Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 21 October 2009



သတင်းစာဆင်ဆာဖြတ်ခံလိုက်ရသော
ပူးတွဲတပ်ချုပ်ကြီးဗိုလ်ချုပ်မှူးကြီးမောင်အေး

ယနေ့ ၂၀ ရက် အင်္ဂါနေ့ ထုတ်သတင်းစာမျက်နှာဖုံးများတွင်
တရုတ်ပြည်သို့ ထွက်ခွာသွားသော
မိုင်းယမ်းတင်အောင်မြင့်ဦးအား
တပ်ချုပ်ကြီးနှင့် အတူပို့ ဆောင်နှုတ်ဆက်သည့်
ပူးတွဲတပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမောင်အေးအား
ဆောင်းပေးထားသည့် ထီးကို ပြန်ကြားရေးဝန်ကြီးမှ
မြန်မာ့အလင်းသတင်းစာအား ဆင်ဆာဖြတ်ခိုင်းသဖြင့် 
ပူးတွဲတပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ခေါင်းပေါ်က
ထီးမှာ ဆင်ဆာဖြတ်ခံလိုက်ရပြီး တပ်ချုပ်ကြီး ကိုမိုးပေးထားသော
ထီးတချောင်းကိုသာ ထင်ထင်၇ှားရှား ဖြစ်အောင် ၀န်ကြီးကလုပ်ခိုင်းထားကြောင်း
စုံစမ်းသိ၇ှိ၇ပါတယ်
ပူးတွဲတပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမောင်အေးခင်မျာ
ဒါဟာ တပ်ချုပ်ကြီးက ပူးတွဲတပ်ချုပ်ကြီးရဲ့ အာဏာထီးတော်ကိုဖြုတ်ချသိမ်းယူတော့ မယ်ဆိုတဲ့ အဓိပ္ပါယ်
သက်ရောင်နေပါတယ် မိုင်းယမ်းတင်အောင်မြင့် ဦးက လဲ အဝေးမှာ ရောက်၇ှိနေချိန်ဖြစ်တာမို့ 
ပူးတွဲတပ်ချုပ်ကြီး အနေဖြင့်  အထူးသတိထားရပါမယ်ခင်မျာ


နောက်ဆက်တွဲစုံစမ်းချက်များအရ ဒီဆင်ဆာကိစ္စကို ပြန်ကြားရေးဝန်ကြီးက လုံးဝ မသိရှိပါတဲ့ခင်မျာ
ပူးတွဲတပ်ချုပ်ကြီး ရဲ့ အထက်မှာ တပ်ချုပ်ကြီးပဲရှိတာကြောင့် တပ်ချုပ်ကြီးသာ အသိဆုံးပါတဲ့ခင်မျာ
Prev: တွဲဖက်တပ်ချုပ်ကြီးခင်မျာ

http://mindhamma.multiply.com/journal/item/7/7

No comments: