွင် ရိုဟင်ဂျာရိုးရာပွဲများ ခင်းကျင်ပြသခွင့် ရခဲ့ပြီး
( ၁၉၆၀ )ပြည့်နှစ်ပြည်ထောင်စုနေ့ အခန်းအနားကို အောင်ဆန်းအားကစားပြိုင်ဝင်း အတွင်းပြုလုပ်ခဲ့ရာ ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှု့ ပြပွဲပြိုင်ပွဲတခုဖြစ်သော ကျင်ပွဲ ကို ကျင်းပပြုလုပ်ခွင့် ရခဲ့ပါသည် ။ ၎င်း ကျင်ပွဲတွင်ပါဝင်ခဲ့သော ကျင်သန်များမှာ-
( ၁) ကျင်သန် ဦးဟာကိမ်အလီ
မှတ်ပုံတင်အမှတ် - AK - ၀၄၂၉၅၇
ဇင်ပိုင်ညှာရွာ ၊ မောင်းတောမြို့  ။
( ၂ ) ကျင်သန် ဦးမာမတ် ဟူဆင်
လောင်းဒုံ ၊ အလယ်သံကျော် ကျေးရွာ ၊မောင်းတောမြို့ တို့ဖြစ်ကြပါသည် ။

ထို့နောက် မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်မှ ရိုဟင်ဂျာ ဘာသာ စကားကို နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ( ၅ ) နှစ်တိုင်တိုင် အသံလွှင့်ခွင့်ပြုခဲ့သည် ။
မြန်မာအသံမှ ရိုဟင်ဂျာ ဘာသာစကားထုတ်လွှင့်မှု့  ကို ( ၁၉၆၁ ) ခုနှစ် မေလ ( ၁၅ ) ရက်နေ့  ညနေ ( ၅း ၃၀ ) မှစတင်ကာ လှိုင်းတိုမီတာ ၆၂ .၆၇ နှင့် ၂၆ . ၁၇ တို့ မှ ရိုဟင်ဂျာဘာသာဖြင့် တိုင်းရင်းသားအသံလွှင့်အစီစဉ်များတွင် တပါတ်လျှင် သုံးကြိမ် ထုတ်လွှင့် ခဲ့ပါသည် ။


၁၉၅၉-၆၀ နှင့် ၁၉၆၀-၆၁ ပညာသင်နှစ်များတွင် ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူများအသင်းကို တက္ကသိုလ်အာဏာပိုင်များက ဖွဲ့ စည်းခွင့် ပြုခဲ့ပြန် သည် ကိုပုံပါအတိုင်းတွေ မြင်နိုင်ပါသည် ။


ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာနမှ (၁၉၇၈) -ခုနှစ်ထုတ်မြန်မာနိုင်ငံ ပထ၀ီဝင် အထက်တန်းကျောင်းသုံးပြဌာန်းစာအုပ် ၊ စာမျက်နှာ ( ၈၆ ) ရှိ တိုင်းရင်းသားလူမျိုးများပြန့် နှံနေထိုင်ပုံပြ မြေပုံတွင် လည်း ရိုဟင်ဂျာ လူမျိုးတို့ ၏နေထိုင်ရာဒေသ ကိုလည်းထည့်သွင်းဖော်ပြခဲ့သည် ကိုမြင်တွေ့ နိုင်ပါသည် ။



အထက်ပါ သမိုင်းအချက်အလက်များ လေ့လာကြည့်ရှု့ခြင်းအားဖြင့်  လက်ရှိ စစ်အစိုးရ သည် ၎င်းတို့ အားထိပါးလာမည့်ပြသနာများအတွက်ဆိုပါမူ လူတဦးတယောက်ကို မဆိုထားနှင့်  လူမျိုးစု တစုလုံး ကို ပါ ဥပဒေမဲ့ မျက်ကွယ် ပြုမူတတ်သည် ကို မျက်ဝါးထင်ထင် တွေ့ မြင်နိုင်ပါပြီ ။ ပြည်သူတို့၏ အသက်အိုးအိမ်စည် ကို ကာကွယ်နိုင်စွမ်း လုံးဝမရှိသည့် အစိုးရဖြစ်ပါသည် ။ ထို့ ကြောင့်  မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးစုများ နှင့် ပြည်သူများသည် လက်ရှိပြုလုပ်နေသော စစ်အစိုးရ ၏ အာဏာတည်မြဲရေး အတွက် စည်းရုံးသွေးဆောင်နေမှု့ များကို လက်မခံပဲ လွတ်လပ်ပြီးတရားမျှတသော စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာစေရေးအတွက် စည်းစည်း လုံးလုံး သိုက်သိုက် ၀န်းဝန်း ဖြင့် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့  ဟူ၍တိုက်တွန်း နိုးဆော်လိုက်ရပါသည် ။
Wednesday, 4 February 2009
Special Message from B.D.C to U.S President
Special Message from B.D.C to British Prime Minister
ယုံချင်ယုံ မယုံချင်နေ
ပညာကျော် / ၄ ဖေဖော်ဝါရီ ၂၀၀၉
စာရေးသူသည် ဗေဒင်ဆရာတယောက်တော့မဟုတ်ပါ။ သို့သော် ဗေဒင်ပညာကို လေ့လာဖူးသူ တယောက်ဖြစ်ပါသည်။ စစ်အစိုးရသည် ဗေဒင်ကို အားကိုးကာ အာဏာတည်မြဲရေးကို ကြိုးစားနေသည်ဟု မြန်မာ့နိုင်ရေးအသိုင်းအဝန်းများက သတ်မှတ်ပြောဆိုနေကြသလို သူတို့၏ အသိုင်းအဝန်းထဲမှလည်း ပြောဆိုနေကြပါသည်။
တကယ်တော့ ဗုဒ္ဓဘာသာတွင် ကံကံ၏အကျိုးကိုသာ ယုံကြည်ရေးအဖြစ် ပြောဆိုလိုက်နာကြသော်လည်း ဗေဒင်အယူဝါဒသည်ကား ကြီးစိုးနေဆဲသာဖြစ်ပါသည်။ ဗုဒ္ဓအလောင်းအလျာကို မွေးဖွားပြီးချိန်တွင် ဗေဒင်ပညာရှင်ကောဏ္ဍညပုဏ္ဏားက ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု လက်ညှိုးထောင် ဟောခဲ့သည့် စကားကများ ဗုဒ္ဓဘာသာဝင်များကို ဗေဒင်ကြီးစိုးစေသလားဆိုသည်ကို စာရေးသူ စဉ်းစားမိပါသည်။
ပုဂံခေတ်တွင် အနော်ရထာမင်းကြီးက ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်စေခဲ့ပြီးချိန်မှစတင်ကာ မြန်မာတို့ကို ဗေဒင်ကြီးစိုးလာခဲ့သည်ဟု စာရေးသူ ယူဆမိပါသည်။ အဘယ်ကြောင့်ဆိုသော် အနော်ရထာမင်းကြီး၏ရှေ့တွင် မင်းခန်းသဘင်ကျင်းပရာတို့ ၌ ဗေဒင်အယူဝါဒဆိုင်ရာများကို မတွေ့ရပါ။ သို့သော် မွန်သထုံဘုရင်တို့နှင့် ရခိုင်ဘုရင်တို့၏ ဘိသိက်မင်္ဂလာကျင်းပရာတို့တွင်တော့ ဗေဒင်အယူများ အသုံးပြုခဲ့ပုံများကို တွေ့ရပါသည်။ ထို့အတူ ယိုးဒယားမင်းများနှင့် အိန္ဒိယဘုရင်များသည်လည်း ဗေဒင်ကိုအသုံးပြုခဲ့ကြပါသည်။ မြန်မာတို့၏ မင်းတိုင်ပင်ခံပညာရှိ အမတ်တို့မှာ အထူးသဖြင့် လောကဓာတ်ခေါ် ဗေဒင်ပညာကို တက်သိကြသူများသာ ဖြစ်ပါသည်။ စာရေးသူက သုသေတီတဦး မဟုတ်ပါသဖြင့် လွဲမှားပါလျှင် ခွင့်လွှတ်စေချင်ပါသည်။ စာရေးသူလေ့လာမိသမျှကို အကျဉ်းချုံးဖော်ပြခြင်းသာဖြစ်ပါသည်။
ရှေးမြန်မာတို့က ဗေဒင်ပညာကို ယုံကြည်မှုများခဲ့ကြသဖြင့် ရှေးဆရာတော်များပင်လျှင် ဗေဒင်မတတ်သူမရှိ ဖြစ်ခဲ့ရပါသေးသည်။ ဗေဒင်တတ်မှ လူရာဝင်ခဲ့သည်။ ဘုန်းကြီးကျောင်းများတွင် ဗေဒင်သင်ကြသည်။ ယနေ့ လက်ကိုင်ပြုနေကြသော ဗေဒင်ကျမ်းများကို ကြည့်ပါလျှင်လည်း ရှေးဆရာတော်ကြီးများ ရေးခဲ့သည်ကိုသာ တွေ့ရသည်။ မြန်မာဘုရင်တို့၏ အထူးအလေးပေးကြည်ညှိုခြင်းကို ခံရသည့် ကျီးသေးဆရာတော်ပင် ဗေဒင်ကျမ်းကို ပြုစုခဲ့သည်ကို တွေ့ ရသည်။ မုန်ရွေးဆရာတော်၊ သဲအင်းဆရာတော် စသူတို့နှင့် ဗေဒင်ကျမ်းကို ပြုစုသူအများစုမှာ လူပြန်ကြီးများသာဖြစ်ပါသည်။
မျက်မှောက်ခေတ်တွင် ဗေဒင်ယုံကြည်သူအများစုကို လေ့လာကြည့်လျှင် အစိုးရဝန်ထမ်းများနှင့် သူဌေးများဖြစ်ကြသည်ကို တွေ့ ရပါသည်။ အစိုးရဝန်ထမ်းများက ရာထူးတိုးရေးအတွက် ဗေဒင်ကို ကိုးကွယ်လာကြကာ သူဌေးများကလည်း စီးပွားရေးအောင်မြင်ရေးအတွက် ဗေဒင်ကိုအလေးပေးကြပါသည်။
တကယ်တော့ ဗေဒင်ပညာဆိုတာ မယုံလည်းခက် ယုံလည်းခက်တဲ့ ပညာရပ်တခုလို့ အများက သုံးသပ်ခဲ့ကြသော်လည်း ဗေဒင်နဲ့တော့ ကင်းခဲ့သူမရှိပါလေ။ ကုသိုလ် အကုသိုလ်ကို အရင်းတည်ပြီး ကံ၊ ကံ၏အကျိုးသာ အဓိကပါဟု လက်တွေ့ကျသော ဝိပဿနာကိုသာ ကျင့်တဲ့ဆရာတော်ကြီးများပင် မကင်းခဲ့ဘဲ ဖြစ်ခဲ့သည်ကိုလည်း တွေ့ကြရပါသည်။
တကယ်တော့ ဗေဒင်ပညာကို တဖက်ကမ်းခတ် တက်မြောက်ခဲ့သူ ကောဏ္ဍညပုဏ္ဏားက ဘုရားလောင်းကို ဧကန်စင်စစ် ဘုရားဖြစ်ပါမည်ဟု လက်ညှိုးတချောင်းကို ထောင်ပြီး တခွန်းတည်းသော စကားကို ပြောခဲ့သော်လည်း၊ ဘုရားလောင်း ဒုက္ကရစရိယအကျင့်ကို ကျင့်နေစဉ်မှာ ဒီတသက်ဘုရားဖြစ်မှာ မဟုတ်ဘူးဆိုပြီးတော့ အလောင်းတော် အနားမှ သူကိုယ်တိုင်ရှောင်ခွာခဲ့သလို၊ ဘုရားဖြစ်ပြီဟု မြတ်ဘုရားကပြောခဲ့စဉ်မှာလည်း သူမယုံကြည် ဖြစ်ခဲ့ရပါသည်။
ထို့ကြောင့် ဗေဒင်ပညာသည် တတ်သူကို ယုံကြည်မှု နည်းဘိသကဲ့သို့ မသိသူကသာ ယုံကြည်သော ပညာရပ်တခုဟုလိုလည်း ဆိုရပေမည်။ များသောအားဖြင့် မျက်မှောက်ခေတ်တွင် ဗေဒင်ပညာကို ဆည်းကပ်သူများမှာ တကယ့်တွေးခေါ်မှု နည်းပါးသူများသာဖြစ်သည်ဟု ဆိုရပါမည်။
ကျနော် တခါက တွေ့ခဲ့ပုံတခုကို ပြောပြပါမည်။ လူတယောက်က တခြားတယောက်၏ကားကို အငှားမောင်းပြီး သူ့နာမည်ဖြင့် လိုင်စင်လုပ်ကာ သူပိုင်ဆိုင်ကြောင်းပြောပြီး ပိုင်ရှင်ကို ပိုင်ရှင်ကြေးမပေးဘဲ တရားရင်ဆိုင်ပါသည်။ ရုံးတော်တွင် တရားနိုင်ရေးအတွက် ဗေဒင်ဆရာကြီးတဦးကိုငှားပြီး ယတြာဓာတ်ဆင်များ လုပ်ပါလေတော့သည်။ ပိုင်ရှင်စစ်က သူဤသို့လုပ်တာကို သိပြီး ကျနော့်ကို လာပြောပါသည်။ သူရဲ့ကား ဆုံးရှုံးမှာကိုလည်း သူက ကြောက်နေသည်။
ကျနော်က သူ့ကိုပြောပါသည်။ သူများပစ္စည်းကို ယတြာနဲ့ ကိုယ်ပိုင်ဖြစ်အောင်သာ လုပ်လို့ရနိုင်ကောင်းတယ် ဆိုရင် လုပ်ပါစေဗျာ၊ ခင်ဗျားမကြောက်ပါနဲ့။ ခင်ဗျားပိုင်မှန်း လူတိုင်း သိပါတယ်ဟု ပြောပြီး ရုံးတော်မှာ တကယ်စစ်တော့ အတုမှာရှုံးပြီး အစစ်က နိုင်ခဲ့ပါသည်။
ဆယ်တန်းအောင်မြင်ရေးအတွက် ယတြာချေပြီး အောင်ခဲ့တဲ့သူမရှိခဲ့ပါဘူး။ စာရပြီး ကြိုးစားနေတဲ့ ကျောင်းသားကို ပန်းတင်မီးထွန်းခိုင်းပြီး သူတို့ကြောင့်ပဲ ဂုဏ်ထူးထွက်သလိုလို လုပ်ပြီး နာမည်ကောင်းယူတက်တာ ဗေဒင်သမားတွေပါ။ တကယ်တော့ ကောက်ညှင်းပေါင်းမှာ နှမ်းဖြူးပြီး၊ နွားနို့ မှာ ဆားထည့်တဲ့ သဘောတွေပါပဲ။
ဗိုလ်ချုပ်ခင်ညွန့်ဟာ သူ့ရဲ့ သြဇာတည်မြဲရေးအတွက် ကျောက်တော်ကြီးဘုရားကို တည်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ စော်ဘွားကြီးကုန်းက မင်းဓမ္မကုန်းတော်မှာပါ။ ထိုဘုရားကို ဘာကြောင့် တည်ရသလဲဆိုတာ အရင်းခံကို ဆရာတော်ကြီးတပါး၏ သုံးသပ်မှုကို အရင်းခံပြီး ကျနော်လေ့လာခဲ့ပါတယ်။ ဒီဘုရားကိုတည်တာဟာ ဗိုလ်ခင်ညွန့်ရဲ့ ကိုးကွယ်တဲ့ဆရာတော်နဲ့ ဗေဒင်ကြောင့်ပါပဲ။ သူ့ရဲ့ဆရာတော်ပြောစကားအရ ခင်ညွန့်ဟာ တချိန်က ရခိုင်ဘုရင် ဘစောဖြူမင်း ဖြစ်ခဲ့ပါတယ်တဲ့။ ဘစောဖြူမင်းဟာ ရခိုင်သမိုင်းမှာ တန်ခိုးထွားခဲ့တဲ့ မင်းပါပဲ။ ဆင်ဖြူတောင် ပိုင်ခဲ့ပါသေးတယ်။
ခင်ညွန့်ဟာလည်း တန်ခိုးကထွားလာတယ်။ အသက်ကလည်း လေးဆယ်ကျော်ပြီး ငါးဆယ်ပြည့်တော့မှာ ဆိုတော့ ဗေဒင်သဘောအရ တနင်္လာသားခင်ညွန့်ဟာ စနေဂြိုဟ်ကထွက်ခါနီးပြီး ကြာသပတေးသို့ ဝင်တော့မှာ ဆိုတော့ ရာဇဂုဏ်အပျက်ကို ရောက်လာတယ်။ ဒီတော့ သူ့ဆရာက သူ့ကို သောကကင်းဖို့ ရန်ကုန်မြို့ရဲ့ သောကြာအရပ်ဖြစ်တဲ့ မြောက်ဘက်စော်ဘွားကြီးကုန်းကို၊ သမိုင်းကိုပြောင်းပြန်လုပ်ကာ မင်းဓမ္မကုန်းအဖြစ် ပြောင်းကာ ဘုရားတည်ပါလေတော့သည်။
ဗေဒင်အလို စနေကိုနိုင်ဖို့ စနေကို ထိုင်ရန်အတွက် (မင်းဓမ္မကုန်း) တဲ့။ ဒီမှာဗေဒင်အရ (မင်း+ကုန်း) (၅+၂) ဆိုတော့ (၇) ခုနှစ်ဆိုတာ စနေပါပဲ။ ရာဇဂုဏ်ထွားရေးကို အဓိကထားပြီး ရုပ်ပွားတော် ထုလုပ်ရန်အတွက် ကျောက်ကို တနင်္ဂနွေအရပ်စစ်ကိုင်းမှာ ကျောက်တလုံးဖြူကို ရှာခဲ့ပါသည်။ ကျောက်တလုံးဖြူ (ကျောက်+ဖြူ) (၂+၅) ဆိုတော့လည်း ခုနှစ်ဖြစ်နေတာက သူ့ ကို သောကပေးမယ့် စနေကို လူအများကိုးကွယ်ပြီး သြဇာ လွှမ်းမိုးစေခြင်း သဘောပါပဲ။ တနင်္ဂနွေ အရပ်စစ်ကိုင်းမှာ ကျောက်ကိုယူတာက တနင်္လာရဲ့ ရန်သူ သောကြာနံကို မိတ်လုပ်တာပါ။ (တနင်္ဂနွေ+စစ်+ကိုင်း) (၁+၃+၂) ဆိုတော့ သောကြာလေ။ ဘုရားကိုလည်း တနင်္လာအရပ် အရှေ့ဘက်ကို မျက်နှာမူစေပြီး မျက်လုံးကို ပိတ်ထားလိုက်ပါသည်။
တနင်္လာအရပ်အရှေ့ကို မျက်နှာမူစေသည်မှာ သူမှတပါး အခြားမရှိဆိုသောအယူကို အခြေခံပြီး မျက်စိမှိတ်ထားသည်မှာ သူ့ ရဲ့လုပ်ရပ်များအပေါ် ဘယ်သူမှ မသိမမြင်စေရေးဝါဒကို ယူပြီး မြန်မာတမျိုးလုံးကို ကျွန်ပြုခြင်းသာ ဖြစ်ပါသည်။ ပြီးလျှင် သူ့ဆရာမြောက်ပေးတဲ့ ဘိသိက်ကို သူကျင်းပနိုင်ဖို့ ဆင်ဖြူလိုလာသဖြင့် လိုက်ရှာတဲ့အခါ အိန္ဒိယတွင် သစ်ဆွဲနေသည့် ရှမ်းပြည်က ကျွဲလောက်မှမဖြူသော ဆင်ကို ပိုင်ရှင်ဆီက မဝယ်ဘဲ ခိုးယူလာပါတော့သည်။
အိန္ဒိယမှဆင်ကို ရခိုင်ပြည် ရသေ့တောင်မြို့ကိုအရောက် မောင်းပြီး ဆင်ဖြူတော်ပေါ်လာကြောင်း ကြေညာပါလေတော့သည်။ မသိရင်တော့ သိကြားဖန်ဆင်းသလိုပေါ့။ သူလိုတာက ဆင်ဖြူကို မင်းဓမ္မကုန်းမှာ ဘုရားနဲ့ အတူထားပြီး ဘိသိက်ခံရေးသာဖြစ်သည်။ ရာဟုအရပ်မှ ဆင်ဝင်သဖြင့် တပူပေါ်တပူဆင့်ကာရာထူးပြုတ် ဒုက္ခရောက်မည်ကို မတွက်နိုင်ခဲ့ခြင်းသာဖြစ်သည်။ ရာဟုဂြိုဟ်၏ သင်္ကေတမှာ ဟိုင်းဆင်ဖြစ်သဖြင့် ဆင်ဆိုသည်မှာ ဗုဒ္ဓဟူးကို ညွှန်းသလို ရာဟုလည်းဖြစ်ပါသည်။ ရခိုင်သည် ရန်ကုန်မှကြည့်လျှင် ရာဟုအရပ်ဖြစ်သဖြင့် ဆင်ကိုသယ်လိုက်ခြင်းမှာ ရာဟုနှစ်ခါထပ်ဖြစ်သွားပြီး တပူပေါ်နှစ်ပူဆင့်ကာလုပ်သမျှပျက် ကြံသမျှပျောက် ဖြစ်ရပါသည်။ နောက်ဆုံးတွင် ခင်ညွန့်မှာလည်း ဘိသိက်မသွင်းနိုင်ဘဲ ဖိသိပ်ခံရကာ ဗေဒင်အကျိုးတန်ခိုးက တစစီဖြစ်ကာ အကျဉ်းစံခဲ့ရသည်။
ခုလည်း သန်းရွှေနှင့်မောင်အေးလုပ်လာသည်မှာ နေပြည်တော်တွင် ဥပ္ပါတသန္တိစေတီကို တည်ပါတော့သည်။ စေတီကို မပြောခင် လောလောလတ်လတ် သန်းရွှေနဲ့မောင်အေးတို့၏ နှစ်မြွှာတစ်ရွက်မြို့ တည်တာလေးကို ပြောချင်ပါတယ်။ “ရွှေပြည်အေး” မြို့ကို တည်တာလေ။ သန်းရွှေရဲ့ ရွှေနဲ့ မောင်းအေးရဲ့ အေးကို ပေါင်းပြီးတည်တာပါ။ ဟုမ္မလင်းမြို့မှာတည်တာဆိုတော့ ဗေဒင်ကပြောတဲ့ စကားပါပဲလေ။ ၂၀၀၈ က ရွေးကောက်ပွဲကို ပြန်ကြည့်လျှင် သိနိုင်ပါတယ်။ သန်းရွှေကို ဂဏန်းဖွဲ့ လျှင် (သန်း+ရွှေ) ၆+၄ = ၁၀ ဖြစ်သလို၊ ၂၀၀၈ ကလည်း (၁၀)။ မေလ(၁၀) ရက်မှာ သန်းရွှေက (၁၀) သုံးလုံးနဲ့ ဝှိက်သွားတာပါပဲ။
တကယ်တော့ ရှေးလူကြီးများပြောခဲ့တဲ့ “အောင်မြင်လိုက ဆယ်ရှောင်ကြ” ဆိုတာကို သန်းရွှေက ကတ်ကိန်းရိုက်ပြီး (၁၀) ကို ထပ်ပေါင်းပြီး တစ်ယူသွားတာပါပဲ။ သန်းရွှေရဲ့ ဆရာများ တော်ပါတယ်။ ခုလည်း သူ့ဆရာများက ၂၀၀၈ ကအောင်ပွဲကို သဘောကျပြီး ဟုမ္မလင်း (ဟုမ်း+လင်း) ၆+၄ = ၁၀ မှာ ရွှေပြည်အေးကို တည်တာပါ။ ရွှေပြည်အေးမှာ သန်းရွှေကို ဦးစားပေးပြီး ရှေ့ကထားသလို (ရွှေပြည်အေး) ကို ပေါင်းပါလျှင် (၄+၅+၁) ဆိုတော့လည်း (၁၀) ပါပဲလေ။
သန်းရွှေဟာသူ့ အတွက် စနေဂြိုဟ်အထွက်ကို နေပြည်တော်ကိုပြောင်းပြီး ရန်ကုန်မှတည်သောကြာအရပ် မြောက်ဘက်ကို ဦးတည်ရွှေ့လိုက်တာပါပဲ။ ဒါတောင်မှ စနေက ဒုက္ခပေးလို့ ဆေးရုံတက် လိုက်ရသေးတာကို။ နေပြည်တော်ကို ပေါင်းကြည့်လျှင်လည်း (နေ+ပြည်+တော်) ဆိုတော့ (၇+၅+၇)=၁၉ ဖြစ်သည့်အတွက် (၁၉) ကို ထပ်ပေါင်းသော် (၁+၉)=၁၀ ဆိုတာကို တွေ့ ရသည့်အတွက် သန်းရွှေဟာဓာတ်တူနံတူ ဆေးဖက်ယူဆိုသည့် မြန်မာ့နည်းကို သုံးပြီး စီမံနေတာပါပဲ။
ဒါပေမယ့် သန်းရွှေရဲ့ ဆရာများ ဘယ်လောက်ပဲ စီမံမှု ကောင်းကောင်း သူတို့မသိနိုင်တဲ့ လျှို့ဝှက်သောဗေဒင်ပညာရပ်ရဲ့ အတိတ်နိမိတ်ဆိုတာက သန်းရွှေနဲ့ သူ့ဆရာများကို ပညာပေးနေပါတော့သည်။ ၂၀၀၈ မှာ သန်းရွှေက (၁၀) ကို သုံးပြီး အောင်ပွဲခံမယ်လုပ်တော့ “နာဂစ်” (နာ+ဂစ်) (၇+၂) = ၉ က ဝင်မွှေတော့ သန်းရွှေတို့ ထင်သလောက် မဖြစ်ခဲ့သလို အရှက်တောင် ရခဲ့ရပါသေးတယ်။ ဒါပေမယ့် နာဂစ်ကို သူတို့ သတိထားပုံမပေါ်ပါဘူး။
ရွှေပြည်အေးမြို့သစ်ကိုတည်ပြီး နေပြည်တော်မှာ ဥပ္ပါတသန္တိစေတီတော်ကို လာမည့်တပေါင်းလပြည့်နေ့မှာ ထီးတင်တော့မယ်ဆိုပါလား။ ဘုရားတည်တာ ကုသိုလ်ပါ ထီးတင်တော့ ကောင်းမှုဖြစ်တယ်ဆိုပေမယ့် သန်းရွှေအတွက်တော့ ၂၀၀၉ မှာ အသက်သုဉ်းလို့ သေဆုံးကိန်းကို ဆိုက်နေပါပြီပေါ့။ ၂၀၀၉ ခုနှစ်ရဲ့ (၁၀) လပိုင်းကိုသာ ကျော်လွန်ပြီး အသက်ရှည်ရင် သန်းရွှေကို ဘုရားလုပ်ပြီးတောင် ကိုးကွယ်ပါ့မယ်ဟု ပြောချင်ပါသေးတယ်။
တိုက်ဆိုင်မှုလို့ပဲဆိုကြအုံးမလား?
- ဒီရက်ပိုင်းတွေမှာ ရိုဟင်ဂျာလှေစီးပြဿနာဖြစ်တဲ့ အချိန်၊
- ကမ္ဘာ့သတင်းမီဒီယာများမှာ ထိပ်တန်းသတင်း အဖြစ်လူတွေစိတ်ဝင်စားလာတဲ့ အချိန်၊
- အစ္စလာမ်ဘာသာ၊ ကျမ်းဂန် နှင့် ၎င်းတို့၏တမန်တော်များ အားစော်ကားထားသော အီးမေးများ online တွင်ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာတဲ့ အချိန်၊
- ရိုဟင်ဂျာပြဿနာကို အခြေခံပြီး အစိုးရ ဘလောက်ဟု ယူစရသော ဘလောက်များတွင် ရိုဟင်ဂျာဆန့်ကျင်ရေးမှစပြီး အစ္စလာမ်ဆန့်ကျင်ရေး အထိရေးသားလာခြင်း၊
- အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား အထင်အမြင်လွှဲမှားစေသော ဆောင်းပါးများ ဆက်တိုက်ဖော်ပြလာခြင်း၊
ဤသည်တို့ သည်အားလုံးတိုက်ဆိုင်စွာ ဖြစ်ပေါ်လာတာလား?
သို့တည်းမဟုတ် ရည်ရွယ်ချက်ရှိရှိ ချိန်ကိုက်ပြီးလုပ်ဆောင်နေတာလား?
ရွှေဝါရောင်တော်လှန်ရေးတွင် တိုင်းရင်းသားမြန်မာမွတ်စလင်မ်များ လည်း အခြားသော ဘာသာဝင်များနှင့်လက်တွဲပြီး ဆရာတော်ကြီးများနှင့် လက်တွဲပါဝင်ခဲ့မှုအား စိုးရိမ်လျက်ရှိသော နအဖအစိုးရအနေဖြင့် တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များနှင့် သွေးခွဲမှုများပြုလုပ်ရန် plan များနှင့် အစဉ်ကြိုးပမ်း နေချိန်တို့တွင် နောက်ဆုံး သတင်းရရှိချက်အရ နအဖ အစိုးရအနေဖြင့် ပြည်တွင်း၌ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတခု ဖန်တီးရန်ရှိကြောင်း ကြားသိရပါသည်။
အစ္စလာမ်ဘာသာ၊ ကျမ်းဂန် နှင့် ၎င်းတို့၏တမန်တော်များ ကိုစော်ကားထားသော အီးမေးများ၊ ထိုစော်ကားသူ၏ နောက်ထပ်အီးမေးတစောင် တို့အပြင် အစ္စလာမ်ဆန့် ကျင်ရေးဖော်ပြလာသော စစ်အစိုး ရ လိုလားသည့် ဘလောက်ဆောင်းပါးများကိုအောက်ပါ link များတွင် ကြည့်နိုင်ပါသည်
padaukmyay.blog
kyeesaytaman.blog
kyeesaytaman.blog
kyeesaytaman.blog
ywetwar.blog (သူကတော့ ဘာသာရေးဆွေးနွေးတဲ့ forum တွေမှာ အစ္စလာမ်အကြောင်းဝေဖန်ရေးသားပြီး အစ္စလာမ် blog အတော်များများမှာ သူ့  blog address ပေးထားခဲ့ပါတယ်။ သူသည် ရုရှနိုင်ငံတွင်ပညာသင်ယူနေသော မြန်မာ့စစ်တပ်မှ ကျောင်းသားတစ်ယောက် ဖြစ်ပါသည်။ )
(မြန်မာပြည်တွင် ဗုဒ္ဓဘာသာ ခရစ်ယာန် မွတ်စလင်တို့ဆိုသည်မှာ အနည်းနဲ့အများ ပတ်ပြီး အမျိုး တော်နေကြတာတွေရှိပါတယ်။ မွတ်စလင်တွေဟာ ရှေးမြန်မာဘုရင်တွေလက်ထက် ကတည်းက မြန်မာပြည်မှာ နေထိုင်လာခဲ့သည်၊ ဘုရင်တွေဆီမှာ အမှုတော်ထမ်းခဲ့တာတွေ သမိုင်းမှာရှိပါတယ်၊ ဦးကုလား မဟာရာဇ၀င်တို့၊ မှန်နန်းရာဇ၀င်တို့မှာပါတယ်၊ နယ်ချဲ့အင်္ဂလိပ်ဝင်တုံးကလည်း ဘုရင့်တပ်ကမွတ်စလင်တွေ ခုခံကာကွယ်ခဲ့ ကြတယ်လို့ဖတ်ဖူးပါတယ်။ လွတ်လပ်ရေးတိုက်ပွဲမှာလည်း မွတ်စလင်တွေပါကြတယ်။ မြန်မာလူမျိုးအချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း နေဖို့ စည်း ရုံးရမဲ့အစား သတ်ဖြတ်ဖို့မီးမွေးတာ မကောင်းပါကြောင်း.....)
၎င်းစစ်အစိုးရ၏ အာဏာတည်တန့်ရေး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုး မျက်နှာပျက်ခဲ့သည်များကို ပြည်သူများမေ့ပြောက်သွားစေရန် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများဖြစ်စေရန် တစ်မြေထည်းမွေး မြန်မာပြည်သူအချင်းချင်းကိုသွေးခွဲရန် ရည်ရွယ်ထားပါသည်။ မြန်မာတိုင်းရင်းသားတိုင်း၊ ဘာသာတိုင်းသတိနှင့်နေကြပါရန်...။
မြန်မာညီအကိုမောင်နှမများ ကိုယ့်သွေး၊ ကိုယ့်အသက်၊ ကိုယ့်မိသားစုနှင့် အိုးအိမ်များမဆုံးရှုံးကြအောင် စစ်အစိုးရ၏ ပရိယာယ်မှမငြိတွယ်စေရနှ်ဝေးဝေးရှောင်ကြပါ။
Tuesday, 3 February 2009
တော်လှန်ရေး အကြောင်း

တော်လှန်ရေး ဖြစ်လာအောင် လူတွေက ရည်ရွယ်ချက်နဲ့ လုပ်ပုံလုပ်နည်းကို ပေါင်းစပ်ယူလိုက်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြုပြင်ပြောင်းလဲမှုတခုခုကို ရယူချင်လို့ ဖြစ်ပြီး လုပ်ပုံလုပ်နည်းမှာတော့ အဆင့်ဆင့် အကြိမ်ကြိမ် လုပ်ယူရတာမျိုး ဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ခိုက်ပြီး ပြောင်းလဲယူမှ တော်လှန်ရေးလို့ ခေါ်တာ မဟုတ်ပါဘူး။ စီးပွားရေးမှာလည်း တော်လှန်ရေး ဆိုတာ ရှိပါတယ်။ သေနတ်တချက်မှ ပစ်ဖောက်တာ မရှိပါဘူး။ မိသားစုထဲမှာ တော်လှန်တာ ကအစ နိုင်ငံတခုအတွင်းမှာ တော်လှန်တာထိ တော်လှန်ရေးပေါင်းစုံ ရှိပါတယ်။ ဒီ့ထက်တောင်ရှိတာက ကမ္ဘာ့နိုင်ငံရေး စနစ်ကြီးတွေမှာ ဖြစ်ပါတယ်။
ကွန်မြူနစ်စနစ်ကို ကမ္ဘာပေါ်မှာ ပြန့်နှံ့သွားအောင် တချိန်ကကြိုးပမ်းတာတွေဟာ တော်လှန်ရေးတရပ်ပါ။ ကမ္ဘာ့အင်အားကြီး ဆိုဗီယက်က ဦးဆောင်ပြီး လုပ်တာတောင် မအောင်မြင်နိုင်ခဲ့တဲ့ သက်သေတွေ အများကြီး ရှိနေပါတယ်။
ကနေ့ခေတ်မှာလည်း ဒီမိုကရေစီစနစ်ကို ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးလာရအောင် ဝိုင်းဝန်းကြိုးပမ်း နေကြပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲဖို့ လုပ်ကြတာဟာလည်း တော်လှန်ရေး တရပ်ပါပဲ။ ခုအချိန်မှာတော့ အဆုံးသပ်အောင်ပွဲကို မရသေးပါဘူး။ ကမ္ဘာ့နိုင်ငံများအားလုံးက စစ်မှန်တဲ့ ဒီမိုကရေစီကို အပြည့်အဝ ခံစားရတဲ့နေ့ဟာ ဒီမိုကရေစီတော်လှန်ရေး ပြီးဆုံးတဲ့နေ့ ပါပဲ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမှတ်မရတော့တဲ့ မှတ်တမ်းတခုမှာ ကမ္ဘာ့နိုင်ငံအားလုံးအနက် (၃)နိုင်ငံက လွဲပြီး မိမိတို့နိုင်ငံဟာ “ဒီမိုကရေစီပါ။ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့အညီ ဖြစ်ပါတယ်” လို့ ကြေညာထား ကြတာကို အင်္ဂလိပ်လို ဖတ်မိပါတယ်။ ဗဟုသုတအနေနဲ့ပြောရရင် အဲဒီ (၃)နိုင်ငံကတော့ ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ကျနော်တို့ရဲ့ရွှေမြန်မာ နိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။
ဒီအတိုင်းဆိုရင် ကမ္ဘာပေါ်မှာ ဒီမိုကရေစီ တော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ရွှေမြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ တော်လှန်ရေး မပြီးဆုံးသေးပါဘူး။
ကိစ္စတခုဟာ အများအကျိုးအတွက် တကယ်တမ်း ထိုက်တန်တဲ့ တန်ဖိုးတခုကို ပေးဆောင်နိုင်တယ်ဆိုရင် ဘယ်ကိစ္စမဆို မပြီးသေးရင် ပြီးအောင် လုပ်ရမှာက တာဝန်တရပ်ပါပဲ။
- ဘယ်သူတွေ တာဝန်ယူမလဲ။
- တာဝန်ယူသူတွေ များလာအောင် ဘယ်လိုလုပ်ကြမလဲ။
- ဘာတာဝန်တွေ ယူကြမှာလဲ။
- တာဝန်တွေကို ဘယ်လို ခွဲဝေထားကြမလဲ။
- ဒီတာဝန်တွေလုပ်ဖို့ အရည်အချင်းတွေ ဘယ်လို မြှင့်တင်ပေးမလဲ။
- အရည်အချင်းရှိသူတွေ ရလာပြီဆိုရင် ဘယ်နေရာတွေမှာ တာဝန်ထမ်းဆောင်စေမလဲ။
ဒီမှာတင်ပဲ မေးခွန်းတွေက များလာပြီ။ လေးလေးနက်နက်တွေးလေ၊ ပိုပြီး နက်ရှိုင်းလေ၊ လုပ်စရာတွေ များလေ ဖြစ်နေပါပြီ။
ကြီးကြီးကျယ်ကျယ် ဆိုပေမယ့် စနစ်ကျအောင် လုပ်နိုင်ရင် ကောင်းတာမို့ “မဟာဗျူဟာ” ဆိုတာ ရှိရပါ တော့မယ်။ ဒါဆိုရင် မဟာဗျူဟာ ရေးမယ့်သူတွေ၊ အကောင်အထည်ဖော်မယ့်သူတွေ လိုအပ်လာပါပြီ။ တဆက်တည်းမှာပဲ “နည်းဗျူဟာ”တွေ ပါလာတော့မယ်။ လေ့ကျင့်ရတော့မယ်။ လေ့ကျင့်ဖို့ လိုအပ်ချက် တွေကလည်း အများကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို မှန်းရလွယ်သလောက်၊ ထားရလွယ်သလောက် လက်တွေ့မှာ လုပ်ရတဲ့ နည်းလမ်းနဲ့ အားထုတ်ပုံတွေက အများကြီး ပိုခက်ရုံမက ပိုပြီးကြန့်ကြာတတ်ပါတယ်။
အားမလို အားမရ ဖြစ်လွန်းလို့ အချိန်မတန်ပဲ ထလုပ်လိုက်ရင် ဟိုအရင် မြန်မာဘုရင်ခေတ်တွေက အစည်းပြေနေတဲ့ ဝါးတချောင်းချင်းနဲ့ အင်္ဂလိပ်နယ်ချဲ့ကို လိုက်ရိုက်နေသလို ဖြစ်နေမှာပါပဲ။
တော်လှန်ရေးမှာ ပေးဆပ်လိုက်ရတယ် ဆိုတာ အင်မတန် ဂုဏ်ယူစရာပါ။ အင်မတန်ကောင်းတဲ့ သမိုင်း အမွေအနှစ်လည်း ဖြစ်ပါတယ်။ ဒါကို မငြင်းနိုင်အောင် ရှိပေမယ့် တော်လှန်ရေးနဲ့ဆိုင်တဲ့ တန်ဖိုးတခုခု အမြတ်မထွက်ပဲ ပေးဆပ်လိုက်ရတာ တော်လှန်ရေးအတွက် နစ်နာဆုံးရှုံးမှုတခုလည်း ဖြစ်နေပြန်ပါတယ်။
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး ဆိုတာက ကမ္ဘာ့ဒီမိုကရေစီ တော်လှန်ရေးနဲ့ တဆက်တည်း တစပ်တည်း ဖြစ်လို့ ကမ္ဘာ့ရေစီးကြောင်းနဲ့အတူ လိုက်သွားဖို့လည်း ရှိပါတယ်။ စံနမူနာတောင် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။
တော်လှန်ရေးတရပ် ဖြစ်ပေါ်လာနိုင်ဖို့ မခံမရပ်နိုင်တဲ့ အကြောင်းရင်းတခု ရှိနေရပါမယ်။ ပြီးရင် အဆင့် (၄)ခုနဲ့ ဖြတ်သန်းရပါတယ်။ အဓိကအကျဆုံး အချက်ကတော့ လူထုက ပါဝင် ထောက်ခံ အားပေးတာ ရှိနေရပါတယ်။
လူထု ဆိုတာ အာဏာနဲ့ နောက်ထပ် အမိန့်ပေးတာ မခံရတော့တဲ့ ခေါင်းဆောင်နဲ့ သူ့အလိုကိုလိုက်ပြီး လုပ်ပေးနေကြတဲ့ လူတစုကလွဲ၍ ကျန်နေသူအားလုံးကို ခေါ်ပါတယ်။ ဒါကြောင့် အစိုးရဝန်ထမ်းတွေနဲ့တကွ တပ်မတော်သားတွေ၊ ရဲတွေလည်း လူထု ဖြစ်ပါတယ်။
အကြောင်းရင်းတွေမှာ အဓိကအချက်က မတရားတာကို သီးမခံနိုင်တာ ဖြစ်ချင်ဖြစ်မယ်။ အမျိုး-ဘာသာ- သာသနာကို ထိခိုက်စော်ကားတာကို လက်မခံနိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ အစိုးရကို မကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။
ဘယ်လိုပဲ အကြောင်းရင်းပဲဖြစ်ဖြစ် ပထမဦးဆုံးအဆင့်မှာ သဘောမကျ ဆန့်ကျင်သူတွေ တဦးချင်းကနေ၊ တဖြည်းဖြည်းနဲ့ လူစုလူဝေး ပုံစံမျိုးအထိ ထွက်ပေါ်လာကြပါတယ်။ သူတို့ဟာ တက်ကြွလှုပ်ရှားသူတွေပါပဲ။
လူစုလူဝေးက တညီတညာတည်း ကန့်ကွက်တောင်းဆိုတာတွေ ဖြစ်လာရင် ပုံမှန် လှုပ်ရှားနေတာတွေဟာ ထူးခြားတဲ့ အရှိန်တခုနဲ့ အလျင်အမြန် ပြောင်းလဲသွားရုံမက ငြိမ်နေတာတွေလည်း နိုးကြားလာပါတယ်။ လူထုထောက်ခံမှုကို တဖြည်းဖြည်း စရလာပါတယ်။ အစိုးရဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေလည်း ပါဝင်လာကြပါတယ်။
အဲဒီလိုဖြစ်တာတွေ များလာရင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ အားပေးထောက်ခံတဲ့ လူထုဟာ သူတို့ရဲ့ နေ့စဉ်ပုံမှန်ကိစ္စတွေကို အဖျက်ခံပြီး အရှိန်ကောင်းသထက်ကောင်းအောင် ကြိုးပမ်းလာ တာကြောင့် အစိုးရယန္တယားဟာ ထိန်းမနိုင် သိမ်းမရနဲ့ စပျက်လာပါတော့တယ်။
အစိုးရလို့ခေါ်တဲ့ လူတွေကလည်း ဒါကို မဖြစ်ဖြစ်အောင် ဖြိုခွဲနှိပ်ကွပ်တတ်ကြပါတယ်။
အဲဒီလို ဖြိုခွဲနှိပ်ကွပ်နေတာတောင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ လူထုဘက်မှာ အင်အား၊ စိတ်ဓါတ်၊ နည်းပညာအပြင် အခြားပံ့ပိုးမှုတွေ အလုံအလောက် ရှိနေသေးတယ် ဆိုရင် တော်လှန်ရေး တရပ်ကို ဘယ်လိုမှ မတားဆီးနိုင်တော့ပဲ လူထုကြားထဲကနေ မွေးဖွားပေးလိုက်နိုင်ပါတော့တယ်။
ဒါက လူထုနဲ့ လူထုမကြိုက်တဲ့ အစိုးရအကြား တော်လှန်ရေးတရပ် ပေါ်ပေါက်လာပုံပါ။
လွင်အောင်စိုး (၂-၂-၂ဝဝ၉)
Monday, 2 February 2009
“နိုင်ငံရေးတိုးတက်မှု မရှိဘဲ ဘန်ကီမွန်း မလာသင့်” ဒေါ်စုတိုက်တွန်း
![]() |
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်န်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင်များနှင့် မစ္စတာဂမ်ဘာရီတို့အား ဆွေးနွေးပွဲတွင် တွေ့ရစဉ်။ ဖေဖော်ဝါရီ ၂၊ ၂၀၀၉။ |
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံကြတဲ့နေရာမှာ နိုင်ငံရေးအရ အခြေခံကျကျ တိုးတက်မှုတွေ လိုနေသေးတဲ့အကြောင်း အတိုက်အခံဘက်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်လည်း လာဖို့ရှိနေတဲ့နေရာမှာ နိုင်ငံရေးအရ လက်ဆုပ်လက်ကိုင် တိုးတက်မှုရှိတယ်ဆိုတာကို ပြနိုင်ဖို့လိုတဲ့အကြောင်း ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာတခုမှာ ၁ နာရီခွဲလောက်ကြာတဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း အန်န်အယ်လ်ပါတီက ပြောခဲ့တာပါ။ ကိုယ်တိုင်လည်း နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အနိမ့်ဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လို ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေရှိဖို့ ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
“မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကိုလာမယ်၊ လာချင်တယ်။ အဲဒီလိုလာတဲ့အခါ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု တစုံတရာရှိရင် လာမှာ။ အဲတော့ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးရပ်တည်ချက် ၄ ချက်ထဲက ၄ ချက်စလုံး၊ ဒါမှမဟုတ် ၃ ချက်၊ ၂ ချက်၊ ၁ ချက်ပေါ့လေ၊ အဲဒီလို တခုခုအပေါ်မှာ မူတည်ပြီးတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုဆိုပြီး ယူဆနိုင်စရာ ဘယ်ဟာရှိမလဲဆိုပြီး မေးပါတယ်။ အဲဒီလိုမေးတဲ့အခါ ကျနော်တို့အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကော်မတီ ဖွဲ့စည်းရေး၊ ပြည်သူ့လွှတ်တော် ခေါ်ယူရေး၊ တွေ့ဆုံဆွေးနွေးရေး။ ဒီအချက် ၄ ချက်ထဲက ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ဆောင်ရွက်ခဲ့ရင် ဒါဟာ သိသာထင်ရှားတဲ့၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုလို့ ယူဆနိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။”
ဒီလိုပဲ နိုင်ငံရေးအရ တိုးတက်မှုတွေ ပြဖို့လိုတယ်လို့ ဆိုလိုက်တာကတော့ အခုတခေါက် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပဲ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တချို့ပါ ဖမ်းဆီးခံထားရတဲ့ SNLD ပါတီ ဗဟိုကော်မတီဝင်တချို့နဲ့ မစ္စတာဂမ်ဘာရီတို့ ဒီကနေ့ မိနစ်ပိုင်းလောက် တွေ့ခွင့်ရတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေလုပ်ဖို့ စတာတွေ လိုတဲ့အကြောင်း ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။
“အတိုက်အခံခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ ဒုတိယတချက်က နအဖစစ်အစိုးရ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်အောင် ဆောင်ရွက်ပေးဖို့၊ တခါ ဒီတွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲနဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်အတိုင်း တဖက်သတ် ဆောင်ရွက်သွားမယ်ဆိုရင် တိုင်းရင်းသားပြည်သူတရပ်လုံး လက်ခံနိုင်တဲ့ နိုင်ငံရေးပြေလည်မှုမျိုး လုံးဝရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေး မလုပ်လို့ရှိရင် ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို SNLD အနေနဲ့ စဉ်းစားခြင်းမပြုနိုင်ဘူးဆိုတဲ့ အချက်တွေကို တင်ပြဆွေးနွေးတယ်။”
ဒီလို အန်န်အယ်လ်ဒီပြီးရင် ဒုတိယအကြီးဆုံး အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ SNLD ပါတီနဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တဲ့အပြင် အန်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ၅ ဦးတို့နဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားဆွေးနွေးခွင့်ရခဲ့တာ၊ အထူးကိုယ်စားလှယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင်တွေ အတူတကွ ဆွေးနွေးခွင့်ရခဲ့တာတွေ ရှိခဲ့တာမို့ အရင်အခေါက်တွေနဲ့မတူတဲ့ ထူးခြားမှုတချို့အဖြစ် အန်န်အယ်လ်ဒီပါတီကတော့ ရှုမြင်ခဲ့တာပါ။
“ကျနော်တို့ စီအီးစီကတော့ တော်တော်ကျေနပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခွင့်လည်းရတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ကိုယ်တိုင်မြင်တွေ့ရတော့ အတော်လေးကျေနပ်ပါတယ်။ နောက်တခုက ဒီနေ့တွေ့ဆုံတဲ့ အခင်းအကျင်းနဲ့ ပတ်သက်ရင် တိုးတက်မှု၊ ဒါမှမဟုတ်ရင်လည်း ပြောင်းလဲမှုလို့ ပြောနိုင်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒါက ခုနပြောသလို စီအီးစီအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မစ္စတာဂမ်ဘာရီနဲ့ ဆွေးနွေးခွင့်၊ တွေ့ဆုံခွင့်ရတယ်။ အဲဒီလို မတွေ့ဆုံခင်မှာလည်း အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးခွင့်ရတယ်။ ဒါတွေက အခင်းအကျင်း ပြောင်းလဲမှုရှိနေတယ်လို့ မြင်ပါတယ်။”
SNLD ပါတီကတော့ အထူးကိုယ်စားလှယ် လာတဲ့အခါတိုင်း အစိုးရနဲ့နီးစပ်တဲ့ ဒါမှမဟုတ်ရင်လည်း အစိုးရကို လိုလားတယ်ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့သာ တွေ့ဆုံလေ့ရှိတာမို့လည်း အခုတကြိမ်ကြမှသာ တွေ့ခွင့်ရတဲ့အပေါ် ကျေနပ်အားရစရာအဖြစ် အပြည့်အ၀တော့ မဆိုနိုင်ဘူးလို့ ပြောပါတယ်။
“အထူးကျေနပ် အားရလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မစ္စတာဂမ်ဘာရီကလည်း ကျနော်တို့ SNLD ရဲ့ တင်ပြချက်၊ ဆွေးနွေးချက်တွေကို သူ့အနေနဲ့ မှတ်သားပြီးတော့မှ မစ္စတာဘန်ကီမွန်းကိုလည်း တင်ပြမယ်၊ နောက်တခါ နအဖ ဗိုလ်ချုပ်မှူးကြီးထံကိုလည်း တင်ပြဆွေးနွေးမယ်။ သူ့အနေနဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိစကားတခုတော့ ပြောသွားပါတယ်။ အဲဒီအပေါ်တော့ မျှော်လင့်ချက်ထားလို့ ရပါတယ်။”
SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် ပြောပြသွားတာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့နေရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်တချို့နဲ့လည်း တွေ့ဆုံတာတွေရှိခဲ့သလို အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့လည်း မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးက ပြောပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာဂမ်ဘာရီဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေပြီးတော့ သူ့ရဲ့ ၄ ရက်ကြာခရီးစဉ် အဆုံးမသတ်မီ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ လုပ်သွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။
သတင်း - VOA
Great Job !!! - but shouldn't missed
The protester, who was held by university security guards, shouted "how can the university prostrate itself with this dictator?" and "how can you listen to this unchallenged?", according to witnesses.
Unlike Mr Wen, the then-US President was forced to duck to avoid the flying footwear.
The Chinese Premier, who earlier met Prime Minister Gordon Brown for economic talks, described the incident as "despicable".
Five men were arrested for public order offences outside the Chinese Embassy near London's Regent Park on Sunday.
Mr Brown said a £400 billion fiscal stimulus announced by Beijing will create huge opportunities for British exports to China.He added: "The strength of the relationship between China and Britain will be a pivotal force in helping us through the downturn and a powerful driving force behind our future growth and prosperity."
Burma Democratic Concern's discussion on 2010 Election
Sunday, 1 February 2009
UN envoy meets Suu Kyi liaison: Myanmar govt

Ibrahim Gambari's last trip to the military-ruled nation in August 2008 ended in deadlock, with Aung San Suu Kyi refusing to meet the Nigerian diplomat and her party dismissing the visit as "a waste of time."
On this four-day trip which began Saturday, the United Nations has said Gambari wants "meaningful discussions with all concerned on all the points raised during his last visit."
But Gambari is not expected to be granted a meeting with the reclusive head of state Senior General Than Shwe, and it is not yet clear whether Aung San Suu Kyi will consent to meet with the UN negotiator.
On Sunday morning, Gambari met officials including Information Minister Kyaw Hsan and Foreign Minister Nyan Win in the commercial hub Yangon.
"He also met with relations minister Aung Kyi," said a government official who did not want to be named as he was not authorised to speak to the media. He refused to reveal what was discussed.
ခုနှစ်ကြိမ်မြောက် မြန်မာပြည်ရောက် မစ္စတာဂမ်ဘာရီ

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေရေး ကြားဝင် ညှိနှိုင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  အထူးကိုယ်စားလှယ် အီဘရာဟမ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ ၄ ရက်ကြာ ခရီးစဉ်အတွက် မြန်မာနိုင်ငံ ရောက်ရှိနေပါတယ်။
မစ္စတာ ဂမ်ဘာရီ ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ရန်ကုန်မြို့မှာ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုအတွင်း ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ကုလသမဂ္ဂ ၀န်ထမ်းတွေနဲ့လည်း မစ္စတာ ဂမ်ဘာရီ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂရုံး သတင်းနဲ့ပြန်ကြားရေး အရာရှိက ဗွီအိုအေ ကို ပြောပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေကို ပြန်ပြီးဆက်နိုင်ဖို့ စစ်အစိုးရရဲ့ ဖိတ်ကြားမှုနဲ့ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို သွားတာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။
မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို နောက်ဆုံးသွားခဲ့စဉ်က အဆိုပြုခဲ့တဲ့ အချက်တွေအားလုံးကို သူ့ခရီးစဉ်အတွင်း ဆွေးနွေးနိုင်ဖို့ကိုလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki Moon) က မျှော်လင့်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ နောက်ဆုံးသွားခဲ့တဲ့ မစ္စတာ ဂမ်ဘာရီ က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ သူ့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေမှာ ထင်သာမြင်သာတဲ့ရလာဒ်တွေ မရခဲ့လို့ စိတ်ပျက်တယ်လို့ အဲဒီခရီးစဉ်အပြီးမှာ ပြောခဲ့ပါတယ်။
အခုတခေါက်ခရီးစဉ်အတွင်းမှာလည်း မစ္စတာ ဂမ်ဘာရီ အနေနဲ့  စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခွင့် ရ-မရဆိုတာကတော့ ခုချိန်ထိ တိတိကျကျ မသိရသေးပါဘူး။
ပြီးခဲ့တဲ့တခေါက် မစ္စတာဂမ်ဘာရီ ရဲ့ ခရီးစဉ်တုန်းကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်မရခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း အတွေ့မခံခဲ့ပါဘူး။ အဲန်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ အဖွဲ့ကတော့ မစ္စတာ ဂမ်ဘာရီ ရဲ့ ခရီးစဉ်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံညှိနှိုင်းမှုရှိမှ သူ့ခရီးစဉ်က အောင်မြင်မှုရမယ်လို့ ဗွီအိုအေ ကို ပြောကြားခဲ့ပါတယ်။