Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 15 January 2010

ဘယ်မအေရိုးမှမကောင်းပါဘူး

ဟောပြောသူ=သခင်ကိုယ်တော်မှိုင်း

ရေးသားမှတ်တမ်းတင်သူ=သခင်ဘမောင်

အုတ်ကျစ်ကျော်အေးမန္တလေးတဲ့။ ၁၂၂၁ မှာမန္တလေးမြို.ကိုတည်ထောင်ပါတယ်။မန္တလေးမြို.နှင့်

နန်းတော်ကြီးကိုတည်ဆောက်ရာမှာလိုအပ်တဲ့ပစ္စည်းပစ္စယတွေကိုအသစ်စက်စက်သုံးသင့်

တာသုံးပြီးအမရပူရမြို.ဟောင်းကပစ္စည်းတွေသုံးသင့်တာထည်.သုံးရသေးတယ်။ရွှေ.ဘို.

ပြောင်းဘို.ခဲယဉ်းတဲ့အဆောက်အဦးအရာဝထ္တုကြီးတွေကလွဲရင်အကုန်လိုလိုပြောင်းရွှေ.ကြရတယ်။ဒီလိုပြောင်းရရွှေ.ရတဲ.အခါဆင်းရဲသားတောင်သူလယ်သမားများကသူတို.လှည်းများနှင့်သူတို.အမရပူရမြို.ဟောင်းကမန္တလေးမြို.သစ်နေရာအထိသယ်ယူပို.ဆောင်ပေးရတယ်။သယ်ယူပို.ဆောင်ခရယ်လို.နန်းးတော်ကြီးကတနေ. တကျပ်ခွဲသတ်မှတ်ပေးထားသတဲ။ဒါပေမဲ့အခု

ခေတ်မှာလိုပေါ.လှီးကြဖြတ်ကြတော့ဆင်းရဲသားလှည်းသမားများလဲတကျပ်ငါးမတ်ဆိုသလိုရ

ကြတယ်။ဒီအချက်ကိုဆင်းရဲသားလှည်းသမားများကမကျေနပ်ကြဘူး။ကျယ်ကျယ်လောင်

လောင်လဲမပြောရဲကြတော.တိုးတိုးတိတ်တိတ်ကြိတ်ပြီးပြောကြသတဲ့။မင်းနားတထောင်ဆိုတဲ့အတိုင်းအဲဒီလိုတိုးတိုးတိတ်တိတ်ပြောဒါကိုပဲနန်းတော်ကြီးကသိရလို.အိမ်ရှေ.မင်းသားကိုယ်

တိုင်ရုပ်ဖျက်ပြီးဆင်းရဲသားလယ်သမားများထံသွားရောက်စုံစမ်းတယ်။

တနေ.တော့အိမ်ရှေ.မင်းသားကြီးဟာနေ.ခင်း ၁၂ နာရီလောက်မှာဆင်းရဲသားလှည်းသမား

များသစ်ပင်ရိပ်မှာထမင်းစားရင်းအနားယူနေတုံး ချည်လုံချီ ချည်အင်္ကျီံ တဘက်(မျက်နှာသုတ်

ပုဝါ)ခေါင်းပေါင်းကြီးနဲ.ဆင်းရဲသားလိုရုပ်ပြောင်းဝင်သွားသတဲ.။ပြီးတော.လှည်းသမားများနှင့်

ရောက်တတ်ရာရာစကားပြောရင်းအမရပူရမြို.ဟောင်းက မန္တလေးမြို.သစ်ကိုပစ္စည်းတွေသယ်

ယူပို.ဆောင်ရတဲ.အတွက်တနေ.လှည်းခဘယ်လောက်ရသလဲလို.မေးမြန်းကြည်.သတဲ.။

အသက်ခြောက်ဆယ်ခုနှစ်ဆယ်လောက်ရှိတဲ.အဖိုးကြီးတယောက်ကနန်းတော်ကြီးကတော့

တကျပ်ခွဲပေးဘို.အမိန်.ချထားသတဲ.။ဒါနဲ.အိမ်ရှေ.မင်းသားကအဖိုးကြီ.ကို"ဘကြီးကအသက်ဘယ်လောက်ရှိပါပြီလဲ" လို.ထပ်မေးတော့အဘိုးကြီးက"ဘကြီးအသက်လား ခုနှစ်ဆယ်ဆိုပါ

တော့ကွယ်" လို.ပြန်ဖြေသတဲ့။

ဒီလိုဆိုဘကြီးဟာမှန်နန်းရှင်တို. ကုန်းဘောင်ဘုရင်တို. ပုဂံဘုရင်တို.ကိုကောင်းကောင်းမှီတာ

ပေါ.နော်ဟုမေးလိုက်တဲ.အခါ အဖိုးကြီးက မှီတာပေါ.မောင်ရဲ. မှန်နန်းရှင် ကုန်းဘောင်တို.တွင်

ဘယ်ကမလဲဘိုးတော်ဘုရင်ကိုတောင်ဘကြီးတို.ကောင်းကောင်းမှီတာပေါ.လို.ပြန်ပြောသတဲ့။

တဖန် အိမ်ရှေ.မင်းသားကဆက်ပြီး ဒါဖြင်.ကျွန်တော်တို.လူငယ်တွေဗဟုသုတအဖြစ်မေးပါရ

စေ။အခု မင်းတုန်းရှင်ဘုရင်အထိပေါ.ဗျာ အဲဒီဘကြီးမှီခဲ.တွေ.ကြုံခဲ.တဲ.မင်းတွေ မင်းတွေ

ခေတ်မှာ ဘယ်မင်း ဘယ်လက်ထက်မှာ ဆင်းရဲသားများ တိုင်းသူပြည်သားများအတွက်ငဲ့ညှာ

ထောက်ထားပြီးစားဝတ်နေရေးမျှတချောင်လယ်အောကောင်းကောင်းမွန်မွန်စီမံအုပ်ချုပ်ပါသလဲ။ဘယ်မင်းလက်ထက်မှာ ဆင်းရဲသားများ တိုင်းသူပြည်သားများအပေါ်ငဲ့ညှာထောက်ထား

ခြင်းမရှိဘဲမကောင်းတဲ.အပြုအမူတွေနဲ.ဆိုးဆိုးဝါးဝါးအုပ်ချုပ်ပါသလဲဆိုတာသိပါရစေခင်ဗျာ

လို. မေးလိုက်သတဲ.။

အဲဒီအခါမှာတော့အဖိုးကြီးကမျက်နှာကြီးရှုံ.မဲ.လိုက်ပြီး အင်း မေးမှမေးတက်ပလေတူမောင်ရာ သူတို.ကြားအောင်တော့မပြောရဲပါဘူး ဘကြီးတွေ.ခဲ.သိခဲ.ရသမျှတော. မင်းဆိုတဲ.အကောင်

တွေဟာ ဘယ်မအေရိုးမှမကောင်းဘူးကွဲ.၊ မယားကြီး မယားငယ် မယားအမြှောင်အမျိုးမျိုးယူ

ပြီး သူတို.သားမယားဆွေမျိုးတစုကောင်းစားရေးအတွက်လုပ်ကြတာပါပဲ။တို.ဆင်းရဲသား

တောင်သူလယ်သမား အလုပ်သမားတွေကတော့သူတို.ကောင်းစားရေးအတွက်အစတေးခံ

ဘဝက မတက်ကြရပါဘူးလို.ပြောလိုက်တဲ.အခါ အိမ်ရှေ.မင်းသားကြီးလဲနောက်ထပ်ဘာမှ

မမေးရဲတော့ဘဲ အသာထပြန်လာခဲ့ရသတဲ့။

အခုခေတ်မှာလဲ ဆရာတွေ.ခဲ.ကြုံခဲ.ရသမျှ မင်းအစီုးရဆိုတဲ.အကောင်တွေဟာ အဲဒီ

ဆင်းရဲသားလှည်းသမားကြီးပြောသလိုဘဲ။ပြည်သူလူထုကောင်းကျိုးကိုအဓိကထားလုပ်

ကြတာမတွေ.ရသေးပါဘူး။တအိမ်ထောင် ကားတစီး တိုက်တလုံး တလဝင်ငွေရှစ်ရာ

ဆိုတာလဲသူတို.တစုအတွက်ပါဘဲဟု ပြောဆိုကာ ရယ်မောနေတော့သည်။



မောင် အဲရိုး ပြည်တွင်းမှရေးသားပေးပို.ပါသည်။

No comments: