Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 14 May 2009

အထွေထွေသပိတ်ဆင်နွဲမည်အားလုံးအသင့်ပြင်ထားကြ

အထွေထွေသပိတ်ဆင်နွဲမည်အားလုံးအသင့်ပြင်ထားကြ


ယနေ့မြန်မာနိုင်ငံသည်အားလုံးတက်ညီလက်ညီဖြင့်အထွေထွေသပိတ်ဆင်နွဲရမည့်အချိန်ရောက်နေပါပြီ။

န.အ.ဖစစ်မိစ္ဆာများ၏ဆိုးရွားမှုသည်တနေ့တချားပိုမိုဆိုးယွား ယုတ်မာလာပါသည်။

ပြည်သူလူထူကြီးတရပ်လုံးရှိခိုးပူဇော်ရာဖြစ်သောသံဃာတော်

များကိုပင်စစ်ဖိနပ်နဲ့ကန်ကျောက်၊၀ါးရင်းထုတ်နဲ့ရိုက်သတ်၊သေနတ်နဲ့ပစ်သတ်ကာ

ယုတ်မာချင်တိုင်းယုတ်မာနေကြပါသည်။ယခုထိသံဃာတော်အများအပြား န.အ.ဖ

အကျဉ်းထောင်ထဲတွင်အနှိပ်စက်ခံအညှင်းဆဲခံနေကြရဆဲဖြစ်ပါသည်။

အတွက်အကောက်ကြံကာ မိမိယူထားသောလုံခြုံရေးမိမိမှာတာဝန်ရှိတာကို

တခြားလွဲချကာ အကောက်ညံဆင်၍ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်

ထောင်သို့ပို့ချင်းသည် ငါတို့ကြိုက်တာလုပ်မည် ဘယ်သူမှဂရုစိုက်စရာမလိုဟု

ပြည်သူတစ်ရပ်လုံးကိုစော်ကားရာစိန်ခေါ်ရာရောက်နေပါသည်။သို့ပါ၍ အခု

န.အ.ဖ စစ်အစိုးရ၏ရိုင်းပြစော်ကားမှုများသည် အလွန်ဆိုးရွားနေပါသောကြောင့်

လာမည့်မေလ၃၀ရက်နေ့ကိုနောက်ဆုံးထားကာဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းသားများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပါ။

ယခုတောင်းဆိုထားသောအချက်ကိုမလိုက်နာပါကမေလ၃၁ရက်တနင်္ဂနွေနေ့မှ

စတင်ကာတစ်နိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန်အထွေထွေသပိတ် ဆင်နွဲမည်အားလုံးအသင့်ပြင်ထား ကြပါ။

* မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့*

No comments: