Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 25 January 2010


နအဖ တပ်တွင်းပဋိပက္ခ

အပိုင်း (၁)

တပ်မ (၆၆) ဌာနချုပ်ဟာ အင်းမမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်းက ခလရ - ၈၀ (အင်းမ) မှာ စားဝတ်နေရေး ကျပ်တည်းမှုကို အကြောင်းပြုပြီး စစ်သည်အချို့ အစုလိုက် အပြုံလိုက် နှုတ်ထွက်ခွင့်တင်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီသတင်းဟာ တောမီးပမာ ပျံ့နှံ့ခဲ့ပြီး ကပစ (၉)၊ ကပစ (၁၀) မှ စစ်သည်တွေလည်း အလုပ်မလုပ်ကြတော့ဘဲ နှုတ်ထွက်ခွင့်တင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အလားတူပင် ခြေလျင်တပ်ရင်းများဖြစ်ကြတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ - ၄ (သဲကုန်း - အင်းမ)၊ ခမရ - ၅ (သဲကုန်း - အင်းမ)၊ ခလရ- ၇၅ (ပြည်)၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ - ၄၃၉ (ကညွှတ်ကွင်း)၊ ပြည် (ဒကစ) လက်အောက်ခံ ခလရ - ၅၃ (ပေါက်ခေါင်း) တို့မှာလည်း အစုလိုက် အပြုံလိုက် ထွက်စာတင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်မှာ ထွက်ခွင့်တင်တဲ့ကိစ္စကို လုံးဝခွင့်မပြုလို့ ခက်ခဲမှန်းသိနေကြတာကြောင့် တပ်ပြေးမှုတွေဟာလည်း ဆက်တိုက်လို ဖြစ်ပွားနေပါတယ်။



တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမင်းက တပ်မ (၆၆) မှ အရာရှိ စစ်သည်များအား

ချွေးသိပ်နေပုံ



အပိုင်း (၂)

အဲ့ဒီဂယက်ဟာ အလွန်အန္တရာယ်ကြီးမားမှန်း ကြိုတင်တွက်ဆမိတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေဟာ ကက (ကြည်း) အနေနဲ့ အဆိုပါ အရေးအခင်းအပေါ်မှာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ညင်သာစွာ ကိုင်တွယ်ဖို့ ကဗျာကယာ အမိန့် ထုတ်လိုက်ရပါတယ်။ အဲ့ဒီနောက် လစာငွေများအား ကျပ် ၂၀၀၀၀ စီ တိုးပေးဖို့ ချက်ချင်း အမိန့်ထုတ်ပြန် ပေးလိုက်ပြန်ပါတယ်။ အမှန်မှာတော့ အဲဒီလို တိုးပေးဖို့ ငွေတွေကို ဗိုလ်သန်းရွှေအနေနဲ့ ရွေးကောက်ပွဲ အတွက် မဲ စည်းရုံးဖို့နဲ့ မြူဆွယ်ဖို့ လျာထားတာ ဖြစ်ပေမဲ့ ယခုလို ကတိုက်ကရိုက် ကျပ်ငွေ ၂၀၀၀၀ အား အရေးပေါ် တိုးပေးလိုက်ရတဲ့ အတွက်ကြောင့် ဘတ်ဂျက် နှစ်ကုန်ခါနီးမှာ ဘဏ္ဍာရေး အကျပ်အတည်းများနဲ့ ကြုံတွေ့ရဖို့ စိန်ခေါ်ခြင်း ခံနေရပါတယ်။ မူလက ကျပ်ငွေ ၅၀၀၀ တန် ငွေစက္ကူသစ်ကို ငွေကြေး ဖောင်းပွမှုဖြစ်မှာစိုးလို့ တဖြည်းဖြည်းချင်း ထိမ်းထုတ်ခိုင်းရာမှ ယခု အခြေအနေဆိုရင် ငွေစက္ကူများအား တက်သုတ်ရိုက် ထုတ်ရမယ့် အနေအထားမျိုး ရောက်ပါတော့မယ်။

အပိုင်း (၃)

ဖြစ်စဉ်ဖြစ်ပွားရာ တပ်မ (၆၆) ဌာနချုပ်နဲ့ ခလရ - ၈၀ (အင်းမ) အပါအ၀င် ပတ်ဝန်းကျင် တပ်ရင်းများ တဝိုက်ကို အရေးပေါ် ကန့်သတ်ဧရိယာအဖြစ် အမိန့်ထုတ်ထားပြီး မူလက အဝင်အထွက်ရှိသော ဈေးရောင်းဈေးဝယ် အရပ်သားများကိုပင် ပေးမဝင်တော့ကြောင်း သိရှိရပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမင်းကိုယ်တိုင် ၂၃-၁-၂၀၁၀ ရက်နေ့မှာ အင်းမတပ်နယ်ခန်းမသို့ သွားရောက်ကာ တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ် စန်းမြင့်အား အရေးယူမှု မပြုလုပ်တော့ကြောင်း ပြောဆိုခဲ့ပြီး အင်းမတပ်နယ်ခန်းမတွင် အရာရှိ၊ စစ်သည်များအား တွေ့ဆုံရင်း စည်းရုံးသိမ်းသွင်း ဖျောင်းဖျနားချ တတွတ်တွတ် မှာကြားခဲ့ကြောင်း စစ်ရုံးရှိ ပြည်သူ့ဘက် ရပ်တည်လိုသော အရာရှိများမှ “စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်” သို့ သတင်း ပေးပို့ခဲ့ပါတယ်။

No comments: