Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 4 November 2008

ဗမာ့အရေးတော်ပုံ

(ဗမာ့အရေးတော်ပုံစာတန်း ရေးသားသူမှာ ရန်ကုန်မြို့မှ အင်ဂျင်နီယာ စက်ဆရာကြီး ဦးလှ ဖြစ်ပြီး ၁၃၀၀ ပြည့်နှစ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ မူရင်းအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။-အယ်ဒီတာ)

နိဒါန်း

ဤစာအုပ်ကိုရေးသားရခြင်းမှာ လက်ရှိ မြန်မာပြည်ခေါင်းဆောင်တို့သည် မြန်မာတိုင်းသူပြည်သားတို့အား လှည့်ဖြားပြီးလျင် မိမိတို့ ကိုယ်ကျိုးသာ ရှာနေကြသည်တကြောင်း။

ထိုပုဂ္ဂိုလ်တို့ကို အားပေးအားမြှောက်လုပ်နေသူ အလိုတော်ရိတို့မှာလည်း မိမိတို့နယ်၊ ရွာ၊ မြို့များတွင် အမျိုးသားချင်း လှည့်ဖြား၍၊ ကိုယ်ကျိုးရှာတို့ကိုမှီ၍၊ မိမိတို့ကိုယ်ကျိုးများကိုသာ လုပ်နေသဖြင့် မြန်မာလူမျိုးတောသူတောင်သားနှင့် အလုပ်သမားဆင်းရဲသား တို့မှာ တနေ့ထက်တနေ့ ဆင်းရဲလာကြသည်ကို တွေ့မြင်ရခြင်းကြောင့် လည်းကောင်း၊ ဤကိုယ်ကျိုးရှာတို့၏ ရန်မှ ရှောင်ရှားနိုင် ကြ၍ တကယ့်လွတ်လပ်ရေး၊ စီးပွားရေးတို့ကို လုပ်ကိုင်နိုင်ကြရန် မေတ္တာရှေ့ထား၍ ရေးသားလိုက်ရပါကြောင်း။

မောင်လှ
အင်ဂျင်နီယာ၊ အလုံ၊ ရန်ကုန်မြို့။

ဆက်လက်ဖတ်ရှုရန်


Newskhitpyaing မှ ရယူတင်ဆက်ပါသည်။ ရေးသားသူ မောင်လှ (အလုံ) အားအထူးကျေးဇူးတင်ရှိပါသည်။
B.D.C

No comments: