








၂၁ အောက်တိုဘာ ၂၀၁၀
ကဲကဲလေး (BDC ဝိုင်းတော်သား)
အင်္ဂလန်နိုင်ငံ အနှံ့အပြားမှာ နေထိုင်ကြတဲ့ မြန်မာအများစုက လက်ရှိမြန်မာပြည်မှ မည်သူမှရွှေးချယ်တင်မြှောက်ထားခြင်းမရှိပဲ လက်နက်အားကိုးနဲ့ တိုင်းပြည်ကိုမျက်နှာပြောင်တိုက်၍ ၂၂နှစ်ကြာ အဓမ္မအုပ်စိုးနေတဲ့ စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းမဲ့ ၂၀၁၀ နိုဝင်ဘာရွှေးကောက်ပွဲကို လုံးဝလက်မခံ ကန့်ကွက်ဆန္ဒပြမူ့ကို ၈ အောက်တိုဘာ ၂၀၁၀ နေ့က လန်ဒန်မြို့က စစ်အာဏာရှင်ကို ကိုယ်စားပြုထားတဲ့ မြန်မာသံရုံးရှေ့မှာ ခြိုမ့်ခြိုမ့်သဲ ကျင်းပခဲ့ပါတယ်။
မြန်မာသံရုံးရှေ့မှာ ကျင်းပခဲ့တဲ့ ကန့်ကွက်ဆန္ဒပြမူ့များစွာ အနက် ထိုနေ့မှာတော့ အင်္ဂလန်နိုင်ငံ အနှံ့အပြားမှာ နေထိုင်ကြတဲ့ မြန်မာအများစုဟာ မိမိတို့ရင်ထဲမှဆန္ဒှကို မဲပေးခြင်းဖြင့် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ မဲပေးတယ်ဆိုရာမှာလဲ စစ်အစိုးရက မျော်လင့်သလိုမျိုး သူတို့အရပ်သားအသွင်ပြောင်းထားတဲ့ ကြံ့ခိုင်ဖွင့်ဖြိုးရေးပါတီ (သို့) လူအများစုအခေါ် ကြံ့ဖွတ်ပါတီကိုမဲပေးတာတို့၊ တစ်ခြားရွှေးကောက်ပွဲဝင်ပါတီတွေကို မဲပေးတာတို့ မဟုတ်ဘဲနဲ့ မိမိတို့တစ်ဦးစီရဲ့ မဲများကို မြန်မာသံရုံးရှေ့ အမိုက်ပုံးထဲသို့ထဲ့၍ ၂၀၁၀ နိုဝင်ဘာရွှေးကောက်ပွဲကို လုံးဝလက်မခံ ကန့်ကွက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ထိုနေ့ဆန္ဒပြပွဲမှာ အင်္ဂလန်ရှိမြန်မာအများစုမှ ပြောကြားချက်အရ ၂၀၁၀ နိုဝင်ဘာရွှေးကောက်ပွဲကို လုံးဝလက်မခံ မည်သူ၊ မည်သည့်ပါတီကိုမှမဲပေးမှာမဟုတ်သော်လည်း မိမိတို့နေအိမ်တွင် အေးအေးဆေးဆေးမနေနိုင်ပဲ၊ မိခင်မြန်မာနိုင်ငံ၏ အရေးကြီးနေသောအချိန်တွင် မိမိတို့ရင်တွင်းမှဆန္ဒများကို လာရောက်ဖော်ထုတ်ရခြင်းဖြစ်ကြောင်း ကြားသိရပါတယ်။
အဲဒီ့နေ့က ကန့်ကွက်ဆန္ဒပြပွဲမှာ Burma Democratic Concern (BDC) မှ ကိုထိန်လင်းနဲ့ တွေ့ဆုံပြောကြားချက်အရ ဒီနေ့လို စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းမဲ့ ၂၀၁၀ နိုဝင်ဘာရွှေးကောက်ပွဲကို ဆန့်ကျင်ရှုပ်ချပွဲတွေကို အပတ်စဉ် သောကြာနေ့တိုင်းမှာ စစ်အာဏာရှင်ကို ကိုယ်စားပြုထားတဲ့ မြန်မာသံရုံးရှေ့မှာ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အားတက်ဖွယ်ြ ကြားသိရပါတယ်။
No comments:
Post a Comment