Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 4 March 2009

သိန်းစိန်ရဲ့ သမီး မင်္ဂလာဆောင်


နှစ်ဘက်သော မိဘများနာမည်တောင် မထည့်ရဲလောက်အောင် အကြောက်ကြီး ကြောက်ကြတဲ့ သိန်းစိန်ရဲ့ သမီး မင်္ဂလာဆောင် ကျေးဇူးတင်လွှာ ကြေညာချက်ကို နအဖပိုင် မြန်မာ့သတင်းစာထဲမှာ တွေ့ ရှိရပါတယ်။

သိန်းစိန်နဲ့  ဒေါ်ခင်ခင်ဝင်းတို့ရဲ့  သမီး မယဉ်သူဇာသိန်းက ဗိုလ်ကြီးဟန်ဝင်းအောင်နဲ့  လက်ထပ်တာ ဖြစ်ပါတယ်။ ဒီလို တိုးတိုးတိတ်တိတ်နဲ့ မင်္ဂလာဆောင်ကို နေပြည်တော်မှာ ကျင်းပခဲ့ရုံတင်မကဘူး သတင်းစာထဲမှာတောင် ဘယ်သူ ဘယ်ဝါသမီးမှန်း မသိရလောက်အောင် မိဘနာမည်တွေ မဖေါ်ပြရဲတာကတော့၊ သန်းရွှေရဲ့ သမီး သန္တာရွှေ မင်္ဂလာဆောင် ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပြီး စိန်စီသောည - ဗွီဒီယို မြန်မာပြည်တင်မက ကမ္ဘာပါ ပြန့် ခဲ့ ပြီး နအဖတွေရဲ့ မိသားစုတွေ ငွေကြေးဖြုန်းတီးမှုတွေ မတရားသောနည်းလမ်းများနဲ့  ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေကို လူအများ သြောချလောက်အောင် ကွက်ကွက်ကွင်းကွင်း သိမြင်ခဲ့ကြရတာကြောင့်မို့  - နောက်ထပ် စိန်စီသောည တစ်ည ထပ်မဖြစ်ရလေအောင် တိုးတိုးတိတ်တိတ် ခိုးကြောင်ခိုးဝှက်နဲ့  မင်္ဂလာဆောင်ဖို့  သန်းရွှေက တားမြစ်ပြောဆို ဟန့် တားခဲ့တာကြောင့်
ဖြစ်တယ်လို့  သိရှိရပါတယ်။

ဖြစ်မှဖြစ်ရလေ သိန်းစိန်ရယ်။ အရှင်လတ်လတ်ကြီး ရှိနေရက်သားနဲ့  သမီး မင်္ဂလာဆောင် ကြေညာချက်မှာတောင် မိဘနာမည် မပါရတဲ့ (ပါ မရတဲ့) အခြေအနေဆိုးပါလား။ အဖြစ်ဆိုးလှတဲ့ သိနိးစိန်ဘ၀ပါလား။ မသေခင်တောင် နာမည်ပျောက်ရတဲ့ သိန်းစိန်ပါလား။

ဒီလို ကြိတ်ပြီး သတင်းမီဒီယာတွေ မသိရလေအောင် မဖိတ်ခေါ်ရဲဘဲ တိုးတိုးတိတ်တိတ် မင်္ဂလာဆောင်အခမ်းအနားလုပ်ခဲ့တာဆိုပေမယ့်၊ မင်္ဂလာဆောင်ရက်နေ့  မတိုင်ခင်ကတည်းက သတင်းက အပြင်ကို ပြန့် ထွက်နေပြီးသားဆိုတာ သိန်းစိန် မသိရှာပါလား။ "ပြည်တွင်းမှာ အလုပ်တွေရှိတယ်လို့  ပြောတဲ့ ထိပ်ပြောင်ကြီးရဲ့  သမီး မင်္ဂလာဆောင်တော့မယ်" တဲ့ စကားတွေ သိန်းစိန်နဲ့  နီးစပ်တဲ့သူတွေဆီကနေတစ်ဆင့် စကားသံတွေ ပြည်သူအချို့ နားထဲ ကြားနေခဲ့ပြီးပါပြီ။

သိန်းစိန်သမီး မင်္ဂလာဆောင်ဖြစ်လို့  ကပ်ဖားယပ်ဖားလုပ်ချင်ကြတဲ့ စီးပွားရေးကိုယ်ကျိုးသမားကြီးတွေက မင်္ဂလာလက်ဖွဲ့ ဖို့ အတွက် အပြိုင်အဆိုင် ၀ယ်ယူကြလို့  ရန်ကုန်နဲ့  မန္တလေးက စိန်ဆိုင်ရွှေဆိုင်တွေ အတော့်ကို
ရောင်းကောင်းသွားတယ်ဆိုတဲ့ သတင်းကလည်း မင်္ဂလာဆောင်နေ့ ရက် မတိုင်မီ တစ်ပါတ်အလိုကတည်းက ပြန့် နှံ့ နေခဲ့ပါတယ်။ သန်းရွှေသမီး သန္တာရွှေ မင်္ဂလာဆောင်လက်ဖွဲ့ ပစ္စည်းပမာဏကို မမီပေမယ့် သိန်းစိန်ရဲ့  မျက်နှာနဲ့  စိန်ရွှေကျောက်သံလက်ဝတ်ရတနာတွေနဲ့  တိုက်တာအိုးအိမ် အစရှိတဲ့ လက်ဖွဲ့ တွေ အတော်များများ ရလိုက်တယ်လို့  မင်္ဂလာဆောင်ပွဲ တက်ရောက်ခဲ့ကြသူများက ပြောဆိုနေကြပါတယ်။

ဒါကြောင့် ဘယ်လောက်ဘဲ ဖုံးကွယ်ပြီး ခိုးကြောင်ခိုးဝှက်နဲ့  ကျင်းပပြုလုပ်ခဲ့ပေမယ့် သိန်းစိန် သမီး မင်္ဂလာဆောင်ပွဲအကြောင်း - စိန်စီသော ဒုတိယည - အဖြစ် ပေါ်ထွက်လာဦးမှာပါ။

No comments: