Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday, 23 October 2008

လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်

ပီတာအောင်

သတ္တိရှိရှိဖြင့် လွပ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့မှုများအတွက် လူရွှင်တော်ဇာဂနာကို ကနေဒါ ကလောင်ရှင်များအဖွဲ့ က One Humanity Award (တမျိုးတည်းသောလူသားဆု) ချီးမြှင့်လိုက်သည်။


လွပ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ် မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟုလူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။

ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကနေဒါကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက်ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက် ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဇာဂနာပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာ ချက်၌ ပြောသည်။

အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကိုကျော်ဖြတ်၍ မတူညီသည့်ယဉ် ကျေးမှုများအကြား လှုံ့ဆော်ဆက်သွယ်ပေါင်းကူးပေးရာ၌ ထူးကဲစွာဆောင်ရွက်နိုင်သူများ ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှုကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာဖော်ထုတ်ပြသရာ၌ မည်သည့်ကြားခံကိုမဆိုဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင် ရွက်ခြင်းတို့အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။

ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများပွဲ တော်ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာခုံ ကွက်လပ်တခုထား ပေးကာ ဂုဏ်ပြုသွားမည်ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။

ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ကြည်ဦး က ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကိုလုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကိုဆွမ်းကပ်တာတွေလုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်းကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ်နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘော တူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုးအနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကိုလုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့် အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပေး အပ်သည့် Lillian Hellman and Dashiell Hammett Grant ဆုရရှိခဲ့ဖူးသည်။

ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများဆောင်ရွက်ခွင့်ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ်စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်းခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာများမှ တဆင့် စစ်အစိုးရကို ထိထိမိမိ ဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံဖမ်းဆီးအကျဉ်းချခြင်းခံထားရသည်။

တိုးတက်မှု၏ သော့ချက်သည် ဒေါ်စုအား လွှတ်ပေးခြင်းပင်ဟု ဘန်ကီမွန်း ပြောကြား




ဆော်လမွန်

နယူးဒေလီ။ ။ မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်းသည် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အဓိက သော့ချက်ဖြစ်ကြောင်း ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယမန်နေ့က ပြောဆိုလိုက်သည်။

ကုလ အထွေအထွေ ညီလာခံသို့ တင်သွင်းသော မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သည့် သူ၏ အစီရင်ခံစာ၌ မြန်မာပြည်၏ အနာဂတ်တွင် သက်ဆိုင်သူ အားလုံး ပါဝင်နိုင်မှုကို သေချာနိုင်စေရန် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမှလွဲ၍ အခြားနည်းလမ်း မရှိကြောင်း ပြောဆိုရာတွင် ယခုလို ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် နူးညံ့သောလမ်းခွဲတခုသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းသော လမ်းစဉ်အပြင် အခြား စစ်မှန်သောနည်းလမ်း မရှိတော့ဘဲ၊ ယခုအချိန်သည် အစိုးရရော အတိုက်အခံများပါ တဦးနှင့်တဦး ဆွေးနွေးညှိနှိုင်းရန် နည်းလမ်းရှာဖွေ၍ တိုင်းပြည်၏ အကျိုးအတွက် အတူတကွ အလုပ်လုပ်ကြရမည်" ဟု အစီရင်ခံစာက ဆိုသည်။

အစီရင်ခံစာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ယခုနှစ် စက်တင်ဘာလ ၅ ရက်နေ့အထိ ကြားကာလအတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြခြင်းဖြစ်သည်။

နိုင်ငံရေးအရ အသေစွဲကိုင်ထားမှု မဟုတ်ဘဲ၊ ကွဲပြားသော နည်းလမ်းများအား ကြိုးစားရှာဖွေရန်အတွက် မြန်မာစစ်အစိုးရအား ဆက်လက်တိုက်တွန်းထားသော်လည်း အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုကို မှန်ကန်စွာ မတုံ့ပြန်ခဲ့သည့်အပေါ် အားမလိုအားမရ ဖြစ်ကြောင်း သူက ဖော်ပြထားသေးသည်။

မစ္စတာ ဘန်ကီမွန်းက "ဒီကိစ္စမှာတော့ ကံမကောင်းစွာဘဲ နိုင်ငံရေးလုပ်ငန်းစဉ် အဆင့်ဆင့်မှာ အားလုံး ပါဝင်လာနိုင်မှုနဲ့ ယုံကြည်အားထားရမှုတွေ တိုးတက်လာဖို့ ကုလသမဂ္ဂရဲ့ တိကျတဲ့ အကြံပေးချက်တွေကို စစ်အစိုးရက လက်ခံခဲ့ခြင်း မရှိခဲ့ပါဘူး" ဟု အစီရင်ခံစာထဲတွင် ထည့်သွင်းပြောဆိုထားသည်။

အစိုးရသည် သူ၏ လမ်းပြမြေပုံ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရန်ကြိုးစားနေသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ ပိုမိုရှုပ်ထွေးလာကာ စိန်ခေါ်မှုများ ပိုများလာသလို၊ ပို၍ပင် အကွဲအပြဲများ ဖြစ်လာနိုင်ပြီး လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်ခြင်းသာ ပိုတိုးလာသည်ဟု သူက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ကြိုဆိုပါသော်လည်း စစ်အစိုးရက ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကုလ၏ အားထုတ်မှုကို သေချာစေရန်နှင့် စစ်အစိုးရက ထိုသို့ မတုံ့ပြန်ခဲ့ပါက နောက်တမျိုး လုပ်ဆောင်ရန် နည်းလမ်းရှိဖို့လည်း ယခုလို တိုက်တွန်းလိုက်သည်။

သူက "ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ပူးပေါင်းဆောင်ရွက်မှသာ အဲ့ဒါဟာ အကျိုးရှိနိုင်မှာပါ။ မျှော်မှန်းထားသလို အဓိပ္ပာယ်မှန်ကန်တဲ့ တုံ့ပြန်မှုမျိုး မရှိခဲ့ရင် ကုလသမဂ္ဂအနေနဲ့ ဘာဆက်လုပ်ရမယ်ဆိုတဲ့ တခြားနည်းတခု လိုအပ်ပါလိမ့်မယ်" ဟု ပြောကြားသည်။

NLD ပါတီအနေနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပထမ ခြေလှမ်းအဖြစ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန် မစ္စတာဘန်ကီမွန်းက တောင်းဆိုသည်ကိုလည်း ကြိုဆိုသည်။

ဦးဥာဏ်ဝင်းက "ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးခဲ့ရင်တော့ ဒါဟာ ကောင်းမွန်တဲ့ စတင်မှုတခုဖြစ်ပြီး၊ အာဏာပိုင်တွေ ပြုလုပ်ပေးမယ့် တွေ့ဆုံဆွေးနွေးရေးဆီ သွားရာမှာ ပထမ ခြေလှမ်းတခုလည်း ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်" ဟု ပြောကြားသည်။

သို့သော်လည်း NLD သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြန်မာပြည်သို့ လာရောက်ခဲ့သော အထွေထွေ အတွင်းရေးမှူးချုပ်၏ နောက်ဆုံးခရီးစဉ်ကို "အကျိုးမရှိ" ဟု ပြောဆိုဝေဖန်လိုက်သည်။

"ကုလသမဂ္ဂဟာ အကျိုးရှိရှိ လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂဟာ ဒီကန့်သတ်မှုတွေ ရှိနေပေမယ့် စစ်အစိုးရကို ဆွေးနွေးတိုက်တွန်း ဖိအားပေးသင့်တယ်" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။


www.mizzimaburmese.com မှ ရယူပါသည်။

ရင်နင့်ဖွယ်ရာ မြင်ကွင်းများ

ငါတို့ပြည်သူတွေကို ဒီလိုအဖြစ်ဆိုးမျိုး နောက်ထပ် မကြုံတွေ့စေရန် နအဖ တွင် လုံးဝတာဝန်ရှိသည်။

13 Oct တွင် ဖြစ်ပွါးသော CNG ကားပေါက်ကွဲမှုမှ ပုံများဖြစ်ပါသည်။ မနှစ်မြို့ဘွယ်ရာများပါရှိ ပါသဖြင့် အသဲငယ်သူများ၊ စိတ်မခိုင်သူများ မကြည့်ရှု့ သင့်ပါ။ ဖြစ်ပွါးစဉ်ကို ခေါင်းစဉ်ကို click ၍ကြည့်ရှုနိုင်သည်။








Tuesday, 21 October 2008

တဖြေးဖြေး စစ်ရုံးနဲ့ နီးအောင် လာနေပြီ




နအဖဖိနှိပ်မှုမှ တိုင်းပြည်နှင့်လူမျိုးလွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်

ကိုနစ်နေမန်း Blog တွင် ယခင် တင်ထားဖူးသော post လေးပါ။ နအဖ ဖိနှိပ်မှုမှ လွတ်မြောက်ရန် မည်သည့်နည်းနှင့်မဆို (by all means) လုပ်ဆောင်ကြရန် ထပ်မံ နိုးဆော်အပ်ပါသည်။




Monday, 20 October 2008

နအဖ လုပ်ရပ်များ ဒီမိုကရေစီ နည်းလမ်းမကျ


ဒီမိုကရေစီအကြောင်း အနည်းငယ်မျှ ဖော်ပြချင်သည်။ အရပ်ဖက်စကားဖြင့် ဖွင့်ဆိုရလျှင် ဒီမိုကရေစီ ဆိုသည်မှာ လူအချင်းချင်း တန်းတူညီမျှစွာ လွတ်လွတ်လပ်လပ် နေထိုင် ပြောဆို ပြူမူနိုင်ကြသည် ဆိုသည့် လူအများ၏ ယုံကြည်အားထား ကျင့်သုံးရာမူ ဖြစ်သည်။

ဒီမိုကရေစီ ရှိသဖြင့် လူတို့သည် အများနှင့်တန်းတူ လွတ်လပ်စွာ သွားလာနေထိုင်နိုင်သည်။ ပြောဆို ဆွေးနွေးနိုင်သည်။ စာပေရေးသား ထုတ်ဝေနိုင်သည်။ ဟောပြောပို့ချ စည်းရုံးနိုင်သည်။ စီးပွားရှာနိုင် သည်။ ဘာသာတရား အားထုတ်နိုင်သည်။ ယဉ်ကျေးမှု ဓလေ့စရိုက်ကို ထိန်းသိမ်းပြန့်ပွားအောင် လုပ် နိုင်သည်။ မွေးရာပါ အခွင့်အရေးများ ပိုင်ဆိုင်ခွင့် ရှိသည်။ လူ့အခွင့်အရေးများ ခံစားပိုင်ခွင့် ရှိသည်။ တရားဥပဒေ စိုးမိုးမှုကို ခံစားပိုင်ခွင့် ရှိသည်။

နိုင်ငံရေးစကားဖြင့် ပြောဆိုရလျှင် ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့၏ ယုံကြည်အားထား ကျင့်သုံးရာ မူကို အခြေခံသည့် အစိုးရ အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ ထိုအစိုးရ အုပ်ချုပ်ရေးများ၌ ပြည်သူလူထု အများစုက ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်နေရသည်။ သို့မဟုတ် လည်း ပြည်သူများက တိုက်ရိုက် ပါဝင်နေရသည်။

ဒီမိုကရေစီသည် လူအများစု၏ သဘောတူညီမှု ရှိနေသော အုပ်ချုပ်ရေးစနစ်လည်း ဖြစ်သည်။ အုပ်ချုပ် ခံရသူတို့၏ သဘောတူညီမှုအရ ရွေးချယ်တင်မြှောက်ထားသူတို့က ကိုယ်စားအုပ်ချုပ်ပေးရသည်။ ကိုယ်စားပြု အစိုးရ အုပ်ချုပ်ရေးစနစ် ဟုလည်းခေါ်သည်။

လူထုက တင်မြှောက်ထားသော အစိုးရဖြစ်သဖြင့် လူထုအကျိုးစီးပွားကို မလုပ်ပေးနိုင်သော အစိုးရ ဖြစ်သွားလျှင် လူထုက ဖြုတ်ချပိုင်ခွင့် ရှိသည်။

ဒီမိုကရေစီစနစ်တွင် အစိုးရက အုပ်ချုပ်ခံပြည်သူအားလုံးတို့၏ လူ့အခွင့်အရေးကို အပြည့်အဝ လေးစား လိုက်နာရုံသာမက ခေတ်ကာလ အခြေအနေအလိုက် လူ့အခွင့်အရေးများကို ကောင်းသထက် ကောင်း အောင် ထိန်းသိမ်းပေးရသည့်တာဝန်ရှိသည်။ ထိုတာဝန်ကို မထမ်းဆောင်နိုင်သော အစိုးရသည် ချက်ချင်းပင် နှုတ်ထွက်ပေးရသည်။

ဒီမိုကရေစီ၏ နောက်ထပ်ကောင်းကွက်တခုမှာ တရားဥပဒေ စိုးမိုးမှု (Rule of law) ရှိနေခြင်း ဖြစ်သည်။ အစိုးရနှင့်တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က နိုင်ငံအတွင်း တစက္ကန့်မလပ် တရားဥပဒေ စိုးမိုးနေအောင် အပြည့်အဝ ထိန်းသိမ်းပေးရန် တာဝန်ရှိသည်။ ထိုသို့ဖြစ်နေအောင်လည်း လူထုက ထောက်ခံ အတည်ပြုထားသော ခိုင်မာသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ အသုံးချနိုင် ခွင့်က ရှိနေရသည်။

“တရားဥပဒေ အထက်တွင် မည်သူမျှ မရှိ” ဆိုသည်မှာ ဒီမိုကရေစီစနစ် အမှန်တကယ် ထွန်းကားသော နိုင်ငံတို့တွင်သာ ရှိသည်။ အုပ်ချုပ်ခံ ပြည်သူတို့အတွက် အလွန် အားထားရသည့် အကာအကွယ် ဖြစ်သည်။

ပြည်သူတို့သည် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်း၌ လွတ်လပ်စွာ နေနိုင်ကြသည်။ ထိုဘောင်အတွင်း ရှိနေသမျှ ကာလပတ်လုံး မည်သည့်အာဏာပိုင် အဖွဲ့အစည်းကမျှ တရားလက်လွတ် အုပ်ချုပ်စေခိုင်း၍ မရနိုင်။ ဖမ်းဆီးချုပ်နှောင်၍ မရနိုင်။ တရားမဲ့ ပြုကျင့်သူမှန်သမျှ တရားဥပဒေက မျက်ကွယ်ပြုရိုး မရှိ။ နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်မှအစ မည်သူမဆို နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက် မရနိုင်လောက်အောင် တရားဥပဒေ စိုးမိုးသည်မှာ ဒီမိုကရေစီကြောင့် ဖြစ်သည်။

တရားသူကြီးများသည် မည်သူ့မျက်နှာမျှ မကြည့်ပဲ လွတ်လပ်စွာ တရားစီရင်နိုင်ကြသည်။ သူတို့၏ ဆုံးဖြတ်ချက်များအတွက် အလုပ်ရာထူးများကို ထိခိုက်စေခြင်းမရှိပဲ အာမခံထားသည်။ တရားသူကြီး ချုပ်၊ တရားလွှတ်တော်ချုပ်၊ ရှေ့နေချုပ် အစရှိသည့် တရားဥပဒေရေးရာတွင် အမြင့်ဆုံးသူတို့အား မည်သူကပင်ခန့်ခန့်၊ ပြည်သူတို့ ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့လွှတ်တော် (ပါလီမန်)က သဘောတူမှ အတည်ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူတို့၏ သဘောတူညီမှုဖြင့် တရားမျှတစွာ စီရင်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။

နိုင်ငံ၏ အချုပ်အခြာအာဏာ သုံးရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့တွင် မည်သည့်ကဏ္ဍမဆို ဒီမိုကရေစီ မူဘောင်နှင့် အနည်းငယ်မျှပင် မလွတ်ကင်းစေပဲ ရှိနေစေရသည်။ ထိုအာဏာသုံးရပ်အပြင် စတုတ္ထမဏ္ဍိုင်ဟု တင်စားရသည့် မီဒီယာကိုလည်း လွတ်လပ်ခွင့် အပြည့်အဝ ပေးထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ မည်သည့်နေရာကို မည်သည့်အချိန်ကြည့်ကြည့် ဤသို့သော ဒီမိုကရေစီကို တည်ဆောက်ပေးနေသည့် အစပျိုး လုပ်ငန်းများကိုပင် မတွေ့ရနိုင်သေးပဲ ဖြစ်နေသည်။

လွတ်လပ်၍ သမာသမတ် ရှိသော ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း (၂ဝ)အတွင်း နအဖ အာဏာပိုင်တို့ လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ အဓိကလုပ်ငန်းစဉ်များမှ အရေးပါသည့် အောက်ပါ (၅)ချက်ကို ကြည့်ပါ။

  1. ၁၉၉ဝ ရွေးကောက်ပွဲတွင် ပြည်သူတို့က ဒီမိုကရေစီ နည်းလမ်းကျစွာ ရွေးချယ်တင်မြှောက် ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော် (ပါလီမန်)ကို ခေါ်ယူ၍ အစိုးရ မဖွဲ့စည်းနိုင်အောင် နည်းအမျိုးမျိုးဖြင့် ပိတ်ဆို့ထားသည်။
  2. အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား နိုင်ငံရေး လုပ်ဆောင်ခွင့်များကို တင်းကြပ်စွာ ဖြိုခွဲ ချုပ်နှောင်ထားသည်။
  3. အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို မပါဝင်စေပဲ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို (၁၄)နှစ်ကြာအောင် နအဖက သူတို့စိတ်ကြိုက် အတင်းအဓမ္မ ရေးဆွဲနေခဲ့သည်။
  4. ၂ဝဝ၇ ခုနှစ်တွင် မသမာသော နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံလုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ အဆိုပါ အခြေခံ ဥပဒေမူကြမ်းကို ပြည်သူတို့အား အတင်းအဓမ္မ ထောက်ခံစေခဲ့သည်။
  5. လူထုက ထောက်ခံသည်ဟု နအဖက တဖက်သပ် ကြေညာထားသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၂ဝ၁ဝ ခုနှစ်၌ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ) ရွေးကောက်ပွဲ ကျင်းပ၍ လွှတ်တော်ခေါ်ယူကာ အစိုးရဖွဲ့မည်၊ စစ်အစိုးရက အရပ်ဖက်သို့ အာဏာလွှဲ ပြောင်းပေးမည်ဟု နအဖကပင် ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ဖော်ဆောင်ပါမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကမ္ဘာသိ ကြေညာ နေသော်လည်း သူဦးဆောင်သော နအဖ စစ်အစိုးရမှ လက်တွေ့ လုပ်ဆောင်ခဲ့သည်များမှာ ဒီမိုကရေစီ၏ အခြေခံမူများနှင့် လုံးလုံးကွဲပြားလျက် ရှိနေသည်ကို တွေ့ရသည်။

လွင်အောင်စိုး

ရွေပြည်သာမှာ ဗုံးကွဲ တစ်ဦးသေ

ရန်ကုန်မှာ စနေ တနင်္ဂနွေ ဗုံး (၂) လုံးပေါက်ကွဲ၊ လူ (၁) ဦးသေ

ဒါ ဒုတိယဗုံးပါဗျာ ။ ပထမဗုံးက စနေနေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်က ဘောက်ထော်မြို့နယ် တပ်မတော် မှတ်တမ်းရုံးရှေ့ လဟာပြင် ဘောလုံးကွင်းအတွင်း မှာ ပေါက်ကွဲမှု ခဲ့ပြီး လူ အသေအပျောက်မရှိ ဟုသိရပါတယ်။. ဒုတိယ အကြိမ် ကတော့ ရွှေပြည်သာ မှာ တနင်္ဂနွေနေ့ ညနေ ၅း ၃၀ ခန့် ကပေါက်ကွဲပြီး လူတဦး သေတယ်ဆိုပါတယ်.။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူနေရပ်ကွက်အတွင်း၌ ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က ဗုံး (၁) လုံး ပေါက်ကွဲပြီး လူ (၁) ဦး သေဆုံးသွားကြောင်း မြောက်ပိုင်းခရိုင် တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။

ရွှေပြည်သာမြို့ နယ် (၁၈) ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် ၂၉၈ (က) အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အိမ်ရှင် အဘ ဦးမြအုန်း၏ သား အသက် (၃၅) နှစ်အရွယ် ကတုံး (ခ) သက်ဦးဝင်း ဗိုက်ပေါက် သေဆုံးသွားသည်ဟု ရဲကပြောသည်။

အဆိုပါအိမ်၌ သားအဖ (၂) ဦးသာ နေထိုင်ပြီး ဖခင် တရားစခန်းသွားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကွဲမှုကြောင့် အိမ်ရှေ့အဖီ အမိုးသွပ်များပါ ပွင့်ထွက်သွားကြောင်းနှင့် ထိုအိမ်၌ပင် နောက်ထပ်ဗုံး (၃) လုံး ကို အာဏာပိုင်များက ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေပြည်သာ မြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ်တဦးက “ဒီလိုပေါက်ကွဲမှုဟာ အိမ်ထဲမှာ ဖြစ်တဲ့အတွက်ရော၊ နောက်ထပ် ဗုံးတွေတွေ့တဲ့အတွက်ရော ဒီလူဟာ ဖောက်ခွဲရေးသမား ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အကြောင်းစုံ ကိုတော့ စုံစမ်းနေဆဲပါ” ဟု ပြောကြားသည်။

အလားတူ စနေနေ့ ည (၇) နာရီ မိနစ် (၅၀) ခန့် ကလည်း ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ တပ်မတော်မှတ်တမ်း ရုံးရှေ့ ဘောလုံးကွင်းအတွင်း၌ ဗုံး (၁) လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ရန်ကင်းမြို့ နယ် ကြံ့ဖွံ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။ ထိုနေရာ၌ပင် နောက်ထပ်ဗုံး (၁) လုံးကိုတွေ့ရှိပြီး မပေါက်ကွဲမီ တားမြစ်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ရန်ကုန်မြို့၌ အသေးစားဗုံးပေါက်ကွဲမှုများနှင့် မတော်တဆပေါက်ကွဲမှုများ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး သေဆုံးဒဏ်ရာရှိမှုများလည်း ဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ တိုက်ကြီး-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ် ဂတ်စ်အိုးပေါက်ကွဲခဲ့ပြီး လူ (၇) သေဆုံးရသည်။ ပြီးခဲ့သည့်လ (၂၅) ရက်လည်း ရန်ကုန်မြို့ မြို့တော်ခမ်းမအနီး မဟာဗန္ဓုလ ပန်းခြံရှေ့ ကားမှတ် တိုင်၌ ဗုံးတလုံးပေါက်ကွဲပြီး လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

ဗုံးကွဲမှုအများအပြားအနက် ပြီးခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ရွှေပြည်သာကြံ့ဖွံ့ရုံးပေါက်ကွဲမှုကိုသာ အန်အယ်လ်ဒီပါတီဝင်များ၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး အခြားဗုံးပေါက်ကွဲမှု အများစုမှာ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟုသာ စစ်အစိုးရက စွပ်စွဲလေ့ရှိသည်။

NEJ / ၂၀ အောက်တိုဘာ ၂၀၀၈

Saturday, 18 October 2008

Small bomb explodes near football field in Yangon

YANGON, Oct 18, 2008 (AFP) - A small bomb exploded near a football field in northeast Yangon late Saturday, a Myanmar police official said, causing minor damage but no injuries.
"No one was hurt or killed in the bomb blast," said a police official who did not want to be named as he was not authorised to talk to the media.

The blast hit at about 8:00 pm (1330 GMT), and police immediately sealed off the area, an AFP correspondent on the scene said.

Saturday's incident follows four blasts last month, one of which killed two people and wounded 10 at a video cafe also northeast of Yangon.

Myanmar's junta has in the past blamed similar explosions on armed exile groups or ethnic rebels who have been battling the military rulers for decades.

State-run media has also begun blaming blasts on democracy activists, accusing two members of detained opposition leader Aung San Suu Kyi's National League for Democracy (NLD) of bombing pro-government offices in July.

အထိန်းအသိမ်း ထပ်မံခံနေရသော ကျောင်းသားခေါင်းဆောင်၊ ပြည်သူလူထု ခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့ အား အထူးလေးစားစွာ ဂုဏ်ပြုပါသည်။

ကိုမင်းကိုနိုင်၏ မွေးနေ့  - အောက်တိုဘာလ (၁၈) ရက်နေ့ ။













ကိုမင်းကိုနိုင်၏ ကိုယ်ရေးအထ္ထုပ္ပတ္တိအကျဉ်း။


ကိုမင်းကိုနိုင်ဟာ နာမည်ရင်း ဖြစ်တဲ့ ပေါ်ဦးထွန်း အမည်နဲ့  ၁၉၈၈ ခုနှစ်မတိုင်ခင်က သင်္ကြန်သံချပ်အဖွဲ့ ဖြစ်တဲ့ “ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ” ဆိုတဲ့ သံချပ်အဖွဲ့ မှာ ပါဝင်ခဲ့ပါတယ်။

နာမည်ကျော်ကြားတဲ့ “ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ” ဆိုတဲ့ သံချပ်အဖွဲ့ ဟာ နေ၀င်း ဦးဆောင်တဲ့ တစ်ပါတီ အာဏာရှင် မဆလပါတီနဲ့  လက်အောက်ဘက်တော်သားများရဲ့  ညံ့ဖျင်းလှတဲ့ အုပ်ချူပ်မှု ယန္တယားနဲ့  လဘ်ပေးလဘ်ယူမှုကိစ္စတွေကို အထူးဝေဖန်ပြောဆိုခဲ့တဲ့ ပြည်သူလူထု သောင်းသောင်းဖြဖြ အားပေးခဲ့တဲ့ သံချပ်အဖွဲ့ တစ်ဖွဲ့  ဖြစ်ပါတယ်။
























ကိုမင်းကိုနိုင်မှ ဖေါ်ကျူးသော လက်တွေ့ ဖြစ်ပျက်နေသည့် အကြောင်း။














Happy Birthday Ko Min Ko Naing

Min Ko Naing is the leader of the ABFSU, All Burma Federation of Student Unions. Since the Burmese uprising in 1988 he has been one of the leaders of the democracy movement in Burma, and he has been in prison aprox. 17 years because of this. The prominent student leader was again arrested in August 2007, and remain in prison today.

Between January 2007 and August 2007, Min Ko Naing was free. He then set up the 88 Generation group together with other leaders from the democracy movement.

Because of his time spent in isolation cell, Min Ko Naing har severe trouble with his hearing. The student leader also suffers from a bad eye infection in prison.

ကိုမင်းကိုနိုင်၏ ဓါတ်ပုံများကို အောက်ပါ link မှတဆင့်သွားရောက်ကြည့်ရှု့နိုင်ပါသည်။

http://picasaweb.google.com.au/niknayman.niknayman/MinKoNaing#5258062839142201810


ကိုမင်းကိုနိုင် ရဲ့ မိန့်ခွန်း

လူမုန်လာဥ၊ လူကြက်ဥ နဲ့ လူလက်ဖက်ခြောက်

သူငယ်ချင်းတစ်ယောက် ရဲ့ Mail မှ ရရှိသော ဘဝနဲ့လောကဓံ အတွက် ဥပမာပေး ဇာတ်လမ်းလေးပါ။ စာဖတ်သူတစ်ဦးခြင်းစီရဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေပေါ်မူတည်ပြီး အဓ္ဓိပါယ်အမျိုးမျိုး သတ်မှတ်နိုင်ပါတယ်။ ဖတ်ကြည့်ပြီးမှဆုံးဖြတ်ပါ.....


တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့။ တစ်နေ့မှာသမီးလုပ်တဲ့သူက အဖေကိုတိုင်တည်တယ်။ သူ့ဘဝမှာအဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကိုလက်လျှော့ချင်စိတ်ကပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာမောလှပါပြီ၊ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခုပြေလည်သွားလို့မှ မနားရသေးဘူး နောက်ထပ်ပြဿနာတစ်ခုက ထပ်တက်လာနဲ့ ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲဇောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်၊ သမီးတော့စိတ်ညစ်တယ် လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသည်ဖြင့်ဖအေကိုတိုင်တည်ရင်း ညည်းရှာတယ်။

ဖအေလုပ်တဲ့လူက စာဖိုမှူးကြီးပါ။ သမီးကလည်း အဲဒီလို ညည်းညူတိုင်တည်လာရောဖအေက ဘာမပြောညာမပြောနဲ့သမီးကိုလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့အိုးသုံးလုံးထဲကိုရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာတည်လိုက်တယ်။ မကြာပါဘူး။ မီးတွေကပြင်းတော့သုံးအိုးစလုံးထဲကနေရေတွေက ပွက်ပွက်ဆူလာတော့တာပေါ့။ ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။ ပြီးတော့အိုးတွေကို ဒီအတိုင်းဆက်တည်ထားလိုက်တယ်။ စကားတော့တစ်လုံးမှမပြောဘူး။ သမီးလုပ်တဲ့သူက ဖေဖေ့နှယ်ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်းစိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမဲ့ဘာကိုမဆိုအကြောင်းမဲ့မလုပ်တတ်တဲ့ ဖအေ့အကြောင်းကိုသိထားတော့အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲစောင့်နေရပါတော့တယ်။

ဆယ်မိနစ်လောက်ကြာတော့ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကိုသတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်းဆယ်ပြီးတခြားပန်းကန်ထဲထည့်တယ်။ နောက်ဆုံးအိုးထဲကလက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဖက်ကိုလှည့်ပြီးမေးလိုက်တယ်။

" ကဲ .. သမီးလေးရေ၊ ဒါတွေကဘာတွေလဲ.. "

" မုန်လာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ.. "

သမီးကအဲဒီလိုဖြေလိုက်တော့ဖအေကသမီးကိုသူ့နားလာခိုင်းပြီး မုန်လာဥတွေကိုစမ်းခိုင်းတယ်။ သမီးကဖအေခိုင်းတဲ့အတိုင်း မုန်လာဥပြုတ်တွေကိုဇွန်းနဲ့ထိုးကြည့်ပြီးနောက် " ဖေဖေ့မုန်လာဥတွေက ပျော့ပြဲနေပြီ.. " လို့ပြောလိုက်ပါတယ်။

ဖအေက သမီးစကားကိုအမှုမထားပဲကြက်ဥပြုတ်တစ်လုံးကိုယူပြီးသမီးကိုခွဲခိုင်းပြန်တယ်။ အပေါ်ကအကာကိုခွာလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ကြက်ဥပြုတ်ပေါ့။

နောက်ဆုံးမှာတော့ ရေနွေးကြမ်းကိုမြည်းကြည့်ဖို့ဖအေကခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်မိနေရင်းကနေဖအေခိုင်းတဲ့အတိုင်းအငွေ့တထောင်းထောင်းထနေတဲ့ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့မြည်းလိုက်လိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီးအရသာရှိတဲ့လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။

"ဖေဖေဘာကိုပြောချင်တာလဲဟင်…" လက်ဖက်ရည်ကြမ်းကိုအရသာခံရင်း သမီးကမအောင့်နိုင်တောပဲ မေးလိုက်ရပါတော့တယ်။

ဖအေကရှင်းပြတယ်။

" မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့မတူတဲ့အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူတုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။

မုန်လာဥဟာရေနွေးထဲမရောက်ခင်တုန်းကတော သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ.. ဒါပေမဲ့ ရေနွေးနဲ့လည်းအပြုတ်ခံလိုက်ရရော တစ်ခါတည်းကိုပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ။

ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်ကအထိမခံဘူး ထိလိုက်တာနဲ့ဖတ်ခနဲကွဲမှာအသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲကအရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကိုကာရံထားရတဲ့အနေအထားပေါ့။ ဒါပေမဲ့ရေနွေးဆူဆူထဲမှာလည်းကြာကြာလေးနေလိုက်ရရော အဲဒီပျော့အိအိအတွင်းသားတွေအားလုံးမာကုန်တာပဲမဟုတ်လားသမီးရဲ့..။

အေး.. လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်သွားရော အဲဒီပွက်ပွက်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပစ်လိုက်တယ်။

ကဲ.. အဖေ့သမီးကရော ဘာလဲ။ မုန်လာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့လူတိုင်းရင်ဆိုင်ကြရတာပဲသမီး။ အဲဒီလောကဓံနဲ့နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုန်လာဥလိုတုံ့ပြန်မလား၊ ကြက်ဥလိုတုံ့ပြန်မလား၊ လက်ဖက်ခြောက်လိုတုံ့ပြန်မလား သမီးဘာသာစဉ်းစားပေတော့ကွယ်။"

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ စာဖတ်သူလူကြီးမင်းကရောဘယ်လိုပါလဲ။

အပြင်ပန်းအမြင်မှာတော့ မုန်လာဥလိုမာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့ လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီးအားကုန်သွားမယ့်လူစားမျိုးပါလား။

ဒါမှမဟုတ်ကြက်ဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်ရှလွယ်တယ်။ စိတ်ကလည်းပျော့တယ်။ ဒါပေမဲ့သေခြင်းတရားလို ရှင်ကွဲကွဲတာလို ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားပြီးရတဲ့နောက်မှာတော့ နင်လားဟဲ့.. လောကဓံဆိုတဲ့စိတ်ဓာတ်၊ ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော တောင့်တင်းတင်းကြီးဖြစ်သွားမယ့်လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာသိပ်မကွာလှပေမယ့် အတွင်းမှာခါးသီးမာကျောနေတဲ့နှလုံးသားနဲ့လူများဖြစ်နေမှာလား။

ဒါမှမဟုတ်စာဖတ်သူလူကြီးမင်းဟာ လက်ဖက်ခြောက်လိုလူစားမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေအရှိန်တက်လေလေ အရည်အချင်းတွေပိုရှိလာလေဖြစ်ပြီးကိုယ့်ပတ်ဝန်းကျင်အတွက်ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိမ့်မယ်။

ကဲ.. စာဖတ်သူလူကြီးမင်း လောကဓံကိုဘယ်လိုရင်ဆိုင်မယ်စိတ်ကူးပါသလဲ။ စာဖတ်သူဟာ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။

Thursday, 16 October 2008

မမေ့နဲ့ဟေ့!




Wednesday, 15 October 2008

ဒါလား ဒို့ချစ်တဲ့ အမိမြေ?


Demonstration infront UN offices on 24th October

Burma Democratic Concern As 2008 is drawing near to an end, we have only ONE year before 2010 when military Generals are planning to hold another elections in which they have set everything to make sure to win the election and it would not be free and fair.If we cannot stop their game plan of 2010 elections, Burma would be under military rule forever and ever and ever.

A tremendous responsibility rests upon the United Nations Organisation to a far better end, and we are looking for a more positive and bolder lead of the United Nations as military regime is trying to nullify the results of the 1990 elections, result in which National League for Democracy led by Aung San Suu Kyi won the landslide victory, by planning to hold another elections in 2010.This is time to take actions and not words. Military regime bought the time for 20 years and we should not let it happen anymore.UN General Assembly has since 1991 passed successive annual Resolutions calling on Burma "to restore democracy and implement the results of the 1990 elections".

"If this country is to achieve genuine democracy, the result of the elections of 1990 must be recognized. It must be recognized by the military regime, as it has been recognized by the people, and by the world at large. It is through this recognition that we will be able to make genuine progress in Burma. The results of the 1990 General Elections must be implemented is a resolution already taken by the United Nations. We already know that the General Assembly of the United Nations has accepted the notion that the will of the people has been expressed in the 1990 General Elections. This is something we cannot abandon. It will be to the detriment of our country if after an election has been held the results are not honoured and we do not resist attempts to trivialise it", once Aung San Suu Kyi insisted.
United Nations' Secretary General Ban Ki-Moon must press Burmese military regime to release all political prisoners including Aung San Suu Kyi, to allow elected MPs of 1990 elections to convene the People's Assembly, to take place meaningful time-bound genuine dialogue between democratic forces led by Aung San Suu Kyi and junta's supreme leader Gen. Than Shwe and to drop 2010 elections game plan before honouring the 1990 elections results.
There will be demonstration infront UNHCR office in UK on 24th October 2008.(There is no UN office in London and we have to choose to do demo in front of the UNHCR office).We would like to urge to all who are concerning about Burma's Freedom, please participate in your respective countries and let's hold our hands together for freedom. We will keep on posting details of which countries will take part.

Date: 24th October 2008
Time: 10:00 am-11:30 am
Place: The UN Refugee Agency (UNHCR)
Strand Bridge House
138 - 142 Strand Road
London
WC2R 1HH

Photo Opportunities

1)There will be a display of Big Golden Kamauk (Kamauk is a wide-brimmed farmers hat, made of Bamboo & which became the symbol of NLD as a silent protest )

2)Demonstrators who are attending will wear Burmese Traditional Pinni Jacket and Yaw Longyi to reflect the solidarity of Daw Aung San Suu Kyi's winning party NLD and Burmese people.Wearing Burmese traditional kamauk and Kachin Longyis will also reflect the political positions in Burma.

3)Impersonating Daw Aung San Suu Kyi, who had been sacrificing for freedom of 50 millions Burmese people.4)Impersonating Buddhist monk, who will represent as the whole Burmese Buddhist monks.

Tuesday, 14 October 2008

သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )

ဒီလိုမင်္ဂလာရှိတဲ့ နေ့မျိုးမှာ... မင်္ဂလာအပေါင်းနဲ့ပြည့်စုံဖို့ ...ရေးနေ၊တွေးနေကျ၊ နိုင်ငံရေးစကားလုံးမပါ တဲ့ post လေးတင်ဖြစ်ခဲ့ပါတယ်။


ဪ..... လူ့ပြည်လောက၊
လူ့ဘဝကား၊ အိုရနာရ၊
သေဦးမည်၊ မှန်ပေသည်တည်း။
~~~
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်မြတ်၊
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
~~~
သင် ... ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်၊ ဝင်းချက်၊
ကျန်စေသတည်း။

ဇော်ဂျီ (၁၉၃၅)


...ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။

...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊ ...ပြာမှိန်လျက် မြူချေဆိုင်း .. ။

...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ............ ။


သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည် ။မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့် ရှင်အရဟံ တို့ ၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့ တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊ ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည် ။ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ ၊နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော ၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏ ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက် ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏ အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့ သည်လည်း ..`ကောင်းသောအကြံ ၊မှန်သောအကျင့် ၊သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆုတောင်းဆန္ဒပြုလိုက်ပါသည်..။



*** အဘိဓမ္မာ အခါတော်နေ့ လက်ဆောင်လေးပို့ပေးတဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်။

Monday, 13 October 2008

ဒီမိုကရေစီရေး လှုပ်ရှားသူလူငယ်များ ထပ်မံအဖမ်းခံရ

အောက်တိုဘာ ၁၃၊ ၂၀၀၈

မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave-GW) မှ အဖွဲ့ဝင် ၄ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦးကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်တအိမ်တွင် ဖမ်းဆီးသွားကြောင်း GW အဖွဲ့က ပြောသည်။

GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲသူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အပါအဝင် နေအိမ်ရှိအိမ်သားများနှင့် အလည် အပတ်ရောက်ရှိနေသည့် ဧည့်သည်များကို ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် ၎င်းတောင်ဥက္ကလာပနေအိမ်ကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီး သွားခြင်း ဖြစ်သည်။

GW ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက “လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတမ်းအပိုင်းတွေနဲ့ လှုပ်ရှားမှုမှတ်တမ်းတင်ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုပါ သိမ်းဆည်းသွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုလ ၉ ရက်နေ့က ရန်ကုန်နှင့် တခြားသော မြို့ကြီးများတွင် GW ဖွဲ့စည်းသည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် “စစ်အာဏာရှင် အဆုံးသတ် ၂၀၀၈” ဟု ရေးသားထားသော တလက်မခွဲပတ်လည်ရှိ စာရွက်ပိုင်းများကို ဖြန့်ဝေခဲ့ကြရာ ရန်ကုန်ရှိအဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

GW အဖွဲ့ကို စတင်တည်ထောင်သူများတွင် ထင်ရှားသည့် ရက်ပ်အဆိုတော် ကိုဇေယျာသော်လည်းပါဝင်ပြီး စစ်အစိုးရက ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ဦးနှင့် ကိုစောမောင် အပါအ၀င်အဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်အစိုးရက ဖမ်းဆီးထားသည်။
GW တနှစ်ပြည့်တွင် ဖြန့်ဝေသည့်စာရွက်ပါပုံ -->
လွန်ခဲ့သည့် စက်တင်ဘာလ ၃ရက်နေ့က အဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားသော GW အဖွဲ့ဝင် ကိုကျော်ဦးကိုလည်း မတရားအသင်း ဖွဲ့စည်းမှုနှင့် နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ရန်ကုန် ဘားလမ်းရှိ ဗဟိုတရားရုံးတွင် ရုံးထုတ် ကြောင်း သိရသည်။ ၎င်းအား ကြည့်မြင်တိုင် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

“အခြေခံ လူ့အခွင့်ရေးတွေမရှိဘဲ အခုလို အာဏာပိုင်တွေက တရားဥပဒေမဲ့ ဆက်တိုက် ဖမ်းဆီးနေတာဟာ လက်ရှိ နအဖရဲ့ လမ်းပြမြေပုံ ၇ ချက်နဲ့ ဒီမိုကကရေစီလမ်းစဉ်ကို ဖော်ဆောင်နေပါတယ် ဆိုတာဟာ ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိပါဘူး။ ဒီလိုပဲ ဒီဥပဒေအရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ယုံကြည်နိုင်စရာမရှိပါဘူး” ဟု ကိုမိုဃ်းသွေးက ပြောသည်။ ယခုလို ဖမ်းဆီးနေသော်လည်း GW အဖွဲ့၏ အကြမ်းမဖက်လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ဆက်လက်၍အရှိန်မြှင့် တော်လှန်ဆန့်ကျင်သွားမည်ဖြစ်ဟု GW ထုတ်ပြန်ကြေညာချက်များတွင် ဖော်ပြထားသည်။

ရန်ကုန် ဗုံးပေါက်ကွဲမှုနောက်ဆုံးသတင်း

ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်သီရိမင်္ဂလာဈေး - တိုက်ကြီး အဝေးပြေး ဟိုင်းလတ်စ်ကားတစီး ပေါက်ကွဲမှု ဖြစ်ပြီး လူ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်။တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာဈေးသို့ ထွက်ခွာလာသော ယာဉ်လိုင်းအမှတ် ၁၃၂၊ ယာဉ် အမှတ် ပ/ ၁၆၀၂ အဝေးပြေး မော်တော်ယာဉ် ဟိုင်းလတ်စ်ကားသည် ရန်ကုန်တိုင်း အင်းစိန် မြို့နယ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးရုံးရှေ့ (FAO) နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင်စက်မှုတက္ကသိုလ်) ရှေ့အရောက် ပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစီးလုံး လွင့်စဉ် ထွက်သွားကြောင်း သတင်းရရှိသည်။
“အခုပဲသတင်းဝင်လာတယ်။ တိုက်ကြီးကားဖြစ်တာ။ ဗုံးလား၊ ဂတ်စ်အိုးပေါက်တာလား မသိသေးဘူး။ လူကတော့ ကားပေါ် ပါတာအကုန်သေတယ်လို့ သတင်းရထားတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတဦးက နံနက် ၃ နာရီ ၅ မိနစ်တွင် ပြောသည်။ပေါက်ကွဲမှုဖြစ်ပွားပြီး ၅ မိနစ်ကျော်ခန့် အကြာတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း ၄ လမ်း၌ နေထိုင်သူ တဦးက ပြောသည်။“ဖြစ်တဲ့အချိန်က ၀ုန်း ဆိုတဲ့ အသံကြီးကြားလိုက်ရတယ်။ ကြားကြားချင်းအိမ်က စက်ဘီးနဲ့ သွားကြည့်တာ တိုက်ကြီးကား ပေါက်ကွဲတာလို့ သိလိုက်ရတယ်။ အလောင်းတွေဆိုတာ FAO ရုံးရှေ့မှ ပြန့်ကျဲနေတာပဲ” ဟု ၎င်းရပ်ကွက်သားက ဆိုသည်။ကားပေါ်တွင်ပါလာသည့် ခရီးသည်များမှာ တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာ ဈေးတွင် ကုန်များ လာရောက် ၀ယ်ယူသည့် ဈေးသည်များနှင့် ရန်ကုန်မြို့ထဲတွင် ဈေးရောင်း သွားမည့် ဈေးသည်များဖြစ်ကြသည်။
“အလောင်းတွေနဲ့ အတူ ပဲပြားတွေ၊ အမဲသားတွေက ပြန့်ကျဲနေတာပဲ။ လမ်းမပေါ်မှာ ပြန့်ကျဲ နေတဲ့ အလောင်းတွေမှာ ခေါင်းပြတ်တဲ့ အလောင်းတွေပြတ်နေတယ်။ ကားတခုလုံး ရစရာ မရှိအောင် ပေါက်ကွဲထွက်သွားတာ” ဟု ကြို့ကုန်း ရပ်ကွက်မှ မျက်မြင်သက်သေ တဦးက ဆိုသည်။ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးသူများမှာ ယာဉ်မောင်း၊ စပယ်ယာ ၂ ဦးနှင့် ခရီးသည် ၅ ဦးဖြစ်ကြောင်း သိရှိရသည်။အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မနက် ၇ နာရီတွင် ရန်ကုန်တိုင်းရဲအရာရှိထံ ထပ်မံမေးမြန်းစုံစမ်းရာ “အခင်းဖြစ် တဲ့ နေရာကိုတော့ လုံးဝရှင်းလင်း လိုက်ပြီ။ ပေါက်ကွဲမှု ဖြစ်တဲ့ကားနဲ့ အလောင်းတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီးရှင်း ထားတယ်။ ကုလသမဂ္ဂ ရုံးရှေ့ဖြစ်နေတော့ ချက်ချင်းရှင်းလိုက်တာ။ သွေးတွေကို မီးသတ်ကားနဲ့ ရေပက်ပြီး ဆေးတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ ပုံစံက ဗုံးပေါက်သလိုမျိုးပါ။ ဒါပေမယ့် လောလောဆယ် စစ်ချက် အရကတော့ ဂက်စ်အိုးပေါက်တာဖြစ်ဖို့ များနေတယ်” ဟု ပြောသည်။
မျက်မြင်သက်သေများက ဗုံးပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။လွန်ခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ကလည်း ရန်ကုန်မြို့ လှည်းတမ်းလမ်းဆုံအနီးတွင် ၄၅ ဘတ်စ်ကားကြီး တစီး ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှုတစ်ခုဖြစ်ပွါး


ဒီနေ့မနက် ၃နာရီဝန်းကျင်ခန့်က... ရန်ကုန်စက်မှု့တက္ကသိုလ်ရှေ့မှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ ကြားပါတယ်။ရန်ကုန် တိုက်ကြီးကားတစ်စီးပေါ်မှာလို့ကြားသိရပါတယ်၊ ဗုံးပေါက်တာလား၊ ဂက်စ်အိုးပေါက်တာလားဆိုတာ.. သေခြာမသိရသေးပါ။ ဗုံးပေါက်တယ်လို့ယူဆရပါတယ်။ လူအသေအပျောက်များတယ်လို့သိရပါတယ်။ နောက်ဆုံးသတင်းများ ကိုဆက်လက်ဖေါ်ပြသွားပါမည်။

Sunday, 12 October 2008

ယှဉ်ပြိုင်သူမရှိတဲ့ရွေးကောက်ပွဲ

၂၀၁၀ - ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်သန်းရွေက နိင်ငံရေးပါတီတွေကိုရန်သူလို သဘောထားပြီး တိုက်ပွဲကြီးလို တိုက်ရမယ်၊ အနိင်ရအောင်လုပ်ရမယ်လို့ ပြောနေပါတယ်။ သူဟာ ရူးများနေလားလို့ မေးခြင်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီရွေးကောက်ပွဲမှာ ခုထိ ဘယ်ပါတီက ၀င်ရောက်ယဉ်ပြိုင်မှာလဲ၊ ဘယ်ခေါင်းဆောင်းတွေက အရွေးခံကြမှာလဲဆိုတာကို တပြည်လုံးက မသိကြရရှာသေးပါဘူး။ ရှင်းရှင်းပြောရရင် နိင်ငံရေးပါတီကြီးတွေဟာ ဘာမှလုပ်လို့ မရအောင်ဖျက်ဆီးခံထားရတယ်။ ခေါင်းဆောင်တွေဟာ ထောင်ထဲမှာ နစ်ရှည်လများအချခံထားရတယ်။ ယှဉ်ပြိုင်မဲ့ ပါတီလည်းမရှိ။ ယှဉ်ပြိုင်မဲ့  နိင်ငံရေးခေါင်းဆောင်တွေလည်းမရှိ။ တယောက်ထဲ ဘောလုံးကန်၊ တယောက်ထဲ အနိင်ရ။ ဒါကိုဘောလုံးပြိုင်ပွဲလို့ ပြောလို့ မရ။ ဒါကိုရွေးကောက်ပွဲလို့ ပြောလို့ မရမလား။ ပြိုင်ဖက်မရှိပဲ တယောက်ထဲ ၀င်အရေးခံမဲ့ ရွေးကောက်ပွဲကိုတောင်ဦးသန်းရွေက ဘာကိုကြောက်နေသလဲ။ ဘာကိုကြောက်နေသလဲဆိုတာကတော့အလွန်ရှင်းလှပါတယ်။
သူကြောက်နေတာက တပ်မတော်သားတွေကိုပါ။
သူ့ မိန့် ခွန်းက တပ်မတော်သားတွေကိုရည်ညွန်းပြောဆိုတာပါ။
ရွေးကောက်ပွဲတခုလုံးက တတိုင်းပြည်လုံးရဲ အနာဂတ်နဲ့  ပျော်ရွင်မှုတွေကို အာမမခံပေးနိင်ပါဘူး။ တပ်မတော်သားတွေအနေဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်နေတယ်။ ဒါကို လက်မခံကြောင်းပြသကြဖို့ အချိန်ရောက်နေပြီလို့  တိုက်တွန်းလိုက်ရပါတယ်။ ကျောင်းသားတွေ၊ သံဃာတွေတာဝန်ကြေခဲ့ပြီ။ ပြည်သူတွေဒုက္ခပင်လယ်ဝေနေပြီ။ တပ်မတော်သားတွေထဲက ပေါ်ထွက်လာမဲ့  ပြည်သူသူရဲကောင်းအစစ်အမှန်တွေကိုကြိုဆိုနေပါတယ်။

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၁)

အောင်ဝေး ၊ ၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအနောက်ခြမ်း ခရီးစဉ်။
၁၉၈၉ ဇန်နဝါရီ။
ဒီခရီးစဉ်မှာ ကျနော်တို့ ထနီး၊ မအူပင်၊ သံပရာချောင်း၊ ရွှေလောင်း၊ ကျုံမငေး စတဲ့ မြို့တွေ ရွာတွေကို ဖြတ်လာခဲ့ကြပါပြီ။

အမြို့မြို့၊ အရွာရွာ ရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆိုနေကြတဲ့ ပြည်သူလူထုကြီးရဲ့ ခိုင်မာတဲ့အင်အားဟာ ရင်ခုန်တက်ကြွစရာ ကောင်းသလို ကြည်နူး ချမ်းမြေ့စရာလည်း ကောင်းလှပါတယ်။ နေရာတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုကြီးဟာ ခွဲခြားလို့မရ၊ ဖြိုခွဲလို့မရ၊ တသားတည်း၊ တသွေးတည်း ဖြစ်နေတာကို တွေ့နေရတော့တာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်က လူထုကို အပျော့ပြောင်းဆုံး အပြုံးနဲ့ နှုတ်ဆတ်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုံးဟာ အသန်စွမ်း၊ အားမာန်အရှိဆုံး အပြုံးနေတယ်။ ဆန့်ကျင်ဘက်တို့ ပေါင်းစည်းမှု သဘောတရားအရ ပျော့ပြောင်းခြင်းဟာ သန်စွမ်းခြင်းဖြစ်တယ်။ အပျော့ပျောင်းဆုံး လေးကိုင်းဟာ အဝေးဆုံးရန်သူရဲ့ ရင်အုံကို တည့်တည့် ထိမှန်နိုင်တယ်။ ဒါပဲမဟုတ်လား။ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို စည်းကမ်းရှိဖို့၊ ညီညွတ်ဖို့ အမြဲပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ‘လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းမျိုး ရှိမှဖြစ်မယ်။ လွတ်လပ်ရေး ရချင်ရင်၊ လွတ်လပ်ရေးကိုပေးနိုင်တဲ့ ညီညွတ်မှုမျိုး လိုအပ်တယ်’ လို့ အစဉ်ပြောဆိုခဲ့ဖူးတာပါ။

ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ ပထမဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲက ‘စည်းကမ်းရှိ၊ ညီညွတ်ပြီး၊ အမှန်တရားနဲ့ ကိုက်ညီတဲ့အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်’ ဆိုတဲ့စကားက ကျနော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတွေကြားမှာ စိမ့်ဝင် ပျံ့နှံ့နေတဲ့အချိန်။

ဒီအချိန်မှာ နဝတ စစ်အုပ်စုကလည်း ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးမယ်လို့တော့ ကမ္ဘာသိကြေညာထားပါပြီ။
အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူး ဆိုတာထက်၊ လက်ငင်းမှာ စက်တင်ဘာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအင်အားစုတွေ ပြိုကွဲ ပြန့်ကျဲမသွားအောင်၊ ဒီအင်အားတွေကို စနစ်တကျ ပြန်လည်စုစည်းဖို့ ဒေါ်အောင်ဆန်းစုကြည် အခုလို လူထုစည်းရုံးရေး ခရီးတွေ ထွက်နေတာ ဖြစ်တယ်လေ။ အဲဒီအချိန်အဲဒီကာလ အဲဒီခရီးစဉ်မှာ ဖြန့်ဝေတဲ့ ကဗျာစာအုပ်ထဲမှာ ကျနော်က မဆလ တခေတ်မှာ၊ ရွတတ ဖြစ်သူတွေ၊ နေရစ်ခဲ့ကြတော့၊ ငြိမ်ပိတခေတ်မှာ၊ ငြိမ်ကြည့်ဖြစ်နေတဲသူတွေ၊ နေရစ်ခဲ့ကြတော့၊ ရွေးကောက်ပွဲဆိုတာလည်း၊ ခွေးခလောက်ဆွဲသလိုပါပဲ’ ဆိုပြီး ရေးခဲ့တဲ့ အချိန်ပါ။

‘ငြိမ်ပိ’ ဆိုတာကတော့ အဲဒီအချိန်က နဝတ – နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို လူထုက ခေါ်တဲ့နာမည်ပါ။ ဒီကဗျာစာအုပ်က ဆရာဦးဝင်းတင်၊ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်တို့ထံ တင်ပြပြီး၊ အင်န်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ပြန်ကြားရေးဌာနတို့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ဖြန့်ဝေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီခရီးထွက်တဲ့အချိန်ဟာ နဝတ ရဲ့ ရွေးကောက်ပွဲက ဘယ်နေမှန်းတောင် မသိသေးပါဘူး။ ဒါပေမဲ့ ဒီခရီးစဉ်မှာပဲ နောင် ၁၉၉ဝ ပြည့်နှစ်၊ မေလမှာ ဖြစ်လာခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လာစရာ ကိစ္စတခုကတော့ အဲဒီခရီးစဉ်မှာ မှတ်မှတ်ရရဖြစ်ခဲ့တာကို ကျနော် ပြန်သတိရမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ကျုံမငေးမြို့မှာ စစ်တပ်က သေနတ်သံ လေးငါးဆယ်ချက် ပစ်ဖောက် ဂုဏ်ပြုတာ ခံယူပြီး လပွတ္တာမြို့ကို ခရီးဆက်ခဲ့ကြပါတယ်။ ကျနော်တို့ သင်္ဘောဟာ ပြာမလော့မြစ်ကြီးထဲကို ရောက်လာပါပြီ။ မြတ်မေတ္တာ သင်္ဘောဟာ ဘီတွတ် ဆိုတဲ့ရွာကြီးကို ဖြတ်ကျော်စ ပြုနေပါပြီ။အဲဒီအချိန်မှာပဲ လပွတ္တာမြို့နယ် စည်းအဖွဲ့ဝင်တချို့နဲ့ ဘီတွတ်ရွာသူရွာသားတချို့ ပဲ့ထောင်နဲ့ ကျနော်တို့သင်္ဘောဆီကို အချက်ပြ ကပ်လာပြီး၊ ဘီတွတ်ရွာမှာ ခဏလောက် ဆိုက်ကပ်ပေးဖို့ မေတ္တာရပ်ခံလာပါတယ်။


ဘီတွတ်ရွာ၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှ ဒေါ်အောင်ဆန်းစုကြည်


ခရီးစဉ်ဆွဲထားတဲ့ လမ်းကြောင်းအရ ဘီတွတ်ရွာကို ဝင်ဖို့ အစီအစဉ် မပါပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကပဲ ‘ကျမလည်း ဘီတွတ်ရွာသူရွာသားတွေနဲ့ တွေချင်ပါတယ်’ ဆိုပြီး သင်္ဘောက ရွာဘက်ကို ပြန်လှည့်ကပ်လိုက်ပါတော့တယ်။ လပွတ္တာမြို့နယ်ထဲက ဘီတွတ်၊ လှိုင်းဘုန်း၊ ကန်ဘဲ့၊ အလယ်ရေကျော် စတဲ့ ရွာကြီးတွေဟာ ခေတ်မီတိုးတက်တဲ့ရွာတွေပါ။ ဒီမိုကရေစီတိုက်ပွဲခေတ်မှာ ဒီရွာတွေဟာ နောက်ကျမကျန်ရစ်ခဲ့ပါဘူး။ဘီတွတ်ရွာသူရွာသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ပြာမလော့မြစ်ရိုးမှာ ဟိုးဟိုးညံသွားပါတော့တယ်။အရေးပေါ် ဆိုက်ကပ်ရတဲ့ရွာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်လည်း လူထုကို အရေးပေါ် မိန့်ခွန်း ပြောရပါတယ်။ လူထုက ရွာလယ် လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ အရေးပေါ် စုဝေးလိုက်ကြတာပါ။ သုံးရောင်ခြယ်ကျောင်းသားတွေက နံဘေးမှာရှိတဲ့ ကြံရည်ဆိုင်က ခုံတလုံး ဆွဲယူလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခုံပေါ်တက်ပြီး မိန့်ခွန်းပြောပါတယ်။ အက်(ဖ်)အမ် မိုက်နဲ့ ပြောတာဆိုတော့ သင်္ဘောပေါ်က ဧရာမ ဆောင်းဘောက်(စ်)ကြီး ၄လုံးကလည်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို တရွာလုံး အကုန်ကြားအောင် လိုက်(ဖ်) လွှင့်ထုတ်ပေးနေသလိုပါ။

နေက ခေါင်းအပေါ်တည့်တည့်မှာ ချစ်ချစ်တောက် ပူနေတဲ့အချိန်ပါ။ ဒေါ်အောင်ဆန်းစုကြည်ခမျာ အဆောင်းမပါ၊ အမိုးအကာ မရှိရှာပါဘူး။ ဒီအခိုက်အတန့်မှာပဲ ဗိုလ်ကြီးဝင်းထိန်က သူဆောင်းထားတဲ့ ‘ခမောက်’ အဲဒီ ခမောက်ကို ချွတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆီကို ကမ်းပေးလိုက်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ခမောက်ကို လှမ်းယူပြီး တောသူ တောင်သားတွေလို ဟန်ကျပန်ကျ ဆောင်းလိုက်ပါတော့တယ်။ လူထုဟာ သဘောကျလို့ မဆုံးတော့ပါဘူး။

နောင်တချိန် အင်န်အယ်လ်ဒီက နဝတရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့ အချိန်မှာ၊ ကဗျာဆရာကြီး ဦးတင်မိုး- ‘ပိတောက်နဲ့ငု နွေမှာလှိုင်တယ်၊ ခမောက်နဲ့စု မေမှာနိုင်မယ်’လို့ ကဗျာရေးခဲ့သလို၊ အင်န်အယ်လ်ဒီ ရဲ့ ၁၉၉ဝ မေ ရွေးကောက်ပွဲဝင် အမှတ်အသား အနေနဲ့ ခမောက်ပုံဖြစ်ခဲ့တာဟာ အဲ့ဒီတုန်းက ဘီတွတ်ရွာမှာ ဒေါ်အောင်ဆန်းစုကြည် ခမောက်ဆောင်းပြီး မိန့်ခွန်း ပြောနေတဲ့ ဓာတ်ပုံတွေက စခဲ့တာပဲလားဆိုတာ ကျနော် တွေးတောနေမိပါတော့တယ်။ ။

Radio Free Asia, Burmese Service မှရယူပါသည်။

Saturday, 11 October 2008

လွတ်မြောက်မှုအတွက် ပေးဆပ်သူများ

ကြည်ဝေ သြဂုတ် ၊ ၂၀၀၈
ဖေဖေအိမ်မှာရှိသောညများတွင် အိမ်ရှေ့ တံခါးမကြီး ဆီမှတဒေါက်ဒေါက် တံခါးခေါက်သံ ကြားရသည့်အခါတိုင်းဖေဖေ့ကို လာခေါ်ပြန်ပြီလား ဆိုသည့် စိတ်ဖြင့် ထိတ်ခနဲဖြစ်သွားရသော ပူပင်ကြောင့်ကျမှုမျိုးနှင့် နေထိုင်ခဲ့ရသည်မှာ မမင်းမင်းထက် တို့လို မိသားစုတွေအတွက်ကတော့ ယခုဆိုလျှင် နှစ် ၂၀ ပြည့်ပြီဖြစ်သည်။ သူမတို့မိသားစု၏ ဘ၀ကို စတင်ပြောင်းလဲစေခဲ့သော ၁၉၈၈ ခုနှစ်တုန်းက သူမသည် အသက် ၈ နှစ် အရွယ်မျှသာ ရှိသေး သည်။ သို့ပေမယ့် အဖြစ်အပျက်တချို့ကိုတော့ သူမ ကောင်းကောင်းမှတ်မိနေခဲ့သည်။ ထိုစဉ်က ဖေဖေသည် ညတိုင်းလိုလိုပင် ရေဒီယိုနားထောင်တတ်တာ သူမ မှတ်မိသည်။

ပြီးတော့ တရက်တွင် သူမ၏ ဖေဖေသည် နဖူးပေါ်တွင် အနီရောင် အစတစကို စီးထားပြီး အိမ်ပြန်လာသောအခါ သူမကို ပွေ့ချီရင်း သူ့လက်မောင်းတွင် စည်းထားသော အနီရောင်အစလေးကို ဖြုတ်ကာ သူမ၏ လက်မောင်းရင်းတွင် စည်းပေးခဲ့တာ အမှတ်ရသည်။ ဖေဖေပေးသော အနီရောင်အစလေးကို သူမလက်မောင်းမှာ အမြဲတမ်းစည်းထားခဲ့ပြီး သူငယ်ချင်းတွေနှင့်အတူ “ဒို့အရေး” လုပ်တမ်းကစားခဲ့ကြတာ အမှတ်ရသည်။ ပြီးတော့ သေနတ်သံတွေကြားသည့်နေ့က ကစားနေသော သူမကို မေမေက အိမ်ထဲဆွဲခေါ်ခဲ့ပြီး ခုတင်အောက်တွင် ၀ပ်ခိုင်း နေခဲ့တာ၊ ခုတင်အောက်မှာ အကြာကြီးနေရသောကြောင့် ညောင်းလာသည့်အတွက် လှဲအိပ်ရာမှ သူမ အိပ်ပျော်သွားခဲ့တာ လည်း မှတ်မိခဲ့သေးသည်။

နောက်တော့ အရေးအခင်းဖြစ်နေစဉ်တွင်းမှာပင် ရက်ကြာလာသည်နှင့်အမျှ သူမတို့အိမ်မှာ စားစရာ ဆန်မရှိ တော့သလို၊ အိမ်နားက အိမ်တွေမှာလည်း စားစရာ ဆန်မရှိတော့သောကြောင့် အဒေါ်ရဲ့ ပဲစက်ထဲက ကုလားပဲ တွေကိုယူပြီး ပြုတ်စား ကြရတာ၊ နောက်တော့ ဖေဖေ့ကို လာခေါ်သွားကြပြီး ရက်တော်တော်ကြာ မတွေ့ရတော့ တာ တွေကို မှတ်မိနေခဲ့သည်။ သူများတွေပြောစကားအရ ဖေဖေက ဒို့အရေးလုပ်သောကြောင့် အဖမ်းခံရသည်ဟု သူမ ကြားလိုက်ရသည့် အတွက် ဖေဖေ့ကို တွေ့ချင်သည့်စိတ်နှင့် ဖေဖေ့လို အဖမ်းခံရအောင် ဒို့အရေးလုပ်မည်ဟု စဉ်းစားကာ သူမသည် ဖေဖေပေးခဲ့သော အနီရောင်အစလေးကို နဖူးပေါ်မှာစည်း၊ အိမ်ရှေ့က လမ်းမပေါ်မှာ ဒို့အရေးအော်တော့ ၄ နှစ် အရွယ် ညီမလေးကလည်း သူလည်း ဖေဖေ့ကို တွေ့ချင်သည့်အတွက် အဖမ်းခံမည်ဟုဆိုကာ သူမနောက် လိုက် ပြီး ဒို့အရေး အော်ခဲ့တာ၊ သူမတို့ ညီအမနှစ်ယောက် ဒို့အရေးအော်နေသည်ကို မြင်တွေ့သွားသော အဒေါ် က မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပြေးလာပြီး နှစ်ယောက်စလုံးကို ချိုင်းမှ လက်တဘက်ဆီဆွဲကာ အိမ်ထဲ ဆွဲသွင်း ခဲ့ တာလည်း သူမ မမေ့ခဲ့ပါ။ "အဲဒီတုန်းက အဒေါ်က ကျမတို့ကိုပြောတယ်၊ ဒို့အရေးအော်ရင် သေနတ်နဲ့ပစ်သတ်ခံရလိမ့်မယ်၊ မအော်ရဘူးတဲ့၊ အဲဒီလို ပြောပြီး ဖေဖေပေးခဲ့တဲ့ အစ အနီလေးကို သိမ်းသွားတယ်"ဟု ၁၉၈၈ လူထုဆန္ဒ ပြပွဲတွင် ပါဝင်ခဲ့သော နိုင်ငံရေးသမား တဦး၏ သမီးဖြစ်သူ မမင်းမင်းထက် ကပြောပြခဲ့သည်။

ထိုစဉ်က ဆန္ဒပြကြသော ကျောင်းသားများကို စစ်သားများက ပစ်ခတ်မှုကြောင့် စုစုပေါင်း လူ သုံးထောင် ထက် မနည်း သေဆုံးခဲ့သည်ဟု အဒေါ်ဖြစ်သူ ထံမှ ကြားသိခဲ့ရကြောင်း မမင်းမင်းထက်က ပြောဆိုသည်။ "ဒေါ်လေးပြောစကားအရ ဆိုရင် အင်းလျားကန်ကရေဆိုတာ သွေးရောင်ကို လွှမ်းနေတာပဲ၊ တံတားဖြူနားမှာ ကျောင်းသား တွေကို စစ်သားတွေက သံတုတ်တွေနဲ့ ရိုက်တဲ့ တခွပ်ခွပ်ဆိုတဲ့ အသံတွေကို တံတားဖြူနားက အိမ်တိုင်းလိုလို ကြားရတယ်"ဟု သူမက သူမဒေါ်လေးထံမှ ကြားရသည်ကို ပြန်ပြောပြခဲ့သည်။ ထိုစဉ်က သူမ၏ ဒေါ်လေးမှာ အာစီထဲတွင် ကျောင်းတက်နေခဲ့သူဖြစ်ပြီး စစ်သားများက ကျောင်းသားများကို လိုက်လံ ဖမ်းဆီးသည့်အခါ တံတားဖြူထိပ်မှ အိမ်တအိမ်ထဲသို့ ၀င်ရောက် ပုန်းခိုနေခဲ့ရခြင်းဖြစ်ကြောင်း သိခဲ့ရ သည်။ မမင်းမင်းထက်၏ ဖခင် ဦးရဲထက်သည် ၈ လေးလုံး အရေးတော်ပုံအတွင်း မြို့နယ်တခု၏ သပိတ်ကော်မတီတွင် ပါဝင်ခဲ့ သောကြောင့် စစ်အစိုးရက ၁၉၈၈ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ဖမ်းဆီးပြီး ၅၀၅(ခ)ဖြင့် တရားစွဲကာ ပြစ်ဒဏ် ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။ ၈၈ နောက်ပိုင်း ပြစ်ဒဏ်ချမှတ်ခြင်းခံရသော နိုင်ငံရေးသမားများ၊ ဒေသဆိုင်ရာ မြို့နယ်များအလိုက် ဖြစ်ပေါ်လာသော လူထုခေါင်းဆောင်များသည် နိုင်ငံရေးပါတီများသို့ဝင်ရောက်ခဲ့ကြသည်။ ဦးရဲထက်သည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ၀င်ရောက်ခဲ့ပြီး စည်းရုံးရေးမှူးတယောက်ဖြစ်လာခဲ့သည်။ ထိုအချိန်ကစပြီး စစ်ထောက်လှမ်းရေးများက အင်အားအများဆုံးပါတီတခုဖြစ်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးသမားများကို မကြာခဏ ဖမ်းဆီးလိုက်၊ ပြန်လွှတ်ပေးလိုက်၊ ပြန်လွှတ်ပေးပြီး မကြာခင် ပြန် ဖမ်းဆီးလိုက်နှင့် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လာ သည်မှာ ၁၉၈၈ခုနှစ်မှ ယနေ့ထိတိုင် ဖြစ်ကြောင်း သိရှိရသည်။

"ဥပဒေအရ ဆိုရင် လူတယောက်ကို ၂၈ရက်ထက်ပိုပြီး ဖမ်းဆီးထိန်းသိမ်းထားလို့မရဘူး၊ ဒါပေမယ့် အာဏာရှင် စစ်အစိုးရ ကတော့ ၁၉၈၈ ကနေ ၁၉၉၀ ထိ ၂ နှစ်ကျော်ကြာအောင် ထောင်ချတယ်၊ နောက် ၁၉၉၂ မှာ လပိုင်း လောက်အချုပ်ခံရတာ ၊ ၁၉၉၅ မှာလည်း ၃ လလောက် အဖမ်းခံထားရတယ်၊ နောက် ၁၉၉၈ ကနေ ၂၀၀၆ ထိ ၂နှစ်နဲ့ ၈ လ ကြာအောင် အဖမ်းခံခဲ့ ရတယ်၊ ဒါဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဖမ်းထားတာ" ဟု ဦးရဲထက်က ပြောဆိုသည်။ ဦးရဲထက် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ကိုယ်စား လှယ်များ နှင့် ပါတီစည်းရုံးရေးမှုးများကို စစ်ထောက်လှမ်းရေးများက မည်သို့သော အကြောင်းပြချက်မှ မပေးဘဲ ၄င်းတို့ နေအိမ်မှ မကြာခဏဆိုသလိုပင် ဖမ်းဆီးသွားလေ့ရှိပြီး ရဲမွန်တပ်နယ်တွင် လည်းကောင်း၊ သံလျင်ခြေမြန် တပ်ရင်းတွင် လည်းကောင်း ချုပ်နှောင်ထားခဲ့ကြောင်း သိရှိရသည်။
မမင်းမင်းထက်တို့လို မိသားစုဝင်များအနေနှင့် ဖခင်အိမ်ပြန်ရောက်လာပြီဆိုသော်လည်း ဘယ်နေ့ပြန်လာခေါ်ဦးမလဲ ဆိုတာ ကိုပင် အမြဲပူပန်နေရကာ စစ်ထောက်လှမ်းရေးများ လာခေါ်ပါက အဆင်သင့်ထည့်ပေးလိုက်နိုင်ရန် အတွက် ကော်ဖီမစ် ထုတ်များ၊ သောက်နေကြဆေးများ၊ ခေါက်ဆွဲခြောက်ထုတ်များစသည်တို့နှင့် အသုံးအဆောင် ပစ္စည်းတချို့ကို အိတ်တလုံး ထဲတွင် စုထည့်ပြီး အမြဲအဆင်သင့်ဆောင်ထားခဲ့ရကြောင်း ၄င်းမိသားစုဝင်များ၏ ပြောပြချက်များအရ သိရှိရသည်။ "သူတို့က လူခြေတိတ်တဲ့ ည ၁၁ နာရီ ၁၂ နာရီလောက်ဆိုရင် အိမ်ရှေ့မှာ တံခါးလာခေါက်ပြီ၊ သူတို့ တံခါး ခေါက်သံက သူများတွေရဲ့ တံခါးခေါက်သံနဲ့ မတူတော့ ကြားရင် သူတို့ပဲ ဆိုတာ သိတယ်၊ ဒါဆို အမေက ဖေဖေ့ အတွက် ပြင်ဆင်ထား တဲ့ အိတ်ကလေးကို ဆွဲထုတ်လာတော့တာပဲ" ဟု မမင်းမင်းထက်က ဆိုသည်။

ထို့ပြင် စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားသူများအား ရှေ့နေဆိုလျှင် ရှေ့နေလိုင်စင်သိမ်းခြင်း၊ ဆရာဝန်ဆိုလျှင်လည်း ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ကြသလို၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူများကိုလည်း အဆိုပါ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိစေရန်အတွက် အကိုင်းချိုင်ခြင်း မူဝါဒကို သုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အကိုင်ချိုင်ခြင်းမူဝါဒ ဟူသည်မှာ အပင်တပင်လုံး၏ အကိုင်းအခက်များကို ဖြတ်တောက်ပစ်ပြီးနောက်ဆုံး အပင် ကိုယ်ထည် ချည်းပဲ ထားခဲ့သော မူဝါဒ ဖြစ်ကြောင်း သိရသည်။

၈၈ မတိုင်မီ ပုံနှိပ်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့သူ နိုင်ငံရေးသမားတဦးအား ၁၉၉၀ ခုနှစ်တွင် အဆိုပါ လုပ်ငန်း လိုင်စင် သက်တမ်းတိုးသည်ကို သက်တမ်းတိုးခွင့်မပြုတော့သောကြောင့် အဆိုပါ ပုံနှိပ်တိုက်ပိတ်ပစ်ရခြင်း၊ စားသောက်ဆိုင် ဖွင့်ထားသော နိုင်ငံရေးသမားတဦး၏ ဆိုင်ကိုလည်း ဆိုင်မှာ ကျန်းမာရေးနှင့်မညီညွှတ်ဟု ဆိုကာ ဆိုင်ပိတ်ပစ်ခြင်း တို့ကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးသမားများ ရပ်တည်ရေးခက်ခဲစေရန် နည်းလမ်းမျိုးစုံနှင့် ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ နိုင်ငံရေး သမားများက ပြောဆိုကြသည်။

"ကျနော် အဖမ်းခံရပြီးကတည်းက မိန်းမက မိသားစု စားဝတ်နေရေးအတွက် ရှိတာလေးတွေ ထုခွဲပြီး ကွန်ပျူတာလေး ၁ လုံး ၀ယ်ပြီးစာစီစာရိုက်လုပ်ငန်းလေး လုပ်ဖို့ ကြိုးစားတယ်၊ စည်ပင်သာယာဥပဒေအတိုင်း လိုအပ်တာတွေ အကုန်လုပ် တယ်။ ဒါပေမယ့် စာပေစိစစ်ရေးနဲ့ ပုံနှိပ်ဥပဒေအရ ကွန်ပျူတာကို လိုင်စင်လုပ်ရမယ်ဆိုလို့ လိုင်စင် သွားလုပ်တော့ နေ့ရွှေ့ ညရွှေ့နဲ့ လိုင်စင် ထုတ်မပေးဘူးနောက်တော့ ကွန်ပျူတာကို ပြန်ရောင်းလိုက်ရ တော့တာပဲ"ဟု ရန်ကုန်တိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ၄င်း၏ အဖြစ်အပျက်ကို ပြောပြသည်။

ထိုနည်းအတိုင်းပင် မိသားစု စားဝတ်နေရေးအတွက် လက်ဖက်ရည်ဆိုင်လေးတဆိုင်ဖွင့်ပြီး စီးပွားရှာနေသော မမင်းမင်း ထက်တို့၏ မိခင်ကိုလည်း လက်ဖက်ရည်ဆိုင်အတွင်း နှစ်လုံးထီ ရောင်းချသူများကို ရောင်းချခွင့်ပြု သည်ဟုဆိုကာ ဆိုင်ပိတ် ပစ်လိုက်ကြောင်း မမင်းမင်းထက်၏ ပြောပြချက်အရ သိရသည်။

ထို့အတူပင် နိုင်ငံရေးမိသားစုတစုက မိသားစုစီးပွားရေးလုပ်ငန်းတခုအနေနှင့် ဗီဒီယိုအခွေငှားဆိုင် ဖွင့်ခဲ့ရာ၊ နိုင်ငံခြားဇာတ် ကားများ ဆိုင်တွင် ထားရှိသည်ဟူသော ပြစ်မှုနှင့် ဆိုင်ကို ပိတ်ပြီး၊ ပြစ်ဒဏ်ချခဲ့ကြောင်း၊ မြန်မာနိုင်ငံတ၀န်းရှိ ဗီဒီယို အခွေငှားဆိုင်များသည် နိုင်ငံခြားဇာတ်ကားပါ ဗီဒီယိုခွေများ၊ ဗီစီဒီများ၊ ဒီဗီဒီများကို နားလည် မှုဖြင့် ငှားရမ်းနေကြသော် လည်း နိုင်ငံရေးနှင့်ပတ်သက်သော မိသားစုဝင်များကတော့ အများသူငါ တွေလို စီးပွား ရေး ကို လုပ်ပိုင်ခွင့်မရခဲ့ကြောင်း သိရှိရသည်။ "၈၈ နောက်ပိုင်းကတည်းက သူတို့က ခဏခဏလာဖမ်းတော့ စီးပွားရေးလည်းမလုပ်နိုင်တော့ဘူး၊ အိမ်ကို ပိုက်ဆံမပေးနိုင် တော့ဘူး၊ မိသားစု စားဝတ်နေရေးအတွက် ဘာမှကို လုပ်မပေးနိုင်တော့ဘူး၊ ပြီးတော့ သားတွေ သမီးတွေကိုလည်း မစောင့်ရှောက်မသွန်သင်နိုင်တော့ဘူး၊ အဲဒီအတွက် မိသားစုထဲမှာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့ တယ်၊ ဥပမာ တခုပြောရမယ်ဆိုရင် သမီးကြီး အိမ်ထောင်ကျသင့်တဲ့ အချိန်ထက် စောပြီးအိမ်ထောင်ကျသွား တယ်၊ သားတွေ ဆယ်တန်းမအောင်ဘူး၊ အဲဒီလို မိသားစု ဘ၀ ကိုပေးခဲ့ရတယ်" ဟု စစ်ကိုင်းတိုင်းမှ ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပြခဲ့သည်။

စစ်အစိုးရသည် နိုင်ငံရေးသမားမိသားစုဝင်များ၏ စားဝတ်နေရေးအခက်အခဲရှိစေရန် ၄င်းတို့၏စီးပွားရေး လုပ်ငန်း များကို အကြောင်းအမျိုးမျိုးနှင့် နှောင့်ယှက်ဖျက်ဆီးခြင်း၊ မိသားစုဝင်များကို ဖိနှိပ်ခြင်းများ ပြုလုပ် လျက်ရှိသော ကြောင့် တချို့ နိုင်ငံရေးသမားများမှာ အခြေအနေအရ နိုင်ငံရေးလောကကို ကျောခိုင်းသွားရခြင်း များရှိလာသည် ကို တွေ့မြင်ရသည်။

"၁၉၉၈ ခုနှစ်မှာ ပြန်လွတ်လာတော့ အိမ်ရဲ့ စီးပွားရေးအခြေအနေ တော်တော့ကို ဆိုးနေတာတွေ့ရတယ်၊ အမေ့ အိမ်ကို ပေါင်ထားရတဲ့အပြင် သားကြီးကိုလည်း ကျောင်းဆက်မထားနိုင်လို့ အဝေးသင်ပြောင်းခိုင်းပြီး မိသားစု စား ၀တ်နေရေး အတွက် အလုပ်ဝင်ခိုင်းထားရတယ်၊ ကျနော် တော်တော်ကိုစိတ်မကောင်းဖြစ်သွားမိတယ်၊ ဒါပေမယ့် မိသားစုက ကျနော့်ကို ပါတီထဲကနေ ထွက်ပေးပါလို့ မတောင်းဆိုပါဘူး" ဟု မန္တလေးတိုင်းမှ နိုင်ငံရေးသမားတဦး က ၄င်းတို့မိသားစု အခြေအနေ ကို ပြောပြသည်။

မမင်းမင်းထက်တို့ သည်လည်း ဖခင် ဦးရဲထက် မကြာခဏဖမ်းဆီးခံနေရသောကြောင့် အိမ်၏ စီးပွားရေးကို မိခင် ဖြစ်သူက ခက်ခဲပင်ပန်းစွာ ဦးဆောင်ခဲ့ရပြီး ဆင်းရဲကြပ်တည်းစွာ ကျောင်းတက်ခဲ့ရကြောင်း၊ ကျောင်းတက် စဉ် ကာလများတွင် မမင်းမင်းထက်တို့ညီအစ်မ၂ ယောက်ကို အိမ်မှ ကျောင်းမုန့်ဖိုးမပေးနိုင်ခဲ့သလို တခါတရံ ဘတ်စ် ကားခပင် မရှိသောကြောင့် ကျောင်းပျက်ခဲ့ရသည့်နေ့များရှိခဲ့ကြောင်း၊ မမင်းမင်းထက်မှာ အစ်မကြီးဖြစ်သော ကြောင့် အထက်တန်းအောင်ပြီးကတည်း က အဝေးသင်တက်ကာ ကလေးတွေကို ဂိုက်သဘောမျိုး အိမ်လိုက်ပြီး စာသင်ပေးသည့်အလုပ်ကို လုပ်၍ မိသားစုစားဝတ် နေရေးကို ဖြည့်ဆည်းခဲ့ရကြောင်းပြောပြသည်။

နိုင်ငံရေးသမားမိသားစုဝင်များအနေနှင့် ယနေ့ထိအောင်ပင် ဖိနှိပ်ခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးသမားတဦး၏ သားဖြစ်သူ ကိုအောင်နိုင်ကလည်း ပြောဆိုသည်။ "ကျနော်တို့တွေကို စစ်အစိုးရက သူများတွေနဲ့ တန်းတူအခွင့်အရေးဘယ်တော့မှ မပေးခဲ့ဘူး၊ သူများတွေ လုပ်လို့ ရတဲ့ အလုပ်တွေကို ကျနော်တို့လုပ်လို့မရဘူး၊ ပတ်ဝန်းကျင်မှာလည်း သူ့အဖေဟာ နိုင်ငံရေးသမားတယောက် ဆိုတဲ့ အမြင်ကို အတိုင်းအတာတခုထိ လွှမ်းမိုးအောင် လုပ်ထားတယ်" ဟု သူက ဆိုသည်။ သူသည် ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပံ္ပဘွဲ့ကို ရရှိခဲ့ပြီး မဟာသိပ္ပံဘွဲ့ကို ဆက်တက်ခဲ့သော်လည်း သူဖြစ်ချင် သော တက္ကသိုလ် ဆရာတယောက်ဖြစ် မလာခဲ့ဟုသိရသည်။ မဟာတန်းတက်နေသူများနှင့် မဟာဘွဲ့ရများ မည်သူမဆို လျှောက်ထားပါက ၉၉ ရာနှုန်း သေချာလေ့ရှိသော တက္ကသိုလ် ဆရာ၊ ဆရာမ အလုပ်မှာ သူကတော့ ရှားရှားပါးပါး ၁ ရာနှုန်းထဲတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း ပြောပြသည်။

၁၉၈၈ ခုနှစ် မတ်လတွင်မွေးဖွားခဲ့သော နိုင်ငံရေးသမားတဦး၏ သမီးမှာ သူမအနေနှင့် ဖခင်ဖြစ်သူနှင့် အတူတူ နေရသည် မှာ ရက် ၃၀ ပင် မပြည့်ခဲ့ကြောင်း ပြောပြသည်။ ဖခင်ဖြစ်သူမှာ ၁၉၈၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်ထိ တကြိမ်၊ ၁၉၉၂ ခုနှစ်မှ ပြန်အဖမ်းခံလိုက်ရသည်မှာ ၂၀၀၄ ခုနှစ်တွင် အင်းစိန်ထောင်မှ ပြန်လွတ်လာခဲ့ပြီး အိမ်သို့ ပြန်ရောက်ပြီးမကြာခင်မှာပင် ကွယ်လွန်သွားခဲ့သည်ဟု သိရှိရသည်။ “အဖေက အိမ်မှာထက် ထောင်မှာက များတော့ အဖေ့မျက်နှာကို သေချာတောင် မမှတ်မိဘူး၊ သေသွားတဲ့နေ့မှ အ၀ ကြည့်လိုက်ရတယ်”ဟု သူမက ပြောပြခဲ့သည်။ ။

(အမည်ရင်းများကို လုံခြုံရေးအရ လွှဲ၍ဖော်ပြထားပါသည်)

Thee Lay Thee's Saffron Revolution, One year anniversary

Thee Lay Thee's Saffron Revolution, One year anniversary
Chiang Mai Thailand, 27 SEP 2008

Friday, 10 October 2008

"ခွပ်ဒေါင်းအားမာန်"


သန်းရွှေဗိုလ်ချုပ်၊ အာဏာရူးလုပ်လို့ 

ငါတို့လူမျိုး၊ နိမ့်ကျနေတာနိုင်ငံတကာမှာ။

တေဇသူဌေး၊ ဂုတ်သွေးစုပ်လို့

နိုင်ငံ့ထုတ်ကုန်၊ အားလုံးပုံပြီး
ဖင်ခုတက်ထိုင်၊ စေရာလက်ညှိုး
ထိုးရုံလေးနဲ့၊အိုကေနေတာ ......

ဖယ်ရာရီဆို၊ လိတ်တက်စ်မျိုးမှ

သူ့ရဲ့သားက၊ တစ်စီး တစ်ပါတ်ဖြုန်းနိုင် ရက်တော့

ငါတို့ပြည်သူ၊ ဘယ်မလှူနိုင်

သံဃာတွေပါ၊ သက်တော်စတေး

နိုင်ငံ့အရေးအတွက်၊ ရှေ့ကရပ်လို့

မင်းတို့ငါ့တို့ ...

ဒီအတိုင်းထိုင်ကြည့်နေရမှာလား။

နိုင်ငံအပေါ်မင်းမြင်သမျှ

ကျေနပ်နိုင်မယ်ငါမထင်ဘူး

ဒီတော့ ..သီးခံ၊ မတော်လှန်ပဲ

နုတ်ပိတ်ရေငုံ ၊ မင်းနေနေလို့

သင့်တော်ပါ့မလားသူငယ်ချင်း။

ခွပ်ဒေါင်းမှန်ရင်၊ ငြိမ်မနေပဲ

မတရားမှု၊ တွန်းလှန်ပြုလို့

နိုင်ငံအတွက်၊ အတက်ကြွဆုံး

အင်အားစု၍၊ ငါတို့ညီညာ

တူညီစွာဖြင့်၊ လုံ့ လဖြာပြီး

အရောက်ပန်းတိုင်၊ လှမ်းနိုင်ရမယ်သူငယ်ချင်း။



ကိုတေ

Appeal against Daw Aung San Suu Kyi's Detention handed at Nyaypyidaw

9 Oct 2008
A legal representative of Burma’s detained opposition leader Daw Aung San Suu Kyi handed in to the military government in Naypyidaw on Wednesday a formal appeal against the latest extension of her house arrest.

Daw Aung San Suu Kyi’s lawyer, U Kyi Win, told The Irrawaddy on Thursday that the appeal had been handed in personally by his assistant, Hla Myo Myint.

The government had given no indication when the appeal would be heard in court, U Kyi Win said. “But we are hoping for a positive outcome.” Daw Suu Kyi’s latest five-year term of house arrest was extended in May for a further year—illegally, according to U Kyi Win, because article 10 (b) of the Burmese State Protection Law 1975 stipulates that a person judged to be a “threat to the sovereignty and security of the State and the peace of the people” can only be detained for up to five years.

Daw Aung San Suu Kyi has spent more than 13 years of the past 19 years confined to her Rangoon home.Kyi Win said he planned to meet Suu Kyi soon to discuss the appeal.Suu Kyi has reportedly been in poor health recently. She refused for about one month to accept deliveries of food and other household supplies at her home in what was seen as a protest against her continuing house arrest.

Last week, she was visited by an eye specialist, Dr Kan Nyunt, and her personal physician, Dr Tin Myo Win.

At a Geneva press conference earlier this month, a UN High Commissioner for Human Rights official, Navanethem Pillay, expressed concern about Daw Suu Kyi’s continuing detention and urged the regime to free her and all other political prisoners.Daw Suu Kyi had “in fact served a sentence that far exceeds that served by many hardened criminals,” Pillay said.Pillay welcomed the recent release of seven political prisoners, but said it was a very small step when more than 2,000 political activists were still detained. “I urge the government to release them all as soon as possible,” she said.

Wednesday, 8 October 2008

အင်တာနက်ဆိုင်တွင် အင်တာနက်သုံးသူများ လွှတ်လပ်မှုနှင့်လုံခြုံမှုမရှိ

ကိုသက် အောက်တိုဘာ ၈၊ ၂၀၀၈
“ကီးဘုတ်နဲ့ တပေလောက်ခွာလိုက်ပါ၊ မော်နီတာနဲ့ တပေလောက် ခွာလိုက်ပါ၊ လောလောဆယ်သုံးထားတဲ့ ဝက်ဘ်ဆိုက် တွေကို ဘာမှမလုပ်ပါနဲ့ … ထိုင်ခုံတွေကို အနောက်ဆုတ်ထိုင်ကြပါလို့အော်ပြီး ရဲတွေ ၀င်လာတော့တာပဲ” ဟု ရန်ကုန်မြို့ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အင်တာနက်ကဖေး တခုအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ရှောင်တခင် ၀င်ရောက် စစ်ဆေးပုံကို ကြုံတွေ့ခဲ့သူတဦးက ရှင်းပြသည်။
လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် တာမွေမြို့နယ်အတွင်းရှိ တခြားအင်တာနက်ဆိုင်တချို့ကို ရဲက ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။
“ပထမ ယူနီဖောင်းနဲ့ ရဲတပ်သားတွေဝင်လာတယ် … နောက်တော့ ၃ ပွင့်နဲ့တယောက်ဝင်လာတယ် … သူနဲ့အတူ အရပ်သား တယောက်ပါလာတယ်။ သူက ကွန်ပျူတာပညာ နိုင်နင်းတဲ့သူ ဖြစ်မယ်ထင်တယ်။ ဘယ်ဝက်ဘ်ဆိုက် တွေကြည့်တယ်၊ ဘာ တွေသုံးနေတယ်ဆိုတာ အဲဒီအရပ်သားက လိုက်ပြီးကြည့်တယ်။ တကယ်လို့ ကြည့်နေတာတွေထဲက နိုင်ငံရေး ဝက်ဘ်ဆိုက် ကြည့်တာမျိုးရှိရင် ဖမ်းတာဆီးတာတွေ ဖြစ်ချင်ဖြစ်လာနိုင်တယ်၊ ဖမ်းတာဆီးတာတော့ မတွေ့ရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးငြိစွန်းသည့် အင်တာနက်ဝက်ဘ်ဆိုက်များကို စစ်ဆေးသည့်အပြင် ၎င်းတို့မသင်္ကာသူများကိုလည်း စစ်ဆေးမေး မြန်းမှုများရှိကြောင်း သိရသည်။
“အန်တီကြီးတယောက် စင်ကာပူက သူ့ယောက်ျားနဲ့ အင်တာနက်မှာ စကားပြောနေတာကို ခင်ဗျားယောက်ျားဟုတ်ရဲ့လား ဆိုပြီးမေးတော့ အဲဒီအန်တီလည်း စိတ်ဆိုးသွားပြီး ငါ့ယောက်ျားငါ ဖုန်းမဆက်ရဘူးလားလို့ ပြန်ပြောတယ် … အင်ဂျင်နီယာ ကျောင်းသားတယောက်ဆိုလည်း သင်္ဘောတည်ဆောက်ပုံတွေလေ့လာနေတာ အဲဒီသင်္ဘောကြီးက ဘာလုပ်ဖို့လဲဆိုပြီး မေးတာမျိုး …” ဟု ကိုယ်တွေ့ကြုံခဲ့သူက ပြောသည်။
ရန်ကုန်ရှိ ကွန်ပျူတာပညာရှင်တဦးက စစ်အစိုးရသည် မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုမှုများကို နည်းပညာပိုင်းအရ ထိန်းချုပ်ထားခဲ့ပြီးနောက် ယခုတဖန် အင်တာနက်သုံးစွဲမှုကို အင်အားသုံးကာ ထိန်းချုပ်လာခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
“ကလေးတွေလည်း အင်တာနက်ဆိုင်တွေ သွားကြတာပဲ၊ ၀က်ဘ်ဆိုက်တွေကို ၀င်ကြည့်ရတာပဲ။ ကလေးတွေဆို အင်မတန် သွက်တယ်။ ဒါပေမယ့် တချို့က မသိဘဲဝင်ကြည့်မိတာမျိုးရှိတယ် … တဖြည်းဖြည်း ပိုကျပ်လာနိုင်ပါတယ်” ဟု ကွန်ပျူတာ ပညာရှင်က ပြောသည်။
စစ်အစိုးရက ၎င်းတို့၏ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်တင်ပြကြသည့် အင်တာနက်ဝက်ဘ်ဆိုက် များနှင့် ဒီမိုကရေစီအတိုက်အခံများ၏ အင်တာနက် ဝက်ဘ်ဆိုက်များကို မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ ၀င်ရောက်ကြည့် ခွင့်မရအောင် ပိတ်ပင်ထားသည်။ ၎င်းအပြင် မည်သူမဆို အခမဲ့အသုံးပြုနိုင်သည့် ဂျီမေးလ် (www.gmail.com) အပါအ၀င် messenger ဝက်ဘ်ဆိုက်များကိုလည်း အများပြည်သူ အသုံးပြုခွင့်မရအောင် နည်းပညာဖြင့် ပိတ်ပင်ထားသည်။
လတ်တလောကြုံတွေ့နေရသော ရှောင်တခင် စစ်ဆေးမှုများနှင့်ပတ်သက်၍ “အင်တာနက်သုံးရတာ မပြေတပြေပဲဗျို့၊ သူတို့ (အာဏာပိုင်) က နိုင်ငံရေးသမားတွေကိုပဲဖမ်းချင်တာ … အခြေအနေက မကောင်းသူထိပ် ကောင်းသူထိပ်ပေါ့ဗျာ” ဟု အန်အယ်လ်ဒီပါတီဝင် လူငယ်တဦးက ပြောသည်။
ရန်ကုန်မြို့ခံတဦးကလည်း “အခြေအနေ သိပ်မကောင်းဘူး။ အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) က တချိန်လုံးစောင့်ကြည့် နေတယ်။ အင်တာနက်သုံးတဲ့ လူကတော့ များနေတုန်းပါ” ဟု ပြောသည်။ရှောင်တခင် စစ်ဆေးခံရသည့် တာမွေမြို့နယ်မှ အင်တာနက်ဆိုင်တချို့ အပိတ်ခံရသည်ဟူသည့်သတင်းများ ယခုတပတ် အတွင်းထွက်ပေါ်ခဲ့သော်လည်း အဆိုပါဆိုင်များ ယနေ့နံနက်ပိုင်းအထိ ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။

Tuesday, 7 October 2008

One Year Anniversary Of ''Saffron Revolution''

This doesnt mean that wait for one more year to celebrate!!

This is telling our Burmese people that dont forget what they have done on our motherland!!

ဗမာမှန်ရင် ဒီတသက် မပြောနဲ့ နောင်ဆယ်သက်မမေ့သင့်ဘူး!!!

ဘာကြောင့် မြန်မာ ဝန်ကြီးချုပ်များ သူတို့လိုအရှက် မရှိကြပါသလဲ?

ထိုင်းဒုတိယ ၀န်ကြီးချုပ် နှုတ်ထွက်စာတင်

ထိုင်းနိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချောဝ်ဝလစ် ယုံဂျယုဒ် သည် ရာထူးမှ နှုတ်ထွက်ကြောင်းစာကို ယနေ့နံနက်တွင် ၀န်ကြီးချုပ်ရုံးသို့ တင်လိုက်သည်။ ရဲများက အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများကို မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်နှိမ်နင်းခဲ့ အင်္ဂါနေ့ နံနက်က ဖြစ်ပွားခဲ့ပြီးနောက် တာဝန်ခံသည့် အနေဖြင့် ရာထူးမှ နှုတ်ထွက်ရခြင်း ဖြစ်သည်ဟု ချာဗလစ်၏ နှုတ်ထွက်စာတွင် ရေးသားထားသည်။ထိုင်းလူမှုအဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့သော်လည်း ထိခိုက် ပျက်စီးမှုများအတွက် သူ့တွင် တစိတ်တဒေသ တာဝန်ရှိပါသည်ဟု ချာဗလစ်က နှုတ်ထွက်စာတွင် ရေးသားထားကြောင်း ထိုင်းနိုင်ငံထုတ် နေ့စဉ် သတင်းစာကြီးဖြစ်သော ဘန်ကောက်ပို့စ်၏ အင်တာနက် ၀ဘ်ဆိုဒ်တွင် ရေးသားထားသည်။ပါလီမန် အဆောက်အဦရှေ့ ဆန္ဒပြသူများကို အဓိကရုဏ်း နှိမ်နှင်းရေး ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းရာ ဒဏ်ရာရရှိသူ ၇၀ ဦးကျော် ရှိသည်ဟု သတင်းများက ဖော်ပြကြသည်။အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ဦးဆောင်နေသည့် ဒီမိုကရေစီအတွက် ပြည်သူ့ မဟာမိတ်များအဖွဲ့ (ပီအေဒီ) အဖွဲ့ဝင် ခေါင်းဆောင်တဦး ဖြစ်သည့် ဆွမ်ဆခ် ခိုးဆိုင်ဆွခ် Somsak Kohsaisuk က အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများကို လာရောက် ပူးပေါင်းရန် နှိုးဆော်သည်။ ဖမ်းဝရမ်း ထုတ်ထား ခံရသူ ပီအေဒီ ခေါင်းဆောင် ကိုးဦးအနက် နှစ်ဦးဖြစ်သည့် ချိုင်ဝတ် ဆင်ဆူဝုန်း Chaiwat Sinsuwong နှင့် ဂျမ်းလောင်း ဆီမိန်း Chamlong Srimuang တို့ကို ရဲများက ပြီးခဲ့သည် သောကြာနေ့နှင့် တနင်္ဂနွေနေ့က အသီးသီး ဖမ်းဆီးပြီးသည့်နောက် ပီအေဒီ၏ လှုပ်ရှားမှုများ ပိုမို ပြင်းထန်လာခဲ့သည်။


မဇ္ဈိမသတင်းဌာန မှ ကိုးကားသည်။

Monday, 6 October 2008

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားမျှတမှု တိုက်ပွဲ


ရှစ်လေးလုံးအရေးတော်ပုံကြီး အနှစ် (၂၀) ပြည့်မြောက်သည့် သြဂုတ်လ၏ နေ့တနေ့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲစတင်သည်။ တရားဥပဒေနှင့် မညီညွတ်ဘဲ စစ်အစိုးရက မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထားမှုကို လက်တုံ့ပြန်သည့်အနေဖြင့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ခြံဝန်းထဲမှနေ၍ တရားမျှတမှုအတွက် တကိုယ်တော် တိုက်ပွဲတခုကို စတင်လိုက်သည်။
စစ်အစိုးရထံမှ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည်များကဖြင့် နေအိမ်အကျယ်ချုပ် အယူခံဝင်ရေးအတွက် ရှေ့နေနှင့် တွေ့ခွင့်ပေးရေး၊ သဘောတူ ကတိပြုထားချက်အတိုင်း (၁) လတကြိမ် ပုံမှန် မိသားစုဆရာဝင်နှင့် ကျန်းမာရေး ဆေးစစ်ခွင့်ပေးရေး၊ မူလချမှတ်ထားသည့် တားဆီးမိန့်နှင့် မသက်ဆိုင်ဘဲ ပိတ်ပင်ခံထားရသည့် ကိုယ်ပိုင်အခွင့်ရေးများ ရရှိရေး၊ ၎င်းနှင့် အတူနေထိုင်သည့် ဒေါ်ခင်ခင်ဝင်းတို့သားအမိအား ထောက်လှမ်းရေးက လိုက်လံနှောင့်ယှက်ခြင်းမရှိဘဲလွတ်လပ်စွာ သွားလာခွင့်ပြုရေးတို့ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့် သြဂုတ်လ (၈)ရက်နေ့တွင် နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ ရှေ့နေ ဦးကြည်ဝင်းနှင့် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်ကာလ (၅) နှစ်ကျော် အတွင်း ပထမဆုံးအကြိမ် စတင်တွေ့ခွင့်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်များကို ရှေ့နေကြီး ဦးကြည်ဝင်းက အာဏာပိုင်များနှင့် ညှိနှိုင်းပေးမှုများ ပြုလုပ်ခဲ့ရသည်။
ရှေ့နေ ဦးကြည်ဝင်းက “သား (၂) ယောက်ဆီက စာတွေဘာတွေလည်း သူ့ဆီမရောက်ဘူးတဲ့။ ဆင်ဆာလုပ်တဲ့ ဟာကို သူလက်ခံတယ်။ လုပ်ပါတဲ့။ လုပ်ပြီးရင်တော့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ သူ့ဆီပို့ရမယ်တဲ့။ ဒုတိယက မဂ္ဂဇင်း Time မဂ္ဂဇင်း၊ Newsweek မဂ္ဂဇင်း ဖတ်ပိုင်ခွင့်ရှိတယ်။ ပိုင်ခွင့်တရပ်အနေနဲ့ ပေးရမယ်၊ ဒါပဲ။ အဲဒါလည်း ကျနော် ပြန်ကြည့်ပြီးပြီ၊ ကန့်သတ်တဲ့အထဲ မပါဘူးဗျ။ မပါဘဲနဲ့ မပေးရင်တော့ သက်သက်မဲ့ ဥပဒေကို လိုက်နာခြင်း မရှိဘူးလို့ ပြောရမှာပေါ့နော်။ အဲဒါလေးတွေ အရေးဆိုပေးရဦးမယ်။ နောက် ဒေါ်ခင်ခင်ဝင်းဆိုလို့ရင်လည်း ပင်စင်သွားမထုတ် ရဘူး။ အပြင်လည်း မထွက်ရဘူး။ အဲဒါမျိုးလေးတွေပေါ့ဗျာ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အချို့ကို ခေတ်ပြိုင်သို့ ပြန်ပြောပြသည်။
မူလကန့်သတ်ထားသည့် နေအိမ်အကျယ်ချုပ်ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီနှင့် ဆက်သွယ်ခွင့်၊ သံတမန်တို့နှင့် ဆက်သွယ်ခွင့်နှင့် ခြံအပြင်ထွက်ခွင့်တို့မှအပ ကျန်သည့် ကိုယ်ပိုင်အခွင့်အရေးများ အားလုံးကို ခံစား ပိုင်ခွင့်ရှိသည်ဟုလည်း ဦးကြည်ဝင်းက ဖြည့်စွက်ပြောသည်။
သြဂုတ်လ (၁၇) ရက်နေ့ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာအီဘရာဟင်ဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခါနီး (၁) ရက်အလို၌ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေ ဦးကြည်ဝင်းနှင့် ဒုတိယအကြိမ် တွေ့ခွင့် ပေးလိုက်ပြီး တရက်တည်း၌ပင် ယခုနှစ် ဇန်နရီလကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဆီသို့ သွားခွင့် မရတော့သည့် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကိုလည်း ကျန်းမာရေးစစ်ဆေးခွင့်ပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က သူ၏တောင်ဆိုချက်များအနက် မိသားစု ရှေ့နေ၊ ဆရာဝန်တို့နှင့်တွေ့ဆုံခွင့်တို့ ရခဲ့သော် လည်း ကျန်ရှိသည့် အခြားအခွင့်အရေးများရရှိအောင် ဆက်လက်တောင်းဆိုနေစဉ်အတွင်း ရှေ့နေဦးကြည်ဝင်းမှလွဲ၍ ကျန်သည့် ပြင်ပအဆက်အသွယ်များကို လက်မခံတော့ဘဲ ဖြတ်တောက်ပစ်ခဲ့သည်။ သြဂုတ်လ (၂၀) ရက်နှင့် (၂၂) ရက်တို့တွင် မစ္စတာ ဂမ်ဘာရီက တွေ့ဆုံရန် စောင့်ဆိုင်းနေခြင်းနှင့် အာဏာပိုင်တို့က အသံချဲ့စက်ဖြင့် ခြံဝမှ လာရောက်အော်ခေါ်ခြင်းတို့ ပြုလုပ်ခဲ့သည့်တိုင် လက်ခံတွေ့ဆုံခဲ့ခြင်းမရှိခဲ့ချေ။
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် ပြင်ပမှ စားသောက်ဖွယ်ရာများ နေ့စဉ်ဝယ်ယူပေးနေသည့် အ၀ယ်တော် ကိုမြင့်စိုး ထံမှ ဈေးခြင်းကိုမယူဘဲ ငြင်းဆန်လိုက်ပြီး အစာငတ်ခံ ဆန္ဒပြနေသည်ဆိုသည့်သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် အစာငတ်ခံ ဆန္ဒပြနေခြင်းမဟုတ်ဟု အန်အယ်လ်ဒီပါတီကရော၊ စစ်အစိုးရကပါ တုံ့ပြန်ခဲ့သည်။ တဆက် တည်းလိုပင် စက်တင်ဘာ (၁) ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးကြည်ဝင်းကိုသာ တတိယအကြိမ် တွေ့ဆုံခဲ့ပြီး ဆရာဝန်နှင့် မတွေ့ဆုံတော့ခြင်း၊ စက်တင်ဘာ (၂) ရက်၌ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို မတွေ့ဆုံခြင်းတို့ ဆက်တိုက်ပြုလုပ်ကာ ရပိုင်ခွင့်များအတွက် ဆက်လက်တောင်းဆိုခဲ့သည်။
စက်တင်ဘာ (၁၁) ရက်၌ ရှေ့နေဦးကြည်ဝင်း စတုတ္ထအကြိမ်သွားရောက်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကို နအဖ စစ်အစိုးရက လိုက်လျောခဲ့ရသည်။ မိသားစုပေးစာများ၊ မဂ္ဂဇင်းများ၊ အိမ်သုံး အီလက် ထရောနစ်ပစ္စည်းများနှင့် တကိုယ်ရေသုံးပစ္စည်းများ သွင်းယူခွင့်၊ ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို မနက် (၆) နာရီမှ ညနေ (၆) နာရီိထိ ၀င်ထွက်သွားလာခွင့်တို့ရရှိခဲ့သည်။
တောင်းဆိုချက်အချို့ရပြီးနောက် စက်တင်ဘာ (၁၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာတင်မျိုးဝင်း၏ ဆေးကုသမှုခံယူခဲ့ပြီး နောက်တနေ့တွင် အ၀ယ်တော်၏ ပြင်ပမှဈေးခြင်းတောင်းကို ပြန်လက်ခံယူခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်၏ တောင်းဆိုချက်များ အားလုံးနည်းပါးကို စစ်အစိုးရက လိုက်လျောလိုက်ပြီဖြစ်ကြောင်း၊ နေအိမ် အကျယ်ချုပ် တားဆီးမိန့် အယူခံဝင်ရန်သာ ကျန်တော့သည်ဟု အန်အယ်လ်ဒီက ပြောသည်။
အယူခံဝင်ရာ၌ ဒေါ်အောင်ဆန်းစုကြည်အား တားဆီးမိန့်ချထားခြင်းသည် တရားဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် အယူခံဝင်ခြင်းလား သို့တည်းမဟုတ် တားဆီးမိန့် သက်တမ်း (၅) နှစ်ကျော်နေသဖြင့် ဥပဒေအရ ဖမ်းဆီးခွင့် မရှိ တော့ဟု ယူဆသဖြင့် အယူခံခြင်းလားဟု မေးမြန်းစရာရှိသည်။ အန်အယ်လ်ဒီပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကမူ (၂) မျိုးလုံးအတွက် အယူခံဝင်မည်ဟု အဖြေပေးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံဝင်ရေးကိစ္စကို အန်အယ်လ်ဒီက ယမန်နှစ်ကတည်းက စတင် ကြိုးပမ်းနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလ (၂၇) ရက်နေ့၌ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်သက်တမ်း နောက်ထပ် (၁) နှစ်ထပ်တိုးလိုက်ချိန်၌ တားဆီးမိန့်နှင့် ပတ်သက်၍ တရား ဥပဒေအရ စိန်ခေါ်မှုများ အသံပိုမို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
ယေဘုယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခု မေလ (၃၀) ရက်နေ့ ဒီပဲယင်းလုပ်ကြံမှုတွင် ဖမ်းဆီးခံ ရသဖြင့် ၂၀၀၈ ခု မေလတွင် ဖမ်းဆီးခံနေရသည့် အချိန်ကာလ (၅) နှစ်ပြည့်နေပြီဖြစ်သည်။ သို့ဖြစ်၍ ဥပဒေက ခွင့်ပြုထားသည်မှာ သက်တမ်းအများဆုံး (၅) နှစ်သာရှိသဖြင့် ဆက်လက်ဖမ်းဆီးခွင့်မရှိတော့ဟု အန်အယ်လ်ဒီက ပြောသည်။ သို့သော် စစ်အစိုးရက (၆) နှစ်ထိ ဖမ်းဆီးထားနိုင်သည်ဟု ယူဆထားပုံရသည်။
ဦးဉာဏ်ဝင်းက “အယူခံက တားဆီးမိန့်ချထားတာဟာ တရားမ၀င်ဘူးဆိုတာရယ်။ ကန့်သတ်ခွင့် သက်တမ်း (၅) နှစ် ထက် ကျော်နေတာရယ် (၂) ခုလုံးပါတယ်။ အဓိကက (၅) နှစ်နဲ့ (၆) နှစ် နှစ်ဘက် အငြင်းပွားစရာ ပြဿနာကတော့ ရှိတာပေါ့။ ပိုပြီးတော့ အရေးကြီးတာက ပုဒ်မ (၇) မှာ အချုပ်အခြာအာဏာကို ထိပါးခြင်းနဲ့ အေးချမ်းသာယာရေးကို ထိပါးခြင်း ဒီ (၂) ခုအပေါ်မှာ အရေးယူတာ။ ပြောရရင် ဒီ (၂) ခုစလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်ခြင်း မရှိဘူး။ ဒါကြောင့် ဒီလိုအရေးယူပြီး ထိန်းသိမ်းထားတာ မှားတယ်လို့ ဥပဒေ အမြင်အရပြောမှာပါ” ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ်ချထားရာတွင် ၁၉၇၅ ခု ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၃) အဖြစ် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် အရေးယူထားသည်ကို တွေ့ရမည်ဖြစ်သည်။
ထို ဥပဒေ အခန်း (၃ ) ပုဒ်မ (၇ ) ၌ “နိုင်ငံသားတဦးဦးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးအန္တရာယ် ဖြစ်စေမည့် ပြုလုပ်မှု တခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိလျှင် ၀န်ကြီးအဖွဲ့သည် ယင်းပုဂ္ဂိုလ်၏ မူလအခွင့်အရေး တရပ်ရပ်ကို လိုအပ်သလိုကန့် သတ်မိန့် ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထိုအချက်နှင့်ငြိစွန်းသည်ဟု နအဖစစ်အစိုးရက စွပ်စွဲပြီး တားဆီးမိန့် ထုတ်ကာ နေအိမ် အကျယ်ချုပ်ချထားခြင်းဖြစ်သည်။
မူလ ၁၉၇၅ ခု ဥပဒေသတ်မှတ်ချက်အရ အရေးယူခံရသူအား ဗဟိုအဖွဲ့ က (၁) နှစ်အထိတားဆီးမှု ပြုလုပ်နိုင်ကြောင်း၊ ထိုကာလထက် ကျော်လွန်၍ ဆက်လက်တားဆီးမှုပြုလုပ်ရန်လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက် ရယူရ မည်ဖြစ်ကြောင်း၊ ၀န်ကြီးအဖွဲ့က ခွင့်ပြုချက်ပေးရာတွင် တကြိမ်လျှင် ရက်ပေါင်း (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းချက်၌ရှိသည်။ ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးက ဦးဆောင်ပြီး နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့က အဖွဲ့ဝင်ဖြစ်သည်။ ၀န်ကြီးအဖွဲ့ကို ၀န်ကြီးချုပ်က ဦးဆောင်သည်။
အဆိုပါ ၁၉၇၅ ဥပဒေ ပြဋ္ဌာန်းချက်ကို ၁၉၉၁ ခု သြဂုတ်လ (၉) ရက်၌ န၀တ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး စောမောင်အမိန့်ဖြင့် ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ကို “တကြိမ်လျှင် ရက်ပေါင်း (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိ” အစား “တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ” ခွင့်ပြုနိုင်ကြောင်း ပြင်ဆင်ပြဋ္ဌာန်းခဲ့ သည်။
ယင်းဥပဒေပြဋ္ဌာန်းချက်ပေါ်လိုက်၍ ဗဟိုအဖွဲ့၏ တားဆီးခွင့် (၁) နှစ်၊ လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုခွင့် (၅)နှစ် စုစုပေါင်း (၆) နှစ်ချမှတ်နိုင်ကြောင်း နအဖစစ်အစိုးရက အဓိပ္ပာယ်ကောက်ယူပြီး အန်လယ်လ်ဒီပါတီက ဥပဒေတွင် စုစုပေါင်း (၅) နှစ်ဟု ပြဋ္ဌာန်းထားသဖြင့် ဗဟိုအဖွဲ့နှင့် ၀န်ကြီးအဖွဲ့ပေါင်း၍ စုစုပေါင်း (၅) နှစ်ဟု အဓိပ္ပာယ် ကောက် ယူကြောင်း ပြောသည်။
မည်သို့ အဓိပ္ပာယ်ကောက်ယူသည်ဖြစ်စေ တားဆီးမိန့်ဖြင့် အရေးယူခံထားရသူတဦးကို ကန့်သတ်ရာ၌ အချိန်ကာလ အပိုင်းအခြားအားဖြင့် အတိုတောင်းဆုံး ဖြစ်စေရမည်ဟု ပြဋ္ဌာန်းချက်မျိုး ဥပဒေ၌ ပါရှိသလို အရေးယူခြင်းခံနေရသည့် ကာလအတွင်း အယူခံဝင်ခွင့်ရှိသည်ဟုလည်း ပါရှိသည်။ သို့သော် ချမှတ်ထားသည့် တားဆီးမိန့်အား ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အတည်ပြုခြင်းတို့ကို ၁၉၇၅ခု ဥပဒေ၌ ပြည်သူ့တရားသူကြီးအဖွဲ့ ကိုရော၊ ၀န်ကြီးအဖွဲ့ကိုပါ လုပ်ပိုင်ခွင့်ပေးထားရာမှ ၁၉၉၁ ခု သြဂုတ်လက ဥပဒေပြင်ဆင်ရာတွင် ပြည်သူ့ တရားသူကြီးအဖွဲ့၏ လုပ်ပိုင်ခွင့်ကို စစ်အစိုးရက လုံးဝပယ်ဖျက်ခဲ့သည်။
သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထားသည့် တားဆီးမိန့်အား လိုအပ်သလိုပြင်ဆင်ပယ်ဖျက်ခွင့် ရှိသည့် အာဏာသည် ၀န်ကြီးအဖွဲ့၌သာရှိပြီး ၀န်ကြီးအဖွဲ့ကလည်း ၎င်းတို့ ကိုယ်တိုင်ဆုံးဖြတ်ပြီး ချမှတ်ထားသည့် တားဆီး မိန့်အား ပြန်ပယ်ဖျက်၍ အယူခံဝင်လာမှုကို လက်ခံစဉ်းစားရန်မှာ ဖြစ်နိုင်ခြေမရှိဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ဗဟိုတရားရုံးရှေ့နေတဦးက ယူဆသည်။
အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းကလည်း “ ဒီဥပဒေမှာ ၀န်ကြီးအဖွဲ့က တားဆီးမိန့်သက်တမ်း တိုးချဲ့ ဖို့ကို ဥပဒေအရ အခွင့်အာဏာရှိတယ်။ အခုကျနော်တို့ကလည်း ၀န်ကြီးအဖွဲ့ကိုတင်ရမယ်။ ဥပဒေရဲ့ ချို့ယွင်းချက် တော့ ဒီမှာဖြစ်နေတာအမှန်ပဲ။ မိမိချမှတ်ထားတဲ့ အမိန့်ကို မိမိထံမှာ အယူခံဝင်တဲ့သဘော။ ဒါဟာ ဥပဒေ လုပ်ထုံး လုပ်နည်းအရ ဆိုရိုးစကားတွေအရ ဒါဟာ ဘယ်တော့မှမဖြစ်ရဘူး။ ဒါဥပဒေရဲ့ မှားယွင်းချက်ပေါ့” ဟု ပြောသည်။
လက်တွေ့အခြေအနေ၌ အယူခံဝင်ရေးကိစ္စသည် ဥပဒေကြောင်းအရ အခက်အခဲအတားအဆီးများ ရှိနေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အားလည်း မည်သည့်နေ့ရက်မှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်ဆို သည်မှာလည်း စစ်အစိုးရထံမှ တားဆီးမိန့် မိတ္တူမရရှိသေးဘဲဖြစ်နေသဖြင့် နေအိမ်အကျယ်ချုပ်ကျခံ နေရသည့် ကာလတွက်ချက်မှုက အမျိုးမျိုးဖြစ်နေဆဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား အများဆုံးထိန်းသိမ်းနိုင်သည့်ကာလသည် ပြည်ထဲရေးဝန်ကြီးက (၁)နှစ် ၊ ၀န်ကြီးအဖွဲ့က (၅)နှစ်စုစုပေါင်း (၆) နှစ်ဖြစ်ကြောင်း၊ ယင်း (၆) နှစ်ကာလသည် လာမည့်နှစ်ဝက်ခန့်တွင် ပြည့် တော့မည်ဟု ပြီးခဲ့သည့် ဇူလိုင်လ စင်ကာပူနိုင်ငံတွင်ကျင်းပသည့် အာဆီယံ ၀န်ကြီးများအစည်းအဝေးပွဲတွင် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောကြားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျရိုးက ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းသို့ပြောကြားပြီးနောက်မှ တခါပြန်၍ နားလည်မှုလွဲမှားသွားခြင်းဖြစ်ကြောင်း၊ တကယ်တမ်းတွင် ၂၀၀၉ ခု မေလမှာ (နောက်ထပ် (၆) လအကြာတွင်မှ) ထိန်းသိမ်းထားသည့် အကျယ်ချုပ်သက်တမ်း (၆) နှစ်ပြည့်မည်ဟု မြန်မာဘက်က ပြန်ရှင်းပြခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖြေရှင်းချက်ထပ်မံထုတ်ပြန်ခဲ့သည်။
ထိုပြောဆိုချက်ကို ထောက်ရှု၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်း ၂၀၀၉ နိုဝင်ဘာ တွင်ပြည့်မည်ဟုယူဆနိုင်ပြီး ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းလုပ်ကြံမှုအပြီး နိုဝင်ဘာလတွင်မှ ပုဒ်မ ၁၀ (ခ) ဖြင့် စအရေးယူခြင်းဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။ ၂၀၀၃ မေလမှ နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အင်းစိန်ထောင်၊ အာရှတော်ဝင်ဆေးရုံနှင့် နေအိမ်တို့၌ တလှည့်စီနေခဲ့ရသည်။ ထိုကာလအတွင်း မည်သည့်ပုဒ်မဖြင့် အရေးယူထားသနည်းဟု စစ်အစိုးရအား မေးခွန်းထုတ်ရန်လိုသည်။
နေအိမ်အကျယ်ချုပ်သက်တမ်းတွက်ချက်မှု မည်သို့ပင်ဖြစ်နေစေကာမူ ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်း အကြမ်းဖက်မှု၌ ပြစ်မှုကျူးလွန်သူမဟုတ်ဘဲ ပြစ်မှုကျူးလွန်ခြင်းခံခဲ့ရသူဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် စကတည်းက ဥပဒေကြောင်းအရ မှားယွင်းနေသည်ဟု မြန်မာနိုင်ငံရှေ့နေများ ကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကလည်း သူ့အမြင်ကိုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် အယူခံဝင်သည့်ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းတယောက်တည်းအတွက်သာမက မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုရှိရေးနှင့် တရားဥပဒေကို လေးစားလိုက်နာမှုရှိလာစေရေး ရည်ရွယ်လုပ်ဆောင်သည့် ဆောက်ရွက်ချက်ဖြစ်သည်ဟု ပြောကြားသည်။
ဦးဉာဏ်ဝင်းက “ရိုးရိုးလေးပဲပြောချင်ပါတယ်။ ခုကျနော်တို့အယူခံဝင်တယ်။ ဥပဒေနဲ့အညီဖြစ်အောင် ကြိုးစားဆောင် ရွက်တယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ ကျနော်တို့လုပ်တာ။ သို့သော် ဒီရဲ့အကျိုးရလဒ်ဟာ ဒေါ်အောင် ဆန်းစုကြည် တယောက်အတွက်မဟုတ်ဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးအတွက်၊ တရားဥပဒေအတိုင်း ဆောင် ရွက်ကြပါ။ တရားဥပဒေဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်။ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်။ အဲ့တော့ အထူး သဖြင့် တရားဥပဒေ စိုးမိုးရေးကို တည်ထောင်ဖို့ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျနော်တို့ဟာ တရား ဥပဒေစိုးမိုးရေးကို ဦးတည်ဆောင်ရွက်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်၏အယူခံကို စစ်အစိုးရကလက်ခံစဉ်းစားမည်လား၊ အယူခံ အနိုင်ရမည်လား၊ ရှုံးနိမ့် သွားမည်လား သို့တည်းမဟုတ် စစ်အစိုးရ ယူဆထားသည့်အတိုင်း လာမည့်နှစ် နိုဝင်ဘာလကုန်နေအိမ် အကျယ်ချုပ် သက်တမ်း (၆) နှစ်ကုန်ပါက ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာမည်လား။ ပြန်မလွှတ်ပေးဘဲ နောက်ဥပဒေ တမျိုးနှင့် ထပ်ဖမ်းဆီးဦးမည်လား။ အကယ်၍ ပြန်လွတ်လာမည်ဆိုပါကလည်း နအဖကြံစည်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ရိုက်ခတ်မှု မည်သို့ရှိလာမည်နည်းဆိုသည်မှာ စဉ်းစားဖွယ်ရာများဖြစ်သည်။
တဖက်ကပြန်ကြည့်လျှင် တရားဥပဒေ မလေးစားသည့် မြန်မာစစ်အစိုးရလက်ထက်တွင် အမှန်တကယ်လွတ်မြောက်ဖို့ ခက်ခဲမှန်း ဒေါ်အောင်ဆန်းစုကြည် မသိမဟုတ်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲသည် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်မှ လွတ်မြောက်ရေးထက် ဒီမိုကရေစီတိုက်ပွဲဝင်ရာတွင် စစ်အစိုးရ၏ မတရားချုပ်နှောင်မှုကို အကျဉ်းခံဘ၀မှ စိန်ခေါ်သည့်ပွဲဖြစ်သည်။ တရားဥပဒေ မလေးစားသည့် စစ်အစိုးရကို တရားဥပဒေဘောင်တွင်းက တိုက်ပွဲဝင်ခြင်းဖြင့် အနိုင်အရှုံးထက် ခေါင်းဆောင်တဦး၏ စိတ်ဓာတ်ခိုင်မာမှုကို မှတ်ကျောက်တင်သည့် တိုက်ပွဲဖြစ် သည်။ မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုမရှိဖြစ်နေကြောင်း ကမ္ဘာကသိအောင် လက်ခမောင်းခတ်သည့် တိုက်ပွဲဖြစ် သည်။
မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မတရားသဖြင့် ကာလကြာရှည်စွာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားမှု၊ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေဘောင်အတွင်းမှ အယူခံဝင်ရန်ကြိုးပမ်းမှုနှင့် အကျဉ်းသားတဦး၏ ရပိုင်ခွင့်အခွင့်အရေးများ ပြန်လည်ရရှိအောင် တောင်းဆိုတိုက်ပွဲဝင်မှုတို့သည် အနာဂတ် မြန်မာနိုင်ငံ၏ တရားစီရင် ရေးနှင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှတ်တမ်းတွင် စံနမူနာယူစရာပြရုပ်တခု အဖြစ် ကျန်ရှိနေမှာ သေချာ သည်။


ပီတာအောင်/စက်တင်ဘာ ၂၀၀၈။