Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 30 November 2010

လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆိုခွင့် ဗိုလ်ချုပ်မှူးကြီး ပိတ်ပင်

ခင်ဦးသာ Monday, 29 November 2010 18:58

ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ပိတ်ပင်လိုက်ကြောင်း AP သတင်းတွင် ရေးသားထားသည်။

လာမည့် လွှတ်တော်ထဲ၌ နိုင်ငံတော်လုံခြုံရေးနှင့် တို့တာဝန်အရေးသုံးပါးအား ထိခိုက်နိုင်မည့် ပြောဆိုမှုများ၊ ၂၀၀၈ဖွဲ့စည်းပုံအား ဝေဖန်ပြောဆိုမှုများ ရှိလာပါက ထောင်ဒဏ် ၂ နှစ်ချမှတ်မည်ဟု စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန် သံအမတ်ကြီး တွေ့ဆုံ

ဧရာဝတီ Monday, 29 November 2010 17:20 သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးတို့ ယနေ့နံနက် ၁၀ နာရီ က ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။ မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ မသိရှိရပေ။ သံအမတ်ကြီး သည် နေ့လယ်ပိုင်းတွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် NLD ရုံးချုပ်တွင် တွေ့ဆုံသည်ဟု NLD က ပြောသည်။

ဒုက္ခသည် ၁၀၀၀ ခန့် ထိုင်းဘက် ထပ်မံရောက်ရှိ

သန်းထိုက်ဦး Monday, 29 November 2010 16:23

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံရွာသား ၁၀၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင်၊ မဲဆောက်မြို့နယ် အတွင်းရှိမယ့် ဘုန်းကြီးကျောင်း တကျောင်းသို့ တိမ်းရှောင် ရောက်ရှိလာကြောင်း သိရှိရသည

http://www.irrawaddy.org/bur/

No comments: