Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 10 October 2008

"ခွပ်ဒေါင်းအားမာန်"


သန်းရွှေဗိုလ်ချုပ်၊ အာဏာရူးလုပ်လို့ 

ငါတို့လူမျိုး၊ နိမ့်ကျနေတာနိုင်ငံတကာမှာ။

တေဇသူဌေး၊ ဂုတ်သွေးစုပ်လို့

နိုင်ငံ့ထုတ်ကုန်၊ အားလုံးပုံပြီး
ဖင်ခုတက်ထိုင်၊ စေရာလက်ညှိုး
ထိုးရုံလေးနဲ့၊အိုကေနေတာ ......

ဖယ်ရာရီဆို၊ လိတ်တက်စ်မျိုးမှ

သူ့ရဲ့သားက၊ တစ်စီး တစ်ပါတ်ဖြုန်းနိုင် ရက်တော့

ငါတို့ပြည်သူ၊ ဘယ်မလှူနိုင်

သံဃာတွေပါ၊ သက်တော်စတေး

နိုင်ငံ့အရေးအတွက်၊ ရှေ့ကရပ်လို့

မင်းတို့ငါ့တို့ ...

ဒီအတိုင်းထိုင်ကြည့်နေရမှာလား။

နိုင်ငံအပေါ်မင်းမြင်သမျှ

ကျေနပ်နိုင်မယ်ငါမထင်ဘူး

ဒီတော့ ..သီးခံ၊ မတော်လှန်ပဲ

နုတ်ပိတ်ရေငုံ ၊ မင်းနေနေလို့

သင့်တော်ပါ့မလားသူငယ်ချင်း။

ခွပ်ဒေါင်းမှန်ရင်၊ ငြိမ်မနေပဲ

မတရားမှု၊ တွန်းလှန်ပြုလို့

နိုင်ငံအတွက်၊ အတက်ကြွဆုံး

အင်အားစု၍၊ ငါတို့ညီညာ

တူညီစွာဖြင့်၊ လုံ့ လဖြာပြီး

အရောက်ပန်းတိုင်၊ လှမ်းနိုင်ရမယ်သူငယ်ချင်း။



ကိုတေ

No comments: