Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 12 January 2011

စစ်မှုထမ်းဖို့ဆိုပြီး စည်းရုံးခြိမ်းခြောက်မှုတွေရှိ

စစ်မှုထမ်းဖို့ဆိုပြီး စည်းရုံးခြိမ်းခြောက်မှုတွေရှိ

တရားမဝင်မထုတ်ပြန်ပေမယ့် အရပ်ထဲမှာ စည်းရုံးပြောဆိုတာတွေ ရှိ
မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရအမိန့်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက နအဖက အမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ဧရာဝတီတိုင်း အတွင်းမှာ လူငယ်တွေကို ဆင့်ခေါ်ကာ စစ်မှုထမ်းဖို့ စည်းရုံးပြောဆိုတာတွေ၊ ခြိမ်းခြောက်ပြောဆိုတာ ရှိနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ငပြေမကျေးရွာအုပ်စု နဲ့ ပေါင်းတည်ကျေးရွာအုပ်စုတွေမှာ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်းမှူးတွေက အသက် (၁၈) ကနေ (၄၅) နှစ်အတွင်း လူငယ်တချို့ကို မလာမနေရ ဆင့်ခေါ်ပြီး စစ်မှုထမ်းဖို့ ပြောဆိုတဲ့အကြောင်း အဲဒီဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
အဲဒီဆင့်ခေါ်မှုအတွက် လူငယ်တစ်ရာလောက် တတ်ရောက်ခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ စစ်မှုထမ်းဖို့ အမိန့်နဲ့ ပြောဆိုတာထက် စစ်သားစုစောင်းတဲ့ ပုံစံမျိုးတွေ့ရတယ်လို့ သိရပါတယ်။
နောက်ပြီး ရန်ကုန်တိုင်း သင်္ဃန်းကျွန်မြို့နယ်မှာတော့ အသက် (၁၈) နှစ်ကနေ (၄၅)နှစ်အတွင်း ရှိသူတွေကို စာရင်း စကောက်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောဆို ဆောင်ရွက်တာမျိုးတော့ မရှိဘူးလို့ ဒေသခံ ကျောင်းသားတစ်ဦးက ပြောပါတယ်။
စစ်မှုမထမ်းမနေရ ဆိုတဲ့သတင်းဟာ ပြန့်နှံ့နေပေမယ့် အစိုးရကနေ နိုင်ငံပိုင်မီဒီယာတွေကတဆင့် ထုတ်ပြန်ကြေငြာတာတော့ မတွေ့ရသေးပါဘူး။
http://www.bbc.co.uk/burmese/burma/2011/01/110112_soldiers_recruit.shtml

No comments: