Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 14 May 2009

BURMA DEMOCRATIC CONCNERN (BDC) မှ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂေါ်ဒန်ဘရောင်း ၏ ထုတ်ပြန်ကြေငြာချက် ကို နွေးထွေးစွာ ကြိုဆို

၁၄ ရက် မေလ ၂၀၀၉ တွင် BURMA DEMOCRATIC CONCNERN (BDC) မှ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂေါ်ဒန်ဘရောင်း ၏ ထုတ်ပြန်ကြေငြာချက် ကို နွေးထွေးစွာ ကြိုဆိုလိုက်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေများ နှင့် ပါတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ကို စစ်အဆိုးရမှ မတရား ဖမ်းဆီးထောင်ချမည့် ကိစ္စကို ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်း မှ အလွန်စိတ်ပျက်မိကြောင်း နှင့် ဆန့်ကျင်ရှုတ်ချကြောင်း ပြောကြားသွားခဲ့ပါ သည်။
မစ္စတာဂေါ်ဒန် ဘရောင်း ၏ ထုတ်ပြန်ကြေငြာချက် အပေါ်တွင် BURMA DEMOCRATIC CONCNERN (BDC) မှ ကြိုဆိုကြောင်း ကို BURMA DEMOCRATIC CONCNERN (BDC) ၏ ဒါရိုက်တာ် ကိုမျိုးသိန်း မှ ပြောကြားသွားခဲ့ပါသည်။ ဤ လုပ်ဆောင်မှုများသည် ပထမခြေလှမ်းသာ ဖြစ်ကြောင်း ၊ ပိုမို၍ ဆက်လက်လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ လက်တွေ့ကြသည့် လုပ်ဆောင်မှုများ လိုအပ်ကြောင်း တစ်ကမ္ဘာလုံးတွင် ရှိသောအခြားနိုင်ငံ ခေါင်းဆောင်များ မှလည်း မစ္စတာ ဂေါ်ဒန်ဘရောင်း ကဲသို့ ရဲရင့်စွာဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါသည်။
မြန်မာနိုင်ငံ ၏ အခြေအနေသည် အလွန်အရေး ကြီးသည် အချိန်ကိုရောက်ရှိနေ ပြီဖြစ်ပါသည်။ထို့ကြောင့် မြန်မာပြည်တွင် ဖြစ်ပေါ်နေသည့် မတရားမှု များကို ရပ်တန့်ရန် လုပ်ဆောင်ကြရမည်ဖြစ်ပါသညါ။ထို့ကြောင့် အမေရိကန် အစိုးရ ၊ ဥရောပ အစိုးရများ ၊ အာဆီယံ အစိုရများ အနေဖြင့် လည်း လုပ်ဆောင်ကြရမည် ဖြစ်သည်။အချိန်နာရီးများသည် သိပ်မရှိတော့ပါ ဟု ကို ကိုမျိုးသိန်း မှ ဆက်လက်ပြောကြားသွားခဲ့ပါသည်။
မစ္စတာ ဘရောင်း၏ ထုတ်ပြန်ကြေငြာချက် ကို ဤနေရာတွင်သွားရောက်ကြည့်ရှု့နိုင်ပါသည်။
ပိုမို၍ သတင်းအချက်အလက်များကို သိရှိလိုပါ က
ကိုမျိုးသိန်း

00-44-78 7788 2386
00-44-20 8493 9137
myothein@bdcburma.org
myothein19@gmail.com
[United Kingdom]

No comments: