Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 31 January 2010

"ကျော်ခွဖို့အတွက် PhProxy add-on သုံးကြည့်စို့
သူကတော့ ကျော်ခွဖို့အတွက် ခါးတောင်းကျိုက် မနေပါနဲ့တော့ . ခေါင်းစားမနေပါနဲ့တော့ . အိနြေ္ဒရရလေးနဲ့ add-on လေးသုံးပြီး ပေါ့ပေါ့ပါးပါးလေး ကျော်ကြည့်ရအောင်ပါ . လုပ်နည်းကတော့ လွယ်ပါတယ် . တစ်ဆင့်ချင်းသာ လုပ်သွားပါ . firefox add-on ကို သုံးဖူးသူကတော့ ချက်ချင်းသဘောပေါက် သွားမှာပါ အားလုံးပဲ အဆင်ပြေ ကြမယ်လို့ မျှော်လင့်မိပါတယ် .


လုပ်နည်း
ဒီကို သွားလိုက်ပါ . Add to firefox ကို နှိပ်ပါ .
Download Now နှိပ်ပါ။ ပြီးရင် install လုပ်လိုက်ပါ
Firefox Browser ကို restart လုပ်လိုက်ပါ . (တစ်နည်းအားဖြင့် firefox နှင့်ဖွင့်ထားသမျှတွေအားလုံးကို ပိတ်လိုက်ပြီးတော့ ပြန်ဖွင့်ပါ .)
Firefox screen ရဲ့ ညာဘက်အောက်မှာ အပြာရောင် P ပုံလေးပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် phproxy ကို သုံးလို့ရသွားပါပြီ . စမ်းကြည့်လိုက်ပါ .
ပိတ်ထားသော ၀ဘ်ဆိုက်တွေ နှင့် Website တစ်ခုခုကို ဖွင့်ရင်းနဲ့ Access Denied page ပေါ်လာလျှင် အပြာရောင် P လေးကိုသာ နှိပ်ပြီး ခဏစောင့်လိုက် ပြီးတာနှင့် ပိတ်ထားသော website ပွင့်လာ ပါလိမ့်မယ်။

ကဲ အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် .
{{{နှိပ်ပါ}}}
ရေးသားသူ ညီနေမင်း at 11:57 PM
အုပ်စုများ ကျော်လွှားခြင်းနည်းလမ်းများ

Thanks to http://www.nyinaymin.com/2010/01/phproxy-add-on.html

No comments: