Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 6 January 2011

MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား

MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား
ရန်ပိုင် Thursday, 06 January 2011 19:35
E-mail Print
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International-MAI) ကို ၀ယ်ယူခဲ့သည့် ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ် (စီဘီဘဏ်) အပါအဝင် စီးပွားရေး အုပ်စုများအကြား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

mm-MAI-11MAI လေကြောင်းလိုင်းကို အစိုးရထံမှ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်နှင့် ထွန်းဖောင်ဒေးရှင်း ဘဏ်တို့က အစုရှယ်ယာ အသီးသီး ထည့်ဝင်၍ ယမန်နှစ်က ၀ယ်ယူခဲ့ကြောင်း၊ သို့သော် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ယခုအခါ ၎င်းတဦးတည်းပိုင် ပြုလုပ်လိုသည်ဟု ပြောကြားသည့်အတွက် အငြင်းပွားမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း စီဘီဘဏ်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“ကမ္ဘောဇဘဏ်က အဓိကရှယ်ယာ ပါတယ်။ စီဘီဘဏ်က ဒုတိယအများဆုံး။ အခု ပြည်တွင်းလေကြောင်းလိုင်း အသစ်ပြေးဆွဲခွင့်ပါ ထပ်ချပေးတော့ ဦးအောင်ကိုဝင်းက သူတယောက်တည်း လုပ်မယ်ဆိုပြီး ရှယ်ယာတွေကို ပြန်အမ်းဖို့လုပ်တာ” ဟု ၎င်းက ဆိုသည်။

ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်းမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု လူသိများပြီး စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးမှာ တောင်ငူ အခြေစိုက် ကေတုမတီအုပ်စု ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးဖြစ်ကြောင်း၊ ယမန်နှစ် နှစ်ဆန်းပိုင်းတွင် MAI လေကြောင်းလိုင်းကို ၀ယ်ယူရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
TBBC က ဒုက္ခသည် ထောက်ပံ့မှု လျှော့ချမည်
ဧရာဝတီ Thursday, 06 January 2011 15:29
E-mail Print
ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) သည် ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာ ဒုက္ခသည်များကို ပေးနေသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့် လုပ်ငန်းဆိုင်ရာ စရိတ်စကများကို ယခုနှစ်တွင် လျှော့ချ ဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

Refugee-Children-11

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း တခုမှ ကရင်တိုင်းရင်းသား ကလေးငယ်များ။ (ဓာတ်ပုံ - Reuters)
TBBC သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည် ၁ သိန်းခွဲခန့်ကို စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်သည်။

ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်ခြင်း၊ ငွေကြေးလဲလှယ်မှု နှုန်းများ ပြောင်းလဲခြင်း၊ ရန်ပုံငွေ ဖြတ်တောက်ခံရခြင်းနှင့် အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များအတွက်ပါ တာဝန်ယူရခြင်းတို့ကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို လျှော့ချ ဖြတ်တောက်ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သော TBBC ၏ သတင်းလွှာ၌ ဖော်ပြထားသည်။


ရန်ကုန်တွင် လယ်သမား ၂၀၀ ကျော် ဆန္ဒပြ
ဧရာဝတီ Thursday, 06 January 2011 13:52 သတင်းတိုများ
E-mail Print
ရန်ကုန် အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များရှိ ရွာပေါင်း ၇ ရွာခန့်မှ လယ်မြေ ဧက ၅၅၀၀ ခန့်ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ကန်ထရိုက် လယ်ယာစနစ် အကောင်အထည် ဖော်မည်ဟု ဆိုကာ မတရားသိမ်းယူခဲ့သောကြောင့် လယ်သမား၂၀၀ ကျော် အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး ငြိမ်း ချမ်းစွာ ဆန္ဒပြကြောင်း သတင်းရသည်။ ဆန္ဒပြသူများကို ရှေ့နေ ကိုဖိုးဖြူက ဦးဆောင်ခြင်းဖြစ်ပြီး သိမ်းထားသည့် လယ်မြေများကို ပြန်လည်ပေးအပ်ရန် တရားဥပဒေကြောင်းအရ တောင်းဆိုလျက်ရှိသည်။ နေ့လယ် ၁၂ နာရီတွင် ဒေသဆိုင်ရာ အာဏာပိုင်များ ရောက်လာပြီး ပြေလည်ရန် ဖြေရှင်းပေးမည်ဟုဆိုကာ ဆန္ဒပြနေသော လယ်သမားများကို လူစုခွဲခိုင်းကြောင်းလည်း သိရသည်။
စစ်အစိုးရက DKBA နှင့် အပစ်ရပ်ရေး ဆွေးနွေးမည်
ဧရာဝတီ Thursday, 06 January 2011 12:04 သတင်းတိုများ
E-mail Print
ထိုင်း-မြန်မာ နယ်စပ်နှင့် ကရင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲများ အပစ်ရပ်ရေး အတွက် နအဖ ဘက်က ဇန်န၀ါရီ ၇ ရက်တွင် လာရောက် ဆွေးနွေးရန် ရှိကြောင်း DKBA နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ပြောသည်။ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသ၌ DKBA တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်ချုပ် စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) နှင့် နအဖဘက်က လာရောက် ဆွေးနွေးမည် ဖြစ်သည်ဟု DKBA နှင့် ပူးတွဲ စစ်ရေး လှုပ်ရှားနေသည့် KNLA ဒု တပ်ရင်းမှူး တဦးက ပြောပြသည်။

http://bur.irrawaddy.org/

2011-01-06
ပါတီဖျက်သိမ်းမှု အယူခံလွှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး
2011-01-06

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က စစ်အစိုးရအပေါ် တရားစွဲဆိုထားတာကို ဗဟိုတရာရုံးက ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး အယူခံတင်ဖို့ အသင့်ဖြစ်ပြီလို့ NLD ပါတီရဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီက ပါတီ ဗဟို ဥပဒေ အထောက်ကူပြု အဖွဲ့ဝင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေများဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုးနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ NLD ပါတီ ဆက်လက်ရပ်တည်ရေးအတွက် စစ်အစိုးရကို တရားဆွဲခဲ့တာကို ဗဟိုတရားရုံးက ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး ပြန်လည်တင်ဖို့ အတွက် ဥပဒေ အထောက် အကူပြုအဖွဲ့ က ပြုစုထားတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ ဆွေးနွေးတာဖြစ်ပါတယ်။
2011-01-05
ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ် ယာဉ်အန္တရာယ် အလွန်ကြီးမား

လွန်ခဲ့တဲ့ သုံးနှစ်ကမှ စတင်ဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ်ဟာ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အများဆုံးနဲ့ မော်တော်ယာဉ် တိမ်းမှောက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှု အဆိုးဆုံး ဖြစ်တယ်လို့ ခရီးသွား ပြည်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

http://www.rfa.org/burmese/
လယ်သမား ၃၀၀ မြေဧက ၅,၅၀၀ ကျော် ဆုံးရှုံးမှု ဆန္ဒပြ၊ အာဏာပိုင် ညှိနှိုင်းပေးလို့ ဧက ၁၀၀ ကျော် ပြန်လုပ်ခွင့်ရ

By မအေးအေးမာ ကြာသပတေး, 06 ဇန်နဝါရီ 2011

ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းက ဒဂုံဆပ်ကမ်းမှာရှိတဲ့ ညောင်ပင်ရွာ၊ သရက်ပင်ချောင်း၊ သုံးခွရွာ၊ ထောင်တလုပ်ရွာ၊ စစ်ပင်ရွာ၊ ရွာသာကြီးရွာ၊ ရှမ်တိန်ကြီး အရှေ့ရွာ၊ ကျည်စုရွာ စတဲ့ရွာတွေက ဒေသခံ လယ်သမား ၃၀၀ ကျော်ဟာ ယုဇန၊ ထူး၊ နဂါးကိုးသွယ်၊ ဒဂုံစင်ထရယ် အပါအ၀င် ကုမ္ပဏီ ၁၁ ခုက သိမ်းယူထားတဲ့ သူတို့ရဲ့ လယ်ယာမြေတွေ ပြန်ရဖို့ ရန်ကုန် သင်္ကန်းကျွန်းမြို့နယ် အရှေ့ပိုင်းခရိုင် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရုံးကို သွားရောက်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒါကြောင့် အသိမ်းခံထားတဲ့ လယ်မြေစုစုပေါင်း ဧက ၅,၅၀၀ ကျော်ထဲက လယ်ဧက ၁၀၀ ကို ထွန်ယက်စိုက်ပျိုးခွင့် လယ်သမားတွေဘက်က ပြန်ရခဲ့ပါတယ်။

လယ်သမားတွေ တဦးချင်းအလိုက်ရော၊ လယ်သမားအင်အား အနည်းငယ် စုပေါင်းပြီး လုပ်ဆောင်မှုတွေ လုပ်ခဲ့ပေမဲ့ ထိရောက်မှု မရတဲ့အတွက် အခုလို တောင်းဆိုတာ ဖြစ်ကြောင်းကိုလည်း ပြောသွားပါတယ်။ လယ်သမားတွေ ဆန္ဒပြ ထုတ်ဖော်မှုကို ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူမှုကို သတင်းတပ်ဖွဲ့က လုပ်ခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က ကြီးမားတဲ့ အနှောင့်အယှက် ပေးမှုတွေတော့ မရှိဘူးလို့လည်း ပြောသွားပါတယ်။

http://www.voanews.com/burmese/news/
မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော
ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္စျိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဟု ပြည်တွင်းအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDP ၏ အစီရင်ခံစာက ဆိုသည်။

ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း၊ ရှမ်း၊ ရခိုင်နှင့် ကချင်ပြည်နယ် စသည့် တိုင်း/ပြည်နယ် ၆ ခုရှိ ၄၂ မြို့နယ်မှ HRDP အဖွဲ့ဝင်များ အပါအဝင် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ ၁ဝဝဝ ကျော်က လူ ၃ သောင်းခန့်ကို တနှစ်ကြာ စစ်တမ်းကောက်ခဲ့ပြီးနောက် ယမန်နေ့တွင် အစီရင်ခံစာ ပေါ်ထွက်လာခြင်း ဖြစ်သည်။
HRDP ကဲ့သို့ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုများ သုံးသပ်ချက် မူကြမ်းကို ရေးဆွဲပြီးဖြစ်ရာ ထိုမူကြမ်းတွင် ကြိုတင်မဲ ကောက်ခံမှုနှင့် မဲလိမ်လည်မှုများ အများအားဖြင့် ပါဝင်နေသည်။
အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်
ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်များ အဂတိ လိုက်စားမှု၊ အပျော်အပါး လိုက်စားမှု ရှိလျှင် အရေးယူရန် ယခုလ ၂-၃ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပါတီထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

ကြံ့ဖွံ့အမတ်များ အဂတိ လိုက်စားမှုနှင့် အပျော်အပါး လိုက်စားမှု ရှိနေကြောင်း တိုင်စာများ ရရှိပြီးနောက် ပါတီဗဟိုက ၎င်းတို့ကို စိစစ်ကာ ဟုတ်မှန်လျှင် အရေးယူရန် ဗဟိုအလုပ်အမှုဆောင်ဝင်များနှင့် အမတ်များ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်သုံးရပ်ပေါင်းတွင် မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် ကြံ့ဖွံ့က အနိုင်ရခဲ့သည်။ သို့သော် ယခုထိ မဲမသမာမှုများ ရှိနေသဖြင့် ပြိုင်ဘက်ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

လက်ရှိအာဏာရ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ရရှိထားသည့် ကြံ့ဖွံ့ပါတီသည် ယင်းသို့ မဲပြဿနာများ ရှိနေသော်လည်း ဥပဒေကို ဂရုမစိုက်ဘဲ ကျော်ဖြတ်သွားဖွယ်ရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံရေး အကဲခတ်များက ယူဆနေထားသည်။

http://mizzimaburmese.com/

တကယ့်လွတ်လပ်ရေး ရအောင်လုပ်ကြစို့

နိုင်ငံရေးလေ့လာသူတဦး

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ လွန်ခဲ့တဲ့ (၆၃) နှစ်က ဗမာပြည် လွတ်လပ်ရေးရခဲ့တာ လူတိုင်းအသိ။ လွတ်လပ်ရေးနေ့လို့ အမည်တပ်ကာ နေ့ထူးနေ့မြတ်အဖြစ် အစဉ်အဆက် ကျင်းပခဲ့ပါတယ်။ အမှန်မှာ အဲဒီနေ့ ဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက်က စတင်လွတ်မြောက်တဲ့နေ့ပါ။ လွတ်လပ်ရေးနေ့လို့ အမည်ပေးခဲ့တာ မှားနေသလို။

တကယ့်လွတ်လပ်ရေးဆိုတာ တိုင်းတပါးလက်အောက်မှ လွတ်မြောက်ခြင်းတခုတည်းကို ဆိုလိုတာမဟုတ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးနိုင်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေမှသာ လွတ် လပ်တယ်လို့ ဆိုသင့်ပါတယ်။

http://drlunswe.blogspot.com/

“၂၀၁၁” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)

No comments: