Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 25 November 2009




၈၉ ကြိမ်မြောက် အမျိုးသားနေ့ စာပေဟောပြောပွဲ (Los Angeles)
-------------------------------------------

၈၉ နှစ်မြောက် အမျိုးသားနေ့ အားဂုဏ်ပြုသောအထိမ်းအမှတ် စာပေဟောပြောပွဲကို Mandalay Gazette နှင့် L.A Organizers 4 Burma တို့ရဲ့ စီစဉ်မှုဖြင့် Los Angeles တိုင်း Monterey Park မြို့ မှ အောင်ဇေခန်းမ မှာ နိုဝင်ဘာ ၂၂ ရက် စနေနေ့ နေ့လည် ၂ နာရီမှ ည ၇ နာရီ ခွဲ အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခန်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်များ သတင်းထောက်များ နှင့် ရပ်ဝေးရပ်နီးမှ စာပေဝါသနာရှင် မျိုးချစ်မြန်မာများ တက်ရောက်အားပေးခဲ့ကြပါတယ်။ အခန်းအနား အစီအစဉ်များ ခေတ္တ ရပ်နားချိန်မှာ တော့ ကြွရောက်လာသူများအား အာလူးပူရီ ကောက်ညှင်းပေါင်း လဖ္ဘက်ရည် မုန့် များဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြပါတယ်။ အခန်းအနားအစီအစဉ်အရ ဖိတ်ကြားထားသော စာရေးဆရာ ကဗျာဆရာ ဦးအောင်ဝေး စာရေးဆရာမ ဒေါ်မေငြိမ်း အဆိုတော် ဒေါ်မာမာအေး တို့ တက်ရောက်ဟောပြောခဲ့ပြီး အနုပညာရှင်များအား ဥာဏ်ပူဇော်ခ ချီးမြှင့်အပြီးမှာ အခန်းအနားကိုအောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါတယ်။မူရင်း ဖိတ်ကြားထားသူများ အနက်က စာရေးဆရာကြီး မောင်စွမ်းရည် တစ်ရောက်ကတော့ ကျန်းမာရေး အခြေအနေအရ ကြွရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။
ကြွရောက်အားပေးခဲ့ကြသူများအားလုံးကို မျိုးချစ်မြန်မာ ၊ LA Organizers 4 Burma နှင့် Mandalay Gezette အဖွဲ့သားများမှ များစွာကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။

သတင်း ရေးသူ- မျိုးချစ်မြန်မာ

http://myochitmyanmar.org/

No comments: