Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 21 March 2011

ဂုဏ်ယူတတ်ကြပါ။

ဂုဏ်ယူတတ်ကြပါ။

ကျွန်တော်ဒီနေ့တော့ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပက နိုင်ငံခြားဝင်ငွေ(အမေရိကန်ဒေါ်လာ) ရရှိတဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်လျှက်ရှိတဲ့ လူငယ်တွေကို တိုက်ရိုက်လိပ်မူပြီး ဆွေးနွေးချင်ပါတယ်။ ကျွန်တော်ဒီလို ဆွေးနွေးရတဲ့အကြောင်းကတော့ အချို့အချို့သော နိုင်ငံခြားဝင်ငွေရရှိတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်လျှက်ရှိတဲ့ လူငယ်တွေဟာ လက်ရှိခံစားနေရတဲ့အကြိုးစီးပွားလေးကိုသြာ...ကည့်ပြီး သူတို့ရဲ့ဘဝဟာ ရာသက်ပန် ဒီအတိုင်းအဆင်ပြေသွားမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သာယာနေတဲ့အပြင် အဲ့ဒီလူငယ်တွေရဲ့ ဘဝတွေကိုကြည့်ပြီး အချို့အချို့သော မိဘများဟာလည်း သူတို့ရဲ့ သားသမီးတွေကို ထိုလူငယ်များကဲ့သို့ ပုံသွင်းပြီး မိမိသားသမီးတွေရဲ့ အမှန်တရားအပေါ် သက်ဝင်ယုံကြည်မူနဲ့ မဟုတ်မခံစိတ်ဓါတ်တွေကို ချိုးနိမ်လာတာ တွေတွေ့နေရလို့ပါဘဲ။

ဒီလိုပါ မြန်မာပြည်မှာရှိတဲ့ လူငယ်အများစုဟာ (၁၉၈၈)နောက်ပိုင်းကစပြီး မိမိတို့ဘဝတွေတိုးတက်ဖို့အတွက် နိုင်ငံခြားဝင်ငွေရရှိနိုင်တဲ့ အလုပ်တွေကို ပြည်တွင်းပြည်ပမှာ ရှာဖွေလုပ်ကိုင်လာကြပါတယ်။ အဓိကအလုပ်အကိုင်တွေကတော့ ပြည်ပနိုင်ငံပိုင်သင်္ဘောတွေပေါ်မှာလုပ်ရတဲ့ သင်္ဘောသားအလုပ်နဲ့ ကုန်းပေါ်မှာရှိတဲ့ စားသောက်ဆိုင်နဲ့ စက်ရုံတွေမှာ လုပ်ရတဲ့ ရှိုးဂျော့ အလုပ်တွေဘဲဖြစ်ပါတယ်။ လူငယ်အများစုဟာ အထက်ဖေါ်ပြပါအလုပ်တွေမှာ မိမိဘဝတဆင့်မြင့်တိုးတက်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေကိုယ်စီနဲ့ မိသားစု သားသမီးတွေနဲ့ ဝေးကွာတဲ့ဒဏ်ကို မမှု့ဘဲနိုင်ငံရပ်ခြားဒေသတွေမှာ ကြိုးစားပန်းစာအလုပ်လုပ်ကြပေမယ့် မြန်မာပြည်ပြန်လည်ရောက်ရှိတဲ့အခါမှာ မိမိ မိသားစုဘဝဟာ စားနိုင်သောက်နှိုင်ရုံကလွဲပြီး ဘာမှပြောင်လဲမှုမရှိတာကိုတွေ့ရပေမယ့် မိမိရဲ့ဘဝဟာတနေ့တော့ တိုးတက်လာကောင်းရဲ့ဆိုတဲ့ ရည်မှန်းချက်နဲ့ ပြည်ပနိုင်ငံတွေကိုအကြိမ်ကြိမ် ထွက်ခွာပြီး အလုပ်လုပ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့အသက်တွေသာကြီးသွားပြီး သူတို့ရည်မှန်းသလို ဖြစ်မလာတဲ့အခါ သူတို့ရဲ့ သားသမီးရင်းချာတွေနဲ့ တူသားတွေကို သူတို့လို ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ တိုက်တွန်းခြင်းနဲ့ ငွေကြေးထုတ်ပေးခြင်းတွေ ပြုလုပ်ကြပြန်ပါတယ်။ ဒါပေမယ့် အချိန်တွေသာ ကုန်လွန်သွားပြီး မိမိတူသားတွေနဲ့ ခွဲရတာသာ အဖက်တင်ပေမယ့် မိမိတို့ရဲ့ ဘဝတွေသိသိသာသာ တို့းတက်လာတာမတွေကြရတာ ဒီကနေ့အထိပါဘဲ။ မိသားစုနဲ့ဝေးကွာတဲ့ တိုင်းတပါးမှာ အလုပ်လုပ်နေသူတွေရဲ့ဘဝတွေ တိုးတက်မှုမရှိပေမယ့် ဒီလိုတိုင်းတပါးမှာ အလုပ်လုပ်နေသူတွေ များလာတာနဲ့အမျှ ကြီးပွားပြီးရင်းကြီးပွာ တိုးတက်ပြီးရင်းတိုးတက်တဲ့သူတွေတော့ မြန်မာပြည်တွင်းမှာရှိနေကြပါတယ်။ အဲ့ဒီလူတွေကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွေရဲ့ သားတပည့်တွေနဲ့ သူတို့နဲ့နီးစပ်တဲ့ လက်တဆုပ်စာ ခေတ်ပျက်သူဌေးတွေဘဲဖြစ်ပါတယ်။ဒီလိုပါ မြန်မာနိုင်ငံပြင်ပမှာ နည်းမျိုးစုံနဲ့ အလုပ်လုပ်ကိုင်လျှက်ရှိတဲ့ လူငယ်တွေဟာ သူတို့ရဲ့ ဝင်ငွေတွေကို မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ မိဘဆွေမျိုးတွေထံကို ပေးပို့ရာမှာ မြန်မာငွေနဲ့ နိုင်ငံခြားငွေ တရားဝင်လည်းလှယ်နူန်းဟာ အလွန်ကွာခြားတာကြောင့် တရားမဝင် ငွေကြေးရောင်းဝယ်သူတွေကနေတဆင့် ပေးပို့ကြရပါတယ်။ အဲ့ဒီလို ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ လင်သားတွေထံက ရရှိတဲ့ငွေကို ပြည်တွင်းမှာရှိတဲ့ မိသားစုတွေဟာ သူတို့ရဲ့ နေ့တဒူဝ စားဝတ်နေရေး အသုံးစရိတ်တွေအဖြစ် အသုံးပြုကြရပါတယ်။

မြန်မာနိုင်ငံရဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း ထုတ်လုပ် ဖြန့်ဖြူး ရောင်းချ တင်သွင်းခွင့်တွေနဲ့ မြန်မာငွေ အမြောက်အများရရှိနိုင်တဲ့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို အဓိကအားဖြင့် ချုပ်ကိုင်ထားတာဟာ စစ်အစိုးရပိုင် ကုပမ္မဏီ တွေနဲ့ သူတို့နဲ့နီးစပ်တဲ့ လက်တဆုပ်စာ ခေတ်ပျက်သူဌေးတွေသာဖြစ်ပါတယ်။ ခေတ်ပျက်သူဌေးတွေဟာ သူတို့ထုတ်လုပ်တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်းမှာ ပြိုင်ဖက်ကင်း လက်ဝါးကြီးအုပ်စနစ်နဲ့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချပြီး ပြည်သူတွေထံက မြန်မာငွေတွေကို အခွန်အတုတ်မရှိ ပြန်လည်သိမ်းယူပါတယ်။ အဲ့ဒီလို လိုရရှိလာတဲ့ မြန်မာငွေတွေကို နိုင်ငံခြားငွေအဖြစ် ပြောင်းလဲနိုင်ပါမှ သူတို့အတွက် နိုင်ငံခြားက ထုတ်ကုန်ပစ္စည်းတွေကို ပြန်လည်မှာယူနိုင်မှာဖြစ်ပါတယ်။ဒီနေရာမှာတခုပြောချင်တာက မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အုပ်စုနဲ့ စီးပွားရေးသမားတွေဟာ ပုလင်းတူဗူးဆို့ ရွေမျိုးနီးစပ် တော်စပ်သူတွေဖြစ်တာကြောင့် အစိုးရကလည်း နိုင်ငံခြားငွေလဲလှယ်နူန်းကို ကာလပေါက်ဈေးအတိုင်း တရားဝင် ခွင့်ပြုလိုက်လျှင် နိုင်ငံခြားရောက် မြန်မာအလုပ်သမားများရဲ့ တိုင်းပြည်တွင်းပြန်ပို့ငွေတွေဟာ သက်ဆိုင်ရာ ဘဏ်တွေကနေတဆင့် မြန်မာနိုင်ငံဘဏ်တွေကို စာရင်းဇယားအတိအကျ ရောက်ရှိသွားလျှင် ခေတ်ပျက်သူဌေးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေက ရရှိလာတဲ့ မြန်မာငွေတွေကို နိုင်ငံခြားငွေအဖြစ် ပြောင်းလဲတဲ့အခါမှာ စာရင်းဇယားအတိအကျ ပြရမှာဖြစ်ပြီး နိုင်ငံတော်ကို အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။အဲ့ဒီလို နိုင်ငံတော်ကို အခွန်ပေးဆောင်ခြင်းဟာ ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက် ကောင်းပေမယ့် ခေတ်ပျက်သူဌေးများရဲ့ ကိုယ်ကြိုးစီးပွားကို ထိခိုက်နိုင်တာကြောင့် စစ်အစိုးရမှ နိုင်ငံခြားငွေ လဲလှယ်ခြင်းအားဈေးနူန်း ကန့်သတ်ထားပြီး ပြည်ပတွင် သွားရောက်အလုပ် လုပ်ကိုင်လျှက်ရှိကြသော မြန်မာနိုင်ငံသားများထံမှ နိုင်ငံခြားငွေများကို ခေတ်ပျက်သူဌေးများတွင် အစုအပြုံလိုက်ရှိနေသော မြန်မာငွေများနှင့် ပြည်တွင်းပြည်ပ ကိုယ်စာလှယ်များမှတဆင့်နည်းမျိုးစုံဖြင့်စာရင်းမရှိ အင်းမရှိဝယ်ယူနေကြခြင်းဖြစ်သည်။( မြန်မာငွေနှင့် အမေရိကန်ဒေါ်လာငွေ လည်းလှယ်နူန်းအတက်အကျမှာ မည်သည့်ငွေကြေးပေါ်တွင်မှ မတည်ဘဲ ခေတ်ပျက်သူဌေးများဧ။် လက်တွင်းရှိသော မြန်မာငွေ အနဲအများနှင့် ၄င်းတို့ဧ။် နိုင်ငံခြားငွေ လိုအပ်မူပေါ်တွင်သာမူတည်၍ ဒေါ်လာဈေးတက်ခြင်းကျခြင်းဖြစ်နေခြင်းဖြစ်သည်)စကားချပ်။ထို့ကြောင့် ၄င်းတို့အတွက် နိုင်ငံခြားငွေများနိုင်သမျှ များများရရှိဖို့အတွက် မြန်မာလူငယ်များအား ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ပြည်ပကို မောင်းထုတ်၍ကျွန်ပြုနေခြင်း ဖြစ်ပါတယ်။ ထိုသို့ ကျွန်ပြုရာတွင် ကျေးလက်ဒေသမှာရှိသော လူငယ်များအား မိဘလက်ငုတ်လက်ရင်း လယ်ယာအလုပ်များကို ဆက်လက်မလုပ်နိုင်အောင် လယ်မြေများအား အတင်းအဓမ္မ သိမ်းယူသလို မြို့ပေါ်ရှိ လူငယ်များအားလည်း အေးဆေးတည်ငြိမ်စွာ ပညာသင်ကြားနိုင်ခြင်းမရှိအောင် ပုံဏ္ဍာန်အမျိုးမျိုးနဲ့ နှောက်ယှက်ပါတယ်။ အဓိကအဆိုးဆုံးကတော့ နိုင်ငံရေးနဲ့ပက်သက်တဲ့ လူငယ်အချို့ကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခြင်းအားဖြင့် တခြားလူငယ်များအား မြန်မာနိုင်ငံမှာ မနေရဲအောင် ချောက်လှန့်ခြင်းဖြစ်ပါတယ်။ အဲ့ဒီလို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြည်ပကို ထွက်ခွာခဲ့ကြရတဲ့လူငယ်တွေဟာ အောက်ခြေအဆင့် မိမိဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ကြရပါတယ်။ အဲ့ဒီလို့ အလုပ်လုပ်လို့ရရှိတဲ့ ဝင်ငွေထဲ့ မှငွေပိုတချို့ကို မိမိတို့မိသားစုများရှိရာ မြန်မာပြည်ကို ပြန်လည်ပေးပို့ကြရပါတယ်။ ထိုသို့ပေးပို့ရာတွင် အထက်ကကျွန်တော် တင်ပြခဲ့တဲ့အတိုင်း သက်ဆိုင်ရာ နိုင်ငံရှိငွေလဲလုပ်ငန်းများမှတဆင့် တရားမဝင်ပေးပို့ရခြင်းဖြစ်သောကြောင့် တိုင်ပြည်အတွက်နစ်နာသည့်အပြင် ပြည်တွင်း ပြည်ပတွင် နိုင်ငံခြားငွေရှာဖွေနေသော လူငယ်များ ဧ။် ဘဝမှာလည် ထန်းလျှက်ခဲ ခွေးရပ်သကဲ့သို့ လုံးပါးပါးကာ ဘာမှတိုးတက်မှုမရှိဘဲ အမှန်တကယ် ကြီးပွားတိုးတက်နေသူများမှာနိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိသော လူငယ်များအား ခေါင်းပုံဖြတ်အမြတ်ထုတ်နေသောစစ်အစိုးရနှင့် နီးစပ်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုပမ္မဏီများနှင့် ပြည်ပအလုပ်သမားများထံမှ နိုင်ငံခြားငွေကို တရားမဝင်ဝယ်ယူပြီး ပြည်ပသွင်းကုန်များတင်သွင်း၍ ပြည်တွင်းတွင် အမြတ်ကြီးစားဖြန့်ဖြူးနေသူ လက်တစုပ်စာ စီးပွားရေးသမားများသာဖြစ်ပါသည်။

အမှန်တော့ ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ တိုင်ပြည်ကိုအုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်က လူငယ်တွေရဲအနာဂတ်ကိုစနစ်တကျ ရိုက်ချိုးခံထားရသလို မြန်မာလူမျိုးခြင်း ဗျောင်ကျကျ ကျွန်လုပ်တာကိုခံနေကြရတာပါ။ ပြည်တွင်းမှာရှိတဲ့ မြန်မာငွေရရှိနိုင်တဲ့ အရင်းအမြစ်တွေဖြစ်တဲ့ စိုက်းပျိုးရေးနဲ့ မွေးမြူရေးအလုပ်တွေကို လူငယ်တွေအနေနဲ့ မိမိသဘောအတိုင်း လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်မရှိခြင်းနှင့် ထိုသိုလွတ်လပ်စွာ လုပ်ကိုင်နိုင်လျှင်လည်း ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးခြင်း လုပ်ငန်းတွေကို သက်ဆိုင်ရာ လယ်လုပ်သူနှင့် မွေးမြူသူများမှ တိုက်ရိုက်လုပ်ကိုင်နိုင်ခြင်းမရှိအောင် အစိုးရမှ မတရားသောဥပဒေနှင့် အမိန်အာဏာများအား ထုတ်ပြန်၍ တားဆီးခြင်း ကန့်သတ်ခြင်းများပြုလုပ်ပါသည်။ တောင်သူလယ်သမားများလက်တွင် စပါးရှိချိန်တွင် စပါးဈေးကျရခြင်းမှာလည်း အစိုးရနှင့်နီးစပ်သူ ခေတ်ပျက်သူဌေးများမှ ၄င်းတို့တွင်ရှိသော မြန်မာငွေများနှင့် တောင်သူလယ်သမားများထံမှ စပါးများအား ဈေနိမ်ဝယ်ယူသောကြောင့်ဖြစ်ပါသည်။ ထိုသို့ ဈေနိမ်ဝယ်ယူခြင်းအား အုပ်စုဖွဲ့ပြောဆိုမည် ဆိုးသောကြောင့် အစိုးရမှ တောင်သူလယ်သမားသမဂ္ဂများအား ဖွဲစည်းခွင့်မပြုဘဲ တောင်သူလယ်သမားများထံမှ စပါးများအား စနစ်တကျဈေးနိမ်ဝယ်ယူနိုင်ရန်အတွက် ဆန်ကုန်သည်များအသင်းကိုသာ ဖွဲ့စည်းခွင့်ပြုထားခြင်းဖြစ်ပါသည်။

ဒါကြောင့် ကျွန်တော်အဓိက ပြောချင်တာကတော့ အာဏာရှင်ဟာ သူ့မိသားစုအကြိုးစီးပွားက လွဲပြီး ဘယ်ပြည်သူလူထု၊တပ်မတော်သား၊အလုပ်သမား၊တောင်သူလယ်သမားတွေရဲ့ အကြိုးစီးပွားကိုမှ ဂရုမစိုက်ပါဘူး။ ဘယ်သူသေသေ ငတေမာပြီးရောသဘောနဲ့ နိုင်ငံရပ်ခြားနဲ့ ပြည်တွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ တပ်မတော်သားတွေရဲ့ သားသမီးတွေ၊အလုပ်သမားတွေရဲ့သားသမီးတွေ၊လယ်သမားတွေရဲ့သားသမီးတွေရဲ့ ဘဝတွေကို ၄င်းတို့ ကိုယ်ကြိုးအတွက် အသုံးချကျွန်ပြုနေကြတာပါ။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးများဟာ နိုင်ငံခြားဝင်ငွေရရှိတဲ့ အလုပ်မှာလုပ်သည်ဖြစ်စေ ပြည်တွင်းဝင်ငွေရရှိတဲ့ အလုပ်ခွင်တွေမှာလုပ်သည်ဖြစ်စေ စစ်အာဏာရှင်လက်ထက်မှာ မိမိတို့ရဲ့ ဘဝတွေနဲ့ မိမိ မိသားစုရဲ့ ဘဝနောင်ရေးဟာ ဘယ်တော့မှ ကြီးပွားတိုးတက်မှာ မဟုတ်ဘူးဆိုတာကို တထစ်ချ ယုံကြည်ပြီး မိမိသားသမီးများရဲ့ မှန်ကန်တဲ့အတွေးအခေါ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်မြန်မာမြေပေါ်ကနေ အပြီးတိုင် ဖယ်ရှားရေးအတွက် ဆောင်ရွက်နေမှု့တွေကို အားပေးခြင်းအားဖြင့် မိမိတို့မိသားစုတွေရဲ့ တည်ရှိရာအသိုင်းအဝန်းကြားမှာ ဂုဏ်ယူကြပါလို့ပြေားပါရစေ။

အတွေးအခေါ်မှား၊အရေးအသားမှား၊စာလုံးပေါင်းမှားလျှင် ကျွန်တော့်တာဝန်သာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။သင်ရဲ့အမြင်လေးကို ပြန်လည်ဆွေးနွေးစေချင်ပါတယ်
Augn Min

No comments: