Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 4 November 2008

၂၀၁၀ အတွက် အားလုံး ပါဝင်၊ အားလုံး ဆင်နွှဲ


ရွှေဝါရောင် လှုပ်ရှားမှုမတိုင်ခင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူ သံဃာတော်များ သွေးမြေကျ နှိပ်စက်ခံရသဖြင့် သံဃာထု သွေးစည်းညီညွတ်ရေးနှင့် အာဏာပိုင်များကို သပိတ်မှောက်ကံဆောင်ရန် ကြေညာချက်များကို အနယ်နယ်အရပ်ရပ်သို့ ဖြန့်ချိသလို၊ မင်းသုည ကလောင်အမည်ဖြင့် လှုံ့ဆော်စာများ ရေးသားသဖြင့် လိုက်လံရှာဖွေခံရသောကြောင့် တိုင်းပြည်အတွင်း လှည့်ပတ်တိမ်းရှောင်ရင်း ပြီးခဲ့သည့်လက ဦးဇင်း ဦးဣသရိယ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာခဲ့သည်။

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာပြည် လွတ်လပ်ရေးရရှိရန် တာဝန်ရှိသည့် နိုင်ငံသားအားလုံးက ကြောက်စိတ်ကို ဖယ်ရှားပြီး တက်ညီလက်ညီ တိုက်ပွဲဝင်သွားရန်အတွက် ဦးဇင်း ဦးဣသရိယ ၏ မိန့်ကြားချက်များ အပါအ၀င် မဇ္ဈိမသတင်းထောက် ဇာနည်မှ မေးမြန်း လျှောက်ထားချက်များကို တင်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရူရန်

No comments: