Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 21 November 2010

ရထားလမ်း ဖောက်၍ မြောက်ဦး ရှေးဟောင်း နယ်မြေ ပျက်စီး

ခင်ဦးသာ Thursday, 18 November 2010 20:19

ရခိုင်ပြည်နယ်အတွင်းစစ်တွေ-အမ်း-မင်းဘူးရထားလမ်း ဖောက်လုပ်နေမှုကြောင့်မြောက်ဦးမြို့မှရှေးဟောင်း စေတီဘုရားပုထိုးများစွာပျက်စီးသွားကြောင်းသိရသည်။
“ဘုရားတွေကိုဖြိုဖျက်နေတဲ့ကိစ္စတွေကိုရပ်တန့်ဖို့တောင်းဆိုနေပေမယ့်မရပ်ပေးတဲ့အပြင်ရထားလမ်းဘေးတွေကထိခိုက်ပျက်စီးသွားရတဲ့ဘုရားတွေကိုလူမြင်ကွင်းက
လုံးဝပျောက်သွားအောင်အပျောက်ဖျောက်ပစ်နေပါတယ်၊ဘုရားစေတီ တချို့ကိုမြေကြီးတွေနဲ့ဖုံးပစ်လိုက်ပါတယ်”ဟုမြောက်ဦး ဒေသခံ တဦးကဧရာဝတီကို ပြောသည်။
ယင်း ရထားလမ်းဖောက်လုပ်မှု ကိုနိုဝင်ဘာလ ၇ ရက်နေ့တွင်စတင်ခဲ့ကြောင်း သိရသည်။

ရထားလမ်းဖောက်လုပ်မှုကြောင့်ရှေးဟောင်းစေတီ၊ ပုထိုး၊တံတိုင်း၊ ခံတပ်၊ပိဋကတ်တိုက်၊ ကျုံး၊မြို့ရိုး စသည့်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များပျက်စီးသွားရသည့် အပြင်ဖောက်လုပ်မှုလုပ်ငန်းခွင်ကြောင့်အနီးပတ်ဝန်းကျင်မှထိခိုက်ပျက်စီးသွားရသည့်စေတီပုထိုးများကိုလည်းဖျောက်ဖျက်ပစ်နေကြောင်းသိရသည်။“အဓိကကတော့အ
ပျက်အစီးတွေကိုမှတ်တမ်းတင်တာ၊ဓာတ်ပုံရိုက်ယူတာတွေဖြစ်လာမှာစိုးရိမ်ပုံရတယ်၊လူတွေကိုမမြင်စေချင်တာလည်းပါမှာပေါ့၊ ဒီကိစ္စကထူးခြားနေတာ တွေ့ရတယ်”ဟု
ကိုယ်တိုင်ကွင်းဆင်းစောင့်ကြည့်နေသည့် ဒေသခံတဦးကရှင်းပြသည်။ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအားဖျက်ဆီး၍ရထားလမ်းဖောက်လုပ်မှုကိုရပ်တန့်ပေးရန်
်အတွက်ဒေသခံ ပြည် သူ များ၊မြို့မိမြို့ဘများ၊ဆရာတော် သံဃာတော်များကသက်ဆိုင်ရာအာဏာပိုင်များထံမေတ္တာရပ်ခံတောင်းဆိုသော်လည်းရပ်တန့်ပေးရန်အကြောင်း
မရှိဟုပြောဆိုကာဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင်အထက်ပါပုဂ္ဂိုလ်များအပြင်နိုင်ငံတော် သံဃ၀န်ဆောင်ဆရာတော်ကြီးများကပါလက်မှတ်ရေးထိုး၍ယဉ်ကျေးမှုဝန်ကြီးထံမေတ္တာရပ်ခံစာ
ပေးပို့ခဲ့ပြီး မိတ္တူအားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ပြည်နယ်၊တိုင်းအဆင့်ရှိ အာဏာပိုင် များထံပေးပို့ခဲ့ကြောင်း ဒေသခံဆရာတော်တပါးကမိန့်ကြားသည်။“ရှေးဟောင်းပစ္စည်း
တွေကိုဖျက်ဆီးရာ ရောက်တဲ့အပြင်ဘာသာ၊ သာသနာကိုဖျက်ဆီးရာလဲ ရောက်ပါတယ်၊ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီးဘုရားစေတီ တွေကိုဖျက်ဆီးတာဟာ ရှက်စရာလည်း
ကောင်းပါတယ်”ဟုလည်းဒေသခံ ဆရာတော်က မိန့် သည်။ရထားလမ်းကြောင့်ပျက်စီးသွားခဲ့သည့်ရှေးဟောင်းသဘင်သည်မြို့ရိုး၊သဇင်တံ တောင်တန်း ပေါ်ရှိစေတီပုထိုး
များ၊ ငကျေးအိုင် ကျုံး၊မြောက်ဦးခေတ်အသုံးပြုခဲ့သည့်မင်းသမီး ရေတံခါး၊ မင်္ဂလာမာန်အောင် တံတိုင်း၊ရွှေစင်္ကြံ လမ်းမကြီး၊ ရဲလှကျူံး၊ ရဲလှ ခံတပ်၊ ရဲလှတံခါး၊ ရှင်ဂိုက်
တံတိုင်း ခေါ်ကျောက်မြို့ရိုး၊အမြင့်တောင် ခံတပ်၊ပြည်စိုးကြီး ဘုရားစသည်တို့အား မြေတူးစက်ကြီးများဖြင့်ဖြိုဖျက်လိုက်ပြီဖြစ်ကြောင်း ရှေ့ဟောင်းသုတေသန ဌာန အငြိမ်းစားဝန်ထမ်းတဦး က ပြောသည်။

မြောက်ဦးမြို့၏ရှေးဟောင်းစေတီပုထိုးများ၊ယဉ်ကျေးမှု အမွေအနှစ်များအနက် အထင်ရှားဆုံးဘုရားတခုဖြစ်သောကိုးသောင်း ဘုရားမှာလည်းမီးရထားလမ်းကြောင့်
ထိခိုက်ပျက်စီးမှုဖြစ်လာမည်ကိုဒေသခံများမှာအထူးစိုးရိမ်နေကြကြောင်းသိရသည်။ကိုးသောင်းဘုရားနှင့်ရှစ်သောင်းဘုရားမှာ“အဖေရှစ်သောင်း၊သားကိုးသောင်း”ဟု ထင်ရှားသောဘုရားများ ဖြစ်သည်။မြောက်ဦးမြို့နှင့်ပုဂံမြို့တို့သည်မြန်မာနိုင်ငံ၏ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစုပေါင်းတည်ရှိရာဒေသများဖြစ်ပြီးမျိုးဆက်သစ်
လူငယ်များ၊ကမ္ဘာလှည့် ခရီးသွားများ၏စိတ်ဝင်စားမှု ရှိသောယဉ်ကျေးမှု နယ်မြေများဖြစ်သည်။သမိုင်းပညာရှင်ပါမောက္ခဒေါက်တာ အေးကျော်ကလည်း “အခုလုပ်ရပ်ဟာ
ကုလသမဂ္ဂက ချမှတ်ထားတဲ့ရှေးဟောင်းသုတေသနဥပဒေကိုချိုးဖောက်တဲ့လုပ်ရပ်ပါ၊ရှေးဟောင်းအမွေအနှစ်ဆိုတာတန်ဖိုးဖြတ်လို့လည်းမရသလို နောင်လာ နောက်သား
တွေအတွက်အလွန်အရေးကြီးတယ်၊အစားထိုးလို့ ရတဲ့အရာမဟုတ်လို့ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ပြောသည်။ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့်ယဉ်ကျေးမှု
အဖွဲ့ (UNESCO) မှချမှတ်ထားသောရှေးဟောင်း သုတေသန အက်ဥပဒေတွင် ရှေးဟောင်းပစ္စည်းများအားဖျက်ဆီးခြင်း၊ပြောင်းရွှေ့ခြင်း၊ပြန်လည် တည်ဆောက်ခြင်း
မလုပ်ရဟု သတ်မှတ်ထား၍မြန်မာစစ်အစိုးရ၏လုပ်ရပ်သည် ဥပဒေမဲ့ရာရောက်သည်ဟုဒေါက်တာအေးကျော်ကပြောဆိုသည်။အင်ဒိုနီးရှားနိုင်ငံ၌ရှေးဟောင်းစေတီပုထိုး
များအားဖျက်ဆီးမှုများကိုရပ်တန့်ပေးရန်တောင်းဆိုမှုများပြုလုပ်ခဲ့ရာအောင်မြင်မှုရရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင်လည်းပုဂံ၏ ဘုရားတချို့၊ပြည်မြို့မှ သရေခေတ္တရာမြို့ဟောင်း တို့ကိုစစ်အစိုးရအာဏာပိုင်များက ပြုပြင်ဖျက်ဆီးရန် လုပ်ဆောင်ရာကန့်ကွက်မ
ှုများကြောင့်ရပ်တန့်ပေးခဲ့ရကြောင်းသိရသည်။“မြောက်ဦးကရှေးဟောင်းအမွေတွေကိုဖျက်ဆီးလိုက်တာဟာရခိုင်လူမျိုးတွေအတွက်သာမကမြန်မာနိုင်ငံသားတေ
ွအတွက်လည်း မကောင်းဘူး”ဟုဒေါက်တာ အေးကျော် ကပြောသည်။ယခု စစ်အစိုးရဖောက်လုပ်နေသည့်ရထားလမ်းသည်စစ်တွေ-အမ်း-မင်းဘူးဆက်သွယ်မည့်ရထား
လမ်းပိုင်းတခုဖြစ်ပြီးတနိုင်ငံလုံးချိတ်ဆက်မည့် အမျိုးသားကွန်ယက် ရထားလမ်း၏တစိတ်တပိုင်းဖြစ်ကြောင်းသိရသည်။ရခိုင်ပြည်နယ်၌မီးရထားလမ်းဖောက်လုပ်မှုက
ို၂၀၀၉ ခုနှစ်တွင်စတင်ခဲ့ပြီးဖောက်လုပ်ခဲ့သည့်ရထားလမ်းများမှာလည်းခိုင်ခံ့မှု မရှိ၍ မကြာခဏပျက်စီး၍ပြုပြင်မှုများပြုလုပ်ခဲ့ရကြောင်းဒေသခံများက ပြောသည်။
ဂျပန်နိုင်ငံခန်းဒတက္ကသိုလ်နိုင်ငံတကာလေ့လာရေးဌာနမှသမိုင်းပါမောက္ခ ဒေါက်တာအေးချမ်း ကလည်းလူ့ယဉ်ကျေးမှုလူ့သမိုင်းနှင့်ပတ်သက်သည့်အထောက်အထားများ၊
အမွေအနှစ်များအားတတ်နိုင်သမျှကာကွယ်စောင့်ထိန်းရမည့်မူ ရှိ ကြောင်း၊မြန်မာနိုင်ငံတွင်လည်းရှေးဟောင်း သုတေသနအက်ဥပဒေသီးသန့်ပြဌာန်းထားကြောင်း၊
ရှေးဟောင်းနှင့်ပတ်သက်ပါက မတူးမဆွရ၊ဘေးပတ်ဝန်းကျင်တောင်မထိခိုက်ရဟု ပါရှိ၍ကြီးလေးသော ဥပဒေဖြစ်နေခြင်းကြောင့် ယခုလုပ်ရပ်သည်ကြီးမားသောဥပဒေ
ချိုးဖောက်မှု တခုဟုပြောသည်။ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးရှိစေတီပုထိုးများအား အေဒီ(၁၄၀၄) ခုနှစ်တွင်ရခိုင်ဘုရင်မင်းစောမွန်က တည်ခဲ့ပြီး
ဝေသာလီခေတ်၊မြောက်ဦးခေတ် တို့၌လည်းထင်ရှားခဲ့သော ယဉ်ကျေးမှုနယ်မြေဖြစ်ကြောင်းသိရသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်ကလည်းစစ်အစိုးရအာဏာပိုင်များသည်မြောက်ဦးမြို့၌ရခိုင်ဘုရင်နန်းစိုက်ခဲ့ရာနန်းတော်ရာ အားဖျက်ဆီး၍ကြက်ဆူစိုက်ခင်း
များကိုအဓမ္မစိုက်ပျိုးခဲ့သေးကြောင်းဒေသခံများက ပြောသည်။အထက်ပါကိစ္စနှင့် ပတ်သက်၍ရှေးဟောင်း သုတေသနဦးစီးဌာန ရုံးချုပ်သို့ဧရာဝတီကဆက်
သွယ်မေးမြန်းရာတွင်ရထား လမ်းအားလမ်းကြောင်းပြောင်းရန်စီစဉ်နေကြောင်း၊ပျက်စီးသည့် ဘုရားစေတီအရေအတွက်ကိုမှု အတိအကျမသိသေးကြောင်း ဒုတိယညွန်ကြားရေးမှူးဦးမြင့်သိန်း က ပြန်လည်ပြောဆိုသည်။

http://webmail.streamlinenet.co.uk/HTTP://WWW.IRRAWADDY.ORG/BUR/INDEX.PHP/NEWS/4927-2010-11-
18-13-21-39

No comments: