Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 15 August 2011

ကျနော်သည် နိုင်ငံကို ချစ်သော၊ ပြည်သူ ကို မထိခိုက်စေလိုသော၊ ဧရာဝတီကို
မြန်မာ့မြေပုံပေါ်တွင် ထာဝရတည်ရှိစေလိုသော သာမန်ပြည်သူတစ်ယောက်သာဖြစ်ပါသည်။
၈/၈/၂၀၁၁ နေ့ တွင် ကျနော့် အသိအမြင်ကို အခြေခံ၍ ' ကာကွယ်ခြင်းသည် ကုသခြင်းထက်
ပို၍အရေးကြီးသည် ' အမည်ရှိ ကဗျာတစ်ပုဒ်ကို ရေးဖွဲ့ ခဲ့ပါသည်။ကျနော်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်မဟုတ်ပါ။ ဆည်တည်ဆောာက်ရေး
ကျွမ်းကျင်သူ ပညာရှင်မဟုတ်ပါ။ မိုးလေ၀သ ပညာရှင်မဟုတ်ပါ။ ထို့ အတူ
လျှပ်စစ်စွမ်းအားထုတ်လုပ်...ရေး​ နားလည်တတ်ကျွမ်းသူ ပညာရှင်လည်း မဟုတ်ပါ။
ထို့ ကြောင့် ဧရာဝတီမြစ်ဆုံဒေသတွင် ဆည်များတည်ဆောက်ခြင်း၏ အကျိုး အပြစ်နှင့်အတူ
ပြည်သူတို့ ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ပိုမိုသိရှိလိုသော ဆန္ဒဖြင့် "
ဧရာဝတီ "အမည်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါသည်။
ကျနော်နှင့်တကွ သိရှိလိုသော ပြည်သူတို့ ၏ ဆန္ဒကို ဖြည့်စွမ်းပေးနိုင်သော
ပညာရှင်များအား ဖိတ်ခေါ်ခြင်းဖြစ်သည့် အတွက် နိုင်ငံပိုင်သတင်းစာများတွင်
ရေးသားသော ဆောင်းပါးရှင်များအပါအ၀င် အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့်
တက်ရောက်ဆွေးနွေးပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်လိုပါက- ၀င်းချို ၊ ဖုန်း ၀၁-၃၉၃၁၅၅ လိုင်းခွဲ ၂၆၄၊ ၀၉-၈၀-၃၃၅၅၄



Time
18 August · 09:00 - 12:00
------------------------------
Location
ဗေဒါ သင်တန်းကျောင်း
အမှတ်(၄၅၃) သုမနလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်

[scribd id=61523070 key=key-ebvxiqr440jk9winvtw mode=list]

No comments: