Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 8 May 2011

Burma Democratic Concern (BDC) အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာရေး

Burma Democratic Concern (BDC) အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာရေး

06 May 2011

မြန်မာပြည်တွင်စစ်အာဏာရှင်အစိုးရသည်ဦးသိန်းစိန်ခေါင်းဆောင်သောကြံ့ဖွံ့အစိုးရကိုအာဏာလွှဲပေး

လိုက်သည်ဟုပြောသည်။ထို USDP ကြံ့ဖွံ့အစိုးရဆိုသည်မှာအတုအယောင် 2010 ရွေးကောက်ပွဲမှပေါ်ထွက်လာခြင်းဖြစ်ပြီးထို ရွေးကောက်ပွဲကိုလည်းအတုအယောင်အခြေခံဥပဒေကိုအခြေခံ၍ကျင်းပခြင်းဖြစ်ပြီးထိုအခြေခံဥပဒေသည်လည်းအတုအယောင်ဆန္ဒခံယူပွဲဖြင့်တဖတ်သတ်အတင်းအကျပ်အတည်ပြုခဲ့ခြင်းဖြစ်သည်။ဒါ့အပြင်

ထို2010 ရွေးကောက်ပွဲကိုလည်းမတရားရွေးကောက်ပွဲဥပဒေများအရကျင်းပခဲ့ခြင်းဖြစ်သည်။

သို့သော်မြန်မာပြည်သူများ၏ခံစားနေမှုဒုက္ခများမှာမပြောင်းလဲသွားပါ။မြန်မာပြည်၏စီးပွားရေးအကျပ်အ

တည်းမှာပိုမိုစိုးဝါးလာခဲ့ပြီးအလုပ်လက်မဲ့ဦးရေမှာပိုမိုများပြားလာခဲ့ပါသည်။တချိန်တည်းမှာပင်အခြေခံစား

သောက်ကုန်များ၏ ဈေးနူန်းမှာတရိတ်ရိတ်ပိုမို၍တားမနိုင်ဆီးမရမြင့်တက်လာခဲ့ပါသည်။ဒါ့အပြင်ဆင်း

ရဲမွဲတေမှုပြသာနာမှာပိုမိုဆိုးဝါးလာခဲ့ပြီးအကျင့်ပျက်လဘ်စားမှုများလည်းဆက်လက်မြင့်တက်လာခဲ့ပါသည်။သာမန်ပြည်သူများအထူးသဖြင့်တိုင်းပြည်လူဦးရေသန်း ၆၀ ၏ ၇၀ရာခိုင်နူန်းရှိသောလယ်သမားများမှာ

အဆိုးဝါးဆုံးခံစားရပါသည်။





တိုင်းပြည်၏အာဏာကိုဦးသိန်းစိန်ခေါင်းဆောင်သောအရပ်သားဝတ်စုံဝတ်ထားသောစစ်အစိုးရမှဗဟိုချုပ်

ကိုင်မှုဖြင့်ချုပ်ကိုင်ထားပြီးတိုင်းသူပြည်သားများကိုချိန်းခြောက်အနိုင်ကျင့်ဗိုလ်ကျခြင်း၊သတင်းများကို

တင်းကျပ်စွာဆင်ဆာဖြတ်ခြင်း၊လူတဦးခြင်းစီ၏အခွင့်အရေးများကိုထိန်းချုပ်ညင်းပယ်ခြင်းနှင့်လူနည်းစုတိုင်းရင်းသားများကိုဖိနှိပ်ချုပ်ခြယ်ခြင်းများကိုဆက်လက်ပြုလုပ်လျက်ရှိပါသည်။





ဦးသိန်းစိန်စစ်အစိုးရသည်သူတို့ကိုယ်သူတို့ရွေးကောက်ပွဲအရပေါ်ပေါက်လာသောအစိုးရအဖြစ်ကိုယ်ဘာသာကိုယ်ကြေငြာပါသည်။နိုင်ငံတကာမိသားစုအနေဖြင့်၎င်းတို့၏စကားယုံကြည်လက်ခံနိုင်ဖွယ်ရှိမရှိ

ကို၎င်းတို့၏လုပ်ရပ်ကိုကြည့်ပြီးဆုံးဖြတ်ရမည်ဖြစ်ပါသည်။





ဒါကြောင့်ကျွန်ုပ်တို့အနေဖြင့်ဦးသိန်းစိန်အစိုးရကို

(၁) နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လွှတ်ပေးရန်

(၂) လွတ်လပ်စွာစုဝေးခွင့်

(၃) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

(၄) လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခွင့်

(၅) လွတ်လပ်သောသတင်းမီဒီယာ

(၆) လွတ်လပ်သောတရားစီရင်ရေး

(၇) ပြည်တွင်း ငြိမ်းချမ်း ရေးရအောင် လုပ်ဆောင်ရေး

(၈)တိုင်းရင်းသားများအားစစ်ရေးအရတိုက်ခိုက်မှုကိုရပ်တန့်ရေး

(၉)ဆင်းရေးမွဲတေမှုပပြောက်ရေး

တို့လုပ်ဆောင်ရန်တောင်းဆိုလိုက်သည်။၎င်းအရာများသည်သိသာသောမြင်သာသောစံချိန်စံညွှန်းများဖြစ်ပြီး၎င်းလမ်းညွန်တံများမှဦးသိန်းစိန်အစိုးရအားမည်ကဲ့သို့သောအစိုးရဖြစ်ကြောင်းဆုံးဖြတ်မည့်အရာများဖြစ်

သည်။





ဒါ့အပြင် Burma Democratic Concern (BDC) အနေဖြင့် UK အစိုးရကို

(၁) လူသားခြင်းစာနာထောက်ထားသောအကူအညီများ မြန်မာပြည်တွင်းသို့တိုးမြင့်ပေးရန်

(၂) မြန်မာပြည်တွင်းလွတ်လပ်သောလူမှုအထောက်အကူအဖွဲ့အစည်းများ CSOs များထွန်းကားလာရေးအတွက်ကူညီပံ့ပိုးပေးရန်

(၃) မြန်မာပြည်တွင်းလူထုပညာပေးရေး၊ ပညာရေးများအဆင့်မြင့်ရေးဝိုင်းဝန်းကူညီလုပ်ဆောင်ပေးရန်

(၄) ဆင်းရေးမွဲတေမှုပပျောက်ရေးဝိုင်းဝန်းကူညီလုပ်ဆောင်ပေးရန်

(၅) ကျန်းမာရေးစောင့်ရှောက်မှုနှင့်လူမှုကူညီထောက်ပံ့ရေးအကူအညီများပိုမိုမြင့်တင်ပေးရန်

(၆) မြန်မာပြည်သူများ၏အရည်အချင်းမြင့်တင်ရေးဥပမာအားဖြင့် Networking ကဲ့သို့သောအရာများအကူအညီပေးရန်

တောင်းဆိုလိုက်သည်။





Burma Democratic Concern (BDC) အနေဖြင့်UK အစိုးရ မှဤကဲ့သို့သောအရာများကူညီပေးခြင်းအားဖြင့်မြန်မာပြည်တွင်ဒီမိုကရေစီပေါ်ပေါက်လာရေး

အတွက်အဓိကလိုအပ်သောအခြေခံအဆောက်အအုံများပိုမိုခိုင်မာလာရေးအတွက်ကူညီပေးခြင်းဖြစ်သည်

ဟုယုံကြည်ပါသည်။

ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများအနေဖြင့်နိုင်ငံတကာမှမြန်မာပြည်၏အခြေအနေကိုဂရုတ

စိုက်စောင့်ကြည့်နေသည်အတွက်ဝမ်းမြောက်ပါသည်။သို့သော်စကားလုံးမျာအနေဖြင့် မလုံလောက်ပါ။

UNအနေဖြင့်မြန်မာပြည်တွင်တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်လာရေးအတွက်အထူးအာရုံစိုက်လုပ်ဆောင်ပြီး

မြန်မာပြည်တွင်စစ်မှန်သောအမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ဦးတည်အောင်အဓိကဆောင်ရွက်သင့်ပါ

သည်။

ဒါ့အပြင် UK သည်ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီ၏အမြဲတမ်းအဖွဲ့ဝင်ဖြစ်သောကြောင့်ကျွန်ုပ်တို့အနေဖြင့် UK အစိုးရအားကုလသမ္မဂ္ဂလုံခြုံရေးကောင်စီနှင့်ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမူးချုပ်တို့ အား

(၁) မြန်မာပြည်တွင်ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမူးချုပ်၏ညှိနှိုင်းဆက်သွယ်ရေးရုံးဖွင့်လှစ်ပြီး

ဦးသိန်းစိန်အစိုးရနှင့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောဒီမိုကရေစီနှင့်တိုင်းရင်းသားအင်အားစုများနှင့်

တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်လာရေးအတွက်ညှိနှိုင်းဆောင်ရွက်ရေးမူး ခန့်ထားပြီးဆောင်ရွက်ရန် ။

(၂ )မြန်မာပြည်အတွက်အချိန်ပြည့်အမြဲတန်းကုလသမ္မဂ္ဂအထူးကိုယ်စားလှယ်ခန့်အပ်ခြင်းအားဖြင့်ထိုကိုယ်စားလှယ်သည်မြန်မာပြည်အခြေအနေအားတိကျမှန်ကန်စွာယုံကြည်နိုင်စွမ်းအပြည့်ဖြင့်လေ့လာ

သုံးသပ်ပြီးUNနှင့်အထွေထွေအတွင်းရေးမူးချုပ်အားမှန်ကန်သောမူဝါဒများချမှတ်ပြီးသင့်တော်သောအရေးယူဆောင်ရွက်မူများဆောင်ရွက်နိုင်စေရန် (၃ ) ကုလသမ္မဂ္ဂလုံခြုရေးကောင်စီမှမြန်မာပြည်တွင်အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဖော်ဆောင်ရေးဆုံး

ဖြတ်ချက်ကျလာစေရန်

တောင်းဆိုလိုက်သည်။





ကျွန်ုပ်တို့အနေဖြင့်မြန်မာပြည်တွင်ဦးသိန်းစိန်အစိုးရအားဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော

ဒီမိုကရေစီနှင့်တိုင်းရင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးအဖြေရှာရေးဖော်ဆောင်ရန်ဖိအားပေး

တောင်းဆိုရန်တောင်းဆိုလိုက်ပါသည်။

ပိုမိုပြီးသတင်းအချက်လက်များကိုသိရှိလိုပါက Burma Democratic Concern (BDC) ကိုဆက် သွယ်နိုင်ပါတယ်။

Burma Democratic Concern (BDC) မှ အထူးကျေးဇူးတင်ပါသည်။

No comments: