Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 2 August 2009

Myanmar Military regime response to Global Action for Burma (GAB)

ကျွန်တော် အုတ်လှငယ် တစ်ယောက် ပျင်းပျင်းရှိတာနဲ့ အိမ်က လက်တော့အစုတ်လေးကို ထုတ်ပြီး လယ်ကွင်းထဲကနေ အင်တာနက်ထဲ ၀င်ကြည့်လိုက်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ မနက်ဖြန် (၃၁-၇-၂၀၀၉)မှာ ဒီမိုတွေရဲ့ မယ်တော်ကြီး ဒေါ်စုကြည် ကို အမေရိကန် နိုင်ငံသား Mr. John William Yettaw ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် အစိုးရက ထိုက်သင့်တဲ့ အပြစ်ဒဏ် ပေးမှာ ဖြစ်တဲ့ အတွက် ပြည်ပက ဒေါ်လာစား ဒီမိုအဖွဲ့တွေက ဘာအခမ်းအနားတွေများ လုပ်ကြမလဲလို့ Google Search နဲ့ ရှာကြည့်လိုက်တော့ ဘာမှ မတွေ့ဘူးဖြစ်သွားတယ်။

ဒါနဲ့ ဒီမိုအဖွဲ့တွေရဲ့ မကောင်းသတင်းဖြန့်တဲ့ မဟုတ်ကဟုတ်က ရေးတတ်တဲ့ မြန်မာ နာမည်မဟုတ် ကုလားနာမည်မဟုတ် ပုဂ္ဂိုလ်ရဲ့ ၀ပ်ဆိုဒ်ကို ၀င်ကြည့်တော့ ဘာလဲ စုစည်းမှုအားနဲ့  နအဖအာဏာရှင်ကို တိုက်ပွဲ ၀င်ကြမယ် ဆိုပြီး (Global Action for Burma) ဆိုတဲ့ အဖွဲ့ရဲ့ ကြေငြာချက် တစောင်ကို သွားတွေ့တယ်။ ကျွန်တော်လဲ ဘာတွေများ ရီ(ရယ်) စရာ ရေးထား လဲလို့ကြည့် လိုက်တော့ အားပါးပါး မနည်းပါလား ဒီမိုအဖွဲ့ တွေ (၉၂ ) ဖွဲ့ကြီး တောင်ဗျာ။ အလကားရတိုင်း ပြည်ပမှာ အနေချောင်အောင် ဖွဲ့ထားတဲ့ အဖွဲ့ အစည်းတွေ ။ သူတို့တွေနဲ့ မတန်မရာ ရေးထားတဲ့ စကားလုံးကလဲ အမျိုးသားရေး လှုပ်ရှားမှုကြီး တဲ့ဗျာ။





မိတ်ဆွေစဉ်းစားကြည့်ပါ ဒေါ်စုကြည် အခုဖြစ်တဲ့ကိစ္စကလဲ မြန်မာနိုင်ငံက တရားဝင် ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့ အတွက် တရားခံ တစ်ယောက် ဖြစ်သွားရတာပါ။ ဘယ်သူကမှ လုပ်ကြံ ဖန်တီးတာ မရှိပါဘူး။လူတိုင်းဟာ အမှန်တရားကို မြတ်နိုးတယ်၊ လူ့အခွင့် အရေးကို လေးစားတယ်၊ ဒီမိုကရေကိုလိုချင်တယ် ဆိုရင်တော့ မှန်ကန်တဲ့ တရားစီရင်ရေးစနစ်ရဲ့ မှတ်ကျောက်တင်ခြင်းကို ခံနိုင်ရပါမယ်။မြန်မာအစိုးရက တရား ဥပဒေ ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စစ်ဆေးပြီး ထွက်ပေါ် လာတဲ့ ရလာဒ်တွေ အတိုင်း တည်ဆဲ ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တဲ့အတွက် ဘာမှ စိုးရိမ်နေစရာ မလိုပါဘူး။






အခုတော့ဗျာ ပြည်ပ ဒေါ်လာစားအဖွဲ့တွေက ပွဲလှန့်တုံးဖျာခင်း ဆိုတဲ့စကားအတိုင်း ဒေါ်စုကြည် အမိန့်မချခင်အမှီ ထုတ်ပြန်ချက် တွေ ထုတ်လို့ဗျာ။ ဒါအပြင် ပြည်တွင်းက NLDအဖွဲ့ချုပ် ကလည်း ပြည်ပ အဖွဲ့တွေ နဲ့ လက်ဝါးချင်း ရိုက်ပြီး ၂၉ - ၇ - ၂၀၀၉ ရက်စွဲနဲ့ သူတို့ မယ်တော်ကြီး ဒေါ်စုကြည် ကို ၃၁ - ၇ - ၂၀၀၉ ရက်နေ့ နံနက် (၁၀) နာရီမှာ အမိန့်ချမဲ့ အကြောင်း ကြေငြာချက်တွေ ထုတ်လို့ဗျာ။


သူတို့တွေ ဘယ်လို ကြေငြာချက် တွေ ထုတ်ထုတ် သူတို့ မယ်တော်ကြီး ကတော့ အပြစ်ရှိကြောင်း ထင်ရှားရင် ဥပဒေက ပေးတဲ့ ပြစ်ဒဏ်ကို မလွဲမရှောင်သာခံစားရမှာ ဖြစ်သလို အပြစ် မရှိကြောင်း ထင်ရှားရင် လည်း ဒေါ်စုကြည်ကို ချုပ်ထား ပါလို့ ထောင်ချပါလို့ ပြောလာရင်တောင် လွှတ်ပေးမှာပါပဲ။အခုအချိန်မှာတော့ ဒေါ်စုကြည် ဟာ မြန်မာနိုင်ငံ က တရားဝင် ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့ တရားခံ တစ်ယောက် ဖြစ်နေပါပြီ။ ဒါ့ကြောင့် တရားခံကို လွတ်ရာ လွတ်ကြောင်း ကြေငြာချက် ထုတ်သူတွေ ခုခံဆန္ဒပြတဲ့သူ တွေ မှန်သမျှဟာလည်း ဥပဒေ ကို ချိုးဖောက် သူပါပဲ။






အခု ကြေငြာချက်ထုတ်တဲ့ (Global Action for Burma) အဖွဲ့ကလဲ ဒေါ်စုကြည် အထိန်း အသိမ်း မခံရခင် NLDအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ရွှေဂုံတိုင် ကြေငြာချက် ကတည်းက NLD အဖွဲ့ချုပ် နဲ့လက်ဝါးချင်းရိုက် လိုက်လုပ် နေတဲ့ အဖွဲ့ပါ။ ဒီအဖွဲ့နဲ့ ပြည်တွင်း NLD အဖွဲ့ချုပ် နဲ့ ပတ်သက်မှု တွေက လယ်ပြင်မှာ ဆင်သွား သလို ကွက်ကွက် ကွင်းကွင်း ကြီး ပေါ်နေပါတယ်။






(Global Action for Burma) အဖွဲ့ကို ကြိုးကိုင် နေတဲ့သူတွေကတော့ UHRC လို့ခေါ်တဲ့ ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီက စိုင်းမျိုးဝင်း၊ FBF လို့ခေါ်တဲ့ မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ် က ရွှေစင်ထွန်း ၊ ဒေါက်တာ အေးမင်း နဲ့ BDC ခေါ်တဲ့ Burma Democratic Concern က မျိုးသိန်း တို့ဘဲ ဖြစ်ပါတယ်။ ဒီလူတွေက အမေရီကန်က ပေးစာ ကမ်းစာကို စားပြီး နိုင်ငံတော်ရဲ့ တည်ငြိမ် အေးချမ်း ရေးကို ဖျက်စီးမဲ့ သူတွေပါဗျာ။






ရွှေစင်ထွန်း ဆိုတဲ့ လူကလဲ အမေရီကန် အစိုးရ အားရအောင် ပြည်ပမှာနေပြီး ပြလိုက်တဲ့ ဆန္ဒ အကြိမ် ၃၅၀ တောင် ကျော်သွား ပြီဗျာ။ ဒါအပြင် စိုင်းမျိုးဝင်း ဆိုတဲ့ လူကလဲ ဘန်ကောက်မှာနေ ပြီး ပြည်တွင်း ဆူပူမှုတွေ ဖြစ်အောင် လုပ်နေ သေးတယ်။သူတို့အခု ထုတ်တဲ့ ကြေငြာ ချက်ထဲမှာလဲ UHRC အပါအ၀င် တိုင်းရင်းသား အဖွဲ့ (၃၃) ဖွဲ့တောင် ဆိုပါလား။ များလိုက်ကြတဲ့ တိုင်းရင်းသား အဖွဲ့တွေဗျာ လားဟူ တို့ အခါတို့ အဖွဲ့တွေ လဲပါသေး။

အခုမှဘဲ ကျွန်တော်လဲ ပြည်ပမှာ အမေရီကန်ရဲ့ ပေးစားကမ်းစာ စားတဲ့ အဖွဲ့တွေ များမှန်း သိတော့ တယ်။ သူတို့အဖွဲ့တွေက လုပ်ငန်းစဉ်ကြီး (၇-ခု) ဆိုပါလားဗျာ။ ဖတ်ကြည့် လိုက်တော့ နိုင်ငံတော်ရဲ့ တည်ငြိမ် အေးချမ်းရေးကို ဖျက်ဆီးပြီး ဖခင်နဲ့ သား/သမီးတွေ ကို သွေးခွဲနေတဲ့ လုပ်ရပ် တွေဆို တာ ကျွန်တော် အုတ်လှငယ် ကောင်းကောင်း သဘောပေါက်မိ ပါတယ်။သူတို့တွေ ဒီပုံစံနဲ့ ဆက်ပြီး မိုက်တွင်း နက်နေမယ် ဆို ကျွန်တော် အုတ်လှငယ် က တစ်ခုတော့ ပြောချင်ပါတယ် ဟုတ်ပါ့မလား Global Action for Burma ရယ် လို့ပါ။






အုတ်လှငယ်






Posted by Kyay Mon Online newspaper at 6:44 AM
http://www.kyaymon.eu.mn/

No comments: