Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday, 10 January 2009

တိုက်တတ်ရင် အောင်ပွဲဖြစ်တယ် (၂)

တိုက်တတ်ရင် အောင်ပွဲဖြစ်တယ် (၂)

မင်းဒင် ရေးသည်။

ကီရီနီးယား ဆိုက်ပရပ် (အေပီ သတင်းဖော်ပြချက်)
အရှေ့ အလယ်ပိုင်း သဲကန္တာရ သူရဲကောင်းဖြစ်သော ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် ဆိုက်ပရပ်ကျွန်းသို့  တိုးတိုးတိတ်တိတ် ရောက်လာ၏။ ဗိုလ်ချုပ်ကြီး ထရေဗာ ရောက်လာခြင်းသည် ဆိုက်ပရပ်ကျွန်း၏ အုပ်ချုပ်မှုအာဏာကို လက်ပြောင်းယူခြင်းဟု အားလုံးက ခန့် မှန်းနေ ကြ၏။ သူရောက်လာခြင်းသည် အိပ်ဇိုးဒပ် အရေးအခင်းအတွက် မူပြောင်းခြင်းဖြစ်ချင်ဖြစ်မည် ၊ သို့ တည်းမဟုတ် ဆိုက်ပရပ် အုပ်ချုပ်ရေး အတွက် လူ ပြောင်းခြင်း ဖြစ်ချင်ဖြစ်မည်ဟု အကဲခတ်သမားများက ယူဆနေကြ ပါသည်။

မတ်သည် သဘောင်္ပေါ်ရောက်သည်နှင့် ကာရင်ကလီမင့်ကို တွေ့ လို၍ ခဏခေါ်ပေးရန် အယ်ရီကို ပြောလိုက်၏။
သဘောင်္ပေါ်ရှိကလေးများ အခြေအနေမှာ သိပ်မကောင်းပါ။သူတို့ တစ်တွေသည် ကျဉ်းကျပ်စွာ နေရခြင်း ၊ ရေမချိုးရခြင်းနှင့် တခြားသော အကြောင်း အကြောင်း များကြောင့် ညှိုးချုံးလျက် ရှိလေသည်။ အယ်ရီကမူ ဘာမှ မထူးခြားသော အသွင်ကို ဆောင်လျက် ။
" အပြင်ဘက်က အခြေအနေကို ပြောပါဦး မတ် "

"သိပ် အပြောင်းအလဲ မရှိဘူး ၊ ထရေဗာ ဘရောင်းနင်း ဝင်လာပေမဲ့  ဘာမှမထူးခြားဘူး ၊ သတင်းကတော့ တစ်နေ့ တခြား ပိုကြီးလာပါတယ် ၊ ခင်ဗျား အတွက်ရော ကျုပ်အတွက်ပါ အကျိုးရှိပါတယ် ၊ ကျုပ်ကလည်း သတင်းကောင်းတစ်ပုဒ် ရတယ် ၊ ခင်ဗျားတို့ လည်း ဗြိတိသျှတွေရဲ့  အရှိုက်ကို ဆော် နိုင်ခဲ့တယ်ပေါ့ ၊ ဒါပေမဲ့  ကြားရသလောက်ကတော့ ဗြိတိသျှတွေက လျှော့ပေးမယ် မထင်ဘူး "
"ဒီတော့ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ မတ် "
"သြော် .... ကျုပ်ပြောချင်တာက အခုအခြေအနေမှာ အင်္ဂလိပ်တွေထက် လူစိတ်ရှိတယ် ဆိုပြီး ကမ်းးကိုကပ်ပေးလိုက်ရင် ကျုပ်တို့ သတင်းတွေ ကလည်း အကြီးဆုံး ဖော်ပြနိုင်မယ် ၊ ကမ္ဘာတစ်ဝှန်းးလုံးရဲ သနားခြင်းလည်း ခံရမယ် "
"နေပါဦး ၊ ခင်ဗျားကို ကစ်တီက လွှတ်လိုက်တာလား မတ်"
"အို .. မဆိုင်တာတွေ ပြောမနေစမ်းပါနဲ့ ၊ ကြည့်စမ်းပါဦး ၊ ကလေးတွေရဲ့  အခြေအနေတွေကို လူရုပ်တောင် မပီတော့ဘူး "
"သူတို့ ဘာလုပ်နေတယ်ဆိုတာ သူတို့  ဘာသာသိပါတယ် "
"နောက်တစ်ခု ရှိသေးတယ်နော် အယ်ရီ ၊ အခုနေတော့  ကျုပ်တို့ သတင်းက သတင်းကြီး မျက်နှာဖုံး သတင်းပါပဲ၊ ဒါပေမဲ့  ဘယ်သူက ဘယ်လိုပြောနိုင် မှာလဲ ၊ နက်ဖြန်ပဲ ဖရင့်ဆင့် နာစထရာက ဘယ်သတင်းစာသမားကို လက်သီးနဲ့  ထိုးလိုက်တာနဲ့  မျက်နှာဖုံးသတင်းက ပြုတ်သွားမှာ "
ထိုအချိန်၌ ကာရင်သည် အခန်းထဲဝင်လာ၏။
"ဟယ်လို ... မစ္စတာ ပါကား "
ကာရင်သည် မတ်ပေးလိုက်သော ကစ်တီ၏ စာကိုယူ၍ လက်ဆောင်ထုပ်ကိုတော့ ငြင်းလိုက်သည်။ တခြားအလျင်က လက်ဆောင်များကိုလည်း ကာရင်ငြင်းခဲ့သည်ပဲ ဖြစ်ပါသည်။ မတ်က ..
"'ဒုက္ခပါပဲ ၊ မင်းက မယူတာက အရေးမကြီးဘူး ၊ ကျုပ်က ကမ်းပေါ်ရောက်ရင် ကစ်တီကို ဘယ်လို ပြောရမှန်းကို မသိတော့ဘူး ၊ ဒီမှာ အယ်ရီ ၊ ဒီကလေးမကို ကြည့်စမ်း ၊ သူ့  မျက်လုံး မျက်ခွံတွေ ညိုပြီး အကွင်းလိုက်ကြီး ဖြစ်နေတာ တွေ့ ရဲ့ လား ၊ နောက်ထပ် နှစ်ရက် သုံးရက်ဆိုရင် ခင်ဗျား သဘောင်္ပေါ်မှာ ပြဿနာ ဖြစ်လာတော့ မှာပဲ "
အယ်ရီကမူ တိကျပြတ်သားစွာဖြင့် ..
"ကျု့ပ်တို့ ဟာ တစ်ကမ္ဘာလုံးက ပြည်သူတွေရဲ့  စိတ်ဝင်စားမှုကိုံယူနေတာ အဓိက မဟုတ်လား ၊ ဒီမှာ တစ်ခုတော့ ရှင်းရှင်းသိဖို့ လိုတယ် မစ္စတာ ပါကား ၊ ကျုပ်တို့ ဟာ ဘယ်နည်းနဲ့ မှ ကာရောင်လို စခန်းကို မပြန်ဘူး၊ ကျုပ်တို့ တိုက်ပွဲကို ဥရောပမှာ ရှိနေတဲ့  ဂျူးဒုက္ခသည် တစ်သန်းလောက် စောင့်ကြည့် နေကြတာ ၊ ဒီတိုက်ပွဲဟာ သူတို့ အတွက် အဖြေပဲ ၊ ဒီမယ် မတ် ၊ သေသေချာချာမှတ်ပြီး သတင်းသာ ရေးပေတော့ ၊ နက်ဖြန်ခါ ကစပြီး ကျုပ်တို့ ကို မလွှတ်ရင် သဘောင်္တစ်စင်းလုံး အစာငတ်ခံမယ် ၊ ကျု့ပ်တို့ အထဲက ကလေးတစ်ယောက်ယောက်ဖြစ်ဖြစ် ၊ လူကြီးတစ်ယောက်ယောက်ပဲဖြစ်ဖြစ် မေ့မြောသွားရင် သူတို့ ကြောင့်ဆိုတာ ဗြိတိသျှတွေ သိရအောင် သဘောင်္ ကုန်းပတ်ပေါ်မှာ တင်ပြမယ်ဗျာ ၊ ဒါပဲ "
"ခင်ဗျား ရက်စက်လှချည့်လားဗျား ၊ ရက်စက်လှချည်လား ၊ လူမှဟုတ်သေးရဲ့  လား "
"ကျုပ်ကို ခင်ဗျား ခေါ်ချင်သလိုသာခေါ်ပေတော့ ၊ ကျုပ်က ဒုက္ခသည် မိဘမဲ့ ကလေးတွေနဲ့  ပြန်တိုက်နေရတာကို သဘောကျတယ်လို့ များ အောက် မေ့နေသေးလား ဟင် ၊ တခြားလက်နက်တို့  တပ်တို့  မရှိတော့လို့  တင့်ကားတွေကို ဘာနဲ့ မှ ပစ်စရာ မရှိလို့ ပဲ ၊ စစ်သဘောင်္ကြီးတွေကို ဘာနဲ့  ခုခံရမှာ လဲ ၊ ကျုပ်တို့ မှာ လက်နက်ဆိုလို့ ကျုပ်တို့  ယုံကြည်ချေက်ပဲ ရှိတော့တယ် ၊ နှစ်ပေါင်းနှစ်ထောင်ကျော်က အတိုက်ထုတ်ခံခဲ့ ရတဲ့ ကျုပ်တို့ တစ်တွေဟာ အခုပြန်တိုက်ရမယ် ၊ ဒီတိုက်ပွဲမှာ ကျုပ်တို့ နိုင်မှကို ဖြစ်မယ်"
.............................................




အိပ်ဇိုးဒပ်၏ တိုက်ပွဲခေါ်သံ
ကလေးများ အစာငတ်ခံကြပြီ ။
ကလေးများသည် ကာရောင်လို စခန်းသို့ ပြန်မည့်အစား အစာငတ်ခံရန် ဆုံးဖြတ်လိုက်ကြခြင်း။
ထိုသတင်းသည် ကမ္ဘာ့သတင်းစာအားလုံး၏ မျက်နှာဖုံးသတင်းဖြစ်သွားလေသည်။
အိပ်ဇိုးဒပ်ခေါင်းဆောင် အယ်ရီဘင်ကင်နင်သည် ခုခံရေးစစ်ပွဲမှ မမျှော်လင့်ဘဲ တန်ပြန် ထိုးစစ်ဆင်လိုက်ခြင်း ဖြစ်ပေသည်။ ယခုအခါ အပြန်အလှန် စောင့်ကြည့်နေသည့်  အခြေအနေမှ တိုက်ပွဲခေါ်သံကို ကလေးများ အစာငတ်ခံခြင်းဖြင့် စလိုက်ပေပြီ ။ အိပ်ဇိုးဒပ် သဘောင်္နံဘေးတွင် အင်္ဂလိပ်၊ ပြင်သစ် ၊ ဟီဘရူးဘာသာဖြင့် ဆိုင်းဘုတ်ကြီးများ တင်လိုက်ကြ၏။
ဆိုင်းဘုတ်မှာ ..
အစာငတ်ခံတိုက်ပွဲ တစ်နာရီရှိပြီ ... ။
အစာငတ်ခံတိုက်ပွဲ ဆယ့်နှစ်နာရီရှိပြီ ..။
ဆယ်နှစ်အရွယ် ၊ ဆယ့်နှစ်နှစ်အရွယ် ၊ တစ်ဆယ့်ငါးနှစ်အရွယ်ရှိ ယောက်ျားကလေး နှစ်ယောက် ၊ မိန်းကလေး တစ်ယောက်တို့ သည် အားပြတ်လဲကျ သွား သဖြင့် အများပြည်သူ မြင်နိုင်စေရန် သဘောင်္ကုန်းပတ်ပေါ်သို့  တင်လိုက်၏။
အစာငတ်ခံတိုက်ပွဲ နာရီ နှစ်ဆယ်ရှိုပြီ ... ။
နောက်ထပ်ကလေးဆယ်ယောက် ကုန်းပတ်ပေါ်ရောက်လာပြန်လေ၏။
.......................................
"ဒုက္ခပါပဲ ကစ်တီရယ် ၊ ထိုင်နေစမ်းပါဦး ၊ လမ်းလျှောက်လိုက် .. ထလိုက် ... ထိုင်လိုက်နဲ့  ၊ ကစ်တီ ကြည့်ရတာ မောလိုက်တာ"
"ဘယ့်နှယ် လုပ်ပြီး ထိုင်နိုင်မှာလည်း မတ်ရယ် ၊ ဒီ အယ်ရီဆိုတဲ့ လူက ကလေးတွေကို ဘယ်လောက်ကြာကြာ အစာငတ်ခံခိုင်းမှာလဲ ၊ အားလုံးသေ ကုန် ကြလိမ့်မယ် ၊ ကစ်တီ သဘောင်္ကို လှမ်းမကြည့်ရဲတော့ဘူး ၊ ကာရင်များ ကုန်းပတ်ပေါ်ရောက်နေပြီလား မသိဘူး "
"ကာရင် မပါပါဘူးလို့  ကိုယ်ပြောနေတာ ဆယ်ကြိမ်မကတော့ဘူး "
"ကလေးတွေက နဂိုကမှ သန်သန်မာမာတွေ မဟုတ်ရတဲ့ အထဲမှာ သဘောင်္ပေါ်မှာ ကျပ်တည်းကျပ်တပ်နဲ့  ရက်နှစ်ပါတ်နေခဲ့ ရပြီးပြီ ၊ အခုတစ်ခါ အစာ ငတ်ခံရပြန်တယ် ဆိုတော့  ကစ်တီဖြင့် တွေးတောင် မတွေးရဲဘူး ၊ ဒီ အယ်ရီဆိုတဲ့ လူဟာ လူမှ ဟုတ်ရဲ့ လား မသိဘူး ၊ လူစိတ်မှ ရှိရဲ့ လား မသိဘူး "
"ကိုယ်လည်း ဒါကို တွေးနေတာပဲ ၊ ကိုယ်တို့  ဂျူးတွေကို နားမှလည်ရဲ့  လားလို့ ၊ သူတို့  ဒီလောက်မက်မက်မောမော သွားချင်နေတယ် ဆိုတဲ့  ပါလက်စတိုင်းဟာ ဘာမှ ရှိတာမဟုတ်ဘူး ၊ နေပူကျဲကျဲနဲ့  သဲတွေပဲ ရှိတဲ့ ကန္တာရကြီး ကစ်တီ ၊ ဘာကြောင့်များ အသက်စွန့် ပြီး ကန္တရကြီးထဲ ရောက်ဖို့  တိုက်ပွဲဝင်နေကြပါလိမ့် "
"အို ... သူတို့ ဘက်က ကာကွယ်မနေစမ်းပါနဲ့ မတ်ရယ် "
"ကာကွယ်နေတာ မဟုတ်ဘူး ကစ်တီ ၊ အခြေအနေအားလုံးကို ပြန်ဆန်းစစ်ကြည့်နေတာ ၊ အခုအစာငတ်ခံတယ် ဆိုတာ အယ်ရီ ဘင်ကင်နင် တစ်ယောက်တည်း သဘောနဲ့ လုပ်လို့  ရတာ မဟုတ်ဘူး ၊ ကာယကံရှင် ကလေးတွေကိုယ်တိုင်ပါမှ ဖြစ်တာ ၊ အခုဟာ ကလေးတွေက ရာခိုင်နှုံးပြည့် သူ့ နောက်က ထောက်ခံနေကြတယ် ကစ်တီ"
" အဲဒါ ကစ်တီ ရင်နာတာပေါ့ ၊ သူတို့ တစ်တွေဟာ ဘာကြောင့်များ ဒီလောက် သစ္စာ ကြီးနေကြပါလိမ့် "
ထိုအချိန်တွင် တယ်လီဖုန်းက မြည်လာသည်။ မတ်သည် ကောက်ယူနားထောင်ပြီး ပြန်ချလိုက်၏။ ကစ်တီက ..
"ဘာတဲ့ လဲဟင် ... ဘာတဲ့လဲ "
"ကုန်းပတ်ပေါ်ကို နောက်ထပ်ကလေးတွေ တင်လိုက်ရသတဲ့ "
"ဟုတ်လား .. ဘုရားဘုရား ၊ ကာရင်များ ပါနေမလား မသိဘူး"
"မသိဘူးလေ ၊ အခုစုံစမ်းပေးပါ့မယ် "
" မတ် "
"ဟင် ... "
"ကစ်တီ အိပ်ဇိုးဒပ်ပေါ် သွားချင်တယ် မတ် ရယ် "
"အို ...မဖြစ်နိုင်တာပဲ "
"ကစ်တီ ဆက်ပြီး သည်းမခံနိုင်တော့ဘူး "
"မဟုတ်သေးဘူး ကစ်တီ ၊ ကစ်တီ သဘောင်္ပေါ်တက်ကြည့်ရင် ဇာတ်လမ်းက တစ်ခါတည်း ဆက်သွားတော့မှာ ၊ ဘယ်တော့မှ ပြီးမှာ မဟုတ်တော့ဘူး"
" မဟုတ်ပါဘူး မတ် ရယ် ၊ ကာရင် အသက်ရှင်နေတယ်ဆိုတာ ကိုယ်တိုင်သိရရင် ကစ်တီ ကျေနပ်ပါပြီ ၊ ကာရင်က သဘောင်္ပေါ်မှာ ဒုက္ခခံစားနေရတဲ့  အချိန်မှာ ကစ်တီက ဒီဟိုတယ်မှာ ငုတ်တုတ်ကြီး ထိုင်မနေနိုင်ဘူး ၊ စီစဉ်ပေးပါဦး နော် ... နော်"
မတ် သည် သက်ပြင်းချလိုက်၏ ။
" ကိုယ် ကြိုးစားပါ့မယ် ကစ်တီ ရယ် "
.........................................



အစာငတ်ခံတိုက်ပွဲ ၃၅ နာရီရှိပြီ ..... ။
ရောမနှင့် ပဲရစ်မြို့ တွင် ဒေါသဖြစ်နေသော လူအုပ်ကြီးက ဗြိတိသျှ သံရုံးကို သွားဝိုင်းပြီး ဆန္ဒပြနေကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်မည့်အတွက် ရဲနှင့် ထိန်းသိမ်း ရသည့် အခြေအနေ သို့  ရောက်လာ၏။ ကိုပင်ဟေဂင်မြို့ ၊ စတော့ဟုမ်းမြို့ များတွင် ဆန္ဒပြပွဲများ ဖြစ်နေကြပြီ ။
အစာငတ်ခံတိုက်ပွဲ ၃၈ နာရီရှိပြီ ... ။
ဆိုက်ပရပ်ကျွန်းမှာပင် ဗြိတိသျှများကို မကျေမနပ်နှင့် ဆန္ဒပြပွဲများ လုပ်နေကြရာ ပွဲလမ်းသဘင်များ၊ ဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ ပိတ်လိုက်ရလေ၏။ ဆိုက်ပရပ်ကျွန်း တစ်ခုလုံးမှာလည်း တစပြင်လို ဖြစ်လာ၏။
အစာငတ်ခံတိုက်ပွဲ ၄၀ နာရီရှိပြီ ... ။
အယ်ရီ ဘင်ကင်နင်သည် သူ့ အားဝိုင်းကြည့်နေကြသော သူ့ ရဲဘော်များကို ကြည့်လိုက်၏။ ဇက် က စတင်၍ ....
" ကျုပ် စစ်သားပါဗျာ ၊ တိုက်ရဲပါတယ် ၊ သေရဲပါတယ် ၊ ဒါပေမဲ့  ဒီကလေးတွေ အစာငတ်ခံပြီး တစိမ့်စိမ့်သေကုန်မှာတော့ မကြည့်ရက်ဘူး "
အယ်ရီက ...
" ပါလက်စတိုင်းမှာ ဆိုရင် ဒီအရွယ်ကလေးတွေဟာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင် နေကြတာပဲဟာ "
" လက်နက်ကိုင်ပြီး သူသေကိုယ်သေ တိုက်တာက တစ်မျိုးပဲ ၊ အခုဟာက အစာငတ်ခံပြီး အသေခံနေတာက တစ်မျိုးပဲဟာ "
" ဟုတ်တယ်လေ ၊ ဒါလည်း တိုက်ပွဲပုံစံ တစ်မျိုးပေါ့ "
ဂျော့ ယာကိုနီ သည် ဒုတိယ ကမ္ဘာစစ်ကြီး တစ်လျှောက်လုံးတွင် အယ်ရီနှင့်  ပုခုံးချင်းယှဉ်၍ တိုက်ပွဲဝင်လာခဲ့သူ ဖြစ်သည်။ သူသည် သက်ပြင်းချ လိုက် ပြီး ...
"ကျွန်တော့် အနေနဲ့  ခင်ဗျားကို တစ်ခါမှ မဆန့် ကျင်ဖူးပါဘူး အယ်ရီ ၊ ဒါပေမဲ့  ဒီကလေးတွေထဲက တစ်ယောက်ယောက် သေဆုံးသွားတာနဲ့  လူတွေက ကျုပ်တို့ ကို အပြစ်တင်ကြတော့ မှာပဲ ထင်တယ် "
အယ်ရီက သဘောင်္ကပ္ပတိန် ဘင့်ရှောဘတ် ကို ကြည့်လိုက်၏။
ဘင့် ရှောဘတ်က ..
" ခင်ဗျားက ခေါင်းဆောင်ပဲ အယ်ရီ ၊ ခင်ဗျားကြိုက်သလို ဆုံးဖြတ် တိုက်ပွဲဝင်နိုင်ပါတယ် ၊ ဒါပေမဲ့  သဘောင်္သားတွေကတော့  စိတ်လှုပ်ရှားနေကြပြီလေ ၊ သူတို့ က ဒီပုံစံနဲ့ တိုက်ပွဲဝင် ရမယ်လို့ မှ ကြိုမသိခဲ့ရတာ"
" ဒါဖြင့် ခင်ဗျားက အရှုံးပေးချင်ပြီလား "
ဘင့် ရှောဘတ် သည် သူကိုယ်တိုင် ပါးစပ်မှ အရှုံးပေးရန်လည်း ပြောမထွက် ၊ သူတို့ ၏ တိတ်ဆိတ်မှုမှာ အရှုံပေးချင်သည့် အတွက် မဲပေးနေသည့် အလား ။ အယ်ရီသည် ဒေးဗစ်အား ...
" ကဲ ... ဒေးဗစ် ဆိုပါဦး ၊ မင်းရဲ့ ထင်မြင်ချက်လည်း မကြားရသေးပါလား "
ဒေးဗစ်သည် ပညာတတ်ဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်သည်။ အားလုံးရဲဘော်များသည် သူ့ လောက် ဘာသာရေးကို ကိုင်းရှိုင်းသူ တစ်ယောက်မှ မရှိ ။
သူသည် ကျိုးကြောင်းမြော်မြင်တတ်သူလည်း ဖြစ်သည်။ ဒေးဗစ်က ...
" နာဇီ ဟစ်တလာရဲ့  လက်ချက်နဲ့  ကျုပ်တို့ ဂျူးလူမျိုး ၆ သန်းကျော်လောက်ဟာ ဘာ့ကြောင့်မှန်း မသိကြဘဲ အဆိပ်ငွေ့ ခန်းထဲမှာ သေခဲ့ကြတယ် ၊ ကျုပ်တို့  အိပ်ဇိုးဒပ်ပေါ်က လူသုံးရာသေသွားရင် ဘာ့ကြောင့် သေရတယ်ဆိုတာ ကျုပ်တို့  ကိုယ်တိုင်က သိတယ် ၊ တစ်ကမ္ဘာလုံးက သိတယ် ၊ ဟို လွန်ခဲ့တဲ့  နှစ်ပေါင်းနှစ်ထောင် ကျော်ကျော်က ကျုပ်တို့ ဂျူးလူမျိုးတွေဟာ ကိုယ့်ထီးကိုယ့်နန်း ၊ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့  ရှိနေတုန်းက ရောမအင်ပါယာ ၊ ဂရိအင်ပါယာရှင်တွေကို တစ်ယောက်မကျန် ခုခံခဲ့တဲ့  အစဉ်အလာ ရှိပါတယ် ၊ ဘာဆဲလားမြို့ ၊ ဂျေရုဆလင်မြို့ တွေမှာ အသေခံတိုက်ခဲ့ကြ တာပဲ ၊ မာဆာဒါမြို့ မှာ ဆိုရင် ကျုပ်တို့ ဂျူးတွေဟာ ရောမတပ်သားတွေကို လေးနှစ်လုံးလုံး ခုခံနိုင်ခဲ့တယ် ၊ နောက်ဆုံး ရောမတွေ နိုင်လို့ မြို့ ထဲ ရောက်တဲ့ အခါ ကျတော့လည်း ကျုပ်တို့  ဂျူးလူမျိုးတွေကို တစ်ယောက်မှ အသက်နဲ့ မတွေ့ ရတော့ဘူး ၊ အလောင်းတွေပဲ တွေ့ ရတော့ တယ် ။ ဝါဆောဂက်တို စခန်း မှာလည်း ကျုပ်တို့ ဂျူးလူမျိုးတွေရဲ့  မျိုးရိုး အစဉ်အလာအတိုင်း တစ်ယောက်မကျန် တိုက်ပွဲဝင် အသေခံသွားခဲ့ကြတာပဲ မဟုတ်လား ၊ တစ်ကမ္ဘာလုံးမှာ ကျုပ်တို့  ဂျူးလူမျိုးတွေလောက် လွတ်မြောက်ရေးတိုက်ပွဲအတွက် အသေခံ တိုက်ရတဲ့ လူမျိုး တစ်ခုမှ မရှိဘူး ၊ တကယ်လို့  ကျုပ်တို့ အနေနဲ့ အခု အနေ အထားမှာ အရှုံးပေးပြီး သံဆူကြိုးဝင်းထဲ ပြန်ဝင်သွားကြမယ် ဆိုရင် ဂျူးလူမျိုးတွေရဲ့  အစဉ်အလာ ပျက်သွားမှာပေါ့ "
အားလုံးသည် ဘာမှ စကားမပြောနိုင်ကြတော့ ဘဲ ငြိမ်သွားကြလေ၏။
အယ်ရီက ...
" ကဲ ... ဘာပြေစရာ ရှိကြသေးလဲ "
အားလုံးဘာမှ မပြောတော့ ။
အစာငတ်ခံခြင်း ၄၂နာရီ ရှိပြီ ... ။
အစာငတ်ခံခြင်း ၄၅ နာရီရှိပြီ ... ။
တစ်ကမ္ဘာလုံးမှ နိုင်ငံအသီးသီးသည် ကလေးများအတွက် ဆန္ဒပြခြင်း ၊ ဆုမွန်ကောင်းတောင်းခြင်းများ ပြုလုပ်နေ၏။
အစာငတ်ခံခြင်း ၄၇နာရီရှိပြီ ... ။
သတင်းသည် နာရီနှင့်အမျှ ပို၍ စိတ်လှုပ်ရှားဖွယ် ဖြစ်လာ၏။
................................................



ကစ်တီသည် အိပ်ဇိုးဒပ်သဘောင်္ပေါ်သို့ တက်ခွင့် ရသည်နှင့် ချက်ချင်း သဘောင်္ပေါ် ရောက်လာ၏။ သေဘာၤတစ္ခုလံုးမွာ လွဳပ္ရွားမွဳ သိပ္မရွိႀက။ ကလေးအားလုံးသည် အားမရှိတော့ သဖြင့် နေရာတွင်ပင် ခွေလျက်သား လဲနေကြ၏။
ကစ်တီက အနားရှိ ဒေးဗစ်အား ....

" ကျွန်မ မေ့မြောသွားတဲ့  ကလေးတွေကို အရင် ကြည့်ချင်တယ် "
ဒေးဗစ်သည် ကစ်တီအား မေ့မြောနေသော ကလေးများထံ ခေါ်သွားလေသည်။ မေ့မြော နေသော ကလေးပေါင်းမှာ ခြောက်ဆယ်တိတိ ရှိသည်။ ကစ်တီသည် ကလေးများကို တစ်ယောက်ပြီး တစ်ယောက် သွေးတိုးစမ်းလိုက် ၊ မျက်ခွံကိုလှန်ပြီး မျက်သားမျက်ဆန် များကို ကြည့်လိုက်နှင့် အခြေ အနေ ကို အကဲခတ်နေ၏။ တစ်ချိန်လုံး သူမကိုယ်တိုင်ပင် မေ့မြောသွား သည်ဟု မှတ်ထင်သွားလေသည်။ ထောင့်တစ်နေရာတွင် ကာရင်ကို တွေ့ ရသည်။ သူမ နံဘေးတွင် ဒပ် သည် အိပ်ပျော်နေ၏။ ကစ်တီသည် ရင်ခုန်ရပ်သွားသလို ခံစားရ၏။ ကာရင့်အနား တိုးကပ်သွားကာ တိုးတိုးကလေး ....
" ကာရင် ၊ ကာရင် .. သတိရသလားဟင် ၊ ကစ်တီ ပါ "
ကာရင်၏ မျက်လုံးများမှာ ပွင့်လာ၏။
" ကစ်တီ "
" ဟုတ်ပါတယ် ကာရင် ၊ ကစ်တီ ပါ "
ကာရင်သည် သူ၏ အားမရှိတော့သော လက်များဖြင့် ကစ်တီကို မီသမျှ လှမ်းဖက်လိုက်၏။
" ကာရင့်ကို မထားခဲ့ပါနဲ့ နော် ကစ်တီ ၊ ကာရင် ကြောက်လွန်းလို့ ပါ "
" အေးပါ ကလေးရယ် ၊ ကစ်တီ အနားမှာ အမြဲရှိနေပါ့မယ် "
ကာရင် ပြန်မှိန်းသွားသည်နှင့် ကစ်တီသည် အပြေးအလွှား ဆေးပစ္စည်းများ ထားရာ စတိုခန်းသို့ ဒေးဗစ်နှင့်အတူ သွားလေသည်။ ဆေးပစ္စည်းများမှာလည်း အနည်းအကျဉ်းသာ ရှိ၏။
ကစ်တီက ...
"ဆေးဝါးကလည်း နည်းနည်းပဲ ရှိပါလား ၊ ကဲပါလေ ၊ ကလေးတွေ အတတ်နိုင်ဆုံး နေသာထိုင်သာ ရှိအောင်တော့ လုပ်ပေးရမှာပေါ့ ၊ အဲဒါ ဒေးဗစ်နဲ့  ဂျော့တို့ က ကူလုပ်ပေးမှ ရမယ် "
" ရပါတယ် ၊ ကစ်တီက ခိုင်းစရာရှိတာသာ ခိုင်းပါ "
"တချို့ ကလေးတွေက စိုးရိမ်ရတယ် ၊ အဖျားဝင်လာမှာ စိုးရတယ် ၊ ရေဖတ်တိုက်ပြီး အဖျားချပေးရမယ် ၊ ကုန်းပတ်ပေါ် ကျတော့လည်း လေသိပ်တိုက် တယ် ၊ ဒါကြောင့် ကုန်းပတ်ပေါ်က ကလေးတွေကို ခြုံစရာခြုံပေးထားရမယ် ၊ နောက်ပြီး လှုပ်ရှားနိုင်တဲ့ ကလေးကြီးတွေနဲ့  လူကြီးတွေက သဘောင်္တစ်ခုလုံးကို သန့် ရှင်းရေး လုပ်မှ ဖြစ်မယ် "
ကစ်တီ သည် ပါးစပ်ကလည်းပြော ၊ လက်ကလည်း ဇယ်ဆက်သလို အလုပ်များကို တွန်းလုပ်လေရာ ဒေးဗစ် ၊ ဂျော့ နှင့် လှုပ်ရှားနိုင်သူတို့ သည် ကစ်တီခိုင်းသမျှ လုပ်ပေး နေရတော့၏။ သို့ သော် အခြေအနေက မကောင်းပေ။ ပင်လယ်ရေကို ခွက်နှင့်ခပ်ပစ်ရသလို တစ်ယောက်ကို ပြုစု၍ မဆုံးမီ သုံးလေးယောက်က လဲပြန်သည်။ ဆေးဝါးက မပြည့်စုံ ၊ ရေကလည်း နည်း ၊ တခြားပစ္စည်း ပစ္စယ ကလည်း မရှိ ။ နောက်ပြီး အရေးကြီးဆုံး လက်နက်ဖြစ်သည့် အစာကိုလည်း သုံးခွင့်မရှိ ။
အစာငတ်ခံခြင်း ၈၁ နာရီ ရှိပြီ ...။
မေ့မြောသွားသော ကလေးမှာ ဆယ်ယောက်တိုးလာပြီး ၊ ခုနှစ်ဆယ်ဖြစ်သွား၏။ သဘောင်္ကို စောင့်ကြည့်နေကြသော ပရိသတ်မှာ ဗြိတိသျှများကို အော်ဟစ်ကျိန်ဆဲ နေကြ၏။
ဗြိတိသျှစစ်သား အချို့ မှာ သူတို့ ကိုယ်တိုင်ပင် ကလေးများ၏ ဒုက္ခကို မကြည့်ရက်တော့ဘဲ ဤတာဝန်မှ တခြားသို့  ပြောင်းပေးပါဟု တောင်းဆိုခြင်းများ ဖြစ်လာကြ၏။
အစာငတ်ခံခြင်း ၈၂နာရီ ရှိပြီ .... ။
ကာရင်သည် မေ့မြောသွားရာ ကုန်းပတ်ပေါ်ပို့ လိုက်ရ၏။
အစာငတ်ခံခြင်း ၈၃နာရီ ရှိပြီ ... ။
ကစ်တီ သည် ကုလားထိုင် တစ်လုံးပေါ်သို့ ပစ်လှဲချလိုက်၏။ ကစ်တီသည် ၃၅နာရီလုံးလုံး မနားဘဲ အလုပ်လုပ်နေခဲ့ သဖြင့် တစ်ကိုယ်လုံးမှာ နွမ်းပြီး ပျော့နေသည်။ အယ်ရီသည် ဘရမ်ဒီတစ်ခွက်ငဲ့လိုက်ပြီး ကစ်တီအားလှမ်းပေးလိုက်၏။
" ကဲ ... ခင်ဗျားက ဆန္ဒပြတဲ့ အထဲမှာ မပါဘဲဗျာ ၊ ဒါလေးတော့ သောက်လိုက်ပါဦး "
ကစ်တီသည် ပေးလာသော ခွက်ကို တခါတည်း မော့ပစ်လိုက်၏။ လည်ချောင်းထဲ ပူဆင်းသွား၏ ။ နောက်တခွက် ထပ်ထည့်ပေးသည်ကို ယူသောက် လိုက်မှ လူသည် လန်းလာ၏။ ကစ်တီသည် အယ်ရီ ဘင်ကင်နင်ကို စိုက်ကြည့်လိုက်၏။
အယ်ရီသည် သန်မာထွားကျိုင်းလှသူ ဖြစ်သည်။ အစာငတ်ခံတိုက်ပွဲ၏ ဒဏ်မှာ သူ့ ကို မည်သို့ မှ မထိခိုက်သလိုပင်။ ကစ်တီသည် အယ်ရီ၏ အေးစက် သော မျက်လုံးများကို ကြည့်ပြီး အယ်ရီ၏ ဦးနှောက်ထဲတွင် နောက်ထပ် ဘာတွေကြံစည်နေမည်ကို ကစ်တီ မသိနိုင်။ သည် အယ်ရီ ဆိုသောလူတွင် ကြောက်လန့် သောစိတ် ၊ ဝမ်းနည်းသောစိတ် ခံစားမှုများ ရှိမှ ရှိပါ့မလားဟု သံသယ ဝင်လာ၏။
အယ်ရီက ...
" ခင်ဗျား ကျုပ်ဆီကို လာတွေ့ မယ်ဆိုတာ ကျုပ်က မျှော်လင့်ပြီးသားပါ "
" ကျွန်မ ရှင့်ကို ဘယ်တော့မှ မတောင်းပန်ဘူး အယ်ရီ ဘင်ကင်နင် ၊ တောင်းပန်လို့ မရဘူး ဆိုတာ သိပြီးသား ၊ မေ့မြောနေတဲ့  ကလေးတွေ ထဲမှာ ဆယ့်လေးငါးယောက်ဟာ အခုပုံ အတိုင်းဆိုရင် မကြာခင် သေကုန်ကြတော့မယ် ဆိုတဲ့ အကြောင်း အဖြစ်မှန်ကို ရှင့်ထံမှာ လာတင်ပြတာ ၊ ရှင့် ရင်ထဲမှာ ဘယ်လိုများ သဘောရသလဲ ဟင်"
"ကျုပ်ကို စော်ကားစွပ်စွဲတာတွေ ခံရဖန်များလွန်းလို့ ကျုပ်အရေထူနေပါပြီ ၊ ခင်ဗျားကရော ကလေးအားလုံးအတွက် လူစိတ်ရှိနေတာလား ၊ တစ်ယောက်တည်း အတွက်လား "
" ကျွန်မ ရှင့်ကို ဘာမှ ရှင်းပြစရာ မလိုဘူး "
" ခင်ဗျားက မိန်းကလေးတစ်ယောက်အတွက် တောင်းပန်နေတဲ့ လူ ၊ ကျုပ်က တိုင်းပြည်မဲ့  ဖြစ်နေတဲ့  ဂျူးလူမျိုးတွေ အားလုံးအတွက် တောင်းပန်နေတဲ့  လူဗျာ့"
" တော်ပြီ .. တော်ပြီ ။ ကျွန်မ ဘာသာ လုပ်စရာရှိတာကို သွားလုပ်တော့မယ် ၊ ဒါထက် ရှင်က ကျွန်မကို ဘာဖြစ်လို့  အိပ်ဇိုးဒပ် သဘောင်္ပေါ်တက်ခွင့် ပေးရတာလဲ ဟင် "
အယ်ရီသည် ပြတင်းပေါက်မှ စစ်သဘောင်္များကို လှမ်းကြည့်လိုက်၏။ ပြီးမှ နောက်လှည့်မကြည့်ဘဲ ...
" ကစ်တီကို ကျုပ်ကိုယ်တိုင်က တွေ့ ချင်နေလို့ လားမှ မသိဘဲ"
အစာငတ်ခံခြင်း ၈၅နာရီ ရှိပြီ ... ။
....................................



ဗြိတိသျှအာဏာာပိုင်များမှာလည်း ခေါင်းချင်းရိုက်နေကြပါ၏။ သည်ပြဿနာ သူတို့ ထင်တာ ထက် ပိုပြီး ကြီးထွားလာသည်ကို ဘယ်ပုံတားဆီး ရမည် မသိ။ ယခုအချိန်မှ အလျော့ပေးရန် ကလည်း သိက္ခာကျပေတော့မည်။ ထိုစဉ် ထောက်လှမ်းရေးတပ်မှူး မေဂျာ အဲလစ်စတာ အခန်းထဲ ဝင်လာပြီး ဘရောင်းနင်းအား သတင်းတစ်ခုပေးလိုက်၏။ ထရေဗာ သည် စာကို ဖတ်ပြီး ...
" ဘုရားရေ ၊ ခုမှ ဒုက္ခပဲဟေ့"
စာကို ဗိုလ်ချုပ် ဆပ်သာလင်ကို ပေးလိုက်၏။ စာမှာ ...
အရေးတကြီး
အိပ်ဇိုးဒပ်သဘောင်္မှ တာဝန်ခံဖြစ်သည့် အယ်ရီ ဘင်ကင်နင်က နက်ဖြန်နေ့ လည် ဆယ့်နှစ် နာရီ အချိန်မှ အစပြုပြီး တစ်နေ့ တစ်နေ့ တွင် ကလေး ဆယ် ယောက်သည် သူတို့ ကိုယ် သူတို့  သတ်သေကြမည် ဖြစ်ကြောင်း၊ ဗြိတိသျှ အစိုးရက အိပ်ဇိုးဒပ်သဘောင်္ကို ပါလက်စတိုင်းသို့ ထွက်ခွာခွင့်မပြုမချင်း တစ်နေ့ ဆယ်ယောက်တိတိဖြင့် သဘောင်္ပေါ်မှ လူကုန်သည်အထိ သတ်သေကြရန် ဆုံးဖြတ်ထားကြကြောင်း ။လန်ဒန်ဌာနချုပ်တွင်လည်း ထိုသတင်းကြောင့်ပင် ဘရက်ရှော ၊ ကရော့ဖို့ အစရှိသော အာဏာပိုင်များသည် ခေါင်းချင်းရိုက်နေကြ၏။ အချိန်မှာ ဆယ့်လေးနာရီပဲ လိုတော့သည်။ အမြန်ဆုံးနည်းနှင့် ကမ္ဘာအရပ်ရပ်ရှိ ဂျူးခေါင်းဆောင်များထံ ဤကိစ္စ ကြားဝင်၍ ဖျန်ဖြေပေးရန် ကြေးနန်း ရိုက်လိုက်၏။ ကမ္ဘာ့ဂျူးခေါင်းဆောင်များ၏ ဖျန်ဖြေခြင်းကို အယ်ရီ ဘင်ကင်နင် ကျေနပ်တန် ကောင်းပါရဲ့ ဟူသော မျှော်လင့်ချက်နှင့်။ခြောက်နာရီအတွင်း ကြေးနန်းများက ပြန်လာ သည်။ ကမ္ဘာအရပ်ရပ်မှ ဂျူးခေါင်းဆောင်များက တညီတညွတ်တည်း အဖြေပေးကြ၏။

" သူတို့ ဖျန်ဖြေမပေးနိုင် " ဟူ၏။


ဘရက်ရှောသည် ဆိုက်ပရပ်ရောက်နေသော ထရေဗာနှင့် ချက်ချင်းဆက်သွယ်ပြီး အိပ်ဇိုးဒပ် ထံသွားပါ ၊ ဗြိတိသျှအာဏာပိုင်တို့ နှင့်ဆွေးနွေးရန် စီစဉ်နေပါသည်၊ ရာဇသံကို နောက်ထပ် နှစ်ဆယ့်လေးနာရီ ရွေ့ ပါ ဟူ၍ ။

ထရေဗာ ဘရောင်းနင်းသည် ညွှန်ကြားသည့်အတိုင်း ပြုလုပ်ရာ အယ်ရီ ဘင်ကင်နင်၏ အဖြေရသည်နှင့် လန်ဒန်ကို အကြောင်းကြားရပြန်၏။
အရေးတကြီး
ဘင်ကင်နင်က ဘာမှ ဆွေးနွေးစရာ မရှိဟု အကြောင်းပြန်ပါသည်။ သူ့ အနေနှင့် အိပ်ဇိုးဒပ်ကို ထွက်ခွင့်ပြုခြင်းနှင့် မပြုခြင်း နှစ်လမ်းသာ ရှိသည် ဆိုပါသည်။ လိုလားချက်မှာ သူတို့ တစ်ဖွဲ့ လုံး ပါလက်စတိုင်းသို့ လွတ်လပ်စွာ သွားခွင့်ပြုခြင်းပင် ဖြစ်သည်။ ဘင်ကင်နင်က သမ္မာကျမ်းစာမှ စာကို ထပ်မံကိုးကားပါသည်။
" ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ "

ထရေဗာ ဘရောင်းနင်း
......................................
စီစီ ဘရက်ရှောမှာ အိပ်မပျော်တော့ ။ အိပ်ဇိုးဒပ်မှ ပေးထားသော ရာဇသံ ခြောက်နာရီသာ လိုတော့သည်။ သူ့ အနေနှင့် ဝန်ကြီးအဖွဲ့ အစည်းအဝေးကို တင်ပြရန် သုံးနာရီပဲ အချိန်ရသည်။ ဖျန်ဖြေဆွေးနွေးဖို့  အချိန်မရှိတော့။
သူသည် အရူးတစ်ယောက်နှင့် တိုက်ခိုက်နေရပြီလား ။ဒီ အယ်ရီ ဘင်ကင်နင်ဆိုသူမှာ အသည်းနှလုံးမရှိသောလူ၊ သူ့ ကို ဒုက္ခရောက်သည်ထက် ရောက်အောင် နှိပ်စက်နေသည့် လူလား ။
" ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ"
ဘရက်ရှောသည် အိပ်ခန်းထဲမှ မီးကို ပိတ်လိုက်လေ၏။
အရေးတကြီး
နက်ဖြန် နေ့ မွန်းတည့်ချိန်မှ အစပြုပြီး တစ်နေ့ ဆယ်ယောက်တိတိ သတ်သေကြမည် ဖြစ်ကြောင်း ထပ်မံအတည်ပြု ကြေညာချက်ကို အယ်ရီ ဘင်ကင်နင်က ထုတ်ပြန်လိုက် ကြောင်း။
......................................
သတ်သေကြမည် ... ။ သတ်သေကြမည်။
ဤအတွေးသည် သူ့ အား တစ္ဆေလို ခြောက်လှန့် လျက်ရှိလေသည်။
ဘရက်ရှောသည် တွေဝေ ရှုပ်ထွေးစပြုလာ၏။ ပြီးခဲ့သော သုံးလေးရက်မှာ သူ့ အတွက် လောကငရဲလို ဖြစ်နေ၏။ အနှစ်သုံးဆယ်လုံးလုံး အရှေ့ အလယ်ပိုင်း ပြဿနာများနှင့် ပေါ်လစီများကို နိုင်နင်းစွာ ကိုင်တွယ်လာခဲ့သူ တစ်ဦးက ဒီပွဲတွင်မှ နှပ်ပစ်ခံရမည့်ကိန်း ပေါ်နေသည်။ သူ့ တွင် စစ်တပ်တစ်ခုလုံးနှင့် ရေတပ်တစ်ခုလုံး ရှိသည်။ အိပ်ဇိုးဒပ်လို သဘောင်္မဆိုထား နှင့် ၊ ဂျူးလူမျိုးများ ခိုးဝင်သူအားလုံးကို တားနိုင်သည့်အားရှိ၏။ ယခုပြဿနာက တစ်မျိုး ။
နောက်ဆုံး ကရော့ဖို့ ကို အော်ခေါ်လိုက်၏။
ပြီးနောက် ...

" ဆိုက်ပရပ်က ထရေဗာကို အကြောင်းကြားလိုက် ၊ အိပ်ဇိုးဒပ်ကို ပါလက်စတိုင်း သွားခွင့်ပြုလိုက်တော့လို့ "
.....................................
ပုံတူကူးချဖို့ တော့ ဘယ်ဟုတ်မလဲဗျ။ ကျုပ်ဟာသွေးဆာနေသူ တစ်ယောက်တော့ မဟုတ်ရပါဘူးဗျာ။ မဂ်တရား ဖိုလ်တရားဆိုတာလည်း အထိုက်အလျောက် နားလည် ထားတဲ့သူပါ ။
..................................
ဒါပေမဲ့ဗျာ ....ဒီအခြေအနေဟာ ကျုပ်သာ အမိန့် ပေးနိုင်သူဖြစ်ခဲ့ရင် တိုက်ပွဲအဆုံးအဖြတ် အတွက် ဘယ်အရာကိုမဆို ချပြီးရင်းပစ်လိုက်မဲ့  အချိန်မျိုးပဲ ဗျာ။ ရူးတယ်လို့  ဆိုချင်ဆို အလွယ် ဆုံးကတော့ ....
နီးရာစစ်ဝါဒီ၊ပြည်သူ့ ရန်သူကို ရရာလက်နက်နဲ့ သုတ်သင်တဲ့ နည်းပဲဗျ။ အထူးသဖြင့် အရိုးအရင်းကိုက်ပြီး မတရားတာကို သိသိကြီးနဲ့  ခြေကန် ဘက်လိုက် နေတဲ့ အသားထဲက မောင်တွေကို စပြီး ပညာပေးရမယ်။ အိမ်တိုင်းမှာ ဓားမတိုတော့ ရှိကြပါတယ်။ မြန်မာပြည်လူဦးရေ သန်း၆၀ နီးပါးမှာ ဓားကိုင်နိုင်သူ ၁၀ သန်းတော့ ကျော်လောက်ပါရဲ့ ။ တကယ့်စစ်သားစိတ်ရှိပြီး ။ လူထုဖက်ကရပ်တည်မဲ့  စစ်သားတွေကို ဖယ်လိုက်ရင် ၊ တွေ့ ရာ သချိုင်း ဓားမဆိုင်းရှင်းရမဲ့  မိစ္ဆာကောင်အရေ အတွက် က သောင်းဂဏန်းထက်မပိုပါဘူး ဗျာ။
.....................................
ယ ရက် ..... ။ န နာရီ .....လား ။
မကြာပါဘူးဗျာ ။ အသေအချာကို ရောက်လာတော့မှာပါ ။ ၂၀၁၀ ခုနှစ်ဆိုတာ တင်ပါးနားကပ်နေပြီလေ။ အရူးတစ်ယောက်တောင်သိနေတဲ့ လိမ်ပွဲကြီးကို ဆက်ကိုဆက်အုံးမဲ့ အချိန် ... ။
အရူးတစ်ယောက် သတင်းစာမှာရေးသလို ပစ်တိုင်းထောင်ဆိုတဲ့ ဗမာပြည်မှာ ဘက်ပေါင်းစုံက အကျပ်ရိုက်နေတဲ့ ဇာတ်လမ်းက စနေပါပြီ ။ လက်လုပ်လက်စားတွေလည်း ခွက်ပျောက်၊ သူဌေးဆိုတဲ့ မောင်တွေလည်း လှေမှောက်ကုန်ပြီ ။ လယ်သမားတွေလည်း ပြေးလို့ ရှောင်လို့ မလွတ်ဘူး ။ ခရီးသွားလာရေးလုပ်ငန်းဆိုတာလည်း တစပြင်လို ဖြစ်ကုန်ပြီ ။ ပေါက်ဖော်ကြီးအားကိုးနဲ့  ကိုယ်ပိုင်လက်နက်စက်ရုံထောင်ပြီး တထီးတနန်း စံမြန်းဖို့ ပြင် နေကြတဲ့ ဝလူမျိုးတွေရဲ့ ပြဿနာဟာ လိမ်ပွဲကြီး ကန့် လန့် ကာတောင် မဖွင့်ရသေးဘူး၊ သခွတ်ပင်က မီးတကျည်ကျည် တင်မက မီးပွားကြီးတွေပါ စလွင့်ပါပြီဗျာ။
...........................................
အာဏာမြဲရင်ပြီးရော ဆိုတဲ့  စစ်မင်းများရဲ့ အားကိုးရာ ၊လဲလျောင်းရာ ပါပါကြီးရဲ့  စိန့်  တိုင်းကြီး လည်း လှုပ်စပြုနေပါပြီ ။နိုင်ငံတကာစီးပွားပျက်ကပ်ရဲ့  ဂယက်ဟာ ပေါက်ဖော်ကြီးကို ကောင်းကောင်း ဒုက္ခစပေးနေပါပြီ ။ တရုတ်အစိုးရမင်းများကို တရုတ် ဥပဒေ ပညာရှင်က ငွေစာရင်းပြန်စစ်နေပါပြီ တဲ့ ဗျာ။ အလုပ်လက်မဲ့  ပြဿနာ၊ စီးပွားပျက်ကပ် နောက်ဆက်တွဲ အရှုပ်မျိုးစုံ၊ ဒီမိုကရေစီ တောင်းဆိုမှုတွေ စကြုံနေပြီလေ။
..........................................
ပြည်ပကို ရောက်နေတဲ့ မဟာမြန်မာ ၃သန်းနီးပါး ထဲက နှစ်သိန်းလောက် တပြိုင်နက်တည်း ရေလမ်းကုန်းလမ်း ၊ဝေဟင်ယံက လေယာဉ်ပျံနဲ့ ပါမကျန် တံခါးပေါက် ပေါင်းစုံကဝင် လိုက်ကြရမဲ့ အချိန်ကို ရောက်လာပါ တော့မယ်။ ဓားမတိုမှာ သွေးအလိမ်းလိမ်းကပ်နေလို့  ရေစိမ်ခွာရမဲ့  အချိန်လည်း နီးးပါပြီ ။ဒီတော့မှသာ အိပ်ဇိုးဒပ်ထဲက တော်လှန်ရေး ခေါင်းဆောင် အယ်ရီဘင်ကင်နင်လိုသာ ပြတ်သားကြပါစေဗျာ။ လူငယ်တွေကိုတော့ ကျုပ်ယုံပြီးသားဗျ။
.......................................
တကယ်တော့ သန်းကောင်ထက်နက်တဲ့ ညဥ့်ဆိုတာ အာရုဏ်ဦးမဟုတ်ဘူးလားဗျာ ။ ဝက်အသားနီလန်၊ ကြက်ဆီပြန်၊ မအီအောင် ချည်ပေါင်ခံလို့  ထွဋ်မြတ်တဲ့  စံဌာနီ။ လွတ်လပ်တဲ့ မြန်မာပြည်၊ မချွတ်အစဉ် လွတ်သဘင်ဆင်နွဲ ၊ သဘင်သဲ ပွဲညံစီရအောင် ၊ နိုင်ငံတခုပြန်လည်မွေးဖွားနိုင်ဖို့ အတွက် ဓားမတိုပဲ ကိုင်ရ ကိုင်ရ ၊ ဖိနပ်ပဲထမ်းရ ၊ ထမ်းရ ၊ တရေးနိုး လာခေါ်လည်း ကျုပ်ဖက်ကတော့  အဆင်သင့်ပဲ ဗျို့ ။
....................................
မှတ်ချက်။ ။ ရုပ်ပုံများကို ဂူဂဲလ်မှ ရယူထားပါသည်။

တိုက်တတ်ရင် အောင်ပွဲဖြစ်တယ်(၁)


တိုက်တတ်ရင် အောင်ပွဲဖြစ်တယ်(၁)

(မင်းဒင် ရေးသည်)

ရေမြေ့သခင် ဘဝရှင်မင်းတရားကြီးရဲ့  မဟာဂရုဏာတော်ကို ယုန်ချို ၊ လိပ်မွှေး ၊ ပုဇွန်သွေး ရှာသလို ဆက်မျှော်နေဦးမယ်ဆိုရင်တော့ ကျုပ်တို့ ကိုယ့် လည်ပင်းနဲ့ တော်မဲ့  ကြိုးကွင်းကို ကိုယ်တိုင်ရှာပြီး စွပ်လိုက်ကြပါစို့ ဗျာ ။



ဟား ..။ ဟား ။ စကားကြမ်းသွားတယ် ထင်သလားဗျာ။ စိတ်မရှိပါနဲ့ နော်။
ကျုပ်ကတော့ ညီလိုခင်နေတဲ့ ဗိုလ်မှူးတယောက် အငြိမ်းစားယူပြီးနောက်မှာ ယူနီဖောင်းမဝတ်ရလို့ တစ်နှစ်လောက် အိပ်မပျော်တဲ့ အကြောင်း နားထောင် ပြီးကတည်းက နှစ်သုည တစ်သုည မှာ ရုံတင်မဲ့ ဟာသဇာတ်လမ်းကြီးကို စိတ်ကို မဝင်စားတော့ဘူးဗျာ။ဒါတင်ဘယ်ကမလဲဗျ။ ကျုပ်မိတ်ဆွေတစ်ယောက်ရဲ့ ယောက်ဖ ဗိုလ်ကြီးအဆင့် ရှိသူဟာ သူ့  စစ်ယူနီဖောင်းကို့ မိန်းမ အကျီသေတ္တာထဲ ရောထည့်ရပါ့မ လားဆိုပြီး သူ့ မိန်းမကို မိုးမီးလောင်သလို ထကြိမ်းနေလို့ တဲ့။.
.............................

အရပ်ဖက်ပြောင်းရတဲ့  စစ်ဗိုလ်များလည်း ယူနီဖောင်း ဝတ်ခွင့်ရှိတဲ့  နောက်ဆုံးစက္ကန့် အထိ မချွတ်တမ်း ဆင်မြန်းကြတာတော့ ကျုပ်ကိုယ်တွေ့ မို့  ရိုးနေ ပါပြီ ဗျာ။နောက်ဆုံးမဝတ်ရတော့ဘူးဆိုတော့ ဗိုလ်ဟောင်းတွေက အရာရှိစစ်ဦးထုပ်ကို ကားခေါင်းခန်းပေါ်တင်၊ စစ်ဗိုလ်အကျီကို ကားနောက်ခန်းမှာ ဂျိတ်နဲ့ ချိတ်။တယ်လည်း သံယောဇဉ်ကြီး ကြပေသကိုး ။ဒီလောက် အာဏာကို စိတ္တဇရောဂါသည်လို စွဲလန်းနေတဲ့  မောင်တွေက နေရာဖယ်ပေးမယ် ဆိုတာ တောင်ထိပ်ကြာပေါက် အနောက်နေထွက်မှဖြစ်မှာလေ။
...........................

အော် ... ။ ကျုပ်ပြောတော့ ဒေါသသင့်တယ် ဆိုကြရော့မယ် ။ ကျုပ်ဆိုတဲ့ မောင်ကလည်း တကမ္ဘာလုံးမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ နေ့  တိုင်း မေတ္တာပို့ နေတဲ့သူပါ ဗျာ။ မြန်မာလူမျိုးတိုင်း အဟံဘန္ဒေ သံသာရ ဝဋ်ဋ ဒုက္ခတော နေကြတာလည်း သိပါသဗျာ။ ဒါပေမဲ့ ဗျာ .....။ ကျုပ်တို့  အားလုံး မွှေးတေးတေးလေးဟ ဆိုပြီး တတုံးပြီးတတုံး အလုအယက် လွှေးနေ လိုက်ကြတာ တပန်းကန်လုံး ပြောင်နေပါပြီကော ဗျာ။
............................

ဖြစ်ခဲ့တဲ့ အဖြစ်အပျက်များ အိပ်မက်တော့မဟုတ်ခဲ့ဘူး။ မေ့ပစ်လိုက်လို့ ပြောပေမဲ့ သေတာတောင် မေ့နိုင်စရာ မရှိပါဘူးဗျာ။အရေးသုံးပါး ၊ ပြည်သူ့  သဘောထား ၊ ဦးတည်ချက်ဆိုတာတွေနဲ့  လူမိုက်ဂိုဏ်း ကြီး ပေါ်တင်ထောင်ပြီး အနှစ်နှစ်ဆယ်နီးပါး ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်လိုက် ကြ တာ ဗိုလ်ချုပ်အားလုံး မီလျံနာတွေ ဖြစ်ကုန်ကြပါလေရော့လား ဗျာ ။
...............................

တရားဝင်စည်းရုံးရေး ခရီးထွက်လာတဲ့ ကားတန်းကြီးကို စံနစ်တကျ စစ်ဆင်ရေးဇယားဆွဲပြီး လူမဆန်အောင် ဝိုင်းရိုက်သတ်လိုက်ကြတာ ။ သေတဲ့ လူသေ ၊ဒဏ်ရာရသူရတဲ့ သူတွေ ခေါင်းကွဲ ခြေကျိုး နဲ့ ဆေးတောင်ကုခွင့် မရပဲ ထောင်နှစ်ရှည်ကျ ။ ဝိုင်းရိုက်တဲ့ စစ်ဆင်ရေး ခေါင်းဆောင် ဆိုသူကဝန်ကြီးချုပ်တက်ဖြစ်သွားသဗျာ။
...............................

နာဂစ်ကြောင့် သေတဲ့ အလောင်းတွေတောင် မြေမမြှုပ်နိုင်သေးဘူး၊ နိုင်ငံတကာက လှူသမျှ စစ်တပ်ဂိုဒေါင်ထဲ ရောက်အောင်ပို့ ပြီး ဆန္ဒခံယူပွဲကြီးဝှဲချီး ကျင်းပလိုက်တာ ရာခိုင်နှုန်းကိုး ဆယ်ကျော်တောင် ထောက်ခံမဲရသွားသတဲ့ ဗျာ ။
................................

ကုလားထိုင်လှုပ်အောင်လုပ်လို့ ကတော့ ရှစ်ရှစ်ရှစ်ရှစ်တွေလည်း ကိုင်းကြီးကြီးမှာ နားခိုင်းတာပဲဗျာ။ သံဃာ၊ သီလရှင်၊ လူအခွင့်အရေးသမား၊ ဟစ်ဟော့အဆိုတော်၊ ဘလော့ဂါ၊ ရှေ့ နေတွေသာမက လူရွှင်တော်၊ ပါမထား ဘူးဗျာ။ ဘယ်ရာဇသတ်ကြီး ၊ ဘယ်တရားမဥပဒေမှာမှ မရှိတဲ့ စွဲချက်တွေ နဲ့  လူသတ်မှု ထက်ဆယ်ဆများတဲ့ ထောင်ဒဏ် တွေချပြီး ကျန်ခဲ့တဲ့ မိသားစုပါ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရအောင် ဒုက္ခပေးနည်း နိဿရည်းကိုဇယားကုန်၊လက်ကုန်အောင်ကို ဆွဲသဗျာ။
............................................
နိုင်ငံရေး အကျဉ်းသားမှန်သမျှ နယ်စွန်နယ်ဖျားပို့ ပြီး ထောင်ဝင်စာပါထပ်ပိတ်ထားလိုက်တာပြည်တွင်းက မြန်မာတမျိုး သားလုံးဘဝဟာ နိုင်ငံတကာ ထောင်တွေက ထောင်ကျတွေ လောက်တောင် လူ့ အခွင့် အရေးမရှိတာ ကြာခဲ့ပါပြီကော ။ပြည်သူလူထု ဘယ်နှစ်ယောက်ကို ပစ်သတ်ရမလဲ ။ ဘယ်နှစ်ယောက်ကို ထောင်ထဲပို့ ရမလဲ ၊၊ စတေးပစ်ရမလဲ ။ အကုန်လုပ်မယ် ။ အဲ .. အာဏာသာ မြဲပေ့စေ။အားလုံးလုပ်တယ် ဆိုတာ လယ်ပြင်က ဆင် ခြေရာပဲဗျ။
............................................

ပူပူနွေးနွေး သတင်းလေးလည်း ရှိသေးဗျာ။ မြေးတော် အလောင်းစည်သူလေး မိန်းကလေး တယောက်ကို မေမြို့  မ သွားတဲ့ မတော်တရော် ဇာတ်လမ်း ကိုအင်တာနက်ပေါ်မှာ ဖွရပါ့မလား ဆိုပြီး စကာင်္ပူက ကျောင်းသားတယောက် ရဲ့ ရန်ကုန်ကအိမ်ကို ခဲမိုးသွားရွာလို့  မြေးတော်လေးကို အဖေအမေ အရွယ်တွေက ထိုင်ကန်တော့ ခဲ့ရပြန်ပြီ တဲ့။မြေးတော်လေးနောက်က လုံခြုံရေးကား ခုနှစ်စီးတောင် ပါသေးဆိုပဲ ။
.......................................
လွန်ခဲ့တဲ့  သုံးနှစ်လောက်က ကျုပ်ရောင်းရင်းတယောက်ကို စကားမစပ် .. ကျုပ်က ဘဝရှင်မင်းတရားကြီး အနာဂတ်အရေးအတွက် ဘာအကွက်တွေ များချနေသလဲကွာ လို့  မေး လိုက်မိတော့ သန်းနန်းဆက် မပြတ်အောင် မြေးတော်လေးကို နန်းတင်မလို့ ဆိုပြီး ဖြေသဗျ။ ကျုပ်က မင်းအဖြေဟာ သောက်ရူးဖြေသလိုပဲ လို့  ပြောမိတာ အခုတော့  ပြန်တောင်းပန်ရအုံး မယ်ဗျို့ ။
.............................................
ကျုပ်ကတော့ ..

အို .. နပိုလီယံ
" တရုတ်တို့ အိပ်ပျော်နေပါစေ၊ တရုတ်တို့ နိုးထလာလျှင် ကမ္ဘာကြီးအတွက် စိုးရိမ်စရာ ဖြစ်လာလိမ့်မည် " ဟူသော သွေးထွက်အောင် မှန်လှသည့် နိမိတ်စကားအတွက်သင့်အား ကျေးဇူးစကားဆိုပါ၏။

လို့ သာ အော်လိုက်ချင်သဗျို့ ။ တရုတ်နဂါး ဘိန်းမှိန်းရာက အညောင်းဆန့် ပြီး လူးလွန့်  လာတာကို ဥဖြူဖြူလေးဟ ဆိုပြီး ဘေးငုံပြော တာ ကျုပ်ဖြင့် အံ့သြလို့ ကိုမဆုံးပါဘူးဗျာ။ ပုဂံပြည်ကြီး ဘာကြောင့်ပျက်ရသလဲ ဆိုတာ သမိုင်းကိုသေချာပြန်မဖတ်ပဲ ၊ အားကိုးစရာရှား လို့  သိုက်ဆရာလှေပေါ် တင် လာတဲ့  တရုတ်အားကိုးရွှေပြည်စိုး အစိုးရမင်းများရဲ့ ပုဇွန်ဦး နှောက်တွေကို ဆီပြန်ချက်ပြီး စားကြမယ်ဟေ့ ကောင်းကောင်းလို့  သာအော်လိုက် ချင် တော့သဗျာ။
...................................



ရခဲလှတဲ့ လူ့ ဘဝလေးကိုရတုန်း ရခိုက် ၊ မသေခင်လူလိုနေသွားရအောင် အပ္ပနာဒေန၊ သမ္မဒေထဘို့  ဆရာကြီး ဦးဝင်းတင်လို အိုကြီးအိုမကတောင် တပ်လှန့်နေပါပြီဗျာ။

" ဒီနေ့ အခြေအနေအရ ကျနော်တို့ ဘာပဲ ပြောနေနေ ပြတ်သားဖို့ အလွန်လိုတဲ့ အချိန်ပဲ ဗျ ၊ မပြတ်သားလို့ မရတော့ဘူး၊ ကျနော်တို့ မပြတ်သားလို့ တွေတွေဝေဝေ ယိမ်းယိမ်းယိုင်ယိုင် ၊ ကွဲကွဲပြားပြား ဖြစ်နေကြမယ် ။ ဒါဆို အလွန်ကို ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရတော့မယ် ။ သို့ မဟုတ်လို့  ရှိရင်ကျနော်တို့ ပိုပြီးတော့ ခက်ခဲကြီးမားတဲ့  အကျပ်အတည်းတွေ ၊ ပိုမိုပြီး ကြမ်းတမ်းတဲ့ အန္တရာယ်တွေနဲ့  ရင်ဆိုင်ကြရလိမ့်မယ်။ "

" ကျနော်တို့ ဒီလိုပဲ ပြောရမှာပဲ ။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနေ့ အခြေအနေက အားလုံးသိကြတဲ့ အတိုင်းပါပဲ ။ ဒီစစ်အစိုးရဟာ၊ ဒီအာဏာ ယန္တရားကြီး ဟာ ဒီနေ့ ကျနော်တို့ ရဲ့ မြန်မာ့လူ့ ဘောင် ၊ မြန်မာ့လူမှု အဖွဲ့ အစည်းကို ဘာမှ ချမ်းသာခွင့်မပေးတော့ ဘဲ ၊ သက်ညှာခွင့်မပေးတော့ဘဲ ၊ လျော့ပေါ့ခွင့် မပေးတော့ဘဲနဲ့နင်းကြိတ်တော့မယ့်ဟာ ပြင်နေပြီ ခင်ဗျ။ ဒါ လူတိုင်းသဘောပေါက်ရမယ့်  အချက်ပဲ ခင်ဗျ။ "

" ဒါပြည်သူလူထုကို တိုက်တွန်းတာပေါ့ ၊ ပြတ်ပြတ်သားသားပေါ့ ။ အမှန်ကတော့ ပိုမိုပြီးတော့ အခုလို အေးမနေပဲ ငြိမ်မနေပဲ ပြတ်ပြတ်သားသား ၊ တက်တက်ကြွကြွဆောင်ရွက်ကြပါ ၊ ပြောကြဆိုကြ လှုပ်ရှားကြပါဆိုတဲ့ သဘောပါပဲ"
......................................................

စစ်တပ်ကြီးကလည်း နှစ်ခြမ်းကွဲခါနီး ပါပြီဆိုပြီး စိတ်ကူးယဉ်တာလည်း တော်လောက် ပါပြီဗျာ။ လွှတ်တော်အစည်းအဝေးအတက်မှာ ရောမစစ်ဘုရင်ဂျူးလီယက်ဆီဇာရဲ့  နံကြားကို ဓားချက်ထိုးသွင်းခဲ့တဲ့  ဘရုတပ်စ် လို ရောမနိုင်ငံတော်ကြီးကို ပိုချစ် ပါတယ်ဆိုတဲ့  မြန်မာ့သူရဲကောင်း ပေါ်လာလေ မလားဆိုတာလည်း မျှော်ငေးမိ မှုန်ဝေဝေ ပါပဲ။ မြန်မာပြည်ကြီးကိုချစ်ပေမဲ့ ပျဉ်းမနားမင်းတရားကြီး ခိုးထားဝှက်ထား၊အေးဓားမြတိုက်ထား တဲ့ အထဲက အရိုးအရင်းကို လွှေးနေရတာ ပိုချိုမြိန်တယ် ထင်နေကြတုန်းပါပဲ ။
....................................................

ဒီလောက် ပိန်းပိန်းပိတ် အမှောင်ထုကြီး မြန်မာပြည်ပေါ်ထိုးကျနေချိန်မှာ တတိယနိုင်ငံ စာအုပ်လေးကိုင်ပြီး အီဂျစ်နဲ့ အင်္ဂလန် နိုင်ငံခြားမှာ ဖူလုံရေး အာမခံချက်လေးနဲ့ သေပျော်ပြီ မတွက်ကြပါနဲ့  ဦးဗျာ။ ပရိုပိုဆယ်သာ အမိ ၊ ပရိုပိုဆယ်သာ အဖ ၊ ဒိုနာဂုဏော အနန္ဒော နေတဲ့  ဖားဂုံညင်းများလည်း ဘဝအဓိပ္ပါယ် နဲ့ ဘဝသစ္စာ ကို ပြန်ဆန်းစစ် ကြပါ အုံးဗျာ။ သွေးနဲ့ ရေးရမဲ့ သမိုင်းကို ကြေညာချက်ထုတ်ရုံနဲ့ တော့ ၊ အစိုးရမင်းများက သီးလေးသီး ပြက်လုံးလောက်တောင် ဂရုစိုက်မယ် မထင်ဘူးဗျာ။
..........................................................

အနယ်နယ် အနှံ့ နှံ့ မှာ နည်းမျိုးစုံ အနိုင်ကျင့်ခံရတဲ့ ပြည်သူတွေက ဘီဘီစီ၊ အာအက်ဖ်အေ၊ ဗွီအိုအေ၊ ဒီဗီဘီ လေဒီယိုတွေဆီ စာတွေလှမ်းပို့  ပြီး နိုင်ငံ တော်အထက်လူကြီးမင်း တွေ သိေ အာင် ရင်ဖွင့်လိုက်ပါတယ် ဆိုတာတွေ ၊နောက် သောက်မြင်ကပ် ပုဒ်မနဲ့ ထောင်ဒဏ် ရာချီချတာကို အယူခံလွှာ ထပ်တင်တာတွေကို၊ ဟာဒယ ရွှင်ဆေးလောက်သာ အောက်မေ့နေတာ မသိကြလေ ရော့ သလားဗျာ။ ကျုပ်ကတော့ အမေဆူခဲ့တာလေးကို သွား သွားသတိရသဗျာ ။ဟဲ့ .. ငါကအာပေါက်မတတ်ပြောနေတာကို နင်တို့ က ဖင်ကြားလေသွားသလောက် တောင် ဂရုမစိုက်ကြဘူး တဲ့ ။
.............................................................

သူ့ အကုသိုလ် နဲ သူ ၊ သူ့ လမ်းသူ သွားကြပါလိမ့်မယ်၊ ကျုပ်တို့ မှာကိုက ဒီလိုဖြစ်ရဖို့  ကံအကြောင်းပါလာတာပဲ ဆိုပြီး ကံတရားကို အလွဲအဓိပ္ပါယ် မဖွင့်လိုက်ပါနဲ့ ဗျာ။ ကံကြမ္မာအကျိုးပေးမှုနဲ့  ပတ်သက်လို့ အကြောင်းလေးချက် ရှိပါသတဲ့ ။အတိတ် အကြောင်းက တစ်ပါးတည်းတဲ့ ။ ပစ္စုပ္ပန်အကြောင်း က သုံးပါးတဲ့ ဗျ။အတိတ်ကံဆိုတာ စားပွဲလုပ်တဲ့အခါ သစ်သားလိုသလို ကိုယ်ထည်အကြောင်းသာ ဖြစ်ပါသတဲ့ ။ ပစ္စုပ္ပုန်အကြောင်းသုံးပါးမှာ ဥာဏ်နဲ့  ဝီရိယက ဗိသုကာ(လက်သမား) အကြောင်း ၊နောက်တခုက တောင့်တတဲ့ ပြင်းပြသော ဆန္ဒ လို့  ကျမ်းတတ် ပုဂ္ဂိုလ်ကျော် ဆရာဦး ရွှေအောင် သေချာ ထောက်ပြထား သဗျ ။
.............................................

ပိုရှင်းသွားအောင်ပြောရရင်ဗျာ .. ။ မင်းတရားကြီးက သူ့ အတိတ်ကံတခုနဲ့  ပြည့်ရှင်မင်း ဖြစ်လာတာကို အာဏာတည်မြဲရေးအတွက် ရက်စက်ယုတ်မာ တဲ့ ဥာဏ်၊ဝီရိယ၊ ဆန္ဒ ဆိုတဲ့  ပစ္စုပ္ပုန်အကြောင်းသုံးပါး ပြည့်နေအောင် ဖြည့်ဆည်းနေလို့  ကျုပ်တို့ ဒီဘဝ ရောက်နေကြတာပါဗျာ။ ဒီတော့ကျုပ်တို့  လည်း အတိတ်ကံနဲ့ လူဖြစ်ခွင့်ကြုံတဲ့  အခိုက်လေးမှာ မင်းတရားကြီးရဲ့  ခြေဖဝါးတော် အောက်ကနေ လွတ်ဖို့  ဥာဏ်၊ ဝီရိယ၊ ဆန္ဒ ၊ပစ္စုပ္ပုန်အကြောင်း သုံးပါး ကို သူ့  ထက်ပိုပြီးဖြည့်ဆည်းနိုင်ရင် လူလိုနေရတဲ့ ဘဝကို ပြန်ရကြဘို့ ပါပဲဗျာ။
...............................................

မနိုင်လို့ သည်းခံနေရတာကို နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့ များ သွားမမှားလိုက်ကြပါနဲ့  ဗျာ။
တကယ်တော့ ပြည်နိဗ္ဗာန်ခေမာသောင်ကမ်း ဆိုတာရောက်ဘို့ တောင် ခွေးသေကောင်ပုပ် ကို ဖက်တွယ်ကူးခတ်ရတာတွေ ရှိပါသေးတယ်။ ဒီမိုကရေစီရေး ဆိုတာမဂ်ဖိုလ် အလုပ်မ ဟုတ် လေတော့  ဖိုက်တင်ပလေးတဲ့ အခန်းတွေလည်းပါနိုင်တယ်လေ။ လူနဲ့ မတူပဲ အနှစ်တရာ အသက်ရှည် နေရတာထက် ၊ လူလိုတရက်အသက်ရှင်နေရတာကမှ မြတ်သေး တယ် လို့ ကျုပ်တို့  သဘောမပိုက်သင့် ကြဘူးလား ဗျာ ။
............................................



အတွက်ခက်တဲ့ ပုစ္ဆာကို ကျုပ်တို့ ရှင်းရပါလိမ့်မယ်။
ဘင်လာဒင်က လေယာဉ်ပျံတွေနဲ့ မိုးမျှော်တိုက်တွေကို ဝင်တိုက်လိုက်တာကြောင့် အမေရိကန်က ကျယ်လောင်ကျယ်လောင်နဲ့  ဦးဆောင်ဆန့်  ကျင်နေ လို့ အကြမ်းဖက် ဆိုတာကို ဝေရာမဏိကြမယ်ဟေ့ဆိုပြီး ၊ အလှူ့  ရှင်အလိုကျ ရောယောင် လျှောက်အော် နေတာကိုလည်း ဆန်းစစ်ကြဖို့ တော့ လိုတယ် လို့ ထင်သဗျာ ။ တိုက်ပွဲအဆုံးအဖြတ်ဆိုတာ ပေါ်လာအောင် ကွင်းလယ်မှာ တောင်ကန်မြောက်ကန် ၊ ကန်နေကြတာကို ရပ်လိုက်ကြတာ အကောင်းဆုံးလို့ သာတွေးတော့တယ်ဗျာ။ An eye for an eye will lead the whole world blind ဆိုတာ ကျုပ်တော့ ကြိုက်လွန်းလို့  နေ့ တိုင်း ရွတ် တယ်ဗျာ။အစိုးရမင်းများဆီကို လွှတ်လွှတ်နေတာ ဘန်ကီမွန်းတို့  ဂန်ဘာရီတို့ ထက်စာရင် ဂျိန်းစဘွန်း၊ ဂျက်ကီးချန်း နဲ့ ရမ်ဘိုတို့ ကို လွှတ်တာမှ ရေးတေးတေးဖြစ်ပါလိမ့်အုံးမယ်ဗျာ။
.................................................

မဟော်သဓာလို ပါရမီရှင် ၊ ဥာဏ်ကြီးရှင်တောင် ကေးဝဋ်နဲ့ ပွဲမျိုးမှာ ပတ္တမြားကိုပစ်ချပြီ့း ကုန်းအကောက်မှာ ဗမာ့လက်ဝှေ့ စတိုင် ဒူး ၊ တတောင်တွေ သုံးပြီး ပွဲသိမ်းရသေးဗျာ။ ပတ္တမြားကို တကယ်လည်း မပေးပဲ လိမ်ပြီးပစ်ချတာဆိုပြီး မဟော်သဓာကို ဖိုးတွမ်တီးလို့  ပြောသံ ၊ ကျုပ်တော့ မကြားမိပေါင် ဗျာ။မင်းပူးဦးသြဘာသရဲ့  မဟော်သဓာဇာတ်တော်ကြီး ကိုလည်း ဆုံးအောင်ဖတ်ကြ ပါအုံးခင်ဗျ ။ အဆမတန်အင်အားကြီးမားတဲ့ ခုနှစ်ပြည်ထောင် မဟာမိတ်အဖွဲ့ ကိုအနိုင်ရအောင် စီမံတဲ့ အခါ ၊ ဥမင်လိုက်ခေါင်းတွင်း မှာ မိဖုရားနဲ့ သမီးကို ဓားစာခံလုပ်တဲ့ အခန်းတွေလည်း ပါသေးသဗျ။ အခုကိုရင်တို့  သဘောဆို မဟော်သဓာတောင် အကြမ်းဖက်သမား စာရင်းမှာ ဘင်လာဒင်နဲ့  တွဲပါနေလေဦးမလားဗျာ။
...........................................

ကုန်ကုန်ပြောမယ်ဗျာ။ အောင်ခြင်း ရှစ်ပါးဆိုတာမှာတောင် အကြမ်းနည်း မကင်းပါဘူးဗျ။ နဂါးကိုနိုင်တာ မေတ္တာပို့ တဲ့ နည်းမှ မဟုတ်တာဗျာ။ကိုရင်တို့  မေ့နေတာဖြစ်ပါလိမ့်မယ် ။ ကန္တာရအလယ် ရေပြတ်လို့ သေကိန်းကြုံခဲ့ ကြရတဲ့ လှည်းသားငါးရာဇာတ်မှာ အတောင်ရှစ်ဆယ်အထိ တူးတာတောင် ကျောက်ဖျာခံနေတာကြောင့် ရေမထွက်ခဲ့ပါဘူး။ လက်ရွေးစင် အားကောင်းမောင်းသန် လှည်းသားတယောက်ကို ရွေးထုတ်ပြီး ကျောက်ဖျာအောက်က ရေစီးသံကိုနားထောင်လို့  အပါးဆုံးထင်ရတဲ့ နေရာကို အသားကုန် ရိုက်ခွဲခဲ့ရတာပါပဲ ။ ဒီတော့မှ ထန်းလုံးပမာဏလောက် ရှိတဲ့  ရေက အထက်ကို ပန်း ထွက် လာသတဲ့  ဗျာ။
..................................
ကျုပ်ကိုယ်တွေ့ လည်း ရှိသေးဗျာ။
ကျုပ်လူပျိုပေါက် အရွယ်က ကျုပ်တို့ အိမ်ရှေ့ မှာ ပုဆိုးခါးမကပ်ပဲ လာရမ်းတဲ့ အောင်မြင့်ဆို တဲ့ ငမူးကို ကျုပ်မှာ အမတွေ နှမတွေ ရှိနေလို့  မတော်ပါဘူး ဆိုပြီး ၊ထွက်တောင်းပန် လိုက် ရတာ အာကိုပေါက်လို့  ၊ မရပ်ဘူးဗျာ။ ဒီမှာတင် ကျုပ်ညီ ထွက်လာပြီး အောင်မြင့်ကို တတောင့်ထွာလောက်ရှိတဲ့ ဝါးရင်း တုတ်နဲ့ နှစ်ချက်ဆင့်ကြွေး လိုက်တာ ပွဲသိမ်းမြန်ယုံ တင် မကဘူး ၊ နောင်လာနောက်သား မောင်မူးတွေ ပါ ကျုပ်တို့  အိမ်ရှေ့ ဟာ မူးရင်မရမ်းရတဲ့  တားမြစ် နယ်မြေဖြစ်သွားပါရောလား။ ကျုပ်စိတ်ထဲ ဒီနည်းဟာ သုံးတတ်ရင်ဆေးပါလားလို့  စွဲနေသဗျာ ။
.................................
သမိုင်းစာမျက်နှာလေးတချို့ လှန်မိပြန်သဗျာ။
ကမ္ဘာကျော် ကာသေ့ခ်ျ စစ်သူကြီး ဟန်နီဘောဟာ ရောမကို တိုက်ခိုက်ဖို့  အဲလ်ပ် တောင်တန်းကြီးကို စစ်သည် ၊ ဆင်တပ်၊ မြင်းတပ် ၊လူမျိုးစုံတပ်၊ အင်အားသိန်းချီတဲ့ တပ်ဖွဲ့  ကြီးနဲ့ စစ်ချီခဲ့ပါသတဲ့ ။ တောင်တန်းရဲ့ တနေရာ တောင်ကမ်းပါးယံကွေ့ တခုမှာ ဧရာမ ကျောက်တုံးကြီး တတုံးဟာ တောင် ပတ်လမ်းကိုပိတ်ဆို့ နေတာနဲ့ ကြုံရပါသတဲ့ ။ တောင်ပတ်လမ်းကျဉ်းလည်းဖြစ် ပိတ်နေတဲ့ ကျောက်တုံးကလည်း လမ်းနဲ့ အံကိုက်ကျနေ တာမို့  ဆင်မြင်း လူအင်အား သိန်းချီတဲ့ တပ်ကြီးဟာ ရှေ့ ဆက်ချီတက်ဖို့  ဘယ်နည်းနဲ့ မှ မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ကြုံလာပါရော တဲ့ ။ ရှေ့ ဆုံးက နေရာယူပြီး ချီတက်လာတဲ့ ဗိုလ်တွေက ဟန်နီဘောကို ရှေ့ ဆက်ချီတက် လို့  မဖြစ်နိုင်တော့ပါဘူး လို့ အကြောင်းကြားတဲ့ အခါ ဟန်နီဘော ကိုယ်တိုင်ကျောက်တုံး ရှိရာ ကိုရောက်လာပြီး သေချာလေ့လာ ဆန်းစစ်တယ် တဲ့ ။ ဒီမှာတင် ဟန်နီဘောဟာ အဲဒီ ကျောက်တုံးကြီးရဲ့  အောက်ခြေကို ဘေးပတ်လည်က ဝိုက်ပြီး အိုင်ဖြစ်အောင် တူးခိုင်းလိုက်တယ် ။သူ့ တပ်သားတွေရဲ့  ရိက္ခာထဲကအရက်စည်ကြီးတွေ ကို ရှိသမျှ ယူလာခိုင်းလိုက်ပြီး စောစောက ကျောက်တုံးကြီးအောက်ခြေ အိုင်ထဲကို လောင်းထည့်ခိုင်း ၊ မီးပြင်းတိုက်ခိုင်း တော့ တာပဲတဲ့ဗျာ။သုံးလေးရက် ဆက်တိုက် မီးပြင်းတိုက်တယ် ။ လေး ရက်မြောက်တဲ့ နေ့ မှာ သူ့ တပ်သားထဲက အသေခံလက်ရွေးစင်တပ်သား သုံး ဆယ်လောက်ကို ရွေးပြီးဆယ်ပေါင်တူလို လက်နက်တွေနဲ့  မီးပုံထဲကို အသေခံပြေးဝင်ခိုင်း ၊ ရိုက်ခွဲခိုင်းလိုက်တာ နောက်ဆုံးတော့ ကျောက်တုံးကြီးဟာ တစစီကွဲသွားတာကြောင့်  ရှေ့ ဆက် စစ်ချီနိုင်ခဲ့  ပါရောတဲ့ ဗျာ။
.................................
အောင်ပွဲအတွက်တိုက်ခဲ့တဲ့ နည်းတွေကတော့ မျိုးစုံလှပါသဗျာ။
ဘယ်နည်းနဲ့ တိုက်လို့ မရဘူးလို့  ကမ္ဘာ့စစ်သမိုင်း ပညာရှင်တွေ ဟောကိန်းထုတ်ထားတဲ့  ပြင်သစ်စခန်းဒိန်ဘင်ဖူးခံတပ်ကို ဗီယက်နမ် လွတ်မြောက် ရေးအတွက် ဗီယက်ကောင်းတွေတိုက်ခဲ့ကြတုန်း ကလည်း မိုးထဲရေထဲမှာ တောင်ပေါ် အရောက် အမြောက်တွေတင်ကြရတော့ ခဏ ခဏ လျော လျော ကျနေလို့  အမြောက်တင် တင့်ကားတွေအောက်ကို ဗီယက်ကောင်းတွေ ပစ်ဝင်ပြီး ပျော်ပျော်ကြီး စတေးခံလိုက်ကြတဲ့  မှတ်တမ်းတွေလည်း အထင် အရှားပါ ။ ငြိမ်ငြိမ်လေး လူဖြစ်ရှုံးနေရတဲ့  ဘဝကနေလွတ်ဘို့ အရင်းအနှီးကတော့ ကြီးချင်ကြီးလိမ့်မယ်ဗျ။ ကျနော်မြန်မာပါလို့ လူ တောထဲ မပြောရဲ တဲ့  ဘဝနဲ့ စာရင် သံချပ်ကားအောက် ပြေးဝင်လိုက်တာကဟန်ကျသေးတယ် လို့ တွေးမိတဲ့  အကြိမ်ပေါင်းလည်း မနည်းလှပါဘူးဗျာ။
....................................
ဂျပန်တော်လှန်ရေးတုန်းက ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ သရက်ချောင်းရွာ မိန့် ခွန်း ဟာ ရိုင်းတာတော့ အမှန်ပဲ ဗျာ။ဒါပေမဲ့တကယ့်ကိုမှတ်သားလောက် သဗျ။ "ခင်ဗျားတို့ ဒီ အချိုးအတိုင်းသာ ပေါ့ပေါ့နေပေါ့ပေါ့စား ဆက်စခန်းသွားနေကြရင် အင်္ဂလိပ်တက်တုန်းက ဆီဆွတ်သေးတယ် ။ ဂျပန်တက်လာရင် ဆီမဆွတ်ပဲချသွားလိမ့်မယ်တဲ့ " ဗျား။ ၂၀၁၀ နောက်ဆို ဆီတင်မက သဲလေးတရှပ်ရှပ်နဲ့ အံကြိတ်ခံရမဲ့ ကိန်းပါဗျာ။
.............................................
စစ်တို့ ရဲ့ သဘောတရားကို ကျုပ်လည်း သိပ်နားလည်လှတာတော့ မဟုတ်ပါဘူးဗျာ။ အခုမြန်မာမင်း များခင်းကျင်းနေတဲ့  သေနင်္ဂဗျူဟာက အင်္ဂလိပ် ရှေးဟောင်းရာဇဝင်စစ်ကား တွေထဲကလို စစ်တိုက်မဲ့  တပ်ကြီး နှစ်တပ်က စစ်သည်တော်တွေကို လေးထောင့်ပုံမျိုးစုံနေရာယူခိုင်း ၊ ဆင်တပ်မြင်းတပ်ကို ပုံစံမျိုးစုံ နဲ့ စစ်တုရင်အရုပ်တွေနေရာချသလို သေချာစံနစ်တကျ ပြင်ဆင်၊ အားလုံးအဆင်သင့်ဖြစ်တာနဲ့  .. ကဲ ယောက်ျား ဘသား၊ တိုက်လိုက်ကြစို့  သူငယ်ချင်းဆိုတာမျိုး၊သူရဲကောင်းတွေလို စစ်မျက်နှာ ဟူးဟူးလျင်လျင်ဖွင့်ပြီး တိုက်ကြတာမှ မဟုတ်ပဲ ။ မြို့ လည်ခေါင်မှာ လူမိုက်ငှားပြီး ရိုက်တဲ့  ဗျူဟာ ကို တုန့် ပြန်ရမဲ့  အကောင်းဆုံးစိတ်ထားကတော့ ဘယ်နည်း မဆိုတရားတယ်။ နည်းလမ်းအားလုံးတရားတယ် လို့ နှလုံး သွင်းကြရုံပါပဲ ဗျာ။ နွားသိုးရိုင်းဆိုတာမျိုးက မေတ္တာသုတ်ထက်ကျောက်ခဲကြီးကြီးကိုသာ ကြောက် တာလေ။လူယုတ်မာတွေနဲ့ ခင်းရတဲ့  စစ်ပွဲမှာ တရားတယ်မတရားဘူး ဆိုတာ ယာယီမေ့ထား လိုက်တာ အကောင်းဆုံးပါဗျာ။
................................................
မကြာမတင်ကာလ ၁၉၄၆ ခုနှစ် ဝန်းကျင်မှာ အောင်နိုင်ခဲ့သူလူမျိုးတမျိုးရဲ့  နည်းမှီစရာ နမူနာတွေလည်း ရှိသေးသဗျ။
အောက်မှာဖော်ပြထားတာဟာ မောင်မိုးသူ ဘာသာပြန်တဲ့ အိပ်ဇိုးဒပ်(နိုင်ငံတခု မွေးဖွားခြင်း) ဆိုတဲ့  စာအုပ်ထဲက ကောက်နှုတ်ဖော်ပြထားချက်ပါပဲဗျာ ။ပါလက်စတိုင်းမှာ အခုလတ်တလော ဆင်နွဲနေတဲ့  အစ္စရေးတွေ ဘာကြောင့်  ကုလသမဂ္ဂရုံးကိုပါမချန် ဒုံးကျည်နဲ့ ပစ်ပြီး လူပါးဝနိုင်သလဲ ၊ အစ္စရေးဟေ့ ဆိုရင်ကြားတာနဲ့ တကမ္ဘာလုံး ဘာကြောင့် အမြီးကုပ်ကုန်သလဲ။ ဘာကြောင့် အစ္စရေးတွေထင်တိုင်းကြဲ နေုနိုင်သလဲ ။သူတို့ ခံယူတဲ့  လူမျိုးရေး ခံယူ ချက် ကိုက ဘာလဲ။နိုင်ငံတခု မွေးဖွားခဲ့သူတွေ ဘယ်လို တိုက်ခဲ့ အောင် ခဲ့ တယ်ဆိုတာ သိကိုသိသင့်တယ်၊ တဆိတ်လောက် ဖတ်ကြည့်စေချင့်သဗျာ။
.........................................



"၁၉၄၆ ခုနှစ်၏ ဒေးဗစ်နှင့် ဘီလူးကြီး ဂိုလိုင်ယက် ၏ တိုက်ပွဲ " ဟူသော ခေါင်းစဉ်ဖြင့် မတ်ပါကား၏ သတင်းသည် ကမ္ဘာ့သတင်းစာများတွင် ပါလာ လေ ၏။
......
ကျနော်ဟာ ဆိုက်ပရပ်ကျွန်း ကီရီနီးယားမြို့ က ဒီသတင်းကို ရေးနေတာပါ။ ကီရီနီးယား ဆိပ်ကမ်းဟာ ဗြိတိသျှပိုင် ဆိုက်ပရပ်ကျွန်းရဲ့  ဒေါင့်စွန်းတစ် နေရာ ကဆိပ်ကမ်းကလေး တစ်ခု ဖြစ်ပါတယ်။ဆိုက်ပရပ်ကျွန်းဟာ ထင်ရှားတဲ့  ရာဇဝင်များစွာနဲ့  ကျွန်းတစ်ခု ဖြစ်ပါတယ်။ဒီဆိုက်ပရပ် ကျွန်းမှာ စစ်ပြေး ဂျုးလူမျိုးများကို ထိန်းသိမ်းထားတဲ့  ဗြိတိသျှစခန်းရှိပါတယ်။ ဒီနေ့  ဒီအချိန်မှာ ဆယ်နှစ်မှ ဆယ့်ခုနစ်နှစ် အရွယ်ရှိကြတဲ့  ဂျုးလူမျိုးကလေးတွေဟာ စစ်ပြေး စခန်းမှ ထွက်ပြေးလာပြီး၊ အိပ်ဇိုးဒပ် ဆိုတဲ့သဘောင်္ပေါ် ရောက်နေပြီး ပါလက်စတိုင်း ကို ထွက်ပြေးဖို့  စီစဉ်နေကြပါတယ်။ အဲဒီ ဂျူးကလေးအားလုံးဟာ ဂျာမန် အကျဉ်းစခန်းမှ လွတ်မြောက်ကျန်ရစ်သူများ ဖြစ်ပါတယ်။ ဗြိတိသျှများက အချိန်မီ သိသွားသဖြင့် ဆိပ်ကမ်းမှ ခွာရေးမှာ ပြဿနာ ဖြစ်နေပါတယ်။ဂျူးကလေးသုံးရာ တင်ထားသော အိပ်ဇိုးဒပ် သဘောင်္ပေါ်မှ ပြောရေးဆိုခွင့် ရှိသူက သဘောင်္တခုလုံး ဒိုင်းနမိုက်ဖြင့် ဆင်ထားပြီး ဗြိတိသျှစစ်သားများကတစ်စုံတစ်ရာ နှောင့်ယှက်ပါက သဘောင်္ တစ်ခုလုံး ကို ဖောက်ခွဲပြီး အားလုံးသေပစ်ကြရန် အဆင်သင့်ဟု ကြေညာနေပါတယ်။ အခြေအနေမှာ သည်အတိုင်းဖြစ်နေပါတယ်။

လန်ဒန်
........................................................
ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် သတင်းစာကို ပစ်ချလိုက်လေ၏။ သူသည် အစီရင်ခံစာ အားလုံးကို ပြန်၍ စစ်ဆေးနေမိ၏။ မတ်ပါကား၏သတင်းသည် ဥရောပ တစ်ခွင်လုံးသာမက အမေရိကန်အထိ ရိုက်ခတ်နေပြီ ဖြစ်သည်။ ဗိုလ်ချုပ် ဆပ်သာလင်ထံမှ ညွှန်ကြားချက် တောင်း လွှာသည် သူ့ ရှေ့ မှာရောက်နေ၏။ ဗိုလ်ချုပ်ကြီး ထရေဗာသည် ထိုအဖြစ်မှာ သူ့ ကြောင့် အဓိကဖြစ်ကြောင်း သူ့ ဘာသာသူ သိ၏။ သူကပင် ဆပ်သာလင်ကို ဆိုက်ပရပ်သို့  လွှတ်ခဲ့သည် မဟုတ်ပါလား။ မေဂျာ အဲလစ်စတာက တိုင်စာပို့ ခဲ့သော်လည်း ဘာမှ ဖြစ်စရာမရှိဟု အောက်မေ့ကာ သည်အတိုင်း ထားခဲ့မိသည်။ ပြဿနာမှာမိုးမီး လောင်နေပြီဖြစ်၍ အရှေ့ အလယ်ပိုင်းဆိုင်ရာ ကိုင်တွယ်နေရသူ ဗြိတိသျှတာဝန်ခံအားလုံး ဆွေးနွေးဖို့ ဖြစ်လာ၏။
ထိုအစည်းအဝေးဤ ဗိုလ်ချုပ်ကြီး ထရေဗာက ..
"ကျုပ်တို့ မှာ ပြဿနာဖြစ်နေပြီ ၊ ဂျူးကလေးသုံးရာကို ပါလက်စတိုင်း လွှတ်လိုက်ပြန်ရင်လည်း ကျုပ်တို့ ရဲ့ မဟာမိတ် အာရပ်နိုင်ငံတွေက မကျေမနပ် ဖြစ်လိမ့်မယ်၊ မလွှတ်လို့ ဝင်တိုက်ပြန်ရင် ဂျူးတွေက တကယ်ဗုံးခွဲပြီး သတ်သေကြပြန်ရင်လည်း ကမ္ဘာ့အလယ်မှာ ကျုပ်တို့ အရှက်ကွဲမယ် ၊ ဒီကိစ္စမယ် ဂျူးတွေက သူတို့ ရဲ့ ဝါဒဖြန့် ချိဖို့  ကြိုတင်စီစဉ်ထားတာ ၊ ဒီတော့ အကောင်းဆုံးနည်းလမ်းကတော့ ဂျူးတွေ ဝါဒဖြန့်  နိုင်အောင် အိပ်ဇိုးဒပ်ကို လွှတ်လိုက် ရင် အကောင်းဆုံးပဲ ထင်တယ်" အရှေ့ အလယ်ပိုင်း တာဝန်ခံ ဗိုလ်ချုပ်ကြီး ဘရက်ရှော သဘောမတူနိုင်ပေ။ ထို့ ကြောင့် "ကျုပ်အကြီးအကဲ ဖြစ်နေသမျှ အိပ်ဇိုးဒပ်သဘောင်္ကို ထွက်ခွင့်မပေးနိုင်ဘူးဗျာ ၊ ဒါပဲ "
.........................
သို့ 
မတ်ပါကား
လိပ်ခုံးဟိုတယ်
ကီရီနီးယားမြို့ ၊ ဆိုက်ပရပ်ကျွန်း။
သတင်းက တဖြည်းဖြည်း တန်ဖိုးတက်နေပြီ ၊ ဆက်ပို့ ပါ။
ကင် ဘရက်ဘူရီ
လန်ဒန် ။
............................


ကီရီနီးယားမြို့ ၊ ဆိုက်ပရပ်ကျွန်း
မတ်ပါကား၏ သတင်း။
ရှုခင်းတစ်ခုလုံးမှာ အတော်ခွကျနေပါ၏။ စစ်သားတစ်ထောင်လောက်ရှိသော ဗြိတိသျှစစ်သားများသည် တင့်ကားများ ၊ အမြောက်များ ကိုင်ဆောင်၍ ဘာလက်နက်မှ မပါသော အိပ်ဇိုးဒပ်သဘောင်္ကို ငေးကြည့်နေရပါသည်။အိပ်ဇိုးဒပ်သဘောင်္၏ တိုက်ပွဲမှာ ပထမပတ်တွင် ဘယ်သူ့ ဘယ်သူမှ အနိုင်မရ ဘဲ သရေ ဖြစ်နေသည်။ နှစ်ဖက်စလုံးမှာ ကိုယ့်နေရာမှာကိုယ် ရပ်၍နေကြသည်။ယနေ့ အထိ ဗြိတိသျှများမှာလည်း သဘောင်္ပေါ်တက်ရန် မကြိုးစားကြ။ အိပ်ဇိုးဒပ် သဘောင်္ပေါ်မှ ဂျူးကလေးများမှာလည်း ဂျူးသီချင်းများကို ဆို၍နေကြ၏။ အခြေအနေမှာ သရေအနေအထားမှာ ရှိနေဆဲ ဖြစ်ပါ၏။ မတ်၏ သတင်းများမှာ နေ့ စဉ်ထုတ်ပြန်နေ၏။ သတင်းတစ်ခုပြီးတစ်ခုသည် ပို၍ စိတ်ဝင်စားစရာ ကောင်းလာ၏။ စီစီ ဘရက်ရှောသည် ဝါရင့်နိုင်ငံရေးသမား ဖြစ်သည့်အတိုင်း မတ်ပါကား၏ သတင်းကို ချေပရန် တခြားသတင်းဌာနများ အကူအညီဖြင့် သတင်းထုတ်ပြန်လိုက်၏။ ဂျူးများသည် တကယ်ရိုးသားရိုးမှန်ပါက ကလေးသုံးရာကို ဓားစာခံလုပ်ကာ ဤမျှ ရက်စက်သော အပြုအမူကို လုပ်၍ သတင်းဖန်တီးမည် မဟုတ်ပါ။ ဤအရေးအခင်းကို ခေါင်းဆောင်နေသော အယ်ရီ ဘင်ကင်နင်မှာ တရားမဝင်သော အရေးအခင်းများကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ကမ္ဘာအရပ်ရပ်၌ ဤသတင်းသည် အငြင်းအခုံဖြစ်ဖွယ်ရာ ပြဿနာဖြစ်လာ၏။ နယူးယောက်တွင် အိပ်ဇိုးဒပ်သည် ဆိပ်ကမ်းမှ မခွာနိုင်ရ ဟူသောဘက်မှ လေး လေး တလေး ဖြင့် အလောင်းအစားဖြစ်နေ၏။ ထိုအချိန်တွင် အိပ်ဇိုးဒပ်သဘောင်္ တာဝန်ခံ အယ်ရီ ဘင်ကင်နင်က မတ်ပါကားအား သဘောင်္ပေါ်တက်၍ သတင်းယူခွင့်ပြုလိုက်လေ၏။
...................................
အိပ်ဇိုးဒပ်တာဝန်ခံ အယ်ရီဘင်ကင်နင်နှင့်မတ်ပါကားတို့ ၏ တရားဝင်ဆွေးနွေးချက်များ ကျနော် မတ်ပါကားသည် ပထမဆုံးသတင်းထောက်အဖြစ် အိပ်ဇိုးဒပ်သဘောင်္ပေါ်သို့  တက်၍ သတင်းယူခွင့် ရပါသည်။ သဘောင်္ပေါ်သို့ ရောက်သည်နှင့် ကျွန်ုပ်သည် အင်္ဂလိပ် သတင်းထုတ်ပြန်ချက်အရ ဘင်ကင်နင်သည် ဂျူးအဖျက်သမားဖြစ်ပြီး ဝှိုက်ဟော ဆွေးနွေးချက်များကို ပိုမိုဆိုးရွားအောင် ဖန်တီးနေခြင်းဟုတ်မဟုတ်ကို စတင်မေးမြန်းပါသည်။အယ်ရီ ဘင်ကင်နင် ဆိုသူမှာ အရပ်ခြောက်ပေ ၊ ဆံပင်မည်းမည်း ၊ မျက်လုံးပြာပြာနှင့် ထွားကျိုင်းလှသူ တစ်ဦးဖြစ်ပါသည်။
သူက ..
"ကျုပ်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေတာကို ကျုပ်ဂရုမစိုက်ပါဘူး ၊ တစ်ခုတော့  ရှိတယ်ပေါ့ လေ၊ ကျုပ်ကို လူဆိုးလို့ ပြောနေကြတဲ့  ဗြိတိသျှတွေဟာ တစ်ခါကသူရဲကောင်း ဆုတံဆိပ် ရခဲ့တဲ့  ဗြိတိသျှ စစ်တပ်ရဲ့  ကက်ပတိန်တစ်ယောက် ဖြစ်ခဲ့ကြောင်းကိုတော့ လုံးဝ မဖော်ပြကြပါလား ။ ဟုတ်ပါတယ် ၊ ကျုပ်ဟာ ပြဿနာလုပ်နေတဲ့  ဂျူးတစ်ယောက် ဖြစ်တယ်ဆိုတာ အမှန်ပါပဲ ၊ ဆက်ပြီးတော့လည်း ကျုပ်တို့ ဂျူးတွေကို နေရာမှန်ဖြစ်တဲ့  ပါလက်စတိုင်း ကို ပြန်မပေးမချင်းတိုက်ပွဲဝင်နေအုံးမှာပဲ ၊ ကျုပ်ရဲ့ ခံယူချက် မှန်နေသမျှ ကာလပတ်လုံး ဘယ်သူက ဘာပြောပြော ကျုပ်ဂရုမစိုက်ပါဘူး " ကျနော်သည် ဗြိတိသျှတို့ က အိပ်ဇိုးဒပ်နှင့် ပတ်သက်၍ စွပ်စွဲချက်အကြောင်းမေးရာ ၊ အယ်ရီဘင်ကင်နင်က .. " ကျုပ်တို့  ဂျူးတွေဟာ အားလုံးယိုတဲ့  ချေး ပုဇွန်ဆိတ်ခေါင်း ပုံချတာမျိုးက ရိုးနေပါပြီ ၊ ဝှိုက်ဟော ဆွေးနွေးပွဲဟာ နှစ်တွေသာ ကြာလာတယ် ၊ ဘာမှ မထူးခြားခဲ့ပါဘူး၊ ဗြိတိသျှတွေဟာ ၁၉၁၇ ခုနှစ်က ပါလက်စတိုင်းဟာ ဂျူးတွေရဲ့  မွေးရပ်မြေဖြစ်ကြောင်း ဝန်ခံခဲ့တဲ့  ကတိစကားတွေကို အခုမေ့ပစ်ဖို့  ကြိုးစားနေကြပါတယ် ၊ အခုမှ ဗြိတိသျှတွေဟာ ဂျူးကလေးတွေရဲ့ အသက်ကို ညှာတာဖို့  ကောင်းပါတယ်ဆိုပြီး ဟန်ဆောင်မျက်ရည်ကျတာကိုပဲ ကျုပ် ကတော့အံ့သြပါတယ် ၊ ကျုပ်တို့  အိပ်ဇိုးဒပ်သဘောင်္ပေါ်မှာ ရှိတဲ့  ကလေးအားလုံးဟာ သူတို့ သဘောနဲ့ သူတို့  အသက်စွန့်  ဖို့  ဆုံးဖြတ်ထားကြတာပါ ၊ ဒီကလေးတွေဟာဟစ်တလာရဲ့  ရက်စက်မှုအောက်က တလောကမှ လွတ်လာကြတာမို့  သူတို့ အတွက် လွတ်လပ်ရေးမရရင် သေတာဟာ မဆန်းဘူး လို့  ခံယူကြပြီးသားဖြစ်ပါတယ် ၊ တကယ်လို့  ဝှိုက်ဟောအဖွဲ့ ဟာ ဒီကလေးတွေကို တကယ်သနားရိုးမှန်ရင် ကျုပ်တို့ တစ်ဖွဲ့ လုံးကို ပါလက်စတိုင်း သွားခွင့်ပေးလိုက်ရုံပဲ ရှိပါတယ် ၊ ကျုပ်နောက်ဆုံးပြောချင်တဲ့ စကားကတော့ သမ္မာကျမ်းစာ ထဲက အပိုဒ်ကလေးတစ်ခုကို ဖတ်ပြချင်တာပါပဲ " ပြောပြောဆိုဆို ဘင် ကင်နင်က သမ္မာကျမ်းစာထဲမှ စာပိုဒ်တစ်ခုကို ပြပါသည်။
" ဘုရားသခင်က အစ္စရေးတိုင်းပြည်ကို တကွဲတပြားစီ ဖြစ်နေသော ဂျူးများနှင့် တည်ဆောက်ရမည့် အရေးမှာ သူ၏ တပည့်ဖြစ်သူ ဂျက်ကော့နှင့် သူ၏ သားမြေးများ အစဉ်အဆက် လုပ်ဆောင်ရမည့်  ကိစ္စဖြစ်ပေသည် ။ " အယ်ရီ ဘင် ကင်နင်သည် သမ္မာကျမ်းစာအုပ်ကို ချလိုက်၏။ ထို့ နောက်သူက .. "ဝှိုက်ဟောမှ ပုဂ္ဂိုလ်များနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ကို ကျုပ် စကားတခွန်း ပြောလိုက်ချင်ပါတယ် ၊ သည်စကားမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က ပြောပြီးသား စကားဖြစ်ပါတယ် ၊ ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ " ဟူ၏။ ။
....................................

"ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ " ဟူုသော သတင်းပါပြီးနောက် မတ်ပါကားသည် ဂိုင်ဒီယွန်း စစ်ဆင်ရေး စခဲ့ပုံ အကြောင်းများကို ခရေစေ့တွင်းကျ အစမှပြန်၍ဖော်ပြလိုက်လေသည်။ အယ်ရီ ဘင်ကင်နင်တို့ က မည်သို့ မည်ပုံ ဗြိတိသျှ ထရပ်ကားများ အသုံးချပုံများ ပါလာ၍ ဗြိတိသျှတို့ သည် နောက်တစ်ခါ ထပ်၍သိက္ခာကျပြန်၏။ မတ်၏ အကြံပေးချက်အရ အယ်ရီသည် ကမ္ဘာသတင်းထောက်များ အိပ်ဇိုးဒပ်ပေါ်သို့  တက်၍ သတင်းယူခွင့်ပြုလိုက်လေသည်။ ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် ဆိုက်ပရပ်သို့ တိုးတိုးတိတ်တိတ် လေယာဉ်ဖြင့် ရောက်လာခဲ့လေသည်။ အစည်းအဝေးတစ်ခုပြီး တစ်ခုထိုင်ကြ၏။ အခုအချိန်မှ ထွက်ခွင့်ပေးလိုက်ပါက မဟာအရှက်တော်ကြီး ဖြန်းဖြန်းကွဲတော့မည်ဖြစ်၏။
........................................

(ဆက်တိုက် ဆက်လက် ဖော်ပြပါမည်)

Windows 7 beta for everyon

Windows 7 beta (၀င်းဒိုးစ် ဆဲဗင်း အစမ်းဗားရှင်း) လာပြီ၊ မြန်မြန်သွားယူ
တင့်လွင်


ဝင်းဒိုးစ် ဗစ်စတာ ထွက်ရှိတာမှ ၂ နှစ် သာသာပဲ ရှိသေးတဲ့အချိန်မှာ မိုက်ကရိုဆော့ဖ် ကုမ္ပဏီက နောက်ထပ် ၀င်းဒိုးစ် ဗားရှင်းအသစ် တခုရဲ့ အစမ်းဗားရှင်းကို ဒီနေ့ (ဇန်န၀ါရီ ၉) မှာ အများပြည်သူ “ဒေါင်းလုပ်” ကူးယူနိုင်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ လတ်စဗေးဂတ်စ်မြို့မှာ ကျင်းပနေတဲ့ သုံးစွဲသူ အီလက်ထရွန်းနစ် ပြပွဲ (Consumer Electronics Show, CES) မှာ မိုက်ကရိုဆော့ဖ်ရဲ့ တာဝန်ခံဖြစ်သူ စတိဗ် ဘောလ်မားက ကြေညာခဲ့တာပါ။

ဒီသတင်းကြောင့် ၀င်းဒိုးစ်စနစ် ကွန်ပျူတာသုံးစွဲသူများအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ထွက်တာ မကြာသေးဘူးလို့ ထင်ထားတဲ့ ဗစ်စတာတောင် မသုံးဖြစ်သေးဘဲ ၀င်းဒိုးစ်အိတ်စ်ပီ ကိုသာ သုံးနေသေးတဲ့သူတွေရော ဗစ်စတာကို သုံးနေတဲ့သူတွေပါ မိမိသုံးနေတဲ့ ၀င်းဒိုးစ် စနစ်က ဘာဖြစ်လို့ပါလိမ့် ဆိုတဲ့သဘောနဲ့ နားစွင့်လေ့လာမိကြပါတယ်။

ယခု ၀င်းဒိုးစ်ဆဲဗင်းကို လွယ်လွယ်ပြောရမယ် ဆိုရင် ဗစ်စတာကို ပိုမိုလွယ်ကူစွာ သုံးစွဲနိုင်အောင်၊ မြန်ဆန်စွာ သုံးစွဲနိုင်အောင်နဲ့ ဗစ်စတာရဲ့ အားနည်းချက် တခုဖြစ်တဲ့ application အက်ပလီကေးရှင်း အဟောင်းတွေနဲ့ တွဲဘက် အလုပ်မလုပ်နိုင်ခြင်း ဆိုတဲ့အချက် တွေကို ပြန်လည်မွမ်းမံထားတဲ့ ဟာလို့ ဆိုနိုင်ပါတယ်။

လုပ်ဆောင်ချက် အသစ် (new features) များအနေနဲ့ သိပ်ထူးထူးခြားခြားတွေ့မြင်ရမှာ မဟုတ်ဘူးလို့ အိုင်တီလေ့လာ အကဲခတ်သူများက ဆိုပါတယ်။ ၀င်းဒိုးစ် ဗစ်စတာရဲ့ ဟဒ်ဝဲပိုင်း လိုအပ်ချက် များပြားခြင်း၊ မင်မိုရီသုံးစွဲမှုများခြင်း နဲ့ အက်ပလီကေးရှင်း ရွေးခြင်းတို့ကြောင့် ဗစ်စတာဟာ အောင်မြင်သင့်သလောက် မအောင်မြင်တာကို ဈေးကွက်လေ့လာသူများက သတိပြုမိကြပါတယ်။ အထက်ပါ အားနည်းချက်တွေကြောင့် ပြိုင်ဘက် ကုမ္ပဏီတခုဖြစ်တဲ့ Apple ကွန်ပျူတာရဲ့ Mac စနစ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကွန်ပျူတာသုံးစွဲသူများရဲ့ ဈေးကွက် ၁၀% အထိ တိုးတက်ရရှိခဲ့ပါတယ်။ ဈေးကွက်ကို လွှမ်းမိုးထားနိုင်တဲ့ မိုက်ကရိုဆော့ဖ် အတွက်တော့ ဒီအချက်ကြောင့် ဗစ်စတာကို အားနည်းချက်တွေပြုပြင်ထားတဲ့ ကွန်ပျူတာ မောင်းနှင်ရေး စနစ်တခု မြန်မြန်ထုတ်ဖို့ တွန်းအား ဖြစ်လာနိုင်တယ်လို့ လေ့လာသူများက သုံးသပ်ကြပါတယ်။

ယခု ၀င်းဒိုးစ်ဆဲဗင်းမှာ ထူးခြားတဲ့အချက်ကတော့ ကွန်ပျူတာ ဖွင့်ခြင်းပိတ်ခြင်းမှာ ယခင် XP နဲ့ Vista ထက်ကို သိသိသာသာ မြန်ဆန်လာတဲ့ အချက်ဖြစ်တယ်လို့ မိုက်ကရိုဆော့ဖ် တာဝန်ရှိသူများက မိတ်ဆက်ပွဲမှာ ပြောလိုက်ပါတယ်။

ယမန်နေ့က အီလက်ထရွန်းနစ် ပြပွဲ (Consumer Electronics Show, CES) မြင်ကွင်း

အစမ်းဗားရှင်းကို ဒီနေ့မှာ ဘယ်သူမဆို မိုက်ကရိုဆော့ဖ် ၀က်ဆိုက် http://www.microsoft.com/windows/windows-7/default.aspx ကနေ ဒေါင်းလုတ် လုပ်ယူနိုင်ကြောင်း သိရှိရပါတယ်။ ဒေါင်းလုတ် လုပ်ခွင့် အရေအတွက်ကို ၂သန်းခွဲ သတ်မှတ်ထားတာကြောင့်လည်း စိတ်ဝင်စားသူတွေ စောစောလေးကြွလှမ်းကြဖို့ နှိုးဆော်လိုက်ရပါတယ်။

Friday, 9 January 2009

အားပေးကြဖို့အချိန်တန်ပြီ

၁၉၈၈ဇွန်လကုန်ပိုင်း၊ လမ်းဆုံလမ်းခွတွေမှာအော်ပြေး၊ ဝေပြေးလုပ်ရင်းအဖမ်းခံရ.. ၈မိုင်အက်စ်ဘီဝင်းထဲက ကောင်းကင်မမြင်ရတဲ့ ပြူတင်းပေါက်လေး တခုပါသော အခန်းလေးထဲမှာ ထိန်းသိမ်းခံရချိန်၊ မှတ်မှတ်ရရ Happy birthday to me .... Happy birthday to me all ! ဆိုရင်း ၁၈နှစ်ပြည့်မွေးနေ့ကို တယောက်ထဲ ကျင်းပခဲ့ရသည်။ အခန်းတံခါးလာဖွင့်တိုင်း အဖေလာခေါ်တာလား၊ အမေလာခေါ်တာလားဆိုပြီးမဖြစ်နိုင်မှန်း သိပေမဲ့မျှော်လင့်တကြီးဖြစ်မိသည်။ တယောက်တည်းဖြစ်နေစဉ် လူတွေခံစားရသည့် အရာအားလုံး ပြီးပြည့်စုံ သွားသည်။ ကိုမင်းကိုနိုင်တို့လို.. လနှင့်ချီ၍တိုက်ပိတ်ခံရလျှင်ရူးသွားမလားမသိ။ အမေကအိမ်ထဲမှာလည်းငို အိမ်ရှေ့မှာလည်းငို၊ တချို့လမ်းသွားလမ်းလာတွေကအသုဘအိမ်လို့ထင်သွားသူတွေပင်ရှိသည်။

အဲဒီတုန်းက တောတွင်းဥပဒေသ တွေအခုလောက်မြို့ပေါ်ရောက်မလာသေး။ ဆင်ဆာမဲ့ တိတ်ခွေ ဒါဏ်ငွေလောက်နှင့်ပြီးသည်။ လာဖမ်းလျှင်ဖမ်းဝရမ်း။ ကောင်စီလူကြီးပါရသည်။ ဥပဒေ၀န်ထမ်းမဟုတ်သည့် ကြံဖွတ်အားရှင်တွေရဲ့ပရမ်းပတာဆက်ဆံမှုများ၊ ဆိုက်ကားသမားကိုလက်ထိပ် နှင့်နံပါတ်ဒုတ်ပေးထားပြီး ရဲတယောက်လိုမျိုး ဆက်ဆံခွင့်ပေးထားတာမျိုး၊ အပေါ်စီးကရတာတောင်ကျွဲပေါက်စ တကောင်ကို ခြင်္သေ့လေးကောင်က မသေမခြင်းဝိုင်းခဲထားတာမျိုး။ ဘောင်အတွင်းပြဌာန်းထားသောဥပဒေသ များကိုင်စွဲ၍ ခုခံချေပခွင့်ရှိသောရှေ့နေတွေကိုအပြစ်ပေးအရေးယူခြင်း၊ ကျီးဖြူမျက်နှာကျီးမဲမကြည့်ရဲဆို သလိုပြီးပြီးရော နှစ်၆၀ ချပစ်တာမျိုးတွေသည်၊ ဥပဒေမဲ့သည့် တောနက်ကြီးထဲအနောက်ကနေတစုံတခုကခုန အုပ်တော့မည့် အလားအမြဲတမ်းခံစားနေရသည်။

ပါကစ္စတန်တွင်၂၀၀၈၌တရားသူကြီးချူပ်ကိုဖယ်ရှားမှုကြောင့် ရှေ့နေများ၏လှုပ်ရှားမှုသည်စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့သည်။ သာမန်လူတယောက်၏ တောင်းဆိုမှုထက် ရှေ့နေတဖွဲ့လုံး၏ အချက်ကျကျ တောင်းဆိုမှုများသည် နအဖ၏ ဖင်ကိုတုန်ခါသွားစေနိုင်၍ ရှေ့နေနှင့်တရားသူကြီးများ ရှေ့တမ်းထွက်သင့်သည့် အချိန်အခါတစ်ရပ်ဖြစ်သည်။




မတရားဖမ်းဆီးခံရသူများနှင့် ကျန်ရစ်သောမိသားစု၏ သောကဗျာပါဒသည် ထပ်တူနီးပါးခံစားကြရသည်။ မိမိထောင်ကျလင့်ကစား တစုံတဦးကကျန်ရစ်သော မိန်းမနှင့်ကလေးကို အားပေးစကားလေး လာပြောသွားသည်ဟု ထောင်ထဲမှကြားသိရပင်လျှင် ၆လစာလောက် အထဲမှာနေသာထိုင်သာ ရှိသလိုခံစားရပေသည်။ ဒါကို...ကိုမင်းကိုနိုင်တို့သိသည်။ မိသားစုတွေကိုနိုင်ငံရေးမပါ လိုက်လံအားပေးသည်။ ရွှေဝါရောင်တော်လှန်ရေးသည် ရဟန်း၊ ပြည်သူနှင့် စစ်အာဏာရှင်ကြား တိုက်ရိုက်ပတ်သက်သော ဆန့်ကျင်တွန်းလှန်မှု သာဖြစ်သည်။

လက်ရှိပြည်တွင်းတွင် ပါတီဝင်မဟုတ်သော အထင်ကရနိုင်ငံရေးသမားများ၊ လွှတ်တော်ထဲမှာ အမတ်အဖြစ် နေရာတခုအတွက် ရွေးချယ်ခံရပြီးသူများ၊ ကိုမင်းကိုနိုင်တို့ကိုကိုကြီးတို့လက်ချင်းချိတ်ပြီး လိုက်လံအားပေး ခဲ့ကြသလိုမျိုး ဦးဝင်းတင်နှင့်အတူ ရှေ့တန်းထွက်လာဖို့၊ ပြည်သူကို အာဏာမရလင့်ကစား ချစ်ခင်မြတ်နိုးမှု တွေပေးရန် လိုအပ်သည့်အချိန်ဖြစ်သည်။ လိုက်လံအားပေးသင့်သည်။ အစဉ်အလာရှိပြီးသူနှင့် အခုမှထလုပ်သူကို နအဖ၏ ဆက်ဆံရေးကမတူ။ လက်လွတ်စံပယ် အကြောင်းပြဖမ်းဆီးတာမျိုး လွယ်လင့်တကူ ဖြစ်မလာနိုင်။

အကယ်၍လူထူအုံကြွမှုဖြစ်ပေါ်ခဲ့လျှင် ရွှေသမင်ဘယ်ကထွက်.... မင်းကြီးမသာ(အဲ)မဟာရွှေတာကထွက် ခြင်းသာဖြစ်ပါကြောင်း။ ။

ရဲရင့် (ကနေဒါ)

အများဆိုင်နာမ်

ကိုဇင်
ကျနော့်အကြောင်း ကျနော်ရေးဖို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ … ရေးလည်းမရေးချင် … ရေးဖို့လည်းလိုမယ်မထင်ခဲ့ …
ကိုယ့်အကြောင်း ကိုယ်ရေးရလောက်အောင်လည်း ကိုယ့်သမိုင်းက မခမ်းနား … ကိုယ့်ငါးချဉ်ကိုယ်ချဉ်ဖို့ မတည်ခဲ့ဖူး …
အခုတော့ … ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်လောက် ဆိုချင်နေမိတယ် …
အဖေပေါ့ … ဒီကောင် တော်တော်ဟုတ်သွားပြီတဲ့ …
မထင်မရှား လူကြုံစကားနဲ့ အဝေးကြီးက အဖေ့အသံကို သဲ့သဲ့ကြားရတော့ ဘဝတလျှောက်လုံး အဖေကောင်းချီးပေးခဲ့သမျှထဲက …
ဒါက … ကျနော့်ရင်ထဲ ပိုပြီးလှပစေခဲ့တယ် …
အမေ … ကျုပ်သားမို့လို့ပါတဲ့ …
ကျနော်မျက်ရည်ဝဲရပြန်တယ် …
ပြောမယ့်သာပြောရတယ် … ကျနော့် အဖေရော အမေပါ လူတော်လူတတ်အစားထဲကမဟုတ် …
သို့သော် … လူညံ့တွေလည်းမဟုတ် … လူတော်မဖြစ်ချင်နေ လူညံ့တော့မဖြစ်စေနဲ့ … ဒါ သူတို့လက်သုံးစကား …
အမေ့ရဲ့ သီးခြားအသုံးအနှုန်းက … ရိုးရိုးကျင့် မြင့်မြင့်ကြံ …
အဖေက … ခပ်ရှင်းရှင်း ခပ်ပြတ်ပြတ်လုပ် … မလုပ်ချင်ရင် မလုပ်နဲ့တဲ့ …
ဒါ … အိမ်မှာရှိနေခဲ့တဲ့ တလျောက်လုံး ကျနော်ကြားနေကျစကား …
ဘယ်တုန်းကမှ ဒီစကားလုံးတွေရဲ့အဓိပ္ပါယ်ကို မလေးနက်ခဲ့ဖူး …
လက်တွေ့အသုံးချရမယ်လို့လည်း မစဉ်းစားမိခဲ့ …

အများဆိုင်နာမ်နှုတ်မဆက်ခဲ့ဘူး …
အဖေပြောသလို … ကျနော်ယုံကြည်ရာလမ်းကို ရွက်ဆက်လွှင့်ခဲ့တယ် …
မုန်တိုင်းထန်ထန် … လှိုင်းကြမ်းကြမ်း … ရွက်ကျိုးကျိုး … အရိုးကြေကြေ … သေချင် သေပါစေစမ်း …
ရိုးရိုးသားသား ဝန်ခံရရင် … သံတိုင်နောက်မှာ ကျနော့်မျက်နှာမရှိစေချင်တာ သက်သက်ပဲ …
အထင်မလွဲနဲ့ … မတရားတာကို ခေါင်းငုံ့မခံချင်တဲ့ စိတ်ကြောင့် … မတရားမှုကို ပူးပေါင်းဖို့ ငြင်းဆန်ရုံကလေးကြောင့် …
ပြေးပြေး မင်းလွတ်အောင်ပြေး … အဲဒီညက ထူးအိမ်သင်ရဲ့ အဲဒီစာသားသက်သက်ကိုပဲ နာနာကျင်ကျင် အော်ငြီးခဲ့သေးတာ မှတ်မိနေဆဲ …

ကျနော်ကပဲ သွားလေရာ ကံကောင်းတတ်သလား …
လမ်းမတွေပေါ်မှာ ဆိုးကြ မိုက်ကြ ရိုက်ကြတုန်းကလည်း ဘယ်တုန်းကမှ မခံခဲ့ရဖူး …
စိတ်ထင်တိုင်း ထောင်တံတိုင်းနောက်ထည့်ပစ်တဲ့အချိန်မှာ … မည်းမည်းမြင်ရာ သေနတ်ဒင်နဲ့မိတ်ဆက်နေတဲ့အချိန်မှာ …
တက္ကသိုလ်နံရံမှာ မကျေနပ်ချက်တွေကို ပေါ်တင်ကပ်တယ် … မတရားတာမှန်သမျှကို ငြင်းဆန်တယ် …
တော်လှန်တဲ့ အတွေးအခေါ်မှန်သမျှကို ကိုးကွယ်တယ် …
ကျနော်ကပဲ ကံကောင်းလွန်းသလား … သင်းတို့ကပဲ မမှုလောက်ဘူးထင်လို့ ပစ်ထားသလား … ထားတော့ …
ဘဝက ထင်ထားသလောက် မကြမ်းတမ်း …
ကျနော်ကပဲ ရောက်လေရာ ကံကောင်းတတ်သလား …
အနိုင်ကျင့်ချုပ်ချယ်မှု ဆန့်ကျင်ရေးစိတ် သဲ့သဲ့ကလေးသာပါတဲ့ ကျနော် … ရေကန်အသင့် ကြာအသင့် … ရွှေပင်မှာနားခွင့်ရခဲ့တယ် …
ရွှေပင်မှာနားရရုံနဲ့ အရှင်မွေးနေ့ချင်းကြီး ရွှေကျေးဖြစ်ရိုးမရှိ … ဖြစ်ကောင်းဖြစ်မယ် … ရွှေရည်စိမ် …

အမေ … ကျနော်ကန်တော့လိုက်ပါတယ် … ကျေးဇူးတင်ပါတယ် …
အမေ့စကားလုံးနည်းနည်းကလေးက ကမ္ဘာကြီးထက်ကျယ်တယ် … ဝန်ပိပေမယ့် ပီတိတွေက အမြိုင်အဆိုင် …
အဖေ … ကျနော်ကန်တော့လိုက်ပါတယ် … ကျေးဇူးတင်ပါတယ် …
အဖေ ကျနော့်ကိုလွမ်းကောင်းလွမ်းမယ် … ကျနော် ဘယ်သူ့ကိုမှ မလွမ်းတော့ဘူး …
ကျနော်က ရွှေကျေးဖြစ်ချင်တဲ့ကောင်လေ …

ဒီကောင်တော်တော်ဟုတ်သွားပြီတဲ့ … ကျုပ်သားမို့လို့ပါတဲ့ …
တကယ်တမ်းကျတော့ ကျနော်က ဒီအချိန်အထိ ဘာကျေးဇူးမှ မဆပ်နိုင်သေး …
ကျနော့်လုပ်ရပ် … ကျနော့်ရပ်တည်ချက်ကသာ အဖေနဲ့ အမေ့အတွက် ပီတိသောမနဿ ဖြစ်စရာ …
အခုမှပဲ ကျနော်သိတယ် … မတရားမှုကို မုန်းတီးတဲ့စိတ်က အဖေနဲ့ အမေ့ဆီမှာ နဂိုကတည်းက ကိန်းအောင်းနေပြီးသားဆိုတာ …

အသေချာဆုံးတစ်ခုကတော့ ကျနော်လည်း ကမ္မဝါစာဖတ်ရုံနဲ့ မကြောက်တတ်တဲ့ တော်လှန်ရေးထဲက တစ္ဆေတစ်ကောင်ဖြစ်တယ် …….။

သွေးသစ် လောင်းရမည့် အလှည့်အပြောင်း

alt

ဆောင်းပါး သရုပ်ဖေါ်

အလှည့် အပြောင်း ကာလ က အပြောင်းအလဲ ကို ဖန်တီး ပေးတတ် သည်။ သို့သော် အခြေအနေ က ပေးအပ် လာသည့် အပြောင်းအလဲ ကို လှမ်းဆွတ် ယူဖို့ အဆင်သင့် ဖြစ်မနေ ခဲ့ဘူး ဆိုရင်တော့ ရခဲ လှသည့် မဟာ အခွင့်အလမ်း များ ကိုလက်လွှတ် ဆုံးရှုံး သွားရမည် မှာ သေချာ နေပေ သည်။

ထိုကဲ့သို့ အပြောင်းအလဲများ နှင့် လမ်းလွဲ ခဲ့ရသည့် အဖြစ်အပျက်များ ကို ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းစာ မျက်နှာများ ပေါ်တွင် အထင်အရှား တွေ့ မြင် နေရသည်။ ကျောင်းသားများ၏ ဦးဆောင်မှု နှင့် လူထု တရပ်လုံး ပူးပေါင်း ပါဝင် လက်တွဲဆင်နွဲ ခဲ့ကြခြင်း ကြောင့် ရှစ်ဆယ့်ရှစ် လူထု အရေးတော်ပုံကြီး က မ.ဆ.လပါတီ ၏ အုပ်ချူပ်ရေး ယန္တရားကြီး တခုလုံးကို ရပ်တန့် ပစ်နိုင် ခဲ့သည်။ သို့သော် ထိုကာလ ၌ ဒီမိုကရေစီစနစ် ကို အသက်သွင်း လိုသည့် အတိုက်အခံ နိုင်ငံရေးသမား သည် ကြားဖြတ် အစိုးရဖွဲ့ စည်းပြီး တိုင်းပြည်အား ထိန်းချူပ် ထားနိုင်ရန် အဆင်သင့် ဖြစ်မနေ ခဲ့ကြပါ။ ထိုမှတဖန် ၉၀-ခု ရွေးကောက်ပွဲ က ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစုများကို တိုင်းပြည်အား ဒီမိုကရေစီ စနစ်ဆီသို့ ချီတက် သွားနိုင်သည့် မဟာ အခွင့်အရေး လမ်းကြောင်းကြီး တခု ခင်းချ ပေးခဲ့သည်။ သို့သော် ဤ တကြိမ်၌ လည်း အတိုက်အခံ နိုင်ငံရေး သမားများ သည် ဒီမိုကရက်တစ် အစိုးရဖွဲ့ စည်းရန် အဆင်သင့်ဖြစ် မနေ ခဲ့ကြပါ။ ဤသို့ဖြင့် အားလုံးသိရှိထားကြသည့် အတိုင်း မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးကြီး သည် အောင်မြင်မှု ကင်းမဲ့စွာ နှစ် ၂၀ သက်တမ်းကာလကို ကျော်လွန် ဖြတ်သန်း ခဲ့ရပြီး တဘက်တွင် အကြွင်းမဲ့ စစ် အာဏာရှင်စနစ် သည် သက်ဆိုး ရှည်သထက် ရှည်လာ နေ ပေသည်။

ဤကဲ့သို့နှစ် ၂၀ ပြည့်လွန်ကာလတွင် နိုင်ငံရေး သုံးသပ်သူများက အတိုက်အခံ အဖွဲ့အစည်း များကြားတွင် ညီညွတ်ရေး ကင်းမဲ့သောကြောင့် ယခုလို မြန်မာနိုင်ငံ၌ လက်တဆုပ်စာ စစ်ဝါဒီများ သက်ဆိုးရှည်နေရသည်ဟု ဝေဖန်ရေးသား လာကြသည်။ အကယ်၍ ဒီမိုကရေစီအင်အားစုများ ညီညွတ်နေလျှင် န.အ.ဖ စစ်အုပ်စုကို အောင်မြင်စွာဖြုတ်ချနိုင်ပြီး လူထုတရပ်လုံးလိုလားသည့် ဒီမိုကရေစီစနစ်သို့ အမြန်ဆုံး အသွင်ကူးပြောင်း နိုင်မည်ဟု မှတ်ယူထား ကြသောကြောင့် ဖြစ်သည်။ အပြင်ပန်းအားဖြင့် ကြည့်လျှင် ဤကဲ့သို့ ထင်မြင် ယူဆချက်သည် လူတိုင်း လက်ခံနိုင်ဖွယ်ရှိသော်လည်း အနှစ်သာရ အားဖြင့်တော့ ယေဘုယျ ဆန်လွန်းသည်ဟု ပြောရပေမည်။တကယ်တမ်း နိုင်ငံရေးဖြစ်စဉ်အား ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုလျှင် ညီညွတ်ရေးသည် မြန်မာပြည် ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် အဓိက လိုအင်မဟုတ်ပဲ ဒီမိုကရက်တစ် နိုင်ငံရေးသမားများ၏ အနာဂတ်ကို အမြင်ကျယ်ကျယ် လှမ်းကြည့်နိုင်မှု ကင်းမဲ့နေခြင်းနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ အရရော နည်းဗျူဟာ ပိုင်းဆိုင်ရာအရပါ အဆင်သင့် ဖြစ်မနေခြင်းကသာ ချို့ယွင်းချက် ဖြစ်နေသည်ဟု ယူဆရပေမည်။

လူမျိုးပေါင်းစုံပါဝင်သည့် မြန်မာ့လူထုသည် နိုင်ငံရေးနိုးကြားမှု မြင့်မားပြီး ညီညွတ်မှုကို အမြဲတမ်း ထုတ်ဖော်ပြသနေခဲ့ ကြသည်။ ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီး၊ ၉၀-ခု ရွေးကောက်ပွဲရလဒ် နှင့် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးများသည် လူထု၏ စည်းလုံးညီညွတ်ခြင်းများမှ မွေးထုတ်ပေးခဲ့သည့် တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံရေး အသီးအပွင့်များဖြစ်သည်။ လူထု၏ အရေးကြုံလျှင် သက်လုံကောင်းသည့် နိုင်ငံရေးစိတ်ဓါတ်နှင့် ဒီမိုကရေစီလိုလားသည့် ဆန္ဒများကို အမြဲတမ်း ထင်ရှားစွာတွေ့ မြင်နေရသည်မှာ ခိုင်မာသည့် သွေးစည်းခြင်းနှင့် လူမှုရင်းမြစ်များ (Strong Solidarity and Social capital) ရှိနေခြင်း ကြောင့်သာ ဖြစ်သည်ဟု သုံးသပ်လျှင် ငြင်းဖွယ်ရာ မရှိဟု ထင်သည်။ အတိုက်အခံပါတီအဖွဲ့ အစည်းများကို လေ့လာကြည့်လျှင်လည်း အားလုံး တညီတညွတ်တည်း လက်ခံကျင့်သုံးသည့် ဒီမိုကရေစီရရှိရေး မူဝါဒကို တွေ့ရပေမည်။ ထို့ကြောင့် ညီညွတ်ရေး နိုးဆော်သံသည် အပေါ်ယံ နားထောင်၍ ကောင်းသော စကားလုံးမျှသာဖြစ် နေပြီး နိုင်ငံရေးပြဿနာအား လက်တွေ့  ကျကျ လမ်းပြဖြေရှင်းပေးနိုင်မည့် အဖြေကောင်းတခုဖြစ် မလာနိုင်ဟု ထင်သည်။ တကယ်တမ်းတွင် မြန်မာ့ဒီမိုကရေစီ တပ်ဦးကို ဦးဆောင်နေကြသူများ၌ ကြည်လင်ပြတ်သားသည့် လားရာအမြင် (Clear and determined vision) မရှိခြင်းကြောင့် ဖြစ်ပေါ်လာရသည့် စုပေါင်းဦးဆောင်မှု ကင်းမဲ့နေခြင်းသည်သာ အဓိက အားနည်းချက်ဖြစ်လာခဲ့ပြီး ဒီမိုကရေစီတော်လှန်ရေး အထမြောက်အောင်မြင်နိုင်မည့် လူထု၏ စိတ်ဓါတ်ခွန်အားနှင့် အသက်စွန့် ကြိုးပမ်း လှုပ်ရှားမှုများကို အလဟဿ ဖြုန်းတီးပစ်နေခဲ့သည်ဟု ပြောရပေမည်။

၁၉ရာစု ဂျာမန်ဒဿနပညာရှင် ဟေဂေလ် (Hegel) က “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွါးသာ ရှိသည်” ဟု ဆိုခဲ့ဖူးသည်။ ဤအတွေးအခေါ်နှင့် ဆင်တူသော ထာဝရ အကျိုးစီးပွါးကို လက်ကိုင်ထားပြီး ဦးတည်သွားလိုသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် တွေ့ဆုံဆွေးနွေးရေးသည် မြန်မာနိုင်ငံရေး ဖြစ်စဉ်ကို ဆယ်စုနှစ် (၂) စု နီးပါးခန့် ဖုံးလွှမ်းထားနေခဲ့သည်။ သို့သော် နိုင်ငံရေးခရီးအား အတူလက်တွဲသွား လိုသည့်အမြင်သည် အသုံးဝင်နိုင်ပေမယ့် မြန်မာ ပြည်အတွက်အသုံးမတည့်သည့် ဖလောဆိုဖီ် တခုဖြစ်နေကြောင်းကို အချိန်ကာလများက သက်သေပြ ခဲ့သည်။ နိုင်ငံရေးအမြင် မရှိသော န.အ.ဖ စစ်အုပ်စုက ထာဝရအကျိုး စီးပွါးဆီ အရောက်လှမ်းနိုင်ဖွယ် ရှိသည့် အမျိုးသား ရင်ကြားစေ့ရေးကို သူတို့၏ အကျိုးစီးပွါးအား ခွဲဝေပေးရမည့် ခြိမ်းခြောက်မှု တခုအဖြစ် ရှုမြင်နေမည်မှာ သေချာသည်။ နားလည်မှု လွဲခဲ့ဟန်ရှိသည့် နောက်အချက်တခု ကတော့ နိုင်ငံရေးနှင့် နိုင်ငံရေးစနစ်ကို ရောထွေးပြီး ချဉ်းကပ်ခဲ့ခြင်းပင် ဖြစ်သည်ဟု ပြောချင်သည်။ ကမ္ဘာ့ သမိုင်းစာမျက်နှာ များပေါ်၌ နိုင်ငံရေးစနစ်တွင် အမြဲတမ်း ရန်သူရှိကြောင်းကို ခိုင်ခိုင်မာမာ မှတ်တမ်း တင်ထားသည်။ ပဒေသရာဇ်၊ ဖက်ဆစ်နှင့် ကွန်မြူနစ်စနစ်တို့သည် လစ်ဘရယ် ဒီမိုကရေစီစနစ် အတွက် အမြဲတမ်း ရန်သူဖြစ်နေခဲ့ကြပြီး ထိုစနစ်များ ပြိုလဲကျရှုံး ချူပ်ငြိမ်းသွားခဲ့ခြင်းကြောင့်သာ ကမ္ဘာပေါ်၌ ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျယ်ပြန့်စွာ ထွန်းကားလာ ခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့လူ့သမိုင်းတွင် ပေါ်ထွန်းခဲ့သော ဘယ်စစ်အာဏာရှင်မှ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အာဏာအား အလွယ်တကူလက်လျှော့အရှုံးပေးသွားခဲ့ခြင်း မရှိကြောင်းကို လေ့လာတွေ့ရှိုရ သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ စစ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ဆက်စပ်ပြီး ရင်ကြားစေ့ဆွေးနွေး လိုခြင်းသည် မှားယွင်းသည့်လားရာအမြင် (wrong vision) တခုဖြစ်နေရုံသာမက မအောင်မြင် သည့်မဟာဗျူဟာ (failed strategy) တခုလည်းဖြစ်သည်ဟု ကောက်ချက်ချ သုံးသပ်နိုင်မည် ထင်သည်။

တဘက်တွင် အားလုံး သိရှိထားကြသည့် အတိုင်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ် ခံရခြင်းကြောင့် သိန်းချီသေဆုံးပြီး သန်းချီသော ပြည်သူလူထုများ အတိဒုက္ခရောက်ကာ ကယ်သူမဲ့ နေသည့်ကြားမှ အတုအယောင် ဆန္ဒခံယူပွဲကို ကျင်းပ၍ န.အ.ဖစစ်အုပ်စု၏ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအား မေလ ၂၉ ရက် ၂၀၀၈ ခုနှစ်တွင် အတည်ပြု ခဲ့ကြသည်။ စစ်အာဏာရှင် စနစ်ဆိုးအား ဆွဲဆန့် သွားနိုင်ရေးကို အဓိကရည်မှန်းသည့် ဤဖွဲ့စည်းပုံအား အတည်ပြု လိုက်ခြင်းသည် ရာစုတ၀က်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပြဿနာများကြောင့် အမှောင်အတိ ဖုံးလွှမ်းခံနေရသည့် တိုင်းပြည်အား ထပ်မံ၍အနက်ရောင်ချယ်သလိုက်ခြင်းသာ ဖြစ်သည်။ တနည်းပြောရသော် အမှောင်ထဲ၌ အမှောင်ကို ထွန်းညှိခြင်းသာ ဖြစ်ပြီး အလင်းကို ရှာဖွေခြင်း မဟုတ်ပါ။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တွင် လူထုဆန္ဒမဲတပြားမှ မပါပဲ အခွင့်ထူးခံ အမတ်များအဖြစ် နေရာယူထားကြမည့် စစ်ဗိုလ်များကသာ ကြီးစိုးချယ်လှယ်ခွင့်ကို အပြည့်အ၀ ပေးထားသည့် ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီ၏ အခြေခံအနှစ်သာရနှင့် လုံးဝဆန့်ကျင် နေသည်မှာ အထူးပြောစရာ မလိုတော့ပေ။ ထို့ကြောင့် ထိုဖွဲ့စည်းပုံအား အသက်သွင်းကျင့် သုံးလာမည့် အစိုးရကိုလည်း အရပ်သားအစိုးရဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။ စင်စစ်အားဖြင့် လက်ရှိစစ်စနစ်အား ပုံစံတမျိုးဖြင့် မွမ်းမံချယ်သထားသည့် ပုံစံသစ်တခုသာ ဖြစ်သည်။ ထိုဖွဲ့စည်းပုံအရ လွှတ်တော်များတွင် လူထုသဘောထားနှင့် ထပ်တူကျသော ဥပဒေပြုနိုင်မှုများ ကင်းမဲ့လာနိုင်သလို ဖွဲ့စည်းပုံပါ ပုဒ်မများအား ပြင်ဆင်ရေးဆွဲ ပြဌါန်းပိုင်ခွင့်ကိုလည်း တင်းကျပ်စွာ ထိန်းချူပ်ထားသည်ကို တွေ့ရသည်။

ပွင့်လင်းစွာ ပြောရလျှင် လက်ရှိမြန်မာပြည်၏ အခြေအနေသည် ဓားပြဂိုဏ်းကြီးတခုက ရွာတရွာ အား ၀င်စီးထားသည့် အနေအထားမျိုး ဖြစ်နေသည်။ မုဒိမ်းကျင့်၊ လူသတ်တတ်ပြီး နိုင်ငံရေး စီးပွါးရေးအမြင် လုံးဝမရှိသည့် န.အ.ဖစစ်အုပ်စုက ချူပ်ကိုင်ထားသော တပ်မတော်ဟု ခေါ်တွင်နေ သည့် ဒီနေ့ကာလ ဗမာစစ်တပ်သည် အပြင်ပန်းအားဖြင့်သာ နိုင်ငံတနိုင်ငံ၏ စစ်တပ်အဖြစ်သတ် မှတ်၍ ရနိုင်သော်လည်း အနှစ်သာရ အားဖြင့်တော့ ခိုးဆိုးလုယက် လူသတ်ခြင်းများကို လက်ရဲ ဇက်ရဲကျူးလွန်တတ်သော ဓားပြဂိုဏ်း အဆင့်သာသာ ရှိတော့သည်ဟု ပြောရပေမည်။ ထိုသို့ ဓားပြများ၏ ၀င်စီးခြင်းကို ခံထားရသည့် တိုင်းပြည်တွင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသော နည်းဖြင့် နိုင်ငံရေးအသွင် ကူးပြောင်းရေးသည် မှားယွင်းသော အဖြေရှာမှုတခု ဖြစ်နေမည်ဟု ထင်သည်။

ရှေ့မတိုး နောက်မဆုတ်သာသည့် အခြေအနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြီး နှစ်ပေါင်း (၂၀) လွန်လာခဲ့သည့် ဒီနေ့ ကာလသည် အလှည့်အပြောင်း အချိုးအကွေ့ တနေရာသို့ ရောက်ရှိလာနေသည် ဟု ပြောရပေမည်။ အခုလို အလှည့်အပြောင်းကို လက်ဦးမှု ရယူသည့်အနေဖြင့် န.အ.ဖ စစ်အုပ်စုက ၄င်းတို့၏ စစ်စနစ်ကို ပုံစံတမျိုး ဖန်တီးပြီး အသွင်ပြောင်းဖို့ ကြိုးစားလာနေသည်။ တချိန်တည်းတွင် ပြည်တွင်းပြည်ပရှိ အတိုက်အခံ အင်အားစုများ အတွက်လည်း မဟာဗျူဟာ နည်းဗျူဟာနှင့် နိုင်ငံရေးမျိုးဆက်ပါ လူစားလဲ သွေးသစ်လောင်းပြီး သမိုင်းဆိုင်ရာ အဆုံးအဖြတ် ပေးရမည့် အချိန်ကာလတခုသို့ ဆိုက်ရောက်လာနေသည်ဟု ထင်သည်။ ယေဘုယျဝါဒီများ၏ ခံစားမှု အဓိကပဓါန၀ါဒကို ကိုင်စွဲပြီး ဒီမိုကရေစီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစား နေခြင်းထက် လူထုအခြေပြု ဗဟုဝါဒဖြင့် နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးဖို့ ရေရှည်စီမံကိန်း ချနိုင်သူများကိုသာ မြန်မာ့လူ့ဘောင်က လိုလားနေသည်ဟု ယူဆမိသည်။

သေချာနေသည်မှာ လာမည့် နှစ်ကာလများတွင် လူမှုစီးပွါး အကျပ်အတည်းများ (Socio-economic Crises) ကြောင့် လူထုပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပြီး စစ်အုပ်စု၏ အုပ်ချူပ်ရေး ယန္တရားအား ရပ်တန့် ပစ်နိုင်လောက်သည့် လူထုသပိတ်များလည်း ဖြစ်ပေါ်လာနိုင်သည်။ သို့ကြောင့် နောက်ပြန်လှည့်ပြီး အတိတ်၏အောင်ပွဲကို တသသဖြင့် လွတ်သော ငါးကြီးနေခြင်းထက် ဂိမ်းအသစ်ကစားရမည့် ယခုလို အနာဂါတ် စိန်ခေါ်ပွဲတွင် လူဟောင်းများဖြင့် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရ သော ယှဉ်ပြိုင်မှုကိုစွန့် လွှတ်၍ သွေးသစ်လောင်း လူသစ်လဲခြင်းဖြင့်သာ အလှည့်အပြောင်းက ပေးသော အပြောင်းအလဲ ရလဒ်ကောင်းကို ရယူနိုင်မည်ဟု ယုံကြည်မိပါတော့သည်။ ။ ။

ညီညီထွေး (နယ်သာလန်)

ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌာန (၃) ခုကို ၀န်ကြီးတဦးတည်းက ကိုင်မည်

NEJ/ ၈ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော်ဝန်ကြီးအချို့ နိုင်ငံရေးဘက်ကို ပြောင်းတော့မည် ဖြစ်သည့်အတွက် လစ်လပ်သည့် ၀န်ကြီးနေရာများကို အစာထိုးမခန့်တော့ဘဲ ၀န်ကြီးဌာန (၃) ခုကို ၀န်ကြီးတဦးတည်းက ပူးတွဲကိုင်တွယ်ရန် စစ်အစိုးရက စီစဉ်နေသည်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးနှင့် အခြားဝန်ကြီးအချို့ကို နိုင်ငံရေးဘက်ပြောင်းခိုင်းမှာ ဖြစ်သည့်အတွက် စက်မှု (၁) ၀န်ကြီးဌာန၊ စက်မှု (၂) ၀န်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနတခု စုစုပေါင်း ၀န်ကြီးဌာန (၃) ခုကို စက်မှု (၂) ၀န်ကြီး ဒု-ဗိုလ်ချုပ်ကြီး(ရေ) စိုးသိန်း တဦးတည်းကို တာဝန်ပေးမည်ဟု ၀န်ကြီးချုပ်ရုံးသတင်းရပ်ကွက်က ပြောသည်။

အသက်ကြီးသည့် ၀န်ကြီးများကို နိုင်ငံရေးဘက်ပြောင်းရန် စစ်အစိုးရက စီစဉ်နေရာသစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်ဆိုလျှင် နိုင်ငံရေးဘက်ပြောင်းတော့မည်ဖြစ်ကြောင်း ၎င်း၏ အရာရှိများအား မကြာခင်က တရားဝင်ပြောခဲ့ပြီး ဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းဆိုလျှင် အသက် (၇၃) နှစ်ရှိပြီဖြစ်သည်။ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီ ဆိုလျှင်လည်း (၆၈) နှစ်ရှိ ပြီဖြစ်သည်။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက (၇၂) နှစ်ရှိပြီဖြစ်သည်။

စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်

09 January 2009

မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ပေးမယ်ဆိုတဲ့အပေါ်မှာ ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေကြပြီး နိုင်ငံရေးပါတီတွေလည်း တည်ထောင်ဖို့ ပြင်ဆင် နေကြပါတယ်။ ဒါပေမယ့် ပါတီတည်ထောင်ခွင့်တို့၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတို့၊နည်းဥပဒေ လုပ်ထုံးလုပ်နည်းဆိုတာတွေ အခုအချိန်အထိ မြန်မာစစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း က အဓိက အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင် တွေကို ဗွီအိုအေ၀ိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းရာမှာ ပါတီဝင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က အခုလိုပြောပါတယ်။

“အခြေခံဥပဒေကို လက်မခံဘူးဆိုတာနဲ့ တပြိုင်တည်း ကျနော်တို့မှာ တခြားလည်းဘာမှ သိပ်ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာမှစဉ်းစားစရာ မလိုသေးဘူးလို့ကျနော် ယူဆတယ်။ ဒီအခြေခံဥပဒေဆိုတာက အတည်မဖြစ်သေးဘူး။ လွှတ်တော်ပေါ်ပေါက်လာတဲ့ အခါကြမှ အခြေခံဥပဒေက အတည်ဖြစ်မှာ။ အဲဒီအတည်မဖြစ်ခင်အခြေခံဥပဒေကို ပြန်လည်သုံးသပ်ကြရအောင်ဆိုပြီး ကျနော်တို့က ကမ်းလှမ်းတယ်။ ဒီအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးဆိုတဲ့ကိစ္စကို ဘာမှ တစုံတရာ အဖြေမပေးဘဲနဲ့၊လက်ခံခြင်းမပြုဘဲနဲ့ ရွေးကောက်ပွဲဆိုတာကို ကျနော်တို့ကတော့ ဘာမှ စကားထဲကိုထည့်မပြောဘူး၊ အသိအမှတ်လည်း မပြုဘူး၊ စဉ်းလည်း မစဉ်းစားဘူး။ ဒါ ကျနော်တို့ရဲ့လက်ရှိအခြေအနေပဲ။”

နိုင်ငံတကာကလည်း တောင်းဆိုနေပါတယ်။ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတအောင်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ၊ နိုင်ငံရေးအဖွဲ့အစည်း အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းတခု ဖန်တီးပေးပါဆိုပြီး တောင်းနေပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ဘာကိုမှ ဂရုမစိုက်ဘဲ သူတို့လုပ်မယ့်ပုံစံကိုပဲစိုက်လိုက်မတ်တပ်သွားမယ့်ပုံစံ မြင်နေရပါတယ်။ အကယ်၍ အဲဒီလိုပဲ သွားမယ်ဆိုရင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ဆိုရင် ပါတီရပ်တည်ရေးအတွက် နောက်ပိုင်းမှာ တစုံတရာ ပြဿနာ ရှိမလာနိုင်ဘူးလား။

“ရှိနိုင်တာပေါ့ခင်ဗျာ။ ကျနော်တို့က နိုင်ငံရေးလုပ်တဲ့အခါကြတော့ တယူသန်ဖို့၊ခေါင်းမာဖို့ဆိုတာ မဟုတ်ပါဘူး။ သို့သော် ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ အခြေခံမူဝါဒတွေ၊ အခြေခံသဘောတရားတွေကိုတော့ ကျနော်တို့က စွန့်လွှတ်ပြီး၊ ပစ်ပယ်ပြီးသူများခိုင်းတိုင်း၊ သူများခေါ်တိုင်း မသွားနိုင်ပါဘူး။ ထပ်ထပ်ပြီး အခြေအနေသစ်တွေ
ပေါ်ပေါက်လာခြင်း မရှိဘဲနဲ့ဆိုရင်တော့ ရှေ့အလားအလာကလည်း အတော်တော့မှုန်ဝါးနေတဲ့၊ မှေးမှိန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မှေးမှိန်မှာကြောက်တာ တခုတည်းနဲ့တော့ ကျနော်တို့တွေ အကုန်လုံးက သူတို့ခြေသလုံးဖက်လို့တော့ မရတော့ဘူး။

ဒီလမ်းကိုလျှောက်ဆိုပြီးတော့ ကျနော်တို့ကို နဖားကြိုးတပ် ဆွဲခေါ်တိုင်းလည်းကျနော်တို့ မလိုက်နိုင်တော့ဘူး။ ဒါ ဦးကြည်မောင်စကားနဲ့ ပြောရရင်တော့ မောင်ခေါ်ရာ မယ်မလိုက်နိုင်ဘူးလို့ပဲ ပြောပြောပေါ့ဗျာ။ ဒါမှမဟုတ် ကျနော် စကားအသစ်နဲ့ ပြောရရင်တော့ ကျနော်တို့ နဖားကြိုးဆွဲခေါ်တိုင်း မလိုက်နိုင်ဘူးလို့ပဲပြောရမှာပဲခင်ဗျ။”

Tuesday, 6 January 2009

Freedom From Fear (Burmese Version)

Freedom of Fear

ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ

alt

ဆောင်းပါး သရုပ်ဖေါ်

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ (၂၆)ရက်သည် တရုတ်လူမျိုးတို့၏ နှစ်သစ်ကူး ဖြစ်သည်။ တရုတ်တို့၏ ရိုးရာအတိုင်း တိရိစ္ဆာန် (၁၂) ကောင် အား တနှစ်လျှင် တကောင်စီ ကို ကိုယ်စားပြုစေသည်။ ၂ဝဝ၉ ခုနှစ်ကား “နွား”နှစ် ဖြစ်သည်။

ခုနှစ်တခုကို တိရစ္ဆာန်တကောင်ဖြင့် ကိုယ်စားပြုစေခြင်းမှာ

ထိုနှစ်ကို မှတ်မိရလွယ်ကူစေရန် ဖြစ်သည်။ ဘယ် ခုနှစ်မွေးလဲဟု မေးလျှင် ခုနှစ် အတိအကျကို မှတ်မိနိုင်စွမ်း မရှိသူများ ရှိတတ် သည်။ ဥပမာ ကလေး တယောက် သည် မည်သည့် ခုနှစ်တွင် မွေးဖွား သည် ကို မသိနိုင်ပဲ ရှိချင် ရှိမည်။ အသက်ကြီးသူ တချို့မှာလည်း မည်သည့် ခုနှစ် ဆိုသည်ကို မေ့ကောင်း မေ့နေ နိုင်သည်။ သို့ဖြစ်ရာ တရုတ်လူမျိုး တို့၌ ဘယ်ခုနှစ်မွေးဖွားသလဲဟု မမေးပဲ ဘယ် တိရိစ္ဆာန်နှစ် မွေးသလဲဟု မေးသောအခါ ချက်ချင်း ပြန်ဖြေရန် လွယ်ကူ သွားသည်။

၂ဝဝ၉ ခုနှစ်သည် နွားနှစ် ဖြစ်၍လည်း တနှစ်ပတ်လုံး နွား ကဲ့သို့ ရုန်းကန် ရဦးမည်ဟု ခန့်မှန်း ကြသူများ ရှိသည်။ ယခုနှစ်ကား တကမ္ဘာလုံး ဘဏ္ဍာရေး အကြပ်အတည်းနှင့် ရင်ဆိုင် နေရသဖြင့် လည်ပတ်ငွေ အားနည်းသော ကြောင့် အလုပ်အကိုင်အသစ်များ ဖန်တီးရန် ခက်ခဲနေမည်ဖြစ်သည်။ စီးပွားရေးကို မည်သူမျှ အရှုံးခံ ၍လုပ်မည် မဟုတ်သောကြောင့် အလုပ်ဖြုတ် ရခြင်းများလည်း ရှိနေဦးမည်။ အလုပ်လက်မဲ့များ လျှင် ဝယ်ယူစားသုံးနိုင်စွမ်း ကျဆင်း တတ်သည့် အခြေအနေ မျိုးကဲ့သို့သော နောက်ဆက်တွဲ ဆိုးကျိုး များစွာ ရှိမည်။ ထို့ကြောင့်လည်း ရုန်းကန် ရမည်ဟု နိမိတ်ဖတ်ကြသည်ဟု ယူဆရသည်။

အမှန်စင်စစ် နွားဆိုသော သတ္တဝါ တမျိုးတည်းသာ ရုန်းကန်ရသည် မဟုတ်၊ သတ္တဝါတိုင်း အသက်ရှင်နိုင်ရေး အတွက် နည်းအမျိုးမျိုးဖြင့် အမြဲတစေ လှုပ်ရှားရုန်းကန်နေရသည်။ စားရေး သောက်ရေး လုံခြုံရေးတို့ကို အတတ်နိုင်ဆုံး ဂရုစိုက်မှသာ မနက်ဖြန်အတွက် အသက်ဆက်ရှင်နိုင်မည်ကို သဘာဝအားဖြင့် အလိုလိုသိနေ ကြသောကြောင့် ဖြစ်သည်။

ဤသည်မှာ အမြင်အားဖြင့်တွေ့ရှိနိုင်သည့် ပြင်ပလှုပ်ရှားရုန်းကန်မှုများ ဖြစ်သည်။ ခန္ဓာရှိ၍ အသက်ရှင်နေသော သတ္တဝါမှန်သမျှ ကိုယ်တွင်းခန္ဓာအစိတ်အပိုင်းများ အဆက်မပြတ်လှုပ်ရှားရုန်းကန်နေရသည်။ ကိုယ်တွင်းကိုယ်ပ ရုန်းကန်လှုပ်ရှားခြင်းသာ မရှိခဲ့သော် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ မည်သည့်သတ္တဝါမဆို ဖြုတ်ခနဲ အသက်ဆုံးသွားနိုင်သည်ချည်း ဖြစ်သည်။

သို့ဖြစ်ရာ နွားနှစ်ဖြစ်၍ ရုန်းကန်ရသည်ဟု မယူဆစေလို၊ ရုန်းကန်ရသော အကြောင်းရင်းခံ ရှိသောကြောင့်သာ ရုန်းကန်ရသည်ဟု သဘောပိုက်စေချင်သည်။

အေးချမ်းလှသည့် ဆောင်းမနက်တွင် ကျောင်းတက်ရမည့် ကလေးတဦးအဖို့ အိပ်ယာထဲ ကွေးမနေနိုင်။ မည်မျှပင် အိပ်ချင်နေစေကာမူ ရုန်းကန်ပြီး အိပ်ယာထလာရသည်။ ကျောင်းတက်ရမည့် တာဝန်က ရှိနေသကိုး။ အလုပ်သမားတဦးသည်လည်း လုပ်ငန်းခွင်ဝင်ရန် မထချင်ပဲ ထရဦးမည်။ လယ်သမားကြီးသည်လည်း သူ့လယ်ယာလုပ်ငန်းခွင်ကို သွားရန် အိပ်ယာထရမည်သာ။ “တာဝန်”ဖြစ်သည်ဆိုသော ဘဝပေးအသိအရ ပျင်းရိနေ၍မရ။ ဒီလိုကိစ္စမျိုးတွင် လုံ့လမစိုက်သော် ပို၍ပင်ပန်းဆင်းရဲတော့မည်မှန်း အလိုလို သိနေတတ်သည့် သဘာဝကြောင့် ဖြစ်သည်။

ဤသည်မှာ လူတိုင်းတွင် တာဝန်ကိုယ်စီ ရှိနေသည်ဆိုသော သဘောကို ထင်ထင်ရှားရှား ပြသနေသည်။ အမှန်ပင် လူတိုင်း၌ အနည်းဆုံး တာဝန်တခုမက ရှိကြသည်။ မိမိအတွက် ရုန်းကန်လှုပ်ရှားရခြင်းအပြင် မိမိနှင့် အတူ ယှဉ်တွဲနေထိုင်ကြသူများအတွက်ဖြစ်စေ၊ မိမိ၏ သားချင်းဆွေမျိုး၊ ချစ်သူခင်သူတို့အတွက်ဖြစ်စေ လှုပ်ရှား ရုန်းကန်ပေးနေရသည်ပင်။

အစိုးရတာဝန်တရပ်ကို ယူ၍ ထမ်းဆောင်နေကြသူတို့လည်း ထိုသဘောပင် တာဝန်ရှိကြသည်။ နိုင်ငံတိုးတက် စေရန်၊ လူထုအကျိုး သယ်ပိုးနိုင်ရန် နိုင်ငံရေးလုပ်ကြသူများ၊ တက်ကြွလှုပ်ရှားသူတို့လည်း ကိုယ်ရေးကိုယ်တာ အပြင် အများအတွက် လှုပ်ရှားရုန်းကန်ပေးရန် တာဝန်ရှိနေကြသည်။

လူတဦးချင်းအတွက် ပုဂ္ဂိုလ်ရေးရာတာဝန်ကို မိမိဘာသာ သတ်မှတ်နိုင်သည်။ အဖွဲ့အစည်းနှင့် တိုက်ရိုက် ပတ်သက်လျှင်မူ အဖွဲ့က တာဝန်ပေးမည်။ အဖွဲ့ဖြစ်လျှင် ခေါင်းဆောင်ရှိရသည်။ ခေါင်းဆောင်က ပေးသည့် တာဝန်ကိုယူပြီး လုပ်ဆောင်ပေးနိုင်မှ တာဝန်ကျေမည်။

သို့ဖြစ်ရာ ခေါင်းဆောင်က တာဝန်ပေးတတ်ရန် လိုအပ်လာသည်။ ခေါင်းဆောင်က ခေါင်းဆောင်အရည်အချင်း ပြည့်ဝ၍ ထိုက်သင့်မှန်ကန်သော တာဝန်ကိုပေးနိုင်မှ၊ တာဝန်ယူသူ အားလုံးတို့ကလည်း မပျင်းမရိ လှုပ်ရှား ရုန်းကန်ပေးမှ ထိုတာဝန်ကျေပွန်ကာ အဖွဲ့တိုးတက်မည် ဖြစ်သည်။

လောလောဆယ် အတိမ်းအစောင်းမခံနိုင်သော အခြေအနေကို ရောက်လာနေသည့် မြန်မာ့နိုင်ငံရေးတွင်လည်း ခေါင်းဆောင်တို့၏ အရည်အချင်း၊ နောက်လိုက်တို့၏ တာဝန်ယူ လှုပ်ရှားရုန်းကန်မှုများက အလွန်ပင် အရေးကြီး လာသည်။ အဓိကအကြောင်းကား နောက်ပြန် ဆုတ်၍ မရနိုင်လောက်အောင် ခေတ်-စနစ်တခုကို အသွင်ကူး ပြောင်းချိန်၊ တော်လှန်နေချိန်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။

တချက်မှားလျှင် တသက် နာမည်ပျက်ရုံတင် မဟုတ်တော့၊ သမိုင်းတွင်မည့် နာမည်ဆိုး ဖြစ်သွားနိုင်သည်။ တချိန်တည်းမှာပင် တချက်ကလေး ပြင်လိုက်ရုံနှင့် သမိုင်းတွင်မည့် မော်ကွန်း ဖြစ်သွားနိုင်သည်။

ထိုတချက်ကလေးကား အခြားမဟုတ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးသာ ဖြစ်သည်။ တနိုင်ငံလုံးတွင် ဟက်တက်ကြီး ကွဲနေသော မြန်မာ့နိုင်ငံရေးကို ရင်ကြားစေ့နိုင်မှ အနာဂတ်တိုင်းပြည်အကျိုးကို အင်အား အပြည့်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိပေလိမ့်မည်။

မည်သည့်စနစ်ကိုပင် သုံးသုံး၊ ထိုစနစ်ကို လူထုက လက်ခံကျင့်သုံးမှ အောင်မြင်မည်။ လူထုက တညီတညွတ် တည်း မထောက်ခံပဲ ရှိနေသရွေ့ မည်သည့်ကိစ္စလုပ်လုပ် မအောင်မြင်နိုင်။ လူထုတရပ်လုံးက ညီညွတ်နေဖို့ ဆိုသည်မှာ မြန်မာနိုင်ငံ အနေအထားဆိုလျှင် “အမျိုးသားပြန်လည်သင့်မြတ်ရေး”မှလွဲ၍ အခြားမရှိနိုင်။

၂ဝဝ၉ ခုနှစ်သည် နွားနှစ်ဖြစ်၍ မြန်မာ့နိုင်ငံရေးအပေါ် နွားဥပမာအတိုင်း ပေးရလျှင် “ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်နိုင်မည့်နှစ်” ဖြစ်သည်ဟုသာ ဆိုရပေလိမ့်မည်။ ခေါင်းဆောင်တို့သည် အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်သို့ ဖြောင့်ဖြောင့်သွားနိုင်ရန် အဆင်သင့် ဖြစ်နေကြပြီလော။ ခေါင်းဆောင်က ရှေ့မှသွားသော်လည်း နောက်မှ လိုက်မလာနိုင်လျှင်လည်း မဖြစ်။ သို့ဖြစ်ရာ နောက်လိုက်တို့ သည်လည်း ဖြောင့်ဖြောင့်လိုက်နိုင်ရန် အဆင်သင့် ဖြစ်နေကြပြီလော။

လွင်အောင်စိုး

Bush to Discuss Burma with Ban at White House

06 Jan 2009

WASHINGTON — US President George W Bush will discuss the current situation in Burma along with other issues when he meets with UN Secretary-General Ban Ki-moon on Tuesday in the White House.

It will probably be Bush’s last meeting with Ban as the US President, the White House said. Before handing over the presidency to Barack Obama on January 20, Bush has invited Ban and his wife, Ban Soon-taek, to the White House for lunch.

“This meeting will be an opportunity for the President to thank Secretary-General Ban for his leadership of the United Nations and his cooperation on key issues over the past two years,” said White House spokesperson Gordon Johndroe.

“They will discuss the future of the United Nations and the challenges that remain, such as UN reform, the Middle East, Burma, Somalia and peacekeeping in Darfur,” Johndroe said.

However, the meeting is unlikely to yield any result for the people of Burma, given that Bush is leaving office and Ban has been unable to make any headway towards restoration of democracy in Burma.

Ban was scheduled to visit Burma in December, but he has postponed his trip until a time when it would yield tangible results.

Johndroe said during the meeting the US President will stress the need for a United Nations that can act effectively to promote freedom, democratic governance, human rights and a world free from terror.

Meanwhile, in a statement issued Friday, one day before the 61st anniversary of Burma’s Independence Day, the State Department wished the people of Burma well on the occasion of the 61st anniversary of its independence from the British rule.

“We wish to express our warmest wishes to the people of Burma on this occasion. As we reflect on Burma’s independence struggle, led by Gen Aung San, we are reminded of our own history,” said the brief statement.

The State Department said the US stands with the Burmese people on in honoring Aung San’s vision for an independent, peaceful, and democratic Burma.

The US also looks forward to the day when Burma’s citizens will be able to enjoy the fruits of freedom and democracy. “We earnestly hope that day will come soon,” the statement said.