

တို့တိုင်းတို့မြေ ငါတို့ပြည်ကြီး
သူ့ကျွန်ဘ၀ရောက်စဉ်တုန်းက
ဗိုလ်ချုပ် သခင် ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခါ
လွတ်လပ်ရေးတွက် သက်စွန့်ခဲ့၏။
စစ်အာဏာကြီး ချုပ်ငြိမ်းရေးနှင့် လူခွင့်ရေးထွက်
ကျောင်းသားပြည်သူ လူထုပါမကျန်
တိုက်ခိုက်ကြရ်ျ ၈၈တွင်
တို့ပြည်ထောင်စု သွေးစွန်းခဲ့၏။
ငါတို့မျက်မြင် ၂၀၀၇တွင်
မြင့်မြတ်ပုလ် ရဟန်းတို့တောင်
ပြည့်သူ့ကျိုးတွက် သပိတ်မှောက်ကာ
သူ့သွေးသူ့သား ပဓာနမထား
စတေးခဲ့၏။
ယခုအခါ ငါတို့ ခေတ်တွင်
မြန်မာပြည်သူတစ်ရပ်လုံး ကောင်းစားရေးမို့
ခြင်္သေ့ဆိုလည်း ငါတို့မကြောက်
ဂဠုန်ငှက်ပမာ တို့ချီသုတ်ဖို့
စွန်းအားပြည့်နဲ့ ရဲရဲတိုက်မယ့်
သက်စွန့်လူငယ်။
မိငယ် (BDC ဝိုင်းတော်သားတစ်ဦး)
No comments:
Post a Comment